Quantcast
Channel: Yati Magazine
Viewing all 1097 articles
Browse latest View live

Love Fresh April

$
0
0

Model              : Thu Ri Ya, Thazin Thitsar

Make-up         : Gucci Aung (Sanchaung)

Photo               : Ko Naing (Popular)

Arranged by : Nay Yi Yi Lin


Colourful Thingyan

$
0
0

Model         : Daung, Si Thu Win, May, Poe Ei Phyu Zin

Designer    : Nyo Mar Thant ( Phu Thit ), Ko Zay (Vampire Fashion ), Shartra

Make – up  : Awlay ( December Hnin ), Yarzar

Jeans         : Nobody

updating fashion

$
0
0

model : aerial thuta
make up : wine (december hnin)
dress : too cool girl’s collection
photo : jason (sense photography)
arranged by thida soe

Now You See Me

$
0
0

model : patricia
make up : ma htet (pop soul)
designer : kaung sett thu
location : royal green river luxury river crusier
photo : ko linn (studio – k )
arranged by thida soe

 

ဦးထွန်းလွင် (မိုးလေဝသ သုတေသီ) ပြောတဲ့ Retire, Reunion, Restrict

$
0
0

Retire

Retire  ဆိုတာ အလွယ်ပြော ရရင်တော့ အငြိမ်းစားပေါ့။ ပုံမှန်အားဖြင့်တော့ အစိုးရ ဝန်ထမ်း တစ်ယောက်က အသက် ၆ဝ ပြည့်ရင် အငြိမ်းစား ဘဝအဖြစ် နဲ့ ပင်စင်ပေး တယ်။ အဲဒီ ဝန်ထမ်းက ပင်စင် ယူပြီးရင် နောက်ထပ် ၂ နှစ် လောက် အကြံပေးခန့်တယ်။ အများဆုံး နှစ်နှစ် ပါပဲ။ အဲဒါ ပြီးရင်တော့ လုံးဝကို အငြိမ်းစား ဘဝ ဖြစ်ပြီပေါ့။ ဆရာလည်း အသက် ၆ဝ မှာ အငြိမ်းစား ယူတယ်။ နောက်ထပ် နှစ်နှစ်ကို အကြံ ပေးလုပ်တယ်။ မူအရ ကိုက်ညီတယ်။ ဒါပေမဲ့ လည်း လောကကြီးမှာ အရှိန်ဆိုတာ ရှိတယ်။ အငြိမ်းစား ယူတဲ့ အချိန်နဲ့ ကိုယ်ရဲ့ လုပ်အား အရှိန်က ကိုက်ညီတဲ့ အခါရှိတယ်။ မကိုက်ညီတဲ့ အခါ ရှိတယ်။ တချို့က ကျတော့ အငြိမ်းစား တောင် မယူရသေး ဘူး။ သူ့ရဲ့ လုပ်အားက အရှိန် လျော့နေပြီ။ ဒီတော့ သူက အငြိမ်းစား ယူဖို့ စောင့် နေတာမျိုး ရှိတယ်။ ပင်စင် ယူပြီးရင် ဘာလုပ်မယ် ဆိုတာမျိုးတွေ ကြိုတွေးထားတဲ့ သူတွေလည်း ရှိတယ်။ ဆရာက ကျတော့ အလုပ်တွေ အရမ်းကို လုပ်နိုင်ပြီး အလုပ် အရှိန်ကောင်းမှာ အငြိမ်းစား ယူရတာ။ အလုပ် လုပ်ချင်သေး တယ်ပေါ့။ ဒါပေမဲ့ ဝမ်းနည်း တာတော့ မဖြစ်ပါဘူး။ လူ့ဘဝဆိုတာ ကန့်သတ်ချက် ရှိတယ်။ ဘောင်ရှိတယ်။ ဥပဒေ စနစ်နဲ့ နေရတယ်။ အငြိမ်းစား ဆိုတာက လူ တချို့ အတွက်တော့ အလှည့် အပြောင်း ဖြစ်သွား တတ်တယ်။ ဆရာ့အတွက် တော့ အလုပ်တွေပို များများ လုပ်လို့ ရသွားတယ်။ အချိန်တွေ ပိုထွက် လာတယ်။ မလိုအပ်တဲ့ အလုပ်တွေကို လုပ်စရာ မလိုတော့ဘူး။ အကောင်းဆုံး အချက်က ဆရာက လွတ်လပ် သွားတာပဲ။ လွတ်လပ်မှု ဆိုတာ လူတစ် ယောက်ရဲ့ နှလုံးသား အာဟာရ အတွက် အရမ်း အရေး ကြီးတယ်။ လွတ်လပ်မှု ရှိတဲ့ နေရာမှာ လုပ်ရတဲ့ အလုပ်နဲ့ လွတ်လပ်မှု မရှိတဲ့ နေရာမှာ လုပ်ရတဲ့ အလုပ်နဲ့က quality ချင်း ကွာတယ်။ ဒါကြောင့် ဆရာက အငြိမ်းစား ဘ ဝ ကို ပိုပြီး မက်မော သွားတယ်။ ဒါကြောင့် ဆရာအငြိမ်းစား ယူပြီးနောက်ပိုင်းမှာ NGO တွေ၊ INGO တွေ၊ နောက်တခြား အဖွဲ့အစည်းတွေ က အလုပ်လုပ်ဖို့ ကမ်းလှမ်း တာတောင် ဆရာ မလုပ်ဘူး။ အငြိမ်းစား ယူပြီးစမှာတော့ ခဏ ယောင်တောင်တောင်လေး ဖြစ်သွားတယ်။ ဆရာက ၂ဝဝ၉ မေလမှာ အငြိမ်းစား ယူတယ်။ အဲဒီလို အချိန် မှာ ဆရာ ဘာ လုပ်လဲဆိုတော့ IT သုံးတယ်။ ဆရာက Computer ကို 1972 / 73 ကတည်းက သုံးတယ်။ ရုံးမှာ အလုပ် လုပ်စရာ ရှိရင်လည်း DTP, Power Point တွေနဲ့ အားလုံး ကိုယ်တိုင်ပဲ လုပ်တယ်။ လက်အောက်ငယ်သား ကို ဘယ် တော့မှ မခိုင်းဘူး။ အဲဒါက ဆရာ့ကို အငြိမ်းစား ယူပြီးချိန်မှာ အကျိုးထူးစေတာပဲ။ ဆရာ Internet ကနေ Data တွေရှိတယ်။ ကိုယ်တိုင် Website လုပ်တယ်။ Foundation ထောင်တယ်။ မြန်မာ ပြည် ရဲ့ ပထမဆုံး ပုဂ္ဂလိက Weather Website ကို ဆရာစ လုပ်တယ်။ Information & Education ကို ဆရာ Website ကနေပေးတယ်။  ဆရာ့ရဲ့ စေတနာ အရ လူတွေ သဘောကျ ကြတယ်။ အကျိုး ရှိကြတယ်။ ဆရာ က ဝန်ထမ်း ဘဝမှာ ပညာဝမ်းစာကို ပြည့်အောင် ဖြည့်တယ်။ တကယ် တတ်အောင် သင်တယ်။ အခက်အခဲတွေ တွေ့ခဲ့ ရင်လည်း စိတ်မပျက်ဘဲ ပိုကြိုးစားတယ်။ အတွေ့ အကြုံတွေရယ် ဆရာရဲ့ ပညာရယ်ပေါင်းပြီး အငြိမ်းစား ယူပြီးချိန်မှာ ဆရာလုပ်တယ်။ ဆောင်းပါးတွေ ရေးတယ်။ ဆရာရဲ့ အအောင် မြင်ဆုံး ကတော့ Facebook ပဲ။ IT နဲ့ဆရာက လူတွေ အကျိုး များအောင် လုပ်တယ်။ အခုတော့ ဆရာက Retire ဆိုတာကို မေ့တောင် နေပြီ။ ဝန်ထမ်း ဘဝတုန်းက လုပ်ခွင့် မရခဲ့ တာတွေ အခုမှ လုပ်ရတယ်။ ဝန်ထမ်း ဘဝတုန်းကတော့ လုပ်ချင် တာတောင် ဘယ်သူ့ ခွင့်တောင်းဦး။ ဘယ်ကို ပြောဦး။ အခုတော့ ဒါတွေ မလုပ်ရတော့ဘူး။ အခု နောက်ထပ် ဆရာက စာပေဟောပြောပွဲတွေ လိုက် ဖြစ်တယ်။ စာပေ အကြောင်းတော့ မဟုတ်ဘူး ပေါ့။ သဘာဝ ပတ်ဝန်းကျင်တွေ ရာသီဥတုတွေ အကြောင်း ပဲ ပြောတာပါ။ အခုတော့ ဆရာက New Life တစ်ခုကို တော်တော် ကျေနပ်နေတာ ပါ။

Reunion

Reunion ဆိုတာက ပြန်လည် ပေါင်းစည်း တာပါ။ ပြန်လည် ပေါင်းစည်းဖို့ ဆိုတာ ပြိုကွဲရပြီး မှ လုပ်ရတာပေါ့။ ဆရာက ကိုယ်တိုင် ကလည်း နိုင်ငံရေး မလုပ်။ အိမ်ထောင်ရေး ကလည်း မပြိုကွဲ တော့ ဆရာ့ ကိုယ်တိုင် မှာတော့ Reunion ဆိုတာ မရှိပါဘူး။ ကွဲကွာနေတဲ့ အရာ၊ မတူညီတဲ့ အရာ နှစ်ခုကို ပူးပေါင်းတာ ကို Reunion လို့ခေါ်တာ ပေါ့။ တိုင်းပြည် တစ်ပြည်မှာ အစိုးရ ရှိတယ်။ ပြည်သူ ရှိတယ်။ ဆရာတို့ တိုင်းပြည်မှာ ဆိုရင် ပြည်သူ ဆိုရင်တောင် ၈၈ တုန်းက ကျောင်းသား အုပ်စု ရယ် နောက် တစ်စုရယ် ကွဲနေသေးတာ။ ရိုးရိုးပြောရရင် ရန်သူပေါ့ကွယ်။ ဘယ်လို ပဲဖြစ်ဖြစ် အစိုးရကလည်း နိုင်ငံတော် အတွက်၊ ကျောင်းသား တွေက လည်း နိုင်ငံတော် အတွက်ပဲလေ။ ဒီတော့ ရည်မှန်းချက် အရတော့ တူကြတယ်။ ရည်မှန်းချက် တူတဲ့ သူတွေမှာ ဆုံချက် ဆိုတာရှိတယ်။ ဘုံဆုံတဲ့နေရာလေး မှာ နှစ်ဖက် လုံးနေလို့ ရပါ တယ်။ အဲဒီလိုနေတာကို လက်တွဲတာ လို့ခေါ် တာ။ ဒါ Reunion လို့ပြောလို့ရတယ်။ ဘုံဧရိယာ လေးတဖြည်းဖြည်း ကျယ်အောင် လုပ်တာ ကောင်း တာပေါ့။ ဆရာတို့ မြန်မာနိုင်ငံက  အစကတည်းက ဝိဝါဒ ကွဲခြင်းတွေနဲ့ပဲ စခဲ့တာ။ ပြည်တွင်း စစ်တွေက ဖြစ်နေတုန်း။ သဘောထားတွေ ဆန္ဒတွေက ကွဲ နေကြ တုန်း ပဲ။ Reunion ဆိုတဲ့ Concept မထွန်းကားသ၍ ဆရာတို့ နိုင်ငံ ရှေ့ဆက်ဖို့က နှောင့်နှေးမှာပဲ။ နိုင်ငံရေး ပါတီတွေ ဘယ်လောက် များများ အားလုံး ကတော့ နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်တာကို ရည်မှန်းကြတာပါပဲ။ ဒီတော့ ဘုံ ဧရိယာလေးမှာ နေနိုင်ဖို့ ကြိုးစားတာ အကောင်း ဆုံးပါပဲ။

Restrict

Restrict ဆိုတာ ကန့်သတ်ချက်ပေါ့။ ကန့်သတ်တာကို လူတိုင်း မကြိုက်ကြဘူး။ ဒါပေမဲ့ ကန့်သတ်မှုတွေ ကလည်း မရှိလို့ မရပြန်ဘူး။ ဆရာ့ သူငယ်ချင်း တစ်ယောက် ဆိုရင် Restrict ကို လုံးဝ မကြိုက်ဘူးတဲ့။ ဘယ်လောက်ထိ မကြိုက်လဲ ဆိုရင် ဗလာ စာအုပ်မှာ မျဉ်းကြောင်း ရှိတာတောင် မကြိုက်ဘူးတဲ့။ များသော အားဖြင့် Artist တွေ Restrict တွေကို မကြိုက်ကြဘူး။ ဒါပေမဲ့ စကားပုံ ရှိတယ်လေ အကွပ်မရှိတဲ့ ကြမ်း ပရမ်းပတာ ဆိုတာ ရှိတယ်လေ။ ယခင် အတွေ့အကြုံ အရ ပိုပြီး quality ကောင်းဖို့ Restrict လုပ်သင့်တယ် ဆိုပြီး လမ်းညွှန်ချက် ချတာမျိုးကျတော့ အရမ်း တန်ဖိုးရှိတဲ့ Restrict ပေါ့။ ဆရာတို့က Restrict ဆိုတိုင်း ပယ်ရငြင်းရ မှာ မဟုတ်ဘူး။ တိုးတက် အောင်လုပ်တဲ့ ဟာကျတော့ လက်ခံရမှာပေါ့။ မြန်မာဆိုရိုး ရှိတယ်။ ”လမ်းရိုးဟောင်းတွင် ဆင့် ကာထွင်၊ သုတ်သင် ကာမျှ လွယ် ကာရ” တဲ့။ လမ်းရိုးကို မပြင်ရဘူး။ လမ်းရိုးမှာပဲ နည်းနည်း လေးထွင်ပြီး လုပ်လိုက်တာ နဲ့ အောင်မြင်နိုင်တယ်။ လမ်းရိုး ဆိုတာ အစဉ်အလာပဲ။ အစဉ်အလာ ဆိုတာ တစ်နည်းအားဖြင့် ပြောရရင် သတ်မှတ်ချက်ပဲ။ သတ်မှတ်တာတွေ အားလုံးက Restrict ပဲ။ စည်း နဲ့ဘောင်နဲ့ အလုပ် လုပ်တာကောင်းပါတယ်။ ဒီလို မဟုတ်တဲ့ Restrict မျိုးတွေလည်း ရှိတယ်။ အရာရာကို လိုက်ပြီး ထိန်းချုပ်နေတာ ကျတော့ လည်း မကောင်းဘူး။ ဒါမျိုး Restrict ကျတော့ တိုင်းပြည် အတွက်ရော၊ နိုင်ငံ အတွက် ကိုယ်တိုင် အတွက် လုံးဝမကောင်းဘူး။ ဆရာ့ အနေနဲ့ ပြောရရင် Restrict ကို မီးလို သဘော ထားပါတယ်။ ရှိတာ ကောင်းသလို၊ မကောင်း တာလည်း ရှိတယ်။ အသုံး တတ် ဖို့ပဲ လိုတာပါ။

ဒေါ်ပို ပါမောက္ခ ဌာနမှူး၊ မြန်မာစာဌာန (အငြိမ်းစား) ပြောတဲ့ Retire, Reunion, Restrict

$
0
0

Retire

Retire ဆိုတာ အငြိမ်းစား ယူခြင်းပေါ့။ များ သောအားဖြင့် Retireေါန က အသက် ၆ဝ ကျော်ပေါ့။ အရွယ် သုံးပါးနဲ့ပြောရင် တတိယ အရွယ်ပေါ့။ တတိယ အရွယ်မှာ ဆိုရင် တရားရှာလို့ ပြောကြတယ်နော်။ တရား အားထုတ်ဖို့ ဆိုတာမှာ လည်း သူက ကျန်းမာရေး ကောင်းရမယ်။ စားဝတ် နေရေးပြည့်စုံနေ ရမယ်။ သားသမီးတွေ က လည်း အဆင်ပြေနေရမယ်။ တချို့က ကျတော့လည်း ကျန်းမာရေး ချို့တဲ့လို့၊ သားသမီးတွေကို သံယော ဇဉ် တွယ်နေရလို့။ စားဝတ်နေရေး က မပြည့်စုံလို့ စသဖြင့် စိတ် ရှိပေမဲ့ မလုပ်နိုင်တာတွေ ရှိကြတယ်။ အမှန်ကတော့ Old ageမှာ လူတွေက မိမိ အတွက် နဲ့ အများအတွက် ကို လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ မိမိအတွက် ဆိုတာ တရား အားထုတ်ဖို့ ဘာဝနာ လုပ်ဖို့ကိုပြောတာပါ။ ငါတော့ Old ageေါန ရောက်နေပြီ ဆိုပြီး ဇရာကို တုန်လှုပ်နေစရာ မလိုပါဘူး။ လူတွေက ကိုယ့်ရဲ့ ပန်းတိုင်နီး လာ ရင် ကြောက်ရွံ့ လာတတ်ကြတယ်။ ကြောက်မနေဘဲ တတ်နိုင်တဲ့ ခွန်အားနဲ့ ဘဝကို ရှင်သန်အောင် လုပ်ရမယ်။ ဆရာမ တို့နိုင်ငံမှာ တရားစခန်းတွေ အများကြီးပဲ။ ဒါကောင်းတယ်။ ဗုဒ္ဓတရားတော်တွေက လောကုတ္တရာ သပ်သပ် တွေပဲ မဟုတ်ဘူး။ လောကီမှာ လူတွေဖြစ်လေ့ ရှိတတ်တဲ့ ပြဿနာကို ဘယ်လိုဖြေရှင်း ရမယ် ဆိုတာတွေ ပါ ပါတယ်။ ဒီတော့ ဆိုင်ရာ တရား စခန်းတွေမှာ အားထုတ်ပေါ့။ ဒါဆို ပတ်ဝန်း ကျင်ပြောင်း သွားတယ်။ တရားစခန်းမှာ တွေ့ရတဲ့ မိတ်ဆွေတွေ ဆိုတာ ရည်ရွယ်ချက်တူ တဲ့ သူတွေပဲ။ အိုမင်းနေပြီ ဆိုပြီး ဘဝကို ထိုင်းမှိုင်း မနေသင့်ဘူး။ အကျိုးရှိရှိ အသုံးချ တတ်ရင် ဇရာမှာလည်း ဘဝ က လန်းဆန်းနေမှာပဲ။ ဆရာမ ဆို အခု ၇၆ နှစ် ထဲမှာ တတ်နိုင်တဲ့ ကုသိုလ် လုပ်တယ်။ အာရုံဆွမ်း လောင်းတယ်။ ဆွမ်းခံ ကိုယ်တော်တွေ၊ ဆန်ခံ သီလရှင်တွေကို ကုသိုလ်ပြုတယ်။ တရားစခန်း သွားပြီး တရားနာတယ်။ ဆရာမ အလုပ် လုပ်ခဲ့တဲ့ တက္ကသိုလ် ကို သွားပြီး ပါရဂူ သင်တန်းတွေ မဟာ သုတေသန သင်တန်းတွေမှာ ကူညီပေးနေတုန်း ပဲ။ ကျမ်းတွေ ကြီးကြပ်ပေးတယ်။ စစ်ဆေးပေး တယ်။ ဘာသာရပ် ဆိုင်ရာ သုတေသန ဆွေးနွေး ပွဲတွေမှာ Chair Person လုပ်ပေးတယ်။ ဒီတော့ ကိုယ်က ကိုယ့်ရဲ့ ပညာတွေကို လည်း မေ့မ သွား တော့ဘူးပေါ့။ အမျိုးသား စာပေဆု ရွေးချယ်ရေး အဖွဲ့ဝင်၊ ပခုက္ကူ ဦးအုန်းဖေ ရွေးချယ်ရေး အဖွဲ့ ဝင်လုပ်နေတုန်းပဲ။ ဆရာမက အားလုံးကို ပြော ချင်တာက ငါအိုပြီ ဆိုပြီး စိတ်ဓာတ် ကျမနေဘဲ လန်းဆန်းအောင်နေဖို့ ပြောချင်ပါတယ်။

Reunion

Reunion ဆိုတာက ပြန်လည် ပေါင်းစည်း ခြင်းပေါ့။ ပြန်လည်ပေါင်းစည်းခြင်း ဆိုတာ မင်္ဂလာရှိတဲ့ စကားပါပဲ။ ပြန်လည် ပေါင်းစည်းတယ် ဆိုတာ နဲ့ လူတွေ က ပျော်ရွှင် ကြတယ်။ ပီတိ ဖြစ်ရတယ်။ မိသားစု တစ်စုမှာ ဆိုရင်ပဲ လင်မယား ကွဲနေတယ် ဆိုရင် သားသမီးတွေ က စိတ်ညှိုး နွမ်းရတယ်။ ပြန်ပေါင်းတယ် ဆိုရင် အားလုံး ပျော် ကြရ တယ်။ နိုင်ငံတွေ ဆိုလည်း အဲဒီလိုပဲပေါ့။ အရှေ့ဂျာမနီ အနောက် ဂျာမနီကွဲနေတုန်းက ပြည်သူတွေက စိတ်မပျော်ကြဘူး။ ပြန်လည် ပေါင်းလိုက်တော့ အားလုံး ဝမ်းသာ ကြရတယ်။ ကွဲ နေတဲ့ မိသားစုတွေ ပြန်တွေ့ရတယ်။ အမှန်က ပေါင်းလိုက်တယ် ဆိုရင် အင်အားကြီးပြီး ပိုပြီး တိုးတက် လာတာပဲ။ အခုဆိုရင် ဂျာမနီက အင်အား ကြီးနိုင်ငံ ကြီးဖြစ်သွားတယ်။ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား ကကျတော့ အခုထိ ကွဲနေတုန်းပဲ။ ဟိုတစ်လောက ကွဲနေတဲ့ မိသားစုတွေ ပြန်တွေ့ ဆုံပေး တာတောင် သူတို့တွေ ပျော်ကြရ တယ်။ ကွဲကွာတယ် ဆိုတာ လူတွေရဲ့ စိတ်ကို ညှိုးနွမ်းစေတယ်။ ဗုဒ္ဓတရားတော် မှာလည်း ဟော ထားတယ်။ ယော ဟနီမြစ် က မြစ်ရေကို ခွဲဝေ သုံးစွဲတာ နဲ့ ပတ်သက်ပြီး ကောရိယနဲ့ ကပ္ပိလ နှစ် ပြည်ထောင် စစ်ခင်းတော့မယ့် အချိန်မှာ မြတ်စွာ ဘုရားက မြစ်အလယ် တည့်တည့်မှာ ငြိမ်း ချမ်းရေး တရားဟောတယ်။ ဘာတွေဟော လဲဆိုရင် ဆရာမ တို့တွေ ကြားဖူးကြပါတယ်။ ဖန္ဒနဆိုတဲ့ ကြို့ပင် စောင့်နတ် နဲ့ ဝက်ဝံ ဇာတ်ရယ်။ ပထဝီဆိုတဲ့ ခုန္ဒြိယ ဇာတ်။ အဲဒီဇာတ်က ယုန်စကား ယုံပြီး ကမ္ဘာပြိုတယ် ဆိုပြီး တစ်တောလုံး အုတ်အော် သောင်းတင်းဖြစ်တဲ့ အကြောင်းပေါ့။ နောက်ပြီး ဘီလုံးငှက်နဲ့ ဆင်ပြောင်ကြီး အကြောင်းဟော တဲ့ လဋုကိကဇာတ်။ နောက်ရုက္ခဓမ္မ အဲဒါက သစ်ပင် တွေတောင် စည်းလုံးမှ ခိုင်မြဲတယ်ဆိုတဲ့ အကြောင်းပေါ့။ နောက် ဝဋ္ဋကဇာတ်။ ဝဋ္ဋကဇာတ် ကကျတော့ ငုံးတွေ ညီညွတ်လို့ ချမ်းသာကြရတဲ့ အကြောင်းပေါ့။ နောက်ဆုံးဟောတာ က အတ္တ ဒဏ္ဍ သုတ်ဟောတယ်။ ဇာတ် ၅ ဇာတ်နဲ့ သုတ္တန်ကို ဟောပြီးရော စစ်ပြေငြိမ်း သွားပြီး ညီညွတ်သွား တယ်။ သာကီဝင် မင်းသား ၅ဝဝက ရဟန်းပြု သွားကြတယ်။ ဒါကြောင့် အခု ဆရာမ တို့တွေလည်း ဧရာဝတီမြစ်ကြီး အကြောင်းပြုပြီး သဘော ကွဲလွဲ နေတာတွေကို ပြန်ပြီး ဆင်ခြင်သင့်နေပြီ။ ယောဟနီမြစ်တုန်း ကတော့ မြတ်စွာ ဘုရားက တရားပြတော့ Reunion ဖြစ်သွား ကြတယ်။ လူတွေကို Reunion မဖြစ်စေနိုင်တဲ့ အကြောင်း တရားတွေက လောဘ၊ ဒေါသ၊ မာနတွေ အခြေခံ ရင်တော့ ပြဿနာကမငြိမ်းဘူး။ အကုသိုလ် တရားတွေကို ချိုးနှိမ်ပြီးမေတ္တာ တရားရှေ့ထားမှ Reunion ဖြစ်နိုင်မှာ။ ပေါင်းစည်းတယ် ဆိုတဲ့ စကားက လူသားတွေ အတွက် မင်္ဂလာရှိတဲ့ စကားပါ။

Restrict

Restrict ဆိုတာ ကန့်သတ်ခြင်းကို ပြောတာ ပေါ့။ Restrict ဆိုတာ အိမ်တစ်အိမ်မှာ အကန့် လေးတွေ သီးသန့်ဖြစ်အောင် လုပ်ထားတာမျိုး၊ ဘုရားခန်း၊ မီးဖိုချောင် စတာမျိုးပေါ့။ ဘုရားရှိခိုး နေသူကလည်း သူ့နေရာနဲ့ သူနေတော့ အဆင်ပြေ တာပေါ့လေ။ ဒီလိုပဲ လူ့အဖွဲ့အစည်း မှာလည်း ရှိစေချင်ပါတယ်။ ဒါက စည်းကမ်း ရှိမှု ကို ဖြစ်စေ တယ်လေ။ တိုင်းပြည်မှာ စည်းကမ်း ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ မကျော်ဘဲနဲ့ နေထိုင်လုပ်ကိုင် ရတာဟာ အကန့်အသတ် ရဲ့ သဘောပဲလေ။ အဲဒီလိုမှ လူ့ဘောင် မှာ မကန့်ထားရင် အားလုံးက ဖရိုဖရဲကြီး ဖြစ်နေမှာပေါ့။ ဒီလို အကန့်အသတ် ရှိ မှပဲ လူ့အဖွဲ့အစည်း တစ်ခုလုံးကို စည်းကမ်း တကျ ဖြစ်စေတာလည်း လူ့ဘောင် ကို အထောက်အကူ ဖြစ်စေတယ်။ ဒါပေမဲ့ ဒါကို ကန့်သတ် ချင်သလို လျှောက်ကန့် လို့တော့ မရဘူးပေါ့လေ။ အိမ်ကျဉ်း ကျဉ်းလေးမှာ လျှောက်ကန့်နေ လို့တော့ မဖြစ်နိုင် ပါဘူးပေါ့။ ဒီလို လိုက်လျော ညီထွေအောင်တော့ ကန့်ရတာပေါ့။ ကန့်သတ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ကန့်သတ်ဖို့ လိုအပ်တဲ့နေရာ မှာ နည်းမှန် လမ်းမှန် နဲ့စနစ်တကျ ရှိဖို့တော့ လိုတယ်။ မလို အပ်ဘဲ ကန့်သတ်ရင် ချုပ်ချယ်တယ် ထင်ရပြီး လူတွေကို စိတ် အနှောင့်အယှက်ဖြစ်စေတယ်။ ဒီကန့်သတ်မှုကို မလို ချင်တော့ဘူး။ ဥပမာ လူ အများ သွားလာနေတဲ့ စင်္ကြံလမ်း လိုနေရာမှာ ”ဆေးလိပ်မသောက်ရ”လို့ ကန့်သတ်တယ်။ ဆေးလိပ် အခိုးအငွေ့တွေက လူတွေရဲ့ ကျန်းမာ ရေးကို ထိခိုက်စေလို့ ကန့်သတ်တာ။ ဒီလို ကန့် သတ်ချက်က ကောင်းတယ်။ နောက်ပြီး သူ များနိုင်ငံတွေက ကုန်ဈေးနှုန်းကန့်သတ်တာတွေ ရှိ တယ်။ ပြည် သူတွေအတွက် စဉ်းစားပြီး အစိုးရ က ဘယ်လောက် ထိကျော်ပြီး မရောင်းရဆိုပြီး ကုန်သည်တွေကို ကန့်သတ်ပေးလိုက်တာ။ ဒါမျိုး ကန့်သတ်မှုမျိုး လည်း ကောင်း တာပေါ့။ ဆရာမတို့ နိုင်ငံမှာတော့ မရှိသေးပါဘူး။ နောက်ပြီး ကား မောင်းတော့လည်း မိုင် ၄ဝ ထက် မကျော်ရ ဆိုပြီး ကန့်သတ်တယ်။ မိုင် ၄ဝ ထက် ကျော်ရင် အန္တရာယ် ရှိလို့ ကန့်သတ်တာ။ နိုင်ငံခြားမှာတော့ အနှေးနှုန်းတောင် ကန့်သတ်လေ့ ရှိတယ်။ လူတွေ အန္တရာယ်ဖြစ်မှာ စိုးလို့ ကန့်သတ်တာ ကောင်း တယ်။ ဒါပေမဲ့ ဟွန်းမတီးရ ဇုန်ဆိုပြီး ကန့်သတ် တာကျတော့ ကျောင်းတို့ ဆေးရုံတို့ အနီးမှာ ကန့်သတ်တာတော့ မှန်ပါတယ်။ နေရာတိုင်းမှာ ကန့်သတ် လိုက်ရင်တော့ မလိုလားအပ်တဲ့ အန္တရာယ်တွေ ပိုပြီး ဖြစ်လာနိုင်တယ်။ နောက်ပြီး မုံရွာ တို့မြင်းခြံတို့လို အရမ်းကို ပူတတ်တဲ့ မြို့တွေ မှာဆို နွေရာသီမှာ ရေချိုးချိန် ကန့်သတ်လေ့ရှိ တယ်။ မြစ်ကမ်းပါး မှာ ဆိုင်းဘုတ်ထောင်ထား တယ်။ ”မနက် ၁ဝ နာရီ မှ ညနေ ၄ နာရီ အတွင်း မြစ်ထဲ ရေဆင်းမချိုးရ”ဆိုပြီး ရေးထားတယ်။ ဒါက လည်း လူတွေ အသက် အန္တရာယ် ဖြစ်မှာ စိုးလို့ ကန့်သတ်ပေးတယ်။ ဒါက လိုအပ်တယ်။ သဘာဝ အန္တရာယ်နဲ့ ပတ်သက်ပြီး လေမုန်တိုင်း နှင်းမုန်တိုင်း မိုးသည်းထန်စွာ ရွာမှာမို့ အိမ်အပြင် မထွက်ပါနဲ့ ဆိုတာမျိုး လည်း ရှိတယ်။ မီးအန္တရာယ် ကင်းဖို့ အရမ်းပူပြီး လေတိုက်တတ်တဲ့ အချိန်မှာ မီးဖိုမီးကို ဘယ်အချိန်မှာ ငြိမ်းပေးပါ ဆိုပြီး ကန့်သတ်လေ့ ရှိတယ်။ သာသနာ့ဘောင် မှာ လည်း ရဟန်းတွေ အတွက် ကန့်သတ်ချက်တွေ ရှိတာပဲ။ ဆရာမ ပြောချင်တာက အများပြည်သူ ရဲ့ ကျန်းမာရေး၊ ဘေးအန္တရာယ် အတွက် ကောင်းကျိုး လိုလားပြီး ကန့်သတ်ချက်တွေ အားလုံး ကကောင်း တာပဲ။ မလွန်ကဲဖို့ လိုတယ်။ စနစ်တကျ ရှိဖို့လို တယ်။ မိဘက သားသမီးအပေါ် အရမ်း ကန့်သတ်လိုက်ရင် ကလေးတွေက မလိုက် နာချင် တော့ သလိုပေါ့။ နေရာတိုင်း လိုက်ပြီး ကန့်သတ် လို့တော့မရဘူး။ ကန့်သတ်ချက်တိုင်း က ပြည်သူ တွေရဲ့ လိုအင်ဆန္ဒတွေ နဲ့ ကိုက်ဖို့လည်း လို တယ်။

Audience of Celebrities’ Choice

$
0
0

Model – Phyoe Ngwe Soe,
Zin Cho Naing Oo
Make up – Hello
Dress for Audience – Pretty Girl
Photo – Ko Naing (Popular)
Arranged By Thida Soe

April လရဲ့ Audience of Celebrities’ Choice  ကဏ္ဍမှာတော့ သရုပ်ဆောင်ဖြိုးငွေစိုးနဲ့ ပရိသတ် ဇင်ချိုနိုင်ဦးတို့ရဲ့ တွေ့ဆုံမှုလေးပါ။လန်းဆန်းတဲ့ ဖက်ရှင်၊ ချစ် ဖို့ကောင်းတဲ့အပြုံး၊ သွက်လက်တဲ့ အိုက်တင်တွေနဲ့ ပုံရိပ်များကို ပရိသတ်များကြည့်ပြီး ကြိုက်နှစ်သက်လိမ့်မယ် လို့ ယုံကြည်မိပါတယ်။ နောက်လမှာ ဖော်ပြပေးမယ့် Audience of Celebrities’ Choice  ကဏ္ဍကိုလည်း စောင့်ကြည့်အားပေးကြပါဦးနော်။ မြန်မာတွေရဲ့ နှစ်သစ်သင်္ကြန်မှာ ပရိသတ်များ အားလုံး အေးချမ်းပျော် ရွှင် ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

အစ်ကိုက ဟာသကားလေးတွေ ရိုက်တာများတယ် လေ။ အစ်ကိုရိုက်တဲ့ ဟာသကားတွေကိုကြိုက်လား။ ဘယ်လိုအရွယ်မျိုးတွေက ပိုကြိုက်လဲ။

အစ်ကိုရိုက်တဲ့ကားတွေထဲမှာ ဟာသကား တွေကို ပိုကြိုက်ပါတယ်။ ဘယ်လို အရွယ်တွေက ပိုကြိုက်လဲဆိုတာကို ပြောဖို့ကျတော့ အိမ်က အဒေါ်ကျတော့ အစ်ကို့ ကိုဟာသကားနဲ့ ပိုလိုက် တယ်လို့ ပြောတယ်။ ညီမရဲ့ သူငယ်ချင်းတွေက လည်း ကိုဖြိုးငွေစိုးက ဟာသကားတွေနဲ့ ပိုလိုက် တယ်လို့ ပြောကြတယ်။ အဲဒီတော့ လူကြီး လူငယ် ခွဲခြားဖို့ကျတော့ မလွယ်ဘူးလေ။ ဟာသလုပ်တဲ့အခါ အစ်ကိုနဲ့ လူရွှင်တော်တွေ ပေါင်းပြီးလုပ်တဲ့ ဟာသတွေရှိတယ်။ တချို့ကား တွေမှာကျတော့ လူရွှင်ေ တ်ာတွေမပါဘဲ ဇာတ် လမ်းကြောင့်ရယ်ရတာရှိတယ်။ အစ်ကိုကတော့ အခုနောက်ပိုင်းမှာ ဇာတ်လမ်းကြောင့်ရယ်ရ တာကိုပိုရိုက်ချင်တယ်။

ညီမအမြင် ကကော …

ညီမအမြင်ကတော့ အစ်ကို့ကားတွေ တော်တော်များများက လုပ်ပြီးတော့ ဖြစ်တဲ့ ဟာသမျိုးမဟုတ်ဘဲနဲ့ သရုပ်ဆောင်ရင်းနဲ့ ရယ်သွားရတယ်လို့ပဲ မြင်ပါတယ်။ အစ်ကို့ ကား တွေက အခုနောက်ပိုင်းမှာ ဇာတ်လမ်းကြောင့် ရယ်ရတဲ့ကားတွေပဲ ထွက်တာကိုလည်း တွေ့ရ ပါတယ်။ ညီမအနေနဲ့ကတော့ ကြည့်ရတာ အဆင်ပြေပါ တယ်။ အစ်ကို့အသက်အရွယ်က လူငယ်ချာတိတ် လို့လည်း ပြောလို့မရဘူး။ လူကြီးလို့လည်း ပြောလို့ မရဘူးဖြစ်နေတော့ တစ်ခါတလေမှာ ဇာတ်ကားလက်ခံဖို့အတွက် အရမ်း စဉ်း စား ရတယ်။ ကိုကျော်ရဲအောင်လို ဇာတ်ကောင်မျိုးနဲ့ လိုက်လား။ ဒါမှမဟုတ် ပုံမှန်လူငယ် ကာရိုက်တာနဲ့ ပိုလိုက်တယ်ထင်လား။ ပရိသတ် တစ်ယောက် အနေ နဲ့ ညီ မရဲ့ အမြင်က။

ကိုကျော်ရဲအောင်လို ဇာတ်ရုပ်မျိုးတွေနဲ့ သရုပ်ဆောင်ဖို့ မလိုက်သေးဘူးလို့ ထင်တာပဲ။ စောသေးတယ်(ရယ်လျက်)။ နုသေးတယ်(ရယ်လျက်)။

အစ်ကိုနဲ့ ရိုက်ဖို့ ဖိတ်ခေါ်ထားတာကိုတွေ့လို့ Form တင်ဖြစ်ခဲ့တာလား။

ဟုတ်ကဲ့… ညီမက အစ်ကိုနဲ့ တွဲရိုက်ထားဖို့ ဖိတ်ခေါ်မှ Form တင်ဖြစ်ခဲ့တာပါ။ ညီမက အစ်ကို့ရဲ့ဟာသကားလေးတွေကို သဘောကျတယ်။ အစ်ကို့ရဲ့ ပရိသတ် တစ်ယောက်ပါ။

အစ်ကိုရဲ့ ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပေးပါဦး။

အစ်ကို့ရဲ့ ဇာတ်ကားတွေက ကြည့်ရတာ ကောင်းပါတယ်။ သရုပ်ဆောင်တာကလည်း သဘာဝကျပါတယ်။ ညီမကတော့ ဟာသကားလေးတွေကို ပိုကြိုက်တယ်။ အစ်ကို က ဟာသ ဇာတ်ရုပ်လေးတွေနဲ့ ပိုလိုက်ပါတယ်။

Audience ဇင်ချိုနိုင်ဦးရဲ့ ဒီကဏ္ဍပေါ်အမြင်

ဒီကဏ္ဍလေးကို ရတီစဖတ်ကတည်းက အကြိုက်ဆုံးကဏ္ဍလေးပါ။ ကိုယ်သဘောကျတဲ့၊ ကိုယ့်ထက်စီနီယာကျတဲ့ Celebrity နဲ့ တွဲရိုက်ရတဲ့အတွက် အရမ်းပျော်တယ်။ ကိုယ်သိချင်တာလေးတွေကို မေးရတဲ့အတွက် ကိုယ့်မှာအသိပညာတွေ အများကြီးရတယ်။ အစ်ကိုသိချင်တာတွေ ဖြေပေးရတဲ့အတွက် ရင်ခုန်ဖို့လည်း ကောင်း တယ်။ ပျော်ဖို့လည်းကောင်းတယ်။ ဓာတ်ပုံတွဲရိုက်တဲ့အချိန်မှာ အစ်ကိုကလည်း သင်ပေးတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။

ပရိသတ်အမေး အနုပညာရှင်အဖြေ

ညီမကို ဘယ်လိုကြောင့် ရွေးဖြစ်ခဲ့တာလဲဆိုတာကို သိချင်တယ်။

မဂ္ဂဇင်းက အစ်ကို့ကို ဓာတ်ပုံလာပြတယ်။ အစ်ကိုက ဘာကိုကြည့်ပြီးရွေးလဲဆိုတော့ ဓာတ်ပုံထဲမှာပေါ်တဲ့ ရုပ်ထွက်ကိုကြည့်တယ်။ နောက်တစ်ခုက နည်းနည်း Sweet ဖြစ်တာကို ပိုပြီး စဉ်းစားတယ်။ ကိုယ်နဲ့ ရိုက်မယ့်သူက Sweet ဖြစ်နေရင် ဓာတ်ပုံရိုက်ရင် ဘယ်လိုပုံစံ မျိုးလေးလုပ်မလဲဆိုပြီး စဉ်းစားတယ်။ ပြီးတော့ ဒီကောင် မလေးက ငါထက်အရပ်ပုမှာသေချာတယ်လို့ ထင်တယ်(ရယ်လျက်) မမီမကမ်းပုံလေးတွေ ရိုက်ရင်ချစ်စရာကောင်းတယ်။ ပရိသတ်တွေကိုလည်း ချစ်စရာကောင်းတဲ့ ပုံရိပ်တွေနဲ့ ပျော်စရာကောင်းတဲ့ ပုံရိပ်တွေကို မြင်စေချင်၊ ကြည့်စေချင်တယ်။

ညီမလည်း အနုပညာအလုပ်တွေ စလုပ်နေတာဆိုတော့ အစ်ကိုက ညီမထက်အများကြီး စီနီယာကျပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး ညီမကို အကြံဥာဏ်ပေးတဲ့ စ ကားလေးတွေ ပြောပြပေးပါဦး။

အစ်ကိုတို့ ငယ်ငယ်တုန်းက ဒီအသိုင်းအဝိုင်းထဲမှာ ကြီးပြင်းလာတာပေါ့နော်။ အစ်ကို့ အဘွားက မိတ်ကပ်သင်တန်းကျောင်းတွေ ဖွင့်တယ်။ အဲဒီတော့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ ကြားမှာကြီးပြင်းလာတာပေါ့။ ဒီအလုပ်လုပ်မယ်ဆိုတော့ လူကြီးတွေက ပြောကြတယ်။ သေချာစဉ်းစားပါ။ ဒီအလုပ်ကဝင်ပြီးရင် ပြန်ထွက်လို့မရဘူး။ နည်းနည်းလေးစမိတာနဲ့ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ နောက်ပြန်ဆုတ်လို့ရတဲ့ ထုံးစံမရှိဘူးပေါ့။ ဆိုက်ကားစီးလို့မရ ဘတ်စ်ကားစီးလို့မရ ဖြစ် တတ် တယ်။ အဲဒါက တကယ်ဟုတ်တယ်။ ဒီအလုပ်စလုပ်တဲ့ အခါမှာ ကိုယ့်ကိုလူကနည်းနည်းသိသွားပြီ။ သိသွားတဲ့အချိန်မှာ ကိုယ်က ဒီအလုပ်ကို မလုပ် ချင်လို့ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် တခြားအလုပ်တစ်ခုခု ပြောင်းချင်တယ်ဆိုရင်တောင် မလွယ်တော့ဘူး။ လူသိတဲ့လူတစ်ယောက် ဖြစ်သွားပြီလေ။ ဘယ်ကိစ္စမဆို လုပ်ရတာ အခက်အခဲရှိတာပဲ။ ဒီတော့ အနုပညာအလုပ်ကို မလုပ်ခင်မှာ သေချာစဉ်းစားပါ။ ပြီးတော့ ဒီအလုပ်က အချိန်အရမ်းပေးရတယ်။ ကိုယ်ကြိုးစားတိုင်းလည်း မဖြစ်ဘူး။

တော်တိုင်းလည်းမဖြစ်ဘူး။ အရမ်းတော်နေပါစေ သူ့အချိန်အခါ မတိုက်ဆိုင်ရင် ဘာမှမဖြစ်ဘူး။ ကိုယ်ဆိုရင် ဒီအလုပ်လုပ်တာ ၁ဝ နှစ်နီးပါးကြာမှ အခုလို အနေအ ထား မျိုးလေးကို ရပ်တည်နိုင်တာ။ ၁ဝ နှစ်ဆိုတာ လူငယ်တစ်ယောက်ရဲ့ ဘဝမှာအချိန်တွေ အများ ကြီးပေးခဲ့ရတာလေ။ ကိုယ်ဆို ၁ဝ တန်းအောင် ပြီးကတည်းက ဒီအ လုပ် လုပ်လာတာ အဆင်ပြေ ပြေနဲ့ ကိုယ်လုပ်ချင်တာလေးတွေကို အေးအေး ဆေးဆေး လုပ်နိုင်တာနှစ်ပိုင်းပဲ ရှိသေးတယ်။ တခြားအရင်းအနှီးတွေဖြစ်တဲ့ လူမှုရေးတွေ၊ ပညာရေးတွေလည်း ရင်းနှီးရတယ်။ ကိုယ်ဆို နိုင်ငံခြားမှာ ကျောင်းသွားတတ်ဖို့က ခေါ်တဲ့လူ ရှိတယ်။ ကိုယ်မလိုက်ခဲ့ဘူး။ ဒီအနုပညာ အလုပ် က တော်တော်လေး ဇွဲရှိမှ ဖြစ်မှာပါ။ ပြီးတော့ အစ်ကိုပြောတဲ့ အခက်အခဲတွေကို ဘယ်သူမဆို ကြုံမှာပဲ။ အဲဒါတွေကို ခံနိုင်ရည်ရှိဖို့လိုပါတယ်။

အစ်ကိုအကြံဥာဏ်ပေးတာတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ညီမတို့အနေနဲ့ ဇာတ်ကားတွေရိုက်ကူးခွင့်ရခဲ့ရင် သရုပ်ဆောင်တဲ့အခါမှာ ကြုံတွေ့မယ့် အခက်အခဲလေးတွေကို ပြေပြပေးပါဦး။

ညီမတို့ခေတ်ကတော့ ညီမတို့လို ပုံစံလေးတွေ အများကြီးပဲ။ အစ်ကိုတို့တုန်းကတော့ လူငယ်မင်းသားတွေက ဟက်ကက်၊ နိုင်းနိုင်း စိုင်းစိုင်းတို့ရှိတယ်။ အားလုံးကလည်း သူငယ်ချင်း တွေပဲ။ မင်းသားအကြီးထဲမှာကျတော့ ကိုလွင်မိုး၊ ကိုရာဇာနေဝင်း၊ ကိုသားကြီး၊ ကိုကျော်ရဲအောင် တို့ရှိတယ်။ အစ်ကိုတို့တုန်းက VCD  ရိုက်တာတွေ ရှိတယ်။ ညီမတို့ခေတ်ကျတော့ အနုပညာလောကထဲဝင်ရတဲ့ လမ်းကြောင်းက နည်းသွားတယ်လို့လည်း ပြောလို့ရတယ်။ လမ်းကြောင်းတွေများလာတယ်လို့ လည်း ပြော လို့ရတယ်။

အစ်ကိုတို့တုန်းက လမ်းကြောင်းနည်းပေမဲ့ တစ်ခုဆိုတစ်ခု ထိရောက်တယ်။ ညီမတို့ခေတ်ကျတော့ လမ်းကြောင်းများပေမဲ့ ဘယ်အရာက ထိရောက်လဲ ဆိုတာ ရွေးချယ် ရခက်တယ်။ လမ်းကြောင်းမှားပြီး ဝင်လိုက်ရင်လည်း ဒုက္ခရောက်သွားနိုင်တယ်။ ကိုယ်ဘာလုပ်ချင်လဲဆိုတာကို သိရမယ်။ သရုပ်ဆောင် လုပ်မယ်ဆိုရင်လည်း ဒရာမာ ရိုက်ချင်တာလား၊ ဟာသရိုက်ချင်တာလား၊ ဖိုက်တင်ရိုက်ချင်တာလားဆိုတာကို ကိုယ်ကိုယ်တိုင် သေချာစိစစ်ရမယ်။ အစ်ကိုတုန်းကလည်းလာပေးတဲ့ဇာတ်ကို ရိုက်နေ တာပဲ။ အဲဒီတော့ အစ်ကို့ကို အိုက်တင်ကောင်းတယ်လို့ ပရိသတ်က မသတ်မှတ်တော့ဘူး။ လာသမျှဇာတ်အကုန်လုံး ငါရိုက်မယ်၊ ငါလုပ်မယ်ဆိုရင်တော့ အဲဒါက အ ဆင်ပြေမှာ မဟုတ်ဘူး။

အစ်ကိုအနေနဲ့ သရုပ်ဆောင်တဲ့အခါမှာ သဘာဝ ကျအောင်လို့ဘယ်လိုမျိုးစိတ်ထားပြီး သရုပ်ဆောင်ပါသလဲ။

ကိုယ့်ပုံစံက ဘာလဲဆိုတာ သိအောင်လုပ် မယ်။ ညီမအနေနဲ့ ဒီလိုမျိုး Sweet ဖြစ်တဲ့ပုံစံက ညီမပုံစံလား။ ဒါဆိုရင် အဲဒီပုံစံမျိုးကိုအတိအကျနဲ့ အကောင်းဆုံးနဲ့ အများကြီး လုပ်နိုင်အောင်လုပ်ရမယ်။ အစ်ကိုကတော့ အခုနောက်ပိုင်းမှာ သဘာဝအတိုင်းနေတယ်။ သဘာဝအတိုင်း ရိုက်တယ်။ သဘာဝအတိုင်း လုပ်တယ်။ ငိုရင်လည်း သဘာဝ အတိုင်းငိုတယ်။ ရယ်ရင်လည်း သဘာဝအတိုင်းရယ်တယ်။ အနီးစပ်ဆုံး ဥပမာပြောရရင် ကိုကျော်ရဲအောင်ပေါ့။ ကိုနိုင်ကြီးက သဘာဝအတိုင်းလုပ်တယ်။ ရုပ်ရှင်ရိုက်နေ တာလား၊ အပြင်မှာတကယ်လုပ်နေတာလား ဆိုတာကို ခွဲလို့မရဘူး။ ကိုနိုင်ကြီးက အပြင်မှာ စကားပြောလည်း ဒီလိုပဲ ပြောတယ်။ ရုပ်ရှင်ရိုက်လည်း ဒီလိုပဲပြော တယ်ဆို တာကို အစ်ကိုစဉ်းစားမိတဲ့အချိန်မှာ ”ငါလည်း…သဘာဝအတိုင်းပဲ နေမယ်”ဆိုပြီးနေခဲ့တယ်။

သရုပ်ဆောင်ဖြိုးငွေစိုးရဲ့ ဒီကဏ္ဍပေါ်အမြင်

ဒီကဏ္ဍလေးက ကောင်းပါတယ်။ ကျွန်တော် တို့အတွက်လည်း အသစ်အဆန်းဖြစ်တယ်။ ပရိသတ်ကလည်း သိချင်တာမေးလို့ရတယ်။ ကျွန်တော်တို့ကလည်း သိချင် တာမေးလို့ရတယ်။ ဒီညီမလေးနဲ့ တွဲပြီးရိုက်ရတာ အဆင်ပြေပါတယ်။ နှစ်သစ်မှာတော့ အသက်က တစ်နှစ်ကြီးလာပြီ ပေါ့။ ပရိသတ်တွေ စိတ်ရော ကိုယ်ရော အေးအေး ချမ်းချမ်းနဲ့ နှစ်သစ်မှာနေနိုင်ပါစေ။ ကိုယ်လုပ်ချင် တာတွေလည်း လုပ်နိုင်ကြပါစေ။

သီတာစိုး

စာရေးဆရာ မောင်ဆွေသက် ပြောတဲ့ Retire, Reunion, Restrict

$
0
0

Retire

Retire ဆိုတာ ဘဝတစ်ခု ကနေ အနားယူ တာကို ပြောတာပေါ့။ အများအားဖြင့် ဘယ် လုပ်ငန်း ကမဆို အနား ယူတာကို ပြောတာပေါ့။ ဘဘဆို ငယ်ငယ် ကတည်းက စစ်ထဲ ဝင်တယ်။ သာမန် အားဖြင့်တော့ ဝန်ထမ်း လုပ်သက်နှစ် ၃ဝ အသက် အားဖြင့် အသက် ၆ဝ မှာ Retire ပေး လေ့ရှိတယ်။ နိုင်ငံ့ တာဝန်ကို ထမ်းဆောင်တယ်။ ဘဘ ကနိုင်ငံရဲ့ တာဝန်ကို အသက် ၇ဝ ကျော်မှ ရပ်နားတယ်။ အစိုးရ တာဝန်ကို သံအမတ် လုပ်တယ်။ ဒုတိယ ဝန်ကြီးလုပ်တယ်။ အစိုးရ တာဝန်ကို လုပ်သက် ၅၂ နှစ်ကျော် မှ အနားယူ တာ။ ကောင်းသော အနားယူခြင်း နဲ့ဆိုတော့ ပင်စင် အပြည့် ရတယ်။ ဘဘက လခစား အလုပ် က အနားယူ လိုက်ပေမဲ့လည်း ဘဘက ဒီဘက် မှာ စာရေးတဲ့ အလုပ်ကို ဆက်လုပ်တယ်။ ဘဘက ဝန်ထမ်းကနေ Retire လုပ်လိုက်ပေမဲ့ ကိုယ့်ဘဝ မှာတော့ Retire မလုပ်သေးဘူး။ စာပေ အလုပ် တွေလုပ်တယ် Popular News မှာ အကြံပေး လုပ်တယ်။ မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင် ဒေးရှင်းမှာ ဒုတိယဥက္ကဋ္ဌ လုပ်တယ်။ မြန်မာထိုင်း ချစ်ကြည်ရေး အသင်းမှာ ဥက္ကဋ္ဌ လုပ်တယ်။ မွေးမြူ ရေးနှင့် ရေလုပ်ငန်းဘဏ်မှာ Board of Director လုပ်တယ်။ ကိုယ်လုပ်နိုင်တဲ့ စေတနာ့ ဝန်ထမ်း အလုပ်တွေ အားလုံး လုပ်နေတယ်။ စာရေးတယ် ဆိုတဲ့ အလုပ်က လုပ်သက်နှစ် ၃ဝပြည့်လို့ Retire လုပ်တယ်ဆိုတာ မရှိဘူး။ သေတဲ့အထိ လုပ်လို့ ရတယ်။ ကိုယ့် ပရိသတ်က လက်ခံတဲ့ အချိန်ထိ ကိုယ်က တာဝန် ထမ်းဆောင် လို့ရတယ်။ အခု တော့ ဘဘက အဲဒီ အလုပ်ကို ဆုပ်ကိုင်ထားတယ် ပေါ့။ မျက်စိနဲ့ လက်နဲ့ကောင်းရင် စာရေးလို့ ရတယ်။ မျက်စိ မကောင်းရင်တောင် ပါးစပ် ကပြောပြီး တခြား တစ်ယောက်ကို ရေးခိုင်း လို့ရတယ်။ ဦးနှောက် မကောင်းရင်တော့ ရေးလို့ မရတော့ဘူး ပေါ့။ ဘဘက စာရေးရင်တော့ ကိုယ့်အတွေ့ အကြုံ တွေကို နောက် မျိုးဆက်တွေ သိရအောင် Sharing လုပ်တဲ့ အနေနဲ့ အများဆုံး ရေးဖြစ်တယ်။ အခုချိန်မှာ ဘဘ ဘာကို ကြိုးစားနေလဲ ဆိုရင်တော့ လူဆိုတာ လူ့ဘဝ ကနေအပြီး Retire လုပ်ကို လုပ်ရမယ့် အချိန် ရှိတယ်။ လူဆိုတာ သေရမှာပဲ လေ။ အဲဒီလို အချိန် ရောက်ရင်သာ ဘယ်လို ပုံစံ မျိုးနဲ့ အကောင်းဆုံး Retire ဖြစ်အောင် လုပ်ရ မလဲ ဆိုတာကြိုပြီး ပြင်ဆင်နေတယ်။ ကိုယ်သေတဲ့ အချိန် ကိုယ့်ရဲ့သား၊သမီး၊ ဆွေမျိုးတွေ ဆီမှာ ကိုယ့်ရဲ့နောက်ဆုံး ထွက်သက်ကို ညင်ညင်သာသာ လေးနဲ့ Retire လုပ်သွားချင်တယ်။ တရားလေး မှတ်ပြီး သေတာကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်နေတယ်။ လူအများက Retire လုပ်ပြီး သွား ရင် စိတ်ဓာတ်တွေ ကျသွားတတ်တယ်။ ဒါက ပတ်ဝန်းကျင် နဲ့ဆိုင်တယ်။ ပင်စင်ယူတယ် ဆိုတာ ဘဝ တစ်ခုကနေ နားလိုက်တာပါပဲ။ နောက်ဘဝကို ထပ်ရှာလို့ ရတယ်။ ဘဘ ဆို ကိုယ် ဝါသနာပါတဲ့ စာရေးတဲ့ဘဝကို ထပ်ရှာတယ်။ စာမရေးတတ် လည်း ဘာဖြစ်လဲ သစ်ပင် စိုက်တတ်ရင် စိုက်မယ်။ နောက်ဆုံး ကိုယ့်အိမ်ရှေ့က လမ်းကို တံမြက်စည်း လှည်းနေရင်လည်း ဒါအလုပ် တစ်ခုလုပ်နေတာ ပါပဲ။ တစ်ကမ္ဘာလုံးမှာ လက်ဝဲဝါဒတွေ ကြီးစိုးနေတဲ့ အချိန်မှာ ဘဘက အစ္စရေးနိုင်ငံကို လေ့လာဖို့ သွားရ ဖူးတယ်။ အစ္စရေးမှာ စုပေါင်း ကျေးရွာတွေ ရှိတယ်။ အဲဒီ ရွာတွေ ရဲ့ ဂိတ်ဝမှာ အဘိုးကြီး၊ အဘွား ကြီးတွေ ထိုင်ပြီး တံခါးဖွင့်ပိတ် တာဝန်ကို ယူကြတယ်။ နောက်ပြီး သူ တို့ စုပေါင်း ကျေးရွာရဲ့ မွေးမြူရေးခြံက ကြက်ဥ၊ ဘဲဥတွေကို အဝတ်စိုနဲ့ သုတ်တဲ့ အလုပ်ကို သက်ကြီး ရွယ်အိုတွေ လုပ်ကြ ရတယ်။ လက်လှုပ်နိုင်၊ ခြေလှုပ်နိုင် တဲ့ အချိန်ထိ ကိုယ့် ပတ်ဝန်းကျင်ကို အကျိုးပြုလို့ ရပါတယ်။ လူဆိုတာ ကိုယ်ရှိတဲ့ Society မှာ ပတ်ဝန်းကျင်နဲ့ ဝင်ဆန့်ရမယ်။ လူတိုင်းမသေမချင်းအသုံးဝင်ပါ တယ်။

Reunion

Reunion ဆိုတာ စာလုံးနှစ်လုံး ပေါင်းထား တာ။ Re နဲ့ Union ကို ပေါင်းထားတာ။ union ဆိုတာ ပေါင်းစည်းခြင်း၊ ညီညွတ်ခြင်းပေါ့။ Reunion ဆိုတော့ တစ်စု တစ်ဝေး တည်း မရှိတဲ့ အရာကို ပြန်လည် ပေါင်းစည်းလိုက်တာကို ပြောတာပါ။ ဒီနေ့ အချိန်မှာReunion ကပိုပြီး အရေး ကြီးလာပြီ။ ဘဘလည်း စစ်သား လုပ်လာ တာပါ။ စစ်ဆင်ရေးတွေ ဝင်လာရတာ။ ဘဘတို့ စစ်ထဲ ဝင်ချိန်တုန်းက မြန်မာပြည်ကြီးက အကွဲကွဲ အပြားပြားနဲ့ သောင်းကျန်းသူ မျိုးစုံတဲ့ အချိန်ပါ။ ဒီနေ့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့က Reunion လုပ်တယ်။ အရင် အစိုးရတွေ တုန်းကလည်း လုပ်ပါတယ်။ ဒါပေမဲ့ သမ္မတကြီး ဦးသိန်းစိန် လက်ထက် မှာတော့ ပိုပြီး လုပ်ဖြစ်တယ် ပေါ့။ အရင်တုန်းက နိုင်ငံရေး အားဖြင့် အယူအဆ ကင်းကွာတဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့တယ်။ မတူတာတွေကို ပယ်ပြီး တူတာတွေ ကို ပေါင်း လုပ်မယ် ဆိုပြီးတွေးကြတယ်။ ဒါက Reunion ပဲပေါ့။ ဒါပေမဲ့ အခုကစပြီး ပေါင်းစ ဆိုတော့ တစ်စိတ် တစ်ဝမ်းတည်းတော့ မဖြစ်သေး ဘူး။ တိုင်းရင်းသား အဖွဲ့ အစည်းတွေ၊ အလွှာ ပေါင်းစုံက ခေါင်းဆောင်တွေ နဲ့ တွေ့တယ်။ အရင်က မတွေ့တာကို အခုတွေ့တာ ဆိုတော့ ကောင်းတဲ့ Reunion ပဲပေါ့။ တစ်ယောက်နဲ့ တစ်ယောက် သဘောထားချင်း မတူတာကို ညှိရ တာက ချက်ချင်းကြီးတော့ ထပ်တူ မကျဘူးပေါ့။ ဒါပေမဲ့ အမြန်ဆုံးတော့ ဖြစ်စေချင်တာပေါ့။ ဒီလို နှစ်သစ်ကူး သင်္ကြန် မှာဆို သီချင်း တစ်ပုဒ်ဆိုကြပါ တယ်။ ”နောင်နှစ်ခါလည်း ဆီးလို့ကြိုမယ် မောင် ကြီးလာပါမယ်” ဆိုတာ ဒါ Reunion ပါပဲ။ နောင်နှစ်လည်း ပြန်တွေ့ကြမယ် ဆိုတာ Reunion ကို ညွှန်းတာပဲ။ ဒါပေမဲ့ ဘဘတို့က တစ်ပေါင်း တစ်စည်း မဖြစ်တာကို ပေါင်းစည်းဖို့ အတွက် Reunion လုပ်ပြီးရင်တော့ ထာဝစဉ် United ဖြစ်နေဖို့ လိုတယ်။ နောက်တစ်ချိန် Reunion ပြန်မပေါ်အောင် နောက်မျိုးဆက်တွေက စိတ်ဝမ်း မကွဲဘဲ United ဖြစ်နေဖို့ ဘဘပြောချင်ပါ တယ်။

Restrict

Restrict ဆိုတာက ကန့်သတ်တယ်ပေါ့။ ကန့်သတ်တယ် ဆိုတာ ဘာကို ကန့်သတ်တာလဲ ပေါ့။ ဘဘနားလည်တဲ့ Restrict ကတော့ သတ်မှတ်ထားတဲ့ ဘောင် တစ်ခု၊ စည်းတစ်ခု နယ်နိမိတ် တစ်ခုကို ကျော်မသွားအောင် ကန့်သတ် ထားတာကို ပြောတာပဲ။ ကျောင်းသား အတွက် ကျောင်းစည်းကမ်း ရှိတယ်။ အချိန်မှန် ကျောင်း တက်ရမယ်။ စာကျက်ရမယ်။ စစ်သားမှာ လည်း စစ်စည်းကမ်း ရှိတယ်။ နိုင်ငံသား အားလုံး မှာ လိုက်နာရမယ့် တရားဥပဒေ ဆိုတာရှိတယ်။ တရားဥပဒေ ဆိုတာ တရား သဖြင့် ထုတ်ပြန်ထား တာပဲ။ လူတိုင်းက ဆိုင်ရာဘောင်တွေ စည်းတွေ ကို မကျော်ရင် Restrict လုပ်စရာကို မလိုဘူး။ Media သမားတွေ ဆိုရင်လည်း ဆိုင်ရာ Ethics တွေရှိတယ်။ သင့်တင့်တဲ့ အတိုင်းအတာ ဘောင် မကျော်သွားအောင် ကန့်သတ်ရတာ တွေရှိတယ်။ အခုဆိုရင် ဂျာနယ်တွေ သတင်းစာ တွေ အတွက် Media Law ဆိုတာတွေ ဆွေးနွေး နေကြပြီ။ လူတိုင်းကတော့ ကိုယ့်နေရာ မှာ သတ်မှတ်ထားတဲ့ စည်းတွေဘောင်တွေ မကျော်အောင်တော့ ထိန်း သိမ်းသင့်တယ်။ ဘယ်သူ မှ Restrict ကိုမကြိုက် ကြဘူး။ Strict ဆိုတာ တည့်မတ်တာ။ Restrict ဆိုတာ ပြန်ပြီး တည့်မတ်စေချင်လို့ ကန့်သတ် ရတယ် ဆိုတော့ သူက မတည့်မတ်ဘဲ လမ်းချော် နေလို့ပေါ့။ လူဆို တာ ကိုယ့်တာဝန် ကိုယ်ကျေ ရမယ်။ မိဘတာဝန်၊ သား၊ သမီးတာဝန်၊ ကျောင်း သားတာဝန်၊ နိုင်ငံ သား တာဝန်ကျေရင် Restrict ဆိုတာ မရှိပါဘူး။ မလိုလားဘဲ ချုပ်ချယ်တာ လူ့ ပတ်ဝန်းကျင် မှာ မရှိပါဘူး။

ဖြိုးစုပိုပို


ကတ်သီး ကတ်သတ် ပြောတဲ့ တောက်တီး တောက်တဲ့

$
0
0

တအားနဲ့မလုပ်လိုက်ပါနဲ့ …

မထက် ဆိုတဲ့ ဣတ္ထိယ အသွင် လုလင် ပျိုလေး တစ်ယောက် ရဲ့ အလှ ကြောင့် မောင်တောက်တီး တို့ တစ်တွေ ရင်သပ် ရှုမော ဖြစ်ခဲ့ကြ ရလို့မှ သိပ် မကြာသေးခင် မှာပဲ အမျိုးသား နှစ်ယောက် ရဲ့ သံဖြူရတု မင်္ဂလာ အထိမ်းအမှတ် ပွဲ ဆို တာကြောင့် ရင်သပ် ရှုမော ဖြစ်ရုံမျှမက ကျောသပ် ရှုမော၊ ခေါင်းသပ် ရှုမောတွေ အထိ ပါ ဖြစ်ကြ ရပြန်ပါရောဗျို့။

တို့တိုင်းပြည်များ ခေတ်မီပြီဆိုရင် သူများထက် အထူးပင် သာသဟလို့ လည်း တွေးလိုက်မိပါတယ်။ ဟုတ်တယ်လေ။ အမေရိကန် လိုနိုင်ငံမျိုး မှာတောင် ဒီလိုကိစ္စ မျိုးဟာ ဖြစ်ခေါင့်ဖြစ်ခဲကြီး ဆိုတာကို အားလုံးအသိ ပဲဟုတ်။ ဒီတော့ ကာ နှစ်ပေါင်း ငါးဆယ်ကျော် ခေတ် နောက်ကျ နေပြီ လို့ ပြောပြော နေကြ တဲ့ မြန်မာနိုင်ငံ ကို တကယ် ခေတ်နောက် ကျနေ တာ များ ဟုတ်ရဲ့လားလို့ တောင် မေးခွန်း ထုတ်ရတော့မပေါ့။

အဲဒီ သံဖြူရတု အထိမ်းအမှတ်ပွဲ ကျင်းပပြီး နောက်နေ့ထုတ် သတင်းစာ တွေ ဂျာနယ်တွေရဲ့ မျက်နှာဖုံးတွေ မှာ အဲသည် အမျိုးသား စုံတွဲ အကြောင်းကို ပုံကြီးတွေ ပုံကြီးတွေ နဲ့ ရေးလိုက်ကြတာများဗျာ။ ဒေါ်အောင်ဆန်းစုကြည် သတင်း၊ ဦးသိန်းစိန် တို့ သတင်းတွေတောင် ဒီလောက် ပါခဲ့တယ် မထင်မိပါဘူး။ အိုဘားမား မြန်မာနိုင်ငံ လာတုန်း ကတောင် ဒီလောက် မျက်နှာဖုံး မတက် ဘူး ထင်သဗျ။ ဒီတော့ကာ သတင်းစာ ဆရာ များသည် အနှီ သတင်း ကို သူတို့ ကိုင်တွယ်ကြ ရတဲ့ သတင်းစာတွေ ရဲ့ မျက်နှာဖုံးမှာ အလကား တင်တာတော့ ဘယ်ဟုတ်မလဲလေ။ စာဖတ် ပရိသတ် ဘာကို စိတ်ဝင် စားမယ် ဆိုတာ သူတို့ သာအသိဆုံးဗျ။ ဒါကြောင့် စာဖတ် ပရိသတ် စိတ်ဝင်စားမယ့် သတင်း၊ သိချင် နေကြတဲ့ သတင်း မို့လို့သာ မျက်နှာဖုံးမှာ တခမ်းတနား ဖော်ပြကြတာလို့ ကောက်ချက်ချ ရမှာ။ ပြီးတော့ကာ စာဖတ် ပရိသတ် ဆိုတာ လည်း ပြည်သူတွေ ပဲလေဗျာ။ ဒီတော့ကာ ကျွန်တော် တို့ပြည်သူတွေသည် ဤလိုသော သတင်း မျိုးကို အထူး စိတ်ဝင်စားကြသည် လို့လည်း ထပ်ဆင့်ကောက် ချက်ချနိုင်ပြီ ပေါ့။

ဥပဒေတွေ ရှိသေးတာ မရှိသေးတာ ခဏဘေးချိတ်။ ထောက်ခံသူတွေ ကန့်ကွက်သူတွေ ရဲ့ အသံတွေကို ခဏထား။ သူတို့နှစ်ယောက် ကတော့ အတူနေ လာကြတာ ဆယ်နှစ်တောင် ရှိပြီဖြစ်တဲ့ အပြင် သူတို့ သတင်းကို ခုလို သတင်းစာ ဂျာနယ်တွေ၊ မျက်နှာဖုံးမှာ တွေ့လိုက် ကြရတော့ ဖရဏာပီတိ ဂွမ်းဆီ ထိတာထက်တောင် ပိုဦးမှာ ကတော့ သေချာသဗျ။ လိင်တူ ချစ်ခြင်းသည် အမှားအယွင်း မဟုတ်ဘူး ဆိုတာကိုပြဖို့အတွက် ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ အားပေးမှုတောင် လိုသေးတယ် လို့ လည်း ပြောသူတွေ ကပြောလာကြပြန် သကိုး။

အင်း…။ တော်ကြာ မြန်မာနိုင်ငံမှာ ပထမဆုံး လိင်တူ ချစ်သူနှစ်ဦးရဲ့ ၁ဝ နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်ပွဲ ကျင်းပတဲ့နေ့ကို အစွဲပြုပြီး အဲဒီနေ့ကို မြန်မာနိုင်ငံ လိင်တူ ချစ်သူများနေ့ လို့ သတ်မှတ် လိုက်ကြရင်တော့ ခက်ကပြီ ဗျို့။ ဘာလို့လဲ ဆိုတော့ သူတို့ ပွဲလုပ်တဲ့နေ့က တောင်သူလယ်သမားနေ့ ဆိုတဲ့ မတ်လ (၂) ရက်ဖြစ်နေလို့ပါပဲ…။ ကဲ…။ ကဲ…။

တွေးဆဆင်ခြင်ကြပါကုန်…

ပါလီမန် ဒီမိုကရေစီ ခေတ်တုန်း က နိုင်ငံကျော် စာရေး ဆရာကြီး တစ်ယောက်ဟာ အင်္ဂလန် မှာ အလုပ် တာ ဝန်တွေ ၂ နှစ်လောက် ထမ်းဆောင် ရင်းက အင်္ဂလိပ် မကလေး တစ်ယောက်နဲ့ အတော်ကို ချစ်ခဲ့ကြ သတဲ့။ မြန်မာ ပြည်ပြန်လာတော့ အဲဒီ ကောင်မလေး ကို အစွဲကြီး စွဲနေပြီး ဒီကိုခေါ်ချင် နေသတဲ့။ အင်္ဂလန် ကလည်း အဲဒီ အတွက် ပြည်ပ ထွက်ခွာခွင့် လုပ်ပေးမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ဘက်က လက်ခံ ဖို့မှာတော့ အခက် တွေ့နေသတဲ့ဗျား။ အဲဒီမှာ သူက ဆရာသော်တာဆွေ ကို အကူ အညီ တောင်းတော့ တာပဲဗျို့။ အဲဒီခေတ် က ဝန်ကြီးချုပ် ဖြစ်နေတဲ့ ဦးဗဆွေ (ကျားကြီးဗဆွေ) က ဆရာ သော်တာဆွေ နဲ့ အင်မတန် ရင်းနှီး တာကိုး။ ဆရာ သော်တာဆွေ က လည်း ဒါမျိုးဆို ကူညီချင် နေတာ။ အဲဒီမှာ ဆရာ သော်တာဆွေနဲ့ ဦးဗဆွေ နဲ့ တွေ့ကြ ပြောကြတာတွေ ကိုတော့ ဆရာ သော်တာဆွေ ရေးထားတဲ့ အတိုင်း ပဲ ပြန်ရေးပြပါ့မယ်ဗျား။ ဒီလို….။

”မင်း နဲ့ ငါနဲ့ ဆွေးနွေးကြဦး စို့ကွာ။ မင်းက စာရေးဆရာ၊ ငါက နိုင်ငံရေး သမား။ ဒီတော့ တို့နှစ်ယောက်လုံး မှာ တိုင်းပြည် အတွက် စဉ်းစားဖို့ ရှိတယ်ကွ” ဟု ဆိုပြီး သူခေတ္တ စကားဖြတ် ထား၍ ကျွန်တော်က နားပေထောင်နေ စဉ်

”ဟေ့ ဒီမှာ သော်တာဆွေ၊ ဘိလပ်သားတွေ ဗမာပြည်မှာနေပြီး ဗမာ မိန်းမတွေ မယူကြဘူးလားကွ”

”ဟာ… ယူကြတာပေါ့ဗျာ”

”အေး နို့ပြီး၊ သူတို့ ဘိလပ်ပြန်တော့ ဗမာ မိန်းမတွေ ခေါ်သွားကြသလား ကွ”

ကျွန်တော် မျက်လုံး ကလေး ကြောင်တက်တက်နှင့် နှုတ်ဆွံ့အ သွားလေပြီ။ ဦးဗဆွေက ဆက်ပြော၏။
”နို့ပြီး တရုတ်၊ ကုလား တွေကောကွာ။ ဗမာ မိန်းမတွေ ယူကြတာပဲ မဟုတ်လားကွ။ ဒါပေမဲ့ သူတို့ပြည်ကြီး ပြန်တော့ရင် ဗမာပြည်က မယားတွေ၊ သားသမီးတွေ ခေါ် သွားကြ တယ်လို့ ကြားဖူးသလား”
”ဟင့်အင်း”
ကျွန်တော် ခေါင်းခါရပါတော့သည်။
”အဲဒါ သူတို့မယားတွေ၊ သားသမီးတွေ မချစ်လို့လို့ မင်းဆိုနိုင်မ လား”
”ဟာ ဘယ်ဆိုနိုင်မလဲဗျာ။ လူမှန်ရင် ကိုယ့်သားမယား ကိုယ့်ရင်သွေးကို ချစ်ကြတာချည်းပေါ့”
”ဒါပေမဲ့ သူတို့ဘာကြောင့် သူတို့တိုင်းပြည်ကို ခေါ်မသွားကြသလဲ မင်း သိလား”
ကျွန်တော်က ခေါင်းခါလိုက်တော့ …
”အဲဒါ နိုင်ငံရေးပဲကွ။ ဒီမှာသော်တာဆွေ၊ တို့တိုင်းပြည်ဟာ ကျွန် သပေါက် ဘဝရောက်ခဲ့ရလို့ လူမျိုးခြားတွေ ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို ထွက် နေချင်သ လိုနေ ခဲ့ကြတာကို တို့ခံခဲ့ရတာ ကြာပြီ။ အခု တို့လွတ်လပ်ရေး ရပြီမို့ ဒီကိစ္စတွေကို တို့အဖတ်ဆယ် ရမယ်”
သူခေတ္တစကားနား၏။ ပြီးမှ ကျွန်တော့်ကို စေ့စေ့ကြည့်၍
”ဒီမှာ သော်တာဆွေ၊ လူမျိုးခြားတွေ တို့တိုင်းပြည် ရောက်လာတယ် ဆိုရင် တို့လူမျိုးတွေ ရဲ့လုပ်စာကို စားပြီး တို့တိုင်းပြည် ရဲ့ နေရာကောင်းတွေ မှာ နေကြ တာကွ၊ သူတို့ အဆင့်အတန်း က တို့လူမျိုးထက် များတောင် မြင့်နေလိုက်ကြ သေးတယ်။ အဲဒါတွေ တွေးပြီးတော့များ မင်း အသည်းမနာဘူးလား သော်တာ ဆွေရယ်”

”အခု မင်းသူငယ်ချင်း ခေါ်လာချင်တယ် ဆိုတာက ဘိလပ်သူ မျက်နှာ ဖြူမဟုတ်လား၊ သူက ဗမာပြည် ရောက်တော့ရင် ဘယ် အဆင့်အတန်းမှာ နေမလဲကွ၊ ဘိုမက ဘိုလို ဝတ်ပြီး ဗိုလ်လိုနေမယ် မဟုတ်လားကွ။ ဒီနေရာ မှာ သူ့မယား သူထားတာပဲ၊ သူ့ရဲ့ လုပ်စာလို့ မတွက်ရဘူး။ သူ ဘယ်နည်း နဲ့ရရ၊ တို့တိုင်းပြည်ရဲ့ ပစ္စည်းလို့ ယူဆရမယ်။ နားလည်ရဲ့လား သော်တာဆွေ”
”ဟုတ်ကဲ့ ခင်ဗျ”
”နို့ပြီးတော့ အဲဒီဘိလပ်သူ ဘိုမက တို့တိုင်းပြည် မှာနေပြီးတော့ သူ တစ်ယောက်တည်းနဲ့ မပြီးသေးဘူး။ ကလေးတွေ မွေးဦးမယ်ကွ၊ မျက်နှာဖြူ ကပြား ကက တစ်ကလေးတွေ၊ နောက်သူတို့က တစ်ဆင့် တစ်ဆင့် နိုင်ငံခြား သား အဆက်အနွယ်တွေ ဘယ်လောက် ပွားများလာဦးမလဲ၊ မင်းစဉ်းစားကြည့် စမ်းကွာ”
”ဟေ့ ဒီမှာ သော်တာဆွေ၊ တို့တိုင်းပြည်ဟာ တို့တိုင်းရင်းသား လူမျိုးတွေ အတွက်သာ ဖြစ်ရမယ်ကွ။ ဒါဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ လွတ်လပ်တဲ့ တိုင်းပြည် တွေရဲ့ သဘော ထားပဲ။ အခု ကြည့်စမ်း၊ ဘိလပ်သားနဲ့ တရုတ်၊ ကုလားလူမျိုး တွေ တို့ဗမာမတွေ ယူပြီး ကပြားတွေ မွေးဖွားကြ၊ နောင်သူတို့ တိုင်းပြည် အစိုးရ ကလည်း သူတို့ပြည်က ပစ္စည်း လာစားမယ့် ပါးစပ်ပေါက်တွေကို ခေါ်လာခွင့် မပေးဘူးကွ။ သူတို့ကသာ သူများပြည်က စားမယ်၊ သူများပြည်က ယူမယ်”
”ဟေ့..ဒီမှာ သော်တာဆွေ၊ သူတို့ လူမျိုးခြားတွေက တို့တိုင်းပြည်မှာ သူတို့သွေး နဲ့ပေါက်ဖွားခဲ့ကြတဲ့ သားသမီး တွေတောင် ပစ်ထား ခဲ့ကြသေးတာ၊ မင်းသူငယ်ချင်းက ဗမာပြည် လာပြီး သားပေါက်မယ့် မျက်နှာဖြူမကို ခေါ် သင့်ပါသလား၊ မင်းစဉ်းစားပါကွ..။ မင်းက စာရေးဆရာပါ။ ငါက နိုင်ငံရေး သမားပဲ။ မင်းက သင့်လျော်တယ် ဆိုရင် အခု ချက်ချင်းပဲ အဲဒီ ဗီဇာပေးဖို့ ငါ တယ်လီဖုန်းဆက် ပြောလိုက်မယ်။ မင်းဆန္ဒကို ငါမငြင်းပါဘူး။ ကဲ…မင်း သူငယ်ချင်း ပြဿနာ  မင်းပဲ ဆုံးဖြတ်ပေရော့၊ ငါ နောက်ထပ် ဘာ တစ်ခွန်းမှ မပြောတော့ဘူး”

သည်နေရာမှာ ကျွန်တော့်ရဲ့ ရင်ထဲက တုန်လာတယ်။ နှုတ်ခမ်းကတော့ ယဲ့ယဲ့ပြုံးလို့။ မျက်လုံး မှာတော့ မျက်ရည်တွေ ဝေ့လာတယ်။
ကျွန်တော် သက်ပြင်းကြီးကို ချလိုက်ပြီး ဘေးချင်း ယှဉ်ထိုင်နေတဲ့ ဦးဗဆွေ ရဲ့လက်ကို လှမ်းကိုင်ကာ ”ကျွန်တော် နားလည်ပါပြီဗျာ” လို့ ပြော လိုက်တယ်။

ပါလီမန်ဒီမိုကရေစီခေတ်က တကယ့်အဖြစ်အပျက်လေးတစ်ခုပါ ခင်ဗျား…။

ကိုးကား – နိုင်ငံရေးသမားနှင့် စာရေးဆရာ (သော်တာဆွေ)

လာဘ်ပေးလာဘ်ယူဆိုတာက လုပ်တတ်မှ

ပြည်သူ့ လွှတ်တော် က ဖွဲ့စည်း ပေးထားတဲ့ တရား စီရင်ရေး ဆိုင်ရာ လေ့လာ စူးစမ်းမှု ကော်မတီက အစီရင်ခံ စာ တစ်ခု ဖတ်ရတယ်။ ရန်ကုန်တိုင်း တရား စီရင်ရေးက ပြိုလဲပြီး မန္တလေးတိုင်း တရား စီရင်ရေးက ယိုင် နဲ့နေ တယ် တဲ့။ ရန်ကုန် မန္တလေး အခြေအနေ မဟန် မှတော့ ဘာကျန်သေး လို့လဲ။ တရား သူကြီးတွေ လာဘ်ပေး လာဘ်ယူ လုပ်တာတွေ လည်း များနေတယ်လို့ အစီရင်ခံစာ က ဆိုပါတယ်။ လာဘ်ပေး လာဘ်ယူနဲ့ ပတ်သက် လို့ တောက်တီး တို့ တောက်တဲ့ တို့ ကြားဖူးတာလေး တစ်ခု ဖောက်သည် ချပါရစေ။

တရားခံ တစ်ယောက် က သူ့အမှု လွတ်အောင် ရှေ့နေ ငှားပြီးတဲ့ အခါ တရားသူကြီး ကို လာဘ်ထိုး ရမလားလို့ သူ့ ရှေ့နေကို မေးလိုက်တယ်။ မလုပ် နဲ့ဗျို့၊ ဒီတရားသူ ကြီး က လာဘ်ပေးတဲ့ အမှုသည်ကို အရှုံးပေး တတ်တယ် လို့ ရှေ့နေ က တားတယ်။ မကြာခင် အမှု ပြီးသွားလို့ တရားခံနိုင် သွားတယ်။ သူက ရှေ့နေကို ခုလိုနိုင်တာ တရား သူကြီးကို လာဘ် သွားပေး လို့ပဲလို့ သူက ပြောတယ်။ ရှေ့နေက ဒီ တရားသူကြီး က လာဘ်ပေး ရင် ပေး တဲ့ သူကို အရှုံးပေး တတ်တယ် လို့ ကျုပ်ပြောထားတယ် မဟုတ် လားလို့ ပြောလိုက်တဲ့ အခါ တရားခံက ဟုတ် တယ်လေ၊ ဒါကြောင့် ကျွန်တော် က ဟိုဘက် လူအနေ နဲ့ တရားသူကြီး ကို လာဘ်သွားပေးထား တာတဲ့။ ကဲ … မှတ်ကရော။

 

သြော် … ဓာတ်မှန်

အရင် အပတ်တုန်းက ပြည်သူ့ ဆေးရုံ တစ်ရုံ ရောက်သွားတယ်။ လက်ကျိုးပြီး လက် တစ်ဖက်လုံး ယောင်ကိုင်း နာ ကျင်နေ တဲ့ လူနာနှစ်ယောက် နဲ့ တွေ့လို့ စပ်စပ် စုစု မေးကြည့်မိတယ်။ ခင်ဗျားတို့ ဓာတ်မှန်မြန်မြန် ရိုက်ပြီး ကုစရာ ရှိတာ ကုတော့လေလို့။ လူနာ တစ်ယောက်က ရှုံ့ရှုံ့မဲ့မဲ့ နဲ့ ပြောတယ်။ ဒီဆေးရုံမှာ ဓာတ်မှန်ပြား မလုံလောက် လို့ လက် ကျိုး လူနာ လေးယောက်ရှိမှ ဓာတ်မှန် တစ်ချပ်တည်း ပေါင်းရိုက်မယ် တဲ့။ တောက်တီး တောက်တဲ့ ပါးစပ် ကလည်း လွှတ်ခနဲ ထွက်သွားတဲ့ စကား က ဒါဆိုရင် ဆရာဝန် နဲ့ ဆရာမ နှစ်ယောက် လာရင် သူတို့ လက်သာ မြန်မြန် ရိုက်ချိုး လိုက်၊ ဒါမှ လက်ကျိုး လူနာ လေးယောက် ပြည့်မှာလို့။

ဓာတ်မှန်နဲ့ ပတ်သက်လို့ ကြားဖူးတဲ့ ဟာသလေး တစ်ပုဒ် လည်း ကြုံတုန်း ပြောပါရစေဦး။ နယ်မြို့လေး တစ်မြို့မှာ နယ်လှည့် ဓာတ်မှန် ရိုက် အဖွဲ့ရောက် လာတော့ ရွာသူ ရွာသားတွေ ထဲက အဆုတ်ရောဂါ နဲ့ ပတ်သက်လို့ မသင်္ကာသူ တချို့ကို ဓာတ်မှန် ရိုက်ပေးတယ် တဲ့။ ဓာတ်မှန် ဆရာ က အဒေါ်ကြီး တစ်ယောက် ကို ရောဂါ အခြေ အနေ သိရအောင် ဓာတ်မှန် ရိုက် ပေးပါ ရစေလို့ ပြောတဲ့ အခါ ဒီအဒေါ်ကြီးက ဒါဆို ခဏနေပါဦး၊ ခေါင်းလေး ပြင်ပြီး ဖြီးပါ ရစေဦးတဲ့။

Attractive Girl

$
0
0

model : nan nan thet wai
make up : chris
dress designer : soe soe nyan (ssn fashion)
photo : nay yan
arranged by nay yi yi lin

ယုံကြည်ရာကို ဆုံးခန်းတိုင်လုပ်သွားမယ့် Blaze . . နောနော်

$
0
0

အောင်မြင်ခြင်းနှင့် ဘဝအဓိပ္ပာယ်ကို ပြည့်ပြည့်ဝဝခံစားရခြင်းတို့က သဘောသဘာဝချင်းကွာခြားနားလှသည်။ အောင်မြင်ခြင်းကို သူတစ်ခါမျှ မရှာဖွေခဲ့။ သူ့တစ်ကိုယ်လုံး ဂီတဆိုသည့် အနက်ရှိုင်းဆုံးပင်လယ်ထဲပစ်ချကာ အစွမ်းရှိသမျှ ကူးခပ်ခဲ့သည်။ အစပျိုးကာလတွေမှာ သူ့မှာခြေလက်အစုံအလင်နဲ့ နှလုံးသားတစ်စုံသာ ပါရှိခဲ့သည်။ ချစ် တတ်သောနှလုံးသားတစ်စုံ၊ ဒီနှလုံးသားက ကမ္ဘာလောက ရှိရှိသမျှအရာခပ်သိမ်းတို့ အနက် ဂီတဆိုသည့်အရာကိုသာ စုံမက်တွယ်နစ် ချင်ခဲ့သည်။ ငယ်စဉ်ကတော့ သူ့ ကိုယ်သူ ပုစ္ဆာ တစ်ပုဒ်လို အခါခါဆန်းစစ်တွက်ထုတ် ကြည့်ခဲ့ဖူးသည်။ ငါဘာဖြစ်ချင်သလဲ၊ ငါ့ဘဝမှာ ဘာနဲ့ နေထိုင်သွားသင့်သလဲ၊ ငါ့ရဲ့ အနာဂတ်ကာလ အတွက် ရည် ရွယ်ချက်နဲ့ ဆန္ဒတွေက ဘာတွေလဲ၊ အိပ်မက်တွေကရော ချိုမှာလား၊ ချဉ်မှာလား၊ မချိုမချဉ် ခါးသက်နေဦးမှာလား။ အချိန်တစ်ခုရောက် သည့်အခါ ယုံကြည် သူဖြစ် သည့် အားလျော်စွာ အလုံးစုံသော ပူပန်ကြောင့်ကြစိတ်တွေကို ဘုရား သခင်က သိမ်မွေ့ညင်သာစွာ ဖယ်ထုတ်ရှင်းလင်းပစ်လိုက်ကာ သူ့အား ဂီတအရာကိုသာ စိတ်နှစ် လုပ်ေ ဆာင်ဖို့ အခွင့်ပေးခဲ့သည်။

”၇ တန်း ၈တန်းလောက်က music ဆိုတဲ့ အရာကြီးကို စငြိသွားခဲ့တယ်ဗျ။ တကယ်တမ်း သူ့အတွင်းသားထဲကို နက်နက်ရှိုင်းရှိုင်းရောက်သွားခဲ့တာက ၁ဝတန်းနောက် ပိုင်းကျမှ။ ကျွန်တော့် ဦးလေးတွေက ကျွန်တော့်ကို အနီးကပ်လမ်းညွှန်ပြသပေးခဲ့တဲ့ အထောက်အပံ့ကောင်း တွေပေါ့။ သူတို့ကြောင့် ပြဿနာအခက်အခဲ တစ်စုံတစ်ရာမျှ မပေါ်လိုက်ဘဲ music ထဲကို ကျွန်တော်ရောက်သွားခဲ့တယ်ဆိုပါတော့ဗျာ”music ဆိုသည့်အရာကြီးကို ဘာမှန်းတိတိကျကျမသိခင် ခပ်ငယ်ငယ်ကလေးဘဝ အရွယ်က တည်းက သီချင်းတွေကို တမက်တမော အော်အော်ဆိုမိသည်အထိ ချစ်မက်နေတတ်ခဲ့ကြောင်း သူကအပွင့်လင်းဆုံး အရယ်အပြုံး တို့ ဖြင့် ပြန်ပြောင်း မှန်းဆ ပြောပြနေ ခဲ့သေးသည်။

”ငယ်ငယ်တုန်းက ထွဏ်းထွဏ်း၊ (ကို)အငဲ သိပ်ကြိုက်တယ်ဗျာ။ သူတို့သီချင်းတွေ အော်အော်ဆိုတာပေါ့။ ဆိုနေကျက ထွဏ်းထွဏ်းရဲ့ ဟို . .ဘာလဲ. . အချစ်ရူး အချစ်ရူး၊ Mr.Big ရဲ့သီချင်း၊ (ကို)အငဲ သီချင်းက ဟူး . . ဝေးပြီ ဘေဘီအဝေးဆုံး… သူတို့သီချင်းတွေ ဆိုရ၊ တီးရတာ အင်မတန်သဘောကျခဲ့တယ်”အဘယ်အရာမျှ မိုးကောင်း ကင်က ရွာချလိုက်သည့် မိုးစက်မိုးပေါက်တွေလို အခန့်သင့် ဖြာဆင်းရွာချ စွတ်စိုအေးမြခဲ့သည်မဟုတ်။ အရာခပ်သိမ်းတို့မှာ ခိုင်လုံသော အကြောင်းပြ ချက်ရှိ သည်။ စစ် မှန်သော ကြိုးစားအားထုတ်မှုလည်း ရှိသည်။ ထိုက်တန်သည့် ရင်းနှီးမှု တစ်ခု ရှိသည်။ သေသပ်ကျနသည့် အပျံစား ဂစ်တာလက်သံကို ပိုင်ဆိုင်ခွင့်ရဖို့ သူ့ဘဝရဲ့ အချိန် များစွာကို ဖဲ့ချွေ ပေးဆပ်ခဲ့ရကြောင်း မြိန်မြိန်ရှက်ရှက် ပြောပြ နေရင်းက ဂစ်တာသမားဖြစ်ချင်သည့် လူငယ်တို့ အတွက် စေတနာစကား တစ်စွန်းတစ်စ လှလှပပ ထု ဆစ် လှစ်ဟပြသေးသည်။

”သီချင်းတွေကို ခပ်များများကြီးကို ကျွန်တော် နားထောင်ခဲ့တယ်။ များသောအားဖြင့် rock သီချင်းတွေ၊ ပြီးတော့ ဂစ်တာကို တစ်ချိန်လုံးအမြဲတမ်းပဲ တီးနေခဲ့ တယ် ဗျာ။ နောက်ပြီးတော့ သိချင်တာတွေ လက်လှမ်းမီသလောက် မရှက်မကြောက် မေးစမ်းခဲ့ရတယ်။ ဂစ်တာ note book တွေ ရသလောက် ရှာဖွေလေ့ လာရသေး တယ်။ စာအုပ်တွေလည်း အတော်များများကြီးကို ဖတ်မှတ်ခဲ့ရတယ်။ ကျွန်တော်ထင်တယ် သီချင်းတွေကို အချိန်နာရီ နေ့ရက်မရွေး ခပ်များများနားထောင်တတ်မယ်၊ ဂစ်တာကို မလွှတ်တမ်းမနားတမ်းတီးကျင့်နေမယ်၊ စာအုပ်တွေ ရှာဖွေ လေ့လာဖတ်မှတ်မယ်။ ဒါဆိုရင် ပရမ်းပတာမဖြစ်တော့ဘူးဗျာ။ အချိန်တစ်ခုရောက်ရင် အဆင်ပြေ ကောင်း မွန် တဲ့ ဂစ်တာသမားကောင်းတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲဗျာ”

ယုံကြည်ရာလျှောက်လှမ်းနေသည့် ခရီးစဉ်တစ်လျှောက်မှာ ကြည်မြလန်းဆတ်သည့် ဆောင်းဦးရာသီအစလို ယဲ့ယဲ့ကလေးရုပ်ဖျက်ဝင်ရောက် လာတတ်သည့် မုန်တိုင်း တို့က သူ့ယုံကြည်ချက်တွေကို ခက်ခက်ထန်ထန် မွှေနှောက်ဖျက်ဆီးဖို့ ကြိုးစားလာကြသည်။ ဒီကြမ်းတမ်းခက်ထန်သည့် မုန်တိုင်းဆန်ဆန် နေ့ရက်တွေကို ဂီတချစ်သည့် စိတ်တစ်ခုတည်းဖြင့် သူမလွယ်ကူစွာ (သို့သော်) မခက်ခဲလှစွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည်။

”ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါး နေ့ရက်တွေ မကြုံခဲ့တာ ဘုရားကျေးဇူးသက်သက်ပါပဲဗျာ။ ကျွန်တော်က သီချင်းလည်းရေးတော့ သီချင်းတွေရေး ကိုယ်တိုင်ဆို၊ ဒီလိုနဲ့ပဲ recording ဝင်ခဲ့တယ်။ recording ဝင်တာကများတော့ ဒါတွေကပဲ လေ့ကျင့်မှုအကြီးစားကြီး တစ်ခုလို အဆင်ချောသွားခဲ့တယ် ဆိုပါတော့ဗျာ”ဟုတ်သည်။ သူက သီ ချင်းတွေလည်း ကိုယ်တိုင်ရေးသည်။ ဂစ်တာတီးသည်၊ ဆိုသည်၊ တေးရေးသည်။ အစားအစာတစ်ခုခုအရသာ ပြည့်ဝအောင် စီမံချက်ပြုတ်ရသလို သီချင်းတစ်ပုဒ် ကို လည်း ကောင်းမွန်စွာ ချက်ပြုတ်တတ်ဖို့ သိပ်လိုသည်။

”ကျွန်တော်က သီချင်းတွေကို frame အရင်ဆုံးချတယ်ဗျ။ လှတပတ body  လေး ရမှသာ melody ထပ်ရှာတယ်။ ဒါတွေ အသေအချာရမှ lyrics ထပ်ဖြည့်တယ်။ ကိုယ့်သီချင်းတွေချည်းပဲ အမြဲတမ်းတော့ မဆိုဖြစ်ဘူး။ တခြား composer တွေရဲ့ သီချင်းတွေလည်းယူဆိုဖြစ်တဲ့အခါ ဆိုတယ်။ သူရိန်တို့ ညလင်းထယ်တို့ရဲ့သီချင်း တွေ။ ကျွန်တော်လိုချင်တဲ့ style ထုတ်ပြောဖြစ်တဲ့ အခါလည်း ရှိသလို၊ ဘာမှအထွေအထူး ထုတ်ဖော်ပြောနေစရာမလိုဘဲ တကယ့်ကို ကျွန်တော့်အတွက် ကျွန်တော်ဆိုဖို့ သက် သက်ရည်ရွယ်ပြီး ရေးထားသလား ထင်ရလောက်အောင် ကျွန်တော်နဲ့ အစပ်အဟပ်မိနေတဲ့ သီချင်းတွေလည်း အဆင်သင့်ရှိနေတတ်တယ်၊ အထူးသဖြင့်တော့ ညလင်း ထယ်ဆီမှာပေါ့။ ညလင်းထယ်ရေးလိုက်တဲ့ သီချင်းတွေက ကျွန်တော်နဲ့ အံ့သြစရာကောင်း လောက်အောင် မိနေတတ်တယ်။ ညလင်းထယ် ရဲ့ သီချင်းတွေ ကျွန်တော် ဆိုဖြစ်တာများတယ်”

သူ့မှာ ညီတစ်ယောက်၊ အစ်ကိုတစ်ယောက်ရှိသည်။ သူက အလယ်ကလူ၊ တိုင်းရင်းသားပီပီ စကားနည်းနည်းဝဲသည်။ သီချင်းဆိုသည့်အခါမှာတော့ အဝေ့အဝဲ အတိမ်း အစောင်းလုံးဝမရှိဘဲ vocal tone က rock သံစဉ်တွေထဲမှာ အားကောင်းမောင်းသန် ပါဝါပြည့်နေတတ်သည်။ သူ့အစ်ကိုက အခုအခါ နိုင်ငံရပ်ခြားမှာ။ သူ့ညီ ကတော့ သူ့ရဲ့ Blaze Band မှာ second lead ဂစ်တာသမားအဖြစ် သူနှင့်အတူ ဂီတတိုက်ပွဲဝင်နေခဲ့ပြီ။ အစ်ကိုနှင့်ညီငယ်အကြောင်း ပြောပြနေချိန်မှာ ခပ်ညိုညို သူ့မျက်ဆန်တွေ က ရုတ်ခြည်း စိုလက်နက်မှောင်ကာ အစ်ကိုနှင့်ညီငယ်အတွက် ဂုဏ်ယူဝမ်းမြောက်ဟန်က အထင်းသား ပေါ်လွင်နေခဲ့သည်။

”ကျွန်တော့်အစ်ကို ဒူးဒူက ကျွန်တော့်အတွက်သီချင်းတစ်ပုဒ်ရေးပေးခဲ့ဖူးတယ်။ ပထမဆုံး အယ်လ်ဘမ် ‘အတိုင်းထက်အလွန်’ မှာ ကျွန်တော်ထည့်ဆိုခဲ့တယ်။ ‘ပြန်ဆုံကြမယ်’ ဆိုတဲ့သီချင်း။ ကျွန်တော့်ညီ ဒီးလာကတော့ ပြောရရင် MIT ကျောင်းဆင်းတစ်ယောက်ဗျ။  သူက Pastor ပေါက်စပေါ့။ ဘုရားအတွက် အလုပ်လုပ်သလို ကျွန်တော့်ရဲ့ Blaze Band အတွက်လည်း ဂစ်တာတီးပေးနေတယ်။ သူက ဒုတိယအယ်လ်ဘမ် ‘အကန့်အသတ်မရှိ’ ကျမှ ဝင်တီးလာတာ၊ ပထမ ‘အတိုင်းထက်အလွန်’ တုန်းက သူမပါသေးဘူးဗျ။  အခု Blaze မှာလည်း သူအားသန်ရာတီးဖို့ ဖွင့်ပေးထားတယ်”Vocal &  first guitar  – နောနော်၊ second guitar – ဒီးလာ၊ bass – ကိုဂျက်၊ drums – စိုင်းအောင် ၊ ဒီအဖွဲ့သားလေးယောက်နှင့် ကျစ်လျစ်ခိုင်မာစွာ တည်ထောင်ခဲ့သည့် Blaze Band သည်  အတိုင်းထက်အလွန်၊ အကန့်အသတ်မရှိ၊ အိပ်မက် ထဲကလို၊ လေးလေးနက်နက် တေးအယ်လ်ဘမ်လေးခု ထွက်ရှိပြီးခဲ့သည့်အတိုင်း Music သက်တမ်းက ဂီတလောကမှာ အတန် အသင့် ခမ်းနားကြီး ရင့်ခဲ့ပြီဆို တာ ငြင်း ပယ်မရ သည့် အမှန်တရားတစ်ခု။ ၁၃ နှစ်ဆိုသည့် အချိန်အတိုင်းအဆက Band  ဆိုသည့် အမည်နာမကို ဂုဏ်ရှိန်ပါဝါမြှင့်တင်ကာ အလျှံတငြီးငြီး တောက် ပ လက်ဖြာေ အာင် ဆောင်ကြဉ်းလာခဲ့ပြီ။

”ကျွန်တော့်အဖွဲ့သားတွေကို ကျွန်တော်ဘာတစ်ခုမှ ကန့်သတ်ချုပ်ချယ်ထားတာမရှိဘူးဗျ။ သူတို့ကို တခြားမှာလည်း session player  အဖြစ် သွားတီးဖို့ ခွင့်ပြုထားတယ်။ ကျွန်တော်တို့ မွေးဖွားကြီးပြင်းတဲ့ တိုင်းပြည်က အစစအရာရာ အားနည်းနေသေးတယ်၊ ဝင်ငွေအရရော၊ ကျန်တဲ့ အပိုင်းတွေရော၊ ဒါကြောင့် သူတို့ကို လုံးဝချုပ်ချယ် မထားဘူး၊ ငွေကြေးအရ သက်မွေးဝမ်းကျောင်းမှု အရ အဆင်ပြေမယ်ဆိုရင် တခြားမှာ စိတ်ကြိုက် သွားတီးနိုင်တယ်ဗျာ။ ကျွန်တော် သဘောထား ကြီးကြီးနဲ့ ခွင့်ပြုပေး ထားတယ်။ ခုလို ချုပ်နှောင် ကန့်သတ်မထားဘဲ လွတ်လပ်ခွင့်အပြည့်ပေးပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်တာက ပိုပြီး ခိုင်မြဲစေမယ့် နည်းလမ်းဖြစ်တယ်လို့ ကျွန်တော် ယုံကြည်တယ်”

Blaze မှာ တခြား Band တွေလို player  ဝင်၊ ထွက်၊ ပြောင်းလဲပြဿနာတွေ လှုပ်ခတ်မနေဘဲ မြဲမြံခိုင်ခံ့နေစေသည့် အကြောင်းရင်းကို မရှာဘဲတွေ့လိုက်ရသည်။ အဓိက အကြောင်းရင်းက Set us free  …အကန့်အသတ်အချုပ်အနှောင်ကင်းသည့် လွတ်လပ်ခြင်းကသာ စည်းလုံးမှုကို ဖော်ဆောင်သွားနိုင်ကြောင်း Blaze  က မီးမောင်း ထိုးပြ ခဲ့သည်။ သူကတော့ အရာခပ်သိမ်းဟာ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ရှင်သန်လှုပ်ရှားနေရသည်လို့ ယုံကြည်သည်တဲ့။

”ဟုတ်တယ်ဗျ၊ ဘာမဆို အားလုံးပဲ Jesus အခွင့်ပေးလို့ လုပ်နိုင်တာ။ သူသာ ခွင့်မပြုရင် ဘာမှပေါ်ပေါက်လာမှာမဟုတ်ဘူး။ ကျွန်တော် တို့အခု ရှူရှိုက်နေတဲ့လေကအစ အလုံးစုံပဲ ဆိုနေ တဲ့ သီချင်း၊ တီးနေတဲ့ ဂစ်တာ၊ သွားနေတဲ့လမ်း အားလုံးပဲ Jesus  ခွင့်ပြုလို့၊ သူ့ကိုကျွန်တော်တို့ လွန်ဆန်လို့မရဘူး။ ကျွန်တော်စမ်းချောင်း church မှာ ဘုရားကျောင်းတက်တယ်၊ ဆယ်ဖို့တစ်ဖို့ ကျွန်တော့်ဘုရားကျောင်းကို အများဆုံးလှူတယ်။ Gospel Song တွေ ဆိုဖို့ပြောရင် မငြင်းဘူး၊ အမြဲဆိုတယ်။ ဘုရားကျောင်းက Music Team  မှာ လူငယ်တွေကို music နဲ့ ပတ်သက်ပြီး လိုအပ်တာအကြံပေးကူညီပါဝင်ဖြစ်တယ်။ Jesus က ကျွန်တော်တို့အတွက် နံပါတ်တစ်ပဲ”သူကိုးကွယ်ရာ ဘာ သာတရားနှင့် ပတ်သက် ပြီး သူ့အတွင်းသားထဲက ယုံကြည်မှုကို မြင်တွေ့ရ သည့်အခါ ဂီတနှင့်ပတ်သက်သည့် သူ့အတွင်း သားထဲက ယုံကြည်မှုအတိုင်း အဆကို လည်း သိမြင်လိုခဲ့သည်။

”ကမ္ဘာကြီးမှာ music မရှိလို့မဖြစ်ဘူးဗျ။ လူသားရဲ့ဘဝအစ မွေးဖွားခြင်းကို ညွှန်းဆိုတဲ့ Birthday သီချင်းကအစ၊ တိုင်းပြည်တစ်ပြည်ရဲ့နိုင်ငံတော်သီချင်းအဆုံး အားလုံး music တွေနဲ့ချည်းပဲ တည်ဆောက်ထားတာ။ Without Music, Without Life လို့ပဲ ပြောရတော့မယ်ဗျာ” ဆိုသည်၊ တီးသည်၊ ရေးသည်။ ဒီလုပ်ရပ် သုံးခုမှာ သူ ဘယ် အရာကို ပိုလို့စိတ်နှလုံးမိန်းမော တိမ်းညွတ်မိပါလိမ့်။ မထင်မှတ်သည့်အမေးစကား ကြောင့်သူ ခဏငယ်လေး တုံ့ဆိုင်းသွားသေးသည်။ နောက်တော့ မျက်လုံးတွေ ကို ထောင့်ကပ်ကာ

”တီးရတာကို ပိုပြီး နှစ်သက်တယ်လို့ ထင်မိတယ်” လို့ မညာတမ်း သူဖြေပေးခဲ့သည်။ Studio  တွေ ထဲမှာတော့ PTL ကို instrument ပိုင်းရော၊ စက်ပစ္စည်း အသံဖမ်း quality ပိုင်းရော ပိုလို့သဘောကျကြောင်း၊ သို့သော်လေ့ကျင့်မှုအတွက်တော့ Studio မှာ Blaze အဖွဲ့သားတွေ တစ်လသုံးလေးကြိမ်တွေ့ဆုံကာ တစ်ရက် သုံး-လေး နာရီလောက် ပုံမှန်ထိတွေ့ လေ့ကျင့်ကြကြောင်း စီကာစဉ်ကာ သူပြောပြခဲ့သည်။

သမ္မာကျမ်းစာဟေဗြဲသြဝါဒစာမှာ သူဖတ်ဖူးလိမ့်မည်။ Run the race, Set before us.  ”ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှာ ငါတို့သည် အားမလျှော့ဘဲ ပြေးကြ ကုန်အံ့”။ နောက်ဆုံးမှာ သူ အဲဒီလိုပဲ ပြောသည်။ ဒါသည် ဂီတဝါသနာအိုးလေးတွေ အတွက် နှစ်သစ်စကားလက်ဆောင် ဖြစ်နိုင် ပါသည်။”ကိုယ် ယုံကြည်ရာကို ဆုံးခန်းတိုင်အောင်လုပ်ကြပါ” တဲ့။

Zigzag

Beyond The Women

$
0
0

ဒေါက်တာညိုညိုသင်း
(ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အမျိုးသမီးတွေကို Weakness Sex, Weakness Gender ဆိုပြီး သတ်မှတ်လေ့ ရှိကြပါတယ်။ ဒါပေမဲ့လည်း အားနည်း၊ အားနွဲ့တဲ့အမျိုးသမီးတွေထဲမှာမှ ထက်မြက် ရဲရင့် တဲ့ အမျိုးသမီးတွေ ရှိနေပါတယ်။ နယ်ပယ်အသီးသီးမှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး လှုပ်ရှားရုန်းကန်နေတဲ့ အမျိုးသမီးတွေထဲမှာ ဒေါက်တာ ညိုညိုသင်း လည်း ပါဝင်ပါတယ်။ မြန်မာ့နိုင်ငံရေး နယ်ပယ်ထဲမှာ ရှားပါးလှတဲ့အမျိုးသမီးလည်း ဖြစ်ပါ တယ်။ ပြည်သူ့လိုအပ် ချက်တွေ ပြည်သူ့ဆန္ဒတွေ ကို ပြည် သူတွေကိုယ်စား အကောင် အထည်ဖော်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ သူမနဲ့ Beyond the women ကဏ္ဍအတွက် တွေ့ဆုံ ဖြစ်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်မှာ ပြည်သူတွေအတွက် ဘယ်လိုတာဝန်တွေ ရှိပါသလဲ။

တာဝန်တွေ ရှိတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူ့ကိုယ်စားလွှတ်တော်ထဲမှာ နေရတာပါ။ သူက ပြည်သူလူထုရဲ့ ဒုက္ခ၊ ပြည်သူလူထုရဲ့ ဆန္ဒကို နည်းအမျိုး မျိုးနဲ့ လွှတ် တော်ထဲမှာ ဖွင့်ဟဖော်ထုတ်ပေးရမယ်။ မဲပေးခြင်းနည်းလမ်းဆိုတာ အလွယ်ဆုံးနည်းလမ်းပဲ။ သူများပြောတာ၊ ဝေဖန်တာကို ထောက်ခံတယ် ကန့်ကွက် တယ်ဆိုတာကို ခလုတ်လေးနှိပ်ပြီးမဲပေးရတာ။ ပြည်သူကကိုယ့်ကို mandate ပေးလိုက်တာ။ ဒီကိစ္စက ပြည်သူလူထု အတွက်အကျိုးရှိ ရင် ပြည်သူ့ ကိုယ် စား ထောက် ခံ။ ပြည်သူ အကျိုးမရှိရင် ကန့်ကွက်ပေါ့။ ပြတ်ပြတ်သားသားနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ရတယ်။ နောက်ပြီး အစိုးရကို ပွင့်လင်းမြင်သာတဲ့ အစိုးရဖြစ်အောင် လုပ်ဖို့လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်မှာ တာဝန်ရှိတယ်။ ပွင့်လင်းမြင်သာတဲ့ အစိုးရမဖြစ်ခဲ့လို့ အန်တီတို့က ကမ္ဘာမှာ အိမ်နီးချင်းနိုင်ငံတွေကြားမှာ ဘာမှ ယှဉ်လို့မ ရ အောင်ကို မျက်စိပိတ်နားပိတ်တွေဖြစ်ခဲ့ရပြီးပြီ။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီး ဦးဆောင်ပြီး ပွင်းလင်းမြင်သာတဲ့ အစိုးရဖြစ်အောင် ပြောင်းလဲ နေတဲ့အချိန် မှာအစိုးရ ကို ပွင်းလင်းမြင်သာတဲ့ တာဝန်ခံတဲ့အစိုးရဖြစ်အောင် လုပ်တဲ့နေရာမှာ လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ တာဝန်ကလည်း အရေးကြီးတယ်။

လွှတ်တော်ထဲကိုရောက်နေပေမဲ့လည်း ဘယ်လိုဆွေးနွေးမှုမျိုးမှာမှ မပါဝင်ဘဲ ဒီအတိုင်းထိုင်နေတတ်တဲ့ ကိုယ်စားလှယ်မျိုးတွေကိုကော အစ်မဘယ်လို ဝေဖန်ချင် ပါသ လဲ။

လွှတ်တော်ထဲမှာထိုင်နေပြီး ဆွေးနွေးမှု လုပ်ဖို့နေသာ မဲပေးဖို့အတွက် ရှေ့ကခလုတ် တောင် တစ်ချက်မနှိပ်တဲ့သူတွေ အများကြီးရှိ တယ်။ ထောက်ခံဖို့၊ ကန့်ကွက် ဖို့ေ တာင် ခလုတ်မ နှိပ်ဘူး။ လွှတ်တော်ထဲရောက်နေပြီးဒီလောက် တောင်မလုပ်လို့တော့မရဘူး။ ပြည်သူလူထုရဲ့ ပိုက်ဆံကိုစားနေတာလေ။ အခုဆိုရင် တိုးလာ မယ့် ဥပဒေ အရဆိုရင် ပြည်ထောင်စုလွှတ်တော် က ၆ သိန်း၊ တိုင်းဒေသကြီးဆိုရင် ၄ သိန်း။ ဒါက ပြည်သူ့ပိုက်ဆံပဲ။ နည်းတာ မဟုတ်ဘူး။ လွှတ် တော်ထဲမှာ ထိုင်ပဲ ထိုင်နေလို့တော့ မရဘူးလေ။

လွှတ်တော် Channel  ကို ကြည့်ကြည့်ပါ။ မဲပေးခွင့်ရှိတဲ့သူအရေအတွက်နဲ့ မဲပေးလိုက်တဲ့ သူအရေအတွက်နဲ့က အမြဲကွာနေတယ်။ ဒါက ဘာလဲဆိုရင် လွှတ်တော်ထဲမှာ လက်တောင် မလှုပ်ကြတဲ့သူတွေရှိတယ်ဆိုတာ ပြတာပဲ။ ဝင်ရောက်ဆွေးနွေးခြင်း၊ ဝေဖန်ထောက်ပြခြင်းကိုကြောက်တဲ့ ကိုယ်စားလှယ်တွေရှိတယ်။ ဒီလို လူတွေကိုတော့ အန်တီက သမိုင်းရဲ့တရားခံတွေ လို့ မြင်တယ်။ ပြည်သူ့ဆန်ကိုစားပြီး ပြည်သူ့အကျိုး ဘာမှမလုပ်နိုင်ဘူး။ ဒီလိုလူမျိုးတွေကို ပြည်သူတွေ က ပြတ်ပြတ် သား သား ဖော် ထုတ်ပြီး နောင်တစ်ချိန်မှာ မဲလုံးဝမပေးဖို့ အန်တီက ပြောချင်ပါတယ်။ အမုန်းမခံချင်ရင် အစကတည်းက လွှတ်တော်ကိုယ်စားလှယ် မလုပ်နဲ့။ အချစ်ပဲခံချင် ရင် ရုပ်ရှင် မင်းသမီး၊ မင်းသားလုပ်ပေါ့။

မြန်မာနိုင်ငံရဲ့ လူဦးရေ ၃ဝ ရာခိုင်နှုန်းက လူငယ်များနဲ့ ဆက်ကျော်သက်အရွယ်တွေ ဖြစ်ကြတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖတ်ရပါတယ်။ အဲဒီလို ၃ဝ ရာခိုင်နှုန်းရှိတဲ့ လူငယ်အများ စုကို မြန်မာ့လူမှုရေးနယ်ပယ်မှာဝင်ရောက် ဆွေးနွေးခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်မပေးဘဲ လျစ်လျူရှု ခံထားရတဲ့အတွက် ဘယ်လိုအကျိုး ဆက်တွေ ဖြစ်လာနိုင် တယ်လို့ အန်တီသုံးသပ်မိထားပါသလဲ။

အန်တီတို့ရဲ့ လက်တွေ့လူ့အဖွဲ့အစည်းတွေမှာ လူငယ်တွေကိုဆိုရင် ပယ်ထားတာ။ အဲဒါက မကောင်းတဲ့ အမွေဆိုးကြီးကို ပိုက်ထားတာပဲ။ အန်တီတို့ ဒီဘက်မှာ အလုပ် လုပ်တဲ့အခါ တချို့ ပါတီကြီးတွေက လူငယ်တွေကို နေရာမပေးချင် ကြဘူး။ အဖွဲ့တွေဖွဲ့တဲ့အခါ လူငယ်တွေ ဦးဆောင် တာတို့၊ လူငယ်တွေက အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးလုပ်တာတို့ကို လက်မခံချင်ကြဘူး။ ဥက္ကဋ္ဌနေရာတော့ ပြောမနေနဲ့တော့ဘဲ။ ဒါက အလုပ်လုပ်နိုင်တဲ့ ၃ဝ ရာခိုင်နှုန်းကို ဂရုမစိုက် တာပဲ။ ဒါဆို စီး ပွားရေးတိုးတက်ဖို့တို့ ဘာတို့က ဘယ်တော့မှ ရှေ့ရောက်လာမှာ မဟုတ်ဘူး။ ဒီလိုပဲ ဆင်းရဲမွဲတေနေမှာပဲ။ အမှန်က လူငယ် တွေဆိုတာ ဒီနိုင်ငံရဲ့ အနာဂတ်က အဲဒီလူ ငယ် တွေကို ပေးခဲ့ရမှာ။ သူတို့ရဲ့အနာဂတ်အတွက် သူတို့ကို တာဝန်ယူစေတာက အမှန်ကန်ဆုံး ရွေးချယ်ရမဲ့ နည်းလမ်းပဲ။ လူငယ်တွေကိုယ်တိုင် ကလည်း ကိုယ့် အရည် အချင်းကို ကိုယ်မြှင့်တင်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိဖို့ လိုတယ်။ ငါကတော့ လုပ်နိုင်မှာ မဟုတ်ပါဘူးလို့ ထင်နေ တဲ့ လူငယ်တွေကို အန်တီ အ များကြီး တွေ့ ဖူး တယ်။ အမှန်က ဘာမဆို လုပ်နိုင်တာ လူငယ် တွေပါပဲ။ ဒီလိုယုံကြည်မှုတွေ ပျောက်အောင် လည်း လူကြီးတွေ၊ မိဘတွေကပဲ လုပ်ထားတာ ပဲ။

အရမ်းတင်းကျပ် ထိန်းချုပ်ခံရတယ်။ ပြီးတော့ လူ့အဖွဲ့အစည်းမှာလည်း လူမှုရေးအဖွဲ့အစည်းမှာ ပဲဖြစ်ဖြစ် နိုင်ငံရေးအဖွဲ့အစည်းမှာပဲဖြစ်ဖြစ် နေရာ မရကြဘူး။ လူ ငယ်တွေ ပြောချင်တာတွေ ကိုလည်း တားမြစ်ထားကြတယ်။ တိုင်းပြည်အရေး နိုင်ငံအရေး၊ ဒေသအရေးတွေမှာ သူတို့စိတ်ဝင် စားလာအောင် အန်တီတို့က လှုံ့ဆော်ပေး ရမှာ။ တားမြစ်လို့မရဘူး။ မြေတောင် မြှောက်ပေးရမယ်။ နောက်ပြီး ရပ်ကွက်တွေ ကျေးရွာတွေမှာ ဘာ ကော်မတီပဲဖွဲ့ဖွဲ့ လူငယ်တွေပါအောင်၊ ပါဝင်ခွင့် ရအောင် ဖန် တီးပေးရမယ်။

လူငယ်တွေကို လူကြီးတွေနဲ့ လက်တွဲပြီး အလုပ်လုပ်စေခြင်းအား ဖြင့် အတွေ့အကြုံတွေကို ဖလှယ်ပေးရမယ်။ ဒါမှ အားနည်းချက်၊ အားသာချက်၊ အမှားတွေကို မြင်မှာ။ ဒါဆို သူတို့လက်ထက်မှာ အမှားနည်း အောင် သူတို့ပြုပြင်နိုင်မှာပေါ့။ ဒါကြောင့် လူငယ် တွေကို လက်တွဲဖို့ နေရာပေးဖို့ အရမ်းအရေးကြီး တယ်။ အန်တီတို့နိုင်ငံက Late 50 Generation က ကိုယ့်နောက်က Generation ကို သေချာ မွေးထုတ်နိုင်ဖို့ အားထုတ်ရမယ်။ အန်တီတို့က Seocnd Generation  မွေးထုတ်တာ အရမ်း အား နည်းတယ်။

Domestic Violence တွေ ရှိနေတတ်တဲ့ မိသားစုထဲက ဆယ်ကျော်သက်လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုပိုင်းတွေနဲ့ ပတ် သက်ပြီးေ ဆွးနွေးပေးပါဦး။

ဒီလို အိမ်မျိုးက ကလေးတွေရဲ့ စိတ်က ဘယ်လိုထင်သွားလဲဆိုတော့ ဒီလိုအကြမ်းဖက်မှုက သူတို့အတွက် မထူးဆန်းဘူး။ အကြမ်းဖက်မှကို ရင်းနှီးတဲ့ယောက်ျားလေးက သူအိမ်ထောင်ရှင်ဖြစ်သွားတော့လည်း သူ မိန်းမကိုလည်း သူ ဒီလိုပဲအကြမ်းဖက်လို့ ရမယ်လို့ ထင်မှတ်သွားတတ်တယ်။ ဒီလိုခံရတဲ့မိန်းကလေးကလည်း ဒီလို အကြမ်း ဖက်မှုက ငါ့အမေလည်း ခံရတာပဲ။ ဒါ မထူးဆန်းဘူးလို့ မှတ်သွားတတ်တယ်။ ဒါက အကြမ်းဖက်မှု သံသရာပေါ့။ Recycle of Violence  က လည်တတ်တယ်။ ဒါကြောင့် အိမ်တွင်းအကြမ်းဖက်မှုကို တားဆီးရမယ်။ မတားဆီးနိုင်ရင် အန်တီတို့က အေးချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းကိုရမှာ မဟုတ်ဘူး။ ဒါ အရမ်းကို အရေးကြီးတဲ့ ဥပဒေပဲ။ ဒီလိုကလေးတွေက ယုံကြည်မှု တွေ နည်းသွားတတ်တယ်။ လူ့အဖွဲ့အစည်းမှာ ပါဝင်တဲ့အခါယုံကြည်မှု မရှိကြတော့ဘူး။ Isolated တွေ ဖြစ်ကုန်တယ်။ အရမ်းအထီးကျန် ခံစားပြီး လူ့အဖွဲ့အစည်းပြင်ပကို ရောက်သွားတတ်တယ်။

Reproductive Health လို ဗဟုသုတမျိုးက အပျိုဖော်ဝင်စမိန်းကလေးတိုင်းသိထားသင့်တဲ့အကြောင်းအရာမျိုးပါပဲ။ ဒါပေမဲ့ မြန်မာ့ ယဉ်ကျေးမှုမှာ ဒါကို နားရှက်စရာ အဖြစ် သဘော ထားနေကြတဲ့အပေါ် အန်တီက ဆွေးနွေးပေးပါဦး။

ဒါမျိုးအလေ့အကျင့်က အရင်တုန်းက အန်တီတို့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ရှိပါတယ်။ ဒါပေမဲ့ အန်တီတို့နိုင်ငံက အထီးကျန်ဆန်ဆန်နဲ့ နှစ် အတော်ကြာကြာ နေ လိုက်တော့ အန်တီတို့မှာပဲကျန်ခဲ့တော့တာ။ အထီးကျန်မှုရဲ့သားကောင်တွေ ဖြစ်ကုန်တယ်။ အန်တီတို့ကိုယ် တိုင်လည်း ငယ်ငယ်က အမေတွေ ကို မေးရင် တားမြစ် ခံခဲ့ရတယ်။ စိတ်ဝင်စားခွင့်မပေးဘူး။ ဒီတော့ အန်တီတို့ကိုယ်တိုင် နားလည်သင့်တဲ့အရွယ်မှာ နားလည်ခွင့်မရခဲ့ဘူး။ ဒီတော့ Sexual Violence  ရဲ့ သားကောင်တွေက မိန်းကလေးတွေ ဖြစ်လာကြတယ်။ အဲဒါတွေက ဒီလို  Education နဲ့ အရမ်းဆိုင်တယ်။ အန်တီက အန်တီတို့ရဲ့ လူ့အဖွဲ့အစည်းကို မေးခွန်းထုတ်ချင် တယ်။ အန်တီတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အန်တီတို့ထက်တင်းကျပ်တဲ့ နိုင်ငံတွေရှိတယ်။ ဥပမာ – ဘင်္ဂလားဒေ့ရှ်ပေါ့။ ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးတွေကို ဖိနှိပ်တယ်လို့ပြောတယ်။ ဘာသာရေးအရ ဖိနှိပ်တာမှာ မလေးရှားလည်း ပါတယ်။ နောက်ပြီး အန်တီတို့နဲ့လည်း ယဉ်ကျေးမှုချင်းသိပ်မကွာတဲ့ ထိုင်းပေါ့။ ဒီနိုင်ငံက အမျိုးသမီးတွေက သူတို့ရဲ့မျိုး ဆက်တွေအတွက် တာဝန်ကျေတယ်။ သူတို့ရဲ့ကျောင်းတွေမှာ သူတို့ ကလေးတွေကို ဒီလို Knowledge မျိုးကို သင်ပေးနေပြီ။ သူတို့နိုင်ငံက မိခင်တွေက သူတို့သား၊ သမီးတွေအပေါ်မှာ တာဝန်ကျေသလို အန်တီတို့နိုင်ငံက မိခင်တွေကလည်း ကိုယ့်သား၊ သမီးတွေ အထူးသဖြင့် သမီးတွေအပေါ်မှာ တာဝန်ကျေကြဖို့ အန်တီက တိုက် တွန်းချင်ပါတယ်။ အန်တီတို့က ကိုယ့်ရဲ့သေတ္တာငယ်လေးထဲမှာပဲ တစ်ဦးတည်းနေလို့မရတော့ဘူး။ သူများနိုင်ငံတွေ၊ သူများလူ့အဖွဲ့အစည်းတွေကိုကြည့်ပြီး အတု ယူသင့်တာတွေကို ယူရမယ်။

အခြေအနေအကြောင်းကြောင်းကြောင့် လမ်းမှားကို လျှောက်ခဲ့မိတဲ့မိန်းကလေး တစ်ယောက်အတွက်ရော ဘယ်လိုလုံခြုံမှုတွေ ဂရုစိုက်မှုတွေ ပေးသင့်ပါသလဲ။

ဒီမှာ အန်တီက ပြန်ပြီး မေးခွန်းထုတ်ချင်တယ်။ ဘယ်လိုအကြောင်းအရာကိုအမှားလို့ သတ်မှတ်ကြတာလဲ။ လူတိုင်းမှာ ခံစားချက်ရှိတယ်။ ယုံကြည်ချက်ဆိုတာ ရှိတယ်။ ဒီတော့ အန်တီတို့က လူတစ်ဦးချင်းစီရဲ့ခံစားချက်၊ ယုံကြည်ချက်ကို လေးစားမှုပေးရမယ်။ ဥပမာ – မိန်းကလေးတစ်ယောက် သူ့ရဲ့နှလုံးသားခံစား ချက်ကြောင့် ချစ်သူ ထားပြီး မတော်တဆ ကိုယ်လေးလက်ဝန်ရသွားတယ်ဆိုပါတော့။ ဒီလိုကိစ္စ ကို အန်တီက အမှားလို့ မပြောချင်ဘူး။ သူ့ရဲ့ ခံစားမှုနောက်လိုက်ပြီး accident ဖြစ် သွား တာပဲ။ ဒီလိုကိစ္စကို နင်မှားပါတယ်ဆိုပြီး လက်ညှိုးထိုး အပြစ်တင် ဝေဖန်ရင် အဲဒီလိုဝေဖန်တဲ့သူ မှားသွားမှာပဲ။ မဝေဖန်ဘဲ accident မဖြစ်အောင် ဒိုင်းကာပေးရမှာ။ အန်တီတို့ပတ်ဝန်းကျင်မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ တရားခံကို လျစ်လျူရှုပြီး Victim ကို ဝိုင်းပြီး ရှုတ်ချတာကအမြဲလိုပဲ။ ဒါက Rape Case တွေကို ပိုပြီး တိုးလာစေတဲ့ အကြောင်းအရင်းပဲ။ အဲဒီတော့ Victim ဖြစ်ခံရတဲ့ မိန်းကလေးတွေက ဒုက္ခမရောက်သင့်ဘဲ ပိုဆိုးတဲ့ ဒုက္ခတွေနဲ့ ကြုံတွေ့ရကုန်ရောပဲ။

မြန်မာလူမှုဝန်းကျင်မှာ မိန်းကလေးတွေ အားလုံးက အရှက်နဲ့လူလုပ်ကြတယ်ပေါ့။ ဒီတော့ ရံဖန်ရံခါမှာ အသက်ဆုံးရှုံးသွားရတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အန် တီ ဆွေးနွေးပေးပါဦး။

အရှက်နဲ့ လူလုပ်တယ်ဆိုတာက မှားနေတာပဲ သမီးရဲ့။ လူတိုင်းက အသက်နဲ့လူလုပ်ကြတာ ပါ။ ဒါက ဘယ်လိုမှ ငြင်းလို့မရတဲ့ Universal truth ပဲ။ ဒါကို လက်မခံဘဲ Society တစ်ခုက ချမှတ်လိုက်တဲ့ သတ်မှတ်ချက်တွေကြောင့် ခက်ကုန်တာပဲ။ ဒီလို သတ်မှတ်ချက်တွေက စောစောက အန်တီပြောခဲ့တဲ့ Rape Case  တွေမှာ Victims  တွေက အသက်ဆုံးရှုံးကုန်တော့တာပဲ။

ဒီလိုဆို တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်လို ကိစ္စမျိုးပေးလိုက်ရင်ရော အန်တီပြောခဲ့သလို မတရားမှုတွေနဲ့ရင်ဆိုင်ရတဲ့ မိန်းကလေးတွေရဲ့ ဆုံးရှုံးမှုကို လျော့ချပေးနိုင်မယ်လို့ အန်တီထင်ပါသလား။

ဒီကိစ္စကို အန်တီအရမ်းပြောချင်တယ်။ အခု အန်တီတို့နိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ဥပဒေက ၁၈ ရာစုကတည်းက အင်္ဂလိပ်တွေချမှတ်ခဲ့တဲ့ ဥပဒေ။ အခုက ၂၁ ရာစု ကို ရောက်နေပြီ။ ပြုပြင်သင့်တာတွေ ပြုပြင်ရတော့မယ်။ မဖြစ်မနေ ပြုပြင်ရမှာတွေလည်း ရှိတယ်။ အန်တီတို့က ကျယ်ကျယ်ကြည့်ဖို့ အချိန်ရောက်နေပြီ။ အဲဒီ Abortion မှာက မတရားမှုနဲ့ ရင်ဆိုင်ရတဲ့ မိန်းကလေးတစ်ယောက်မှ မဟုတ်ဘူး။ အိမ်ထောင်ရှိတဲ့ မိန်းမတစ်ယောက်အတွက်လည်းရှိတယ်။ ဥပမာ – စီးပွားရေးအ ဆင် မပြေသေးလို့၊ ပညာမပြီးသေးလို့ ဒါမျိုးလူတွေအတွက်လည်း အရေးပါတာပဲ။ တစ်ဖက်ကပြောရရင် ဒါကိုအသုံးချဖို့ လုပ်လာတဲ့သူတွေလည်း ရှိမှာပဲ။ တံခါးဖွင့်လိုက်ရင် လိုအပ်တဲ့နေရောင်၊ လေဝင် လာတတ်သလို မလိုတဲ့အမှိုက်တွေ၊ ဖုန်မှုန့်တွေ လည်း ဝင်လာမှာ ဓမ္မတာပဲ။ ဒါကို အန်တီတို့ ဘယ်လိုပြန်ထိန်းမလဲဆိုတဲ့ ကိစ္စကိုတော့ အလေးထားပြီး စဉ်းစားရမယ်။ တံခါးမှာသံဇကာတွေ တပ်လိုက်တာမျိုး၊ လိုက်ကာလေးတပ်လိုက်တာ မျိုးလုပ်သလိုပေါ့။ အန်တီကတော့ မိန်းမတစ်ယောက် အနေနဲ့ပြော ရရင် တရားဝင်ကိုယ်ဝန် ဖျက်ချခွင့်ကို ပေးစေချင်တယ်။

မြန်မာပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုအကျိုးဆက်မှာ အမျိုးသမီးတွေက အများကြီးခံစားရတယ်လို့ မြင်မိပါတယ်။ အန်တီ့အမြင်ကိုလည်း သိပါရစေ။

ဆင်းရဲနွမ်းပါးမှုက မိန်းမတွေဆီ တိုက်ရိုက်အကျိုးဆက်လာတာက အန်တီတို့နိုင်ငံမှာပဲ မဟုတ်ဘူး။ နိုင်ငံတကာမှာ ဖြစ်တတ်တာပဲ။ အိမ်တစ်အိမ်ကို ကြည့်ကြည့်။ မိန်းမ က အရာရာကို အလျော့ပေးတတ်မြဲပဲ။ ဟင်းတုံးမှာ မကောင်းဆုံးက သူစားဖို့၊ အကောင်းဆုံးက သူ့လင်သားနဲ့ သား၊ သမီးအတွက်ပဲ။ ကောင်းတာတွေအားလုံးကို သူက ဒုတိယနေရာမှာနေပြီး ခံစားရတယ်။ ပညာသင်တော့လည်း ဒီအတိုင်းပဲ။ ယောက်ျားတွေမှာ ဒီလိုစိတ်မရှိဘူးလားဆို။ ရှိမှာပါ။ ဒါပေမဲ့ အန်တီတို့မိန်းမတွေက ပိုနေ တတ်တာတော့ ငြင်းလို့မရဘူး။ ဆင်းရဲရင် မိန်းမတွေက ပညာသင်ဖို့ အခွင့်အလမ်းနည်းသွားတယ်။ ဒါဆို ဗဟုသုတမရှိတော့ဘူး။ အိမ်ထောင်ကို ဦးဆောင် တာက အမျိုး သား။ နောက်ဆက်တွဲတွေမှာ အမျိုးသမီးတွေအတွက် မသက်သာစေတာတွေ ချည်းပဲ။

မြန်မာပြည်မှာ အမှန်တကယ် Gender Equality ရှိတယ်လို့ အန်တီမြင်မိပါသလား။

အဲဒါက ပြောရခက်တယ်။ ဘာလို့လဲဆိုတော့ equality ဖြစ်တဲ့နေရာကျတော့ ဖြစ်တယ်။ မဖြစ်တဲ့နေရာကျတော့ မဖြစ်ပြန်ဘူး။ ကျောင်းဆရာမတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ လွှတ်တော်ထဲမှာကျတော့ အမျိုးသမီးအင်အားက ၁ ရာခိုင်နှုန်းတောင် မရှိဘူး။ ဒါကိုကြည့်ရင် equality မရှိဘူး ပြောလို့ရတယ်။ အမှန်ကတော့ ကျေးရွာတွေ ရပ်ကွက်တွေမှာ ဘယ်လိုအဖွဲ့တွေပဲဖွဲ့ဖွဲ့ အမျိုးသမီးက ပါကိုပါရမယ်။ အမျိုးသမီးပါမှ အမျိုးသမီးတွေရဲ့ Feeling တွေ၊ အသံတွေကို သိရမှာလေ။ လူ့အဖွဲ့အစည်းမှာ လူက နှစ်မျိုး ပဲ ရှိတယ်။ အဲဒါက ယောက်ျားနဲ့ မိန်းမပဲ။ အမျိုးသမီးတွေလုပ်တဲ့ Project တွေဆိုတာ အမျိုးသားတွေ မမြင်တဲ့၊ သတိမူလေ့မရှိတဲ့ ဟာတွေပဲ။ အရမ်းကောင်း တဲ့ Project တွေ ဖြစ်လာတတ်တယ်။ စနစ်တွေ၊ ပရိယာယ်တွေမှာလည်း ယောက်ျားတွေထက် ပိုမြင်တတ်တယ်။ လူ့အဖွဲ့အစည်းကို ပိုပြီး ဖွံ့ဖြိုးစေချင်၊ တိုးတက်စေ ချင်ရင် အမျိုးသမီးတွေရဲ့ ဘဝကိုမြှင့်ကို မြှင့်ပေးရမယ်။ နေရာပေးရမယ်။ ဒါမှတိုးတက်မှာ။

အမျိုးသမီးတွေအတွက် မြို့ပြအခြေပြု ဖွံ့ဖြိုးရေးနဲ့ကျေးရွာအခြေပြုဖွံ့ဖြိုးရေးဆိုပြီးလုပ်နေတာတွေရှိပေမဲ့ ကျေးရွာမှာနေကြတဲ့ အမျိုးသမီးတွေက ထင်သလောက် ဖွံ့ဖြိုးမှု မရှိတာ ဘာကြောင့်ပါလဲ။

အမျိုးသမီးအများစုက ကိုယ့်ကိုယ်ကိုယ် object လို့ပဲ သတ်မှတ်ထားတယ်။ Subject  အဖြစ် မမြင်ကြဘူး။ ဘေးလူကလည်း ဒီလိုပဲ မြင်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ် လည်း မြှင့်တင်မှ မြင့်မှာ။ သူများကပဲ တွန်းတင်ပေးနေရုံနဲ့ မမြင့်လာဘူး။ ဒါကြောင့် အန်တီပြောချင်တာက မိန်းမ တွေကကိုယ့်ရဲ့ Box လေးထဲမှာပဲ မျက်စိမှိတ်၊ နား ပိတ်ပြီး မနေပါနဲ့။ အပြင်ကိုထွက်ကြည့်ပါ။ အဲဒီအပြင်ကိုထွက်ဖို့ ခွန်အားကတော့ ကိုယ်တိုင်ရှာရမယ်။ ထွက်ကြည့်ပြီး ဘေးဘီကို လေ့လာပါ။ ဒီလောကကြီးအတွက် ကိုယ်က ဘယ်လောက် အထိ အသုံးဝင်သလဲဆိုတာ အဲဒီမှာ တွေ့ရလိမ့်မယ်။ ကျေးရွာတွေက အမျိုးသမီးတွေကလည်း အရည်အချင်းမမဲ့ပါဘူး။ အရည်အချင်းအရမ်း ရှိကြတယ်။ သူတို့က ယုံကြည်မှုတွေ နည်းနေလို့ပါ။ ဒီလိုအမျိုးသမီးတွေ ယုံကြည်မှု ကိုယ့်ကိုယ်ကိုယ်ရှိဖို့အတွက် အားလုံးက ကြံဆောင်ပေးဖို့ လိုတယ်။

အခုကမ္ဘာ့ဘဏ်ကနေ မြန်မာ့ပညာရေးအတွက် အကူအညီပေးမယ်လို့ သိရပါတယ်။ မြန်မာ့ပညာရေးတိုးတက်ဖို့အတွက် ငွေကြေးအပြင် အခြားဘယ်ဟာတွေ ကို ပြောင်း လဲဖို့ လိုဦးမယ်လို့ အန်တီဆွေးနွေးချင်ပါသလဲ။

ဒီလို ငွေတွေအများကြီးပေးလိုက်ရုံနဲ့ ဖြေရှင်းလို့ရတဲ့ ပြဿနာမဟုတ်ဘူး။ ဒါကလာဘ်ပေးလာဘ်ယူစနစ် ပိုပြီးကြီးထွားလာဖို့ပဲ ရှိတယ်။ အန်တီတို့နိုင်ငံက အကျင့် ပျက်ခြ စားမှု  နိုင်ငံတွေထဲမှာ ပါနေတုန်းပဲ။ ပညာရေးတိုးတက်ဖို့က ငွေကြေးတစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ စနစ်တွေပါ ပြောင်းရမယ်။ အမှန်က လူ့စွမ်းအား ဖွံ့ဖြိုးဖို့အ တွက် အဓိကထားပြီးလုပ်ရမှာ။ World Bank က ခဏခဏအမှားတွေ လုပ်တတ်တယ်။

အမျိုးသမီးတစ်ဦးမှာ Life Plan ဆိုတာမျိုး ရှိထားရမယ်ဆိုတာ အမျိုးသမီးအများစုက မေ့ထားတတ်ကြတယ်။ Life Plan ဆိုတာ ရှိထားသင့်ပါသလား။

ဒါက Education နဲ့ဆိုင်တယ်။ အမျိုးသမီးတစ်ဦးက သူရှင်သန်ခဲ့ရတဲ့ ပတ်ဝန်းကျင်က သူတွေနဲ့ဆိုင်တယ်။  Life Plan ဆိုတာ ရှိထားသင့်တာပေါ့။ ဘယ်အရွယ်မှာ အိမ်ထောင်ပြုမယ်။ ကလေးဘယ်နှယောက်မွေးမယ်။ ဘယ်လို စီးပွားရေးလုပ်မယ်။ ဒါတွေလုပ်ကိုလုပ်ထားရမယ်။ ဒါမှ ကိုယ့်မျိုးဆက်အတွက်လည်း safe ဖြစ်မှာ။ အန်တီ တို့နိုင်ငံမှာ ဒါမျိုးတွေလုပ်တာ သိပ်မရှိတာက education နဲ့ အသိပညာပိုင်းမှာ လိုနေလို့ပါ။ ဒီနေ့မနက်စာကို ဘာချက်မယ်၊ ညစာကို ဘယ်လိုချက်မယ်။ ဒါလည်း plan လုပ်နေတာပဲလေ။ ဒါပေမဲ့ တစ်ခါတလေမှာ ကိုယ့်ရဲ့ plan အတိုင်း ဖြစ်မလာတဲ့အခါလည်း ရှိတယ်။ ဒီအခါမျိုးမှာလည်း ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကိုယ်က plan B ဆိုတာနဲ့ လုပ်ထားလို့ရတယ်။ ဒီလိုအလေ့အထမျိုးကလည်း အိမ်တွင်းပညာပေးလုပ်ရမယ့် မိဘတွေနဲ့အများကြီး ဆိုင်တယ်။

မြန်မာအမျိုးသမီးအများစု နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်ဝင်တစားမရှိကြဘူး။ အမျိုးသမီးနဲ့ နိုင်ငံရေးက ဘယ်လောက်အထိ အရေးပါတယ်လို့ အစ်မသုံးသပ်ချင်ပါသလဲ။

အန်တီတို့နိုင်ငံက ဖိနှိပ်မှုဒဏ်ကို အကြာကြီး ခံခဲ့ရတာ။ အမှန်ကတော့ နိုင်ငံရေးဆိုတာလူ့ဘဝပါပဲ။ အမျိုးသမီးတွေကို Develop  ဖြစ်အောင် လုပ်ပေးရ မယ်။ မြေေ တာင်မြှောက် ပေးဖို့လိုတယ်။ အမျိုးသမီးတွေကလည်း အရည်အချင်းရှိဖို့တော့လိုတာပေါ့။ အမျိုးသမီးတွေက နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်စင်စားရင်ရော ဒီ society က စိတ်ဝင်စားခွင့်ပေးလားဆိုတဲ့ အပေါ်လည်းမူတည်သေးတယ်။ နောက် စီးပွားရေးနဲ့လည်းဆိုင်တယ်။ စောစောက ပြောခဲ့သလိုပေါ့။ ဆင်းရဲမွဲတေ တဲ့ နိုင် ငံတွေက အမျိုးသမီးက နိုင်ငံအရေး ဘယ်လိုမှစိတ်ဝင်စားချင်မှာ မဟုတ်ဘူး။ အမှန်က နိုင်ငံရေးမှာအမျိုးသမီးတွေ ပါဝင်လာအောင်လုပ်ရမယ်။ အမျိုးသမီးတွေရဲ့ Dialling skills က အမျိုးသားတွေနဲ့ မတူဘူး။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံအနာဂတ်နဲ့ ပတ်သက်ပြီးဘယ်လိုတွေ မျှော်လင့်မိထားတာ ရှိပါသလဲ။

အန်တီက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အကောင်းမြင်ဝါဒနဲ့ ဝင်လာခဲ့တာပါ။ ဒီတော့ အန်တီကတော့ အကောင်းတွေပဲ မျှော်လင့်တာပါပဲ။ မျှော်လင့်ချင်တယ်ပေါ့။ အခု ဒီနှစ်ေ တွ အတွင်း ရလဒ်တွေကိုကြည့်ရင်တော့ အန်တီတို့ရဲ့သမ္မတကြီးဦးဆောင်ပြီး နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာ။ တိုးတက်သင့်သလောက် တိုးတက်ပါ တယ်။ ဒါပေမဲ့ အန်တီက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ဆိုရင်တော့ အန်တီတို့ရဲ့ရန်ကုန်တိုင်းဒေသကြီးဆိုတာပဲ ကြည့်ရင်တော့ထင် သလော က်တော့ မရခဲ့ပါဘူး။ ဒါက အန်တီ တစ်ဦးတည်းအမြင်ပါ။ အခုရှေ့ဆက်ပြီး အနာဂတ်နဲ့ပတ်သက်ရင်တော့ အကောင်းတွေပဲ အန်တီမျှော်လင့်ချင်ပါတယ်။

ဖြိုးစုပိုပို

နှင်းခေတ်တွင် သွန်းဆစ်ခဲ့သော သူမ၏ မျက်ဝန်းများ ထာဝရ ဆွတ်ပျံ့ပါစေသား

$
0
0

မြို့ထဲကို နောက်ဆုံး ရထား ဝင်လာသည်။ ရထားပေါ်မှ ဂီတာ ခပ်စုတ်စုတ် တစ်လက် လွယ်ထား သော လူတစ်ယောက် ဆင်းလာ သည်။ အချိန် အတော်နှောင်းမှ ဝင် လာသော ရထားဖြစ်၍ လူတိုင်း နီးပါး ခြေကို သွက်သွက်လျှောက်ကာ ဇောကြီးနေသည်။ ထိုလူခြေလှမ်း များကတော့ အခြား သူများကဲ့သို့ မဟုတ်။ ခြေလှမ်း များက ဦးတည်ရာ မရှိသည်ကို ပြောပြနေသယောင်။ အချိန်မီ အရောက် သွားရမည့်နေရာ မရှိသည့် ခြေလှမ်းများ အတွက် သူ့မှာ လောနေဖို့မလို။

ဘူတာရုံထဲမှ သူထွက်လာ လိုက်ပြီး လမ်းဘေး ပလက်ဖောင်း ပေါ် သူထိုင်ချလိုက်သည်။ သူ ဗိုက် တော့ ဆာနေလေပြီ။ သို့သော်လည်း ဒီလို ဗိုက်ဆာ တာလောက်တော့ သူခံနေရတာ များသဖြင့် ရိုးတောင် နေပြီပဲ။ အိတ်ကပ်ထဲလည်း ငွေ အကြွေပင် မရှိတော့မှန်း သေချာ လွန်းသဖြင့် အထပ်ထပ် ဖြစ်နေသော သူ့အင်္ကျီ ထဲ ဘောင်းဘီထဲ လိုက်ရှာ ဖို့ သူကြိုးစားအားမထုတ်တော့။

ငွေမရှိသည်မှာ သူ့အတွက် မဆန်း။ သူ ဒီလိုပဲ မြို့တွေ တစ်မြို့ ပြီး တစ်မြို့ ခရီးသွားဖြစ်သည်။ ဖြတ် သွားဖြတ်လာ များသည့် နေရာတွင် ဂီတာ တီးပြီး သူဖျော်ဖြေသည်။ ဂီတာတီးသံ ကို သဘောကျ သူများ ပေးကမ်းခဲ့ကြသော ငွေကြွေများနှင့် သူစားသောက်သည်။ သူ့မှာ နေစရာ နေရာရယ်လို့ အတိအကျ မလို။ မိုးဒဏ်နှင်းဒဏ် ကာပေးသော  အမိုး အကာ တစ်ခုခုရှိလျှင် လုံလောက် ပြီ။

ဘယ်ဆီကို သွားနေမှန်းလည်း သူ့ဆီမှာ မရေရာ။ ဦးတည်ရာလည်း မရှိ ။ မှီတွယ်ရာ လည်း မရှိ ။ သူက ဝမ်းနည်းပေးရမည့် သူမရှိ။ သူ့ အတွက် ဝမ်းနည်းပေးမည့် သူမရှိ။ သူ့ကြောင့် ဂုဏ်ငယ်မှာ စိုးရမည့်သူ သူ့မှာ မရှိ။ သူများကြောင့် သူဂုဏ် ရခြင်း လည်း သူ့ထံတွင် ရှိလာမှာ မဟုတ်။ ဒီ့အတွက် သူကျေနပ် သည်။

ဒီနေ့လို ဆာသည့်နေ့ အတွက် သူစိတ်ညစ်ရသော်လည်း  ဘာမှမရှိ သော သူ့အတွက် ဘာကိုမှ ကြောက် စရာမလို သလိုကို ဖြစ်နေတော့ သည်။ သူ့မှာ မိသားစုမရှိ။ အလုပ် မရှိ၊ ကျောင်းမရှိ၊ ငွေမရှိ၊ အို အဝတ် တစ်ထည် ကိုယ်တစ်ခုနဲ့ ဂီတာ တစ်လက် ဆိုရုံလောက်ပဲ ရှိတာ။ တစ်ခါတလေ အဲဒီ မရှိခြင်းတွေထဲ မှာပဲ အရာရာပြည့် စုံနေတာ သူလို လူတစ်ယောက်ပဲ သိမယ်ထင်ပါရဲ့။

ဒီနေ့တော့ သူ့အတွက် စား စရာ ဝယ်ဖို့ ပိုက်ဆံ မရလောက်တော့။ ဒီတော့ သူ အိပ်ဖို့နေရာ တစ်ခုခုရှာ လိမ့်မည်။ ပြီးမှ အဆင်ပြေလျှင် ကြုံ ရာစား မပြေလျှင် ဒီအတိုင်း အိပ်ရ လိမ့်မည်။ ဒီလောက် ဆာရုံနဲ့ သူ့ အတွက် သိပ်ထူး လှသည့် ဒုက္ခတစ်ခု တော့ မဟုတ်။ အနည်းဆုံး တစ်လ လျှင် ၃ ခါလောက်တော့ သူကြုံနေရ မြဲမဟုတ်လား။

၁၅ မိနစ်ခန့် သူလမ်းလျှောက် ထွက်လာပြီး နားရန် နေရာရှာသည်။ ရှေ့တွင် အမိုးနီများ ဆင်တူတန်းစီ အုပ်မိုးထားသော ဆိုင်ခန်းများ တစ်ဖက် တစ်ချက်စီ ရှိသော လမ်းကို မြင်နေရသည်။ တစ်ဖက်စီရီ ဆိုင်ခန်းများကြား ဖောက်ထားသော ကြွေအုတ် နီနီလေးများ ခင်းထား သော လမ်းလေးကိုလည်း  သူတွေ့ လိုက်ရသည်။ ဆိုင်ခန်း များမှာ ညဥ့်နက်ပြီဖြစ်၍ မီးကို လင်းသည် ဆိုရုံမျှသာ ထွန်းထား ကြသည်။ သိပ်မလင်း လှသည့် လမ်းမီးများမှာ အနီရောင် ဘက်ကို ခပ်အုပ်အုပ် သန်းလျက် ရှိသည်။ ဆိုင်ခန်း ၏ နေရောင်ကာ အမိုးနီကို ဖြတ်လျက် ထိုးဆင်းနေသော အနီရောင် အလင်း များမှာ ရောင်ပြန်ဟပ်သည့် အတွက် လားတော့ သူ မပြောတတ်။ ထိုလမ်း အဆုံး တွင် ခုံးကျော်တံတား ရှိသည်။ ထိုခုံးကျော် တံတားအောက်မှ ဖြတ် သွားလျှင် တစ်ဖက်မှာ လူနေရပ် ရှိနေဟန် တူသည်။ သို့ဆိုပါက ဒီနေရာသည် သူ့အတွက် အသင့် တော်ဆုံး ဖြစ်လိမ့်မည်။ ထပ်ပြီး သူ မစဉ်းစားချင်တော့။ ဆောင်းညက လည်း အေးလှပြီ။ သူ့အတွက် နေရာတွေ့လိုက် ရပြီးနောက် ခြေ လှမ်းကို ခပ်သွက် သွက် လှမ်းလိုက် သည်။

တံတားအောက် အရောက် သူ ဂီတာနှင့် ပါလာသော ပစ္စည်း အနည်းငယ်ကို ချလိုက်သည်။ ညက ပိုနက်ပြီး ပိုအေး လာသော်လည်း သူ မနားနိုင်သေး အမှိုက်ပုံထဲမှာ ဆိုင် များမှ စွန့်ပစ် ထားတတ်ကြသော သူ ခင်းအိပ်စရာတ စ်ခုခု ရှာရမည်။ ကတ်ထူပြား များက ရနိုင်ခြေ အများ ဆုံးဖြစ်သည်။

သူ ဟိုဟိုဒီဒီ လိုက်ရှာလိုက် တော့  သူနှင့် မလှမ်းမကမ်း အကွာ ဝေးမှာပင် ကတ်ထူများ စွန့်ပစ်ထား သော အမှိုက်ပုံကို သူတွေ့လိုက်ရ သည်။ သူ ခင်းအိပ်စရာ ထက်ပင် ပိုလျှံနေသာ ကတ်ထူများ ကိုတွေ့ တော့ ထုံးစံအတိုင်း ရွေးစရာ ရှိမှတော့ သူအကောင်းဆုံး ရွေးယူ လိုက်သည်။ သူ ကတ်ထူများမ၍ ထပြန်ရန် အလုပ်  အမှတ် မထင် ထို ကတ်ထူ ပုံရှေ့မှ ဆိုင်ခန်းရှိရာ မျက်လုံးကရောက်သွား သည်။

Terpsichore  ဟူသော ဆိုင်း ဘုတ်တပ်ထားသည်။ ဆိုင်းဘုတ် အရ တခြားသူများ လာရောင်းထားသည့် ပစ္စည်း အဟောင်းများကို ဈေးနှုန်း သက်သက် သာသာဖြင့် ဝယ်နိုင်သော  ဆိုင်မျိုးဖြစ်သည်။ ဆိုင်နာမည်က လှသည်။ Terpsichore ဆိုသည်က ဂီတနှင့် အကကို ကိုယ်စားပြုသော ဂရိ နတ်သမီးဖြစ်သည်။ ဆိုင်နာမည် က ဂီတနှင့် တစ်နည်း တစ်ဖုံ ပတ် သက်နေသည့် အတွက် ဂီတကို မြတ် နိုးသော သူ့ကို စိတ်ကျေနပ်စေသည်။ သူလို ငွေကြေး ချို့တဲ့သော လူ တစ်ယောက် အတွက် လို ချင်သော ပစ္စည်းကို ဈေးသက်သက်သာသာ နှင့် ဝယ်လို့ရသော ပစ္စည်းအဟောင်း အရောင်းဆိုင် များသည် သူ့ကို အမြဲ ဝင်ကြည့်အောင် ဆွဲဆောင်ထားနိုင် သည်။ ပုံမှန် အားဖြင့် သူဝယ်နေကျ  မဟုတ်သော်လည်း ဘယ်လို ပစ္စည်း မျိုးများ ရောက်နေတတ်မလဲ သူ စိတ်ဝင်စားသည်။

ကောက်ယူထားသော ကတ်ထူ များကို မြေကြီးပေါ် ပြန်ချလိုက်ပြီး ဆိုင်ခန်းသို့ သူခြေလှမ်းလာသည်။

ညဥ့်နက်ပြီ ဖြစ်၍ ဆိုင်ရှင် လည်း အိမ်ပြန်ပြီလား သို့မဟုတ် အတွင်းမှာပဲ အိပ်နေပြီလား တစ်ခုခု တော့ဖြစ်မည်။ ဆိုင်အတွင်းမှ ပစ္စည်းများမှာ အတော်ပင် ဟောင်း နွမ်း စုတ်ပြတ်နေသည်။ ရှိရှိသမျှ သုံးမရတော့သော ပစ္စည်း အဟောင်း များ ကလေး ကစားစရာများ အပ်ချုပ်စက်ဟောင်း များ ရေဒီယို ကက်ဆက် အဟောင်းများအပြင် တူရိယာ အဟောင်း အချို့လည်း ရှိသည်။ နာရီအဟောင်း များက လည်း နံရံပေါ်မှာ ဟိုတစ်လုံး ဒီတစ် လုံး။ ပန်းချီကား အဟောင်းများ လည်း ကပ်ထားသည်။ မီး မလင်း သော မီးဆိုင်းအချို့က မျက်နှာကြက် ပေါ်မှာ။ ပြီးတော့ လေယာဉ်ပျံ  အဟောင်းများ ငှက်ရုပ် အဟောင်း များကလည်း တွဲလောင်း ချိတ်ဆွဲ လျက်ရှိသည်။

မြင်ရသမျှ အလင်းဖြင့် သူ ပစ္စည်းဟောင်း များကို တစ်ခုချင်းစီ ကို လိုက်ကြည့်မိသည်။ လမ်းမနှင့် ကပ်လျက် ပြတင်း တံခါးလေးပေါက် ကနေ သူ တစ်ပေါက်ချင်း စီမှ သူ ဆိုင်ခန်း အတွင်းသို့ ကပ်လျှောက် လျက် ကြည့်နေသည်။ လေးပေါက် မြောက် ပြတင်းပေါက် အရောက်တွင် သူဆိုင်ခန်း တွင်းသို့ ဆက်ကြည့်မနေ တော့။ ဇာပဝါ ကန့်လန့် ကာ ကာ ထား၍ သူကြည့်နေလျှင် လည်း ဘာမှ သဲသဲကွဲကွဲ မြင်ရမည် မဟုတ်။ အခန်းထဲတွင် မီးအိမ်အဟောင်း လေး မှိန်ပျပျ ထွန်းထားသည် ကိုတော့ သူမြင် သည်။ သေချာကြည့် မနေချင် တော့ ပစ္စည်းများ အားလုံးနီးနီး သူ ကြည့်ပြီး ဖြစ်နေသဖြင့် သူ ကတ်ထူ များထားရာ နေရာသို့ ပြန်ရန် ခြေ လှမ်းလိုက်သည်။

တစ်လှမ်း….
နှစ်လှမ်း….
သုံးလှမ်းမြောက်အရောက် …
ခြေလှမ်းတို့ ရပ်တန့်သွား သည်။

သူ့မသိစိတ်ထဲက အမည်မသိ သော အရာတစ်ခုခုလှုံ့ဆော်မှု ကြောင့်လားမသိ။ ရုတ်တရက် သူ့ခြေလှမ်းတို့ တုံ့ဆိုင်း ရပ်တန့်သွား သည်။

သူ့ မသိစိတ်ထဲက နိုးဆော်မှု ကြောင့်ဖြစ်မည်။ သူဆိုင်ထဲသို့ ရုတ် တရက် နောက်ပြန် လှည့်ကြည့်လိုက် သည်။ စိတ်ထဲမှာ လည်း တစ်စုံ တစ်ယောက်က သူ၏ လှုပ်ရှားမှု ကို လိုက်ကြည့်နေသည် ဟု ခံစားရ သည်။ သူ လှည့်ကြည့်လိုက်တော့ ကန့်လန့်ကာ နောက်ကွယ်မှ သူ့ကို ခိုးကြည့်နေသော မျက်ဝန်း တစ်စုံ။ ခိုးကြည့်နေသည် ဟု သူ့စိတ်က ထင် နေသော်လည်း မျက်ဝန်းတို့က စူးရှ လွန်းသည်။ ဆိုလိုသည်က မမှိတ် မသုန် သူမ စိုက်ကြည့်နေ ရှာသည်။ စုတ်စုတ်ပြတ်ပြတ် လူကို ဘာတွေ များ အံသြ စရာဖြစ်နေ ပါလိမ့်။ ပုံမှန် အားဖြင့် ဘယ်လိုလူ တစ်ယောက်က မှ အရေးတယူ သူ့အား စိုက်ကြည့် သည်ဟူ၍ မရှိခဲ့တာ နှစ်နှစ်ဆယ်ခန့် ကြာခဲ့ပြီ။

သြော်…သူကိုယ်တိုင် လည်း ဘယ်မိန်းမပျိုလေး ရဲ့ မျက်ဝန်းကိုမှ ကြည့်ရလောက်အောင် ထိ ယုံကြည် ချက်တို့ မရှိခဲ့ပါလား။ သူကိုယ်တိုင် မိန်းကလေး တို့၏ မျက်ဝန်း အစုံ ကို စိုက်မကြည့်ဖြစ်ခဲ့ သည်မှာ ကြာခဲ့ပြီပဲ လေ။

မျက်ဝန်းများကို သူရှာဖွေတွေ့ ရှိသွားသည့်နောက် သူကျေနပ်သွား သည်။ သူမြင်တွေ့လိုက် ရသည်က ခဏတာ လေးမျှသာ ဖြစ်သည်။ ဒါပေမဲ့ အနီးကပ် သွားပြီး နှုတ် မဆက် ချင်တော့။ သူမ ရှက်သွားမှာ သူကြောက်သည်။ ဇာပဝါနောက် ကွယ်မှ သူမ ဒီတိုင်းလည်း လှနေ သည်။ ရှိစေတော့။ ပိုးစုန်းကြူးလေး တစ်စုံ ဖမ်းမိသလိုပဲ ကိုယ် က သိမ်း ထားလို့ ရပေမဲ့ ကိုယ့် လက်ထဲရောက် မှ အလင်းမှိန် သွားမှာစိုးလို့ လိုက်ဖမ်း မထားတော့ပါဘူး။ ဒါပေမဲ့ ခုနက အခိုက်တန့်လေး ကိုတော့ သူသိမ်း ထားပါရစေ အရင် မကြည့်ဖြစ်ခဲ့တဲ့ နှစ်နှစ်ဆယ်စာ အတွက် ဖြစ်ဖြစ် နောင်လာမည့် နှစ်နှစ်ဆယ်ဖြစ်ဖြစ် ပေါ့။ နောက်ဆုံး စင်ပေါ်မှ မျက်လှည့် ဆရာတို့ လုပ်တတ်သည့် အမူအရာ အတိုင်း သူ့သိုးမွေးဦးထုပ်ကို ချွတ် ကာ ကိုယ်ကိုကိုင်းညွတ်၍ ပြုံးပြ နှုတ်ဆက်ပြီး သူထွက်လာခဲ့သည်။

သယ် လာသော ကတ်ထူများကို တံတားအောက်တွင် သေချာဖြန့်ခင်း လိုက်သည်။ ခုနက ဆိုင်နှင့် မလှမ်း မကမ်းနေရာကို သူထပ်ပြီး ရွေ့လာခဲ့ခြင်း ဖြစ်သည်။ သူ့စောင် အစုတ် ကြီးပါ ခင်းချလိုက်သည်။ ထိုနေရာ က အမိုးအောက်တွင် ဆိုသော်လည်း ကြမ်းပြင်ပေါ်ကို လှဲလိုက်လျှင် ကောင်းကင်ပြင်ကြီး ကို လှမ်းမြင်ရ သည်။ ပိတ် ဆို့နေသော မြင်ကွင်မျိုး မဟုတ် ။ နောက်ပြန်တင် ထားသော လက်ပေါ် သူ ခေါင်းတင် လိုက်ကာ ခုနက မြင်ခဲ့ရသော မျက်ဝန်း တစ်စုံ အကြောင်းကို သူစဉ်းစားနေ မိ သည်။ ပြီးတော့ လရောင်အောက်မှာ ဖြတ် ပြေးနေရတဲ့ တိမ်စိုင်တွေ။ အဲဒီ တိမ်စိုင်တွေလို လေနှင်ရာ ရွေ့နေရ သည့် အတွက် သူ့ကို လူတွေက တိမ်တွေလို ပဲဟု ခိုင်းနှိုင်း ပြောတတ် ကြသည်။ တကယ်တော့ ဒီနေ့ထိ သူ့ကိုယ်သူ တိမ်စိုင်တွေ လိုဟု မထင်ခဲ့။ တကယ်တမ်း ကျတော့ တိမ်တွေက သူ့ကို ဆွဲငင်ထားတဲ့ ကမ္ဘာမြေ ကြီး ကို ဗဟိုပြုပြီး ရွေ့လျား သက်ဝင်နေ ရတာပဲလေ။ ဘယ်မှာ သူတို့ လွတ်လပ်သလဲ။ သူတို့ကိုယ် တိုင် ဘယ်လောက်များ စကြဝဠာ အနှံ့ ခရီးဆန့် လိုက်ချင်မလဲ။ ဒါပေမဲ့ သူ့မှာ သွားခွင့်မရှိ ။ တကယ်တော့ တခြား လူတွေကသာ တိမ်တွေနဲ့ တူသည်ဟု သူတင်စား ချင်သည်။ သူတို့အား  အရာ တစ်ခုခုက ဆွဲငင် ထားတတ်ပြီး ထိုအရာကို ပဲ ဗဟိုပြု  ရှင်သန်နေရသည် မဟုတ်လား။ ထို့ကြောင့် ဘယ်တုန်းကမှ တိမ်တွေ လို သူမဖြစ်ချင်ခဲ့ ။ သူ စိတ်လိုရာ သာ မျောလွင့်နေချင်ခဲ့သည်။

သူအတွေးစ တို့ မဆုံးလိုက်နိုင်။ နှင်းမှုန်တို့က ကောင်းကင်ပေါ် မှာ အပြေးအလွှား ဆင်းချလာကြပြီ။ လှလိုက်တာ ဒီနှစ်ဆောင်း အတွက် ပထမဆုံး နှင်းကျတာ ပဲ ဖြစ်လိမ့် မည်။ သူလှဲနေရာမှ ထလျက် နှင်းမှုန် တို့ကို လက်ဖြင့်ခံသည်။ ပထမဆုံး နှင်းကျတဲ့နေ့မှာ နှင်းစက် တို့ တစ်စ ပြီးတစ်စ ထိလို့ လက်ဝါးပြင် အေးခနဲ တစ်ချက် တစ် ချက် ဖြစ်သွားတာ လည်း သူ ငယ်စဉ် ကပင် ကြိုက်နှစ် သက်ခဲ့သော ခံစားချက် ဖြစ်သည်။ အသက် ကြီးလာပြီ ဖြစ်၍ ပြေးပြီး ဆော့ခြင်း မျိုးတော့ မရှိတော့ ပြီ။ နှင်းစက် တို့ကို လက်ဖြင့်ခံနေရင်း ပစ္စည်းဟောင်း ဆိုင်ရှိရာ သူ စိတ် ရောက်သွားသည်။ ခုနက မျက်ဝန်း တစ်စုံ ရှိနေဦးမလား။ ရုတ်တရက် နှင်းတို့ ထူထပ်စွာ ကျလာ၍ ဇာပ ဝါ နောက်ကွယ်မှ မျက်ဝန်းတို့က ရှိမရှိ သေချာ မမြင်ရတော့။ မမြင်ရတော့ ဟုဆိုရသည့် တိုင် ခုနကမြင်လိုက်ရ သော အကြည့်များက လတ်လတ် ဆတ်ဆတ် ရှိနေသေး ၍ပဲ လားတော့ မပြောတတ်။  သူ့အား အခုထိ စိုက် ကြည့်နေသယောင် ခံစားရနေတုန်း။ သူ ခံစားမိသည့် အတွက် ကျေနပ်ကာ တစ်ကိုယ်တည်း ပြုံးလိုက်မိ သည်။ ခဏအကြာ ဆိုင်အတွင်း မှ ခပ်မှိန် မှိန်လင်းနေသော မီးပါ မှိတ်ငြိမ်းသွား သည်။ ဒီတော့ သူလည်း အိပ် သင့်ပြီ။

ဖြတ်သွားဖြတ်လာ များကြောင့် ဖိနပ်သံ တရှပ်ရှပ်ဖြင့် တစ်လောကလုံး ဆူညံနေသည်ဟု သူထင်သည်။ သူဆက် အိပ်မရတော့သည့် အဆုံး အိပ်နေရာမှ ထလိုက် သည်။ နေ ရောင်ကို ကြည့်ခြင်း အားဖြင့် အချိန် က မနက် ၁ဝ နာရီတော့ ကျော်နေ လောက်ပြီ။ သူအနီးနားမှ ရေပိုက် တစ်ခု ရှိရာသွားပြီး မျက်နှာသစ် သည်။ ဖြစ်သလို သစ် လိုက်ခြင်းသာ၊ ဆပ်ပြာ တို့မပါသည့်အပြင် မျက်နှာ ကြေးတောင် သူမတွန်းဖြစ်။ လိုချင် သည်က ရေထိ၍ လန်းသွားစေချင် သည်။ ဆောင်းမနက် ဖြစ်၍ ရေ တစ်ချက် ထိတိုင်း ချမ်းစိမ့် သွားသည်။ ဒါလည်းပဲ ဆောင်းရာသီ ၏ နှစ်လို ဖွယ်ရာ ဝိသေသ တစ်ခုအဖြစ် သူ သတ်မှတ်ထားသည်။

မျက်နှာသစ် အပြီးတွင် ဈေး တန်းတွင် ဈေးကူ ဝင်ရောင်းသည်။ ရသည့်ငွေ အကြွေဖြင့် ဗိုက်ဖြည့်လိုက် သည်။ ညနေစာ အတွက် ငွေအကြွေ ကျန်သေးသည်။ တစ်နေ့ စာတော့ အေးဆေးသွားပြီ။

တောက်တိုမယ်ရ အလုပ်မှန် သမျှ သူငွေ ပြတ်လျှင် ဝင်လုပ်နေကျ အလုပ် များဖြစ်သည်။ ဂီတာတီးလို့ ရတဲ့ငွေ များရင်တော့ သူ ငွေရှိ သလောက် အလုပ် မလုပ်ဘဲ နား တတ် သည်။ ဒီ့ထက်ပိုလျှင် စာအုပ် အဟောင်း ဆိုင်မှာ စာအုပ် ငှားဖတ် သည်။ စာအုပ် ငှားဖတ်ခြင်းသည် သူ စားဖို့ပြီးလျှင် သူ၏ ဒုတိယငွေ အသုံးဆုံး ကိစ္စတစ်ခု။

ညနေ အလုပ် (လမ်းဘေးမှာ ညနေတိုင်း ဂီတာ တီးရသည်က သူ့အတွက် အလုပ်တစ်ခုပဲ မဟုတ် လား) ထပ်မဆင်းမီ သူအားနေသေး သည်။ အားနေတုန်း ဖတ်စရာ စာအုပ် ငှားမယ့် ဆိုင်လည်း လောလောဆယ် သူရှာမတွေ့သေး။ ဒီတော့ ဟိုနား ဒီနားပဲ သူလျှောက် ကြည့်ဦးမည်။ အရေး အကြီးဆုံးက မနေ့က မျက် ဝန်းလေးကို သူရှာရ လိမ့်မည်။ မနေ့ က မျက်ဝန်းရှိရာ Terpsichore ဆိုင်လေးသို့ သူ့ခြေလှမ်းများ ဦးတည် လိုက်သည်။ ရုတ်တရက် သူသည် တိမ်စိုင် တစ်ခုလို ပေါ့ပါး သွားသည်။ သူ့အား ဆွဲငင်ညှို့ယူရာ မျက်ဝန်းရှိရာသို့ သူလွင့်ပါသွားတော့ သည်။

မနေ့ည ကတွေ့ခဲ့သော မျက် ဝန်းတစ်စုံရှိရာ ၄ ပေါက်မြောက် တံခါးရှေ့ အရောက် သူရပ်လိုက် သည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ကာ ထားသော ဇာကန့်လန့်ကာ တစ်ဖက် ဆီသို့ ကပ်သွားသည်။

တောက်ပစူးရှသော ထိုမျက် ဝန်း တစ်စုံ….

ထိုမျက်ဝန်းတစ်စုံအား ရင်ခုန် လှိုက်မောဖွယ်ရာ သူတွေ့လိုက်ရ သည်။

ဒါပေမဲ့ ထိုမျက်ဝန်းမှာ သူ အကြာကြီး မိန်းမောခွင့်မရလိုက်။

ဆိုင်ထဲမှ မုတ်ဆိတ်ဖြူ  ကျင်စွယ် နဲ့ အဘိုးအိုတစ်ယောက် မျက်မှန် အောက်ကနေ သူ့ကို ထူးဆန်းစွာ ကြည့်နေသည်။ ထိုတွင်မှ သူ ပြန် သတိဝင် လာသည်။ အဘိုးအိုက ကာထားသော တံခါး တစ်ချပ်ကို တွန်းဟလိုက်ပြီး
”လူလေး… ဘာအလိုရှိလို့ လဲကွဲ့”
သူ့အဝတ်စား စုတ်ပြတ်နေ သော်လည်း လူကို အဆင်တန်း မခွဲဘဲ တစ်တန်းတည်း ဆက်ဆံပေးသော အဘိုးအိုအား သူ စိတ်ထဲမှ အရင် ကျေးဇူးတင်လိုက်သည်။
”ကျွန်တော် အထဲကို ဝင်ကြည့် လို့ရမလား အဘိုး”
အဘိုးအိုက ပြန်မဖြေဘဲ ဝင်ပေါက် တံခါးကို သွားဖွင့်သဖြင့် သူ ဆိုင်ထဲကို ဝင်လာလိုက်သည်။ တစ်ဆိုင်လုံး သည် ပစ္စည်းအဟောင်း များဖြင့် ရှုပ်ယှက် ခတ်နေသည်။ သို့သော် အရာဝတ္ထု တစ်ခုချင်းစီက သူ့ကို စိတ်ဝင်စားစေသည်။ ထပ်ပြီး သို့သော်ရလျှင် သူ စိတ်ဝင်စားပါ လျက် အာရုံမစိုက်နိုင်အား။ မျက် ဝန်း တစ်စုံရပ်နေရာ သို့သာ သူ စိုက် စိုက်မတ်မတ် ဝင်လာလိုက်သည်။

အခုလို အနီးကပ်မြင်ရတော့ သူ့ရင်တို့ အထပ်ထပ် ခုန်လာ သလား။ သူ့လိုပဲ သူခုံမင်ရာ မျက် ဝန်း တို့ကလည်း သူ့ကို စူးရှစွာ ပြန် ကြည့်နေသည်။ ပြီးတော့ ထိုမျက် ဝန်း ပိုင်ရှင် သူမထံမှ ရင်ခုန်သံတို့ သူကြားနေ ရသည်ဟု သူထင်သည်။ သူမလည်း သူ့လိုပဲ ထပ်တူ ခံစားနေ သည်လား။ သို့မဟုတ် သူ့ရင်ခုန်သံ ကို သူပြန်ကြားခြင်းလား မပြော တတ်။ သူ မနေနိုင်တော့ သူမရဲ့ နီစွေးစွေး ပါးရိုးလေးကို နမ်းလိုက် တော့သည်။ သို့ပေမဲ့ ပါးရိုး၏ မာကျော အေးစက်သော အထိ အတွေ့ က သူ့ရင်ခုန်သံ အီနားရှား ကို ပျက်ယွင်းသွားစေသည်။

”ဟဟဟဟ … လူလေး မင်း ခိုင်ယန်နိုကို သဘောကျလို့လား ကွ”

ဆိုင်နောက်ဘက် ဝင်သွားပြီး ဘယ်အချိန်ပြန် ထွက်လာမှန်း မသိ သော ဆိုင်ရှင်အဘိုးက သဘော ကျစွာရယ်ပြီး သူ့ကို နောက်သည်။ အင်း… သူနမ်းမိသည် က လူ အရွယ် အစား ထုထားသော အရုပ် တစ်ရုပ်ကိုး။

”ခိုင်ယန်နို..”

သူအံ့သြမေးလေး ပြန်မေး လိုက်သည်။

နောက်ဖေး ဝင်ပြီး ဆေးတံမှာ မီးသွားညှိသည် ထင်ပါရဲ့။ ခုနက မီးမညှိ ထားသော ဆေးတံက မီးခိုး ငွေ့များ ခုတော့ လေပေါ်သို့ ဝေ့ဝဲ နေပြီ။ အဘိုးအိုက ကိုက် ထားသော ဆေးတံကို ခပ်ဆဆ စုတ်လိုက်ပြီး ပြန်ဖြေသည်။

”ဟုတ်တယ် လူလေး.. chionodoxa ဆိုတဲ့ ပန်းကနေ ယူပြီး မှည့်ထားတာလေ။ chionodoxa ဆိုတာက glory of the snow တဲ့ကွ ဆောင်းရာသီ ရေခဲ မှုန်တွေ ကြားထဲ ပွင့်တဲ့ ပန်းနာမည် ပေါ့ကွာ။ ဒီအရုပ်မလေးက ဒီလိုပဲ နှင်းတွေ သဲကြီးမဲကြီးကျတဲ့ ဆောင်း ရက်တစ်ရက်မှာ အဘိုး လျှောက်သွား ရင်း အမှိုက်ပုံ တစ်ပုံ က နေရခဲ့ တာ ကွ။ ဒါနဲ့ပဲ ဒီနာမည်လေး ပေးလိုက် မိတာပဲ”

အဘိုးအိုက သူ့ကို ခြေဆုံး ခေါင်းဆုံး ကြည့်လိုက်ပြီး

”ရေနွေးကြမ်း သောက်ပါဦး” ဗိုက်ဆာနေတယ် မဟုတ်လား ရေနွေးတော့ အဘိုး ဧည့်ခံနိုင်တယ် ကွယ်”

သူ မဆာအားပါ သို့သော်လည်း အဘိုးအိုနှင့် စကားပြောချင်၍ သူ ထိုင်လိုက်သည်။ အသက် ကြီးသူတို့ ၏ ထုံးစံ အတိုင်း စကားကို ဖောင်ဖွဲ့ ပြောနေသော အဘိုးနှင့် စကားပြော နည်းသောသူ ခဏအကြာ မိတ်ဆွေ တွေဖြစ်သွားသည်။ အဘိုး နာမည်က ဂိုင်လန်အန်ဒါဆာ..။ ပြီးတော့ နာမည် အတည်တကျ မရှိသော သူ့ကို အဘိုးအို ဂိုင်လန်က ဂျစ်ပ်ဟု အမည်ပေးသည်။ Gypsy ကို အတို ကောက် ခေါ်ခြင်း ဖြစ်သည်။ နာမည် ကို အစွဲအလမ်း မရှိသော သူ့အတွက် အတွန့်တက် စရာမရှိ။ ဂိုင်လန် သည် လည်း အရင်က သူ့လိုပင် လမ်း တကာလည်ကာ လျှောက်သွားနေ သော လူမျိုး။ သို့သော် ဂိုင်လန်က ပစ္စည်းဟောင်း collector ဖြစ်သည်။ ထိုကြောင့် နေရာ အတည် တကျနှင့် ဆိုင်ဖွင့်ဖြစ်လာကာ ဂျစ်ပစီ ဘဝကို စွန့်လွှတ်ခဲ့ရသူဖြစ်သည်။

ကြုံခဲ့ဖူးသည့် အမျိုးမျိုးသော အကြောင်းတို့ကို ပြောဖြစ်ကြရင်း သူတို့ ရင်းနှီးလာသည်။

အဘိုးက သူ့ကို မေးခွန်းတစ်ခု ရုတ်တရက် မေးလာသည်။
”ဒါနဲ့ လူလေးက ခုနက အရုပ် ကို ဘာလို့နမ်းလိုက်တာတုံးကွ”
ပြောလိုက်ပြီးမှ အားနာသွား သည် ထင်ပါရဲ့။ အဘိုးအို သူ့ကို ပြုံးပြီး ပြန်ကြည့်နေသည်။
ဂျစ်ပ်က
”ဘာရယ်တော့ မဟုတ်ပါဘူး မနေ့တုန်းက သူ့ကို လူလို့ထင်နေ တာ။ ကျွန်တော် မနေ့က ပစ္စည်းတွေ လိုက်ကြည့်တော့ ခိုင်ယန်နိုရဲ့ မျက်လုံးလေးတွေ ကို မီးမှိန်မှိန်တွေ ကြားမှာ တွေ့လိုက်ရတယ်။ တခြား မိန်းကလေးတွေ လို နှိမ်တဲ့ အကြည့် တို့ စူးစမ်းတဲ့ အကြည့်တို့ ရှက်ရွံ့တဲ့ အကြည့်တို့ မရှိဘဲ ပကတိ ရိုးသားတဲ့ အကြည့်တွေ ပါတဲ့ မျက်ဝန်း တစ်စုံမို့ ကျွန်တော် စိတ်ဝင်စားခဲ့တာ။ ပြီး တော့ သက်ရှိလို့ ထင်နေခဲ့တာလေ”

သူ စကားပြောနေရင်း အရုပ် ရှိရာ လျှောက်လာ လိုက်ပြီး ပခုံးက နေ လှမ်းဖက် လိုက်သည်။ သူကပင် ဆက်၍

”ဒါပေမဲ့ ဒီနေ့မှ အရုပ် မလေး မှန်းသိလိုက်ရတော့ မနေ့က တစ်ရှိုက် မက်မက် မက်ခဲ့ရတဲ့ အိမ် မက်ကလေး ကျွန်တော် ပျောက် မသွားချင်ဘူး။ အရုပ် ကလေးမှန်း သိပေ မဲ့ ကျွန်တော် သူ့ကို စိတ်စား သွားတယ်။ ပြီးတော့ နမ်းလိုက်မိတာ ပဲ ဂိုင်…”

အဘိုးအိုက မှတ်ချက်မပေး။ ဆေးတံကို တစ်ချက် ထပ်ရှိုက်ကာ မီးခိုးတို့ ပြန်မှုတ် ထုတ်လိုက်သည်။

သူ့တို့နှစ်ယောက်ကြားက အပေါ် တည့်တည့်မှာ မီးအိမ်လေး လင်းနေသဖြင့် မီးခိုးတို့ လေထုထဲ ပျံ့လွင့်တက်သွားသည်ကို အထင်း သားမြင်နေရသည်။

အဘိုးအိုအမေးကို သူက ပြန် ဖြေသည်။

”ဒါလည်း ကောင်းတာပါပဲ နှလုံးသား မပါတော့ သံယောဇဉ်က နှစ်ဖက်လုံးကို မရှိတော့ဘူးပေါ့။ သူသာ သက်ရှိ မိန်းကလေး တစ်ယောက်ဆို ကျွန်တော့် အပေါ် ပြန်ပြီး သံယောဇဉ် မထားနိုင်တာမျိုး ဒါမှမဟုတ်  ပုံမှန် လူတွေလို သူမဘဝ အတွက် ရုန်းကန် လှုပ်ရှားပေးဖို့ တောင်းဆို လာမယ့် မိန်းကလေး ဖြစ်မနေတော့ဘူးပေါ့”

သူ အဘိုးအိုကို စကားပြော ရင်း ခိုင်ယန်နို မျက်နှာဘက်ကို လှည့်ကာ ပါးပေါ် ဝဲကျနေသော ဆံပင်များကို တယုတယ သပ်တင် ပေးလိုက်သေးသည်။ ပြီးမှ ခုနက ထိုင် ခဲ့သော ထိုင်ခုံ ဆီသို့ ပြန်လာထိုင် လိုက်သည်။

”အေးကွ… ငါကိုယ်တိုင် လည်း သူ့ကို သံယောဇဉ်ဖြစ်ပြီး ခုထိ မရောင်းခဲ့ဘူးကွ… ဘာမှ ထူးဆန်းလို့တော့ မဟုတ်ပေမဲ့ ခိုင်ယန်နို အနားမှာ ရှိနေတဲ့ အခါ သက်ရှိ လူ တစ်ယောက် ကိုယ့်ဘေး မှာ ရှိနေသလို ခံစားရတယ်။ အဲဒီ ခံစားချက်က အဘိုးကို အထီးမကျန် စေဘူးကွဲ့ လူလေးရ… ဒါနဲ့ပဲ… မရောင်းဖြစ်ဘဲ ခုထိ နေလာတယ် ဆို ပါတော့လေ”

ဒီလိုနဲ့ ဂျစ်ပ်နဲ့ ဂိုင်လန် စကား တွေ ဆက်ပြောဖြစ်ကြသည်။

နေကျလာပြီ ဖြစ်၍ ဆိုင်ပြင်မှာ ဈေးသွားဈေးလာများ ရုံးပြန်လာ သော လူများ သွားလာ စည်ကားနေ ကြပြီ။ ထို့အတူ ဝယ်သူ ရှားပါးလှ သော ပစ္စည်း အဟောင်းဆိုင်လေး မှာလည်း ဝယ်သူ မရှိသော်လည်း စကား လက်ဆုံကျနေသူ နှစ်ဦးဖြင့် အသက်ဝင် လှုပ်ရှားလျက်ရှိသည်။

နှစ်ဦးသား မိတ်ဆွေဟောင်း များပမာ စကား လက်ဆုံကျနေသည် မှာ ဘယ်လောက် ကြာသွားပြီ သတိ မထားမိတော့။ အဘိုးကျွေးသော နေ့လယ်စာ ကို စကားပြောနေ စဉ် အတွင်း သူစားဖြစ်သည်။ နာရီ အနည်းငယ် မျှသာ တွေ့ရသေးသော် လည်း အတွေးမြင် နီစပ် သူများဖြစ်လို့ နဲ့တူပါရဲ့။ သူနဲ့ အဘိုးအို ဂိုင်လန် နှစ်များ စွာ ပေါင်းဖော် လာသော  မိတ်ဆွေ များကဲ့သို့ ရင်းနှီး သွားသည်။ ပုံမှန် အားဖြင့် သူလှည့်လည်ရာ မြို့ များတွင် မိတ်ဆွေများ အခန့်သင့် သလို တွေ့ရတတ်သော် လည်း ဂိုင် လန်လောက်တော့ မရင်းနှီးဖြစ်။ အသက်ရွယ်ကြောင့် ထင်သည်။ အထူးသဖြင့် ဂိုင်လန့် ထံတွင် သူစိတ် ဝင်စားစရာ မှတ်သား ယူစရာ ဘဝ အတွေ့အကြုံ  များရှိသည်။

ညနေ နေဝင်ခါနီးတော့ သူ ဆိုင်ထဲမှာ ပြန်ထွက် လာလိုက်သည်။ အချိန်ရှိတုန်း သူ ဂစ်တာ တီးတာ မနက်ဖြန် အတွက် စားစရာ ရအောင် ငွေရှာရဦးမည်။

ဂစ်တာဟောင်းလေးကို ဆွဲကာ ကတ်ထူ ခင်းထားသော မြေပေါ် သူ အကျအန ထိုင်ချလိုက်သည်။ သူ ထိုင်နေရာမှ ခိုင်ယန်နိုကို လှမ်းမြင် နေရ သည်။ ပြတ်ပြတ် သား သား မမြင် ရသည့်တိုင် အရုပ်မလေး ရပ်ကြည့် နေသည်ဟု သူ သေချာ ခံစား၍ ရလောက်သော အကွာအဝေး တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် မည်သူ တစ်ဦး တစ်ယောက် တည်းကိုမှ ဦးတည်ပြီး သူဖျော်ဖြေလေ့ မရှိခဲ့။ ဒီနေ့တော့ သူရဲ့ တစ်ဦး တည်းသော ပရိသတ်မှာ အရုပ်မလေး ခိုင်ယန်နို ဖြစ်လိမ့်မည်။ ရူးကြောင်ကြောင်နိုင် သည် ဟု ဘေးလူများ ပြောလာ လျှင် လည်း သူမငြင်းချင်။

တစ်ခါတလေ ကိုယ့်အလိုကျ စိတ်ကူး ယဉ်နိုင်သော သက်မဲ့အရာ များက တွေးတော ဆင်ခြင်ဥာဏ် အမျိုးမျိုးဖြင့် ခြယ်လှယ် လွှမ်းမိုးတတ် သော သက်ရှိ များထက်ပို၍ မက် မောစရာ ကောင်းသည်။ စွန့်ခဲ့ဖို့ မငဲ့ ကွက်ရသလို ခေါ်ယူ သွားဖို့လည်း မပူရသည်မှာ အားသာချက်။ ခံစား ချက် မပြောင်းလဲ တတ်သည်က လည်း သက်ရှိများထက် အားသာ ချက် တစ်ခုပဲ မဟုတ်လား။ ဘယ်သူ တစ်ယောက်က နာရီ အတော်ကြာ မမှတ်မသုန် စိုက်ကြည့်ပြီး နားထောင် နေနိုင်မှာလဲ။  ဘာမှကို မပြောဘဲ မပူဆာဘဲ ကိုယ့် ဂီတကိုပဲ တစ်စိုက် မတ်မတ် နားဆင် ပေးနိုင်မှာတဲ့လဲ။ ဒီလောက် ဆိုလျှင် သူ ခိုင်ယန်နိုအား ရင်ခုန် ခံစားဖို့ အကြောင်း လုံလောက် ပြီ။

ညနေစောင်းပြီ ဖြစ်၍ လမ်းမီး တို့ လင်းနေပြီ။ နေက အပြီးတိုင် မဝင်သေးသော် လည်း ဆည်းဆာချိန် ကို အတော် နောက်ကျ ရောက်နေပြီ ဖြစ်သည်။ လမ်းနီလေး သည် သူ့ မျက်လုံး ထဲတွင် မက်မန်းဝိုင် တစ်ခွက် အလား နီညိုရောင် သန်းနေကာ နှစ်လိုဖွယ် ကောင်းလှသည်။ ထိုမက် မန်းဝိုင်ကို သူ မွတ်သိပ်စွာ မော့ချ လိုက်သည်။

ခိုင်ယန်နို ရှိရာကိုသာ မော့ ကြည့်ကာ သူ သီချင်း တစ်ပုဒ်ပြီး တစ်ပုဒ်တီးသည်။ သူ့လက်ချောင်း များက ကချေသည်လေး များ ဂီတာကြိုများပေါ် ပြေးလွှား ကပြ နေ သလို နူးညွတ်ပျော့ပျောင်း လှ သည်။ အလွမ်း သီချင်းတစ်လှည့် အမြူးသီချင်း တစ်လှည့် သူတီးဖြစ် သည်။

သီချင်းမြူးလေး များ သူတီး သည့်အခါ ရပ်နေသော အရုပ်မလေး ခိုင်ယန်နိုမှာ ကချေသည်မလေး တစ်ယောက် အလား  အသက်ဝင် လာ သည်ဟု  သူမြင်ရသည်။ ပြီးတော့ ခိုင်ယန်နို ကသည်။ သူက ဂီတာ တီးသည်။ သူတီးနေ ကျဖြစ်သော bohemian music တီးလုံးအသွား လေးသည် ပတ်ဝန်းကျင်မှ လူများကို ပါ ပျော်ရွှင် အသက် ဝင်စေသည်။

လွမ်းမော ဖွယ်ရာ သီချင်းတို့ တီးပြန်သည့် အခါ ခိုင်ယန်နိုသည် ငြိမ်ငြိမ်လေး ရပ်ကာ နားထောင်ပေး သည့်အလား သူ စိတ်ကူး ယဉ်သည်။ ရီဝေစွာ လှမ်းကြည့်နေသော သူ့ မျက်လုံး များက အလွမ်း သီချင်းကို ပို၍ ဆို့နင့်စေသည်။

အနုပညာတို့ သက်ဝင် ပီပြင် လာသည့်အခါ လူများက အသိ အမှတ်ပြု တတ်ကြသည်။ ထိုနေ့က သူ ပေးကမ်းငွေ  အတော်ရလိုက် သည်။ သူ့ဦးထုပ် ထဲမှာ အ တန်သေး ငွေ စက္ကူ များ အကြွေစေ့များ အပြည့်။ သာမန် သူရနေသည် ထက် ၄ ဆခန့် များသည်။

ဒီနေ့ သူပျော်သည်။ ငွေများ များရလို့ ချည်းရယ်တော့ မဟုတ်။ အင်း ခိုင်ယန်နိုကြောင့် ဖြစ်လိမ့်မည်။ သူဂီတာ တီးနေသမျှ သူမက အမြဲ တမ်း နားဆင် အားပေးနေသည် မဟုတ် လား။ ငွေများကို သေချာ သိမ်းလိုက်ပြီး မကြာလိုက်ခင် မှာပဲ ဂိုင်လန်က ဆိုင် အတွင်းမှ လက်ပြ ကာ နှုတ်ဆက်သည်။ ဆိုင်ပိတ် ခါနီး အချက်ပြတာ ပဲ ဖြစ်မည်။ လက်ပြ လို့ အပြီး ကန့်လန့်ကာကို ဆွဲချလိုက် သည်။ ခဏမျှ အကြာ မီးပါ ထပ်မှိတ် သွားသည်။

လုပ်စရာ မရှိတော့ပြီ ဖြစ်၍ တစ်နေ့တာ ပင်ပန်းသမျှ သူ ကျောချ နားရတော့မည်။ ခေါင်းကို ကတ်ထူ ပြားများပေါ် လို့ သူ ပက်လက် လှန်လှဲ ချလိုက်သည်။ ကောင်းကင်မှာ ကြယ်တို့ ဟိုတစ်စ သည်တစ်စ လင်းနေ၏ ။ ကြယ်လေးနှစ်လုံး က ပိုပြီး လင်းနေသည်။ သြော် ကြယ် တွေမှ ဟုတ်ပါရဲ့လား။ ခိုင်ယန်နိုရဲ့ မျက်လုံးလေးတွေ များလား။ ဟာ.. တကယ်ပဲ သူမက သူ့ကို ကောင်း ကင်ကနေ ငုံ့ကြည့်နေတာပဲ။ ဟော … သူမ ငုံ့ကြည့်နေရင်း က ပြုံးပြ သည်။ သူမ ပါးပြင်လေးကို သူ လက် နှင့် တို့ကစားချင် စိတ်ဖြစ်မိသည်။ သူ လက်တစ်ဖက်ကို ဆန့်ကာ သူမ ပါးပြင်ကို တို့ထိဖို့ ကြိုးစားသည်။ ပါးပြင်နှင့် မထိမီ သူ့မျက်နှာ တစ်ခုလုံး ကြယ်ပွင့် များစွာ အဖြစ်သို့ ပြန့်ကျဲ ကုန် သည်။ သူ ရှာမရတော့။ ခိုင်ယန်နိုကို သူ ရှာမရတော့။ ကောင်းကင် လွင်ပြင် ကျယ်ကြီးထဲမှာ ခုတော့  သူတစ် ယောက်တည်း။

စွဲလမ်း စိတ်ကြောင့် ဖြစ်မည်။ ခိုင်ယန်နိုအား သူမကြာခဏ အိပ် မက်မက်သည်။ ချစ်ခင်ဖွယ် အပြုံး တို့ဖြင့် ကလူကျီစယ် တတ်သော အိပ်မက်ထဲ မှ သူမသည် သူ့စိတ်ထဲ ပို၍ နေရာ ယူလာသည်။ သံယောဇဉ် မထားချင်သော သူ့အဖို့ စိတ်ကူး ယဉ်သက်သက် သာဖြစ်၍ သူ အထူး အထွေ မထိန်းချုပ်မိ။ အချိန်တော့ လည်း အရုပ်သည် အရုပ် သာ ဖြစ်၍ သူ့လည်း လုပ်နေကျ အတိုင်း ခရီး ထွက်ရမည် မဟုတ်လား။ သို့သော် သူခရီးဆက် ရမည့်အခါ သူမအား နောက်ဆံ တင်းနေဖို့ မလို။ ထို့အတွက် သူ့စိတ် တို့ကို မထိန်း ချုပ်ဘဲ သူပျော်ရွှင်ရာ သက်သက် စိတ်တို့ကို လွှတ်ထားမိသည်။

နေ့ခင်းဆိုလျှင် ဂိုင်လန် ဆိုင် ထဲဝင်ကာ စကား တို့ဖောင်ဖွဲ့ သည်။ ခိုင်ယန်နိုအား လူရုပ် တစ်ရုပ်နှယ်သူ ဆက်ဆံသည်။ (တကယ်တော့ မေးထူး ခေါ်ပြောမျိုးသာ။ ) သို့သော် ဂီတာ တီးသည့် အခါမျိုးမှာတော့ သူ လူတစ်ယောက်နှယ် သူမအား စိတ် ကူးယဉ်တတ်သည်။ ဒါကလည်း သူ့ အနုပညာ ထုတ်ကုန် အတွက် အသုံး ချခြင်း တစ်ခုဖြစ်လိမ့်မည်။

ဒီလိုနဲ့ ရက်တွေ ကြာလာခဲ့ သည်။ ဒီမြို့က တခြားမြို့များ နဲ့မတူ သူ ပိုကြာကြာနေဖြစ်သည်။ ထို့အတွက် ဂိုင်လန် နဲ့ပါမက တာဝန် ကျ မြို့ရဲ တချို့၊ သန့်ရှင်းရေး အလုပ် သမား တချို့နှင့် ဈေးသွားများ နဲ့ပါ သူ သိကျွမ်းခင်မင်လာသည်။ သူ ဂီတာ တီးပြတာကို နှစ်သက်လို့ ဖြစ်မည်။ တစ်နေ့မှ ငွေမပြတ်ခဲ့။ ထို့အတွက် လည်း ခိုင်ယန်နိုကို သူကျေးဇူး တင်သည်။ ညနေတိုင်း စိတ်ကူး ယဉ်ကာ ကြည့်လာရသော အရုပ်မလေး မို့ သူ့သံယောဇဉ် နည်း နည်းတော့ ဖြစ်မိသည်။

တစ်ခါတစ်ရံ အဘိုးအို ထံ သွား၍ သူမအား တောင်းရမ်းမည် ဖြစ်ကြောင်း စနောက်တတ် သည်။ အရုပ်မလေး အား သူ ပခုံးကိုဖက် ကာ ဘာရယ် မဟုတ် စနောက် တတ် သေးသည်။ ပြီးတော့ တစ်ခါတလေ နမ်းသည်။ ဒီလိုပဲ မငြင်းတတ်သော အရုပ် ကလေးမို့သာ သူပြုမူခြင်းဖြစ် သည်။ လူမလေး တစ်ယောက်သာ ဖြစ်နေပါက သူ လုပ်နေ လိမ့်မည် မဟုတ်။ ဂိုင်လန်ကလည်း သဘော ကျကာ သူ့အလိုအတိုင်း လွှတ်ထား သည်။

ဒီလိုနဲ့ သူ နေလာခဲ့ လိုက်တာ ၂  လခန့် တိုင်လာခဲ့ပြီ။ သူ ရူးကြောင်ကြောင် တစ်ခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုက အခြားမဟုတ် သူ့တွင် ရှိသော ငွေ အနည်း ငယ်အား စိုက်ပြီး ခိုင်ယန်နိုအား အဝတ် တစ်စုံ ဝယ် ပေးဖို့ ဆုံးဖြတ်ခြင်း ဖြစ်သည်။ ဘယ် သူမဆို မိမိအား အကျိုး ရှိစေသည် ထင်သော အရာများ ကို ပြင်ဆင် ချဲ့ကား တတ်သည် မဟုတ်လား။ အရုပ် မလေးမှန်း သူသိသော်လည်း အဝတ် တစ်စုံ အသစ် ဝယ်ပေးရန် ဆုံးဖြတ်လိုက်သည်။

အဘိုးအို ဂိုင်လန်ကလည်း သဘော တူသည်။ ဈေးထဲမှ သူလှ သည်ထင်သည့် bohemian ဂါဝန် တစ်ထည် ဝယ်လာလိုက်သည်။ ပြီးတော့ သူမ ဆံနွယ်လေး မှာဆင်ဖို့ အသည်း ပုံ ဆံညှပ် ကလေးတစ်ခု လည်း ဝယ် လာလိုက်သည်။ အဝတ် ဝယ်ပြီး ဝင်လာတော့ အဘိုးအိုက နောက်သည်။

”အိုး…ဂျစ်ပ် လူလေး မင်း တကယ်ဝယ်လာတာပဲ”

သူဘာမှ ပြန်မပြောဘဲ ပြုံးပြ ကာ ခိုင်ယန်နိုထံ လျှောက်လာလိုက် သည်။ သူမ ထံမှာ ဝတ်ထားသော အဝတ်စား များကို ချွတ်ချလိုက် သည်။ အချိုးစား ပြေပြစ် ကျနစွာ ထုထား သဖြင့် နတ်သမီး တစ်ပါး အလား ထင်မှတ် မှားစေလောက် သည်။ အနည်းဆုံးတော့ သူ့အတွက် ဆိုပါစို့။ ဟောင်းနွမ်းပြီ ဖြစ်၍ ကြေးများ တက်နေသည်က လွဲ၍ ခန္ဓာထု ဆစ်ထားပုံမှာ ပကတိ အတိုင်း ရှိ သေးသည်။ မိန်းမ တစ်ယောက်ရဲ့ အဝတ်မပါသော ခန္ဓာ တစ်ခုကို သူမ တွေ့ခဲ့သည်မှာ နှစ်နဲ့ ချီခဲ့ပြီ။ အတိ အကျမမှတ် မိသော် လည်း အချိန် အတော်ကြာခဲ့ပြီ။

သူမ၏ မာကျောအေးစက် သော ပါးပြင်ကို သူလက်နှင့် အသာ လေး စမ်းလိုက်သည်။ ဟောင်းနွမ်း နေပြီဖြစ်သော်လည်း တပ်ထားသော မျက်တောင်မွေးလေး များက မကျွတ် ပဲ ကျန်နေသေး သည်မှာ အံသြ လောက်စရာ။ ပြီးတော့ ပါးပြင်မှာ ရှက်သွေးလေးများ တင်းနေတာများ လား။ ဟင့်အင်း… အချိန်တွေ ကြာ လို့ ထွက်လာတဲ့ အက် ကွဲကြောင်း လေးတွေနေမှာပါ။ နောက်ပြီး လက် က အောက်ကို ဆင်းလာတော့ ကြော့ ရှင်းသော လည်တံ။ နတ်သမီး တစ်ပါး အလား ထုထားတာ ဆိုတော့လည်း အပြစ် အနာအဆာ ဘယ်ရှိပါ့မလဲ။ တဖြည်းဖြည်း ဆင်းလာသော သူ့ လက်တို့ ထုံကျင်လာသည်။

ဒီလို အရုပ်မျိုး အီတလီကို ရောက်ခဲ့စဉ်က အများကြီး တွေ့ဖူး သော်လည်း ဒီတစ်ခါ ဘာတွေ ထူးခြားနေလို့လဲ။ အချိန်အခါ အကြောင်း မျိုးစုံတို့ တိုက်ဆိုင်နေလို့ လား။  လက်က မရပ်လိုက်နိုင်သေး။ ပြီးတော့ တင်း မို့နေသော ရင်တစ်စုံ …။ အရုပ်မှန်း စိတ်ထဲမှ သိနေပေ မဲ့ သူ့စိတ်ထဲမှာ ကျေနပ်နေမိ တာပါ လား။ လက်က ရွေ့မ ရနိုင်တော့ …ပိုပြီး ထုံကျင် လာသလို ခံစား ရသည်။ ပြီးတော့ ချွေး တို့ ပြန်လာ သည်။ နောက် ရင်ခုန်မြန်လာသည်။ ခံတွင်းကို ခြောက်သွေ့လာသည်။

လက်က သူမ ရင်အုံပေါ်ကို ပွတ်သတ်နေရင်း…

ဘယ်လို…ရင်ထဲက လှုပ်နေ ပါလား။ သူအံသြတကြီး သူမ ရင်ဘတ်ကို နားနဲ့ကပ်ကာ နား ထောင်မိသည်။

ရင်ခုန်သံ ရင်ခုန်သံပါပဲ။ ဒုတိယ အကြိမ် ပြန်ကြားရခြင်းပဲ။

သူ ဂိုင်လန်ကိုပြောပြဖို့ ဂိုင်လန်ရှိရာ လှမ်းကြည့်လိုက်သည်။ စောစောက နေရာမှာ ဂိုင်လန် ရှိမနေ တော့။ အမူအရာ ပျက်နေသော သူ့ကို အားနာ လို့ ဆိုင် အပေါ်ရှိ သူ့ အိပ်ခန်း ဆီ တက်သွားပြီထင်ပါရဲ့။

သူ ပြန်ဖိကြည့်သည်။ ဟင် … ရင်ဘတ်က လှုပ်မနေတော့ နားနဲ့ ကပ်ကြည့်သည်. ရင်လည်း မခုန်တော့…။ သူ့ရင်ခုန်သံပြန် ကြားရင်း စိတ်ထဲ ထင်ယောင် ထင်မှား ဖြစ် တာမျိုး များလား။ သူ့စိတ်တို့ ညစ်ညူး သွားသည်။ ရူးသွပ်တယ် ဆိုပေမဲ့ ဒီလောက်ထိ ရူးသွပ်ဖို့ မကောင်းမှန်း သူယူဆသည်။  မရှိ သည့် အရာကို တကယ့် အဖြစ်ပျက် လို ထင် ရလောက်အောင်ထိ ဖြစ်ဖို့ မကောင်းဟု သူခံယူသည်။ ဘာမှ မဖြစ်လောက်ဟု ထင်၍ လွှတ်ထားခဲ့ သော်လည်း အခုလို ထင်ယောင် ထင်မှား လွန်ကျူးလာသည့် အတွက် သူ့စိတ်ကို သူ ထိန်းမှ ဖြစ်တော့မည်။ သူ ခုနကလို အထူးအထွေ ခံစား မနေတော့ပဲ ဝယ်လာသော အဝတ် အစား များကို ဝတ်ပေးလိုက်သည်။ ပြီးတော့ အသည်း ပုံ ဆံညှပ်ကလေး ကို သူမရဲ့ ရွှေအိုရောင် ဆံနွယ်လေး ပေါ်မှာ အလှဆင် ပေးလိုက်သည်။ အားလုံး ပြီးလို့ ကြည့်လိုက်တော့ လည်း အရုပ်မလေး ခိုင်ယန်နို က တော်တော်တော့ လှသည်။

နောက်ညတွေ မှာတော့ သူ ခိုင်ယန်နိုရဲ့ မျက်လုံးလေးတွေ ကို အရင်လို ခံစား မနေချင်တော့။ ဂီတာကိုလည်း အရင်လိုပဲ သာမန် သာတီးဖြစ်သည်။ တိုင်ဆိုင် တာပဲ လား ။ ဒါမှမဟုတ် ဒီမြို့က လူတွေ က သူ့ကို ရိုးအီးသွားလို့လား မပြော တတ် သူ့ကို ပေးကမ်းသည့်ငွေက နည်းနည်းလာသည်။ သူ့ရဲ့ဖျော်ဖြေမှု ကလည်း ပုံမှန် သာ ဖြစ် လာသဖြင့် ဆွဲဆောင်မှု လျော့သွားသည်က တော့ သေချာသည်။ အကြွေတစ်စေ့ ပင် မရသည့်နေ့ များ ရှိလာသည်။  ဂိုင်လန် ကိုယ်တိုင် ကလည်း ပုံမှန် ဝင်ငွေ မရှိသဖြင့် သူ့ကိုယ်သူ သာ အားကိုးလာရသည့် အတွက် အရင် လို ပြတ်တစ်လှည့် ငတ် တစ်လှည့် ပြန်ဖြစ်လာသည်။

သို့သော် ဒီမြို့ရောက် စကလို တော့ ခိုင်ယန်နိအား စိတ်ကူး မယဉ် ချင်တော့။ သက်ရှိများကို တွယ်ရ သော သံယောဇဉ်ကို စိတ်ကုန်နေ သောသူ့အဖို့ သက်မဲ့ အရုပ် တစ်ရုပ် အတွက် အလွန် အကျူး မဖြစ်ချင်၍ စိတ်ကူးယဉ်ပြီး ဂီတာ မတီးဖြစ် သည်မှာ ၁ လခန့် ရှိခဲ့ပြီ။

ပိုဆိုးသည်က ခုံးကျော် တံတား ရဲ့ ဟိုဘက်မှာ နယ်လှည့် စင်တင်ပွဲ ကျင်းပနေသဖြင့်  ဒီလမ်းကျဉ်းမှာ ဈေးသွားများက လွဲပြီး တခြား လမ်း သွား မရှိသလောက် နည်းသွား သည်။ ထိုစင်တင်ပွဲ မှ အသံ များကြောင့် သူတီးသော ဂီတာသံလည်း သေချာ မကြား ရတော့သောကြောင့် ငွေ အကြွေပင် မရသော ရက်တို့ ဆက် လာသည်။ အစာ မဝယ် စားနိုင်တော့ ပဲ အရင်လို့ အမှိုက်ပုံ တချို့က ပြန် ရှာစားသည် က များလာသည်။ ဒီလို ဖြစ်လာတော့ သူ နောက် တစ်မြို့ကို ခရီးဆက်ဖို့ အချိန်တန်ပြီ ဟု သူသုံး သပ်မိ သည်။ ဒီတစ်ရက် နှစ်ရက် အတွင်း သူဒီမြို့ကို နှုတ်ဆက် ဖို့ ဆုံးဖြတ်လိုက်သည်။

အစာစား နည်းခြင်းကြောင့် လား ပိုအေးလာသော ဆောင်းတွင်း ရာသီဥတုကြောင့်လား မပြောတတ်။ သူ ကိုယ်ပူ နည်းနည်း ရှိနေသည်။ တကယ်တော့ ကိုယ်ပူ နည်းလား၊ များလား သူမသိ ။ ဒီလိုပဲ ဘဝကို သူကြုံသလို ဖြတ်သန်း လာခဲ့သည်။ နေမကောင်းခြင်းကို အချိန်ပေး တွေးမနေပါ။ အချိန် ရှိတုန်း အဘိုး အို ဂိုင်လန်ကို မနက်ဖြန် သူ ခရီး ထွက်တော့မည့်အကြောင်း ပြောရဦး မည်။

ဆိုင်ထဲသို့ ပုံမှန်အတိုင်း ဝင်လာပြီး ဂိုင်လန် အားနှုတ်ဆက် လိုက်သည်။ သူ ခရီးဆက်တော့မည့် အကြောင်း ပြောတော့ ဂိုင်လန်က စိတ်မကောင်း။ သူနဲ့ အတူနေ၍ အလုပ် လုပ်ဖို့ စည်းရုံးသေးသည်။ သူ တခြား အလုပ် မလုပ်လိုပါ။ ဂီတာ တီးခြင်းသည် သူ့ဝါသနာဖြစ် ၍ အချုပ်နှောင်မဲ့ သူနေနိုင်သည်။ ထိုမှလွဲ၍ တခြား လုပ်စရာသူ မတွေ့ သေးပါ။ ဂိုင်လန်အား ခင်သော်လည်း  ခွဲရမည့်အချိန် ရောက်လာလျှင်  နှုတ် ဆက်ရမည်။ အဘိုးအိုအား နှုတ်ဆက် စကားပြောရင် မရည်ရွယ်ဘဲ အရုပ်မလေးဆီ ကို သူမျက်လုံး ရောက်သွားသည်။ ဘာပဲဖြစ်ဖြစ် သူ့အား ပျော်ရွင်ဖွယ် အချိန် ၂ လ ဖန်တီးပေး ခဲ့သော အရုပ်မလေး ခိုင်ယန်နို ကိုလည်း သူနှုတ်ဆက်ရ မည်။ အရင်ကလို ပဲ သူက သက်ရှိ လူတစ်ဦး ကဲ့သို့ ဆက်ဆံ စကားပြော ပြီး ဖက်လိုက်သည်။ ပြီးတော့ နား ထင်စကို နမ်းလိုက်သည်။

ဟောဗျာ…ကြားရပြန်ပြီ ဒီရင်ခုန်သံ …
သူ ဒုတိယအကြိမ် ထပ်ပြီး နားထောင်ကြည့်တော့လည်း မကြား ပြန်တော့…
အင်း…. သူနဲ့ ခိုင်ယန်နို၏ ဆက်နွယ်မှုက ဘယ်လိုလဲ…
ဘာပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ ခိုင်ယန်နိုကိုလည်း သူနှုတ်ဆက်ရမှာ ပါပဲ။

သူသက်ပြင်း တစ်ချက်ချကာ သူမ၏ မျက်ဝန်းတစ်စုံအား နောက် ဆုံးအကြိမ် အနီးဆုံး ကြည့်လိုက် သည်။ မရည်ရွယ်ဘဲ သက်ပြင်း တစ်ချက် ချမိသည်။ ပြီးတော့ ဂိုင်လန် ကို ထပ်ပြီး နှုတ်ဆက်ကာ ဆိုင်ထဲမှ ထွက်လာလိုက်သည်။

နေမကောင်းလို့ပဲလား စိတ် မကောင်းလို့ပဲလား မသေချာပါပဲ ခြေလှမ်းတို့ တုံ့နှေးနေသည်။ တကယ်တော့ အဲလို ဖြစ်လိမ့်မှာကို အရင် ကတည်းက သူ မလိုလား ခဲ့ဘူး လေ။ ဒါပေမဲ့ ဒီနေ့ တစ်နေ့တော့  ဒီမြို့ကို ရောက်စကလို သူပြန်စိတ်ကူး ယဉ်ကြည့်ချင်မိသည်။ ဒီမြို့က မထွက်ခင် နောက်ဆုံး တစ်ကြိမ် ဖြစ် ဖြစ်ပေါ့။

ထူးထူးခြားခြား ရောက်စနေ့ ကလိုပင် ဝိုင်နီရောင် သန်းနေသော ညနေနေဝင်ခါနီး အချိန်လေးဖြစ် သည်။ တစ်ဖက်လမ်း ဆီမှလည်း တီးလုံးသံများ ဆူညံ စွာ ပေါ်ထွက်နေ သည်။ တကယ်တော့ သူ့ဂီတာသံ ကို ဘယ်သူ တစ်ယောက်မှ အနီးကပ် နားမထောင်လျှင် ကြားရမည် မဟုတ်။ ဒါပေမဲ့ သူ့မှာ တခြား လုပ် စရာမရှိ။ ဒီနေ့တော့ နေရာလည်း မပြောင်းချင်တော့ ခိုင်ယန်နိုကို နောက်ဆုံး တစ်ကြိမ်တော့ သူ ဂီတာ တီပြီး သီချင်း ဆိုပြချင်သည်။ သူမက သူ့တေးသွား နဲ့ အတူကလိမ့်မည်။

ညက တဖြည်းဖြည်း မှောင်လာ သည်။ အေးကလည်း ပို၍ အေးစိမ့် လာသည်။ ကိုယ်ပူနေသော ခန္ဓာကို လည်း သူဂရုမစိုက်အား။  သူမရှိရာ ကို လှမ်းငေး၍ ဂီတာကို တီး လိုက် သည်။ ဂိုင်လန်ကလည်း သူ ဂီတာ တီးနေသည် ကို သိလို့ဖြစ်မည်။ ပြတင်းပေါက် ကန့်လန့်ကာကို ညနက်သော် လည်း ဖွင့်ကာထား ဆဲ။

ရောက်စနေ့တွေကလိုပါပဲ သူမက သူ့တေးသွားများ နဲ့ အတူက သည်။ ဒီနေ့အတွက်တော့ သူဝယ် ဝတ်ပေးထားသော ဂါဝန်လေး ကား နေအောင် ကနေတာကတော့ အရင် နဲ့ မတူတော့ဘူးပေါ့။ အရင် လိုပဲ အမြူးရော အဆွေးပါ သူတီး ဖြစ်သည်။ ဘယ်လောက် ကြာကြာ သူတီးနေလိုက်သည် မသိ။ ညက ပို၍ နက်လာသည့် ဂိုင်လန် အခန်း မှ မီးပင် မှိတ်သွားပြီ။ ကန့်လန့်ကာ ကလေးကတော့ ဖွင့်လျက်ရှိဆဲ။

လမ်းသွား လမ်းလာများ လုံးဝ မရှိတော့။ အချိန်က ည ၂ နာရီ လောက် ရှိပြီဖြစ်သော်လည်း သူ ဂီတာကိုသာ တီးလျက်ရှိဆဲ။ ဘာ ကြောင့်များ သူမ ရပ်ချင်တာပါလဲ။ သူ့ စိတ်ကုးထဲမှာ ခိုင်ယန်နိုက သူ့ ပေါ်မှာ မေးတင်ပြီး သူဂီတာ တီးနေ တာကို နားဆင်နေ တယ်လေ။ မဟုတ်ဘူး မပြောပါနဲ့။ မဟုတ်မှန်း သိပါတယ်။ ဒါပေမဲ့ နောက်ဆုံး တစ်ညတော့ သူ့ကို ရူးသွပ်ခွင့် ပေး ပါလေ။

ဒီလိုနဲ့ နှင်းတွေလည်း ကျလာသည်။ သူလည်း ပိုပိုချမ်းလာသည်။ ကိုယ်အပူချိန် ပိုတက်တာပဲလား သူ မရိပ်မိနိုင်အား။ ပြီးတော့ နှင်းက ပိုပိုသည်းလာ သည်။ နှင်းတွေ ကြား မှာ သူမ မျက်ဝန်းလေး တစ်စုံက တောက်တောက် ပပလေး လင်းနေ သည်။ သူမက ပြုံးပြပြန်သည်။ အချိန်နှောင်းပြီဆိုတာ သိလို့များ လား။ သူမက တင်ထားသောမေးကို ခွာလိုက်သည်။ လှုပ်ရှားလာသော သူမကြောင့် သူလည်း ဂီတာတီးရပ် လိုက်သည်။ သူမက ထရပ်လိုက်ပြီး ကိုယ်ကို ကိုင်းညွတ်လိုက်သည်။ ပြီးတော့ သူ့ကိုယ်ကိုဖက်ပြီး သူ့နှုတ် ခမ်းကို ခပ်ဖွဖွနမ်းသည်။
”အိုး…နွေးထွေးလိုက်တာ။ တစ်ကိုယ်လုံးကို ဂွမ်းစောင် တစ်ထည်နဲ့ လွမ်းခြုံလိုက်သလိုပဲ။ ဘယ်လောက် နွေးထွေးလိုက်စေတဲ့ အနမ်းလဲ။ ပြီးတော့ ရင်ထဲမှာ တလှိုက်လှိုက် သူပျော်လာသည်။ တစ်ကိုယ်လုံး အကြောများ ပျော့ ဆင်းကျသွားပြီလား။ သွေးတို့ စီးဆင်းမှုအရှိန် မြင့်လာနေတာလား။ မရေရာသော အဲဒီခံစားချက်တွေနဲ့ အတူ သူ ပတ်ဝန်းကျင်ကို မေ့ ပျောက်သွားသည်။ သူဘယ်ရောက် နေတယ် ဘယ်အချိန်ရှိပြီ မစဉ်း စားချင်သေး။ သူ စိတ်ကူးထဲမှာ သူ ပျော်နေသည်။ ဒါကြောင့် သူ့စိတ် ကူးလေးကို မနက်ထိ ဆွဲထားချင် သည်။ သူဆွဲထားပါရစေ။ စိတ်ကူး ထဲကနေ သူမ ပျောက်ကွယ်သွား မှာကို သူမလိုလား။ ဒီတော့ သူ မျက်လုံးကို   မှိတ်ထားလိုက်သည်။ သူ ဆက်၍ မှိတ်ထားလိုက်သည်။
à
မျက်လုံးများပြန်ဖွင့်လိုက်သည်။
မျက်လုံးရှေ့တည့်တည့်က အဖြူရောင် အမိုးကို သူရုတ်တရက် မခန့်မှန်းနိုင်။ သြော်… ဆေးဖြူ သုတ်ထားတဲ့ မျက်နှာကြက်ပဲ။ အင်း…ဘယ်ရောက်နေတာပါ လိမ့်။ သူဘေးကို တစ်ချက်ငဲ့စောင်း ကြည့်လိုက်သည်။
”ဂိုင်လန်”
စိုးရိမ်တကြီး စောင့်ကြည့်နေရှာ သော အဘိုးအို ဂိုင်လန်ကို သူတွေ့ သည်။
”သတိရလာပြီလား လူလေး”
သူ့ကို ကရုဏာသက်စွာ မေး ရှာသည်။
”ကျွန်တော် ဘယ်ရောက်နေ တာလဲ အဘိုး”
မနေ့ညက ဖျားနေလျက်က နှင်းတွေကြားမှာ ညနက်သည်အထိ ဂီတာတီးနေခဲ့မိလို့ နောက်ဆုံး အပူချိန် အလွန်တက်ပြီး သူ့မေ့လဲ သွားခဲ့ခြင်းဟု သူကပြန်ပြောပြ သည်။
”အဘိုး မအိပ်ခင်အထိတော့ လူလေးက တီးလက်စပဲကွဲ့။ နောက် ည ၂ နာရီလောက်ကျတော့ ဖောက် ထွင်းခံရရင် အလိုအလျောက် အချက်ပြပေးတဲ့ အဘိုးတို့ဈေးက အချက်ပေးေူမော က အသံမြည်မှ အဘိုး နိုးလာတာ။ သူခိုးလည်း အဘိုးမတွေ့ဘူး ဖောင်းထွင်းတဲ့ သူလည်း တစ်ယောက်မှမတွေ့ဘဲ ခိုင်ယန်နို အရုပ်က မှန်ရှိတဲ့ဘက်ကို လဲကျနေတာ တွေ့ရတာပဲ လူလေး။ သူလဲကျတဲ့ အားကြောင့်လား မပြောတတ်ဘူးကွဲ့။ ခိုင်ယန်နိုရော သူ့ရှေ့က မှန်ရော ကွဲသွားပြီး အချက်ပြစနစ်က အသံမြည်လာတာ ပဲ”
ထူးဆန်းတာက ခိုင်ယန်နိုမှာ လေမတိုက်ဘဲ ဘာကြောင့် လဲသွားရ တာလဲ။ တိုက်တိုက် ဆိုင်တိုင် သူ မေ့လဲသွားတဲ့ အချိန်ရောက်မှ ခိုင်ယန်နိုက မှန်ပေါ်ကို လဲကျရသ လား။ သူလည်း မတွေးတတ် တော့။
”အဲဒါ ဘယ်ဖောက်ထွင်းသမား မှ မတွေ့ရတော့ လူလေးရှိတဲ့ ဘက်ကို ကြည့်တော့မှ ဂီတာတီးနေ တဲ့ နေရာမှာ မေ့လဲနေတဲ့ လူလေးကို တွေ့တာပဲ။ အဲတော့မှ အဘိုး လူလေးကို ဆေးရုံခေါ်လာတာကွဲ့”
အဘိုးအိုက ရှည်လျားစွာ ရှင်းပြပြီးမှ ဆေးဝယ်ရန် ပြန်ထွက် သွားသည်။
သူတစ်ယောက်တည်း ကျန် နေခဲ့သည်။
မနေ့ညက သူ ယောင်းယမ်း စိတ်ကူးယဉ်လွန်နေခဲ့ခြင်းပဲ ဖြစ် မည်။ ဘာပဲဖြစ်ဖြစ် ခိုင်ယန်နို အရုပ်လေးကြောင့် သူအသက် ဆက် ခွင့်ရခဲ့သည်။ သို့မဟုတ်လျှင် မနက် လင်းသည့်အချိန်မှာ သူအေးခဲ၍ အသက်ပင် ရှိတော့မည်မဟုတ်။မနေ့က အကြောင်းရာတို့ သူပြန် တွေးရင်း မှေးနေလိုက်သည်။

ဆေးရုံက ဆင်းပြီး သူ နားမနေ ဖြစ်။ ဆေးရုံက ဆင်းသည့်နေ့ ညဘက်မှာပင် ဝယ်ထားပြီး ဖြစ်သည့် ရထား လက်မှတ်ကြောင့် အဘိုး ဂိုင်လန်အား နှုတ်ဆက်က သူ တခြား တစ်မြို့သို့ ခရီးဆက်ခဲ့သည်။ ရထားက စရွေ့ပြီ။ လက်နှစ်ဖက် ကိုပိုက်ပြီး ရထားပြတင်းပေါက်ကနေ အပြင်ကို လှမ်းငေး ကြည့်လိုက်သည်။ သူ့ဘေး အိတ်ကပ် တွင် တစ်ခုခု ခံနေသည်။ ဘာများပါလိမ့်။ သူ ညာလက်ဖြင့် နိုက်ကာ ဆွဲထုတ်ကြည့် လိုက်သည်။

”ဟင်…ဒါ… သူကိုယ် တိုင်… ခိုင်ယန်နို ဦးခေါင်းမှာ ပန်ပေးထားတဲ့ ဆံညှပ်လေးပဲ”

မနေ့က ညနေစောင်း သွား နှုတ်ဆက်တုန်း ခိုင်ယန်နိုကို ဖက် လိုက်ကတည်းက သူ့အိတ်ကပ် ထဲ ပြုတ်ကျနေတာ များလား။ ဒါမှ မဟုတ် မနေ့က ညက ခိုင်ယန်နို သူ့နဲ့ အတူ အသက်ဝင် လှုပ်ရှားစွာ ကပြီး သူ့အိတ်ကပ်ထဲ ထည့်ပေး လိုက်တာလား။ ဒါမှမဟုတ်… ကွဲသွားပြီးဖြစ်တဲ့ ခိုင်ယန်နို အရုပ်ဆီ ကနေ အဘိုးအို ဂိုင်လန် ပြန်ကောက် ထားပြီး သူမေ့နေတုန်း သူ့အိတ်ကပ် ထဲ ထည့်ပေးလိုက်ခြင်းလား။   ဘယ်အဖြေတစ်ခုကမှ မသေချာ။ ဒါပေမဲ့ ဘယ်အရာက အမှန် တရားလဲလို့ သူအဖြေမရှာချင်တော့။ တစ်ခါ တလေ အဖြေ မရှိသေးတဲ့ အခိုက်တန့်လေး က အဖြေသိလိုက်ရ တဲ့ အခိုက်တန့် ထက် စိတ်ကူး ပျော်ရွှင်မှု ပေးတတ်သည်။ အဖြေ မရေရာတဲ့ အခိုက်တန့်လေး ကိုပဲ သူ သယ်ဆောင်သွားတော့မည်။

သူ တစ်ကိုယ်တည်း ပြုံးကာ ဆံညှပ်လေးကို အိတ်ကပ်ထဲ ပြန် ထည့်ထားလိုက်သည်။  ရထားက ဆက်ရွေ့နေသည်။ လရောင် အောက်မှာ တိမ်လိပ်တို့က လည်း မြင့် လိုက်နိမ့်လိုက် သူ့မြင်ကွင်းထဲ လိုက်ပါနေသည်။ ကောင်းကင်ကို ငေး ကြည့်နေရင်း ကြယ်လေးနှစ်လုံး က ဖျတ်ခနဲ လက်သွားသည်။ မျက် ဝန်း တစ်စုံအလား စူးရှတောက်ပ လာ သည်။ သူကြည့်နေရင်း နောက် သဏ္ဌာန် တစ်ခု မပီပြင်မီ ကောင်း ကင်မှ နှင်းစက်တို့ သိပ်သည်းစွာ ကျဆင်းလာသည်။ ကောင်းကင်မှာ မျက်ဝန်း တစ်စုံ ကို မမြင်လိုက်ရ တော့။

နှင်းမှုန်များ ကျလာပြီ ဖြစ်၍ သူ ရထားပြတင်း တံခါးချပ်ကို ဆွဲပိတ် လိုက်သည်။ မနက်မှရောက်မည့် နောက် တစ်မြို့ အတွက် သူ အနားယူ ရဦးမည်။ ထိုကြောင့် ခေါင်း ကို ဘေးနံရံ တွင် မှီရင်း မျက်လုံးများကို မှိတ်ချလိုက်သည်။ အတွေးမှောင် ထဲမှာ ခုနက ကြယ်ပွင့်လေးနှစ်ပွင့် ဖျတ်ခနဲ လက်သွားသည်။ ပြီးတော့ …

ဘာပဲဖြစ်ဖြစ် သူ ခဏတော့ မျက်လုံး များကို ဆက်မှိတ်ထား ချင်သေးသည်။

ညီစု

ပိတောက်တွေ ပွင့်တိုင်း

$
0
0

”တန်ခူး…တန်ခူး မဟုတ် လားဟင်”
”အာကာ…အာကာ ဟုတ် ပါတယ်နော်”
နှစ်ဦးသား တအံ့တသြနှင့် စိုက်ကြည့်နေ မိကြသည်။ ဆံပင် အရှည်ကြီးနှင့် မြင်သူတကာ ငေးရလောက်အောင်၊ လှသွေးတွေ ကြွယ်နေသည့် ‘တန်ခူး’ပါ။ လက်ထဲ တွင်တော့ ပိတောက် ပန်းတွေ တစ်ပွေ့တစ်ပိုက်နှင့်။

မတွေ့ရတာ နှစ်ပေါင်း အတော် ကြာပါပြီ။ ငယ်ငယ်က ‘တန်ခူး’နှင့် တခြားစီပင်။ ကိုယ့် မျက်စိတောင် ကိုယ်မယုံချင်ပါ။

သူမျှော်လင့်နေခဲ့ ရသော၊ တမ်းတနေ ခဲ့ရသော၊ သနားစရာ၊ ချစ်စရာကောင်း လွန်းသော တန်ခူး နှင့် ခုလို ပြန်ဆုံတွေ့ရလိမ့်မည်ဟု မထင်မိခဲ့ပါ။

ရှာနေသော အချိန်တွေတုန်း က မတွေ့ခဲ့ပါပဲ။ ခုကျမှ မမျှော်လင့်ဘဲ ဆုံတွေ့ရသည့် အဖြစ်ကြောင့် ရင်တွေတောင် တဒိတ်ဒိတ် ခုန်နေပါ ပြီ။

တန်ခူးရယ် ဒီတစ်ခါတော့ မင်းကိုငါ လက်လွှတ် ဆုံးရှုံးမခံတော့ ပါဘူး။ မင်းဘယ်ကိုမှ ထွက်ပြေးဖို့ မစဉ်းစားပါနဲ့တော့နော်။

ပိတောက် ရနံ့လေးတွေ သင်းပျံ့မွှေးကြိုင် လာသည်။ မမျှော် လင့်ဘဲ ပြန်ဆုံတွေ့ကြရ၍၊ နှစ်ဦး သား ပျော်ရွှင်ကြည်နူးနေကြ ပုံကို အရောင် တလဲ့လဲ့ မျက်ဝန်းတွေနှင့် ပြုံးနေသော နှုတ်ခမ်းတွေက သက်သေခံနေသည်။

တန်ခူးရယ် လွမ်းလိုက်ရတာ၊ ရင်တွေ ကွဲမတတ်ပါပဲ။

***
အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချ၍ ဘဝတွင် အောင်မြင် တိုးတက်လာ သူတွေ၏ စာရင်းကို ကောက်ယူမည် ဆိုလျှင်၊ ထိုစာရင်း တွေထဲ၌ ‘တန်ခူး’ ဆိုသော မိန်းမ လှ လေး လည်း အပါအဝင် ဖြစ်မှာ သေချာသည်။
တန်ခူး၏ ဘဝက ရုပ်ကလေး က လှသလောက်၊ ဘဝကတော့ မလှပခဲ့ပါ။ အဖေနှင့်အမေ ဆုံးပါး သွား၍ ဆွေမျိုးနီးစပ်တော်သော ဒေါ်ဥ ၏အိမ်တွင် လာနေ ရင်း ကျောင်းတက်နေ ရရှာသည်။

မှတ်မှတ်ရရ အဖြစ် တန်ခူး သူတို့ကျောင်းကို ပြောင်းလာခဲ့သည် မှာ လေးတန်းနှစ်က ဖြစ်သည်။ တန်ခူးက စာကို အရမ်း ကြိုးစားသည်၊ အတန်းသူ အတန်းသားတွေ အပြင် ဆရာ၊ ဆရာမ များကိုလည်း ချစ်ခင် လေးစားတတ်သည်။ သည်းခံ စိတ် တွေအပြည့်လိုပင်။

အိမ်ပြန်ရောက်လျှင်လည်း ဒေါ်ဥတို့ မိသားစု ခိုင်းသမျှ၊ ထောင့်စေ့အောင် လုပ်ပေးရသေး သည်။ အစားအသောက် ကိုတော့ အားလုံး စားပြီးမှ၊ မီးဖိုချောင် ထဲတွင် တစ်ယောက် တည်း စားရရှာသည်ဟု၊ ဒေါ်ဥ၏ နံဘေး အိမ်မှ ဒေါ်သာ ကောင်းက၊ အိမ်တွင် အလုပ်လာ လုပ်ရင်း အမြဲ ပြောပြနေ၍ တန်ခူး၏ အကြောင်းကို သူအမြဲ လိုလို ကြား နေရသည်။ တန်ခူးကို သူအရမ်း သနားမိသည်။ အလုပ်ကို မနား မနေ လုပ်ရပေမဲ့လည်း၊ ကြမ်းတမ်းသော ဒေါ်ဥ၏ အရိုက်အနှက်ကို လည်း နေ့စဉ် လိုလို ခံနေ ရသေး သည်။ သင်္ကြန်ရောက်တာတောင် သူများ ကလေးတွေလို၊ ဆော့ကစား တာတွေ မရှိ။ ပိတောက်ပန်း လှလှ လေးတွေကို ပွေ့ပိုက်ရင်း လိုက် ရောင်းပြီး ဝင်ငွေ ရှာနေရသေး သည်။ အလုပ်တွေ လုပ်ရင်းနှင့်သာ သင်္ကြန်ကို ဖြတ်ကျော်ခဲ့ရသည်။

”လူတစ်ယောက်ကို ထမင်း ကျွေးထား ရတာ လွယ်တာ မှတ်လို့။ ထမင်း တစ်လုပ်စားချင်ရင် အလုပ် တော့လုပ်ရမှာပဲ။ ငါ့မှာ ငါ့ကလေး တွေနဲ့ အားတာ မဟုတ်ဘူး။ အ လုပ် လုပ်ရတာ ပင်ပန်းတယ် ထင်ရင် ဒီအိမ်မှာ မနေ နဲ့ဆိုသော ဒေါ်ဥကြီး ၏ စကားက၊ ကြားရဖန် များလွန်း၍ ရပ်ကွက်ထဲက လူတွေတောင် ဒေါ်ဥကြီး၏ စကားကို အလွတ် ရနေ ပါပြီ။ ထိုအဒေါ်ကြီးကို သူလုံးဝ ကြည့်မရပါ။ အပြောကလည်း ကြမ်းသည်။ ထိုအဒေါ်ကြီး၏ သား သမီးတွေကလည်း၊ ‘တန်ခူး’ ဆိုလျှင် နိုင်လွန်း အားကြီး သည်။ ထုလိုက်၊ ခေါက်လိုက်နှင့်။ အရုပ်များ မှတ် နေကြသလားမသိ။ တစ်ခါ တစ်ရံ ကျောင်းရှေ့က သစ်ပင်ကြီး အောက် တွင် ကျိတ်ငိုနေသော ‘တန်ခူး’ကို တွေ့ဖူးသည်။ ဘာဖြစ်တာလဲ ဟု သူကမေးလျှင် မျက်ရည်တွေကို၊ အသာသုတ်ပြီး၊ ပြုံးပြုံးလေးနှင့် ခေါင်းခါပြပြီး စာကိုသာ ဆက်ပြီး ကျက်ရှာသည်။

‘တန်ခူး’ ကို သနား၍ သူက စာအုပ်တွေ၊ ဘောပင်တွေ အမြဲပေး သည်။ ဒါပေမဲ့ နောက်နေ့ ဆိုလျှင် မရှိတော့ပါ။ မောင်လေးတွေ ယူ သွားလို့၊ ညီမလေး ယူသွားလို့ဟု သာ အမြဲကြားနေရသည်။

တစ်နှစ်တစ်တန်း မှန်မှန် အောင်သလို ကျောင်းပိတ်ရက်တိုင်း လည်း အလုပ်နှင့်လက် မပြတ်ခဲ့ပါ။ ရှာလို့ရသမျှ အဒေါ်ကြီး ကိုသာ အကုန် အပ်ရသည်ဟု ဆိုသည်။

တန်ခူး၏ ထမင်းချိုင့်ထဲတွင် ထမင်းနှင့်ပဲကြီးလှော် သာပါသည်။ တန်ခူးတွင် ကောင်းသော ညဉ်က လေးကတော့ စာကို ကြိုးစားပမ်းစား လေ့လာ သင်ယူခြင်းဖြစ်သည်။

အခြား ဆင်းရဲသော သူတွေနှင့် လုံးဝ မတူပါ။ အချို့က ဆင်းရဲသည် ကို အကြောင်းပြ၍ စာကို မကြိုးစားချင်၊ ကျောင်းဆက် မတက်တော့ဘဲ တေပေလေ လွင့်နေ တတ်သော သူ တွေ၊ ပတ်ဝန်းကျင် တွင် အများ အပြားပင်။

ထိုအထဲတွင် ‘တန်ခူး’မပါ ဝင်ပါ။ ‘တန်ခူးကို ကြီးလာရင် ဘာဖြစ်ချင်တာလဲ’ ဟု သူမေးဖူးသည်။ တန်ခူးက ‘ကြီးလာရင် စီးပွားရေး လုပ်ငန်းတွေကို လုပ်ချင်တာ’ ဟု ပြော သည်။
သူတို့ မိဘတွေ ချမ်းသာတာ တောင် သူကြီးလာရင် ဘာလုပ်ချင် သလဲ ဆိုသော ရည်ရွယ်ချက်ကို မသိခဲ့ပါ။ ပိုက်ဆံကို ဘယ်လို ရအောင် ရှာရမလဲ  ဆိုသည် ကိုလည်း ခုချိန် ထိ ‘တန်ခူး’ လောက်တောင် နားမလည်ခဲ့ပါ။ ရှစ်တန်းနှစ်တောင် ရောက်နေကြပါပြီ။
‘တန်ခူး’ခေါင်းပေါက်ပြီး၊ ဟို ဘက်ရပ်ကွက်ကအဆောင်ကို ရောက်နေတယ်”
အိမ်တွင် သန့်ရှင်းရေး လာလုပ် ပေးသော အမျိုးသမီးကြီး၏ စကား ကြောင့်၊ သူလှမ်းမေးမိလိုက်သည်။
‘ဘာဖြစ်တာလဲ’
‘ဟိုမိန်းမကြီးပဲပေါ့။ တန်ခူးကို ရှစ်တန်းအောင်ပြီ၊ ကျောင်းဆက် မတက်နဲ့တော့ ဆိုပြီး ရိုက်တာ။ တန်ခူးကလည်း ကျောင်းတက်မှာ ပဲတဲ့လေ။ အဲဒီတော့ ဒေါ်ဂျမ်း တော ကြီးက သနပ်ခါးတုံး နဲ့ လှမ်း ပေါက်တာ တန်ခူး ရဲ့နဖူးကွဲ သွား ရောလေ။ ပြီးတော့ အိမ်ပေါ်က နှင်ချလိုက်တာ။ အဲဒါနဲ့ တန်ခူး လည်း ဟိုဘက် ရပ်ကွက် က ဒေါ်တင်မတို့ အဆောင်မှာ ရောက် နေတယ်”

သူ အမြန်ပြေးသွားလိုက်မိ သည်။ တန်ခူးဆီ ရောက်သောအခါ နဖူးတွင် ပတ်တီးလေးနှင့် ချုပ်တော့ မချုပ်ရပါ။ သူ့ကိုတွေ့သော အခါ မျက်ရည်လေး အဝဲသားနှင့် ”ငါ့ရဲ့ ဘဝပေး အခြေအနေပေါ့ အာကာရယ်။ ဘယ်လို အခြေအနေ ပဲရောက်ရောက်၊ ငါကျောင်းဆက် တက်မယ်၊ အလုပ်တွေ လုပ်ပြီး ပိုက်ဆံ စုမယ်။ ဒီအဆောင် လခကို ငါရှာနိုင် ပါတယ်ဟာ”

သူ ‘တန်ခူး’ကို စားဖို့၊ သောက်ဖို့ ပိုက်ဆံပေးသော အခါ ‘တန်ခူး’က လုံးဝမယူပါ။ မျက်ရည် တွေ တသွင်သွင်စီးကျရင်း

”ကျေးဇူးတင် ပါတယ်ဟာ။ ဒီနေ့ ဒီအချိန်ကစပြီး ငါ့ဘဝကို ငါ့ ဘာသာ ထိန်းပြီး ရပ်တည်မယ်။ ဒီအဖြစ်ဆိုးတွေ ကနေ ရုန်းထွက်နိုင် အောင် ကြိုးစားရမယ်။ သင်္ကြန်နား လည်း နီးပြီ။ မကြာခင် သင်္ကြန်ပိတောက်တွေ ပွင့်တော့မှာ။ ပိတောက်က ငါ့အတွက် ပိုက်ဆံပဲ အာကာရဲ့။

ပြောသည့် အတိုင်း မနားမနေ ကြိုးစားသည်။ ဟိုအရင်က ထက်ပင် ပိုပြီး ပျော်ရွှင်နေ သလိုပင်။ ရသမျှ  ပိုက်ဆံတွေ ကို စုပြီးဘဏ် တွင် နည်းနည်း နည်းနည်း သွားစု သည် ဟု လည်း ပြောကြသည်။ သင်္ကြန်ရက် တွေတွင်လည်း အနာကို ရေမစို အောင် ဦးထုပ်လေး ဆောင်းပြီး ပိတောက်ပန်းတွေ လိုက်ရောင်းနေ ရှာသည်။ သူကတော့ ‘တန်ခူး’ ကို သနားပြီး ပိတောက်ပန်းတွေ အမြဲ လိုလို အားပေး ဝယ်ယူခဲ့သည်။ သင်္ကြန် ပိတောက်ပန်းတွေ တင် ရောင်းတာ မဟုတ်ဘဲ သင်္ကြန်တွင်း ၌ ကြာဇံကြော် ၊ ခေါက်ဆွဲကြော်တွေ ကို ကြော်ပြီး ဖော့ဘူးလေးနှင့် နေရာ အနှံ့လိုက်လံ ရောင်းချပြန် သေးသည်။

သင်္ကြန် ပြီးသောအခါ ‘တန်ခူး’ တစ်ယောက် အတော်ကလေး မြိုးမြိုးမြက်မြက် ရလိုက်သည်ဟု အဆောင်ပိုင်ရှင် ဒေါ်တင်မက ဆိုသည်။ ဒီလိုနှင့် ‘တန်ခူး’ တစ်ယောက် ကျောင်း တက်လိုက်၊ အလုပ်လုပ် လိုက်နှင့် ဆယ်တန်း မေးပွဲ တောင် ဖြေပြီးသွားပြီဖြစ်သည်။
ဆရာ၊ ဆရာမတွေ ၏ အချစ် တော် ‘တန်ခူး’ သည်လည်း စာမေးပွဲ ကို ဖြေဆိုနိုင်ခဲ့သည် ဆို၍ တန်ခူး အတွက် အားလုံး ဝမ်းသာနေကြ သည်။ တန်ခူး ကိုယ်တိုင် လည်း ပျော်လို့ မဆုံးတော့ပါ။ သူလည်း အပါအဝင် ဖြစ်သည်။ ကံကြမ္မာက တန်ခူးကို ချော့တစ်ခါ၊ ခြောက် တစ်လှည့်နှင့်။ မျက်နှာ သာပေးလိုက် ကန်ချ လိုက် လုပ်နေ သလိုပင်။ အဆောင် ပိုင်ရှင် ဒေါ်တင်မကြီး ရုတ်တရက် ဆုံးသွားလေသည်။ အမွေ ခွဲလိုသော အမျိုးများက အဆောင် ဖွင့်ထားသော အိမ်ကြီးကို ရောင်းချ လိုက်သဖြင့် တန်ခူး အတွက် နေစရာ ဘုံပျောက်သွားခဲ့ရသည်။

‘တန်ခူး’ အကျပ်အတည်းတွေ ဖြစ်နေချိန် တွင် သူကလည်း ဖေဖေ၊ မေမေတို့နှင့် စင်ကာပူ ကို သွားနေ ချိန်ဖြစ်နေ၏။ သူ မြန်မာပြည် ပြန်လာသော အခါ တန်ခူး မရှိတော့ ပါ။ ဘယ်ကို ရောက်သွားမှန်းပင် မသိ။ မေးမြန်း စုံစမ်းကြည့်သော အခါတွင်လည်း မသိကြသူတွေ ချည်းပင်။ အချို့ကတော့ ဟိုနေရာ ညွှန်လိုက်၊ ဒီနေရာညွှန်လိုက် သူသွား ရှာပြန်သော်လည်း မတွေ့ပါ။ ရန်ကုန်မြို့ကြီး ထဲတွင် လူပျောက် တစ်ယောက် ကို ရှာရ၊ ဖွေရသည်မှာ၊ မလွယ်ကူပေ။ ရင်ထဲမှာ တဆစ် ဆစ် ဝေဒနာတွေကို မျိုသိပ် ရင်း အခွင့်သာတိုင်း ‘တန်ခူး’ကိုရှာနေ မိသည်။ သင်္ကြန်ရောက်တိုင်း

‘တန်ခူး’များ သင်္ကြန် ပိတောက်ပန်း တွေ ရောင်းနေမလားဟု ဆိုကာ ရှာဖွေကြည့် မိပေမဲ့ ပျောက်သော သူကတော့ ရှာမတွေ့သေးပဲ ဝေးဝေးလို့နေလေပြီ။

(၅) နှစ် ဆိုသော အချိန် ကာလ တွင် သူလည်း ပညာတွေ အတော် စုံအောင် တတ်နေပြီ။ ဖေဖေ တို့နှင့် အတူတူ တွဲပြီး ကုမ္ပဏီတွင် စီမံခန့် ခွဲ အုပ်ချုပ်နိုင်နေပြီ။ သူ စီးပွားရေး လုပ်ငန်းတွေ ကို လုပ်ကိုင်ရင်း၊ တန်ခူးကို အမြဲလိုလို သတိရမိ သည်။ ခုဆို ဘယ်တွေ ရောက်ပြီး၊ ဘာတွေ ဖြစ်နေပြီလဲ မသိပါ။ သံယောဇဉ်ကြိုး က ‘တန်ခူး’ကို မတွေ့ ရမချင်း၊ ဘယ်လိုမှ ဖြတ်၍ မရပါ။ အလုပ်တွေ မအားသော ကြောင့် ‘တန်ခူး’ကို ဆက်ပြီး မရှာ နိုင်ခဲ့ပါ။

သင်္ကြန်ရောက်တိုင်း၊ ပိတောက်ပန်းတွေ ကို မြင်တိုင်း ပို၍ ပို၍သတိရနေမိသည်။ မကြာခင် သင်္ကြန်တောင် ရောက်တော့မည်။

ကုမ္ပဏီက ပြန်လာသောအခါ ကားလမ်းတွေ ကျပ်သဖြင့် ရွှေတိဂုံ ဘုရားဘက်မှ ကားမောင်းပြီး ပြန်လာ ခဲ့သည်။ အရှေ့ဘက်မုခ် နား အရောက်တွင် ပိတောက်ပန်း တွေ တစ်ပွေ့ တစ်ပိုက်နှင့် တက္ကစီပေါ် မှ ဆင်းကာ ရွှေတိဂုံ ဘုရား အရှေ့ဘက် ဓာတ်လှေကား ဆီ လျှောက်သွားသော မိန်းကလေးကို တွေ့လိုက်ရ၍ ကားကို ရှေ့ ဆက်မောင်း ပြီး ပြန်ကွေ့ကာ ကားပါကင်တွင် ရပ်လိုက်ပြီး ဓာတ်လှေကား အနီး တွင် ရှာလိုက်မိသည်။ မတွေ့ပါ။ ရင်တွေတောင် တဖျပ်ဖျပ် ခုန်လာ သည်။

ထို့နောက် ဓာတ်လှေကား စီးပြီး ရင်ပြင်တော်ပေါ်သို့ တက်လာခဲ့ သည်။ နေရာ အနှံ့ ရှာလိုက်မိသည်။ မတွေ့ပါ။ တထိတ်ထိတ် ခုန်နေသော ရင်ခုန်သံတွေတောင် ရပ် ချင်ချင် ဖြစ်သွားသည်။ ရွှေတိဂုံဘုရား ကို တစ်ပတ်ပြီး တစ်ပတ်လျှောက်နေ မိ သည်။

တနင်္လာထောင့်ကို အကြည့်က ဖျတ်ခနဲ ရောက်သွားသည်။ ဆံပင် အရှည်ကြီးနှင့် မိန်းကလေး။ ပိတောက်ပန်းတွေကို လက်ဝါးနှစ် ဖက်ကြားတွင် ညှပ်ပြီး ဘုရား ရှိခိုး နေသော မိန်းကလေးကို တွေ့ပါ ပြီ။

‘တန်ခူး’ ဟုတ်မဟုတ်တော့ မသိပါ။ အသာလေးယောင်လည် လည်နှင့် ထိုမိန်းကလေး အနားတွင် ရပ်ကာ စောင့်ကြည့်နေမိသည်။

ထိုမိန်းကလေး က ပိတောက် ပန်းတွေ၊ သွားကပ်ပြီး ပြန်လှည့်လာ သည်။ မျက်ဝန်းတောက်တောက် လေးတွေက သူ့ဆီ ဖျတ်ခနဲ အကြည့် ရောက်လာသည်။ တန် ခူးနှင့်တော့ တော်တော်လေး ကို တူသည်။

နှစ်ဦးသား အတော်ကြာ အောင် စိုက်ကြည့်နေမိသည်။ လှလိုက်တဲ့ မိန်းကလေးရယ်။ မင်းက တန်ခူးလားဟင်။

နှင်းဆီပန်းနုရောင်နှုတ်ခမ်း စိုစိုအိအိလေးက၊ တဖျပ်ဖျပ်လှုပ် လာပြီ…”အာကာ….အာကာ လားဟင်”

”တန်ခူး ဟုတ်ပါတယ်နော်”

ပြုံးပြီး ခေါင်းညိတ်ပြသော

‘တန်ခူး’၏ အဖြေ စကားကြောင့် သူ အတိုင်းမသိ ဝမ်းသာ သွားရသည်။ ရှာလိုက်ရတာ တန်ခူးရယ် ဟု အကျယ်ကြီး အော်ပြောလိုက်ချင် ပေမဲ့ ဝမ်းသာလုံးတွေ တစ် ဆို့ နေတာကြောင့်မို့ ဘာသံမှ ထွက် မလာပါ။ ဒီတစ်ခါတော့ ‘တန်ခူး’ ကို လုံးဝ အပျောက် မခံတော့ဘူးဟု ဆုံးဖြတ်လိုက်မိသည်။

”အာကာ တို့နဲ့ မတွေ့တာ တောင် တော်တော် ကြာသွားပြီ နော်”

”တန်ခူးက ခြေရာဖျောက်သွား တာလေ”

တန်ခူးက ရယ်ရင်း

”ဘဝဆိုတာ ကြိုးစားရုန်း ကန်နိုင်မှ၊ ထိုက်တန်တဲ့ ဘဝစစ်ကို ရတာလေ အာကာရဲ့။ တန်ခူးက အလှသမား မဟုတ်တဲ့ ဘဝသမား ဆိုတော့ အားလုံး နဲ့ အဆက်ပြတ် နေ တာပေါ့။ တန်ခူးက အာကာ့ကို လာမရှာရဲဘူးလေ”

သူ ရင်ဆို့သွားသည်။ ငယ်စဉ် က တန်ခူး၏ ဘဝလေးကို ဖျတ်ခနဲ ပြေးပြီး မြင်ယောင်ကာ အရမ်းသနား သွားမိသည်။ ‘ဒီတစ်ခါတော့ မင်း ရဲ့ ပင်ပန်းနေတဲ့ ဘဝလေးကို ကိုယ့် ရင်ခွင်ထဲ မှာ ခိုလှုံခွင့်ပေးပါ့မယ် တန်ခူးရယ်’ ဟု စိတ်ထဲ မှာ ပြော ကာ၊ သက်ပြင်းလေး ချရင်း၊ တန်ခူး ကို ပြုံးပြလိုက်မိသည်။

”တန်ခူး အလုပ်တွေ အများ ကြီး ပင်ပင်ပန်းပန်း လုပ်ခဲ့ရမှာ ပေါ့နော်”

”ဟုတ်တယ်… အရမ်းပင် ပန်းပေမဲ့ စီးပွားရေး ဘွဲ့ရအောင် ယူနိုင်ခဲ့တယ်။ ပြီးတော့ စီမံ ခန့်ခွဲမှု သင်တန်းတွေလည်း တက်နိုင်ခဲ့တယ် လေ။ တန်ခူးရဲ့ ကြိုးစား အားထုတ် ခဲ့တဲ့ အကျိုးက၊ တန်ခူးကို လူရာ ဝင်ဆန့်နိုင်စေခဲ့တာပေါ့။  ကြိုးစားမှု တွေသာ မရှိခဲ့ရင် တန်ခူး ရဲ့ဘဝက လမ်းဘေး မှာပဲ ဖြစ်နေမှာ”

ယုံကြည်ချက်တွေ ပြည့်နှက် နေသော တန်ခူး၏ မျက်နှာလေး ကို ကြည့်ရင်း တန်ခူးကို လွမ်းဆွတ် သတိ ရကြောင်းတွေထက် တန်ခူး ကို ငယ်စဉ် ကတည်းက ခုချိန်ထိ ချစ်နေမိတဲ့ အကြောင်းတွေကို အမြန်ဆုံး ဖွင့်ပြောရန် ဆုံးဖြတ်လိုက် မိသည်။ ခုတော့ ကြည့် လို့မဝ၊ ရှူလို့ မဝနိုင်သေးပါ။
”တန်ခူး”
ခေါ်သံကြောင့် နှစ်ဦးသား အနောက်ဘက် သို့ လှည့်ကြည့်လိုက် သည်။ ဖြူဖြူချောချောနှင့် သူတို့ နှင့်ရွယ်တူ လူတစ်ယောက်။
”ရှာလိုက်ရတာ၊ တန်ခူးက တနင်္လာထောင့်ကို ရောက်နေတာ ကိုး”
”ဟုတ်တယ် မောင်ရဲ့၊ နေ့နံ တွေ အလိုက် ပိတောက်ပန်းတွေ လိုက်လှူနေတာလေ။ အော်…မောင့်ကို မိတ်ဆက်ပေး ရဦးမယ်။ ဒီမှာလေ.. တန်ခူး ပြောပြောနေတဲ့ တန်ခူး ရဲ့ ငယ်သူငယ်ချင်း အာကာ တဲ့။ ဒီမှာ မထင်မှတ်ဘဲ ပြန်တွေ့ တာလေ။ အာကာ…သူက တန်ခူး ရဲ့ ချစ်သူ ကိုမိုးယံတဲ့။ သင်္ကြန် ပြီးရင် မင်္ဂလာဆောင်တော့ မှာလေ။ ဒီနေ့ သူ့ကုမ္ပဏီက ဝန်ထမ်း တွေကို အစည်းအဝေး လုပ်နေလို့ တန်ခူးက တစ်ယောက်တည်း အရင် လာခဲ့တာ။ ခုမှ အစည်းအဝေး ပြီးလို့ လိုက်လာတာ။ အာကာ။ တန်ခူးရဲ့ မင်္ဂလာပွဲ ကို လာရမယ်နော်…”

‘တန်ခူး’၏ အသံတွေက သူ့ နားထဲတွင် ကြား တစ်ချက် မကြား တစ်ချက်။ ဘာတွေ ပြောနေလို့ ဘာ  တွေဖြေလိုက်မှန်း မသိတော့ပါ။ တန်ခူး တို့က နှုတ်ဆက်ပြီး သူ့အနား မှ ထွက် သွားကြသည်။ သူဘာဖြစ် သွားမှန်း မသိတော့။ သင်္ကြန်အကြို မိုးဖွဲလေးတွေက တဖွဲဖွဲနှင့် သူ့ကိုယ် ပေါ်ကို ကျလာသည်။ စောစောက ပျော်ရွှင် ရင်ခုန်ခဲ့ ရသော ကြည်နူးမှု လေးတွေ အားလုံး၊ မိုးရေတွေနှင့် အတူတူ မျောပါကုန်ပြီ။ သင်္ကြန် ရောက်တိုင်း လွမ်းနေရသော ဝေဒနာတွေ ကို တန်ခူး ကိုယ်တိုင် တိတိကျကျ အဖြေပေး လိုက်ပါပြီ။ ချစ်ခွင့်လေးတောင် မပန် လိုက်ရပါ ပဲနှင့် အသည်း ဟက်တက်ကွဲသွား သော သူ့အဖြစ် ကို တန်ခူးကတော့ သိလိမ့်မည် မဟုတ်ပါ။

ဘဝ သမားလေး တန်ခူးက၊ သူ့အကြောင်း ကို အမြဲပြောပြောနေ တယ်တဲ့လား။ ဒါဆို တန်ခူး အခက်ခဲဆုံး အပင်ပန်းဆုံး အချိန်တွေမှာ တစ်ဦးတည်းသော အားကိုး ရာဖြစ် တဲ့ သူ့ကို ဘယ်လောက်တောင် သတိရနေမလဲ ဟု တွေးမိရင်း၊ ရင် ထဲက ပိုပြီး နာကျင်လာသည်။

သူ့ကို သတိ ရနေသော မိန်းကလေးကို ဘာကြောင့်များ တွေ့အောင် မရှာခဲ့တာလဲဟု သူ့ ကိုယ်သူ မေးခွန်းတွေ ထုတ်နေမိ သည်။ သင်္ကြန်မိုး က ဖွဲဖွဲလေးရွာနေ ရာမှ ဝေါ ခနဲ ရွာချ လိုက်လေသည်။

ဒါဆို နောက်နေ့ ပိတောက် တွေ လှိုင်လှိုင် ပွင့်တော့မည်။ ပိတောက်တွေ ပွင့်တိုင်း သူမြတ်နိုး စွာ ချစ်ခဲ့ရပြီး တွေ့အောင် မရှာနိုင် ခဲ့သောကြောင့် လက်လွှတ် ဆုံးရှုံးခဲ့ ရသော တန်ခူးကို ထာဝရ သတိရ နေဦးတော့မှာပါ။

လိုချင်တာကို ရအောင် မရှာနိုင် ခဲ့သော သူ့အဖြစ်ကို သူ ဘယ်တော့ မှ ခွင့်မလွှတ်နိုင် လောက်အောင် သင်ခန်းစာ ရသွားခဲ့ပြီ။ ပိတောက် တွေပွင့်တိုင်း တန်ခူးကို သတိ ရနေ ဦးတော့မှာပါ။ ပြီးတော့ သူ တကယ် မြတ်မြတ်နိုးနိုး၊ လိုချင်သော အရာရှိလျှင်လည်း ရအောင် ယူနိုင်ဖို့ ကြိုးစားရဦးမည်။

စူးရှမြတ်မြတ်

အဖြေ

$
0
0

သစ်ရွက်တစ်ရွက် မြေပေါ်ကြွေတော့
လေတိုက်လို့လား
ငှက်နားလို့လား

မသဲကွဲတဲ့ အမေးတွေနဲ့
အဖြေညှိစရာ ဘာလိုလို့တုံး
နိယာမအခြေမခိုင်
ကြွေချိန်တန်ကြွေလိမ့်မပေါ့

ဒီအတွက်အဖြေရှာ
မောရန်သာရှိလိမ့်မယ်
ဖြစ်ချိန်မှာ ဖြစ်ခဲ့ပြီမို့
ပျက်ချိန်မှာ ပျက်ရတယ်
မမြဲတဲ့ အဖြေပဲ

လင်းဆုကြယ်


ခေတ်သစ်သင်္ကြန်ပုံရိပ်

$
0
0


မြန်မာနှစ်သစ်ကူး
ရွှင်မြူးတူပျော် အတာရေသဘင်ပွဲတော်
မိုးခေါ်ပိတောက်ပန်း
လမ်းတစ်လျှောက်
ထိန်ဝါတောက်ပွင့်လန်းဝေဆာ
မျှော်ရှာသူအဖို့
တစ်နှစ်ကုန်ပြောင်း
အတိတ်တွေ ပိုဟောင်းသွားခဲ့ပြီ။
အကောင်းအဆိုး ဒွန်တွဲ
အကြောင်းအကျိုး ရှိဆဲ
ပျော်ရွှင်နွှဲ ရက်မြတ်မင်္ဂလာ
သံချပ်ထိုးသံများနဲ့
ဒီဂျေ တေးသွားတို့ အပြိုင်
မြိုင်မြိုင်ဆိုင်ဆိုင်
စတိုင်အမျိုးမျိုးဖမ်း
အလန်းဇယားခင်းနေလည်း
ရိုးဂုဏ်တွေပျောက်ဆုံးနေတဲ့
သံစဉ်လှိုင်းတွေကြားမှာ
အနှစ်သာရရှိမယ့် အရိပ်တစ်ခုကို
လိုချင်စိတ်ပြင်းပြကာ လိုက်ရှာနေသူ
ကိုယ့်အဖို့မူ
လမ်းမထက်မှာ
မြေခိုးငွေ့ရည်စက် စိုတွဲခိုလျက်
ပိတောက်ပန်းခြောက်တစ်ခက်ဖြစ်ခဲ့ပြီ။

ထက်သခင်(သုံးဆယ်)

နွေဦးကဗျာ

$
0
0

ဇာတ်ညွှန်းအသစ်မလိုဘူး
မဲပြာပုဆိုး ဆက်တင်တွေမှာ
ပိတောက်တွေ မှိုလိုပေါက်ခဲ့
အဝါရောင်မြင်ကွင်းတွေထဲ
အက်ရှင်အပြည့်နဲ့ ငုခမျာ
စိတ်မကောက်တတ်တဲ့ ဇာတ်ပို့၊ ဇာတ်ရံ
အသံတွေ ကြားနေရတယ်။
အသားတွေ ယားကျိကျိနဲ့
ဒီပိုးက ကလိတယ်။

မြို့မငြိမ်း…တဲ့
ကိုဇော်ဝမ်း…တဲ့
လွမ်းစရာ့ ပင့်သက်တွေ
ရေတစ်ခွက်နဲ့ ဆေးကြောမိ
သပြေခက်နဲ့ ဆေးကြောမိ
လူတွေ ရေစိုကုန်ပြီလား
လမ်းတွေ ရေစိုကုန်ပြီလား
သင်္ကြန်အထာနဲ့
ကဗျာတစ်ပုဒ် ရေးဦးမယ်။

မောင်သွေးချစ်(ရေနံချောင်း)

ကြားနေကျကို ကိုယ်တိုင် ကြုံတဲ့အခါ

$
0
0

ရိုးရိုးလေးတွေးပြီး ရေးတာတောင်မှ
ရွေးရွေးပြီး ပါမလာတာတွေအများကြီး

သူတကာထက် ရှေ့ရောက်ဖို့ တွန်းကန်အားမှာ
သွက်သွက်လက်လက် လှုပ်ရှားနေကြလို့

အမိုးအကာမလုံတဲ့ ရက်စွဲလွန် အဖြစ်အပျက်တွေအတွက်
အက်ဆေးတစ်ပုဒ် ကောင်းကောင်းလေး ရေးဖွဲ့လည်း

တနင်္ဂနွေရဲ့ တိမ်ထူထပ်မှုက
တိုးတိုးတိတ်တိတ် မှတ်တမ်းမဟုတ်ခဲ့

စာမျက်နှာထဲ ကမ္ဘာကြီးစောင်းနေတာကို
စောစောစီးစီး ရွှေ့ပေးဖို့ ကြိုးစားရင်း

ပြောပြောပြီးပြီးသွားတဲ့
ပုံပြင်ဟောင်းတချို့က သက်တမ်းတိုစွာ

မရေမရာအတွေးတွေနဲ့ ခြေလှမ်းသစ်တိုင်း
မင်နီတွေ အခြစ်မခံရစေဖို့

ဘယ်သူတွေဘာပြောပြော
ဘာသာစကားတွေ အမျိုးမျိုးကွဲနေကြမှတော့

လာရာမတူလို့
လားရာခြားခဲ့ကြတဲ့ဘဝတွေထဲ
မလိုချင်တဲ့ အမှိုက်တွေဝေးဖို့
လိုချင်တဲ့အပင်တွေ ပြောင်းစိုက်ကြစို့။

ဆွေရည်ရွယ်အောင်

လွမ်းဒဏ်သင့်သော ဥသြငှက်

$
0
0

 

”ဥသြငှက်တွန်သံ
အချိန်မှန်နံနက်ခင်း
ရင်ခုန်သံခပ်ပြင်းပြင်းနဲ့
အလွမ်းသီချင်းသီပြ ရှာသလို့

တစ်ခါတစ်ခါ
ကဗျာဆရာရဲ့ ရင်ခုန်သံက
အလွမ်းဒဏ်သင့်ငှက်လို
ခံစားချက်လွမ်းတေးတစ်ပုဒ်
ရင်ထဲက ဖမ်းဆုတ်မိတဲ့အခါ
လွမ်းစရာရှိလည်း
လွမ်းကြည့်လိုက်တာပါပဲ

စိတ်ထဲအရသာတစ်မျိုး
ခံစားရကျိုးနပ်ဖို့
လွတ်လပ်တဲ့ကာရံနဲ့
လွမ်းဒဏ်သင့်ငှက်ပမာလို
ကဗျာဆရာမှာ
ကဗျာဈာန်ဝင်စားကြည့်
ကဗျာတစ်ပုဒ်စပ်မိရဲ့”

ကျော်လွင်ဦး(ပျဉ်းမနား)

ရာဇဝင်

$
0
0

ပန်းတစ်ပွင့်…
သူ့အလှဖြင့် ဂုဏ်တင့်တယ်တာမို့
လုံမလေး ခူးကာ ပန်ဆင်တယ်။
မခြွေဘဲ ကြွေရခြင်းထက်
တစ်ပါးသူအတွက် အလှကူတာ
ပန်းဖြစ်ရကျိုး နပ်လှတယ်…။
သစ်ရွက်ကလေး…
စိမ်းစိုတုန်း ရှုမဆုံးပါလို့
အမြင်အေးစေတယ်။
ဓမ္မတာအတိုင်း ခြောက်သွေ့ကြွေကျ
ဆွေးမြည့်ကာ မြေသြဇာ ဖြစ်ရတာ
သစ်ရွက် ဖြစ်ရကျိုး နပ်လှတယ်…။
လူတစ်ယောက်…
အဆင်းမရှိလည်း အချင်းပြည့်တာမို့
လောကအလှဆင်နေတယ်။
အချိန်တန်လို့ နေဝင်သွားလည်း
တွင်ကျန်မှာ သူ့အချင်းမို့
လူဖြစ်ရကျိုးနပ်လှတယ်…။

 နောင်မွန်း

Viewing all 1097 articles
Browse latest View live