Quantcast
Channel: Yati Magazine
Viewing all 1097 articles
Browse latest View live

ခေတ်ကို ဖြတ်သန်းရင်းထားရစ်ခဲ့သည့် အလှတရားများ

$
0
0

အမျိုးသမီးတို့သည် လူ့လောက၏ အလှ ရတနာများ ဖြစ်ကြသည်။ လောက၏ မွှေးသော လှသော ပန်းကလေးများကဲ့သို့ လောကကို အလှ ဆင်နိုင်သည်။ လောက၏ ရှင် သန်မှုကို ဖန်ဆင်း နိုင်သည်။ မျိုးဆက်သစ်များအား လောကအကျိုး ကို ဆက်လက်ထမ်းဆောင်နိုင်ရန်နှင့် ရှင်သန်မှု ရရန် မေတ္တာနို့ရည်တို့ဖြင့် ဖြည့်ကြသူများဖြစ်သည်။ အမျိုးသမီးတို့၏ ဘဝသည် မိုးကောင်းကင်တမျှ ကျယ်ပြန့်သည်။ ကြယ်ပွင့်ကလေးများကို လင်း လက်ခွင့် ပေးထားသည်။ ပင်လယ်သမုဒ္ဒရာတမျှ နက်ရှိုင်းသည်။ လှိုင်းတို့ကို
ရှင်သန်ခွင့်ပေးသည်။ ကခုန်မြူးထူး ပျော်ရွှင်မှုပေးသည်။

လောက၏အလင်းရှင်အဖြစ် ပွင့်ကုန်သော ဗုဒ္ဓဘုရားရှင်တို့၏ ပါရမီဖြည့်ဖက်များ ဖြစ်ကြ သည်။ ဂေါတမဘုရားရှင်ပင်လျှင် အမျိုးသမီးဘဝ ဖြင့် နိဗ္ဗာန်လမ်းကြောင်းကို စခဲ့သည်။ ဒီပင်္ကရာ မြတ်စွာဘုရား နှစ်ပါးပွင့်တော်မူခဲ့သည်။ ရှေးဦး ပွင့်သော ဒီပင်္ကရာဘုရားရှင်ကို ပေါရာဏဒီပင်္ကရာ ဟု ခေါ်သည်။ နောက်မှပွင့်သော ဒီပင်္ကရာ ဘုရား ရှင်ကို ဗျာဒိတ်ပေးဒီပင်္ကရာဟု ခေါ်သည်။ ဂေါတမဘုရားလောင်းသည် သုမေဓာရှင်ရသေ့ ဘဝဖြင့် ဒီပင်္ကရာဘုရားရှင် ကြွတော်မူမည့် လမ်း၌မိမိကိုယ်ကို တံတား ခင်း၍ ဘုရားရှင်နှင့် တကွ သံဃာတော်လေးသိန်း ဖြတ်ကြွတော်မူပါရန် တောင်းပန်သည်။ ဒီပင်္ကရာဘုရားရှင်က သုမေဓာ ရှင်ရသေ့သည် ဘုရားဖြစ်မည်။

ဂေါတမဘုရားဟုတွင်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်။ ထိုသို့ ဗျာဒိတ်ပေးသောကြောင့် ဗျာဒိတ်ပေး ဒီပင်္ကရာ ဟု သိထားကြပါသည်။ ဗျာဒိတ်ပေးဒီ ပင်္ကရာ ဘုရားရှင် မတိုင်မီ ကမ္ဘာများစွာတွင် ရှေးကျသော ပေါရာဏဒီပင်္ကရာ ဘုရားရှင်လက်ထက်တော်၌ ဗျာဒိတ်ပေးဒီပင်္ကရာ ဘုရားလောင်းသည် သာမဏေငယ် ဖြစ်ခဲ့သည်။ သာမဏေ ဘဝဖြင့် နန်းတော်တွင်းသို့ဝင်၍ မုန်ညင်းဆီ အလှူခံသည်။ ဘုရားရှင်တရားဟော သောအခါ မီးအလင်းဖြင့် ပူဇော်ရန် အလှူခံခြင်း ဖြစ်သည်။ ဘုရင့်သမီးတော်လေးသည် သပိတ် တစ်လုံးဖြင့် အလှူခံသော သာမဏေလေးအား အကျိုးအကြောင်း မေးမြန်းပြီး မုန်ညင်းဆီ သပိတ်တစ်လုံး နေ့စဉ်လှူသည်။

သာမဏေငယ် သည် ဘုရားရှင်တရားဟောစဉ် အလင်းရရန် မုန်ညင်းဆီလှူရသော အကျိုးကြောင့် ဘုရားဖြစ် ရပါလို၏ဟု ဆုပန်သည်။ သမီးတော်လေးကလည်း မုန်ညင်း ဆီလှူရသောအကျိုးကြောင့် ဘုရားဆု ပန်သည်။ ထိုအကြောင်းကို ပေါရာဏဒီပင်္ကရာ ဘုရားရှင် သိတော်မူလျှင် သမီးတော်လေးအား ရှေးဦးစွာ ယောက်ျားဆုကို ပန် ရန် ပြောပေးပါဟု သာမဏေငယ်ကို မှာကြားတော်မူသည်။ ကမ္ဘာ များစွာကို ဖြတ်သန်းပြီးနောက် သာမဏေငယ် သည် ဗျာဒိတ်ပေးဒီပင်္ကရာဘုရား ဖြစ်တော်မူလာ သည်။ ထိုအချိန်တွင် သာမဏေငယ်လေးအား မုန်ညင်းဆီလှူဒါန်းခဲ့သော သမီးတော်လေးသည် သုမေဓာရှင်ရသေ့ဘဝနှင့် ဗျာဒိတ်ပေးဒီပင်္ကရာ ဘုရားရှင်ထံ ဘုရားဆု ပန်ခဲ့ သည်။ သုမေဓာ ရှင်ရသေ့ ဘုရားဆုပန်သောအခါ သုမိတ္တာဆိုသည့် အမျိုးသမီးသည် ကြာပန်းခိုင်လှူ၍ ဘုရားရှင်၏ ပါရမီဖြည့်ဖက် ဖြစ်ရပါလို၏ ဆုပန်ခဲ့ပါသည်။ သုမိတ္တာ သည် ယသော်ဒရာဒေဝီအလောင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့၏ သမိုင်းသည် မရိုင်းခဲ့ပါ။

လောကအလင်းရှင် သဗ္ဗညုတရွှေဥာဏ်ရှင် တို့၏ ပါရမီဖြည့်ဖက်များအဖြစ်နှင့် ဘဝအသင်္ချေ ဖြတ်သန်းခဲ့ကြသူများ ဖြစ်ပါသည်။ ထို့အတူပင် ဗုဒ္ဓဘာ သာဝင် မြန်မာ အမျိုး သမီးတို့သည်လည်း ဗုဒ္ဓ၏အဆုံးအမတရားတော်များကို နက်ရှိုင်းစွာ ခံယူနိုင်ခဲ့ကြသည်။ ပုဂံခေတ်တွင် ဗုဒ္ဓသာသနာ ထွန်းကားလာသည်။ ဗုဒ္ဓသာသနာ အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးအတွက် ပုဂံသားတို့ ကြိုးပမ်းရာ တွင် အမျိုးသမီးများလည်း ပါဝင်ခဲ့ကြသည်။ တရားဓမ္မဖြင့် စိတ်အလှကို ထွန်းပစေခဲ့သည်။ မိမိတို့အလှူကို မှတ်တမ်း တင်ရာ၌ ကျောက်ထက် အက္ခရာတင်ခဲ့ကြသည့်အတွက် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးရှိနေသရွေ့ မပျောက်ပျက်နိုင်တော့ ပေ။ ခေတ်အဆက်ဆက် အမျိုးသမီးတို့၏ နှလုံး အိမ် ဆီသို့ ကူးစက်ပျံ့နှံ့လာစေမည့် စိတ်အလှတရားတို့ကို ထားရစ်ခဲ့ပါသည်။

သိင်္ဃသူ့သမီး ကျင်လည်ရသော ခေတ်သည် ပုဂံခေတ်နှောင်းဖြစ်သည်။ ပုဂံမင်းဆက် ကုန်ဆုံး လုနီးနီးဖြစ်သည်။ ကြင်ရာတော်မှာ တရုတ် စစ်လာ၍ ထွက်ပြေးခဲ့ ရသော နှုတ်အကျင့်ဆိုး ကြောင့် သားဖြစ်သူ ပြည်စားသီဟသူ၏ အဆိပ် ကျွေးသတ်ဖြတ်ခြင်းခံခဲ့ရသော နရသီဟပတေ့မင်း ခေါ် တရုတ်ပြေးမင်းဖြစ်သည်။ သိင်္ဃသူ့သမီး မှာလည်း မိဖုရားထဲက မိဖုရားတစ်ပါးသာ ဖြစ်ပေမည်။ နရသီဟပတေ့သည် ဆင်ခြင်တုံ တရား ရှိလှသော မင်းမဟုတ်။ သူချစ်အားတော် ဗလောင်ဆူလှသော မိဖု ရားစော လုံကို ခပ်ကြမ်း ကြမ်းရေပက်စေ၍ အရှက်ရစေသည်။ စောလုံ ရှက်ရပုံသည် သူ့အတွက် ရွှင်ပြုံးစရာ ဖြစ်ရသည်။ စောလုံက ရန်ငြိုးထား၍ အဆိပ်ခပ်သောအခါ စောလုံကို ဖိုတံကျင်ဖြင့် သတ်ခဲ့သည်။ ထိုကဲ့သို့ သော လင်ယောက်ျား၊ ထိုကဲ့သို့သော အနေမတတ် လျှင် သေတတ်သည့် ပတ်ဝန်းကျင်တွင် ကျင်လည် ရသော သိင်္ဃသူ့သမီးသည် တရားအသိရှိလှ သည်။

ရှုပ်ထွေးပူလောင်သော နန်းတွင်းရေးရာများ က သိင်္ဃသူ့သမီးအား တရားအသိပွားစေသည်။ မိမိပိုင် လယ်၊ ဥယျာဉ်၊ ကျွန်အားလုံးကို လှူသည်။ မိဖုရား၊ မောင်းမစသော ဝန်တိုမှုများလှသော ပတ်ဝန်းကျင်ကို အချင်းချင်းမေတ္တာထားတတ်စေ ရန် ”အချင်းချင်း အမျက်အအီတစ်စေ့ မရှိ၊ ချစ်သော မျက်စိဖြင့် ရှုကြရစေ၏” ဟု မေတ္တာ မျှဝေ ဆုတောင်းပေးခဲ့သည်။ ဆုတောင်းရာ၌

”ငါလည်း ရမ္မက်ကြီးသော၊ မရောင့်ရဲတတ်သော၊ အမျက်ကြီးသော၊ သူတစ်ထူးကို ညှင်းဆဲတတ် သော၊ ပညာမရှိသော၊ မိုက်သော၊ ဝန်တိုသော၊ အပေးအကမ်းမရှိသော၊ သစ္စာမရှိသော၊ ပျက်တတ်သော၊ မမေ့လျော့သော၊ အောက်မေ့ တသကင်းသော မဖြစ်မူ၍ ရမ္မက်နည်းသော၊ ရောင့်ရဲလွယ်သော၊ အမျက်နည်းသော၊ သနား တတ်သော၊ ပညာရှိသော၊ အကြောင်းကိုသိသော၊ ဝန်မတိုသော၊ အပေးအကမ်းရှိသော၊ သစ္စာရှိ သော၊ မပျက်တတ်သော၊ မေ့လျော့သော၊ အောက်မေ့တသရှိသော၊ ဤ သို့ေ သာ ကျေးဇူး တို့နှင့် ပြည့်စုံလျက် သံသရာ၌ ကျင်လည်၍ မေတ္တေယျဘုရား မျက်မှောက်ကင်္ကာလျှင် မြတ် သော အကျွတ်တရား ရလိုသတည်း” ဟု ရေးသားခဲ့ ပါသည်။ သိင်္ဃသူ့သမီး၏ စိတ်အလှ သည် သူ့လောကကို ရင်ဆိုင်ရင်း တရားအသိနှင့် ဆင်ခြင်ရင်း ရခဲ့ခြင်းဖြစ်ပါသည်။ ထိုစိတ်အလှစံ သည် မြန်မာတို့၏ စိတ်အ လှစံ ပင် ဖြစ် ပါ သည်။

ပုဂံခေတ်၏ လေးစားစရာအလှူရှင်တစ်ဦး မှာ ကျစွာမင်း၏မိထွေးတော် ဖြစ်ပါသည်။ ငယ်စဉ်ကပင် မိခင်သေဆုံးသွားသည်။ ကျစွာမင်း အလောင်းမင်းသားငယ်အား သား အရင်းပမာ စောင့်ရှောက်ခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦး၏ မေတ္တာစိတ်ကို ကျစွာမင်းမိထွေးတော် ကျောက်စာ၌ ကျစွာမင်း၏အပြောဖြင့် ”ငါ့မိကိုကား ငါမသိလိုက်၊ ငါ့မိေ ထွးမွေး၍ ငါကြီး၏” ဟု ရေးသား ထားပါသည်။ ကျစွာမင်းကိုယ်တိုင်ကပင် မိထွေး တော်၏ မေတ္တာစိတ်ကို အသိအမှတ်ပြုခဲ့ရသည်။ မင်းဖြစ်သောအခါ မိထွေးတော်အား အိမ်ပေး တော်မူသည်။ အိမ်၌ ခိုင်းစေရန် ကျွန်လည်း ပေးတော်မူသည်။ မိထွေးတော်သည် အိမ်၊ ကျွန် တို့နှင့် နေသည်။ ခိုင်းစေသည်။ မင်း၏ကျေးဇူး တုံ့ပြန်မှုအပေါ် သာ ယာရင်း၊ ဝင့်ကြွားရင်း ဘဝသံသရာ၌ နစ်မွန်းနေသူမဟုတ်ပါ။ စည်းစိမ် ဥစ္စာတို့ကို ကျော်လွန်နိုင်ခဲ့သည်။ လောဘရမ္မက်ကို ဖြတ်သန်း၍ နိဗ္ဗာန်လမ်း ကို ဖြောင့် တန်းစေခဲ့ သည်။ ကြုံတောင့်ကြုံခဲဖြစ်သော သာသနာ၌ အနှစ်သာရရှိရှိ နေထိုင်သွားနိုင်ခဲ့သည်။

စည်းစိမ်ကြားမှ မြတ်သော အသိတရား မွေးဖွားလာပုံကို ကျောက်စာ၌ ”အိမ်လည်း ငါနေ ၏။ ကျွန်လည်း ငါစေ၏။ လယ်လည်း ငါစား၏။ ဤငါနေသောထက်ကား သီ တင်းပညာရှိသော သံဃာနေသော် မြတ်၏ဟူ၍ ငါတွေးမိရကား ဂူလည်းပြင်၏။ ဂူပြီးရကား ဘုရားလောင်းကို ငါကြား၏”ဟု ရေးသားထားပါသည်။ အိမ်၊ လယ်၊ ကျွန်တို့ကို မိမိအသုံးချခြင်းထက် သံဃာတော် တို့အား ပေးလှူခြင်းဖြင့် သာသနာအရှည်တည်တံ့ ရေးအတွက် အထောက်အပံ့ပြုနိုင်မည်ဟု တွေး မြင်လာပြီး ဘုရားတည်သည်။

ဘုရားတည်ပြီးလျှင် အိမ်ကို ကျောင်းအဖြစ်လှူသည်။ ကျွန်၊ လယ်တို့ ကို သံဃာတို့အတွက် ပေးလှူသည်။ ကျစွာမင်း ကြီးကလည်း သဘောတူခဲ့ပုံတို့ကို မှတ်တမ်းတင် ထား ခဲ့ပါသည်။ ကျေးဇူးသိသူနှစ်ဦး၏ ဂုဏ်ရည် ကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ကျစွာမင်း သည် မိထွေးတော်၏ကျေးဇူးကို သိသကဲ့သို့ မိထွေးတော်သည်လည်း ရတ နာသုံးပါး၏ ကျေးဇူး ကို သိသူဖြစ်ပါသည်။

ပုဂံခေတ်အမျိုးသမီးများသည် ဗုဒ္ဓ၏တရား အရိပ်ကိုမှီ၍ ယနေ့မြန်မာနိုင်ငံအတွက် ဂုဏ်ယူ စရာ ဗုဒ္ဓသာသနာကို ထွန်းပစေခဲ့သည်။ ဘုရား ကျောင်းစသည့် ယဉ်ကျေးမှု လက်ရာအစုစုကို သက်သေအဖြစ် ထားရစ်ကာ ပုဂံခေတ်မြန်မာ နိုင်ငံ၏ ကြီးကျယ်ခမ်းနားတင့်တယ် ဖွယ်ရာများကို ပြထားရစ်ခဲ့ကြပါသည်။ အင်းဝခေတ်သည် စစ်ခေတ်ဖြစ်သည်။ စစ်ဘက်ခေတ်၌ ပဒေသရာဇ်မိသားစုများတွင် မိန်းမသားများသည် ဘဝနှင့်နှလုံးသားကို စတေး ခဲ့ကြရသည်။ မင်းယောက်ျားတို့သည် ရာဇမာန် ဖြင့် စစ်ခင်းခဲ့ကြပြီး စစ်ရှုံးလျှင် စစ်ပြေငြိမ်းရန်သမီး၊ နှမတို့ကို တစ်ဖက်ရန်သူအား ဆက်သခဲ့ ကြသည်။ စစ်ပြေငြိမ်းရန်အတွက် လက်ဆောင် ပစ္စည်းအဖြစ် ဟံသာဝတီ ဘုရင်မကြီး ဖြစ်လာမည့် ရှင်စောပုသည် အင်းဝဘုရင်ဆင်ဖြူရှင် သီဟသူ အား ဆက်သခြင်းခံခဲ့ရသည်။ ရှင်စောပုသည် မွန်ဘုရင် ရာဇဓိရာဇ်နှင့် တလသုဒ္ဓမာယာမိဖုရား တို့၏ သမီးတော်ဖြစ်သည်။ ခမည်းတော်ရှိစဉ်ကပင် တူတော်သမိန်စည်သူနှင့် လက်ဆက်ပေးခဲ့ သည်။ အသက် ၂၅ နှစ်တွင် ကြင်ရာတော် သမိန်စည်သူ နတ်ရွာစံ၍ သားသမီးများနှင့်အတူ မောင်တော် ဗညားရံနှင့် နေရသည်။ ဟံသာဝတီ ဘုရင်ဗညားရံနှင့် အင်းဝဘုရင် ဆင်ဖြူရှင်သီဟသူ တို့ စစ်ဖြစ်ပွားသည်။

စစ်ပြေငြိမ်းရန်အတွက် နှမတော်ရှင်စောပုကို ဆင်ဖြူရှင်သီဟသူအား ဆက်သသည့်အတွက် အသက် ၂၉ နှစ်တွင် ဆင်ဖြူရှင်၏ မိဖုရားဖြစ်ခဲ့ရသည်။ ဟံသာဝတီ၌ သား သမီးများကို ထားခဲ့ရသည်။ ရုပ်ရည်ချောမော လှသောကြောင့် ဆင်ဖြူရှင်သီဟသူက မြတ်နိုး တော်မူရာတွင် ရှင်ဘို့မယ်၏ ဝန်တိုမှုကို ခံရသည်။ ရှင်ဘို့မယ်သည် အုန်းပေါင်လယ်သံဘွားနှင့် ပေါင်း၍ ဆင်ဖြူရှင်သီဟသူကို လုပ်ကြံသည်။ ဆင်ဖြူရှင်သီဟသူ နတ်ရွာစံပြီးနောက် ကိုးနှစ် သားအရွယ် မင်းလှငယ် နန်းတက်သည်။

မင်းလှငယ်၏ မိဖုရားအဖြစ် ရှင်ဘို့မယ်နှင့်အပြိုင် ရပ်တည်ရပြန်သည်။ မင်းလှငယ် လုပ်ကြံခံရပြန် သည်။ မင်းလှငယ်လုပ်ကြံခံရပြီးနောက် ကလေး ကျေးတောင် ညိုနန်း တက်ရာတွင် ဆောင်ရနန်းရ မိဖုရားတစ်ပါး ဖြစ်ရပြန်သည်။ မိုးညှင်းမင်းတရား နန်းတက်ရာတွင်လည်း ရှင်ဘို့မယ်နှင့်အတူ မိဖုရားတစ်ပါး ဖြစ်လာရပြန်သည်။

သားသမီးသုံးယောက်ကို ဟံသာဝတီတွင် ထားခဲ့ရပြီး အင်းဝဘုရင်တစ်ပါးပြီးတစ်ပါး၏ မိဖုရားအဖြစ် ပြောင်းလဲခဲ့ရသည်။ ရှင်ဘို့မယ် ကဲ့သို့ အဆိပ်အတောက်ပြင်းသူနှင့် အတူယှဉ်၍ နေရသော ဒုက္ခကလည်း ကြီးလှပါဘိသည်။ မိဖုရားချည်းဖြစ်ရသော ကံကလည်း ထူးလှပါဘိ သည်။ မိဖုရားဘဝ၌ မပျော်နိုင်။ ကိုယ့်ဇာတိမြေ ဟံသာဝတီ သို့ ပြန်ရန်သာ အားသန်နေခဲ့သည်။ ရှင်စောပုသည် လောကဓံကို ကြံ့ကြံ့ခံနိုင်သူဖြစ် သည်။ သတ္တိရှိသူ၊ စွန့်စားရဲသူလည်း ဖြစ်သည်။ ရှင်စောပုသည် ရဟန်းတော်နှစ်ပါး၏ အကူအညီ ဖြင့် မိုးညှင်းသတိုးအပေါ် ပရိယာယ်သုံးကာ ချိပ်ရည်ကိုဖျော်သောက်၍ သွေးဝမ်းကျဟန် ဟန်ဆောင်ခဲ့သည်။ နန်းတော်ပြင်ပသို့ထွက်၍ ဆေးဝါးကုသခွင့်ရခဲ့ရာ ရှင်ဓမ္မဓရနှင့် ရှင်ဓမ္မဥာဏဆိုသည့် ရဟန်းတော်နှစ်ပါး၏အကူအညီ ဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ အစ်ကို တော်ဗညားရံ နတ်ရွာစံသည်။ ဗညားကျန်း လုပ်ကြံခံရ သည်။

ရှင်စောပု၏သားတော် ဗညား ပရူပင် ၄ နှစ်သာ စံပြီး လုပ်ကြံခံရပြန်သည်။ ရှင်စောပုသည် အသက် ၅၉ နှစ်အရွယ်တွင် ဟံသာဝတီ၏ ဘုရင်မကြီးဖြစ်လာသည်။ မြန်မာ့ သမိုင်းတွင် တစ်ဦးတည်းသော ဘုရင်မကြီးဖြစ် သည်။ ရွှေတိဂုံစေတီတော်ကြီးကို ပြုပြင်မွမ်းမံ တော်မူခဲ့သည်။ အသက်အရွယ်ကြီးရင့်လာသော အခါ မိမိအားကူ ညီ ခဲ့သော ရဟန်းတော်ရှင်ဓမ္မဓရ အား လူဝတ်လဲရန် တောင်းပန်ပြီးလျှင် သမီးတော် နှဲတကာသင်နှင့် ထိမ်းမြားပြီးလျှင် ဟံသာဝတီ ထီးနန်းကို လွှဲအပ်ပေးခဲ့ပါသည်။ ရှင်စော ပု၏ခမည်းတော် ဟံသာဝတီဘုရင် ရာဇာဓိရာဇ်သည် အင်းဝနှင့် အနှစ်လေးဆယ် ကြာ စစ်ပွဲဆင်နွှဲခဲ့သည်။ စစ်ကိုချစ်သူ မင်းဧကရာဇ်ဖြစ်သည်။ စစ်အတွက် အား ကိုးရ သည့် သူရဲကောင်းများကို မယားထက်ချစ်ခဲ့သူ ဖြစ်သည်။ သူရဲကောင်းလဂွန်းအိမ်က တောင်းဆို သည့်အတွက် ရှင်စောပု၏မယ်တော် တလသုဒ္ဓ မာယာကို လဂွန်း အိမ်သို့ ပေးအပ်ခဲ့သည်။ လဂွန်းအိမ်က အရှင်သခင်ကို အချစ်စမ်းခြင်းသာ ဖြစ်၍ လက်မခံခဲ့ပေ။ ငယ်ဘဝအတွေ့အကြုံက ရင့်နင်စရာဖြစ်သကဲ့သို့ မိမိဘဝမှာ လည်း ငြိမ်း ချမ်းရေးအတွက် ဘဝနှင့်နှလုံးသားကို စတေး ခဲ့ရသည်။ အင်းဝ၌ အာဏာယစ်မူးလုယက် သတ်ဖြတ်သူများကြားတွင် ကြားမညပ်အောင် မငြိ တွယ်အောင် ထိန်း သိမ်းနေ ထိုင်နိုင်ခဲ့သည်။ လောကဓံကို ရင်ဆိုင်ရဲသလို တရားအသိကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ အင်းဝခေတ်၏ အလှစစ်စစ် ပိုင်ရှင်မိန်းမ သားဖြစ်ပါသည်။

တောင်ငူခေတ်သည် စစ်ခေတ်ပင်ဖြစ်သည်။ စာဆိုအများစုမှာလည်း စစ်သည်စာဆိုများသာ ဖြစ်သည်။ မင်းမှုထမ်းများသာ ဖြစ်ကြသည်။ နဝဒေး၊ နတ်သျှင်နောင်၊ ရှင်သံခို၊ မင်းဇေယျ ယန္တမိတ်စသည်တို့ ဖြစ်ကြပြီး စစ်ထွက်ရင်း စာဆို ကြသည်။ ရတုကဗျာအဖွဲ့များသည် အမျိုးသမီး စာဆိုများထဲတွင်မူ ပြည်မိဖုရား၊ ပဲခူးမိဖုရားကဲ့သို့ မိဖုရား များ လည်း ပါသည်။ ရဝေရှင်ထွေးမှာမူ ကိုယ်လုပ်တော်တစ်ဦးဘဝနှင့် စာဆိုခဲ့သူဖြစ် သည်။ ရဝေရှင်ထွေးသည် တောင်ငူရွှေနန်းတည် မင်း၏ အမတ်ကြီးတစ်ဦး၏ သ မီးထွေးဖြစ်သည်။ ရေဝေရွာဇာတိဖြစ်၍ ရေဝေရှင်ထွေးဟု တွင်ရာမှ ရဝေရှင်ထွေးဖြစ်လာသည်ဟု ဆိုကြသည်။ အချို့ ကလည်း နန်းတွင်းသူဖြစ်၍ ရဝေရှင်ထွေးခေါ် သည် ဟု ယူဆခဲ့ကြပါသည်။

ရှင်ထွေးသည် ဆယ်နှစ်အရွယ်မှစ၍ အန်ချင်းများရေးသားခဲ့ပါသည်။ ပုဂံခေတ် ဆံထုံး ထုံးနည်း ၅၅ မျိုးကိုလည်း အန်ချင်းရေးဖွဲ့ခဲ့ပါ သည်။ ရှင်ထွေးရေးဖွဲ့ခဲ့သော အန်ချင်း ၈၅ ပုဒ် ကိုလည်း သုတေသနပညာရှင်တို့ တွေ့ရှိခဲ့ကြ သည်။ ရတုများလည်း ရေးဖွဲ့ခဲ့သည်။ ရဝေ ရှင်ထွေးသည် ရုပ်ရည်ချောမောသူဖြစ်ကြောင်း အန်ချင်းများအရ သိရ သည့်အပြင် တောင်ငူ ရွှေနန်းတည်မင်းနှင့် သားတော်အိမ်ရှေ့မင်း နတ်သျှင်နောင်တို့၏ ချီးမြှင့်မြှောက်စားခြင်းကို လည်း ခံခဲ့ရသူဖြစ်သည်။ ရဝေရှင်ထွေး၏ စာပေ များ အရ နတ်သျှင်နောင်အပေါ် မေတ္တာတိမ်းညွတ် ခဲ့သည်ဟု အချို့ပညာရှင်များက ယူဆခဲ့ကြပါ သည်။ နတ်သျှင်နောင်သည် ရဝေရှင်ထွေး အဆောင် သို့ ရောက် လာ ဟန်ကို

”ယနေ့ တဆက်၊ ယမန်ရက်က၊ သန်လျက်ကိုင်ကာ၊ မယ်သို့လာ သည်၊ မင်းလျာတစ်မည်၊ ဝတ်ခဲ့သည်ကား၊ နတ်တို့ပုဆိုး၊ တိမ်မီးခိုးတည့်” ဟု ရေးဖွဲ့ခဲ့ပါ သည်။ အရှင်နှင့် ကျွန် ဘဝချင်းမနီးစပ်၍ စိတ်ကို လျှော့ဖြေရဟန်ကို ”အရှင်နှင့်ကျွန်၊ ဘုန်းမတန် သည်၊ မှန်ပေ၏လေး” ဟု ရေးဖွဲ့ခဲ့သည်။ ရင်တွင်းနာကျင်ခံစားရသမျှကို မျက်ရ ည်ဖြင့် ဖြေ သိမ့်ရုံဖြင့် အဆုံးမသတ်ဘဲ ခံစားမှုမှ စီးဆင်း ယိုဖိတ်ကျလာသော စကားလုံးလေးများဖြင့် ဖွဲ့သီထားရစ်ခဲ့ဟန်ကို ”မချစ်ရလည်း မချစ်ချင်၊ နတ်သျှင်မင်းဖျား၊ တရားလျော်စွာ၊ ဥပရာကို ရှိကြာထိပ်စွန်း၊ ပန်းနှယ်ပန်လျှက်၊ ကျွန်နှင့်အရှင်၊ ဆိတ်နှင့်ဆင်သို့၊ ခဲအင်ထွေယူ၊ ဘုန်းမတူသည်” ဟု တွေ့ရပါသည်။

ခြင်္သေ့ဆီသည် သိင်္ဂီရွှေခွက်၌ တည်သကဲ့သို့ နတ်သျှင်နောင်သည်လည်း မဟာဆီမဟာသွေး မင်းသမီးတစ်ဦးဦးနှင့်သာ ထိုက်တန်ကြောင်း ဖြေသိမ့်ရဟန်ကို ”မပန်ရ လည်း၊ မပန်ချင်၊ မဏိမလ္လာ၊ ဂန္ဓာနတ်ဖြစ်၊ ပွင့်ဝတ်သစ်ကို၊ နတ်စစ်သမီး၊ ဘုန်းကြီးနတ်ဖန်၊ ငါနှင်းရန်ဟု၊ ပန်ပစလေ” ဟု ရေးဖွဲ့ထားပါသည်။ နတ်သျှင် နောင်၏မ ယ်ေ တ်ာမိဖုရားကြီးသိ၍ မေးတော်မူ မည်ကိုလည်း စိုးရိမ်မိကြောင်း အားငယ်နွမ်းလျစွာ ရေးဖွဲ့ခဲ့ပါသေးသည်။

နတ်သျှင်နောင်သည် ရဝေရှင်ထွေးနှင့် ရင်းနှီးခဲ့မည်ဖြစ်သော်လည်း ဓာတုကလျာအပေါ် ၌သာ အချစ်ပုံခဲ့သူဖြစ်၍ ရဝေရှင်ထွေးသည် သူခံစားခဲ့ရသော ဖြတ်သန်းခဲ့ရသော အချစ်များ ကို အန်ချင်း၊ ရတုစသည့် အနုပညာများအဖြစ် နှင့်သာ ထားရစ်ခဲ့ရရှာပါသည်။ အနောက်ဘက် လွန်မင်းသည် တောင်ငူကို စစ်နိုင်သောအခါ တောင်ငူ နန်းပေါ် မှန်ကင်းကို ချထားခဲ့သည်။ နတ်သျှင်နောင်အား လက်အောက်ခံပြုခဲ့သည့် လုပ်ရပ်ဖြစ်ပါသည်။ မင်းဇေယျယန္တမိတ်၊ ရှင်သံခို တို့နှင့်အတူ ရဝေရှင်ထွေးကိုလည်း အနောက် ဘက် လွန်မင်းအား လက်ဆောင်အဖြစ် ပေးအပ်လိုက် ပါသည်။ ထိုနည်းဖြင့် နတ်သျှင်နောင်ကိုပါ တောင်ငူ၌ ထားရစ်ခဲ့ပြီး အင်းဝသို့ လာခဲ့ရသည်။ အင်းဝ၌လည်း နှလုံး သားဝေဒနာကို အနုပညာဖြင့် ကုစားခဲ့သော ရဝေရှင်ထွေးသည် ရတုကဗျာ အန်ချင်းများ ဆက်လက်ရေးဖွဲ့နေခဲ့လိမ့်မည်ဟု ထင်မြင်မိပါသည်။

ချစ်ခြင်းကြောင့် သာမန်အရပ်သူဘဝမှ အနောက်နန်းမတော် မမြကလေးဖြစ်ခဲ့ရသည်။ ချစ်ခြင်း၏ နောက်ဆက်တွဲသံသယများကြောင့် ကွပ်မျက်ခြင်းခံခဲ့ရသည်။ အိမ်ရှေ့ မင်းသား သာယာဝတီမင်း၏ ချစ်ခြင်းကို မချစ်နိုင်ပါဟု မမြကြုတ် မငြင်းနိုင်ခဲ့ပါ။ မင်း၏ချစ်ခြင်းတွင် ငြင်းခွင့်မရှိပါ။ ထို့အတူပင် မင်း၏အမုန်းကိုလည်း ငြင်းခွင့်မရှိ ခံ ယူခဲ့ရ ပါသည်။ မင်း၏အမုန်းကို ကာကွယ်ရာတွင် မမြကလေးအဖို့ သူ၏အနုပညာ သည်သာ ဒိုင်းဖြစ်ခဲ့ရပါသည်။ မုန်းပါများလာ သောအခါတွင် အနုပညာဒိုင်းသည် လည်း ကာ ကွယ်နိုင်စွမ်း မဲ့ခဲ့ရပါသည်။ မမြလေးသေသော် လည်း သူ့ဘဝ၊ သူ့နှလုံးသားမှ ပေါက်ဖွားလာ သော အနုပညာပစ္စည်းများသည် ရှင်သန်ဆဲ ဖြစ်ပါသည်။ ပဲ့နင်းမင်းပျံချီနှင့် မယ်အိတို့၏သမီး မမြ ကြုတ်ကို ၁၁၇၁ နှစ်တွင် ဟင်္သာတ၌ ဖွားမြင်ခဲ့ ပါသည်။ မမြကြုတ်၏အလှဂုဏ်သတင်း ပျံ့နှံ့ခဲ့ သည့်အတွက် သာယာဝတီမင်းက သိမ်း ပိုက် ခဲ့ခြင်း ဖြစ်သည်။ အနောက်နန်းမတော်မမြကလေးဘဝ တွင် ပတ်ပျိုး၊ တေးထပ်နှင့် လှေတော်ဆက် သီချင်းသံ၊ ဒွေးချိုးများကို ရေးသားခဲ့သည်။

မြန်မာစာပေသမိုင်းတွင် နန်းတွင်းဇာတ်တော်ကြီး များကို ရေးသားနိုင်သူ အမျိုးသမီးသုံးဦးသာ ရှိခဲ့ပါသည်။ သခင်မင်းမိ၊ အနောက်နန်းမတော် မမြလေးနှင့် သမီးတော် လှိုင်ထိပ်ခေါင်တင်တို့သာ ဖြစ်ပါသည်။ မမြလေးသည် သီချင်းများကို ကိုယ်တိုင်ရေးစပ်နိုင်ရုံသာမက စောင်းတီးနိုင် သူလည်းဖြစ်သည်။ သာယာဝတီမင်းသည် နန်း လုံးနိုးခေါ် မိချောင်းတော်များကို တီးတော် မူသောအခါ မမြလေး၏ သီချင်းများကို တီးလေ့ ရှိသည်။

သာယာဝတီမင်းသည် သားတော်ပြည်မင်း နှင့် အနောက်နန်းမတော် မမြလေးကို ပူးပေါင်း သည်ဟု သံသယရှိကာ အကျဉ်းချထားတော်မူ သည်။ ချစ်သမျှကို ပတ်ပျိုးသည် အမုန်းနှင့်သံသယ နှောင်အိမ်တံခါးများကို ပွင့်စေခဲ့ပါသည်။ ထိုပတ်ပျိုး၌ သူနှင့်သာယာဝတီမင်းတို့၏ အချစ် ကို ”ချစ်သမျှကို မြင်းမိုရ်ရွှေ တောင်လုံးသာပလေး၊ လေးဆူဒီပါ သီတာရေ ဆုံးစေတော့လေး။ အို … ဘယ်မုန်းပါတော့ နိုင်၊ ကပ်လုံးမဆုံးတိုင်တိုင်” ဟူသောအဖွဲ့တွင် အတိသယဝုတ္တိအလင်္ကာများကို ဆက်တိုက်သုံး၍ ထားသည်။

မြင်းမိုရ်တောင်နှင့် နှိုင်းသည်။ ကျွန်းကြီးလေးကျွန်း၊ သမုဒ္ဒရာကြီး လေးစင်းနှင့် နှိုင်းသည်။ ကပ်ကမ္ဘာဆုံးသည့်တိုင် ချစ်ပါမည်ဟု လွန်လွန်ကျူးကျူးရေးဖွဲ့သည်။ သီတာေ ရမြေဆုံးပါစေ မမုန်းနိုင်ပါဆိုသော အတိသယဝုတ္တိ အလင်္ကာမြောက်သည့် အဖွဲ့များ ဖြင့် အချစ်ကို ကြီးကျယ်ခမ်းနားအောင် ရေးဖွဲ့ခဲ့ ပါသည်။ ”ချစ်ချင်း ငယ်ပြိုင်၊ မြစ် မင်းပို င်အဏ္ဏဝါက၊ ပြန်မသာကဲ၊ ယွန်းစေဝသုန်၊ ငွေဝန်းသော်တာ ယုန်သို့၊ ကမ္ဘာ ကုန်ကျယ်သရွေ့ငယ်ကို ဘယ်မေ့ လိမ့်မလဲ” ဆို သော အဖွဲ့တွင်လည်း အတိသယ အ လင်္ကာများဖြင့် အချစ်၏ပမာဏကို ထင်ရှား အောင် ရေးဖွဲ့ခဲ့ပါသည်။ ခံစားမှုမှလာသော အလင်္ကာမြောက်အဖွဲ့များကြောင့် အကျဉ်းတံခါး တို့ ပွင့်ခဲ့ရပါသည်။ သို့ရာ တွင် နောက်တစ်ကြိမ် သံသယတွင်မူ ပြည်မင်းနှင့် ပူးပေါင်းမှုရှိသည်ဟု ဆုံးဖြတ်ကာ သတ်မိန့်ပေးခဲ့ပါသည်။ မမြလေးနှင့် မယ်တော် မယ်အိတို့အား စီရင်ရန် လှည်း များနှင့် ခေါ်လာခဲ့သည်။ မမြလေးသည် စိတ်မချမ်းမြေ့၍ ဆံပင်ကို ဘီးနှင့်ရော၍ပတ်ကာ ကပိုကရိုထုံးထား သည်။ ထိုဆံထုံးသည်ပင် ကြည့်၍ကောင်းနေသည့် အတွက် ‘ပူပုံထုံး ဆံထုံး’ ဟုဆိုကာ အတုယူ၍ ဆင်ယင်ထုံးဖွဲ့ကြသည်ဟု ဆိုကြပါသည်။ မမြလေးသည် မင်းဧကရာဇ်၏ အမုန်းကို အနုပညာနှင့်ပင် ခုခံ၍ရပါသည်။

ပုဂံခေတ်မှသည် တစ်ခေတ်ပြီးတစ်ခေတ် ရွေ့လျားခဲ့သည်။ ထိုခေတ်များကို ဖြတ်သန်းရာ တွင် မြန်မာအမျိုးသမီးတို့သည် ဘာသာသာသနာ၊ စာပေယဉ်ကျေးမှုတို့ကို ထွန်း ပစေခဲ့သည်။ စိတ်အလှခံများကို ချန်ထားရစ်ခဲ့ကြသည်။ မိမိ တို့၏ ချစ်ခြင်း၊ မုန်းခြင်းလောကဓံ ရင်ဆိုင်ခြင်း တို့ကိုလည်း အနုပညာအလှပန်း များ အဖြစ်နှင့် ခေတ် အဆက် ဆက် ပြည်သူတို့ ခံစားနိုင်အောင် ထားရစ်ခဲ့ကြပါသည်။

မမိုးမြေ


လှပစိုပြည်ရတီမေ

$
0
0

အလှအပအတွက် အကျိုးပြုသစ်သီးများ

အရည်အသွေး ကောင်းမွန်တဲ့ အသင့်သုံး အလှကုန်တွေက ကျွန်မတို့ လှပစေဖို့၊ လှစေတာ တွေကို ပေါင်းစု လို့ တီထွင် ထားပြီး အချိန်ကုန် သက်သာစေပါတယ်။ ဒါပေမဲ့ ဒါတွေနဲ့ မလုံ လောက်သေးပါဘူး။ လှဖို့ဆိုရင် အာဟာရပြည့်ဝဖို့၊ ရေများများ သောက်ဖို့၊ သဘာဝ သစ်သီးသစ်ဖု၊ သစ်ရွက်တွေ နဲ့ ပေါင်းတင်ပေးဖို့၊ စိတ်ဖိစီးမှု နည်း အောင်နေ ဖို့ စတဲ့ စတဲ့ အခြား မှတ်သားစရာတွေ လည်း ရှိပါတယ်။ ဒီအထဲမှာ စားသောက်ဖို့၊ စိတ် လန်းဆန်းဖို့ ၊ နောက်ပြီး ကိုယ်တွင်း ကိုယ်ပနဲ့ ဆံကေသာတွေ လှပ ဖို့ မရှိမဖြစ် လိုအပ်တာက တော့ သစ်သီးတွေပါ။ ဒီရာသီမှာ စုံလင်ပေါ များတဲ့ သစ်သီးများနဲ့ ကျွန်မ တို့ရဲ့အလှနဲ့ အာဟာရကို ဖြည့်ဆည်းပြီး ဘယ်လို လှပ စိုပြည်အောင် လုပ်နိုင် တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီး အသားအရေ အတွက်  တကယ့်ကို အာဟာရ ဖြည့်ပေးနိုင်တဲ့ အသီးတစ်မျိုး ပါ။ ငှက်ပျောသီးဟာ အသားအရေ ကို နူးညံ့ ချောမွေ့ပြီး တင်းရင်းစေနိုင်တဲ့ ပိုတက်စီယမ် ကြွယ်ဝပြီး ဘီတာမင်ဘီနဲ့ စီတွေလည်း ပါဝင် ပါတယ်။ ငှက်ပျောသီးကို စားခြင်း အားဖြင့် သင့် အတွက် ကိုယ်တွင်း အာဟာရဓာတ် ကို ရစေနိုင် သလို တစ်ဆက် တည်းမှာလည်း အလှအပ အတွက် အကျိုးဖြစ်စေ ပါတယ်။ နောက်ပြီး ငှက်ပျောသီး မှည့်ကို မျက်နှာမှာ သုတ်ပေး၊ ကပ်ပေးပြီး ရေဆေး လိုက်ရုံ နဲ့လည်း မျက်နှာ ပေါင်းတင်တာမျိုး အလွယ်တကူ လုပ်ပေးနိုင်ပါတယ်။ ဒါက အသား အရေကို တင်းရင်း ချောမွေ့စေတဲ့ ရလဒ်ကို ပေးစွမ်းပါတယ်။

ပန်းသီး

သဘာဝ Toner အကောင်းစား တစ်မျိုးကို ပြပါဆိုရင် ပန်းသီးကို ပြရမှာပါ။ ပန်းသီးဟာ အရေပြားကို တင်းရင်းစေပြီး သွေး လည်ပတ်မှုကို လှုံ့ဆော် ပေးပါတယ်။ ဓာတ်တိုး ဆန့်ကျင် ဂုဏ် သတ္တိ ရှိတာကြောင့် အစိမ်းလိုက် စားစား၊ ဖျော်ရည် လုပ်သောက်သောက်၊ ပါးမှာပဲ ကပ်ကပ် သင့် အသားအရေ အတွက် ကောင်း မွန်စေပါ တယ်။ ပန်းသီးကထုတ်တဲ့ cider ဗီနီဂါ ကတော့ ဆံပင် အဖျား နှစ်ခွဖြစ်ခြင်း နဲ့ ဗောက်ထခြင်း တို့အတွက် အသုံးဝင်ပါတယ်။

သေဘာၤသီး

သေဘာၤသီး မှာတော့ Papain ဆိုတဲ့ အင်ဇိုင်း တစ်မျိုးပါဝင်ပါတယ်။ ဒီသစ်သီးဟာ အရေပြားပေါ်မှာ လိမ်းပေးခြင်း အားဖြင့် အရေ ပြားပေါ်က ဆဲလ် အသေတွေကို ဖယ် ရှားပေးနိုင် စွမ်းရှိပါတယ်။ ပုံမှန် လိမ်းပေးရင် အသားအရေ ကို ဖြူစေပါတယ်။ သင်္ဘောသီးမှည့်ကို သူ့ချည်း ဖြစ်ဖြစ် ပျားရည် နဲ့ရောလို့ဖြစ်ဖြစ် မျက်နှာမှာ လိမ်းပေး ပြီး ပေါင်းတင်နိုင်ပါတယ်။

သရက်သီး

အသီးမှာ သရက်လို့ အရသာမှာ ထိပ်ခေါင် အသီး အဖြစ် တင်စားရတဲ့ သရက်သီး ကတော့ အလှအပအတွက် ဆိုရင် အိုမင်း ရင့်ရော်မှုကို သိသိ သာသာနှေးကွေးစေနိုင် ပြီး အသားအရေကို နူးညံ့စေတဲ့ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့  ပိုင်ဆိုင် ထားပါတယ်။ သရက်သီး မှည့်ကို စားနိုင် သလို သန့်ရှင်းတဲ့ သရက်သီး မှည့်အခွံခွာ ပြီးသား အနှစ် ကိုချေပြီး အရေပြားမှာ ပေါင်းတင်ဆေး သဖွယ် လူးပေးနိုင်ပါတယ်။ ဓာတ်တိုး ဆန့်ကျင် ပစ္စည်း ပါဝင်တဲ့ အတွက်လည်း သင့်ကို ကောင်းကျိုး များစွာ ပေးနိုင် ပါတယ်။

လိမ္မော်သီး

အလှကုန် များစွာမှာ သုံးနေတဲ့ ဗီတာမင်စီ ဓာတ်ဟာ သံပရာသီးတွေမှာ ပါဝင်သလို လိမ္မော် သီးမှာလည်း ပါဝင်ပါတယ်။ လိမ္မော်ခွံ အခြောက် ကို အမှုန့် လုပ်ပြီး ရေ နဲ့ဖျော်ကာ face mask လုပ် နိုင်ပါတယ်။

အသားအရေကို တောက်ပ လာစေပြီး သန့်စင်စေပါတယ်။ လိမ္မော်ရည် ကိုလည်း မျက်နှာ နဲ့ လက်တွေမှာ လိမ်းပေးနိုင်ပါတယ်။ လတ်ဆတ် တဲ့ လိမ္မော်နဲ့ သံပရာ အခွံတွေ ကို ဝါကြန့်ကြန့်ဖြစ်တဲ့ လက်သည်းတွေ ကို ပွတ်ပေးရာမှာ သုံးနိုင်ပါ တယ်။

စတော်ဘယ်ရီ

Oxidation damage ဖြစ်တဲ့အခါ ပါးရေ တွန့်ခြင်းနဲ့ အရေးအကြောင်း ဖြစ်ခြင်းတို့ ပေါ်လာ ပါတယ်။ ဒါကိုတားဆီး လျှော့ချဖို့ စွမ်းအားကောင်း ကောင်းနဲ့ ကူညီပေးနိုင် တာက စတော်ဘယ်ရီသီး ဖြစ်ပါတယ်။  အထောက်အကူပြု တဲ့ တစ်သျှူးတွေ ကို ထောက်ပံ့ ပေးပြီး အရေပြားကိုနုပျိုစေပါ တယ်။

ထောပတ်သီး

အများစု ကတော့ ထောပတ်သီးမှည့်ကို ဖျော်သောက် ရတာ ကြိုက်ကြပါတယ်။  ဒီအသီးမှာ ယနေ့ကာလမှာ အသားအရေ လှပဖို့ လူကြိုက်များ တဲ့ ဗီတာမင်အီး များစွာ ကြွယ်ဝလို့ အခွံခွာပြီး သကြားမပါဘဲ ခပ်ပါးပါး လှီးစားတာတို့၊ ပေါင်မုန့်နဲ့ ညှပ်စားတာ တို့လည်း လုပ်နိုင်ပါတယ်။ ဒါက သွေးလည်ပတ်မှု ကို ကောင်း မွန်စေပြီး နုပျို ကျန်းမာစေတဲ့ အဆီဓာတ်ကို ရရှိစေပါတယ်။

ချယ်ရီသီး

လတ်ဆတ်တဲ့ ချယ်ရီသီးတွေက ဗီတာမင် ရော သတ္တုဓာတ်ပါ ကြွယ်ဝပြီး အရေပြားကို အာဟာရဖြစ်စေပါတယ်။ အရေပြား ယားယံတာ ကို သဘာဝအတိုင်း ကုစား ဖို့ ဆေးကောင်း တစ်လက်ဖြစ်လို့ သင့်အရေပြား ရောင်ရမ်း ယားယံတဲ့အခါ ချယ်ရီသီးနဲ့ ပွတ်ပေးနိုင်ပါတယ်။ ဒါတင်မက နေပူပြင်းပြင်းထဲ သွားရလို့ အရေပြား ပျက်စီး တာ ကုစားဖို့လည်း သိပ်ကောင်းတဲ့ အလှကုန် သစ်သီးတစ်မျိုးပါပဲ။

ဖရဲသီး

အရေပြားခြောက်သွေ့ သူတွေ အတွက်တော့ မိမိရဲ့ အလှအတွက် သစ်သီး တစ်မျိုးရှာမယ်ဆိုရင် ဖရဲသီးကို သတိရလိုက်ပါ။ အသားအရေကို ရေဓာတ်ကောင်း စွာဖြည့်ပေးနိုင်ပြီး စားသုံးခြင်း အားဖြင့် အာဟာရ ရစေသလို အရေပြားမှာ ပွတ် ပေးခြင်း အားဖြင့်လည်း နူးညံ့ စိုပြည်တဲ့ အသား အရေကို ရစေနိုင်ပါတယ်။

ဒီလို အာဟာရ ပြည့်ဝ၊ လှလည်း လှပစေတဲ့ သစ်သီးတွေကို စားသုံးရင်း၊ အလှအပ အတွက် ပေါင်းတင်ရင်း၊ ဖျော်ရည်တွေ လုပ်သောက်ရင်း ပျော်ရွှင်မှု၊ ကျန်းမာမှုနဲ့ လှပ မှုတွေကို ရှာဖွေ ခံစားကြည့်ရအောင်နော်။

မာဦး

ကျီးမနိုး

$
0
0

(၁)

”မမနာမည် ဘယ်သူ”
”ကျီးမနိုး”
”ဘာရယ်”
”ကျီးမနိုးပါဆိုအေ…”
”အေလို့ မပြောရဘူးလေ၊ မာမီပြောထားတယ် မဟုတ်လား”
”ဟုတ်ပါရဲ့ မေ့လို့၊ ငါ့နာမည် မကျီးမနိုးလို့ ပြောသာပါ”
”ငါလို့ မပြောရဘူးလေ မမရဲ့”
”ဟုတ်ပါရဲ့၊ မမ မမ”
”ခြူးခြူးမသိလို့ ကျီးမနိုးဆိုတာ ဘာလဲ”
”ကျီးမနိုးဆိုသာ ကျီးမနိုးပေါ့ အေ့”
”လုပ်ပြန်ပြီ၊ အေ့လို့ မပြောရ ဘူးလေ”
”ဟုတ်ပါရဲ့။ ငါက မေ့သယ် အေ့။ ဟုတ်ပေါင် မမက မေ့သယ်။ မေ့ဆို ပြောဖူးလက်စမှ မရှိသာ။ စကားကို ကိုယ်ပြောချင်သလို မပြောရတော့ ခက်သားပဲအေ။ အဲလေ … ကျီးမနိုးဆိုသာ ကျီးတွေ မနိုးခင် မမကို မွေးလို့။ ဒါကြောင့် ကျီးမနိုးခေါ်သာ”
”ကျီးက ဘာကိုပြောတာလဲ”
”ကျီးက ကျီးကန်းကို ပြောသာ ပေါ့ဟဲ့။ ညည်း အဲလေ ညီမလေးက သည်အရွယ်တောင် ရောက်နေမှ ကျီးကန်းတောင် မသိရော့လား”
”မသိဘူး”
”ညည်းက အဲလေ ညီမလေး က ဘယ်သူရယ်”
”ခြူးခြူး”
”ခြူးခြူးဆိုတာ ဘာပြောသာ တုံး”
”ခြူးခြူးဆိုတာ ခြူးခြူးပေါ့ မမရဲ့”
”ဟုတ်ပါရဲ့နှော”

ကျီးမနိုးသည်တိုက်ကြီးကို ရောက်ခါစရက်တွေတုန်းက တိုက် ကြီးရှင့်သမီး ခြူးခြူးနဲ့ ပြောဖြစ်တဲ့ စကားတွေပါ။ ကျီးမနိုးကလည်း အရွယ်ရောက်လှပြီ မပြောသာပါ ဘူး။ ရှိလှရင် ဆယ့်နှစ်နှစ်လားပဲ။ တန်ခူးလပြည့်ကျော်ရက် မွေးသာ ဆိုတော့ ဆယ့်သုံးနှစ်ပြည့်ဖို့ လေးငါးလလိုမှာပေါ့။ ခြူးခြူးက အဲသည်တုန်းက ခြောက်နှစ်လား၊ ခုနစ်နှစ် လား။ သည်တိုက်ကြီး ရောက်ရတုန်းက ကျီးမနိုး တစ်ယောက် ထမင်းလည်း မစား တတ်ဘူး။ ရေလည်း မသောက်တတ် ဘူး။ ကုန်ကုန်ပြောရစေတော့ အိမ်သာတောင် တက်ဖို့ ခက်ရသေး သာလေ။ တိုက်ကြီးက ထမင်းက စေးထန်းထန်း ပျော့တော့တော့ဆို တော့ ကျီးမနိုးဘယ်လိုမှ စားမဖြစ် ဘူး။ ထမင်းလုံးတွေကလည်း ရှည် လိုက်သာ။ ဘယ့်နှယ် ထမင်းဆိုမှ တော့ မာရေကြောရေတော့ ဖြစ်ရ မှာပေါ့။ ရွာမှာ ကျီးမနိုးတို့စားခဲ့တာ ဆန်ဖွယ်ဆန်ကြမ်းဆိုတော့ တစ်ဇလုံ လောက်စားလိုက်ရရင် ဝမ်းထဲအူ ထဲ တောင့်ခံနေတော့သာ။ အာသာက လည်း ပြေပါ့။ သည်တိုက်ကြီးက ထမင်းက အဲသလို ဆန်မဟုတ်လို့ နေမှာပေါ့။ ဘာဆန်များပါလိမ့်။

သောက်ရတဲ့ရေကတော့ ကော။ ကျီးမနိုးတို့ရွာက ရေမဟုတ် လို့လား မပြောတတ်ဘူး။ ရေက တစ်ဖလားမဲ့မဲ့ သောက်သာတောင် သောက် မဝချက် များ။ ရေက ပေါ့ သာ ထား၊ သောက်ပြန်တော့ အေးပြီး ကျင်နေသာလေ။ ပြီးတော့ သူတို့မှာ ထနောင်းကိုင်းအိုး၊ ရန္တပို အိုး၊ နဘက်အိုးလို ရေအိုး ရယ်၊ ရေအိုး စင်ရယ်လို့ မရှိသာလည်း ထူး ဆန်းသယ်။ ရေသောက်ချင်ရင် ရေခဲသေတ္တာခေါ်ကြတဲ့ သေတ္တာကြီး ထဲက ယူသောက်ရသာ။ ကိုယ်ယူမိ တဲ့ ရေပုလင်း ကိုယ်ယူထား၊ ကုန် အောင်ေ သာက်။ သောက် လက်စ ပုလင်း သေတ္တာထဲ ပြန်မထည့်ရဘူး တဲ့။ ကျီးမနိုးသောက်ပြီးသား ပုလင်း ထဲက ရေကို သူတို့ မသောက်ချင်လို့ နေမှာပေါ့။ သူတို့ သောက်ပြီးသား ကျ ပြန် ထည့်ကြ သာပါပဲ။ ရေပုလင်း တွေ အတွဲလိုက်ဝယ်ပြီး ကျီးမနိုးက ပုလင်းအသစ်တွေပေသိ တစ်ပုလင်း ချင်း ရေဆေးရသယ်။ ပြီးရင် ရေခဲ သေတ္တာကြီးထဲ စီထည့်။ မီးခလုတ် ဖွင့်ပြီး စက်မောင်းလိုက်တော့ ပါးတုန်အောင် အေးကရော။ ဟန်တော့ကျသား။

နောက်တစ်ချက်က အိမ်သာ။ ကျီးမနိုးတို့တောမှာတော့ အိမ်သာ ရယ်လို့ ဘယ်သူကမှ ကျင်းတစ်ကျင်း တူး လေးတိုင်စင် တစ်စင်ထိုးနေ သာ မှုတ်ဘူးရယ်။ ဗိုက်နာ ရင် တောစပ်ပြေးကြသာပါ။ ကိုယ်က နောက်ကျရင် သူတကာ့ပစ္စည်း ရှောင်ရရှားရသေးသာလေ။ လေကလေးတဖြူးဖြူးနဲ့ တောထိုင် ရင်း ခေါင်းထဲ ပေါ် လာသမျှ တွေး ရသာ ကိုက အရသာ။ တစ်ခါ တလေ ငုတ်တုတ်ထိုင်နေသာကြာ လို့ အမေက လိုက်လာပြီး ရိုက်သာ တောင် ရှိသေး။ ကျီးမနိုးတို့ရွာက အိမ်တွေဆိုသာ က ခြေရင်း ခေါင်း ရင်းဆက်နေကြ သာဆိုတော့ ဘယ်သူမှ သူ့အိမ်သာ ကိုယ့်အိမ် သာ အိမ်သာခေါင်းဆိုက် မအိပ်ရ တော့ဘူး။ ရွာကလေးထဲဆိုသာ လမ်းတကာ ဝိုင်းတကာ သန့်လို့ ပြန့် လို့ ပါတော်။ သည်မှာတော့ မဟုတ်ပေါင်။ ကြွေခွက်ထဲ သွားရ သာဆိုတော့ြေ<ွကခွက်အားနာ ရသေး။ ဖွေးဆွတ်နေသာကိုး။ ရေ ခလုတ်နှိပ် လိုက်ေ တာ့ ရေတွေ က ဝေါ ဆိုကျသာ။ လုပ်လည်း လုပ်တတ် ပါ့။

ပြီးတော့ စကားပြောရင် ကျွန်မလို့ ပြောရမတဲ့။ ကျီးမနိုးတို့ တောတော့ ကိုယ့်ကိုယ်ကိုယ် ပြော ချင်ရင် ကျုပ်၊ သူတကာကို ပြောချင် တော့ ညည်းတို့၊ နင်တို့၊ တော်တို့ သည် လို ပြောလိုက်ရမှ ပါးစပ်ထဲ ပါးလုပ်ပါးလောင်း ရှိသယ်ထင်တာ။ သည်မှာက အဲသလို မပြောရဘူးတဲ့။ ဘာများဖြစ်လို့ပါလိမ့်။ သင်ပေးထား သမျှ သတိထားရသာ က လည်း တစ်လုပ်။

သည်တိုက်ကြီးရဲ့ ပိုင်ရှင်တွေ က ဦးမောင်မောင်လေးတဲ့။ သူ့မိန်းမက ဒေါ်လူစီတဲ။ ကျီးမနိုး ကတော့ ဒေါ်လူစီကို မာမီလို့ ခေါ်ရ သယ်။ မာမီလို့ခေါ်ရတိုင်း ကျီးမနိုး တော့ ရယ်ချင်သယ်။ ရယ်တော့ ဘယ်ရယ်ဝံ့ပါ့မလဲ။ ဒေါ်လူစီက ဗမာမဟုတ်ဘူးနဲ့ တူပါရဲ့။ ဘယ့်နှယ် ဒေါ်လူစီရယ်လို့။ အသားက တော် တော်ဖြူလို့ ရေစကြိုဈေးထဲက ကုန် စုံရောင်းတဲ့ မကျင်ရှုလို တလုတ် မများလားတော့ မပြောတတ်ဘူး။ သည်တိုက်ကြီးမှာ ကျီးမနိုးလို အခိုင်းအစေတွေက အများသား။ ဒေါ်ကြီးလှ ရှိတယ်။ ကိုသန်းမောင် ရှိ သယ်။ နောက်တစ်ယောက်က ကိုဝပြော။ နောက်တစ်ယောက်က ကိုစောအောင်။ ‘ကို’ တပ်ပြောရပေ သိ လူကြီးတွေပါ။ ဒေါ်ကြီးလှက ထမင်းချက်ရသယ်။

ဦးသန်းမောင် က အိမ်အကူ။ ဦးဝပြောက ကား မောင်းသာ။ ဦးစောအောင်ကလည်း ကားနောက်တစ်စီး မောင်းရသယ်။ ကားက နှစ်စီးဆိုတော့ ကားမောင်း တဲ့ လူ က နှစ်ယောက်။ တိုက်ကြီးက သူဌေးလင်မယားက ဘာလုပ်စားကြ သယ်တော့ မသိပါဘူး။ မိုးလင်းရင် ကိုယ့်ကား ကိုယ်စီးပြီး ဘယ်ရယ်လို့ မသိပါဘူး ထွက် ထွက် သွားကြသာပဲ။ ဒေါ်လူစီကတော့ မိန်းမတွေ ခေါ်ခေါ်လာပြီး ကားတစ်စီးနဲ့ ထွက်လိုက်ဝင်လိုက်။ သူ့ယောက်ျား ဦးမောင်လေးကို ရွာမှာ အများခေါ် ကြသလို ကိုရင်တို့၊ အိမ်သားတို့လို မခေါ်ဘူး။ ကိုကြီးတဲ့။ ဒါလင်တဲ့။ ဒါလင်ခေါ်တာ များသယ်။ ဒါ ငါ့လင်လို့ ခေါ်တဲ့ သဘောလား မပြောတတ်ဘူး။ ကျီးမနိုးစရောက်စ တုန်းက ရယ်ရသာ မှတ် မိသယ်။ မာမီက ဒါလင် ဒါလင် ခေါ်နေတော့ ကျီးမနိုးစိတ်ထဲ သည်လူကြီးနာမည် ဦးဒါလင်လို့ပဲ မှတ်သာပေါ့။ တစ်ခါ တော့ ပန်းခြံထဲမှာ ကာဖီသောက်နေ တဲ့ ဦးမောင်လေးကို သွားခေါ်စမ်း ဆိုလို့ ကျီးမနိုးသွားခေါ်ရသယ်။

”ဦးဒါလင်၊ မာမီခေါ်နေလို့”
”ဟေ . . . ဘယ်သူ”
”ဦးဒါလင်ကို မာမီက ခေါ်ခိုင်း လို့”

ဦးမောင်လေးက ဘာမှတော့ မပြောပါဘူး။ ပြုံးသယ်။ တောသူမ နှယ်တဲ့။ နောက်တော့ မာမီက ပြောတော့သာ။ ညည်း ဦးလေးကို ဦးဒါလင် မခေါ်ရဘူး။ ဒါလင်ဆို တာ လင်မယားချင်း ခေါ်ရတာဆိုလို့ ကျီးမနိုး ရှက်လိုက်သာလေ။ လင်မယားချင်း ဒါလင်ခေါ်ရသာတဲ့။ မာမီက ကျီးမနိုးကျတော့ သည်အိမ် မှာ ‘ညည်း’ မသုံးရဘူး ဆိုပေသိ သူကတော့ ကျီးမနိုးကို ညည်းသုံး သယ်။ ဘာမှန်းကို မသိသာ။ ဦးမောင်လေးကတော့ ခိုင်းချင်တဲ့ အခါ တောသူမလို့ ခေါ်သယ်။ ရယ်စရာ မောစရာ ချစ်ခင် လို့ ခေါ် မှန်းတော့ ကျီးမနိုးသိပါသယ်။ ပြောရရင် သည်အိမ်မှာ နေရသာ စိတ်တော့ မဆင်းရဲရပါဘူး။ အေးအေးလူလူ နေရသယ်။ ကောင်း ကောင်းစားရသယ်။ ကိုယ့် အခန်းနဲ့ ကိုယ် လွတ်လွတ်လပ်လပ် နေရ သယ်။ တီဗီကြည့်ရသယ်။ တစ်ခါ တလေ ဧည့်ခန်းကျယ်ကြီးထဲ ပြောင် ပြီးသား ကြမ်းကိုတိုက်ရင်း သူတို့ လင်မယား ကြည့်နေ တဲ့ ဇာတ် ကား တွေ လှမ်းကြည့်လို့ရသယ်။ ကျီးမနိုး တို့ ရွာမှာ ဘယ်သူမှာမှ ကိုယ်ပိုင် တီဗီဆိုသာ မရှိကြဘူး။ ရှိလည်း ကြည့်လို့မရဘူး။ လျှပ်စစ်မီးမှ မရှိ သာ။ မီးစက်နှိုးမှ ကြည့် ရ သာမျိုး ဆိုတော့ ခွေထိုးပြတဲ့ ဘကြီးဆောင် တို့ ဝိုင်းတိုက်ထဲက ရုံမှာ ပိုက်ဆံပေး ကြည့်ရင်တော့ ဖြစ်ပါရဲ့။

ဒါပေသိ အမေက ညတိုင်း မကြည့်ရဘူး။ မကြည့်ရတာက ပိုက်ဆံကုန်လို့ပါ။ တောမှာ ပိုက်ဆံရှားသာကိုး။ တစ်မနက်ခင်း မနက်ခုနစ်နာရီက မွန်းတည့် စည်ထိုးချိန်အထိ အလုပ် လုပ်နိုင်မှ ငွေကလေး ခုနစ်ရာ ရသာ။ အလုပ်ကတော့ အမျိုးမျိုး ပေါ့။ မြေပဲ နုတ်ရသယ်။ ပဲရိတ်ရ သယ်။ ဝါကောက်ရသယ်။ ပေါင်း လိုက်ရသယ်။ တောရှင်းရသယ်။ ဒါတောင် ခိုင်းမယ့် အခင်းရှင်ကို ကြိုပြောထားရသာ။ ကျီးမနိုးတို့ ရွာတွေမှာ ထမင်းတစ်လုပ်အေးအေး မျိုးချချင်လို့ ဖြစ်သာမှ မဟုတ်တာ။ ကျောပူ လူမော၊ အားအင်ကုန်မှ စားဖြစ်သာဆိုတော့ တစ်ခါ တစ်ခါ အမေပြောသလိုပဲ ကိုယ့်ဝမ်းတောင် ကိုယ်မသဒ္ဓါပေါင်အေဆိုသာ အမှန် ပဲ။ ပိုက်ဆံများ ချိုချိုချောင်ချောင် ရယ်လို့ လမ်းမှာကျနေတဲ့ ပိုက်ဆံ ကောက်ရသာတောင် မရှိဘူး။ လုပ်မှ စားရသာချည်းပဲ။ အပိုပိုက်ဆံ ရှာချင်ရင် ဝါလေးကောက်၊ ပဲလေး ကောက်၊ မှိုရှာ၊ ပုတတ်စာရှာ၊ ထင်းခွေ၊ ရေခပ် ဒါမျိုးလုပ် ရင်တော့ ဖြစ်ပါရဲ့။ ဘယ်လောက် ဆင်းရဲ ဆင်းရဲပါလေ။ ကျီးမနိုးတို့ရွာက လူတွေ နေတတ်ပါ့။ စားတတ်ပါ့။ ဆူးစည်းရိုးခတ်ထားသလို လုံခြုံ လိုက်သာမှ။ ဘယ်သူအိမ် ဘယ်သူ့ တဲ ဝင်အိပ်အိပ်။ ဘယ်သူ့လှည်းပေါ် တက်အိပ်အိပ်။ ဘယ်သစ်ပင် အောက် ပုဆိုးပိုင်း ခင်းအိပ်အိပ် ဘယ့်နှယ်မှ မနေဘူး။ လက်ထဲ ရောက်လာတဲ့ ပိုက်ဆံ လည်း စားဖို့ ကုတ်ထားကြသာပါ။ ဖြုန်းစရာ သုံးစရာမှ မရှိသာ။ ဝယ်စရာ ခြမ်း စရာရယ်လို့မှ မရှိသာ။ တစ်ရွာလုံး သည်လိုနေကြသာပဲ။ သူသူကိုယ် ကိုယ် အသွေးတူ အရောင်တူချည်း ဆိုတော့ ဘယ်သူ့ဘယ်သူမှ အသား လုပ်နေစရာ ဂုဏ်ခံနေစရာလည်း မရှိဘူး။

ကျီးမနိုးတို့ တောမတော့ အသက်ရယ်၊ အရွယ်ရယ် တွက်နေ သာမရှိကြပါဘူး။ အခင်းထဲ ဆင်း နိုင်ရင် ဆင်း၊ ရက်ကန်းရက်နိုင်ရင် ရက်၊ ပေါင်းသင်နိုင်ပြီ ဆိုေ တာ့ ပေါင်း သင်၊ မောင်းထောင်းနိုင်ရင် ထောင်းပေတော့ ခြေသလုံးကွဲ အောင်။ အရေးကြီးသာက ပိုက်ဆံရ ဖို့။ ပိုက်ဆံရဖို့ဆိုသာက သောင်သာ ဖို့ ဘယ်ဟုတ်ပါ့မလဲ။ အဲ သလောက် ဝင်ငွေနဲ့ ဘယ့်နှယ့်လုပ်ချမ်းသာမှာ တုံး။ ထမင်းတောင် အူထဲဝမ်းထဲ မနည်းကျအောင် ဖြည့်ရတဲ့ဟာ။ နို့ဖြင့် အကုန်လုံးစားပစ်ကြသာလား ဆိုတော့ အဲသလို လည်း မဟုတ်ရပါ ဘူး။ ရွာဘုရားပွဲမှာ အလှူငွေထည့် ဖို့၊ ရပ်ရေးရွာရေး သာရေးနာရေး သုံးဖို့။ နေထိုင်မကောင်းရင် ဆေး ဆရာပင့်ဖို့လောက်တော့ ရှိစုမဲ့စု ကျစ်ထားရ သူချည်းပါ။ သည်ကြားထဲ ရွာလူကြီးက ကောက်တဲ့ ဘာကြေး ညာကြေးဆိုသာကလည်း ဘာမှန်း မသိဘဲ ထည့်ကြရတာ ရှိသေးသာ ကိုး။ အစိုးရက ကောက်ခိုင်းသာလို့ ဆိုလိုက်ရင် ကျီးမနိုးတို့ရွာကလည်း မထည့်ဘဲ မနေရဲကြဘူးလေ။ တစ်ခါမှ မမြင်ဖူးပေမဲ့ အစိုးရ ဆိုသာကိုလည်း ကြောက်ကြတော့ မရှိမဲ့ရှိမဲ့ မပေးချင်ပေးချင် ပေးကြ ရသာပါပဲ။

ကျီးမနိုးတို့ရွာမှ မဟုတ် ပါဘူး။ အနားက ရွာတွေလည်း သည်လိုပါပဲ။ ကျီးမနိုးတို့က အညာ အရပ်မှာနေသာဆိုတော့ မိုးများ ခေါင်တဲ့နှစ်တွေဆိုရင်တော့ ပိုဆင်းရဲကြ တယ်။ နေကပူ၊ ရေက ရှား၊ သီးနှံက ဖျင်း၊ လူကြီးသူမတွေ ပျက်စီး၊ နအိုနမင်းတွေ ပျက်စီးနဲ့ မိုးများရွာပါတော့ရယ်လို့ ကောင်း ကင်ကို မျှော်ကြည့်ရသာနဲ့ပဲ ပြီးရ သာများတဲ့ ရွာတွေပေါ့။ လွန်လည်း ဆွဲပါရဲ့။ မိုးခေါင်ကျော်စွာနတ်လည်း တင်ပါမြှောက်ပါရဲ့။ မရွာပေါင်။ မိုးဆိုလို့ ဖျောက်ဖျောက်တောင် မကျဘူး။ သည်လိုဖြစ် သကောရယ် လို့ ရွာကို ဘယ်လူကြီးကမှ ယောင် လို့တောင်မှ လှည့်ကြည့်မယ့်သူ လည်း မရှိပါဘူး။ တချို့များဆိုရင် အူဟောင်းလောင်းနဲ့ စားကောင်းတဲ့ သစ်ရွက်ပြုတ်စားပြီး ငုတ်တုတ် ထိုင် ခံ နေကြရတော့သာပါ။ သည်လိုတွေ ဖြစ်လာတော့ ရွာက လူတွေ ရွာပြင်ထွက်ကြရပြီပေါ့။ ကိုယ့်ရွာနဲ့ ကိုယ့်စေတီ၊ ကိုယ့်လယ်နဲ့ ကိုယ့်အခင်း၊ ကိုယ့်ဆရာနဲ့ ကိုယ့် ဒ ကာ နေမဖြစ်တော့ တစ်ရွာ တစ်ကျေး တစ်မြို့တစ်နယ် ထွက်ကြ ရသာတွေ များလာသယ် ပြောပါ တော့။ ကျီးမနိုးလည်း မထူးဘူး။ သည်လိုနဲ့ ရွာကထွက်ခဲ့ရသယ်။

မြို့ရောက်တော့ကော။ တိုက် ကြီးကတော့ အေးချမ်းပါရဲ့။ လူလည်း ငြိမ်ပါရဲ့။ ဝတ်ဟယ်စား ဟယ်လည်း ရှိပါရဲ့။ ဇိမ်လည်း ကျပါရဲ့။ တစ်လစရိတ် ငွေသုံး သောင်းလည်း မှန်မှန်ရပါရဲ့။ တစ်လသုံးသောင်းနဲ့ တစ်နှစ်စာ ကြိုလိုချင်သလား ဖြစ်ပါရဲ့။ ဒါပေသိ ကျီးမနိုး မပျော်ဘူး။ ကိုယ့်ရွာကိုယ့် မြေ ကိုယ့်အပေါင်းကိုယ့်အသင်း မဟုတ် သာတွေ ဘာတွေထားတော့။ ဆိုးသာက ကိုယ့်အဖေကိုယ့်အမေ နဲ့ မနေရဘူး။ ကိုယ့်မောင်နှမတွေနဲ့ ကစီးလုံးပါးမနေရဘူး။ မောင်နှမ တွေဆိုသာက လူချင်းလုံးသတ်လိုက် ကြ၊ တအောင့်နေတော့ ချစ်လိုက် ခင်လိုက်ကြ။ သူငယ်ချင်းတွေက တော့ကော။ သည်လိုပါပဲ။ ရွာမှာ သရောကြီးခိုင်းပြီဆိုရင်း ရွာက ထွက်ကြရင်း၊ ရွာမှာ ငတ်ပြီဆိုရင်း ထွက် ရှာကြရင်းနဲ့ ရွာမှာ လူအို လူမင်းနဲ့ ကလေးတွေလောက် ကျန်တော့သာကို စိတ်မကောင်း ဖြစ်ရသာက ပိုသေးသာပါ။ သည် အထဲမှာ ကျီးမနိုး မပါချင်ဘဲ ပါခဲ့ ရသယ်။ မ လိုက်ချင်ဘဲ လိုက်ခဲ့ရ သယ်။ သည်တိုက်ကြီးကို ရောက်ရ ပြီဆိုကတည်းက ရွာကို လွမ်းလိုက် သာလေ။

”မမတို့ရွာက ဘာရွာတုံး”
”ကျွဲခလောက်”
”ကျွဲခလောက်ဆိုတာ ဘာပြော တာလဲ”
”ကျွဲခလောက်ဆိုတာ ကျွဲကို ခလောက်ဆွဲထားတာပေါ့ဟဲ့”
”ခြူးခြူး ကျွဲမမြင်ဖူးဘူး။ ခလောက်ဆိုတာလည်း မမြင်ဖူး ဘူး”

သည်စကားကြားတော့ ကျီးမနိုး အံ့သြလိုက်သာ။ မြို့က ကလေးတွေ ကျွဲလည်း မသိ၊ ခလောက်လည်း မသိကြသာပါလား ဆိုသာသိလိုက် ရတော့ မေးနေ တဲ့ ခြူးခြူး ကလေးကို သနားမိသယ်။ ကျီးမနိုးက ရွာမှာ ကျွဲစီးခဲ့ရသာ နွားစီးခဲ့ရသာတွေကို ပြောပြတော့ ခြူးခြူးက မျက်လုံးကလေး ပြူးလို့။ တစ်ချိန် ချိန်တော့ ခြူးခြူးမြင် ဖူး အောင် ပြ ဦး မယ်လို့ အောက်မေ့မိ သယ်။ သည်တိုက်ကြီးမှာ အနည်း ဆုံး ကျီးမနိုးအဖို့ရာ တစ်နှစ်တော့ နေရတော့မှာ မဟုတ်လား။ မာမီ ဒေါ်လူစီက အမေ့ကို တစ်နှစ် စာ ပိုက် ဆံကြိုပေးထားသာကိုး။ အဖေ က သမီးကို သနားလို့တဲ့။ ကျီးမနိုး မြို့ကိုလိုက်မယ့်နေ့မှာ မမြင်ချင်လို့ တစ်ရွာကို ရှောင်နေလေရဲ့။ အမေ့ ခမျာ ပိုက်ဆံသာ ယူလိုက်ရသာ မျက်နှာမကောင်းရှာဘူး။ ကျီးမနိုးကို တစ်ခွန်းပဲ မှာသယ်။

”ပျော်အောင်နေပေါ့အေ့”တဲ့။

(၂)

သည်တိုက်ကြီးက သုံးထပ် တောင်မြင့်တယ်။ မြေကြီးထဲမယ် တစ်ထပ်ရှိသယ် ပြောသယ်။ မဆင်း ဖူးဘူး။ မြေညီထပ်မှာ ဧည့်သည် လက်ခံတဲ့ ရေမြှုပ်ကုလားထိုင် ဝင်းဝင်း စက်စက်ကြီးတွေ တစ်ခြမ်း က ခင်းထားပြီး နောက်တစ်ခြမ်း မှာ ဦးမောင်လေးစီးတဲ့ ကားအသစ်ကြီး ထားသယ်။ ဘာကားကြီးမှန်းတော့ မသိပါဘူး။ ကားမောင်းတဲ့ ဦးဝ ပြောကတော့ အမြဲတမ်း ပွတ်သပ်နေ သာ တွေ့သာပဲ။ သည် တိုက်ကြီးမှာ နေသားကျလို့ အားလုံး နဲ့ခင်ရပြီဆို တော့ ကျီးမနိုးမေးကြည့်ဖူးသယ်။ ဒါဘာကားကြီး လဲပေါ့။ ဦးဝပြောက ကျီးမနိုးကို မျက်လုံးပြူးကြည့်သယ်။ ပြီးတော့မှ ထွေလာဂျီတဲ့။ မဟုတ် သာပြောမှန်း ကျီးမနိုးသိသားပဲ။ ထွေလာဂျီက ရွာမှာရှိတဲ့ဟာ။ ဝရုန်း ဂရင်းနဲ့ ဝရုန်းသုန်းကားသွားတဲ့ ထွေလာဂျီကို ကျီးမနိုးတို့ စီးနေကျ။ မနက်စောစောများ စက်နှိုးရင် တစ်ရွာလုံး ကြားရတယ်။ ထွေလာဂျီ က ဟောင်းလှပါပြီ။ ထွေလာဂျီ မောင်းတဲ့ ဦးတင်ရက ထွေလာဂျီ မှာ နာမည်တောင် ရေးထားသာ လေ။ ဂျစ်တူးတဲ့။ နာမည်နဲ့ လိုက်ပုံ များ။ မြို့ကိုသွားချင်တော့ ဂျစ်တူးပဲ အားကိုးရသာ။ ရွာက ပဲတွေ၊ နှမ်း တွေ၊ ကြက်သွန်တွေ အိတ်သွတ်ပြီး မြို့ပွဲရုံကို ဂျစ်တူးနဲ့ ပို့ရသာ မဟုတ် လား။ ကျီးမနိုးတို့က ပွဲရုံရောင်း လောက်အောင် ရှိသာ မဟုတ်ပါဘူး။ ပဲအိတ်တင်ပဲ အိတ်ချလိုက်ရတဲ့ အခါ သွားဖူးသာရှိသာပါ။ သည် တိုက်ကြီးမှာ ကျီးမနိုးလို လုပ်ခစား ကြသူတွေ အချင်းချင်း ခင်မင်ကြ သယ်။ ကျီးမနိုးလို ကျီးမဟုတ် ကြက်မဟုတ် တောသူမကလေးကို အထူးသဖြင့် ဘဝတူတွေက ချစ်ခင် ကြလို့ တော်ပါသေးရဲ့ အောက်မေ့ မိသယ်။ ကျီးမနိုးကလည်း ပြန်ပြီး ရိုရိုသေသေ ရှိသာပါပဲ။ ထမင်းချက် တဲ့ ဒေါ်ကြီးလှကဆိုရင် ဟင်းသီး ဟင်းရွက် သင်ဖျင်ပေးလို့၊ အခိုင်း အပြုနာလို့၊ ပြေးစမ်းဟဲ့ဆိုရင် ပြေးပေးလို့ဆိုပြီး ဟင်းကောင်း မုန့် ကောင်းကလေးတွေ ချန်ထားတတ် သယ်။ ဒေါ်ကြီးလှက သူ့မှာလည်း ရွာမှာ သမီးတစ်ယောက်ရှိသတဲ့။ ဒေါ်ကြီးလှက သမီးက ကြီးပါပြီ။ အိမ်ထောင်ကျလို့ ရွာမှာ မြေး နှစ်ယောက်ရနေပြီတဲ့။ မြေးတွေ ဘယ်အ ရွယ်ရောက်နေ မှန်းတောင် မသိတော့ပေါင်အေဆိုလို့ ကျီးမနိုး စိတ်မကောင်းဖြစ်ရသယ်။ သူ ရွာ မပြန်ဖြစ်သာ ကြာပြီတဲ့။ ဒေါ်လူစီ က လူတစ်ယောက် အစားထိုးနိုင်ခဲ့ ရင် ပြန်ပေါ့ဆိုလို့ မပြန်ဖြစ်သာတဲ့။ ဘယ်သူ့ကို ဘယ်နေရာ အစားထိုး ခဲ့နိုင်မှာတုံး။ မဖြစ်နိုင်သာ ပြောနေ လို့ မပြန်ဖြစ်သာတဲ့။ ပြန်ဖြစ်ပြီ ဆိုရင် အပြီးပြန်တော့မှာတဲ့။

”ဒေါ်ကြီးက လူစားရရင် ပြန် တော့မှာပေါ့”
”မပြန်ဖြစ်သေးပေါင်အေ၊ ငွေက သူဌေးကတော်ဆီမှာ စူးနေ သေးတယ်။ သူတို့ငွေကြေးကျေရင် တော့ ပြန်ချင်သယ်”
”မယူနဲ့တော့ပေါ့”
”မယူတော့ ရွာက ငါ့မြေးတွေ ငတ်ကရောပေါ့။ ရွာမှာ အဆင် မပြေကြဘူး ကျီးမနိုးရဲ့”
”ကျုပ်တို့ရွာတွေလည်း မထူး ပါဘူးဒေါ်ကြီးရယ်၊ ရွာတွေက ဆင်းရဲပြီး မြို့တွေက ချမ်းသာသာ များလား မသိပေါင်တော်”
”ညည်းကကော ဘယ်သူ့ အဆက်နဲ့ ရောက်လာသာတုံး”
”သည်တိုက်ကြီးက သူဌေးနဲ့ ခင်တဲ့ ဦးအောင်မြတ်က ရွာကို လာခေါ်သာ၊ ဦးအောင်မြတ်က ကျုပ်တို့ရွာသားပါ။ ကျုပ်က မွေးချင်း ခြောက်ယောက်ရှိသယ်၊ ကျုပ် အစ်ကိုကြီးနဲ့ အစ်မကြီးက တစ်ရွာ စီမှာ အိမ်ထောင်ကျကြပြီး ကျန်တဲ့ လေးယောက်မှာ ကျုပ်က အကြီးဆုံး ဖြစ်ရသာပေါ့၊ ကျုပ်အောက်မှာ အငယ်သုံးယောက် ရှိသယ်၊ ကျုပ် အောက်က ညီမက ပိတ်စွယ်၊ မောင်နှစ်ယောက်က တိုးကြီးနဲ့ တိုးလေး”
”ညည်းအစ်ကိုကြီး အစ်မကြီး တွေက မိဘကို မထောက်ပံ့ကြဘူး လား”
”မသိပေါင်၊ သူတို့က လင့်ရွာ မယားရွာလိုက်နေကြတော့ မမြင်ရ သာတောင် ကြာပေါ့၊ အမေက တော့ ပြောသယ်၊ သင်းတို့နှစ် ကောင်ကို ငါက ဗိုက်ထဲထည့်ပြီး အငှားမွေးပေးလိုက်ရသလိုပဲတဲ့။ ကျုပ်တို့ရွာတွေက အသီးအနှံ ကောင်းကောင်း မထွက်တော့ဘူး ဒေါ်ကြီးရဲ့၊ မိုးမှ မရွာသာ”

ပြောသာ ပြောရသာပါ။ ဒေါ်ကြီးလှကလွဲရင် မိန်းမချင်း စကားပြောဖော်မရှိတော့ နှစ် ယောက် သားအားရင် စကားပြော ဖြစ်ကြသယ်။ သူဌေးလင်မယားက တော့ ကားနှစ်စီးမအားရအောင် ဆူလှယ်နဲ့ သွားချင်သွားနေကြသာ လည်း ရှိရဲ့။ မာမီဒေါ်လူစီကဆိုရင် ခြူးခြူးကို သမီးလေးရယ်လို့ တစ်ချက် ငုံ့မကြည့်ဘူးဆိုပေသိ အပြင်က ပြန်လာရင် အရုပ်တွေ ဝယ်လာတတ်သည်။ ဂွမ်းထိုးရုပ် တွေပါ။ ခြူးခြူးက ခဏတော့ ပွေ့ပါရဲ့၊ ကိုင်ပါရဲ့။ ကြာတော့ တော်ရာပစ်ချတော့သာပါ။ ကျီးမနီုး က ပ လတ်စတစ်ခြင်းကြီးတွေထဲ ထည့်သိမ်းရသယ်။ သည်လိုနဲ့ အရုပ်တွေဆိုတာ အများကြီးဖြစ်လာ ရော။ ခြူးခြူးက စိတ်လိုရင်တော့ မီးရထားရုပ်ထဲ ဓာတ်ခဲထည့်ခိုင်း တတ် သယ်။ ဒါဆိုရင် ကျီးမနိုးက မီးရထားလမ်းကို ဝိုင်းနေအောင် တစ်ပြားချင်းဆက်ပေး၊ မီးရထားကို ခလုတ်ဖွင့်ပြီး သံလမ်းပေါ် တင်ပေး ရုံပဲ။ မီးရထားက သံလမ်းအတိုင်း ပတ်နေသာကို ကျီးမနိုးက လိုက် ကြည့်သယ်။

”မမ မီးရထားစီးဖူးလား”
”ဘယ်စီးဖူးမှာတုံး ခြူးခြူးရဲ့။ မမက တောမှာနေရတဲ့ဟာ၊ တစ်ခါ ထင်ပါရဲ့ မြိုင်ကို ဂျစ်တူးကားနဲ့ ပဲအိတ်တင်လိုက်တုန်းက မြိုင်မီး ရထားဆိပ်မှာ ရပ်ထားသာ တွေ့ဖူး သာတော့ ရှိပါရဲ့”
”မမတို့ရွာမှာ ဘာစီးကြတာ တုံး”
”ဂျစ်တူးကားရှိသယ်၊ လှည်းစီး သယ်”
”ဂျစ်တူးကားက ဘယ်လိုကား လဲ”
”ထွေလာဂျီကား၊ ကားက စုတ် နေပါပြီ”
”လှည်းဆိုတာ စီးလို့ကောင်း လား”
”ကားလိုတော့ ဘယ်ကောင်း ပါ့မလဲ၊ လှည်းကက်အိမ်ကြီးကို နွားနှစ်ကောင်နဲ့ ဆွဲရသာ”
”အိမ်ကြီးကို နွားနဲ့ဆွဲတယ်၊ ဟုတ်လား မမ၊ နွားကို ပုံထဲမှာပဲ မြင်ဖူးတယ်၊ နွားက ကိုက်သလား မမ”
”ဘယ်ကိုက်ရမှာတုံး၊ နွားပါဆို၊ နေပါဦး မမ ပြပါဦးမယ်”

ကျီးမနိုးက ခြူးခြူးကို ချစ်သယ်။ အလုပ်ကလည်း ခြူးခြူး ကို ရေချိုး၊ ပေါင်ဒါလိမ်း၊ အဝတ် အစားလဲ၊ မုန့်ကျွေး၊ ထမင်းကျွေး၊ ခြူးခြူးလုပ်ချင်သာ လုပ်ပေးရသာ ဆိုတော့ ခြူးခြူးကလည်း ကျီးမနိုး ကို အနေနီးလို့ အင်မတန် ခင်ရှာ သယ်။ အိပ်ချိန်ဆိုရင်တော့ ခြူးခြူး ကို သူ့အခန်းထဲရောက်အောင် ပို့ပြီး သိပ်ရသယ်။ ခြူးခြူးက မအေ နဲ့ အိပ်ချင်သာတဲ့။ ကျီးမနိုးကလည်း သမီးကလေး မတီမတာကို တစ်ယောက်တည်း အခန်းတစ်ခန်း နဲ့ အိပ်ခိုင်းသာကို နားမလည်နိုင် ဘူး။ ခြူးခြူးမှာ အစ်ကိုတစ်ယောက် အစ် မတစ်ယောက် ရှိသေးသတဲ့။ နိုင်ငံခြားမှာ ကျောင်းတက်နေကြ သတဲ့။

ခြူးခြူးနဲ့က အသက်ဆယ်နှစ် လောက်ကို ကွာသာတဲ့။ သူ့အစ်ကို တွေ၊ သူ့အစ်မတွေနဲ့ ခြူးခြူးက သိပ်မနေရရှာဘူးတဲ့။ ကျီးမနိုးတို့ ဆိုရင် ရွာက အိမ်ကုပ် ကလေး မှာ မောင်နှမလေးယောက် ကွပ်ပျစ်ကြီး ပေါ် ပြား အိပ်ကြရ သာလေ။ ဆောင်းတွင်းများဆိုရင် စောင်က မောင်နှမတစ်တွေ တစ်ထည် ကျ ပေးနိုင်တာမဟုတ်တော့ ကျီး မနိုး နဲ့ ပိတ်စွယ်က တစ်ထည်၊ တိုးကြီးနဲ့ တိုးလေးက တစ်ထည် မျှခြုံကြရ သယ်။ ခြုံတုန်းတော့ သူလုံကိုယ်လုံ ပေါ့။ အိပ်ပျော်ကြတော့ တစ်ယောက် က စောင်ခြုံ တစ်ေ ယာက် က ထဘီ ခြုံဖြစ်ကြရော။ တစ်ခါတော့ ရွာမှာ စောင်လုရင်း အိပ်ရာထဲ ရန်ဖြစ် သာကို ပြောပြတယ်။ ခြူးခြူးက စောင်ခြုံသာတော့ သိပါရဲ့။ ထဘီ ခြုံသာမ သိတော့ ကျီး မနိုးက ခြုံပြရ သယ်။ ခြူးခြူးက သဘောတွေများ ကျလို့။ ခြူးခြူးက ထဘီခြုံချင်သယ် ပြောနေလို့ မာမီ့ရှေ့မှာ မပြောနဲ့ နော်လို့ ပိတ်ရပြန်ရဲ့။

”မဟုတ်သာ ခြူးခြူးရယ်၊ ညည်းတို့မှာ စောင်တွေအပုံလိုက် ဟာကို၊ အောက်မှာ မွေ့ရာကလည်း အထူးကြီး၊ တံခါးတွေကလည်း လုံပါဘိသနဲ့၊ မမတို့အိမ်ထရံက အပေါက်ချည်းပဲ။ စောင်က နှစ်ယောက်မှ တစ်ထည်၊ မွေ့ရာ ဘယ်ရှိမှာတုံး၊ ထချောဖျာနဲ့ အိပ်ရ သာ”
”ထချောဖျာဆိုသာ ဘာကို ပြောတာလဲ၊ ခြူးခြူး ထချောဖျာနဲ့ အိပ်ချင်တယ်”
”မဟုတ်သာအေ၊ ညည်းအမေ ကြားလို့ ငါ့ပေါင်တွင်းကြော လိမ်နေ ပါဦးမယ်”
”ပေါင်တွင်းကြောဆိုတာ ဘယ်ဟာလဲ”
”ညည်းနဲ့တော့ ခက်ပါ့ကော အေ၊ ကိုင်း ဟောသာတော်”

ကျီးမနိုးနဲ့ ခြူးခြူးက အိမ်အမိန့် တွေ ချိုးဖောက်ထားကြသာ ကြာပြီ။ ‘ညည်း’ တို့၊ ‘ငါ’ တို့၊ ‘အေ’ တို့လို စကားလုံးတွေကို နှစ်ဦးသဘောတူ လွတ်လွတ်လပ်လပ် သုံးခွင့်ရကြပြီ ဆိုတော့ ကျီးမနိုးက သိပ်ကြီးသတိ ထားစရာ မလိုတော့ဘူး။ ခြူးခြူးက ငယ်ပေမဲ့ သူလည်း ပြောကြည့် မယ်ဆိုပြီး ညည်းတွေရော၊ ငါတွေ ရော သုံးတော့သာပါ။ ကျီးမနိုးကို ညည်းနဲ့ ငါနဲ့ ပြောချင်ပြောသယ်။ ခြူးခြူးကလည်း အပါး။ ဖအေ၊ မအေရှေ့မှာ ကျီးမနိုးကို သိပ်အရော မဝင်သလို နေပြတတ်သယ်။ အခေါ်အဝေါ်မှားမှာစိုးသာလည်း ပါ မှာပေါ့။

ကျီးမနိုးက တိုက်ကြီးရဲ့နောက် က သုံးခန်းတန်းလျားဟောင်းက တစ်ခန်းမှာ နေရသယ်။ အလယ်ခန်း က ကားထားသယ်။ အစွန်တစ်ခန်း က ထမင်းဟင်းချက်၊ အ ဝတ်လျှော် မီးပူတိုက်တဲ့ ဒေါ်ကြီးလှနေလို့ တစ်ခန်းခြားနေရတဲ့ သဘောပေါ့။ သည်လိုဖြစ်နေသာကို ကားမောင်း တဲ့ ဦးစောအောင်က သူ့ကားကို အစွန်ခန်းမှာ ထားပေး သယ်။ ဒေါ်ကြီးလှနဲ့ ကျီးမနီုး အခန်းချင်း နီးအောင်လို့ပါ။ ကျီးမနိုးက မိုးလင်း ရင် ဘယ်လောက်အေးအေး ရေချိုး ရသယ်။ သနပ်ခါးမှုန်နေအောင် လိမ်းရ သယ်။ လျှော် ဖွပ်ထားတဲ့ အဝတ်အစား လတ်လတ်လော လောကို ဝတ်ရသယ်။ မိုးလင်းလို့ တိုက်ကြီးထဲဝင်ရင် သည်သုံးချက် စစ်သာပဲ။ လက်သည်းတွေ ရှည် မရှည် ဖြန့်ပြ ရသာ ပါသေးသယ်။ သွားတိုက် မတိုက် သွားတွေဖြဲပြ ရတာမျိုးလည်း မာမီဒေါ်လူစီက တစ်ခါတစ်ခါ အငိုက်မှာ စစ်ဆေး တတ်လို့ ကျီးမနိုးက မပေါ့ရဲဘူး။ အဝတ်အစား၊ အုန်းဆီ၊ သွားတိုက် ဆေး၊ လက်သည်းညှပ်၊ သနပ်ခါး လို အမယ်တွေကိုတော့ ဒေါ်ကြီးလှ က ဖြည့်ပေးတယ်။ သည်စည်းကမ်း တွေက ဒေါ်ကြီးလှနဲ့ပါ ဆိုင်ေ လ တော့ နှစ်ေ ယာက် စာ ဝယ်ကြရုံပါ။ ကိုယ့်ရေချိုးခြံ၊ ကိုယ့်အိမ်သာ ဖြစ်ရပြီဆိုသာကိုတော့ ကျီးမနိုး အင်မတန် စိတ်ချမ်းသာသယ်။

”ဒေါ်ကြီးနှယ်၊ ကျုပ်ရောက်စ က သူတို့အိမ်သာြေ<ွကဇလုံထဲ သွားရသာဆိုတော့ ကျုပ်ဖြင့် သွားလို့သာ သွားရသယ်၊ ဘယ့်နှယ် ကြီးမှန်းကို မသိဘူး”
”အဲသည်ကိစ္စ အသာထား၊ ညည်းတစ်ရက်က ချိုချဉ်စုတ်သာ ငါတွေ့သယ်၊ စုတ်သာက ရသယ်၊ ခြူးခြူးကို ညည်းစုပ်ပြီးသား ပါးစပ် ထဲကထုတ်ပြီး စုတ်ခိုင်းသာ သူဌေးမ တွေ့ရင် ညည်းမသက်သာဘူး မှတ်၊ နောက်မလုပ်နဲ့”
”ဟုတ်ကဲ့လား၊ ကျုပ်စုတ်နေတဲ့ ချိုချဉ်ကို ခြူးခြူးက စုတ်ချင်သယ် ဆိုလို့ ပေးသာပါ၊ ကျုပ်စုတ်တဲ့ ချိုချဉ်က ဘာဖြစ်လို့တုံး”
”ခက်ပါ့ကောအေ၊ သူ့ပါးစပ် ကိုယ့်ပါးစပ် သွားရည်တမြားမြားဟာ ကို ဘယ်သူက ကြိုက်ပါ့မတုံး”
”ကျုပ်နဲ့ ပိတ်စွယ်တော့ ထန်းလျက်တစ်လုံး တစ်လှည့်စီ စုတ်သာပဲ”
”ခြူးခြူးက ပိတ်စွယ်မဟုတ်ဘူး အေ့၊ ညည်းကို မောင်းထုတ်ပစ် လိမ့်မယ်”

သည်လိုဆိုပြန်တော့ ကျီးမနိုး လန့်မိသား။ မောင်းထုတ်ပစ်လိမ့် မယ်တဲ့။ တစ်ခါ ကျီးမနိုးကိုယ်တိုင် ကြုံဖူးသာ သတိရလိုက်သယ်။ ခြူးခြူးက အိမ်ရှေ့မှာ ချွတ်ထားတဲ့ ကျီးမနိုးရဲကဖိနပ်ကိုစီးပြီး ခြံထဲ လျှောက်သွားနေသာ မြင်လိုက်လို့ သူဌေးကတော်က ဖိနပ်ကို ဇွတ် ချွတ်ခိုင်းသယ်။ ဒေါ်ကြီးလှကိုလည်း မမြင်ရကောင်းလားလို့ ဆူတဲ့ အပြင် ကျီးမနိုးကို ကလေးခြေထောက်တွေ ချက်ချင်းဆေးပေးခိုင်းလို့ ဆေးပေး ရသေးသာပါ။ တစ်ခါလည်း ခြူးခြူး ကို ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံသ ရဏံဂစ္ဆာမိ ရွတ်ခိုင်း လို့ ကျီးမနိုးကို ဆူလေရဲ့။ ညည်း ကိုယ်တိုင် ဘာမှမသိဘဲနဲ့ ကလေး ကို မသင်နဲ့တဲ့။ သည်တုန်းက ကျီးမနိုး စိတ်မကောင်းလိုက်ပုံများ။ ဘယ့်နှယ် မသိရမှာတုံး။ ‘ဗုဒ္ဓံ မြတ်စွာဘုရားကို သရဏံကိုးကွယ် ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါ၏’ ဆိုသာ ကျီးမနိုးမသိဘဲ ရှိပါ့မလား။ ရွာကျောင်းမှာ နေခဲ့တုန်းက ဆရာ တော်သင်ပေးလိုက်တဲ့ဟာ။ တစ်ခါ လည်း ထမင်းပေါင်းအိုးထဲက ထမင်းကို ခြူးခြူးစားဖို့ရယ်လို့ လက်နဲ့ဖဲ့ခူးသာကို မြင်လိုက်လို့ ခေါင်းကို ဒေါင်ခနဲ ခေါက်လိုက်သာ များ တူသေးသေးနဲ့ နှက်လိုက် သလားမှတ်ရသယ်။ ခေါင်းဆိုသာ ကျဉ်တက်သွားလေရဲ့။

”ဘယ်လောက်ပြောပြော ညည်း မမှတ်ဘူး။ ဇွန်းတွေ ရှိသယ် လေ ကောင်မလေးရဲ့။ လက်နဲ့ခူး တော့ လက်က ပိုးမွှားတွေ ပါမှာပေါ့။ မှတ်ထားနော်”

ခေါင်းညိတ်ပြရုံပေါ့။ သည်လို ဆိုပြန်တော့ အိမ်က ထမင်းအိုးကြီး တောင် သတိရသေးတော့။ ကျီးမနိုး တို့အိမ်က ကလေးတစ်ပြုံတောင် ဆိုတော့ ချက်ထားတဲ့ ထမင်းကို ကြုံသူက ကြုံသလို ပေပေပွပွ ခူးစားနေကြသာ မဟုတ်လား။ တစ်ခါတလေ သူစိမ်းကတောင် အိမ်ရောက်လာရင် ငါ ထမင်းစား မဟေ့လို့အော်ပြီး ဝင်ခူးစားကြသာ များ ရိုးနေပေါ့။ ဘာပိုးမွှားမှ ထမင်း အိုးထဲ တစ်ကောင်တစ်မွှား မတွေ့ မိပေါင်။ သူဌေးမကို ရွာခေါ်ပြီး အိမ်က ငါးပိအိုးပြလိုက်ချင်သာ။ လောက်တွေများ တဖွားဖွားနဲ့။ အမေ ကဆို ‘ငါးပိနဲ့လောက် ရွှေနဲ့ ကျောက်’ လို့တောင် ပြောသေးရဲ့။ သည်လိုများဆိုရင် ထများခုန်မလား မပြောတတ်ဘူး။ မာမီဒေါ်လူစီက မမြင်လို့ မသိလို့သာပါ။ သူဌေး လင်မယား ကားနဲ့ထွက်သွားရင် ခြူးခြူးက ကျီးမနိုးအိပ်ရာနဲ့ ဒေါ်ကြီး လှအိပ်ရာတွေပေါ် တစ်လှည့်စီ လာအိပ်တော့သာပါ။

”ကျီးမနိုး . . .ညည်းအိပ်ရာ ပေါ် ငါအိပ်ပြီ”

မျက်လုံးကလေးတွေပါ ရယ် နေတဲ့ ခြူးခြူးက အဲသလိုများ လှမ်း ပြောရင် ကျီးမနိုးက ခြူးခြူးကို ငေးကြည့်နေတော့သာပါ။ ခြူးခြူး ကလေး စကားတွေ စပ်စပ်စုစု ပြောတတ်တဲ့ အရွယ်ကတည်းက ရောက်ရသာဆိုတော့ ခြူးခြူးကို ကျီးမနိုး အင်မတန် ချစ်သယ်။ အသားကလေးက ဖြူမွှတ်မွှတ်၊ မျက်လုံးကလေးတွေက မည်းမည်း ဝိုင်းဝိုင်၊ နှုတ်ခမ်း ကလေးတွေက ရဲရဲစိုစို ဖူးဖူးကလေးဆိုတော့ ပါးကလေးတွေများ စိတ်ရှိတိုင်း ဖျစ်လိုက်ရရင်တော့လားလို့ တွေးမိ သာ အခါခါပါ။

ဒါပေမဲ့ မဖျစ်ရဲဘူး။ သူဌေး ကတော်က သူ့သမီးကို ပါးဖျစ်သာ မကြိုက်ဘူးလို့ ဒေါ်ကြီးလှပြောဖူး သာလည်း ပါသာပေါ့။ အနေကြာ လာတော့ လည်း ဆောင် ရန်ရှောင် ရန် တွေ သိလာသာလည်း ပါပါရဲ့။ တစ်ခါများ ဒေါ်ကြီးလှက သူ့ လက်ဖက်အစ်ကလေးထဲက လက် ဖက်နဲ့ တိုက်ကြီးပေါ်က ယူလာတဲ့ ထမင်းတစ်ဆုပ် နယ်ဖတ် စားနေ သာ ကို ခြူးခြူးက တွေ့သွားသယ်။ သူ့ကိုလည်း ခွံ့ပါဆိုတော့ ဒေါ်ကြီး လှကလည်း ခွံ့သာပေါ့။ ခြူးခြူးက ကလေးဆိုတော့ လက်ဖက်ထမင်း ထူးထူးဆန်းဆန်းကို ကြိုက် ကရော။ အတော်မသတ်နိုင်အောင် တပူပူ တဆာဆာ လုပ်နေတော့ ဒေါ်ကြီး လှကလည်း ကျွေးရှာသယ်။ ပြဿနာက ညဘက်မှာ တက်တော့ သာပါ။ ညဥ့်နက် စမှာ ခြူးခြူးအန် သယ်။ ထမင်းစေ့နဲ့ ရောပါနေတဲ့ လက်ဖက်မည်းမည်းတွေ တွေ့တော့ သူ့သမီးအစားမှားပြီဆိုသာ မအေ က သိလိုက်ပြီ။ အမှုစစ်တော့ လက်ဖက် ထမင်း တရားခံ ဒေါ်ကြီး လှလက်ချက်ဆိုတာ သိကရော။ သိတော့ ဒေါ်ကြီးလှကို ဆူတော့ ကြိမ်းတော့သာပေါ့။ ခြူးခြူးခမျာ မျက်နှာကလေးရဲလို့။ ညတွင်းချင်း ဆရာဝန်ပင့်ပြီး ကုရ တဲ့အထိ အမှုက ကြီးရပြီ။

”ရှင်တို့စားတာတွေ ခြူးခြူးကို မကျွေးပါနဲ့။ ဒါနောက်ဆုံး ဖြစ်ပါစေ။ သမီးအစာအိမ်က ရှင်တို့နဲ့ ဘယ်တူ နိုင်ပါ့မလဲ။ ရှင် မစဉ်းစားဘူးလား။ စဉ်းစားÓဏ်မရှိရင် ဘယ်ေ ကာင်း တော့မှာလဲ။ ကျွန်မတို့က စီးပွားရှာ နေရတာ။ ရှင်တို့နဲ့ ယုံကြည်လို့ ထားတာ။ ရှင်တို့က ဖျက်ဆီးနေ တော့ မခက်ဘူးလား”

ဒေါ်ကြီးလှရဲ့ လက်ဖက်ထမင်း အမှုပြီးလို့မှ တစ်လမကြာသေးဘူး။ ကျီးမနိုးရဲ့ သဲအိမ်ဆောက်မှုက ထပ်ပေါ်လာခဲ့သယ်။ သူဌေး လင်မယားတို့တိုက်ကြီးဘေးမှာ အဆောင်တစ်ဆောင် ချဲ့တဲ့ဖို့ရယ် လို့ သဲတွေအုတ်တွေပုံထားသာ လေးငါးပုံလောက်ရှိမယ်။ ကျီးမနိုး က သူဌေးလင်မယားမရှိခိုက် ခြူးခြူး ကို သဲလိုဏ်ဂူ သဲအိမ် သဲနန်းေ တာ် တွေ ဆောက်ပြသယ်။ သဲပုံက အပေါ်ယံသာခြောက်နေသာ အတွင်းမှာ အစိုဓာတ်ရှိလေတော့ ကျီးမနိုးက သူ့ခြေထောက်တစ်ဖက် ကို ယက်ပြီး ထိုးထည့် သယ်။ အပေါ် က သဲတွေပုံပြီး လက်နဲ့ ဖွဖွကလေး ပုတ်။ ခြေထောက်ကို အသာကလေး နုတ်လိုက်တော့ သဲအိမ်ကလေးပေါ် လာကရော။ အဲသည်အပေါ်မှာ သစ်ကိုင်း သစ်ခက် ကလေးတွေ၊ ခြံထဲက နှင်းဆီပွင့်ကလေးတွေ စီထိုးလိုက်တော့ အင်မတန်လှတဲ့ သဲနန်းတော်ဖြစ်ပြီပေါ့။ ဒါကို ခြူးခြူး က သိပ်သဘောကျသွားသယ်။ သူလည်း လုပ်ချင် သယ်ဆိုပါရော။ လွယ်လွယ်ကလေးပဲဟာ။ ခြူးခြူး ခြေထောက်ကလေး သဲကျင်းထဲ ထိုးနှစ်၊ အသာဆွဲနှုတ်၊ ပန်းကလေး တွေစိုက်၊ သဲနန်းတော်ဖြစ်သကိုး။ သဲနန်းေ တ်ာတွေ . . . သဲနန်း တော်တွေ။ ခြူးခြူးတစ်ကိုယ်လုံးမှာ လည်း သဲတွေပေပွလို့။ ညဘက် ရောက်တော့ ခြူးခြူးဖျားပြီ။ နေပူပူ ထဲ သဲစိုဒဏ်ကို ခံလိုက်ရတဲ့ ခြူးခြူး ခမျာ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် အောင် ပူလာခဲ့သယ်။ စစ်လိုက်တော့ ဗိသုကာကျီးမနိုးရဲ့ သဲနန်းတော် ဆောက်မှုကြီး ပေါ်ပါလေရော။

သည်တစ်ခါတော့ မာမီ ဒေါ်လူစီက ကျီးမနိုးကို ကြိမ်ကြက် မွေးချောင်းနဲ့ ရိုက်သယ်။ ရိုက်ချက် တစ်ချက်ကျတိုင်း ကျီးမနိုးတောင့်ခံ သယ်။ သဲပုံပေါ်မှာ အိမ်ဆောက် တမ်း ကစားသာကို သည်လောက် တောင် နာကြည်းရသလား။ ကျီးမနိုး နားမလည်နိုင်ဘူး။ သဲပုံပေါ် ကစား သူအချင်းချင်း သူကတော့ ဘာ ကြောင့် မဖျားသ လဲဆို သာ ကို ပဲ တွေး နေမိသယ်။ ကြိမ်ချက်တွေက အသားတွေကို နွှာထုတ်နေသလို ရှိလေရဲ့။ ကြာတော့ ထူပြီးကြိမ်းစပ် နေပေသိ ကျီးမနိုး မငိုပါဘူး။ သည်မှာ တင် ဖျားနေ တဲ့ ခြူးခြူး က မအေကို လှမ်းအော်လေရဲ့။

”မရိုက်ပါနဲ့၊ မရိုက်နဲ့တော့၊ မာမီရပ်ပါတော့၊ သမီးဖျားသာ ကျီးမနိုးနဲ့ ဘာမှမဆိုင်ဘူး”

မာမီ ဒေါ်လူစီရဲ့ တုတ်ချက် ဟာ တုံ့ခနဲရပ်သွားသယ်။ ကျီးမနိုး လို့ ခေါ်လိုက်သာကိုလည်း နား မလည်နိုင်အောင် ဖြစ်သွား သယ်။မာမီ ဒေါ်လူစီသတိမထားမိ လို့။ ခြူးခြူး စ ကားပြောရင်လည်း ကျီးမနိုး လိုပဲ ‘တ’ နဲ့ ‘သ’ ရောနေသာကိုပါ။ နားမလည်နိုင်ခြင်းနဲ့အတူ နောက် ထပ် တုတ်ချက်တစ်ချက် ကျလာချိန် မှာတော့ ခြူးခြူးက ခုတင်ပေါ်က ဆင်းလာပြီး ကျီးမနိုးကို ဝင်ဖက် သယ်။

”ကျီးမနိုး ညည်းပြန်တော့၊ ရွာကို ပြန်တော့၊ သူက ရက်စက် သယ်”

အံ့သြခြင်း၊ နားမလည်နိုင်ခြင်း။ ဝေခွဲရခက်ခြင်း၊ ရှုပ်ထွေးခြင်းတွေနဲ့ အတူ မာမီဒေါ်လူစီရဲ့ လက်ထဲက ကြက်မွေးချောင်း ပြုတ်ကျသွားခဲ့ သယ်။ သူက ရက်စက်သယ်ဆိုတဲ့ မအေကို စွပ်စွဲလိုက်တဲ့ စကားလုံး ကြောင့်လည်း ဖြစ်နိုင်ပါရဲ့။ မာမီ ဒေါ်လူစီထွက်သွားတော့မှ ခြူးခြူး အငိုတိတ်တော့သယ်။ ဖျားနေတဲ့ ခြူးခြူးရဲ့ ကိုယ်လုံးလေးဟာ ခရမ်း ချဉ် သီးတစ်လုံးလို ရဲလို့။ တစ်ကိုယ် လုံးဆတ်ဆတ်တုန်လို့။ ကျီးမနိုးကို ဖက်ထားရာက ပြေလျော့ကျသွား လေရဲ့။ ခြူးခြူးသာ သုံးရက်ကြာခဲ့ သယ်။ သည်သုံးရက်လုံးလုံး ကျီးမနိုး ကိုယ်တိုင် ခြူးခြူးနဲ့ မတွေ့ရလို့ စိတ်တွေပူမိသယ်။ ဆရာဝန်ကတော့ ကားနဲ့ရောက်ရောက်လာလို့ အဖျား မကျသေးသာ သိပါရဲ့။ မမေးဝံ့ ဘူး။

ခြူးခြူးရဲ့ ဝေယျာဝစ္စ လုပ်ပေး ရတဲ့ အလုပ်ကလွဲရင် တခြားလုပ် စရာ သိပ်မရှိလေတော့ ကျီးမနိုး အဖို့ရာ ခြူးခြူးနဲ့ မတွေ့ရတဲ့ ရက် တွေမှာ ဒေါ်ကြီးလှကိုပဲ ဝိုင်းကူ နေခဲ့ရ သယ်။ ညဘက် ကိုယ့်တန်း လျားခန်းထဲရောက်မှ ဒေါ်ကြီးလှဆီ က စကားတစ်ခွန်း ကြားရသယ်။

”ကျီးမနိုး ညည်းကို သည်တိုက် ကြီးဆီ ခေါ်လာတဲ့သူက ဘယ်သူ ရယ်”
”ဦးအောင်မြတ်”
”အေး . . . သူဌေးကတော်က ကားဆရာ ကိုသန်းမောင်ကို ကိုအောင်မြတ် ရှာခေါ်ခဲ့လို့ ခိုင်းသာ ငါ ကြားသယ်၊ ညည်းကို ညည်းရွာ ပြန်ပို့မယ်နဲ့ တူပါရဲ့၊ ပြန် ဆိုတော့ ပြန်လိုက်ရုံပေါ့အေ”
”အို ဟုတ်ကဲ့လား၊ ကျုပ်က ပြန်ဝံ့ပါသယ်၊ အမေ ကြိုယူထားတဲ့ ပိုက်ဆံ ဘယ်လိုပြန်ဆပ်ရပါ့မလဲ ဆိုသာပဲ ပူသာ”
”အဲသာ ညည်းနဲ့မဆိုင်ဘူးလေ၊ သူတို့က ပြန်ပို့သာပဲဟာ၊ ညည်းကို တစ်နှစ်စာပေးရတဲ့ ပိုက်ဆံလောက် များ သူဌေးကတော်အဖို့ရာ ဖဲတစ်ခါရှုံး မရှိပါဘူးအေ၊ မပူပါနဲ့”
”သူဌေးကတော်က ယောက်ျား တွေလို ဖဲရိုက်သယ် ဟုတ်ကဲ့လား”
”ကလေးကို ညည်းနဲ့ထားပြီး ထွက်ထွက်နေသာ သူဌေးမအချင်း ချင်း ဖဲရိုက်ထွက်သာပေါ့အေ၊ လင်ကလည်း မနိုင်ဘူးနဲ့ တူပါရဲ့။ စိတ်ဆင်းရဲပါသယ်အေ၊ ချမ်းသာ လွန်းလို့ တော်တော့သယ်၊ ငွေကို ဖလားနဲ့ ခပ်သုံးနေတဲ့ အတိုင်းပဲ”
”ခြူးခြူးကော ဘယ်လိုနေသေး လဲ ဒေါ်ကြီး”
”မပြောတတ်ဘူး၊ ငါလည်း အပေါ်မှ မတက်ရသာ”

ကျီးမနိုးကတော့ ရွာပြန်ရမယ့် အမိန့်ကို စောင့်နေရုံကလွဲလို့ ဘာရှိမှာတုံး။ သူသနားတဲ့ ခြူးခြူး ကလေး နေကောင်းပါစေတော့လို့ ဆုတောင်းရုံကလွဲလို့ကော တခြား ဘာရှိ မှာတဲ့တုံး။ ရွာပြန်ရမယ်ဆိုမှ ရွာပြန်ချင်စိတ်တွေ ပွင့်ထွက်မတတ် ခံစားမိသယ်။ သည်နှစ် သူတို့ရွာ ကျွဲခလောက်ဘုရားပွဲ။ ရွာနီးချင်း သုံးရွာဖြစ်တဲ့ ကျွဲခလောက်၊ ကိုင်းပင် နဲ့ ကုန်းမန်ကျည်းသုံးရွာက တစ်ရွာ တစ်လှည့်စီ ဘုရားပွဲမှာ ဇာတ်ထည့် နေကျ။ တစ်ရွာကို နှစ်နှစ်က ပိုက်ဆံ စု၊ သုံးနှစ်မြောက်နှစ်မှာ ကျတဲ့ရွာက ဘုရားပွဲကျင်းပ၊ ဘုရားပွဲမှာ ဇာတ်ပွဲ ထည့်၊ သည်နှစ်က ကျွဲခလောက်ရွာ အလှည့်ကျတဲ့နှစ်။ ကျီးမနိုးစိတ် မကောင်းသာက ရွာကို အိမ်ကြီးရှင် က ရိုက်နှက်လွှတ်လိုက်လို့ ပြန်ရ သယ်ဆိုသာကိုပါ။ ဒါပေသိ ကျီးမနိုး ကိုယ်တိုင်က ဘာမှတတ်နိုင်သာမှ မဟုတ်သာလေ။ ကိုယ့်ကိုယ်ကိုယ် လည်း ဖြေသိမ့်ပါရဲ့။ ရွာပြန်ရမှ တော့ ဝေါနဲ့ပဲ ထမ်းပို့ပို့၊ ကြိမ်နဲ့ပဲ ရိုက်လွှတ်လွှတ် ရောက်ရဖို့ လိုရင်း မဟုတ်လား။ အဖေက ရောဂါသည်၊ အမေက ကလေးသုံးယောက်နဲ့၊ သည်အရွယ်ရောက်မှတော့ ကျီးမနိုး မိဘလုပ်ကျွေးနိုင်ပါပြီ။ ပိတ်စွယ်တို့ တိုးကြီးတို့ တိုးလေးတို့ကိုလည်း လွမ်းပါရဲ့။ ဒါပေသိ ကျီးမနိုး မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။

ဆက်လက်ဖော်ပြပါမည်

ခင်ခင်ထူး

ရတီကျန်းမာရေးအမေးအဖြေကဏ္ဍ

$
0
0

ဒီတစ်လ ရတီပရိသတ်များမေးလာတဲ့ အထဲ က လတ်တလောရာသီဥတုမှာ သတိထားရမယ့် အကြောင်းအရာတွေကို ရွေးချယ်ပြီး ဖော်ပြပေး လိုက်ပါတယ်။ ဒီမေး ခွန်းတွေကိုတော့ အထွေထွေ ရောဂါကု ဆရာဝန်ဖြစ်တဲ့ ဒေါက်တာကျော်စွာဦး က ဖြေထားပေးပါတယ်။ ကျန်းမာရေးအတွက် မေးကြမယ်ကဏ္ဍကို လိပ်မူပြီး မိမိတို့ သိ လို ရာကို မေးမြန်းနိုင်ပါတယ်။

မင်္ဂလာပါ ဒေါက်တာရှင့်။

ကျွန်မနာမည်ကတော့ သင်းသင်းပါ။ အသက် ၂၆ နှစ်ရှိပါပြီရှင့်။ ကျွန်မှာ အခက်အခဲလေးတစ်ခု ဖြစ်နေပါတယ်။ အဲဒါကတော့ ချွေးထွက်တဲ့ ပြဿနာနဲ့ ဖျားတတ် တဲ့ပြဿနာပါပဲ။ ကျွန်မက စာရင်းကိုင်ဆိုတော့ အထိုင်များတဲ့ အလုပ် လုပ်ရပါတယ်။ ဒါကြောင့်ပဲလား မသိပါ။ ချွေးသိပ်မထွက်တတ်ပါဘူး။ အဲဒီတော့ ညနေအိမ် ပြန်ရင် ရေချိုးတဲ့အခါ တစ် ခါတလေဖျားချင်သလိုလို ဖြစ်တတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေချိုးခါနီးချမ်းတာနဲ့ ကိုယ်တွင်းက ဖျားသလို ပူနေတာမျိုးနဲ့ မကြာခဏ စိတ် အနှောင့် အယှက် ဖြစ်ရပါတယ်။ အဲဒါ ဘာဖြစ်နေတာလဲ ဆိုတာနဲ့ ဘာလုပ်ရမယ်ဆိုတာလေး သိချင်ပါ တယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

သင်းသင်း (သီတာလမ်း၊ ကျောက်မြောင်း)

ကျွန်တော်တို့လည်း ချွေးထွက်လွန်တတ်ပါတယ်။ တစ်ခါတလေကျရင် နုံးပြီးတော့ အဲလိုမျိုး ဖြစ်တတ်ပါတယ်။ အဲကွန်းထဲမှာ လုပ်ရတဲ့အလုပ် ဆိုရင်တော့ တတ်နိုင် သလောက် အနွေးထည်ဝတ်ထားဖို့ လိုတယ်ထင်တယ်။ အကယ်၍ ဖျားတယ်နာတယ်ဆိုရင်တော့ ပါရာစီတမော အဖျားကျဆေးတော့ သောက်ထားသင့်တယ်။ အဲဒါက အဲကွန်းခန်းတို့၊ ပန်ကာတို့ ရေရှည်မခံရင်တော့ ပိုကောင်းမယ်။ ဒါက ရောဂါရယ်လို့ တော့ အတိအကျမဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေမှုထိုင်မှုနဲ့ အလုပ်အကိုင်နဲ့ ဆိုင်မယ် လို့တော့ ထင်ပါတယ်။ တကယ်လို့ ပြန်ရောက်ရင် ချွေးတိတ်ပြီးမှ ရေချိုးတာပဲဖြစ်ဖြစ်၊ နားပြီးမှ ရေချိုးတာပဲ ဖြစ်ဖြစ် လုပ်သင့်တယ်ထင်ပါတယ်။ အဲဒါအတွက်နဲ့တော့ စိတ်သောက မဖြစ်ပါနဲ့။ ဒါမျိုးက လူတော်တော်များများလည်း ဖြစ်တတ်ပါတယ်။ နေပူထဲသွားမယ်ဆိုရင်တော့ အဝတ်ပါးပါးလေးတွေ၊ ချွေးစုပ်မယ့် အင်္ကျီလေးတွေ၊ ချည် သားလေးတွေ ဝတ်သင့်ပါတယ်။ ထီးဆောင်းဖို့ လိုမယ်ထင်ပါတယ်။ ဖျားတတ် တယ်ဆိုရင်တော့ အအေးကို သတိထားဖို့လိုပါမယ်။

ဒေါက်တာခင်ဗျား  . . .

ကုမ္ပဏီတစ်ခုရဲ့ ရောင်းမောင်းဝန်ထမ်းပါ။ အခုလို ပူပြင်းတဲ့ရာသီမှာ ကျွန်တော်တို့လို အပြင် ထွက်ရတဲ့သူတွေအဖို့ အပူရှပ်တဲ့ပြဿနာကို ကြုံရတတ်ပါ တယ်။ ရေခဲရေ မသောက်မိဖို့ကို အမြဲသတိထားပေမဲ့ အဆောက်အအုံတွေထဲကို မခန့်မှန်းနိုင်ဘဲ ဝင်သွားပြီးမှ အဲကွန်းသိပ်အေး အေးလွှတ်ထား တာတွေလည်း ကြုံရတတ်တော့ အမြဲ တမ်း သတိထားရပါတယ်။ တစ်လောကဆို ကျွန်တော့် အသိမိတ်ဆွေတစ်ယောက်ဟာ အပူရှိန်ပြင်းတဲ့အချိန်မှာ အစာစားပြီး ရုတ်တရက် ခေါင်းမူးလာလို့ ဦးနှောက်ေ သွးကြောပြတ်မှာ ကြောက်ပြီး ဆေးခန်းပြေးရတယ်လို့ ဆိုပါတယ်။ ဘာမှတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီကိစ္စမျိုးက အချိန်မရွေး ဖြစ်လာနိုင်တော့ နေ့တိုင်း အပြင် ထွက်နေရ တဲ့ ကျွန်တော့်အတွက် ဘာတွေ သတိ ထားဆောင်ထားရမလဲဆိုတာမျိုးလေး သိချင်ပါတယ်။

လင်းထွန်းမြတ်

ဒီအပူရှပ်တဲ့ပြဿနာကတော့ အဲကွန်းခန်းထဲက ပြန်ထွက်ပြီဆိုရင်တော့ နေပူထဲကို ရုတ်တရက်မထွက်ဘဲနဲ့ အရိပ်ရတဲ့ နေရာလေးမှာ ငါးမိနစ်လောက် နားနေလိုက်ပေါ့။ အပူ အအေး ပြောင်းလဲတဲ့ဒဏ်ကို ခံနိုင်ရည်ရှိသွားအောင်လေ။ ရုတ်တရက်ကြီး နေပူထဲထွက်တဲ့အခါကျတော့ အပူချိန် မတူဘူးလေ။ အဲဒါကြောင့် အေးလွန်းတဲ့ နေရာ တစ်နေရာကနေ ကားပေါ်တက်တာပဲ ဖြစ်ဖြစ်၊ နေပူထဲသွားမယ်ဆိုရင် အရိပ်ကလေး တစ်ခုမှာ ငါးမိနစ်လောက်နေပြီးမှ ပြောင်းပေါ့။ အဲလိုမှ မဟုတ်ဘဲ နေပူထဲကနေ အဲ ကွန်းခန်းထဲ ဝင်ရမယ်ဆိုလည်း ချက်ချင်းမဝင်နဲ့ပေါ့။ ခုနကလိုပဲ အရိပ်ကလေးတစ်ခုမှာ ခဏနားပြီးတော့မှ ဝင်လိုက်ပေါ့။ ရေခဲရေကိုတော့ တတ်နိုင်သ လောက် မသောက် မိတာ ပိုကောင်းပါမယ်။ အဲလိုမျိုး ထွက်နေဝင်နေရတဲ့ လူကျတော့ အဲကွန်းခန်းထဲက နေပူထဲထွက်တာဖြစ်ဖြစ်၊ နေပူ ထဲက အဲကွန်းခန်းထဲ ဝင်တာပဲဖြစ်ဖြစ် ချက်ချင်း ရုတ်တရက် ခြေထောက်ရေဆေးတာတို့၊ မျက်နှာသစ်တာတို့ မလုပ်မိဖို့တော့ လိုတယ်။ ဦးနှောက် သွေးကြောပြတ်တာနဲ့ ပတ်သက်ပြီးတော့ နေပူထဲသွားနေကျလူက တတ်နိုင်သမျှ အရက် သေစာမသောက်စားဖို့ လိုပါတယ်။ တစ်ခါ တလေကျ အပူရှပ်တဲ့ဒဏ်နဲ့ အရက်သေစာ သောက်စားထားတဲ့အခါကျတော့ သူက အသက် အန္တရာယ် ရှိနိုင်တယ်။ ပူပြင်းတဲ့ရာသီဥတုမှာ တော့ အစားအသောက်က ရေများများသောက် ရမယ်။ အသီးအရွက် များများစားရမယ်။ သွေးတိုးမှာ ကြောက်ရင်တော့ အငန်၊ အချိုမှုန့် လျှော့စားရမယ်။ အဆီအဆိမ့်တွေက တတ်နိုင် သလောက် လျှော့စားတာ ကောင်းပါတယ်။

ဒေါက်တာကျော်စွာဦး
အထွေထွေရောဂါကုဆရာဝန်

တောက်ပစွာ လောင်ကျွမ်းသော

$
0
0

(က)
နံနက်စောစော နှင်းမှုန်ဖွဲဖွဲ ကြား ‘မိုးပွင့်’၏ နဖူးတွင် ချွေးစို့ နေပြီ။ ခြေလှမ်း သွက်သွက် လှမ်းရ ခြင်းကြောင့်ဟု ထင်သည်။ သို့မဟုတ် ဆန္ဒစောနေခြင်း ကြောင့်လည်း ဖြစ် မည်။
ဒီနေ့ ကျုံမငေး သင်္ဘော ပတ် ရှိသည်။ ရန်ကုန် ဝါးတန်းဆိပ်ကမ်း တွင် နံနက်လေးနာရီ သင်္ဘော ဆိုက် မည်။ အိမ်ရောက်ပြီးချိန် လောက် မှန်း၍ လာခဲ့ပါဟု ‘ကိုခန့် ထွန်း’ က မှာထားသည်။ သူ့အိမ်နှင့် မိုးပွင့်၏ အိမ်သည်ရပ်ကွက်၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်း ဖြစ်သည်။ မိုးပွင့် တွေ့ချင်နေသည့် အမျိုးသမီးကြီး နှင့် ဒီနေ့ ဆုံကြမည် ဟူသော အတွေး ကြောင့် ရင်ခုန်နေသေးသည်။

ထို အမျိုးသမီးကြီးသည် အသားညိုသူ၊ အရပ်ပုသူဟု သိနှင့် ပြီးဖြစ်သည်။ အပြော ချိုသလား ခါး သလား…၊ အနေယဉ် သလားရိုင်း သလား…သိချင်စိတ်ဖြင့် မိုးပွင့် ရင် ထဲ တထိတ်ထိတ်။ ထိုအမျိုးသမီး ကြီး အတွက် နံနက်ခင်းစာ လက် ဖက်ရည်နှင့် ပေါက်စီ ဝယ်လာသည်။ နှစ်ဦးသား ဆုံလျှင် နှုတ်ဆက်ရမည့် စကားလုံးလည်း ရွေးမရ၊ မည်သို့ခေါ် ၍ မည်သည့်စကားဆိုရပါ့…။

ကွန်ကရစ်လမ်း နှစ်လမ်းကျော် လျှောက်ပြီး လမ်းကွေ့ထဲသို့ ချိုးဝင် လိုက်သည်။ စိမ်းနုနုအရောင် သံဆန်ခါ တပ်ထားသော သွပ်မိုးပျဉ် ထောင် အိမ်ထဲသို့ ခြေသံ ဖွဖွဖြင့် လှမ်းဝင် သည်။ စေ့ထားသော တံခါးမကို အသာတွန်းဝင်ပြီး ဝေ့ဝဲ ကြည့်ဖြစ်သည်။

ဧည့်ခန်း တီဗီဘက်ကို မျက်နှာ မူလျက် ထိုင်နေသော အမျိုးသမီး ကြီး၏ ကျော ကိုမြင်ရပြီ။ ဒူးတစ် ဖက်ထောင်၊ လက်တစ်ဖက် တွင် ဆေးပေါ့လိပ် ညှပ်လျက်သားနှင့်။ တီဗီမှ တေးသံရှင်ကို တငေးတမော။ မိုးပွင့်က ချောင်းဟန့်အသံပေး လျက်-

”ကိုခန့်ရေ…”

အသံမဆုံးမီပင် အမျိုးသမီး ကြီးက စွေ့ခနဲ လှည့် ကြည့်သည်။ ခြေဆုံးခေါင်းဆုံး အံ့အားတသင့် ကြည့်နေသည်မှာ ထူးဆန်း ပုံရိပ် တစ်ခု မြင်လိုက်ရသည့် ပုံမျိုး။ အတန် ကြာမှ အိမ်ထဲသို့ မေးငေါ့ ပြပြီး…
”အထဲမှာ ရှိတယ်”
လေသံပြတ်နှင့် ပြောသည်။ ခပ်ဆောင့်ဆောင့် အသံကြောင့် မိုးပွင့် မျက်ခုံးပင့်ခနဲ။ လျှပ်တစ်ပြက် မြင်လိုက် ရသည့် မျက်နှာပုံပန်း သဏ္ဌာန်မှာ နှစ်လိုဖွယ်မရှိ။ ကွမ်း ချေး များနှင့် နီစွေးစွေးသွားမှာ မညီ မညာ။ မျက်နှာပြင်ပေါ်မှ အဖု အထစ်ကျောက်ပေါက် ရာများလည်း ဟိုတစ်စသည်တစ်စ။ ခပ်စိမ်းစိမ်း ဆက်ဆံချင်ပေမယ့် အလိုက် အထိုက် ခင်မင်ပြ ရဦးမည်။ တွေး၍မဆုံးမီ အိပ်ခန်းထဲမှ ကိုခန့်ထွက်လာပြီး ပြုံးမြမြဖြင့်…

”မိုးပွင့် ဝီရိယကောင်းသားပဲ၊ လာလေ…အမေရောက်နေပြီ၊ ဒါ ကိုယ့်အမေလေ မနက်သင်္ဘောနဲ့ ရောက်လာတာ”

မိတ်ဆက် စကားဖြင့် အမေ့ကို လက်ညှိုးထိုးပြသည်။ မိုးပွင့်ခေါင်း တစ်ချက်ညိတ် ဦးညွတ်ပြီး ပြုံးမိ သည်။  အမေဆိုသော အမျိုးသမီး ၏ မျက်ဝန်း များက မိုးပွင့်၏ ဆံနွယ် များထံ အကြည့် ရောက်နေပြီ။ မနေ့ ကမှ အသစ် ပုံသွင်းထားသော ဆံနွယ်ခွေခွေ လိပ်လိပ်သည် မိုးပွင့် ၏ နဖူးပေါ် ပခုံးပေါ်သို့ ဖွာခနဲ ကျ သည်။ ကိုခန့်သည် အမေ့ဘက် လှည့် ၍ ရယ်ကျဲကျဲဖြင့်…

”အမေ ဒါက ကျွန်တော်စာထဲ မှာ ရေးထားတဲ့ ‘မိုးပွင့်ခြွေ’ဆိုတာ လေ၊ သူက ရုံးမှာ အရာရှိမလေးဖြစ် နေပြီ အမေရဲ့၊ လှတယ်မဟုတ်  လား…အမေ”

မိတ်ဆက်ပေးနေသော ကိုခန့် ထံမျက်စောင်းချီလျက် အမေပြော လိုက်ပုံမှာ မိုးပွင့်ရင်ထဲ တွန့်ခနဲ ပင်။

”အင်း…အင်း လှပါ့တော်၊ ရှုပ်ယှက်ခတ်နေတဲ့ ဆံပင်တွေနဲ့”

”အမေ့ ဝေဖန်ချက်ကို ရယ်နေ သောကိုခန့်ကြောင့် ရှက်ဝဲဝဲ ပြုံးပြမိ သည်။ ခေတ်ဆန်ခြင်းကို သဘော တွေ့ပုံမရ၊ နောက်နေ့တွင် သည် ဆံနွယ်ကို စည်ထားမှ ဖြစ်မည်။ အမှတ်လျော့သွားနိုင်သည်။

သားနှင့် လက်ထပ်မည့် မိန်းကလေး ပေမယ့် အားမနာတမ်း ပြောချ မည့်ပုံမျိုး။ မိုးပွင့် အတွက်တော့ အနေ ကျုံ့စေမည့် ယောက္ခမ လောင်းဟု မှတ်ချက်ချမိပြီ။

ဝယ်လာသော ခုနစ်လွှာ ပေါက်စီနှင့် လက်ဖက်ရည်ကို ကို ခန့်ထံပေးပြီး နီးရာခုံတွင် ထိုင် လိုက်သည်။ အမေ့ကို နောက်ကျော မှ ကြည့်ခွင့် ရသဖြင့် တော်ပေသေး။ တီဗီ ဘက် မျက်နှာမူထားသော အမေ့ကို ဝေဖန်ကြည့်လျက် ဘဝင် မကျဖြစ်နေသည်။

ဆံနွယ်စ များသည် ဖွာလန်ကျဲ ပြီး ခြောက်သွေ့သွေ့။ ဆေးလိပ်ဖွာ နေသည်မှာ မီးခိုးတလူလူ။ ထူထူ ထဲထဲ ခွေပတ်ထားသော ဆံပင် တစ်အုပ် တမကြီးမှာ သစ်သား ဘီး လေးမှ လျှံထွက်နေသည်။ စကား တိုတိုပြတ်ပြတ် ပြောတတ်ပုံသည် လည်း တောဆန်နေသည်။ သည် အမေနှင့် အတူတူ နေရလျှင် ပြောဆို ဆက်ဆံရခက် မှာ သေချာ သည်။ မုန့်နှင့် လက်ဖက်ရည် ပန်းကန် ကိုင်၍ ထွက်လာသော ကိုခန့်ကြောင့် မိုးပွင့် ဟန်လုပ်ပြုံးပြရသည်။

”အမေ မုန့်စားပါဦး၊ အမေ့ ချွေးမလောင်းဝယ်လာတာ”

အသံကြား၍ အမေလှည့်ကြည့် သည်။ မုန့်ကို ကြည့်ပြီး မိုးပွင့်ထံ အကြည့်ရောက်သည်။ ခေါင်းခါ လျက် -

”ဟေ့အေး…အမေ မကြိုက် ဘူးလေ သားရဲ့၊ ဈေးကြီးကကြီး နဲ့”

”ရန်ကုန်မှာက ဈေးမကြီးဘူး လေ၊ အမေ စားစေချင်လို့ ဝယ်လာ တာကို”

ကိုခန့်၏ စကားကြောင့် အမေ က မုန့်ကို လှမ်းကြည့်သည်။ ကြိုက် လျက်နှင့်ဈေးနှုန်းကြောင့် အားနာ စကားဆိုခြင်းဟု မိုးပွင့် နားလည် လိုက်သည်။ စားပါဦးဟု ပန်းကန် ထိုးပေးစဉ် မိုးပွင့်ကို သေချာကြည့် သည်။ အမေ့ မျက်နှာက ပြုံးတုံ့တုံ့ နှင့်။
”အေးလေ…အရာရှိမဆို တော့ ဝယ်ကျွေးနိုင်တာပေါ့။ အမေကတော့ ကျုံမငေး ပုစွန်ချဉ်နဲ့ အုန်းယိုတွေပဲ ပါတယ်။ သမီး အတွက် ဝယ်လာတာ ယူသွားလေ”
”ဟုတ်ကဲ့ အမေ၊ ကျွန်တော် ထုပ်ထားပြီးပါပြီ။ မိုးပွင့်ယူသွားမှာ ပါ”
ကိုခန့်က လက်ထဲမှ အထုပ်ကို ပြသည်။ အမေ ပြုံးကြည့်နေစဉ် အထုပ်ကို ဆွဲ၍နှုတ်ဆက်ပြန်ခဲ့ သည်။ ယူသာ ယူခဲ့ရသည်။ မိုးပွင့် ကြိုက်သည့် အစားအစာ မ ဟုတ်။ သွေးတိုးစာနှင့် ချောင်းဆိုးစာ ကို မိုးပွင့်ရှောင် ခဲ့သည်မှာ ကြာပြီ။

(ခ)
ဒီနေ့ရုံးတက်ရချိန်တွင် မိုးပွင့် ရင်ထဲ၌ ကြည်ကြည်လင်လင် မရှိလှ။
ယောက္ခမ တော်ရမည့်သူသည် တောဆန်သူ၊ ကြွားစရာ တစ်ကွက်မှ မရှိသူ အဖြစ် မှတ်ချက်ချမိတာ အမှန်။

ကိုခန့်ထွန်း နှင့် ရုံးရှေ့ လက်ဖက်ရည် ဆိုင်တွင် အတူတူထိုင်စဉ် ကလည်း သည်အမေ အကြောင်း ပြောမဆုံး။ အခု ရုံးဆင်းချိန် အတူ ပြန်တော့လည်း အမေ့ အကြောင်း ပြောပြန်ပြီ။

”အမေက သိပ်သနားဖို့ ကောင်းတာ၊ ပြည့်ပြည့်စုံစုံ မရှိတဲ့ မိသားစုထဲမှာ ချွေးမ လာဖြစ်ရတော့ သူပင်ပန်းတာပေါ့။ နာတာရှည် ယောက္ခမရော…ကျန်းမာရေး ညံ့ လာတဲ့ လင်သား ကိုရော…ပြုစုရ၊ ဆေးဖိုးဝါးခ ရှာရနဲ့ အလုပ်ကလည်း ဝါးထရံ ရက်တာ ဆိုတော့ အရမ်း ပင်ပန်းရှာတယ်၊ ကိုယ့်ပညာရေး လည်း အမေပဲ ကျောင်းစရိတ်ရှာ တာ၊ ဒါပေမဲ့ အမေ့ ညည်းညူသံ တစ်ခါမှ မကြားရဘူး”

ကိုခန့်ထွန်း ပြောသမျှ ခေါင်း ညိတ် နားထောင်နေလိုက်သည်။ သည်အမေ ရောက်နေချိန်လေး တွင် ဂရုတစိုက် ရှိစေချင်ပုံရသည်။ အမေ့ ကောင်းကြောင်း ချည်းပြောနေ သည်။ ဒါပေမဲ့ ရင်းနှီးမှု ရရန် စကားလက်ဆုံ ကျ၍ ဖြစ်မည် မဟုတ်။ ရယ်ဒီမိတ် အင်္ကျီ၊ ထဘီ စကတ်၊ ဒေါက်မြင့် ဖိနပ်နှင့် ကော့ ကြော့ကြော့ကော့ နေတတ်သော မိုးပွင့် ကို အမေ့ ဝေဖန်ရေး လျှော့ပေး မည်မဟုတ်။ အမေ့ ရှေ့သို့ သွားချိန် လေးတွင် အချိုးဒီဇိုင်းကို ပြင်ပါဦးမှ၊ သဘောမကျဘူး ဆိုလျှင် ခက်ဦး မည်။ ကိုခန့်ထွန်းက သား လိမ္မာ လေ။

ကိုခန့်ထွန်း၏ ခြေလှမ်းများ ဈေးတန်းဘက်ကနေ တရွေ့ရွေ့ လျှောက်စဉ် မိုးပွင့်မေးမိပြီ။

”ဘာတွေ ဝယ်မှာမို့လဲ၊ အတူတူ နေတဲ့ ကိုစိုးနဲ့ လှိုင်ဦးတို့ပဲ ဈေးဝယ်နေကျဆို”

ပန်းသစ်တော်သီး၊ ကြက် မောက်သီး၊ ငါးပုဏ္ဏား၊ ကိုက်လန် ရွက်၊ ကြက်ဥ၊ ကြက်သား…စသည်များ လက်ဆွဲအိတ် တစ်လုံးနှင့် အပြည့် စိတ်တိုင်းကျ ဝယ်ပြီးမှ တစ်ခွန်း ချင်းဖြေသည်။

”အမေက သူ့ရွာမှာ ဖွယ်ဖွယ် ရာရာ ချက်စားမှာ မဟုတ်ဘူးလေ၊ ဖြစ်သလိုစားနေတာ၊ ကိုယ့်ဆီ ရောက်တုန်း ကောင်း ကောင်းစား စေချင်လို့ ကိုယ်တိုင် ဝယ်ချက်မှာ”

မိုးပွင့်စိတ်ထဲမှာ သာဓုဟု ရေရွတ်မိသည်။ မွေးရ ကျိုးနပ်လေ ခြင်းဟု တွေးမိသွားသည်။ ကိုခန့်၏ အပြောကြောင့် အမေ့ကို သနား သလိုလို ဖြစ်မိသား။ ကားမှတ်တိုင် တွင် ကားစောင့်စဉ် လည်း အမေ့ အကြောင်း ဆက်ပြန်ပြီ။ ယောက္ခမ ဆုံး၊ လင်သား ဆုံးပြီးနောက် သားနှင့် လိုက်နေရန်လည်း အဆင်မပြေ။ ထို အိမ်တွင်လည်း မပျော်ပိုက် သဖြင့် မွေးရပ်မြေ ရွာလေးဆီသို့ ပြန်နေ ကြောင်း။ ဆွေမျိုးများ ရှိသဖြင့် ကြည့်ရှု အားပေးကြကြောင်း .. မဆုံးနိုင်သော ”အမေပုံပြင်”ကို တဖွဖွပြောပြနေ သည်။ မိုးပွင့်က မကြား သလိုလို ဟိုဟိုဒီဒီ ကားမျှော် သလိုလို လုပ်မှ စကားစပြတ်တော့ သည်။

စီးရမည့်ကားကို တိုးဝှေ့တက် စဉ်… ကိုခန့် အသံကို ကြားနေရ သေးသည်။

”မနက်ဖြန် ရုံးပိတ်ရက်မှာ အမေ့ကို ဘုရား လိုက်ပို့မလို့ မိုးပွင့်ရဲ့၊ မိုးပွင့်လည်း လိုက်ခဲ့နော်၊ အမေနဲ့ ရင်းနှီး သွားတာပေါ့ကွာ…”

ပြောလည်းပြော ကားထဲလည်း တိုးဝှေ့ဝင်နေသော ကိုခန့်ကို မျက်မှောင်ကြုတ် ကြည့်မိသည်။ တော်တော်လေး စိတ်ပျက်နေပေ မယ့်လည်း မရင်းနှီးချင်ပါဘူး ဟု ပြော မ ထွက်ခဲ့။ မိုးပွင့်၏ နှုတ်မှ ဟုတ်ကဲ့ဟု ပြောပြီး ခေါင်းညိတ် မိလျက်သား ဖြစ်သွားပြီ။

(ဂ)
ရုံးပိတ်ရက် ဖြစ်၍ ကိုခန့်ထွန်း တို့ သားအမိနှင့် အတူ မိုးပွင့်လည်း ဘုရားဖူးဖြစ်သည်။ နံနက်စောစော သွားကြမည့် အစီအစဉ်ကြောင့် မိုးမလင်းမီ အလှပြင်နေမိ သည့် မိုးပွင့်။ ကိုခန့် အတွက်လား… အမေ့ ကိုပြချင်၍လား…ဘာကြောင့်မှန်း မသိ ရုံးသွားသည် ထက် ပို၍ ပြင်ထားသေးသည်။

ကိုခန့်တို့အိမ်သို့ ကြော့ကြော့ လေး လျှောက်လာစဉ် လမ်းထဲမှ အသိအကျွမ်း များက စကြသည်။ ယောက္ခမ ချီးမွမ်းစေချင်၍ ပြင်ထား သည်တဲ့။ တစ်ဝက်မှန်သည်ဟု ဝန်ခံ ရမည် ထင်ရဲ့။ ကိုခန့် အိမ်ပေါက်ဝ ရောက်သည်နှင့် ကိုခန့်၏ ညီဝမ်းကွဲ လှိုင်ဦးက…

”ဟာ …မိုးပွင့်ခြွေက အရမ်းမိုက်တာပဲဗျာ၊ ကျွန်တော် တောင် လူမှားသွားတယ်၊ အဒေါ် ရေ..ဒီမှာ ချွေးမချော ရောက်နေ ပြီ။ အဒေါ့် ဆံပင်ကြီး ရှင်းလို့ မပြီး သေး ဘူးလား”

အသံကျယ်ကြီးဖြင့် နှုတ်ဆက် ပြီး အိမ်ထဲသို့ လှမ်းအော်သည်။ မိုးပွင့်၏ အနေခက်စွာ ကျုံ့ကျုံ့ ယုံ့ယုံ့ ဟန်လေးဖြစ်နေပုံ ကို သဘော တကျ ရယ်နေသေးသည်။ မိုးပွင့် လည်း နီးရာ ကုလားထိုင်တွင် ထိုင်ချ သည်။ ယပ်တောင် အလှလေး ဖြင့် တဖျပ်ဖျပ် ယပ်ခတ်နေစဉ် တရှပ်ရှပ် ခြေသံနှင့်အတူ ကိုခန့်၏ အမေက အနား သို့ ရောက် လာသည်။ မိုးပွင့် ရှေ့ရှိ ကုလားထိုင် လွတ်တစ်လုံး တွင် ဘုတ်ခနဲနေအောင် ထိုင်ချ သည်။ မျက်လုံးကျယ်ဖြင့်  စူးစိုက် ကြည့်ပြီး…

”ဟယ်..ဒီကလေးမနှယ် … ဝတ်လိုက်ရင် အဆန်းချည်းပဲ၊ အင်္ကျီ် ရင်ဘတ်မှာ တွန့်တွန့်တွေနဲ့၊ ထဘီကလည်း ကျပ်ထုတ်နေတာ …ဘယ်လိုများ ချုပ်ထားလဲ မသိဘူး”

အမေ့အပြောကြောင့် မိုးပွင့် အနေခက် ရပြီ။ ကိုခန့်လည်း ရယ် ချင်ပြုံး တုံ့မျက်နှာဖြင့် မိုးပွင့်၏ အနားသို့ လာရပ်သည်။

”ကြည့်ရတာ အဆင်မပြေ ဘူးလား အမေ”

ကိုခန့်၏ အမေးကို အမေက ခေါင်းခါသည်။ မိုးပွင့်၏ ဝတ်စား ဆင်ယင်မှုကို တစ်ကျော့ပြန်ကြည့် လျက်-
”အမေကတော့ မျက်စိ နောက် တာပေါ့၊ သူနဲ့ကျတော့ ကြည့်ကောင်း နေသား”
အေးအေး တည်တည် ပြော သည့် အမေ့ကို ကြည့်၍ ရယ်မော မိကြသည်။ မိုးပွင့်မှာ ပြုံးရမလို မဲ့ရ မလိုနှင့်။ ချီးမွမ်းမှန်း မသိ ကဲ့ရဲ့မှန်း မသိပြောသော အမေ့ကြောင့် ကိုခန့်က အားနာစကားဆိုသည်။
”အမေ၊ ရိုးပုံကတော့လေ … ချီးမွမ်းစကား ကိုတောင် နားဝင်ချိုအောင် မပြောဘူး”
”ဟား…ဟား…ဟား … တော်သေးတာပေါ့။ နို့မို့ဆိုရင် နောက်တစ်စုံ သွားလဲခိုင်းဦးမှာ၊ ကျွန်တော်တို့က ခံရပေါင်း များပြီ ဗျာ”

လှိုင်ဦး၏ စကားကို မိုးပွင့် သိသည်။ အမေသဘော မကျလျှင် ထိုဝတ်စုံကို လဲခိုင်းတတ်ကြောင်း ကိုခန့်ပြောပြဖူးပြီးသား။ ခုလို မလဲ ခိုင်းသည် ကိုပင် ကျေးဇူး တင်စ ရာ ဖြစ်နေပြီ။ မိုးပွင့် စိတ်ထဲ အောင့် သက်သက်နှင့် ”ကြည့်မရလည်း မျက်နှာ လွှဲနေပေါ့”ဟု ရေရွတ်မိ သည်။ အိမ်ရှေ့တွင် ကြိုတင်မှာ ထားသည့် အငှား ကားရောက်လာ သည်နှင့် အိမ်မှ ထွက်ခဲ့ကြသည်။ ကားလေးက ဗိုလ်ချုပ်လမ်းမ အတိုင်း တရိပ်ရိပ်ပြေးပြီ။ ဒရိုင်ဘာဘေးခုံ တွင် ကိုခန့်ထိုင်၍ နောက်ခုံတန်း တွင် အမေနှင့် မိုးပွင့် အတူတူ ထိုင်သည်။ အမေ့ အကြည့်က မိုးပွင့်၏ ကျဲကျဲ ပါးပါး ဂုတ်ဝဲ ဆံပင်ပေါ်ရောက်နေပြီ။ ဘာများ ဝေဖန်ဦးမသိ၊ မိုးပွင့်လည်း ဟန် လုပ်ပြုံးဖြင့် အကြည့်လွှဲထားရ သည်။ ထိုစဉ် အမေ့ လက်တစ်ဖက် က မိုးပွင့်၏ ဆံနွယ်ပေါ်သို့ ခပ်ဖွဖွ ထိတို့လာပြီး…
”မိုးပွင့် ဆံပင်ကို အရှည်ထား ပါလား…၊ မိန်းကလေး ဆိုတာ ဆံပင်ရှည်မှ ကျက်သရေ ရှိတာ”ဟု ပြောသည်။ သည် တစ်ကြိမ်တော့ မိုးပွင့် အတော်စိတ်တိုသည် ။ဆံပင် တိုနေသောကြောင့် ကျက်သရေ မရှိတော့ သလိုလို။ အေ မ့ဘက်လှည့် မကြည့်ဘဲ ပြောချလိုက်သည်။
”အရှည်မထားဘူး၊ ရှင်းနေ ချိန်မရ တို့ကို ဖြတ်ထားတာ”
မိုးပွင့် အသံ အနည်းငယ် မာ သလို ဖြစ်သွားပုံရသည်။ ကိုခန့်က တစောင်းလှည့်၍ ဖာဖာထေးထေး နှင့်
”အမေရယ်… ရုံးဝန်ထမ်း တွေမှာ အချိန်ပို မရှိလှဘူးလေ၊ အမေ့လို ဆံရှည်တစ်အုံ တစ်မကြီး ရှင်းနေရရင် ဖြစ်မလား၊ အမေ့ဆံပင် တောင် ဒီနေ့ ရှင်းနေရတာ နဲ့ နေမြင့် သွားတာလေ၊ အဖေ သဘောကျတဲ့ ဆံပင်ကြီးကို နှမြောမနေပါနဲ့ တော့၊ အဖေမှ မရှိတော့တာ ဖြတ်လိုက် ပါလား အမေရဲ့”
ရယ် ဟဟဖြင့် ပြောသည်။ ကိုခန့် စသည်ကို အမေက တကယ် ထင်သွားသည်။ မဲ့ကာရွဲ့ကာဖြင့် တစ်ခွန်းတည်း ပြောသညိ။
”ငါသေတာတောင် မဖြတ် ဘူး”
ဘုရားရင်ပြင်တော်သို့ ရောက် ချိန်တွင် နေက အတော်ပူနေပြီ။
ခြေဖဝါးပူ၊ ခေါင်းပူပြောပြီး အပြေး တစ်ပိုင်းလျှောက်သည်။ လှုပ်လီလှုပ်လဲ့ ပဲများပြီး လျှောက် နေသော မိုးပွင့်ကို လှည့်၍ခေါ် သည်။
”ဟဲ့…သမီး၊ မြန်မြန် လျှောက်လေ မြေပြိုမှာစိုးလို့လား”
ဘုရားရင်ပြင်ပေါ်မှ ဘုရားဖူး အချို့က လှည့်ကြည့်၍ ပြုံးစေ့စေ့။ မိုးပွင့် မျက်နှာလည်း ရှိန်းခနဲ ပူသွား သည်။ ရှေ့သို့ ရောက်နှင့်နေသော ကိုခန့်ကို အမေက လက်ထဲရှိ တဘက်လေးဖြင့် ဆောင်းပေးသည်။ ကိုခန့် လက်ထဲမှ သပြေ၊ နှင်းဆီ၊ စံပယ်စသော ဘုရားပန်း များကို လည်း အမေ့ထံ ကမ်းပေးသည်။ မိဘမေတ္တာနှင့် ကျိုးနွံသော သားလိမ္မာ တို့၏ ပြယုဂ်ဟု မိုးပွင့်ရင် ထဲ ဝမ်းသာပီတိ ဖြစ်မိသည်။ အမေ နှင့်အတူ ဘုရားဝတ်ပြု၊ ပန်းလှူ၊ ဆီမီးပူဇော်၊ ရေ သပ္ပာယ်ပြီး ရွှေပြား သင်္ကန်း အတွက် ငွေလှူ ဒါန်းသည်။ နေလည်းပူ၊ ရေလည်းဆာ၊ ဗိုက် လည်းဟာ ချိန်ဖြစ်၍ တောင်ဘက် မုခ်သို့ဆင်းခဲ့ကြသည်။

ဟက်ပီးဝေါလ်အဝင်ဝရှိ စား သောက်ဆိုင်ထဲသို့ဝင်စဉ် အမေ့ခြေ လှမ်းက တွန့်ဆုတ်ဆုတ်နှင့်။ ကိုခန့် လက်ဆွဲခေါ်၍ အလယ်ကျကျ စားပွဲတွင် ထိုင်စဉ် အမေက စားပွဲ ကို ကျောခိုင်း ထိုင်သည်။ မိုးပွင့်မျက် လုံးများပြူးကျယ် သွားရပြီ။ ပျာပျာ သလဲနှင့် အမေ့ဒူးကို ကိုင်၍ စားပွဲခုံဘက် မျက်နှာ လှည့်ထိုင်ရန် ပြောရသည်။ အမေက တိုတိုပြတ် ပြတ်လေသံဖြင့်-
”အမေမှ မစားတာ”
ပြောပြီး လှည့်သွားပြန်သည်။ ကိုခန့်က ပြုံးစစဖြင့် လေ သံအေးနှင့် ချော့ပြောပြောသည်။
”မစားလည်း ဒီဘက်လှည့်ထိုင် လို့ ရပါတယ် အမေရဲ့၊ ရေသန့်လေး သောက်ဦးလေ… အခုအချိန်က မနက် ထမင်းစားချိန် ရောက်နေပြီ မဟုတ်လား၊ အမေ ဘာ စားချင်လဲ၊ ထမင်းလား…ခေါက်ဆွဲကြော်၊ ကြာဆန်ကြော်၊ နန်းကြီးသုပ်၊ ကြေး အိုး သောက်ရင်လည်း ရတယ်။ အမေကြိုက်တာ မှာလို့ရတယ်လေ …”

”ဟာ …ဈေးကြီးတာတွေ  မစားချင်ပါဘူး၊ ဈေးနည်းတာ ပဲမှာ ပေး”ပြောပြီး ပခုံးပေါ်မှ တဘက် လေးဖြင့် ယပ်ခတ် သလိုလုပ်နေ သည်။ မိုးပွင့်က ရေသန့်ဘူး ဖွင့်၍ ဖန်ခွက်ဖြင့် ထည့်ပေးသည်နှင့် အားပါးတရ သောက်သည်။ မျက်လုံး အကြည့်က ဆိုင်နံရံပေါ်မှာ ကြော်ငြာ ပုံများထံ ရောက်နေသည်။ ရေသီး သဖြင့် ကျောကို အသာ ဖိ ပေး ရသေးသည်။ အင်္ကျီ လက်မောင်း ပင့်၍ နှုတ်ခမ်းပါး နားသုတ်နေပုံ ကို မြင်တော့ မိုးပွင့် လန့်သွားသည်။ တစ်သျှူးဘူးမှ တစ်သျှူး စက္ကူကို ယူပေးပြီး သုတ်ရန် ဟန်ဖြင့်ပြ ရသည်။

စားစရာများ စားပွဲပေါ်သို့ လာချစဉ် ဟိုပန်းကန် သည် ပန်းကန် လိုက်ကြည့်လျှင် အမေ အလုပ်ရှုပ် နေပြန်သည်။ အမေ့ရှေ့ကို ခေါက် ဆွဲကြော် ပန်းကန် ထိုးပေးပြီး ဇွန်း တပ်ပေးလိုက်သည်။

”အမေ အဝစားနော်၊ အမေ့ အကြိုက်တွေချည်းပဲ”

ကိုခန့်၏ အပြောကို ခေါင်း ညိတ်၍ ခေါက်ဆွဲကြော်စား သည်။ အိမ်မှာဆိုလျှင် အားပါးတရ စား တတ်ပေမယ့် ခုတော့လည်း တို့ထိ တို့ထိနှင့် စားတတ် သားပါလား ဟု မိုးပွင့်တွေး မိသည်။ အစားနည်းသူ မဟုတ်ဘဲနှင့် အမေ့ ပန်းကန်တွင် ခေါက်ဆွဲကြော် တစ်ဝက်ကြီး ကျန် နေ၏။ ‘စားဦးလေ’ ဟု တိုက်တွန်း ပေမယ့် ခေါင်းခါသည်။ ကိုခန့်နှင့် မိုးပွင့် တို့လည်း အစိမ်းကြော်၊ ထမင်း၊ ဝက်ခေါင်းသုပ် များ စား ထားသဖြင့် ဗိုက်ဝနေပြီ။ ကောင်တာတွင် ကိုခန့် ငွေ သွားရှင်းတော့ အမေ့လက်ကို ဆွဲ၍ မိုးပွင့် လည်း ထွက်ခဲ့သည်။ အမေက တွန့်ဆုတ် တွန့်ဆုတ်နှင့် -

”ဟဲ့ သမီး…၊ နေဦးလေ”
”ဘာကျန်ခဲ့လို့လဲ အမေ၊ ကိုခန့် လိုက်လာမှာပေါ့၊ သမီးတို့ ကားထဲကနေ ထိုင်စောင့်ကြမယ် လေ”

မိုးပွင့်၏ ခြေလှမ်းများ တုံ့ခနဲ ဖြစ်သွားပြီး မေးရသည်။ အမေက မျက်မှောင်ကြုတ်လျှက်…
”ခုန ခေါက်ဆွဲကြော် တစ်ဝက် ချန်ထားတာ ယူလိုက်ဦးမယ်လေ”
ပြောလည်းပြောသည်။ ခြေလှမ်း ကိုလည်း ဆိုင်ဘက်သို့ ပြန် လှည့်သည်နှင့် လက်ကို ဆွဲထားရ ပြီ။ ကိုခန့်ရောက်လာသော အခါ ဘာကျန်ခဲ့လို့လဲ ဟု မေး သဖြင့် နှစ် ယောက်လုံး ဆွဲခေါ်ပြီး ကားပေါ် အလျင်စလို တက်လိုက်သည်။ ကားပေါ် ထိုင်မိကြတော့မှ အမေ့ကို ရှင်းပြရသည်။ စားမကုန်လျှင် ဘယ် သူမှ ပြန် မယူကြောင်း ရှက်စရာ ကောင်းကြောင်း…

မိုးပွင့်၏စကားကို တွေတွေ ငေးငေး နားထောင်ပြီး…

”ဟင်…ဒီလိုမှန်းမသိလို့ တစ်ဝက် ချန်ထားတာ အိမ်စောင့် ကျန်ခဲ့တဲ့ လှိုင်ဦး အတွက် ထုတ်ယူ သွားချင်တာဟဲ့”

မျက်စ မျက်နဖြင့် ပြောနေဟန် ကြောင့် ကားဒရိုင်ဘာက တဟင်း ဟင်းရယ်ပြီ။ ကိုခန့်လည်း ပြုံးစေ့ စေ့မျက်နှာ လွှဲပြီ။ မျက်နှာပျက်၊ မျက်မှောင် ကြုတ်နေသည့် မိုးပွင့်ကို ကြည့်၍ အမေက လေးတွဲ့တွဲ့ပြော သည်။

”နှမြောလိုက်တာအေ… ခုတောင် ထားခဲ့တာတွေ သွားပြန် စားလိုက်ချင်သေး”

စကားအဆုံး သူ့ဘာသာ သဘောကျ ရယ်သည်။ ဒရိုင်ဘာ လည်း တဟားဟားရယ်၏။ မိုးပွင့် မှာသာ ရှက်ဝဲဝဲဖြင့် မျက်နှာတစ်ပြင် လုံး ထူပူသွားတော့သည်။

(င)

အမေ ရောက်နေသည်မှာ ငါးရက်ခန့်ရှိပြီ။
ရွာမှရောက် ကတည်းက ကြာ ကြာမနေဘူးနော်ဟု နေ့စဉ် ပြော နေကျ။ ရုံးအပြန် ညနေပိုင်းများ တွင် ဗိုလ်တထောင် ဘုရား၊ ဆူးလေ ဘုရားသို့ ပို့ပြီးပြီ။ ‘ကိုခန့်နှင့် လှိုင်ဦး’ တို့က အချိန်ရသလို လိုက်ပို့ပေမယ့် မိုးပွင့်က အတူ မလိုက်နိုင်။ ရုံး အလုပ်၊ အိမ်အလုပ်နှင့် မအားလှ သဖြင့် အမေ့ထံ မရောက်ဖြစ်ခဲ့။

သည်နေ့တော့ ရုံးပိတ်ရက် တစ်ခုနှင့် ဆုံသဖြင့် ကိုခန့်အိမ် သို့ ရောက်သည်။ အမေနှင့် အေးအေး လူလူ စကားလက်ဆုံ ကျနေပြီ။ ရေနွေးဗန်းနှင့် လက်ဖက်သုပ် ပန်း ကန် ကို အလယ်မှာ ထား၍ရွာ အကြောင်းမေးဖြစ်သည်။ ‘ဘယ်သို့ နေထိုင် စားသောက်လဲ’ဟု သိချင် မိတာအမှန်။ ကိုခန့်ထံ အရောက် လာသည့် အနေအထား ကို ကြည့် လျှင် ငွေယူလာခြင်းသာ ဖြစ်နိုင် ကြောင်း တွေးမိနေသည်။

”ဒီလို သင်္ဘောစီးပြီး အရောက် လာရတာ ပင်ပန်းမှာပဲနော်”

”ပင်ပန်းရုံတင် ဘယ်ကမလဲ အေ… ဘယ်အချိန် သင်္ဘောနစ် မလဲလို့ ပူရသေးတာ၊ ဒါကြောင့် မို့လို့ မိုးတွင်း ဆိုရင် မလာဘူး။ အလုပ်ပြတ်တဲ့ နွေဦးပေါက်မှ လာဖြစ် တယ်”

အမေက စပ်စုနေသော မိုးပွင့်၏ မေးခွန်းတိုင်း ကိုလိုက်ဖြေ နေသည်။

”အမေ့ကို ကိုခန့်က ငွေမပို့ ဘူးလား”

”ပို့ပေမယ့် ခဏခဏ မပို့နိုင် ဘူးလေ၊ ရန်ကုန် မှာက စရိတ်ကြီး တော့ သူ့လစာနဲ့ မပိုလျှံဘူးပေါ့၊ အခုတော့လည်း အမေက သိပ် မလုပ်နိုင်လို့ ငွေ မစုနိုင်ပြန်ဘူး၊ အရင် ကတော့ အမေပဲ ပို့ပေးနေ တာ၊ သူငယ်ငယ် ကတည်းက ပြော နေကျလေ၊ အမေရှိရင် ငွေရှိတယ် တဲ့လေ”

စကားပြောရပ်၍ လက်ဖက်သုပ် စားပြန်သည်။ ရေနွေးငှဲ့ သောက်သည်။ လက်ဖက်လည်း ကြိုက်ပုံရသည်။ အလုပ် အကြောင်း စကားစ ပြတ်သွားစဉ် အပြင်မှပြန် လာသော လှိုင်ဦးက….

”သြော် …မိုးပွင့်ရောက် နေတာကိုး…”

နှုတ်ဆက်စကားဖြင့် အိမ်ထဲ ဝင်လာသည်။ ရေနွေးတစ်ခွက် သောက်ပြီး ”သည်ည ဗီဒီယို အခွေ ငှားပေးရဦးမလား”ဟု မေးသည်။ အမေ ခေါင်းညိတ်ပြီး ‘မိုးပွင့်ကြည့် မလား’ဟု အဖော် စပ်သေးသည်။ မိုးပွင့် ခေါင်းခါပြတော့ တအံ့ တသြနှင့် ငေးကြည့်သည်။ မိုးပွင့်က …

”မကြည့် အားသေးပါဘူး အမေရယ်…ဘာကားတွေထွက် ပြီး ဘယ်မင်းသမီးတွေ သရုပ်ဆောင် နေတာလောက်ပဲ သိတာ၊ ဂျာနယ် ဖတ်ထားလို့ သိတာလေ…၊ အမေနေ တဲ့ အမျိုးအိမ်မှာ အောက် စက်ရှိတာလား၊ အခွေတွေ ငှားကြည့် ကြတာလား”

”ဟုတ်ပေါင်အေ…အမေတို့ ရွာမှာ ဗီဒီယိုရုံ နှစ်ရုံတောင် ရှိတာ၊ တစ်ကား ငါးဆယ် နဲ့ ကြိုက်တဲ့ရုံမှာ ကြည့်လို့ ရပါ့တော်၊ အမေတော့ ထွက်သမျှကား လှိမ့်ကြည့် တာပဲ ဟေ့”

မိုးပွင့် ဘုရားတမိသည်။ ခေတ် မဆန်သော ရိုးရိုးကြီး အမေနှင့် သရုပ်ဆောင်များ အလှမ်းမဝေး သည်ကို သိလိုက်ပြီ။ ပိုစတာမြင် တိုင်းမင်းသမီး နာမည်ကို ဒက် ခနဲ ပြောခဲ့ သည်ကို သတိရမိသည်။ လှိုင်ဦးက လက်ဖက်တစ်ဇွန်း နှစ်ဇွန်း ခပ်စားပြီး ရယ်ဟဟ ပြော သည်။

”ရန်ကုန်သူ မိုးပွင့်ကတော့ နောက်ကောက် ကျန်ခဲ့ပြီဗျို့…ဗီဒီယိုဘက်မှာတော့ အဒေါ်က ခေတ်မီတယ်ဗျာ…”

”ပျင်းလို့ သွားကြည့်တာပါ ဟယ်…ကောင်းတဲ့ကားရော မကောင်းတဲ့ ကားရော ကြည့်တာ၊ ကြိုက်တဲ့ ကားဆိုရင် နှစ်ခါပြန် တောင် ကြည့်လိုက်သေး၊ မကြိုက် ရင်တော့ မပြီးခင် ပြန်ခဲ့ရော”

လက်ဟန်၊ မျက်လုံးဟန်ဖြင့် ပြောနေသည်ကို မိုးပွင့်နှင့် လှိုင်ဦး ရယ်မဆုံး။ ဘယ်ကားမျိုး မကြိုက် တာလဲဟု စကားထောက်၍ မေး လျှင် တစ်ဖွဲ့တစ်နွဲ့ ပြောပြသည်။

လက်ဖက်သုပ် စားလိုက် ရေနွေး ကြမ်းသောက်လိုက်နဲ့ ဇာတ်ရှိန် တက်လာစဉ် ငရုတ်သီးစိမ်း ဝါးမိ၍ တရှူးရှူး ဖြစ်နေသေးသည်။ အင်္ကျီ လက် ကိုပင့်၍ ချွေးသုတ်ပြီး …

”တချို့ကားတွေ ကျတော့ မင်းသားက ငယ်ငယ်၊ မိထွေးလုပ် တဲ့ မင်းသမီးက ကြီးကြီး၊ မိထွေးကို ရိုင်းရိုင်းပြန်ပြော၊ ကျုပ်အမေ အဖြစ် အစား မထိုးနိုင်ဘူး…ဘာညာဆို  ပြီးတော့ ငိုယို၊ ဒေါသတွေနဲ့ နီးရာ ပစ္စည်းတွေ ခွဲလို့ခွဲ၊ ဟော…မိထွေး လုပ်သူက သူတို့ကို သား အရင်လို ချစ်မှန်းသိတော့ နောင်တရ၊ သေခါနီး မိထွေးကို ဖက် ပြီးတောင်း ပန်ဟာ…ရှုပ်နေတာပဲ၊ အဲဒီလို မင်းသား မင်းသမီးက မိဘကို ခံပြောတဲ့ ကား ဆိုရင် တစ်ဝက်ကြည့် ပြီး ပြန်တာပဲ”

ရှည်ရှည်လျားလျား ဝေဖန်ရေး ပြောပြီး မောသွားဟန်နှင့် ယပ်ခတ် နေသည်။ စာနာတတ်သူပဲ… ဟု မိုးပွင့် သတိထားမိသည်။ မိထွေးလုပ် သူကို သနား၍ ဆိုးသော သားမျိုး ကို မုန်းကြောင်းပြောစဉ် မာန်နှင့် ထန် နှင့်။ မျက်ရည်တောင် သီသီဝေ့ နေသေး။ အမေ့ဟန်ကြောင့် လှိုင် ဦးက စကားလွှဲသည်။

”ဟာ …ဝေဖန်ရေးလုပ်ငန်း စားနေလိုက်တာ လက်ဖက်သုပ် လည်းကုန်လုပြီ၊ ဓာတ်ဘူးထဲလည်း ရေခန်းပြီ၊ တရေးတမော အိပ်ချင် လည်း အိပ်ထားနော် အဒေါ်၊ ည ကျရင် အခွေသစ် ရမှာ”

ရေနွေးဗန်းနှင့် လက်ဖက် ပန်းကန်ကို အိမ်ထဲသို့ ယူသွားသော လှိုင်ဦးအား အမေက မျက်စောင်းခဲ သည် စားချင်လို့ သိမ်းသွားတာဟု ပြောသည်။ ရွာတွင်သည်လို လက်ဖက်သုပ် ကောင်းကောင်း မစားဖြစ်ကြောင်း ခပ်ညည်းညည်း ပြောသည်။ မိုးပွင့်က မေးသော အခါ မျက်စောင်းဝေ့လျက်…

”လက်ဖက်သုပ် ဆိုရုံ တော်ရိ ရော်ရိ သုပ်တာပေါ့အေ ရယ်… ကိုယ့်ဘာသာ ကိုယ်လုပ်၊ ကိုယ့် ဘာသာဧည့်ခံ၊ တစ်ခါတလေ ထမင်းနဲ့ နယ်ဖတ် တစ်နပ်ပြီး လိုက် တာ ရှိသေး၊ အလုပ် ကရတဲ့ ငွေစုရ သေးတာကိုး”

”အမေက ဘာလို့ ငွေစုတာ လဲ”

အမေ့အပြောကို မိုးပွင့် စကား ဖြတ်မေးသည်။ အမေ ခေါင်းညိတ် ပြုံး၍…

”လှူတာလည်းလှူ၊ ကိုခန့်ဆီ ကိုလည်း ဆန်လေး ဆီလေးဖြစ်ဖြစ် စားစရာဖြစ်ဖြစ် ပို့ရတာပေါ့။ ခုလို ရောက်လာတော့လည်း ပေးဖြစ်တာ ပေါ့ သမီးရယ်…”

တည်တည် အေးအေးပြော သည်ကို မိုးပွင့် ငေးကြည့်မိသည်။ သားထံ လာလည်သည်မှာ ယူရန် မဟုတ်ပေးရန် သာဖြစ်ကြောင်း သိလိုက်ပြီ။ အမေ့ကို စချင်သဖြင့် မိုးပွင့် က ရယ်သံစွက် လျက်ပြော သည်။

”ဟင်း…ဟင်း…ဒါမျိုး ငွေစုဖို့များ မခက်ပါဘူး အမေရဲ့၊ ဗီဒီယိုရုံ မသွားပါနဲ့တော့လား”

”အလိုတော် …ငွေငါးဆယ် လောက်မှ အကုန် မခံရင်လည်း အိမ်မှာ မီးခွက်ရှေ့ ငုတ်တုတ် ထိုင်နေရမှာပေါ့။ ဒီအဘွားကြီး ကို ဘယ်သူက ဧည့်ထောက်ခံ စကား လာပြော မှာလဲ၊ အထီးကျန် တာကို ခဏမေ့တာပေါ့ သမီးရယ်.. တစ်ယောက် တည်းများ နေကြည့် စမ်းပါအေ…”

မဲ့ကာရွဲ့ကာ မျက်စလေး ချီကာ ချီကာနဲ့ ပြောနေသဖြင့် မိုးပွင့်က စကားထောက်ပေးသည်။

”တစ်ယောက်တည်းနေတာ အေးတာပေါ့အမေရဲ့”

”ဟုတ်မယ် အားကြီး၊ သေချင် စိတ်ပေါက် ပါတယ်ဆိုမှ”

အမေ့ဟန်ကိုကြည့်၍ မိုးပွင့် လည်း ကျယ်ကျယ် လွင့်လွင့် ရယ်မိ သည်။ ရယ်လည်း ရယ်၊ မျက်ရည်စ လည်း အင်္ကျီလက်ဖျားနဲ့ သုတ်ရင်း အမေက စကားဆက်သည်။

”သေချာတွေးကြည့်တော့ အမေ့ ဘဝက သနားစရာကောင်း သား…ဟား..ဟား…ဟား…”

ခံစားချက်ကို ရယ်ဟန်ဖြင့် ဖုံးကွယ်သော အမေ့ နှုတ်ခမ်းများက မဲ့ယောင်ယောင်။ ခင်ပွန်းသည် ဆုံး ပြီး သားနှင့်လည်း အတူ မနေရ သော မုဆိုးမ တစ်ယောက်၏ အထီး ကျန်ခံစားမှုကို ဖွဲ့နွဲ့မပြောတတ် ရှာ….”

သူတတ်သလိုလေး ပြောပြ နေသည်ကိုက သနားစရာ…။

ကိုခန့်အမေ ရွာသို့ပြန်တော့ မည်။

ဆယ်ရက်ကို မနည်း ဆွဲထားရ ကြောင်းပြောတော့ အမေ ရယ်သည်။ ရွာသို့သယ်ရန် လက်ဆောင် ပစ္စည်း ထည့်ထားသည့် ခြင်းလည်း အတော် လေးနေပြီ။ ကိုခန့်၊ မိုး ပွင့်နှင့် လှိုင်ဦး တို့ သုံးယောက် ဝယ်ပေးထား သော ပါတိတ် ထဘီ၊ အင်္ကျီစ၊ ကိတ်ခြောက်၊ မုန့်မျိုးစုံနှင့် သစ်သီး မျိုးစုံ။ အမေက ခြင်းကိုဆွဲ၍ ”အို့”ဟု ညည်းသည်။

”အလေးကြီးပါလား သားတို့ ရယ်…မသယ်နိုင်ဘူး လို့ ပြော ထားသားနဲ့အလကား ငွေကုန် ခံကြ တာကိုး၊ မုန့်တွေလျော့လိုက်ဦး”

တဖျစ်တောက်တောက် ပြောနေသည့် အမေ့ကို ကိုခန့်က ပြုံးစစဖြင့်…

”အမေရွာ ကလာတော့ သယ် လာတဲ့ ပုစွန်ချဉ်၊ ငါးသလောက်ဥ ကြော်၊ ပုစွန်တုပ်၊ ကောက်ညှင်းထုပ်၊ မုန့်ဖက်ထုပ် နဲ့ ကောက်ညှင်းဆန်တွေ ကရော မလေးလို့လား၊ အမေ က အလကား ရလာတာ တစ်ခုမှ မပါ ဘူး မဟုတ်လား…”

အေးအေးလေးပြောတော့ အမေ မျက်စောင်းဝေ့သည်။ ပေး သာပေးချင်၍ မယူရက်သော အမေ့ စေတနာကို မျက်စောင်း မှ အဓိပ္ပာယ် ဖော်နိုင်သည်။ အမေနှင့် အတူတူ အားလုံး ထမင်းစား ကြသည်တွင် ဟင်းကို ကိုခန့်၏ ပန်းကန်ထဲသို့ ထည့်ပေးလို့မဆုံး။ မိုးပွင့်နှင့် လှိုင်ဦး တို့၏ ပန်းကန် သို့လည်း ထည့်သည်။ ဈေးကြီးပေး ဝယ်ချက် သည် ကို သိ၍ မျိုမကျဟု ပြောသေးသည်။

ထမင်းစားပြီး မိုးပွင့်က သိမ်း ဆည်းပေးနေစဉ် အမေက ဆံပင် တစ်ထွေးကြီး ကို ဖြေချသည်။ အုန်းဆီရွှဲရွှဲ လူး၍ ဖြီးသင်နေပြန် သည်။ ဆံပင် တစ်ခါဖြီးလျှင် ကြာ တတ်သော အမေ့ကို လှိုင်ဦးက စ သည်။

”ခုချိန်ကစပြီး အလွန်ထူထဲ ရှည်လျားသော ဆံပင်ကို ရှင်းပါ တော့မယ်ခင်ဗျား…။ ဒီနေ့ သင်္ဘော နဲ့ မမီလည်း  နောက်နေ့ သင်္ဘော နဲ့မှ ပြန်ပါတော့မယ် ခင်ဗျား…”

အစီအစဉ် ကြေညာသလို လေသံမြှင့်၍ ပြောသည်။ မိုးပွင့် လည်း ရောယောင် ရယ်မောရင်းမှ

”ဟုတ်ပါ့ လှိုင်ဦးရယ်… တစ်နေ့ တစ်နေ့ ဒီဆံပင်ကြီးပဲ ရှင်း ရတာ အချိန်ကုန်ပါရဲ့။ ရန်ကုန် မှာ ဆံပင်တွေ ဝယ်တဲ့ လူရှိတယ် လေ၊ မိုးပွင့် ဆံပင် အဲဒီလောက်ကောင်း ရင် ဖြတ်ပြီးတော့ ရောင်းလိုက်မှာ ပဲ”

မိုးပွင့်ပြောသည့် စကားကြောင့် အမေက မျက်လုံးလေး ပြူးတူးပျာ တာ လုပ်လျက်…

”ဟယ်… မဖြတ်နိုင်ပါဘူး၊ အမေတို့ ရွာဘက် လည်း ဆံပင်ဝယ် တဲ့လူတွေ လာကြသားပဲ၊ အမေ့ကို ရောင်းမလား ရောင်းမလားနဲ့ မေး လို့မေး ၊ ဈေးကောင်းကောင်း ပေး မယ် ပြောလည်း ပြောနဲ့ ခဏ ခဏလာ လာမေးတော့ စိတ်တိုပြီး တုတ်ထည့်လိုက်မှ ပြေးရော၊ နောက် ဆို မေးကို မမေးရဲကြတော့ဘူး”

ဒေါသသံ စွက်နေသော အမေ့ အပြောကို အားလုံး က ဝိုင်းရယ်ကြ သည်။ အစသန်သော လှိုင်ဦး က တဟားဟား ရယ်လျက် ဘယ်လို တုတ်လိုက်လဲ ဟု မေးသည်။ ထုံးစံ အတိုင်း အမေက မာန်ပါပါ ခါး ထောက်လျက်

”ဟဲ့…ဆံပင်ဝယ်တဲ့ လူတွေ၊ ဒီလို ဆံပင်မျိုး လိုချင်ရင်၊ ဒီလို လင်မျိုး ရှာထားပါလားလို့ အော် ထည့်လိုက်တယ်”

”ကောင်းရောဗျာ…”

လှိုင်ဦးက လက်ခုပ် လက်ဝါးတီး ၍ ရယ်သည်။ အမေကတော့လုပ်ပြီ ဟု ကိုခန့်က ခပ်ပြုံးပြုံး ငြီးသည်။ နဖူးကို ရှုံ့နေအောင် မျက်မှောင် ကြုတ်ထားသော မိုးပွင့် မှာသာ အကြောင်းရင်း ကို မသိဖြစ်နေ သည်။

”ဘာဆိုင်လို့လဲ အမေရယ်  …”

စောဒက တက်နေသည့် မိုးပွင့် ကိုကြည့်၍ လှိုင်ဦး ရယ်သည်။ ပြီးမှ…

”ဆိုင်တယ် မိုးပွင့်ရေ…မယုံ မရှိနဲ့၊ ကိုခန့် အဖေက အဲဒီဆံပင် ရှည်ကြီး သရော်ကင်ပွန်းနဲ့ လျှော် ပေးတာဗျာ…ဆံဖျား အထိ အုန်း ဆီလိမ်းပေးတာဗျာ… ဘယ်တော့ မှ မဖြတ်နဲ့ လို့ တဖွဖွပြောနေခဲ့တာ ဗျာ၊ ဒါကြောင့် တမလွန်ကနေ လာရိုက်မှာ စိုးလို့ တစ်သဝေမတိမ်း လိုက်နာနေတာ မိုးပွင့်ရေ…”

ရှည်လျားစွာ ဖော်ကောင်လုပ် သည်။ လှိုင်ဦးကို အမေ မျက်စောင်း ခဲစဉ် မိုးပွင့်က နဖူးနှင့် လက်ဝါးကို အလေးပြု သလိုလုပ် လျက်…

”လေးစားပါတယ် အမေ…” ဟုပြောရင်း ရယ်သည်။

သင်္ဘောဆိပ် ဆင်းချိန် နီးပြီဖြစ် ၍ ကိုခန့်နှင့်လှိုင်ဦးက အမေ့ကို ကန်တော့၏။ မိုးပွင့်ကတော့ အသာပင် ကြည့်နေလိုက်သည်။ ဘာမှ မတော်စပ်သေးဘဲ နဲ့ အပို မလုပ် ချင်။ သားကို ချစ်သော မိခင်၊ လင်းသားကို ရိုသေသော ဇနီး ကောင်း တစ်ယောက် ဖြစ်ပေမယ့် ကန်တော့ ထိုက်သည်ဟု မထင်။ အမေက ကန်တော့နေသော သား နှင့် တူကို ဆုတွေပေးရင်း မျက်ရည် တွေတွေ ကျနေသည်။

”အမေ…အသက် ကြီးပြီ သား …မျက်စိလည်း မကြည်လင် တော့ဘူးပေါ့လေ…၊ သား မျက်နှာ ကိုတွေ့ဖို့ အခုလို တစ်နှစ်တစ်ခေါက် လာနိုင်မယ် မထင်ဘူးကွယ်…၊ သား လိုတာရှိ ရင်တော့ လူကြုံနဲ့ မှာ လိုက် နော်….”

တုန်ရီသော အသံဖြင့် အမေ ပြောတော့ ကိုခန့်လည်း မျက်ရည် လည်ပြီ။

”မမှာပါဘူး အမေရယ်…ပို့ခြင်းပို့ သားတို့ ကပို့ရမှာပါ…”

နဖူးပွတ် သလိုလို …ဆံပင် သပ်တင်သလိုလိုနှင့် ကိုခန့်က ခေါင်းငုံ့ပြောသည်။ အမေ့ကို သနားနေပုံ ရသည်။ အမေ့ထံမှ မကြာခဏ လူကြုံပေးတတ် သည့် ငွေနှင့်ပစ္စည်း များကို မြင်ယောင် မိ သည်။ ဘယ်လို နည်းနှင့် ငွေတွေရှာ ဖွေ စုဆောင်း ထားပါသလဲ …ဟု ကိုခန့် ကို မေးလိုက်တိုင်း အဖြေမရှိ၊ အမေ့ကို မေးလျှင် သမ္မာ အာဇီဝဖြင့် ရထား သည့်ငွေဟု ဖြေကြောင်း ကို ခန့်ပြောဖူးသည်။ အမေ ကတော့ ငွေပို့ပေးရန် တစ်ခါမျှ တောင်းဆို ခြင်းမရှိ၊ သားပြည့်စုံလျှင် ကျေနပ် သည့် အမေ…ဟု ကိုခန့်ပြော ဖူး သည်။ ခုလည်း ကိုခန့်၏ စကားကို လက်တကာကာဖြင့်…

”မပို့နဲ့၊ မပို့နဲ့ အမေက ငွေမလို ပါဘူး သားရယ်… အချိန်အား ရရင်သာ အမေ့ဆီ တစ်ခေါက် လောက်လာခဲ့ပါဦး…ခုလို တစ်သွေး တစ်မွေး ခန့်ညားနေတဲ့ သား အရာရှိကို ရွာထဲ ပတ်ပြီး အမေကြွားချင် လွန်းလို့ပါ သားရယ် …”

မျှော်လင့် တကြီး တောင်းဆို နေသော အမေ့ မျက်ဝန်းက မှိုင်းမှိုင်း ညို့ညို့။ ကိုခန့်ကတော့ ကျွန်တော် ကြိုးစားပါ့မယ် ဟုသာ လေးတွဲ့တွဲ့ ပြောသည်။ သားကို ကြည့်မဝ ဟန်ဖြင့် စေ့စေ့ စူးစူး ကြည့်နေရှာသော အမေ့ကို မိုးပွင့် သနားနေသည်။

”ကြွားစရာ ရှားလို့ အမေရယ် …”ဟု အပြစ်ဖွဲ့သံဖြင့် ပြောတော့ အမေ ပြုံးတုံ့တုံ့ ခေါင်းညိတ်သည်။

”ဒီလိုပေါ့ သမီးရယ်…အမေ့သား အကြောင်း သူတို့က စပ်စုကြတယ်လေ၊ ငွေမပို့ဘူးလား …၊ စားစရာ မပို့ ဘူးလား …နဲ့ သားဆီက နည်းနည်း ပို့ရင် အမေက များများ ကြွားလိုက်တာပဲ၊ သူတို့ ရိုက်စစ်နိုင် တာမှ မဟုတ် တာ”

အမေ့ အပြောကြောင့် မိုးပွင့် နှင့် ကိုခန့်တို့ ရယ်မောမိ ကြပြန် သည်။ လှိုင်ဦးက ”မနိုင်ဘူး”ဟု ခေါင်း တစ်ခါခါဖြင့် ခပ်မဲ့မဲ့ နောက် ပြောင်သည်။ အငှား ကားဖြင့် သင်္ဘောဆိပ် သို့ လာရာလမ်း တစ် လျှောက်တွင်လည်း မှာလို့မဆုံး။ ကျန်းမာရေး ဂရုစိုက်ရန်၊ လုပ်ငန်း ခွင်တွင် လူအများနှင့် သင့်မြတ်ရန်၊ လိုတာ ရှိလျှင်မှာရန် …စ သည်ဖြင့် တဖွဖွ တတွတ် တွတ်။

အမေသည် ရိုးရိုး အအ၊ ရုပ် မချော၊ အပြောမချိုသော တော သူမဖြစ်သည်။ ထိုတောသူမ ၏ နှလုံးသားသည်လည်း သားကို ချစ် ခြင်းဖြင့် နူးညံ့နွေး ထွေးနေတာ အမှန်။

သင်္ဘောပေါ် ပစ္စည်းတင်၊ အမေ့အတွက် နေရာ တစ်နေရာစာ အခင်းတွင် နေသား တကျ ထိုင်စေ ပြီးပြန်၍ နှုတ်ဆက်ရသည်။ မျက် ရည် သီသီ ဝေ့နေသော အမေ့ မျက် ဝန်း ကို မမြင် ဟန်ဆောင်၍ ဘော တံတားပေါ် သို့ ပြန်တက်ခဲ့ ကြသည်။ သင်္ဘောထွက် မှ ပြန်မည်ဟု ကိုခန့် ပြောတော့ မိုးပွင့်လည်း ရပ်နေ လျက်ပင် အချိန်ဖြုန်း ရသည်။

ဥသြသံရှည် ဆွဲပြီး သင်္ဘောကြီး ထွက်သွားမှ အမေ့ကို လက်ပြနှုတ် ဆက်ကြသည်။ အမေ့ လက်ဖဝါး လေး ကတော့ ဟိုး… အဝေးအထိ တလှုပ်လှုပ် ဝှေ့ ယမ်းနှုတ် ဆက်နေ ဆဲ…။

(ဆ)
ကိုခန့်နှင့် မိုးပွင့်ခြွေ ၏ မင်္ဂလာ ဆွမ်းကျွေးအတွက် မိုးပွင့်၏  မိဘ များအလုပ်ရှုပ်နေကြသည်။

ဆရာတော် အားလပ်မည့်ရက်၊ မိုးပွင့်တို့ ရုံးပိတ်ရက်၊ ပြဿဒါး လွတ် မည့်ရက်၊ မိုးလေကင်းစင်မည့် ရက် စသည်…စသည်ဖြင့် ချိန်ဆရွေး ချယ်ရသည်။ ထိုရက်ကောင်း ရက် မြတ်သည် ဝါမဝင်မီ သုံးရက် အလို ဖြစ်နေပြီ။

ကိုခန့်က ကျုံးမငေး သင်္ဘော ထမင်းဆိုင်မှ ကိုဖြိုးကြီးနှင့် လူကြုံ မှာသည်။ ‘အမေ ဆက်ဆက်လာခဲ့ ပါ’ ဟု။ လွန်ခဲ့သော တစ်ပတ်ခန့် မှပင် ကြိုတင် မှာထားသော်လည်း အမေ ရောက်မလာ။ ခုလည်း သင်္ဘောဆိပ်သို့ ထပ်သွားပြန်ပြီ။ အမေ့ကို လာစေချင်သည့် ဆန္ဒကြောင့် လူကြုံမျှော်ရ၊ ဖုန်းမျှော်ရ၊ ဘယ်အချိန် ရောက်ချ လာမလဲ ဟု တွေးရနှင့် စိတ်မောရတာ အမှန်။ အိမ်ရှေ့ ကွက်လပ်ကို ရှင်း၍ ပန်းအိုးများ ရွှေ့နေသည့် လှိုင်ဦးက….

”ဒီလို မိုးရိပ်တွေ ညိုနေရင် အဒေါ်က သင်္ဘော မစီးရဲတော့ဘူး လေ၊ ရန်ကုန် ကို လာနိုင်ပါ့မလား တောင် မသိဘူး”

ကောင်းကင် ညို့ညို့ကို မော့ ကြည့်လျက် ပြောသည်။ အိမ်တွင်း အလှဆင်ရန် ပန်းစက္ကူ များကပ်နေ ရင်းမှ မိုးပွင့် သိချင်တာလေး မေး လိုက်သည်။

”လှိုင်ဦးတို့ အိမ်မှာ ကိုခန့်အမေ ကို ခေါ်ထားလို့ ရသားနဲ့ ဘာလို့ ခေါ်မထားလဲ”

”ခေါ်ပေမယ့် အဒေါ်က မနေ ချင်တာလေ…ရွာမှာ သူ့ညီမ အိမ်ဘေး ကွက်လပ်မှာ အိမ်လေး ဆောက်ပြီးနေတယ်။ ပျဉ်ခင်း၊ ဝါး ထရံကာ၊ ဓနိမိုးပေါ့၊ ကျုံမငေး မြို့ ပေါ်က အိမ်လေး ရောင်းပြီးတာ  ကြာလှပြီ၊ ကိုခန့်အဖေ ဆုံးပြီး ကတည်းက တစ်ယောက်တည်း မနေချင်ဘူး ဆိုပြီး ရောင်းသွားတာ၊ ဈေးမရ လှပါဘူး၊ ကိုခန့် အဖေနေ မကောင်း တုန်းက အကြွေးတွေ ဆပ်ရတာ ကုန်ရောပေါ့”

‘လှိုင်ဦး စကားရပ်ပြီး မြေညှိ နေသည်။ မိုးပွင့် ရင်ထဲ တအုံနွေးနွေး နှင့်။ ကိုခန့်ကို ချစ်လှသည့် အမေက ဘာကြောင့် သားနှင့် မနေပါလိမ့်၊ ရန်ကုန် စားစရိတ် ကြီး ၍ ခေါ် မထား နိုင်ခြင်းလား။ ကိုခန့် အိမ်ထောင်ကျ ပြီးလျှင်ရော လာနေမည့် စိတ်ကူးရှိ လား၊ တွေး၍ အဖြေမပေါ်။

”ကိုခန့် အိမ်ထောင် ကျပြီးရင် တော့ အတူတူလာနေမယ် ထင်တယ်နော်”

ဘာကြောင့် သည်မေးခွန်းမျိုး မေးမိမှန်း မသိ၊ လာနေစေချင်၍ မဟုတ်မှန်းတော့ မိုးပွင့် ဘာသာသိ နေသည်။ ယောက္ခမနှင့် အတူနေရ လျှင် တောဆန်သူနှင့် မြို့ဆန်သူ ၏ ဆန့်ကျင်ဘက် ကြား ကိုခန့် အသက် ရှူမှားနိုင်သည်။ မိုးပွင့်၏ အမေး ကိုလှိုင်ဦး က တွေးတွေးဆဆဖြင့် …

”လာနေမယ် မထင်ဘူး မိုးပွင့် ရဲ့၊ ရွာမှာက အဒေါ့် ညီမ အရင်း ရှိတယ်၊ အမျိုး အရင်းတွေ ရှိတယ် လေ၊ တူ၊တူမ အရင်းတွေ လည်း အကူ အထောက် ရနေတာကိုး”

”ဘာပဲဖြစ်ဖြစ် လှိုင်ဦးရယ် …သား အရင်းလောက်တော့ ကောင်းနိုင်ပါ့မလား…သားအမိ နှစ်ယောက် လှမ်းမပူနေရဘူးပေါ့ နော်”

မိုးပွင့်က ကိုယ့်အတွေး နှင့် ကိုယ် ပြောသည်။ သားအမိနှစ် ယောက် အတူနေလျှင် စားအိုးလည်း တစ်အိုး တည်းဖြစ်မည်။ ကုန်ကျ စရိတ်လည်း သက်သာမည်။ အိမ် ထောင် ကျပြီးနောက် အတူတတူ နေလျှင် ကိုယ်က ထောက်ပံ့ရ သက် သာမည်။ မိုးပွင့် အတွေးမဆုံး မီ လှိုင်ဦးက အနားသို့ လျှောက်လာ သည်။ မျက်နှာချင်း ဆိုင် ခုံ တစ်လုံး တွင် ဝင်ထိုင်ပြီး သက်ပြင်း ချနေသည်။ အတော်ကြာမှ တိုးတိုး ညင်ညင်သာ ပြောသည်။

”အဲဒါပြောတာပေါ့….ဝမ်း နဲ့ မလွယ် သားမမယ် ဆိုတာလေ…အဒေါ်က သူ့ဘဝ တစ်ခုလုံး ကိုခန့် တို့ သားအဖ အတွက် ပေးဆပ်ခဲ့တာ ….လင်ပါသား ဆိုပေမယ့် ကိုခန့် သိပ် ချစ်ခဲ့တယ်။ အင်း… အမေ အရင်း ဆိုရင် ဒီလို တစ်ယောက် တစ် ကွဲလည်း နေဖြစ်မှာ မဟုတ်ဘူးပေါ့ မိုးပွင့်ရယ်…”

”သြော်…အဲဒီလိုလား.. ဒါတွေကို မိုးပွင့် မသိခဲ့ဘူး”

အံ့အားသင့်သည် ဆိုခြင်းထက် ကရုဏာဖြင့် မိုးပွင့်ရင်ထဲ မွန်းကျပ် ရှုပ်ထွေး သွားသည်။ အသွေး အမွေး မတူသော သားအမိ နှစ်ယောက်ကို အရင်းအချာ မဟုတ်ဟု သံသယ မဝင်ခဲ့ဖူးပါ…။ သားနှင့်အတူတူ နေရန် မိုးပွင့်ပြောစဉ်က အမေခေါင်း တစ်ခါခါနှင့်။ ရန်ကုန်တွင် မပျော် ကြောင်းသာ ပြောသည်။ ထူးခြား သော ပတ်သက်မှု မျိုး ရှိနေခြင်းကို စကားပင်မဟခဲ့။ သားကို ချစ် သည့် စိတ်ကြောင့် သွေးကွဲစကား မပြောရက်သော အမေ…။ သား အတွက် သာတွေး၍ အဝေးတွင် ဒုက္ခ သောက ခံ စားနေသည့် အမေ …၊ သနားကြင်နာ စိတ်များ ဖြင့် အကြိမ်ကြိမ် ဦးညွတ်မိတော့သည်။

မိုးပွင့်ခြွေတို့ မင်္ဂလာဆွမ်းကျွေး ရန် တစ်ရက်အလိုအထိ

‘အမေ’ ရောက်မလာ။ မေးသမျှလူ ကို မျက်မှာမပျက် ဖြေနေရသည်။ ကိုခန့်လည်း သင်္ဘောဆိပ်ချိန် အရုဏ်ဦးတိုင်း လည်တဆန့်ဆန့်။ မိုးပွင့် ကတော့ သက်ပြင်း တချ ချဖြင့် ရင်မောနေပြီ။ စားစရာ ထည့်ထား သည့် ခြင်းကြီးဖြင့် ရောက်ချလာ လေမလား ဟုလည်း တွေးနေမိသေး သည်။

”လာတော့မှာပါ…ဒီသား မျက်နှာ ညိုမှာ ကို ပူပန်တတ်တဲ့ အမေပဲ”

လှိုင်ဦးက ဖြေသိမ့်စကားဆို သည်။

”နေမကောင်း ဖြစ်နေမလားလို့ ပူနေတာ…အမေ အသက်ကြီးပြီ သား…လို့ ခဏ ခဏ ပြောနေ တာ၊ အလုပ် ပင်ပန်းတဲ့ ဒဏ်၊ အာဟာရ ပြည့်ပြည့်ဝဝ မစားတဲ့ ဒဏ်တွေ က ခုမှ အစွမ်းပြမှာ စိုးလို့ လှိုင်ဦးရေ…အမေ့အကြောင်း မင်းလည်း သိသားပဲ၊ တစ်ယောက် တည်း ကြုံသလိုစားနေတာ”

ကိုခန့်က စိုးရိမ်စွာ တွေးတွေး ဆဆ ပြောနေသည်။ လက်ထဲတွင်  လည်း အမေ့အတွက် ဝယ်ထားသည့် ချုပ်ပြီးသား ပါတိတ် ထဘီတစ်ထည် ထည့်ထားသော အိတ်နှင့်။ နွမ်းနွမ်း ဖတ်ဖတ် နေတတ်သည့် အမေ့ အတွက် စီစဉ်ထားခြင်းပါ။ သပ်သပ် ယပ်ယပ်နှင့် ဝတ်ဆင်ပြီး ခေါင်း ရင်းမှာ ထိုင်နေလျှင် ကျေနပ်ပြီ…။ ဒါ ကျွန်တော့် အမေလေ… ဟု ပြချင်သည်တဲ့။ ကိုခန့်ကို အိမ်ထောင် ရက်သား ချပေးပြီးမှ မိဘဝတ္တရား ကျေမည်ဟု ယူဆထားသော အမေ …။ ကိုခန့်၏ မင်္ဂလာ ဆွမ်းကျွေး ကို မျက်ဝါး ထင်ထင် မြင်ချင်ရှာ လိမ့်မည်။

”နက်ဖြန် သင်္ဘောနဲ့များ ပါလာ မလားမသိဘူး”ဟု မိုးပွင့်ပြော တော့ ကိုခန့်ခေါင်းညိတ်သည်။

‘ထင်တာပဲလေ’ ဟုဇဝေဇဝါ ပြော သည်။ နက်ဖြန် နံနက် မင်္ဂလာဆွမ်း ကျွေးအမီ အမေ ရောက်စေချင်မည် ဟု မိုးပွင့် တွေးမိသည်။ မွန်းလွဲချိန် လောက်တွင် ကျုံမငေး သင်္ဘော  ထမင်းဆိုင်မှ ကိုဖြိုးကြီး ရောက်လာ သည်။ သူ့မျက်နှာထားက တည်ငြိမ် နေသည်။ ခါတိုင်းလို ရယ်ရွှင်သံဖြင့် စကား တဖောင်ဖောင်မပြော။ သူ့ လက်ထဲမှ စာအိတ် ရှည်ထူထူ တစ် အိတ်ကို ကိုခန့်ထံ လှမ်းပေးသည်။ စာအိတ်ကို ပတ်ထားသည့် စာရွက် လေး တစ်ရွက်ပါလာ၍ ကိုခန့်က ဖြန့် လိုက်သည်။ စာ တိုလေးနှစ် ကြောင်း ရေးထားသည်။ နှစ်ယောက် အတူ ခေါင်းချင်း ဆိုင်၍ ဖတ် သည်။
”သား…
မိုးဦးလေဦးမို့လို့ အမေ မလာ နိုင်ဘူး၊ သားတို့ မင်္ဂလာ စရိတ်မှာ သုံးဖို့ အမေနိုင်သလောက် ငွေပို့ လိုက်တယ်၊ အမေ့အတွက် မပူနဲ့…သားတို့ရဲ့ အမေ”
စာက ဒါပဲပါသည်။ ကိုဖြိုး ကြီးက စာအိတ် ကို မေးဆတ်ပြ လျက်…
”ငွေအိတ် ဖွင့်ကြည့်ပါဦး” ဟု ပြောသည်နှင့် ကိုခန့်က ဖွင့်ကြည့်ရာ ငွေငါးသောင်းကျပ် တိတိဟု ရေး ထားသော စာရွက်နှင့် ငွေစက္ကူ အထပ်လိုက်။ မိုးပွင့်နှင့် အတူ ကိုခန့် လည်း အံ့အားတသင့် မျက်လုံး အဝိုင်းသားနှင့်။ သည်ငွေကို ဘယ် လိုနည်းနှင့် များအမေ စုဆောင်းပါ သလဲဟု တွေးကြည့်မိသည်။ ကိုဖြိုး ကြီးက အမောပြေ ထိုင်၍ မိုးပွင့် ဧည့်ခံသော လက်ဖက်ရည်နှင့် မုန့် ကို စားရင်းမှ စကားတွေ ပြောနေ သေးသည်။

ကိုခန့် မင်္ဂလာဆောင်တော့ မည့် အကြောင်း၊ ချွေးမလောင်းလေး သိပ်ချောကြောင်း…အမေက တစ်ရွာလုံး လျှောက် ကြွားသည်တဲ့။ အတော်ကြာမှ…
”သြော် …ကိုခန့် အမေက ယောဂီ ဝတ်ပြီးပြီလေ…၊ ရွာထိပ် ဥပုသ်ကျောင်းမှာပဲ ရာသက်ပန် တရားစခန်း ဝင်တော့မယ်တဲ့”

အေးအေးလူလူ ပြောနေပေ မယ့် မိုးပွင့်ရင်ထဲ သိမ့်ခနဲ ပူသွား သည်။

”ဟင်..ချက်ချင်းကြီးပါ လား”

မိုးပွင့်က မယုံမရဲ ပြောမိသည်။ ကိုခန့်လည်း မျက်စိ မျက်နှာပျက် နှင့်။
”အမေကလည်းလေ…ဘာမှ မတိုင်ပင်ဘဲ လုပ်ချလိုက်ပြန် ပြီ”
ကိုခန့် အသံက စိတ်လျော့ အားငယ်သံ၊ မျှော်သာမျှော် မပေါ် လာသည့် အပြင် အထင်မှတ်သော သတင်း စကားကြောင့် တုန်လှုပ်သွား ပုံရသည်။ သူ့မျက်ဝန်းက မှုန် ဝေဝေ…၊ သူနွမ်းမောစွာ သက် ပြင်းချလျက် ကိုဖြိုးကြီးကို စူးစမ်း ကြည့်နှင့်…

”အမေ …တကယ်နေ ကောင်းရဲ့လားဟင်…ကိုဖြိုး ကြီး”

ပူပန်စွာမေးသည်။ ‘ကိုဖြိုးကြီး က နေတော့ကောင်ပါတယ်’ဟု ခပ် လေးလေး ဖြေသည်။ ရေနွေး နှစ် ခွက်ဆင့်သောက်ပြီး ပြန်တော့ မည်ဟု နှုတ်ဆက်ရင်းမှ…

”မိုးဖွဲဖွဲကြားမှာဗျာ… ယောဂီ တဘက်လေး ကတုံးပေါ်တင် ပြီး သင်္ဘောဆိပ် ကို ဆင်းလာတာ လေ …ဒီစာအိတ်ကို ဒီနေ့ရောက် အောင် ဆက်ဆက် ပို့ပေးပါတဲ့”

ကိုဖြိုးကြီး၏ စကားကို ကြား သည်နှင့် နှလုံးသားတစ်ခုလုံး ဆွဲ ကိုင် ဖျစ်ညှစ်သလို ခံစားလိုက်ရ သည်။ ကိုခန့်လည်း လဲပြိုလုလု တုန်ရီလျက် လက်ထဲမှ အထုပ်ကို ကျစ် ကျစ်ပါအောင် ဆုပ်ထား သည်။ နှစ်ဦးသား အကြည့်ချင်း ဆုံစဉ် ကိုယ်စီ မျက်ဝန်း၌ မျက်ရည်စများ သီသီဝေ့နေပြီ။
ကိုခန့်က ငွေထုပ်ပေါ် နဖူးကို ငုံ့ချရင်းမှ…

”အမေ…အမေရယ်…” ဟု တမ်းတမ်းတတ ရေရွတ်နေသည်။ မိုးပွင့် အတွေးတွင် ဆီခန်းနေသော် လည်း နောက်ဆုံး အချိန်ထိ လောင် ကျွမ်းရင်း …တောက်ပနေသော မီးစာ၏ အလှကို မြင်ယောင်လျက် ….

ရင်ထဲ…နက်ရှိုင်းစွာ နာ ကျင်ကြေကွဲနေတော့သည်…။

မိုးပန်းမွန်(ရာမည)

အလှအပအတွက် အလွယ်တကူကုသပျောက်ကင်းနိုင်သော အရေပြားအကျိတ်အဖုအချို့

$
0
0

လူတို့၏အရေပြားပေါ်တွင် အကျိတ်အဖုအမျိုးမျိုးတို့ကို ပုံစံအမျိုးမျိုးဖြင့် မြင်တွေ့ နိုင်ပါသည်။ တချို့ကို မိမိကိုယ်တိုင်စမ်းသပ် ကိုင် တွယ်မိပြီး သတိထားမိသလို၊ အချို့ ကိုတော့ တစ်ဖက်လူကပြောပြ သတိပေးမှသိလိုက်တာမျိုး လည်းရှိပါသည်။ ထိုအကျိတ်အဖုတို့အနက် လူ့ အသက်ကိုအန္တရာယ်ပေးနိုင်သော၊ အန္တရာယ် မရှိသော အ ကျိတ်အဖုကလေးများအကြောင်းကို အနည်းငယ်တင်ပြလိုပါသည်။ သာမန်စာဖတ် သူတစ်ဦး ပုံတွင်မြင်တွေ့လိုက်ရုံဖြင့် အလွယ် တကူခွဲခြားနိုင်သော အကျိတ် အဖုေ လးများ အကြောင်းပင် ဖြစ်ပါသည်။ အတွေ့ရများပြီး အလွယ်တစ်ကူလည်း ကုသလို့ရနိုင်သည့် အကျိတ်အဖုလေးများကို ဖော်ပြပါမည်။

Acrochordon  ၎င်းကို (Skin tag, cutaneous papilloma, soft fibroma)   ဟူ၍လည်း အမည်အမျိုးမျိုးဖြင့် သိထားကြသည်။

အရေပြားအသားပိုဖု။ အမျိုးသားထက် အမျိုးသမီးများတွင် အတွေ့ရများသည်။ သက် လတ်ပိုင်းနှင့် အရွယ်နှောင်းပိုင်းတွင် တွေ့ရလေ့ ရှိသည်။ အရေပြားနှစ်ဖက် ထိစပ်နေ သည့် အကြား ဥပမာ အားဖြင့် ချိုင်းကြား၊ ပေါင်ခြံကြား၊ ရင်သားအောက်ဘက်၊ လည်တိုင်နှင့် မျက်ခွံတို့တွင် တွေ့ရလေ့ရှိသည်။ ဆံပင်ညှပ်ခြင်း၊ ဖီးသင်ခြင်း တို့၌ နာ ကျင်ခြင်း၊ သွေးထွက်ခြင်းတို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရလေ့ရှိသည်။

Actinic keratoses  ၎င်းကို (solar keratosis) ဟုလည်း သိကြသည်။

နေရောင်နှင့် ကာလရှည်အထိအတွေ့များသော အရေပြားပေါ်တွင်တွေ့ရလေ့ရှိသည်။ တစ်ခုမှ အရေအတွက်များစွာ တွေ့ရလေ့ရှိသည်။ ပုံပါအတိုင်း အကြေးခွံလေးများ အရေပြား၌ တွယ်ကပ်နေသည့် ပုံစံတွေ့ရလေ့ရှိသည်။ ဖယ်ရှားလျှင် နာကျင်သောဝေဒနာ ခံစားရလေ့ရှိသည်။

Angiokeratoma

အဖုအကျိတ်အမျိုးအစား (tumor) မဟုတ်ပါ။ အရေပြားပထမအလွှာ အက်ပီဒါးမစ် (epidermis)  နှင့် ဒုတိယအလွှာ ဒါးမစ် (dermis) ကြားဧရိယာမှ ဆံခြည်မျှင်ေ သွးကြောမျှင်ငယ်များ (capillaries) များနှင့် ၎င်းအလွန်သွေးပြန်ကြောငယ်များ ကျပ်ထုပ်ပြီးအရေပြားအပြင်သို့ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ထိုမျက်နှာပြင်အရေပြားထူထဲခြင်းနှင့် သွေးကြောအတွင်း သွေးခဲမှုကြောင့် မာသောအထိအတွေ့ကို ပေးသည်။ ခရမ်းနီရောင်မှ အနက်ရောင်အသွင်အမျိုးမျိုးရှိသည်။ အမျိုး သားကပ်ပယ်အိပ်နှင့် မိန်းမကိုယ်တွင် တွေ့ရသောအမျိုးအစားကိုတော့ (Angio-keratoma of fordyce) ဟုအမည်ပေး ခေါ်ဆိုလေ့ရှိသည်။

Cherry Angiomas  ၎င်းကို  (Campbell de Morgan spots/ senile (hem)angioma)  ဟုလည်း ခေါ်ကြသည်။

မည်သည့်ခံစားမှု လက္ခဏာမှပြလေ့မရှိပါ။ အသက်(၃ဝ) နှင့်အထက်အရွယ်ကြီးရင့်သူများ၌သာတွေ့ရလေ့ရှိသည်။ အရေပြားအပေါ်ယံသို့ ခုံးထွက်နေလေ့ရှိပြီး (၃) မီလီမီ တာ အထိကြီးသည့်အရွယ်အစားတစ်ခုအနေဖြင့်သော် ၎င်းသေးငယ် သောအဖုလေးများအဖြစ် ၎င်းခန္ဓာကိုယ်ထည်ပေါ်၌သာ အတွေ့ရများသည်။ အနီရောင်မှ ခရမ်းနီ အရောင်အထိ အမျိုးမျိုးတွေ့ရလေ့ရှိသည်။

(Common warts )  ၎င်းကို  Verruca vulagaris  ဟုလည်းခေါ်သည်။

ပုံမှန်တွေ့နေကြအမျိုးအစား ကြွက်နို့ဖြစ်သည်။ HPV ဗိုင်းရပ်ပိုးအချို့ကြောင့် ဖြစ်ရသည်။ အရေပြားအပေါ်သို့ ဖုထွက်နေပြီး (၁)မှ (၁ဝ)မီလီမီတာအရွယ်အစား သို့မဟုတ် ၎င်းထက် လည်းကြီးနိုင်သည်။ မျက်နှာပြင်ကြမ်းတမ်းပြီးအက်ရာလေးများဖြစ်ပေါ်နေသည်။ အဖုမျက်နှာပြင်ပေါ်တွင်အနီ သို့မဟုတ် အနက်စက်ကလေးများ တစ်ခါ တစ်ရံ တွေ့ရလေ့ရှိသည်။ အရေပြားထိခိုက်ဒဏ်ရာရလေ့ရှိသည့်နေရာများ၊ လက်ချောင်းများ၊ ခြေချောင်းများနှင့် ဒူးဆစ်တို့တွင် တွေ့ရလေ့ရှိသည်။ အရေပြား အချင်းချင်း ထိတွေ့ မှုမှတစ်ဆင့် ကူးစက်နိုင်သည်။

Filiform warts – ပုံမှန်တွေ့မြင်နေကြ ကြွက်နို့ထက်အရွယ်အစားသေးငယ်သည်။ Filiform warts  ဗိုင်းရပ်ပိုးကြောင့်ပင် ဖြစ်ပေါ်သည်။ အရေပြားအပြင်ဘက်သို့ ရှည် ထွက်နေလေ့ရှိသည်။ ပျော့ပျောင်းသော အသားရောင်အဖုလေးများ အဖြစ်တွေ့မြင်ရလေ့ရှိသည်။

Flat warts – ၎င်းကို ( Verruca plana) ဟု လည်းခေါ်သည်။  အနားသတ်တိတိကျကျ အဖြစ် မြင်တွေ့ရလေ့ရှိသည်။ (၁) မှ (၅) မီလီမီတာ အရွယ်အစား အရေပြားပေါ် တွင် ခပ်ပါးပါးကြွ နေလေ့ရှိသည်။ မျက်နှာ၊ ပါးမြိုင်းမွေးပေါက်သည့်နေရာတစ်ဝိုက်၊ လက်ခုံနှင့် ညို့သကျည်း အရှေ့အရေပြားတို့တွင် တွေ့ရလေ့ရှိသည်။

Keratoacanthoma

ကင်ဆာကျိတ်အတု (pseudo cancer)  ဟုခေါ်သည်။ သို့သော် အရေပြားစကွားမတ်ကင်ဆာ (scc-squamous cell carcinoma)  နှင့် ဆင်တူသဖြင့် အသားစန မူနာ ယူပြီး ရောဂါဗေဒဆရာဝန်ထံ ပေးပို့ ခွဲခြားဖို့လိုပါမည်။ နေရောင်နှင့်ထိတွေ့နိုင်သော ပါးပြင်၊ နှာခေါင်း၊ နားရွက်နှင့် လက်ခုံအရေပြားပေါ်တွင် တွေ့ရလေ့ ရှိသည်။ အသီး အဖုပုံစံ တွေ့ရလေ့ရှိသည်။ သွေး ကြောမျှင်ငယ်များ၊ အလယ်ဗဟိုတွင် အရေပြား အစုအဝေးတစ်ဆို့နေသည့်ပုံစံ (central keratotic plug) ကိုတွေ့နိုင်သည်။

Lymphangioma

အရေပြားအတွင်းရှိ ပြန်ရည်ကြောဖွဲ့စည်းပုံ မှားယွင်းကာ ဖြစ်ပေါ်လာခြင်းကြောင့်ူပာစ့အေငခာေူ်သမာအေငသည ဟု ယခုကာလတွင်အမည်ပြောင်း ခေါ်ဆိုကြသည်။ ဖားဥကလေးများကဲ့သို့ အရေ ပြားပေါ်တွင် အစုလိုက်တွေ့ရသည်။ မွေးက တည်းက သို့မဟုတ် (၁)နှစ်အောက် သို့မဟုတ် ကလေးငယ်အရွယ်တို့၌ပင် တွေ့ရလေ့ရှိသည်။ အလိုအလျောက်ပျောက်ကွယ်လေ့မရှိပါ။

Molluscum contagiosum

ကိုယ်ခံစွမ်းအားကောင်းသူများ၌ သူ့အလို အလျောက် ပျောက်ကင်းသွားတက်သည်။ ဗိုင်းရပ်ပိုးကြောင့်ဖြစ်သောရောဂါဖြစ်သည် ။ အရေပြားအရောင်အသီးကလေးများ အနေဖြင့် တွေ့ရပြီး အလယ်ဗဟိုတွင် ချိုင့်ဝင်နေသည်။ ပုံစံထူးခြားစွာတွေ့ရသည်။ ကလေးငယ်များနှင့် လိင်ဝါသနာ ထုံသော လူလတ်ပိုင်း အမျိုးသမီးများထက် အမျိုး သား များတွင်ပို၍ တွေ့ရလေ့ရှိသည်။

Pyogenic Granulama

အရေပြားပေါ်၌ အသေးစားထိခိုက်မှု ဥပမာ-(ဆူးစူးခြင်း) ဖြစ်ပေါ်ပြီး ထိုနေရာ၌ အလွန် လျင်မြန်စွာ ကြီးထွားလာတတ်သည့် အကျိတ်အဖုတစ်မျိုးဖြစ်သည်။ သွေးကြော ငယ်လေး အမြောက်အမြားဖြင့် ဖွဲ့စည်းထားသော အသားဆိုင်အဖြစ်တွေ့ရပြီး တစ်ခုခုနှင့်ထိမိလျှင် အလွယ်တစ်ကူ သွေးထွက်ခြင်း ရောဂါပိုးဝင်ရောင် ရမ်းခြင်း ဖြစ် တတ် သည်။ အနီ၊ နီညိုရောင်၊ ခရမ်းပြာအရောင်စုံသည့် ပုံသဏ္ဌာန်ရှိသည်။ လက်ဖဝါးပြင်ဘက်အခြမ်း လက်ချောင်း၊ နှုတ်ခမ်း၊ ပါးစပ်၊ ခန္ဓာကိုယ် ထည်နှင့် ခြေချောင်း တို့ တွင် အတွေ့ရများသည်။ (သတိပြုရန်- amelanotic nodular melanoma နှင့် မှားနိုင်သည်။)

Seborrheic keratosis

အသက်(၃ဝ)အောက်တွင်တွေ့ရလေ့မရှိပါ။ မျိုးရိုးလိုက်သည့်သဘောရှိသည်။ အသက်အန္တရာယ်မပေးနိုင်သောအဖုအကျိတ်တစ်မျိုးဖြစ်သည်။ အရေပြားပေါ်သို့ကြွနေပြီး ကြယ်သီးတပ်ထားသည့်ကဲ့သို့ ပုံစံမျိုးမြင်တွေ့ရသည်။ မျက်နှာပြင်အနည်းငယ်ကြမ်းတမ်းသည်။ မျက်နှာ၊ ခန္ဓာကိုယ်ထည်နှင့် လက်မောင်းနှစ်ဖက်တွင် တွေ့ရလေ့ရှိသည်။

Spider angioma

၎င်းကို Nevus araneus, spider nevus, arterial spider, telangiectasia, vascular spider,  အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်လေ့ရှိသည်။ အရေပြားရှိ ဆံခြည် မျှင် သွေးကြောငယ်လေးများ ဖောင်းကြွလာခြင်းကြောင့်ဖြစ်သည်။ ဗဟိုမှ စတင်၍ ဘေးပတ်လည်သို့ပြန့်သွားခြင်းကြောင့် ပင့်ကူပုံ သဏ္ဌာန်မျိုး မြင်တွေ့ ရခြင်းဖြစ် သည်။ မျက်နှာပြင်၊ လက်ဖျံနှင့် လက်ခုံတို့တွင်တွေ့ရလေ့ ရှိသည်။ သာမန်လူတွင်လည်း တွေ့နိုင်ပြီး အထူး သဖြင့်အမျိုးသမီးများတွင် အတွေ့ရများလေ့ရှိ သည်။ အကြောင်း အမျိုးမျိုးကြောင့် သွေးအတွင်း မဟော်မုန်း အီစထရိုဂျင် မြင့်တက်နေသော အနေအထား(hyper estrogenic states) များနှင့် ဆက်စပ်ဖြစ်ပေါ်လေ့ရှိသည်။

Syringoma

အက်ခရိုင်း (eccrine) ချွေးထွက်ပြွန်ဂလင်း အကျိတ်ကလေးများဖြစ်သည်။ (၁) မှ (၂) မီလီမီ တာအရွယ်အစားရှိသည်။ အမျိုးသမီးများတွင် အဖြစ်များသည်။ မျက်ခွံ တစ် ဝိုက်၊ မျက်နှာပြင်၊ ချိုင်း၊ နား၊ ချက်၊ ရင်ဘတ်အပေါ်ပိုင်းနှင့် မိန်းမကိုယ်အစပ်တွင်တွေ့ရလေ့ရှိသည်။ မျိုးရိုးလိုက် သောသဘောရှိပြီး မျက်နှာတွင် ဖြစ်ပေါ်ပါက အကျည်း တန်ခြင်းကြောင့် ကုသမှုခံယူလေ့ရှိကြသည်။

ဒေါက်တာမြင့်ဦး
အရေပြားအလှအပဆရာဝန်

ရည်ညွှန်းဖွဲ့သီချစ်သူဆီ အမှတ်တရ

$
0
0

၁။
လူတိုင်းနီးပါးတွင် အမှတ်တရ တစ်ခုလောက်စီတော့ အနည်းဆုံးရှိကြမည်ဟု ထင်ပါသည်။ ထိုအမှတ်တရအဖြစ်လေးသည် ပြန်တွေးမိသည့်အချိန်တိုင်းတွင် လတ်ဆတ် အသက်ဝင်နေတတ်ခဲ့ လေသည်။ ထို့ကြောင့်ပင်လျှင် သူမသည် ထိုစာလေးတစ်စောင် အား နှစ်ပရိစ္ဆေဒများစွာ ကြာမြင့် သည့်တိုင်အောင် သိမ်းဆည်းထား ခဲ့မိပါသည်။

၂။

သို့

မြင်ခွင့်မရသည်မှာ ကြာမြင့်နေ ပြီဖြစ်သော လက်ရေးရှည်မျောမျော လေးအား သူမလွမ်းဆွတ်စွာပင် ငေးကြည့်နေမိသည်မှာ အချိန်အကြာကြီးပင်။အပြာနုရောင် စာရွ က်လေးတွင် သင်းပျံ့ပျံ့မွှေးမြနေသော ရနံ့သည် သူမအတွက် ရင်းနှီးနေကျ ရနံ့လေးသာ ဖြစ်လေသည်။ တယုတယကိုင်ထားသည့် စာရွက်လေးအား သူမ ဖွဖွညင် သာ နမ်းရှိုက်မိသည်။ ရေမွှေးရနံ့သဲ့သဲ့သည် သူမ အား အတိတ်လွင်ပြင်ဆီသို့ ခရီး ထွက်ရန် ဖိတ်ခေါ်နေသည်ဟုပင် သူမ ထင်မိသည်။ သက်ပြင်းတစ်ချက် အား ညင် သာစွာ ချ မိရင်း စာကို ဆက်ဖတ်မိသည်။

”မင်း နေကောင်းမယ်လို့ ကိုယ် မျှော်လင့်ပါတယ် . . . ကိုယ်  အဆင်ပြေပြေပဲ ပညာသင်နေပါ တယ်။ အဆင်မပြေတာ တစ်ခုမှ မရှိပါဘူး”

အဖွဲ့အနွဲ့တစ်ခုတလေမှ မပါ ဝင်သော စာကြောင်းလေးများကို ဖတ်ရင်း သူမ ပြုံးမိသည်။ လူတစ်ယောက်ရဲ့ အကျင့်ဆိုတာ ရေမြေဒေသကွဲပြားသွားရုံနှင့်တော့ လွယ် လွယ်လေး ပြောင်းလဲသွားနိုင် ပါ့မလားလေ။ ဘယ်တုန်းကမှ စကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်ခဲ့ သော လူတစ်ယောက်အကြောင်းကို ပြန်တွေးမိရင်း သူမ တိတ်တဆိတ် ပင် လွမ်းမိသွားခဲ့သည်။

စကားပြောပြီဆိုလျှင် တိုတို ပြတ်ပြတ်၊ အလုပ်လုပ်လျှင်လည်း ဘယ်တော့မှ တွေဝေတတ်ခြင်း မရှိစွာဖြင့် ပြတ်ပြတ်သားသား။ ဆုံးဖြတ်ပြီးပြီဆိုလျှင် လည်း နောက် ပြန် လှည့် မကြည့်တတ်တော့သည့် သူ။ တစ်ခုခုကို ဆုံးဖြတ်တော့မည် ဆိုလျှင်လည်း စိတ်ခံစားချက်ထက် လက်ရှိ အခြေအနေကိုသာ ဦးစား ပေးတတ်လေ သူ။ထိုသို့သော သူ သည် သူမက လွမ်းနေသလို သူမအား လွမ်းနေ လိမ့်မည်ဟု သူမ တပ်အပ်မပြောရဲ သည်မှာ အမှန်။ သို့သော် . . . တစ်ခါတလေလေးမှာတော့ သူမ အား သတိ ရပေး လိမ့်မည်ဟု သူမ ယုံကြည်ချင်ပါသည်။ ယုံလည်း ယုံပါသည်။ သတိရ၍သာလျှင် သူမဆီစာရေးလာသည် မဟုတ်ပါ လား။

”ညနေဘက်မှာကော ဆည်း ဆာချိန်ကို ကြည့်နေတုန်းပဲ မဟုတ် လား”

သတိတရ ထည့်ရေးထားသော စာကြောင်းလေးသည် သူမအား အတိတ်ကိုပို၍ပင် လွမ်းဆွတ်စေ သလိုလိုပင်။ ဆည်းဆာချိန်ကို ကြည့်နေတုန်းပဲလားတဲ့။သူမချစ်သော အရာများထဲ တွင် ဆည်းဆာချိန်သည် ထိပ်ဆုံး တွင် ပါဝင်လေသည်။ နေလုံးကြီးက တောင်တန်းများကြား ဝင်ရောက် ပျောက်ကွယ်တော့မည့် အချိန်လေး ကို ခဏလောက် ပဲဖြစ်ဖြစ် ကြည့်ခွင့် မရလျှင် ထိုတစ်နေ့တာသည် သူမ အတွက် ဟာတာတာ။

ထို့ကြောင့်ပင်လျှင် တစ်ခုသော ထိုဆည်းဆာအချိန်လေးတွင် သူနှင့် ဆုံစည်းခဲ့ရခြင်းသာ ဖြစ်လေသည်။ ထို့အတွက် သူမက ဘုရားသခင်ကို ကျေးဇူးတင်ရပါ သည်။ နေ ဝင်ချိန်၊ နေထွက်ချိန်လေးအား ဖန်ဆင်းပေး တော်မူခဲ့သည့်အတွက် . . .။

”ဆည်းဆာချိန်ကို ကြည့်ရင်းနဲ့ မှောင်မသွားစေနဲ့ဦးနော် . . .။ မမှောင်ခင် အိမ်ရောက်အောင် ပြန် . . .။

အမိန့်ပေးထားသည့် စာလုံး လေးများကို စိုးရိမ်ပူပန်မှု အရိပ်များ အား တွေ့ခွင့်ရသည့်အတွက် သူမ ပျော်ပါသည်။ သူမအတွက် မိုင်ပေါင်းများစွာ ဝေး ကွာနေ သည့် နေ ရာတစ်ခုမှ တစ်ယောက်သော သူက ပူပန်ပေးနေသည်ဟု တွေး လိုက်ရုံလေးနှင့်ပင် ရင်ဘတ်တစ်ခု လုံး နွေးထွေးသော ခံစားမှုသည် အဓိပ္ပာယ်ဖွင့် ဆိုပြရန် ခက် ခဲလွန်း လှပါသည်။တစ်ခါတလေတွင် တောင်တန်း များကြား ပျောက်ကွယ်သွားသည့် နေမင်းကြီးအား ငေးနေရင်းက သူမ ၏ အိမ်ပြန်ချိန်သည် နောက်ကျ တတ်လေသည်။ ဆည်း ဆာချိန်ကို သူမ ငေးကြည့်နေကျနေရာသည် သူမအိမ်နှင့် အနည်းငယ်မျှ အလှမ်း ဝေးသော မြစ်ချောင်းလေးနံဘေးမှာ ဖြစ်သည့်အတွက် ထိုနေရာ သည် မှောင် လာပြီဆိုလျှင် လူပြတ်တတ် လေသည်။

အရင်တုန်းကဆိုလျှင် အမြဲ တမ်းမဟုတ်တောင်မှ ဆည်းဆာချိန် ရောက်တိုင်း သူမဘေးတွင် ရှိနေပေး တတ်သူ ရှိသေးသည်။ အခုချိန်မှာ တော့ အမြဲတမ်း သူမ တစ်ေ ယာက် တည်း။ ထို့အတွက် … သူမ အတွက် ဆည်းဆာချိန်သည် သူ . . . မရှိတော့သော အချိန်မှစ၍ တစ်မျိုးလေး လွမ်းစရာလည်း ကောင်းခဲ့ပါသည်။

”ညနက်တဲ့ထိ စာတွေရေးမနေ နဲ့ဦးနော်၊ စာရေးဆရာမ မဖြစ်ခင် ပါဝါမျက်မှန်အထူကြီး တပ်နေရလိမ့် မယ်”

သူမ ပြုံးလိုက်မိသည်။ စာရေး ခြင်းဟူသည့် သူမ ဝါသနာအား အမြဲတမ်းကဲ့ရဲ့ရှုတ်ချတတ်သော သူသည် အခုထိလည်း ထိုအတိုင်း ပင် ရှိနေဆဲ ဖြစ်ပုံရသည်။ စိတ်ကူး ယဉ် ဆန်လွန်းသော အလုပ်ဟု ဝေဖန်နေကျ စကားလေးများသည် အခုချိန်မှာတော့ လွမ်းဆွတ်စရာ ဖြစ်နေခဲ့ပါသည်။ လက်တွေ့ဆန်ဆန်သာ ဆုံးဖြတ်တတ်သည့် သူ့ အတွ က် သူမသည် စိတ်ကူးယဉ် ဆန်လွန်းသူ ဖြစ်နိုင်ပါသည်။ သူ့အတွက် အနုပညာဟူသော စကားလုံးသည် စိတ်မဝင်စားဆုံးအရာဖြစ်သည့် တိုင်အောင် သူမအတွက်တော့ ထိုစကားလုံးလေးသည် ဘဝအစိတ် အပိုင်းတစ်ခုသာ ဖြစ်ခဲ့ပါသည်။

ထိုသို့ပြောမိသည့်အချိန်တိုင်း အပြုံးသဲ့သဲ့ဖြင့် သူ ဝေဖန်တတ်သည် မှာ အရူးမဟုပင်။ သို့သော် . . . သူ စိတ်မဝင်စားသည့် အနုပညာ အား သူမအတွက်တော့ သူ စိတ်ဝင် စားပေးတတ်ပါသည်။ ဥပမာအား ဖြင့် သူမ ကြိုက်တတ်သော မဂ္ဂဇင်း များအား သတိတရ ဝယ်လာပေး တတ်တာမျိုး၊ သူမ စာရေးရာတွင် အသုံးပြုသော စာရွက်၊ ဘောပင် များအား အမြဲတမ်း ဝယ်လာပေး တတ်တာမျိုး။

ထိုအရာများသည်လည်း အခုချိန်တွင် သူမအတွက် လွမ်း ဆွတ်စရာများ ဖြစ်နေခဲ့လေသည်။ သူနှင့် ပတ်သက်ပြီး သူမဆီတွင် အလွမ်းများသည် များပြားလွန်း သည်မှာ အ မှန်။ ထိုအကြောင်းများ ကို သူသိလျှင် ဘာပြောလေမလဲ။ အပြုံးသဲ့သဲ့ဖြင့် အရူးမဟုများ သမုတ်လေမလား။

”မိဘတွေနဲ့ အဆင်ပြေအောင် နေရမယ်နော်။ မိဘစကား နားထောင်။ ကိုယ့်စိတ်ကြိုက်တွေပဲ လျှောက်လုပ်မနေနဲ့ဦး”

သူမ မျက်မှောင်တစ်ချက် ကုတ်လိုက်မိသည်။ အခုချိန်ထိ သူမ အား လွမ်းဆွတ်ကြောင်း တစ်ကြောင်းတလေမှ မပါဝင်သေး သော စာသည် နည်းနည်းတော့ စိတ်တို စရာ ကောင်းနေလေပြီ။ သူမကို တကယ်ပဲ နည်းနည်းလေး တောင်မှ မလွမ်းဘူးလား။မိဘတွေနဲ့ အဆင်ပြေအောင် နေရမယ်တဲ့။ သူနှင့်သူမ စတင် တွေ့ခဲ့ကြ သည့် တစ် ခုသောညနေ ခင်း ဆည်းဆာအချိန်လေးတွင် သူမသည် အိမ်နှင့်စိတ်ဆိုးကာ မြစ်ချောင်းလေးဘေးတွင် အတော် လေးမှောင်သည်အထိ မပြန်သေးဘဲ တစ်ယောက်တည်း ထိုင်နေခဲ့လေ သည်။

၃။

ထိုနေ့က ဆည်းဆာချိန်သည် သူမအတွက် သိပ်ပြီးမလှပခဲ့သည် မှာ အမှန်ပင်။ တကယ်တော့ ဆည်းဆာချိန်သည် ပုံမှန်အတိုင်း သာ ဖြစ်သည်။ ပြောင်းလဲနေသော သူမ ၏ စိတ်သည်သာလျှင် နွမ်းညစ် နေခဲ့ခြင်းဖြစ်သည်။အမှောင်စတင် ဝင်ရောက်လာ ပြီဟု အသိစိတ်က သတိပေးနေ သည့်တိုင်အောင် သူမ ထိုင်နေရာမှ မထဖြစ် ဘဲ ပေေ တကာ ဆက်ထိုင် နေခဲ့သည့် ထိုညနေတွင် သူသည် တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုမြစ် ချောင်းလေးအနီး ရောက်လာခဲ့ခြင်း ဖြစ်သည်။

”ဘာကူညီပေးရမလဲ”

နေရာတွင် မလှုပ်မယှက် ထိုင်နေသည့် သူမအား အကူအညီ တစ်ခုခု လိုအပ်နေသည်ဟု ထင် သွားခဲ့သည် ထင်ပါသည်။ သူမအနီး ရောက်လာ ကာ မေးလာခဲ့ သည်။ ထိုအချိန်ခဏလေးမှာပင် . . .။ တိတိကျကျပြောရလျှင် သူ့မျက်ဝန်းများနှင့် ဆုံစည်းလိုက်ရ သော ထိုခဏတာအချိန်လေးမှာပင် သူ့ကို သူမ ချစ်မိသွားခဲ့ပါ သည် ။နောက် ပိုင်းတွင် သူကလည်း ဝန်ခံသည်။ ထိုအချိန်လေးမှာပဲ သူလည်း ချစ်မိသွားခဲ့ပါသည်တဲ့။

”ဘဝဆိုတာ ဆန်းကျယ်တယ် ဆိုတာ အခုတော့ ကိုယ် လက်ခံရ တော့မယ်ထင်တယ်။ မင်း ပြောဖူး သလိုပေါ့။ အချိန်ဇယားအတိုင်း ကွက်တိဖြစ် ချင်မှ ဖြစ်မယ် ဆို တာ လေ။ အဲဒါကို ကိုယ်အခု လက်ခံ ရတော့မယ်”

တစ်မျိုးတော့ တစ်မျိုးလေးပဲ ဟု တွေးလိုက်မိသည်။ စာက အရေးအသား ပြောင်းသွားသည်။ သမားရိုးကျကနေ လေးလေးနက် နက် ဖြစ်သွားသလိုပင်။အချိန်ဇယား . . ။ သူ သည် ဘယ်အလုပ်ကိုမဆို အချိန်ဇယား နှင့်သာ အလုပ်လုပ်တတ်သူ ဖြစ်ပါ သည်။ ဒီနေ့မှာ သူမနှင့် တစ်နာရီ စကားထိုင်ပြောမည်ဆိုလျှင် တစ်နာ ရီပြည့်သည်နှင့် ဘယ် လိုခေါင်းစဉ် မျိုးကိုပင် ရောက်နေပါစေ။ ချက်ချင်း ထပြန်တတ်သည့်သူ ဖြစ်ခဲ့လေသည်။

သူ့အချိန်ဇယားတွင် သူမနှင့် တွေ့ရန် အချိန်မရှိသောနေ့ဆိုလျှင် လမ်းမှာ မျက်နှာချင်းဆိုင် တွေ့နေ ရက်နှင့်ပင် ပြုံးရုံလေး ပြုံးပြကာ ထွက်သွားတတ်သူ ဖြစ်သည်။ ထို့အ တွက် သူမစိတ်ဆိုးလျှင်လည်း သူ ဘယ်တော့မှ မချော့တတ်ချေ။ သူ့အချိန်ဇယားအတိုင်းသာ နေ့ရက် များကို ဖြတ်သန်းသူ။ထိုသို့ တိကျတတ်သလိုပင် ရည်ရွယ်ချက် လည်း ကြီးမားသူ ဖြစ်လေသည်။ ကျောင်းပြီးကတည်း က ကွန်ပျူတာဘွဲ့လွန် ဆက်တက်ရန် နိုင်ငံခြားထွက်ဖို့ ပြင်ဆင်နေခြင်းကို ဘယ်လိုအကြောင်းမျိုးနှင့်မှ အ တိမ်း စောင်းမခံဘဲ ရအောင် ထွက်သွား ခဲ့လေသည်။ သူမ ငိုပြီးတားခဲ့သည့် တိုင်အောင် ဖြေသိမ့်စကားတစ်ခွန်း မှ မဆိုခဲ့ပါဘဲနှင့် သူမကိုသာ ဟိုကို လိုက် လာပြီး ကျောင်း တက်ရန် ခေါ်ခဲ့သည်။အကယ်၍များ သူမကသာ သူမနှင့် ထိုဘွဲ့လွန်ကို ရွေးပါဟု ဆိုခဲ့မည်ဆိုလျှင် သူမကိုသာ ထားခဲ့ မည်ထင်ပါရဲ့ဟု သူမ နာနာကျင် ကျင် တွေး ခဲ့ဖူးပါသည်။

”သူ့နာမည်က တော်ဝင်သဇင် တဲ့။ ကိုယ်နဲ့ အတန်းဖော်ဆိုပါ တော့။ တကယ်တော့ ကိုယ်တို့ လေယာဉ်ပေါ်မှာကတည်းက ဆုံခဲ့ ကြတာပါ။ ဟိုကိုရောက်တော့လည်း အခန်းချင်းကပ်ရက်။ အတန်းက လည်း အတူတူဆိုတော့ ကိုယ်တို့ ခင်သွားကြတယ်။ နောက်ပြီးတော့ သူနဲ့ကိုယ် စိတ်သဘောထားခြင်း တော်တော်တိုက်ဆိုင်တယ်။ အဲ ဒါ ကြောင့်ပဲ ထင်တယ်။ ကိုယ် သူ့ကို အလေးအနက် ထားခဲ့တာ အမှန် ပါပဲ”

ဘုရားရေ ဒါက ဘယ်လို အသုံးအနှုန်းမျိုးပါလိမ့်။ အလေး အနက်ဆိုပါလား။ သူမစိတ်ထဲ တကယ်ကို လေးလေးလံလံ ဖြစ် သွားရသည်မှာ ချက်ချင်းကြီးပင်။တော်ဝင်သဇင်။ ထိုနာမည် သည် သူမအားလှောင်ပြောင်နေ သလိုပင်။ သူမအား လွမ်းဆွတ် ကြောင်းတစ်ကြောင်းတလေမှ မပါ ဝင်သည့်စာတွင် ထိုနာမည်က အလေးအနက်ဟူသော အသုံး အနှုန်းနှင့်အတူ ဘာကြောင့် ပါလာ ရတာပါလိမ့်။ သူမ ချက်ချင်းပင် စာကို ဆက်ဖတ်မိသည်။

”မင်းနဲ့ ကိုယ်က ချစ်သူတွေ ပေမယ့် ဘယ်တော့မှ စိတ်သဘော ထားခြင်း မတိုက်ဆိုင်ဘူးဆိုတော့ သူနဲ့ကိုယ့်စိတ် သွားတူနေတာ ကိုယ့်အတွက် တကယ့်ကို ထူးထူး ဆန်းဆန်းပါပဲ။ ဘယ်လို ပြောရမှာပဲ။ ရဲဘော်ရဲဘက်တစ်ယောက်နဲ့ တွေ့ ခွင့်ရလိုက်သလိုပဲလို့ ပြောရမယ် ထင်ပါရဲ့”

တစ်ဆင့် ပိုတက်လာသည်။ ရဲဘော်ရဲဘက်ဆိုပါလား။ စိတ် သဘောထားခြင်း တိုက်ဆိုင်ရုံလေး နှင့် ဘာကြောင့် စာထဲ သတိတရ ထည့်ရေးနေရတာပါလိမ့်။ သူမ တ ကယ်ပင် နားမလည်စွာ စာကို ဆက်ဖတ်မိသည်။

”သူ့ကို ကိုယ် ပွင့်ပွင့်လင်းလင်း ပဲ ကိုယ့်မှာ မင်းရှိတဲ့အကြောင်း ပြောပြပါတယ်။ အဲဒီတော့ သူက ချစ်သူရှိတာ အိမ်ထောင်ရှိတာမှ မဟုတ်တာတဲ့။ သူ့စိတ်ဓာတ်ကို ကို ယ်ကြိုက်သွားတာ အမှန်ပဲ”ဖတ်သာ ဖတ်လိုက်ရသည်။ အဓိပ္ပာယ်ကို နားမလည်လိုက်သည့် အတွက် ဘယ်လိုအဓိပ္ပာယ်မျိုးပါ လိမ့်ဟု စာကို ခဏချ ထား ရင်း တွေးယူရသည်။ ချစ်သူရှိတာ အိမ် ထောင်ရှိတာမှ မဟုတ်တာတဲ့။

ထိုစကားမျိုးကို ပြောရလောက် အောင် သူတို့နှစ်ယောက်က ဘယ်လို ခေါင်းစဉ်အောက်မှာများ စကားပြောခဲ့ကြလို့ပါလိမ့်။

”ခွင့်လွှတ်ပါလို့တော့ မတောင်း ပန်တော့ဘူး။ ကိုယ် အမှားလုပ် တာ မဟုတ်ဘူးလို့ ယုံကြည်လို့ပါ။ မင်းလည်း ဒီလိုပဲ တွေးပေးမယ် ထင်ပါတယ်”ထို စာကြောင်းများ ကို လည်း သူမ အဓိပ္ပာယ် ချက်ချင်းဖော်မရ ချေ။ ထွက်သွားပြီးကတည်းက ပထမဆုံး ရေးလာသည့်စာက သူမအား ပဟေဠိဖွက်နေသည့် နှယ်ပင်။ဘာတွေကို မတောင်း ပန်ေ တာ့ ဘူး လုပ်နေတာပါလိမ့်။ သိပ်မကျန် တော့ပြီဖြစ်သော စာကြောင်းများ ကို ကြည့်လိုက်ရင်း သူမ စာကို ဆက်ဖတ်သည်။

”သူ့ကို ကိုယ်ချစ်မိသွားတယ် ထင်တယ်”

ဘုရားသခင် . . .။ ကယ် တော်မူပါ . . .။ မြင်နေရသည့် ကိုယ့်မျက်လုံးကိုပင် ကိုယ် မယုံချင် သလိုပင်။ ဟုတ်ရဲ့လားဟု သုံးလေး ကြိမ် အထပ်ထပ်ဖတ်သည့်တိုင် စာလုံး များ က ပြောင်းလဲမသွားသည် မှာ တစ်မျိုးလေးတော့ ဝမ်းနည်းစရာ ကောင်းခဲ့ပါသည်။

”တကယ်တော့ . . . ဘဝ လမ်းတစ်ခုကို လျှောက်တဲ့အခါ နံဘေးမှာပါနေတဲ့ အဖော်ဟာ ကိုယ့်နောက်လိုက် ဖြစ်နေမယ့်အစား ရဲဘော်ရဲဘက် ဖြစ်နေတာက ပိုကောင်း တယ်မဟုတ်လား။ အခု ဒီစာကို ရေးနေတဲ့ အချိန်မှာ အဲဒီ အတွေးဟာ အမှန်ဆုံးပဲလို့ ကိုယ် တွေးမိနေတယ် အလင်း”ဖြစ်မှ ဖြစ်ရလေခြင်း။ နောက် ကျောကို ဓားနှင့် အထိုး ခံရသည် ဟူသော အဖြစ်မျိုးသည် ဒီလိုအဖြစ် မျိုးနှင့် တူသည်ထင်ပါရဲ့။ ကိုယ့် ဘက်က သူ့အပေါ်တွင် အရာရာ တိုင်းအတွက် မျက်လုံးစုံမှိတ်ကာ ယုံကြည်ပေးခဲ့သည်။ ထိုင်ဆို ထိုင်၊ ထဆိုထ နေပေးခဲ့သည်။ သို့သော် . . .။ သူ့ဘက် က . . .။

”ကိုယ်သူနဲ့ လက်ထပ်လိုက်ပြီ အလင်း”

မျက်ရည်တစ်စက်သည် လက်ဖမိုးပေါ် ပေါက်ခနဲ ကျသွားခဲ့လေသည်။

၎။

ထိုစာလေးတစ်စောင်ကို အလင်းသည် နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် အမှတ်တရအဖြစ် သိမ်းဆည်းထားခဲ့မိပါ သည်။

ညတာရာလင်း (ထားဝယ်)

မလှသော အမှတ်တရ

$
0
0

သည်တိုက်ခန်းလေးအတွင်း သို့ သော့ဖွင့်၍ဝင်လိုက်ပြီးသည်နှင့် ပထမဦးဆုံးလုပ်ရသည့်အလုပ်က ခပ်မြင့်မြင့်စားပွဲလေးတစ်လုံးပေါ်မှ လယ်ဂျာစာအုပ်ရှည်ကြီး၏ စာရွက် များကို လှန်ရခြင်းဖြစ်သည်။ ထိုစာအုပ်ထဲ၌ အမြဲလိုလိုပင် တစ်ခုမဟုတ်တစ်ခုသော မေးခွန်း (သို့မဟုတ်) ခေါင်းစဉ်သစ်များက ရက်စွဲများအလိုက်ရှိနေ တတ် သည်။ ခေါင်း စဉ်ဟောင်းတစ်ခုချင်းစီ၏ အောက်တွင်လည်း ထိုခေါင်းစဉ် အပေါ်၌ ရှိနေသည့် လူ ၃ ယောက်၏ အယူအဆ (သို့မဟုတ်) အဖြေများအား ချရေးထားသည့် စာ တန်း လေး များက သူ့နေရာနှင့်သူ သီးခြား စီရှိနေသည်။ ထိုစာအုပ်ရှည်ကြီးအား ဖွင့်ကြည့်မည်ဆိုလျှင် မတူညီသည့် တံခါးပေါက်များအား တွေ့နိုင်ပါသည်။

အသားကျနေသည့် စာအုပ်က လှန်လျှင်လှန်ချင်းတစ်နေ့ကရက်စွဲနှင့်ရှိနေသော စာမျက်နှာသို့ အရင်ရောက်သွား၏။ ထိပ်ဆုံးမှ ခေါင်းစဉ်နေရာ၌ ‘လိုအပ်မှုတစ်ခု’ ဟုရေး ထား၏။

”တစ်သမတ်တည်း မကြိုက် တတ်တဲ့ ငါ့အတွက် အသစ်၊ အသစ် တွေတော့လိုတယ်”ဟု တွေ့ရပြီး …C  ကတော့
”ကြိုးတစ်ချောင်း”ဟုဆို၏။
A ဟူသော …ကျွန်မ၏ နေရာတွင်တော့…
”မလိုအပ်မိဖို့” ဟု ကျွန်မဖြည့် ထားသည်။
ကျွန်မတို့၏ အဖြေများသည် ကျွန်မတို့ပင် ဖြစ်သည်။

ကျွန်မတို့သူငယ်ချင်းမိန်းက လေး ၃ ယောက်ထဲတွင် C သည် စိတ်ကူးအယဉ်ဆုံးနှင့် ကလေးအဆန်တတ်ဆုံးပင်။ သည်ထုံးစံ လေးအားလည်း C မှပင် ပြု လုပ်ခဲ့ ခြင်းဖြစ် သည်။ ကျွန်မတို့ အားလုံးမှာလည်း ဆယ်ကျော်သက်အရွယ်များ မဟုတ်ကြပါ။ သို့သော်လည်း C ၏အလိုကို ကျွန်မတို့ လိုက်ကြပါသည်။ ထို့ကြောင့်လည်း လယ်ဂျာ စာ အုပ်ကြီး တစ်ဝက်ကျိုးလာခဲ့ခြင်း ဖြစ်သည်။ မေးခွန်းနှင့် ခေါင်းစဉ်အများစုအားလည်း C တစ်ယောက်ကသာလျှင် ဒိုင်ခံ၍ ရေးတတ်သည်။ ရံဖန်ရံခါတွင်တော့လည်း b က မေးခွန်းများ ဝင်ရေးတတ်သည်။

ကျွန်မကတော့ ရေးလိုစိတ်မရှိပါ။ သူငယ်ချင်းများ၏ အလိုကိုလိုက်ရုံသက်သက်သာ မေးခွန်းများအား ကျွန်မဖြည့်ပါသည်။သည်အခန်းလေးမှာ ကျွန်မတို့ သူငယ်ချင်း ၃ ယောက်၏ သီးခြားနေရာလေးတစ်ခုဖြစ်သည်။ Project  တစ်ခုခုရှိလာခဲ့လျှင် ကျွန်မတို့အားလုံး စုဝေးလုပ်ဆောင်ကြရာ အလုပ်ခန်းလေးဖြစ်သည်။ အလုပ်လုပ်ရန် အတွက် ကိုယ်စီကိုယ်စီ အိမ်မှယူလာကြသော ကွန်ပျူတာ ၂ လုံးနှင့် Lap Top ၁ လုံး ရှိသည်။ ၃ ယောက်စလုံးတွင်လည်း တိုက် ခန်းသော့တစ်ချောင်းစီ ရှိကြသည်။ အလုပ်ခန်းဟု ဆိုသော်လည်း အိမ်ခန်းတစ်ခုနှင့်လည်း မခြားလှပါ။ စားစရာ၊ သောက်စရာများနှင့် ပစ္စည်း၊ ပစ္စယများလည်း အစုံ အလင်ပင်ရှိသည်။ လိုလျှင် လိုသလို တစ်ေ ယာက်တစ်လှည့်ဝယ် ထည့်နေ ကျလည်း ဖြစ်သည်။ တစ်ခါတစ်ရံ အလုပ်သိပ်များသော နေ့မျိုးဆို လျှင် သည်အခန်းလေး၌ပင်

ညအိပ်ကြရသည်များလည်း ရှိတတ်သည်။ သည်နေ့တော့ အစောဆုံးရောက်သူမှာ ကျွန်မပင် ဖြစ်မည်။ စာအုပ်၏ နောက်ဆုံးစာမျက် နှာသို့ လှန်လိုက်သည့်အခါ၌ ….

”  Say…something….” ဟူ သောစာတန်းအား တွေ့ရ၏။

အောက်မှာတော့ မည်သူမှ ဖြည့်ထားခြင်းမရှိသေးပါ။ စာတန်းလေးကိုတော့ မနေ့က နောက်ဆုံးမှ ပြန်သည့် C မှ ရေးသွားခဲ့ခြင်းဖြစ် မည်။ ထိုစာတန်းအားရေးသူ C ကိုယ်တိုင်ပင် ဖြည့်ထားခြင်းမတွေ့ရသေးပါ။ ထွေထွေထူးထူးစဉ်းစားမနေဘဲ တာဝန်အရ ကျွန်မဖြည့်ရမည့်နေရာ၌…

”  Nothing …  ” ဟုရေးလိုက်သည်။  တကယ်လည်း ကျွန်မမှာ ပြော ချင်တာမရှိပါ။ ပြီးနောက် စာအုပ်အားပိတ်လိုက်သည်။
ထိုခဏမှာပင်ဖြစ်သည်။နှစ်ယောက်သား ဘယ်နေရာ၌ တွေ့လာကြသည်မသိ။ အတူတကွ ဝရုန်းသုန်းကားနှင့် အော်ဟစ်ဝင်လာကြသည်။
ထို့နောက်တော့ လယ်ဂျာစာ အုပ်ကြီးရှေ့၌ ဘောလ်ပင်လုကြပါ သည်။
စာအုပ်ကြီးအနားမှခွာ၍ ကျွန်မအနားသို့ ရောက်လာကြသည့် အချိန်မှာတော့ သူမတို့နှစ်ယောက်ထဲမှသည်နေ့အဖို့ ထူးခြားနေသည့်  B ကို သတိထားမိသွားသည်။
”နေစမ်းပါဦး နင်က အိတ်ကြီးတကားကားနဲ့ ဘာဖြစ်လာတာလဲ”
ကျွန်မအမေးကြောင့်…ဖြေချင်လွန်းလှသော်လည်း မမေးသေးသည့်အတွက် အမေးစောင့်နေသည့် ကလေးတစ်ယောက်၏ ကျေနပ်နှစ်သက်မှုမျိုးနှင့် သူမပြုံးသည်။
သေချာသည်။ B တစ်ယောက် တစ်ခုခုတော့ လုပ်လာပြီ။
”နင်တို့ကို ကြွားစရာရှိလို့ဟ”

ပြောပြောဆိုဆိုနှင့် သူမလွယ်လာသည့် အိတ်ကြီးအားဖွင့်သည်။ အထဲမှာတော့ ချစ်စရာခပ်သေးသေး Note Book  လေးတစ်လုံး။ ဘာလဲဟူသည့်အဓိပ္ပာယ်နှင့် C က Bကို ကြည့်သည်။

‘J  ကိုကြီးက ငါ့အတွက် ပို့လိုက်တာ”
ကျေနပ်စွာ၊ ဝင့်ကြွားစွာနှင့် B ကဆိုသည်။
B စကားအဆုံးတွင် C မျက်လုံးများအတွင်း၌ နှစ်သက်အားကျမှု အရောင်များ ဖြတ်ပြေးသွား၏။
”သြော်” ဟုသာ ကျွန်မ ရေရွတ်လိုက်ပါသည်။
C ကတော့ B ၏ Note Book လေးအား စိတ်ဝင်တစားနှင့် ဖွင့်ကြည့်လို့နေပြီဖြစ်သည်။
သူငယ်ချင်းများ၏  Personal  များအတွင်းသို့ ထဲထဲဝင်ဝင် ကျွန်မဝင်ရောက်စွက်ဖက်တတ်ခြင်းမရှိပါ။
B နှင့် C အကြောင်းကိုတော့ အတော်လေးကို ကျွန်မသိပါသည်။
B ပြောသည့် ” J ကိုကြီး” ဆိုသူမှာ Online  ပေါ်မှ သူမ၏ တစ်ဦးတစ်ယောက် ဖြစ်သည်။
B ရော C ပါ Internet နှင့် Chatting အပေါ်၌ နှစ်သက်စွာ စိတ်ဝင်စားတတ်သူများ ဖြစ်သည်။

Online  နှင့်ပတ်သက်၍ လက်ရှိကာလတစ်ခု၌ C သည် တစ်စုံတစ်ဦးအပေါ်၌ အသည်းအသန်ရူးသွပ်နေသလို၊B ကတော့ တစ်ဦးတစ်ယောက်ပေါင်း များ စွာ နှင့် မွေ့ေ လျာ်နေသူ ဖြစ်သည်။ ထို့ကြောင့်လည်း B ထံ၌ ” J ကိုကြီး”၊ ‘S မောင်လေး”၊ ”R သူငယ်ချင်း” အစရှိသည်ဖြင့် နေရာဒေသ၊ နိုင်ငံများ၏ Initial  များနှင့်အ မည် နာမပေါင်း များစွာ ရှိသည်။ ထိုသူများနှင့် ပတ်သက်သည့် လက်ဆောင်ပစ္စည်းလေးများ ရောက်လာတတ်လျှင်လည်း B က ကျွန်မတို့အား ကြွားနေကျဖြစ်သည်။C သည်လည်း B နှင့် ပတ်သက်လာလျှင် အမြဲတစေအားကျ နေတတ်သူဖြစ်သည်။ ယခုအခါ၌လည်း Note Book လေးတစ်လုံး ဖြစ်နေသည်မို့ ပို၍လည်း အားကျ နေနိုင်ကောင်းပါသည်။

လယ်ဂျာစာအုပ်ရှည်ကြီး အတွင်း၌ရက်စွဲဟောင်းတစ်ခုနှင့်
”Online is ” ဟူသည့် မေးခွန်း တစ်ခုပါခဲ့ဖူးသည်။
ထိုမေးခွန်းနှင့် ပတ်သက်၍ B က …
”အပျင်းပြေပျော်စရာတစ်ခု ”ဟု ဖြေခဲ့သလို…
C ကတော့…
”သူနှင့်ပတ်သက်၍ ရူးသွပ်ရမှု” ဟု ဆို၏။
ကျွန်မကရော။
ကျွန်မကတော့…
”Online is … ဟူသော မေးခွန်းအတွက်…
”Online is  ” ဟူသည့် စကားလုံး တစ်လုံးသာ ဖြည့်ဖြစ်ခဲ့သည်။ သည့်ထက်ပိုသည့် သတ်မှတ်ချက်မျိုးလည်း ကျွန်မထံ၌ ရှိမနေခဲ့။ သူများ၏ ယူဆချက်ကိုလည် ဝင်မစွက် ဖက်ခဲ့ပါ…

Online is  ပေါ်၌ တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် ယုံကြည်နိုင်မှုဆိုသည်မှာ ရှိရောရှိနိုင်ပါသည်လား။ တစ်ချိန်က B နှင့် C  အား ကျွန်မမေးခဲ့ ဖူးသော မေး ခွန်းဖြစ်၏။ ထိုမေးခွန်းအတွက် B ဘက်မှ နှုတ်ဆိတ်နေခဲ့သော်လည်း C ကတော့ ပြန်ဖြေခဲ့သည်။

”သူ့အပေါ် ကိုယ်ယုံစရာမလိုသလို၊ ကိုယ့်အပေါ်လည်း သူယုံစရာမလိုပါဘူး၊ ၂ ယောက်ကြားမှာ အပျင်းပြေ Link  တစ်ခုရှိနေဖို့ပဲလိုတာ”ဟု ဆို၏။
ယုံကြည်မှုမပါဝင်သော အရာတစ်ခုအပေါ်၌ ဘာကြောင့်များ အချိန်အများကြီး ပေးနေရပါသည်လဲ။
နိုင်ငံရပ်ခြားသို့ ရောက်နေသူ အချို့အတွက်ကတော့ Online  နှင့် Chatting  သည် အပျင်းပြေ စိတ်ဖြေစရာ ဖြစ်ကောင်းဖြစ်နိုင်ပါ သည်။
ကျွန်မတို့ အတွက်ကရော…။အရာအားလုံးမှာ အတိုင်း အတာ တစ်ခုလောက်ထိ သာ ကောင်းပါသည်။
သို့သော်လည်း သူ့ခံယူချက်နှင့်သူ၊ ကိုယ့်ရပ်တည်မှုနှင့်ကိုယ်မို့ နှုတ်ကထွက်၍တော့ ကျွန်မဘာ စကားမှမဆိုဖြစ်ခဲ့။ ပြောစရာ စကားလည်းမရှိခဲ့ပါ။
သူမတို့ အားလုံးအတွက် အရာအားလုံးအဆင်ပြေနိုင်လျှင် တော့လည်း ကောင်းပါသည်။

သည်နေ့တော့ ကျွန်မက နောက်ဆုံးမှရောက်သူဖြစ်သည်။ ကျွန်မရောက်တော့ B ရော C ပါ သူမတို့၏ Computer များရှေ့၌ အသီးသီးရှိနေကြသည်။
လယ်ဂျာစာအုပ်ကိုလှန်တော့ …”မကွယ်မဝှက်တမ်း” ဟူသည့် စာတန်းအားတွေ့ရ၏။
ကျွန်မတို့၏ ထုံးစံအားအပြင် လူတစ်ဦးတစ်ယောက်သာသိလျှင် လှောင်ပြုံး ပြုံးကောင်းပြုံးနိုင်ပါ သည်။
မည်သို့ပင်ဖြစ်စေ တာဝန်အရ ကျွန်မဖြည့်ရမည်ပဲ။
B ရော C ပါဖြည့်ထားနှင့်ပြီမို့ သူမတို့၏ စာတန်းများအား အရင်ဆုံး ကျွန်မဖတ်ကြည့်လိုက်သည်။
B က… ”လူတစ်ယောက်၊ သူက ငါ့ အတွက် အမှတ်တမဲ့ကနေ အမှတ်တရဖြစ်လာပြီ”ဟုဆို၍ C ကတော့ …
”သေချာပါတယ် သူပဲ”ဟု ဆိုသည်။
B ၏ အဖြေမှာ အတန်ငယ်တော့ ထူးခြားနေပါသည်။ အမှတ်တရဖြစ်လာပြီဟု ဆိုသည်ပဲ။
မကွယ်မဝှက်တမ်းဆိုတော့လည်း ကျွန်မ၏နေရာ၌ Writing Paper တစ်ခုအတွင်းမှ စာစုတစ်ခုအား ချရေးလိုက်သည်။

” A little remembrance
Especially to say,
You’re being remembered
Especially today. ”

ကျွန်မကိုမြင်သွားချိန်မှာတော့ နှစ်ယောက်သား ပြေးလာကြသည်။ သေချာပါသည်။ ကျွန်မ၏ လက်တွင်းမှ ဖရဲသီးမျက်နှာကြောင့် ဖြစ်သည်။

”နင့်ကို မျှော်နေတာဟ၊ ငါတို့ ပြောစရာရှိလို့”
ကျွန်မ၏ လက်ထဲမှ ဖရဲသီးအားလှမ်းယူလိုက်ရင်း B က ဆိုသည်။
မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပင်။

C ကတော့ မီးဖိုခန်းအတွင်းသို့ဝင်၍ ဓားတစ်ချောင်းအား အပြေးမလွှားနှင့်ရေသွားဆေးသည်။ အတော်လေးကို မစားချင်ရှာဘူး ထင်သည်။ထို့နောက်ေ တာ့ ရေဆေး လာ သည့်ဓားအား ကျွန်မလက်တွင်းသို့ လာ၍ထည့်သည်။

”ဒီနှစ်ဒီဇင်ဘာမှာ ငါတို့ ၃ ယောက်ကျိုက်ထီးရိုးတက်ကြရအောင်ဟာ၊ အခုပဲ ငါတို့ ၂ ယောက် ဒီအကြောင်းပြောနေကြတာဟ”
ကျွန်မ၏ရှေ့သို့ ပန်းကန်ပြားအလွတ်လာချပေးရင်းနှင့် B ကဆိုသည်။
သွားကြမည်ဆိုတော့လည်း သွားရုံသာရှိပါသည်။
အရေးကြီးသည်က ကျွန်မတို့  ၃ ယောက်၌ ကြီးကြီးမားမား အလုပ်များရှိမနေဖို့ပင်။
”ခရီးသွားဖြစ်ရင် ငါတို့ရဲ့လယ်ဂျာစာအုပ်ကြီးကိုလည်း သယ်သွားရမယ်”
C မှာလည်း စိတ္တဇပင်။
”အဲဒီလက်တွေက မလာနဲ့ဦးလေ၊ သွား…နင်တို့နှစ်ယောက်လုံး လက်သွားဆေးဦး”
ဖရဲသီးပန်းကန်အား လှမ်းဆွဲယူလိုက်ရင်းက ပြောလိုက်သည့် ကျွန်မစကားကြောင့် လှမ်းနေသည့်လက်များ တွန့်သွားကြသည်။
”နင်ကလည်းဟာ မပေပါဘူးဟ”
ရှုံ့မဲ့မဲ့နှင့် B ကဆိုသည်။
”အေးလေ” ဟု C ကလည်း အထွန့်တက်ရင်း ထောက်ခံသည်။
”ဘာမပေရမှာလဲ၊ ဖုန်တသော သောတက်နေတဲ့ Keyboard တွေ ကို ဘယ်တော့မှမသုတ်ဘဲ ကိုင်နေကြတဲ့သူတွေကများ၊ မရဘူးသွားဆေး”
ကျွန်မ အပြောကြောင့် C က ရှေ့တိုးလာရင်း…
”နင်က ဘာလဲဟာ၊ စားချင်တဲ့သူက ဒီလောက်အောက်ကျနောက်ကျခံပြီး တောင်းစားနေတဲ့ဟာကိုတောင်မှ မကျွေးချင်ဘူး၊ နင်မရှက်ဘူးလား”
သူမ အပြောကြောင့် ကျွန်မ ရီ(ရယ်) လိုက်မိသည်။
ဖြစ်မှဖြစ်ရလေခြင်း။
ကျွေးရမည့်ကျွန်မကပင် အရှက်မရှိသူ ဖြစ်ရသေးသည်။
ခါးထောက်၍ ကြည့်နေသည့် B ကတော့…

”ဘာလဲ နင်က ငါဒီအတိုင်းငြိမ် နေလို့ အကောင်းမှတ်နေလား” ဟု ဆိုသည်။ ရီ(ရယ်)ချင်စိတ်နှင့် ကျွန်မ ပြုံးလိုက်မိသည်။
”သြော်…နင်က အကောင်းမဟုတ်ဘူးလား၊ ဒါဆို မကောင်းဘူးပေါ့၊ မသိပါဘူး ငါက နင့်ကို အကောင်းမှတ်လို့”
ကျွန်မ စကားအဆုံးတွင်တော့ B တစ်ယောက် ဆွေ့ဆွေ့ခုန် ဒေါသထွက်ရင်း ကျွန်မအား လိုက်ရိုက်တော့သည်။ ကျွန်မတို့ ၂ ယောက် အားကြည့်၍ C က တဟား

ဟားရယ်သည်။ ထိုအချိန်ထိတော့ ကျွန်မတို့ အားလုံးအဆင်ပြေ ပျော်ရွှင်နေကြပါသည်။

ရုံး၌ အလုပ်လုပ်နေစဉ်အတွင်းမှာပင် Notifier မှ Mail Alert တက်လာ၍ ကြည့်လိုက်မိတော့ C ထံမှ ဖြစ်နေသည်။ ကျွန်မတို့ချင်းမတွေ့ဖြစ်ရှာဘူးဆိုတော့ သူမကတကူး တကနှင့် Mail ပို့သည်ပဲ။ တစ်စုံတစ်ရာ နောက်ပြောင်ခြင်းဖြစ်မည်ဟု ကျွန်မယူဆလိုက်သည်။မဟုတ်ပါ။ Mail ဖတ်ကြည့်မှပင် သိလိုက်ရသည်။ ကျွန်မအား Online သို့ လာရန် ခေါ်ခြင်းဖြစ်သည်။ဘာများဖြစ်ပြန်ပါသည်လဲ။

(ထိုကာလတွေသည် ယနေ့လို ဖုန်းများအား ဖောဖောသီသီကိုင်နိုင်သည့် အချိန်မျိုးမဟုတ်သလို၊ လက်ကိုင်ဖုန်းများနှင့်လည်း Internet  အသုံးစွဲခွင့်မရသေး၊ နိုင်ငံခြား သိုတိုက်ရိုက်ဖုန်းခေါ်ဆို၍ရသည့် တယ်လီဖုန်းဆော့ဝဲလ်များလည်း မရှိသေးပါ။)

”သူနဲ့စကားမပြောဖြစ်တာ အတော်ကြာပြီဟာ၊ အရင်တစ်ခါတုန်းကတော့ Internet  မရလို့လို့ ပြောတာပဲ၊ အခုလည်း သူ့ကွန်ပျူတာပျက်နေလို့တဲ့ဟာ၊ ခုတလောအကြောင်းပြချက်တွေ အရမ်းများတာပဲ’ အင်း…

ကျွန်မမှာပြောစရာစကားမရှိပါ။ ကျွန်မမတတ်နိုင်သောကိစ္စလည်း ဖြစ်သည်။ ထို့ကြောင့်လည်း သူမပြောသမျှကိုသာ နားထောင် ပေးဖြစ်ခဲ့သည်။ထိုရက်ပိုင်းတွေအတွင်း၌ C ၏ မျက်နှာမကြည်သာလှသော်လည်း ကျွန်မတို့အားလုံးအဆင်ပြေကြပါသည်။ အရင်လို နောက်နောက်ပြောင်ပြောင် ရယ်ရယ်မေမောနှင့်ပင်ရှိကြသည်။ လယ်ဂျာ စာအုပ်အတွင်း၌ ထူး ဆန်းသည့် မေးခွန်းတစ်ခုရောက် မလာသေးခင်အချိန်ထိ ဖြစ်သည်။ထိုအချိန်ထိပင် ဖြစ်သည်။

ထိုနေ့က လယ်ဂျာစာအုပ်အတွင်း၌ ထူးဆန်းသည့် မေးခွန်းသစ်တစ်ခု ရှိနေခဲ့သည်။
”စံပယ်ရေ သူငယ်ချင်း… သီချင်းအပေါ်၌ရှိသော အယူအဆ” ဟူ၍ ဖြစ်သည်။
လက်ရေးကတော့ ထုံးစံအတိုင်း C ၏လက်ရေးပင်။

မရေမတွက်နိုင်သည့် မေးခွန်းပေါင်းများစွာ၊ ခေါင်းစဉ်ပေါင်းများစွာတို့အနက် ကျွန်မအဖြေရအခက်ခဲ့ဆုံးသော မေးခွန်းတစ်ခု ဖြစ်ခဲ့၏။ ပထမဦးဆုံးအကြိမ်အဖြစမည်သူမှဖြေဆိုခြင်းမရှိခဲ့သော မေးခွန်းတစ်ခုလည်း ဖြစ်ခဲ့၏။

ထိုနေ့မှစ၍ B နှင့် C  တို့မှာ တစ်ယောက်နှင့်တစ်ယောက် ဟက်ဟက်ပက်ပက် စကားပြောဆို ခြင်းမရှိတော့ပါ။ ထိုသို့သောဖြစ်ရပ်မျိုးမှာ မဆန်းကြယ်လှသော်လည်း သူမ တို့ ၂ ယောက်ကြား၌ ဖြစ်လာခဲ့သည်ကတော့…

အကြောင်းရင်းကတော့ Online  ပေါ်မှ C ၏ ရူးသွပ်မှုသည B  ၏ အမှတ်တမဲ့မှ အမှတ်တရဖြစ်လာပြီဟုဆိုခဲ့သူ ဖြစ်နေခဲ့ခြင်းကြောင့် ဖြစ်သည်။ကြားဖူးနေကျအကြောင်း အရာများထဲကအတိုင်းပင် သူမတို့ နှစ်ယောက်လည်း သူငယ်ချင်းသူစိမ်းများဖြစ်သွားခဲ့ကြသည်။ စိတ်မောစွာနှင့်စိတ်ပျက်ရပါသည်။

မည်သူတစ်ဦးတစ်ယောက်ကိုမှ မဟုတ်ဘဲ ဖြစ်ပေါ်လာသည့် အခြေအနေကိုသာ ဖြစ်သည်။ ထိုရက်များအတွင်း၌ပင် ကျွန်မသည်လည်း မန္တလေးသို့ ၃ ရက်ခရီး သွားဖြစ် ခဲ့သည်။ အလုပ်ကိစ္စအတွက်ကြောင့်သာသွားရခြင်း ဖြစ်သော်လည်း စိတ်ကတော့ မဖြောင့်လှပါ။ပြန်ရောက်ရောက်ချင်း ခဏပင်မနားနိုင်အားပဲ ကျွန်မတို့ ၏ စုဝေးရာ တိုက်ခန်းလေးဆီသို့ ပြေးရသည်။ ဟိုသို့ရောက်တော့ ရက်ပိုင်းလေးအတွင်း၌  အတော်များများအပြောင်းအလဲဖြစ်ခဲ့ပြီဆိုသည်ကို ကျွန်မအတပ်သိ လိုက်ရ သည်။ ကျွန် မ ရောက်သွားချိန်၌ C က လူတစ်ယောက်နှင့်အတူ သူမ၏ ကွန်ပျူတာအားသယ်ဖို့ရန်အတွက် ပြင်ဆင်နေပြီဖြစ်သည်။ ကျွန်မကို မြင်တော့…

”သူ ငါ့ကို အဆက်အသွယ် ဖြတ်လိုက်ပြီ၊ သူတကယ်ချစ်တဲ့သူ ရှိနေပြီတဲ့လေ၊ ဘယ်သူလဲဆိုတာတော့ နင့်ကို အထွေအထူးပြောပြဖို့ မလိုတော့ဘူးထင်တယ်”
ပြောရင်းက မဲ့ပြုံးလေးပြုံးရင်း C တစ်ယောက် မျက်နှာလွှဲသွားခဲ့သည်။
”အောက်မှာကားပါလာတယ်၊ ငါ့ကွန်ပျူတာပြန်သယ်တော့မလို့” ဟုဆိုသည်။
B အလုပ်လုပ်နေကျနေရာ၌လည်း ဗလာဟင်းလင်း ဖြစ်နှင့်နေသည်ကို တွေ့ရ၏။
ကျွန်မအမောဆို့သွားရသည်။
ရပ်နေသည့် နေရာ၌ပင် ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။
ဘာများပြောရန် လိုသေးသည်လဲ။
C ကတော့ ”နောက်မှ တွေ့ကြတာပေါ့ဟာ” ဟုဆိုရင်း ထွက်သွားခဲ့သည်။
အခန်းထဲမှာတော့ ကျွန်မ တစ်ယောက်တည်း။
နောက်ဆုံးတော့ တစ်ယောက်တည်းဖြစ်ခဲ့သည်။

အချိန်အတန်ကြာထိုင်နေမိရင်းကနေ ခဏနေတော့ Lap Top  လေးအားကြိုးများဖြုတ်၍ အိတ်တစ်လုံးအတွင်းသို့ ထည့်ရသည်။ ထို့နောက်တော့ ထိုအိတ်လေး အား သိုင်း၍လွယ်လိုက်သည်။

ခဏတော့ရပ်၍ အခန်းလေးအား ဝေ့၍ ကြည့်လိုက်မိသေးသည်။
စားပွဲလေးပေါ်၌တော့ လယ်ဂျာစာအုပ်ရှည်ကြီးကသည်အတိုင်း။
ထိုနေရာသို့ လျှောက်သွားလိုက်ရင်းက စာအုပ်ကြီးအားလှန် ဖြစ်လိုက်သည်။
နောက်ဆုံးစာမျက်နှာ၌ မည်သူမှဖြေထားခြင်းမရှိသေးသော နောက်ထပ်(နောက်ဆုံးသော)မေးခွန်းသစ်တစ်ခုအားတွေ့ရ၏။
”ချစ်ခြင်းနှင့် မုန်းခြင်းအကြားကွာဟမှု”ဟုဆိုသည်။
လက်ရေးက B ၏လက်ရေး။
မည်သူမှ ဖြေထားခြင်းလည်း မတွေ့ရပါ။
ဘောလ်ပင်လေးအား နောက်ဆုံးအနေနှင့် ကျွန်မ ကောက်ကိုင်လိုက်ရင်းက…
”သတ်မှတ်ချက်” ဟု ရေးထည့်လိုက်ပြီးနောက် စာအုပ်ကြီးအား ပိတ်လိုက်သည်။
ထို့နောက်တော့ အခန်းပြင်သို့ ထွက်လိုက်ရင်း ထိုအခန်းလေးအားလည်း သော့ခတ်၍ ပိတ်လိုက်သည်… ပိတ်ဖြစ်ခဲ့ပါသည်…။    ။

ရွှေသင်


တကယ်လှတဲ့ သုံးပန်လှကျောက်

$
0
0

‘သုံးပန်လှ’ ဆိုသောကျောက်သည် အမည်နှင့်လိုက်ဖက်အောင်ပင် တကယ်လှပ၍ စွဲမက်ဖွယ်ကောင်းသော ကျောက်မျက်တစ်မျိုးဖြစ်သလို ထူးဆန်း၍ ရှားပါးကာ တန် ဖိုးကြီးမားသော ကျောက်မျက်တစ်မျိုးလည်း ဖြစ်ပါသည်။ ယင်း ကျောက်ကို ‘သုံးပန်လှ’ ကျောက်ဟု အမည်ခေါ် တွင်ရခြင်းမှာလည်း ၎င်းကျောက် သည် နေ့ ခင်း နေရောင်ခြည်အောက်တွင် မြက်ခင်းစိမ်းရောင်ကိုပေး၍ ညမီးရောင်အောက်တွင် ရက်စ်ဗယ်ရီသီး အနီရောင်ကိုပေးသောကြောင့် ကျောက်၏ ထူးခြားသော အရော င်ပြောင်းခြင်းဆိုင်ရာ ဂုဏ်သတ္တိကိုအစွဲပြုကာ ခေါ်ဝေါ်ကြခြင်း ဖြစ်ပါ သည်။ အဖိုးတန်ကျောက်မျက် တော်တော်များများသည် သူ့အလှအပနှင့် သူ၊ သူ့ဂုဏ်သတ္တိနှင့်သူ သူ့ တန်ဖိုးနှင့်သူ ရှိကြသော်လည်း ထိုကဲ့သို့ ကျောက်မျက်တစ်ခုတည်းက အခြေအနေပ်ါမူတည်၍ လုံးဝမတူညီသော အရောင်နှစ်ခုအဖြစ် ပြောင်း လဲသွားသော ကျောက် မျက် ဆိုသည်မှာ ကျောက်မျက်လောကတွင် ထူးထူးခြားခြားနှင့် ရှားရှားပါးပါးကိစ္စပင် ဖြစ်ပါတော့သည်။

အခြားကျောက်မျက်များတွင် ထိုကဲ့သို့ အရောင်ပြောင်းခြင်းများရှိတတ်သော်လည်း အရောင်အနုမှအရင့်သို့ ပြောင်းလဲခြင်း၊ ခရမ်းရောင်မှ အပြာရောင်သို့ ပြောင်း လဲခြင်းစ သည့် နီးစပ်မှုရှိသော အရောင်ပြောင်းခြင်းမျိုးသာရှိပြီး ယခုကဲ့သို့ အစိမ်းရောင်မှ လုံးဝမတူညီသောအနီရောင် သို့ ပြောင်းလဲသွားခြင်းမျိုးကားမရှိပေ။

သမိုင်းကြောင်း

သုံးပန်လှကျောက်၏ အင်္ဂလိပ်အမည်မှာ ‘အလက်ဇန္ဒရိုက်’  (Alexandrit) ဟု ခေါ်ပါသည်။ အကောင်းဆုံးသော ‘အလက်ဇန္ဒရိုက်’ ကျောက်များကို ရုရှားနိုင်ငံ ယူရဲလ်ေ တာင်တန်းများတွင် ပထမဦးဆုံး စတင်တွေ့ရှိခဲ့သည့် ၁၈၃ဝ ခုနှစ်များက ရုရှားနိုင်ငံ၏ ဒုတိယမြောက် အလက်ဇန္ဒားဘုရင်ကြီးအုပ်စိုးနေစဉ် ကာလအတွင်း ဘုရင်ကြီး ၏မွေးနေ့တွင် ရှာဖွေတွေ့ရှိခဲ့သော ကြောင့် ဘုရင်ကြီး၏ မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် ယင်းကျောက်မျက်ကို ‘အလက်ဇန္ဒရိုက်ဟု အမည်ပေး ခဲ့ခြင်းဖြစ်ပြီး မြန်မာ တို့က ‘သုံးပန်လှ’ ကျောက်ဟု ခေါ်တွင်ခြင်း ဖြစ်ပါသည်။ သုံးပန်လှကျောက်များကို ဆိုဗီယက်ပြည်ထောင်စု၊ သီရိလင်္ကာနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ အာဖရိ ကနှင့် မြန်မာနိုင်ငံ မိုး ကုတ်ရတနာမြေတို့ မှလည်း ထွက်ရှိသည်ကို တွေ့ရှိရပါသည်။ သုံးပန်လှကျောက်သည် ခရိုင်ဆိုဗယ်ရယ် (Chrysoberyl) အုပ်စုဝင်ကျောက် မျက်တစ်မျိုးဖြစ်ကာ ခရိုင် ဆိုဗယ်ရယ်ဟူသော အမည်သည် ဂရိဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်ပြီး ‘ရွှေရောင်’ ဟု အဓိပ္ပာယ်ရ၍

ခရိုင်ဆိုဗယ်ရယ်ကျောက်၏ အရောင်သည် လှပ၍ နှစ်လိုဖွယ် ကောင်းသော ရွှေဝါရောင်ရှိပါသည်။ ၎င်းကျောက်မျက်သည် ရှေးယခင်ကတည်းက လူသိများ ကျော်ကြား ခဲ့ကြောင်းကို ရောမစာရေးဆရာ ပလင်နီ (အေဒီ ၂၃-၇၉) မှ မှတ်တမ်းတင်ခဲ့ပါ သည်။

တစ်ပွင့်တည်းနှင့် နှစ်မျိုးဝတ်ရ

ထို့ကြောင့် ‘သုံးပန်လှ’ ကျောက်တစ်ပွင့်ကို ဝယ်ယူလိုက်ပါက နေ့အခါတွင် အရောင်တစ်မျိုး၊ ညအခါတွင် အရောင်တစ်မျိုးနှင့် ကျောက်တစ်ပွင့် တည်းနှင့် ကျောက်နှစ်မျိုး ဝတ်ဆင်သည်ဟုလည်း ဆိုစမှတ် ပြုကြပါသည်။ ထိုကဲ့သို့ နေ့နှင့်ညမတူ ဘဲ အရောင်ပြောင်းသွားခြင်းသည်ပင်လျှင် သုံးပန်လှကျောက်၏ လျှို့ဝှက်သော စွမ်းအင် သတ္တိနှင့် သဘာဝလွန်ကဲသော ဂမ္ဘီရအရည် အသွေးများဟုပင် ဆိုနိုင်ပါသည်။ ရှေးအခါက အိန္ဒိယကျောက်မျက် ကုန်သည်တို့သည် သုံးပန်လှ ကျောက်ကို နေရောင်ခြည်ထဲတွင် တစ် လှည့်၊ မီးခြစ်ဖြင့်တစ်လှည့် ခြစ်ကြည့်ကာ အစိမ်းရောင်မှ အနီရောင်သို့ ပြောင်းသွားပုံကိုကြည့်၍ သဘာကျ အံ့သြခဲ့ကြပြီး ပညာရှိသတိဖြစ်ခဲသော ကျောက် မျက်ကုန်သည်တို့၏ အဆောင်ကျောက်ဟုလည်း ဆိုနိုင်ပါသည်။ ထို့အပြင် သုံးပန်လှကျောက်သည် ရုရှားတော်ဝင်မိသားစုတို့အကြား မြတ်မြတ်နိုးနိုး တန်ဖိုးထား ဝတ်ဆင်ခဲ့သော တော်ဝင်နန်းထိုက် ရတနာတစ်ပါး ဖြစ်ခဲ့ပြီး ရုရှားကျောက်မျက် ဈေးကွက်ထဲတွင် ပထမဦးစွာနေရာယူခဲ့သော ကျောက်မျက်လည်း ဖြစ်ပါသည်။

အနောက်တိုင်း ဗေဒင်ပညာတွင်လည်း ဇွန်လဖွားနှင့် ဇူလိုင်လဖွားတို့က သုံးပန်လှကျောက်ကို အဆောင်ကျောက်အဖြစ် ဝတ်ဆင်ကြသည်ဟု ဆိုပါသည်။ ၎င်းအပြင် သုံးပန်လှကျောက်သည် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ပြန်လည်ဖြည့်ဆည်းပေးနိုင် ခြင်း၊ ကိုယ်ခံအားကို တိုးတက်စေခြင်း၊ ပျော်ရွှင် ချမ်းမြေ့စေခြင်းနှင့် သဘာဝ တရားကြီးနှင့် အပြန် အလှန် ဆက်သွယ်မှုရရှိစေရန်အတွက် အကူအညီပေးခြင်း၊ ခန္ဓာကိုယ်နှင့် စိတ်ခံစားမှုအပိုင်း စိတ်လှုပ်ရှားမှုများကို ညီညွတ်မျှတအောင် ထိန်း သိမ်း စောင့်ရှောက် ဖန်တီးပေးနိုင်ခြင်းတို့ကို ပေးစွမ်း နိုင်သည်ဟု ဆိုပါသည်။

တွင်းထွက်ဗေဒနှင့် ဓာတုဖွဲ့စည်းပုံ

သုံးပန်လှကျောက်၏ မူရင်းအုပ်စုဖြစ်သော ‘ခရိုင်ဆိုဗယ်ရယ်’ တွင်းထွက်သည် ‘မှန်ကူစနစ် (Rhombic System) တွင် ပုံဆောင်ပါသည်။ သဘာဝတွင် ‘ခရိုင်ဆိုဗယ်ရယ်’ ပုံဆောင်ခဲများကို ‘အမြွှာပူးပုံဆောင်ခဲ’ (Twin Crystal) များနှင့် ‘ပေါင်းစပ်ပုံဆောင်ခဲ’ (Combination Form) များအနေနှင့်သာ အတွေ့ရများပါသည်။ ခရိုင် ဆိုဗယ် ရယ်ကျောက်၏ ဓာတုဖွဲ့စည်းပုံသည် ဗယ်ရီလီယယ်၊ အလူမီနီယမ်အောက်ဆိုဒ် (Beryllium Aluminium Oxide) ဖြစ်ပြီး အလူမီနီယမ် (၈ဝ.၂) ရာခိုင်နှုန်းနှင့် ဗယ်ရီ လီယမ် (၁၉.၈) ရာခိုင်နှုန်း ပါဝင်သည်။ ခရိုင် ဆိုဗယ်ရယ်ကို သဘာဝတွင် သန့်စင်သော အခြေ အနေဖြင့် မတွေ့ရပေ။ အများအားဖြင့် သံဓာတ် အနည်းငယ်ပါဝင်နေပြီး အလူမီနီယမ်ဒြပ်စင် အနည်းငယ်အစား ဖဲရစ်သံဒြပ်စင်နှင့် ခရိုမီယမ် ဒြပ်စင်တို့ ပါဝင်နေတတ်ပြီး ဗယ်ရီလီယမ်ဒြပ်စင် အစား ဖဲရစ်သံဒြပ်စင် ပါဝင်နေကြောင်း တွေ့ရ တတ်ပါသည်။ တစ်ခါတစ်ရံတွင် တိုင်တေနီယမ် ဒြပ်စင်များလည်း ပါဝင်နေတတ်ပါသည်။

ခရိုင်ဆိုဗယ်ရယ်သည် ယင်း၏ အခြေခံဓာတ် ဖွဲ့စည်းမှုတွင် သံ၊ ခရိုမီယမ်နှင့် ဗနေဒီယမ်စသည့် ဒြပ်စင်များ ရောနှောပါဝင်နေမှုကြောင့် အရောင် အမျိုးမျိုးရှိပါသည်။ အများ အားဖြင့် အစိမ်းရောင် သန်းသောအဝါနှင့် အညိုရောင်များ ဖြစ်တတ်ပါ သည်။ သုံးပန်လှကျောက်၏ အရောင်ပြောင်းခြင်း ဂုဏ်သတ္တိသည် ခရိုမီယမ်နှင့် ဗနေဒီယမ်ဒြပ်စင် တို့ ပါဝင်နေမှုကြောင့်ဖြစ်သော အရောင်များ ဖြစ်ပါသည်။ ထို့ကြောင့် ယင်းတို့၏ ထူးခြားသော အလင်းဂုဏ်သတ္တိနှင့် ရှားပါးမှုတို့ကြောင့် တန်ဖိုး ကြီး မားသော ကျော က်မျက်ရတနာများ ဖြစ်လာ ရပါသည်။

ခရိုင်ဆိုဗယ်ရယ်ကျောက်သည် တတိယ အမာဆုံး သဘာဝတွင်းထွက်ဖြစ်၍ ‘မိုး’ ၏ မာဆင့်စကေး (Mohr’s Hardness Scale) အရ ၈.၅ ရှိပါသည်။ ခရိုင်ဆိုဗယ်ရယ် တွင်းထွက်တွင် ‘ကွဲအင်’ (Cleavage) သုံးစုံရှိပြီး ယင်းတို့ကို ထင်ရှားစွာမမြင်ရသော်လည်း ‘ခရုပတ်အက်ရာ’ ကိုမူ ထင်ရှားစွာ တွေ့မြင်ရပါသည်။ ‘ရောင်လက်’ (Lust re) မှာ ‘ဖန်ရောင်လက်’ (Vitreous Lustre) ဖြစ်ပြီး သဘာဝတွင်အလင်းပေါက် (Transparent) ၊ အလင်းမှုန် (Translucent)  နှင့် အလင်းပိတ် (Opague) သုံးမျိုး စလုံးကို တွေ့ရှိနိုင်ပါသည်။ ခရိုင်ဆိုဗယ်ရယ် တွင်းထွက်၏သိပ်သည်းဆမှာ (၃.၇၁) မှ (၃.၇၂) ကြားတွင် အမြဲရှိတတ်ပြီး အလင်းယိုင်ညွှန်းကိန်းမှာလည်း အလင်း ဝင်ရိုးများအပေါ် မူတည်၍ (၁.၇၄၄) မှ (၁.၇၇ဝ) အထိရှိပြီးထွက်ရှိရာဒေသနှင့် ကျောက်၏အရောင်ပေါ်မူတည်၍ အနည်းငယ်ကွဲပြားမှုရှိနိုင်ပါသည်။ ထို့အပြင် ခရိုင်ဆို ဗယ်ရယ် တွင်းထွက်တွင် အပ်ချောင်းပုံအောင်းဝင် (Inclusion) များ၊ အမျှင်နှင့် ငှက်မွေးပုံအောင်း ဝင်များအပြင် အရည်ဖြင့်ပြည့်နေသော အပေါက်ကလေးများနှင့် အရည် ထဲတွင် လေပူဖောင်းလေးများကိုပါ တွေ့ရှိရတတ်ပါသည်။

သုံးပန်လှ၏ မျိုးကွဲကျောက်

သုံးပန်လှကျောက်၏ နောက်ထပ်မျိုးကွဲ ကျောက်တစ်မျိုးမှာ ‘သီလဂုတ်ကြောင်ကျောက်’ (Cat’s eye) ဖြစ်ပြီး ဒုတိယတန်ဖိုးအမြင့်ဆုံးခရိုင်ဆိုဗယ်ရယ်တွင်းထွက်ဖြစ်ကာ အဝါရောင်သန်းသော ခပ်စိမ်းစိမ်းအရောင်နှင့် အညိုရောင်သန်းသော အဝါရောင်ရှိသည့် ကျောက်မျက်တစ်မျိုးဖြစ်ပါသည်။ တော်ဝင်နန်းထိုက် မြန်မာ့ရိုးရာအစဉ်အလာ နဝ ရတ်ကိုးပါးတွင် ထည့်သွင်းအသုံးပြုသော ‘ကြောင်ကျောက်သည်’ ‘သီလဂုတ်’ အမျိုးအစား ‘ကြောင်ကျောက်’ ဖြစ်မှသာလျှင် နဝရတ်ကိုးပါး၏ စာဆိုနှင့်အညီ ‘သိဒ္ဓိ ဝင်သော ကြောင်ကျောက်’ ဖြစ်ပြီး မြန်မာတို့က ‘သီလဂုတ် ကြောင်၊ ပြည်ပုပ်ရောင်’ ဟုပင် ‘သီလဂုတ် ကြောင်ကျောက်’ ၏ သဒ္ဓိဝင်အရောင်ကို ‘စာချိုး’ ထားရှိခဲ့ပေ သည်။ (အခြားသော ‘ကြောင်ကျောက်’ အမျိုးအစား အမျိုးမျိုးရှိသော်လည်း နဝရတ်ကိုးပါးတွင် ထည့်သွင်းအသုံးပြုပါက စာဆိုနှင့်မညီတော့ဘဲ သဒ္ဓိဝင် ‘ကြောင်ကျောက်’ လည်း မဖြစ်တော့ ပါ)

‘ကြောင်ကျောက်’ ဟု ခေါ်ဆိုရခြင်းမှာ ယင်းကျောက်ကို လုံးချောသွေးပြီး အလင်းရောင် အောက်တွင် ကြည့်သောအခါ (သို့) လုံးချော ကျောက်၏ အပေါ်ဘက် မျက်နှာပြင် တည့် တည့် မှ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သောအခါ ခုံးနေသော ကျောက်၏ မျက်နှာပြင်ပေါ်တွင် အဖြူရောင်အလင်းတန်း အစင်းကြောင်းတစ်ခုကို မြင် ရပြီး ကြောင်မျက်လုံးနှင့် ဆင်တူသဖြင့် ကြောင်မျက်လုံး (သို့) ကြောင်ကျောက်ဟု ခေါ် ဝေါ်ခြင်းဖြစ်ပါသည်။ ကြောင်ကျောက်သည်လည်း သုံးပန်လှကျောက်ကဲ့သို့ပင် ဂမ္ဘီရ အစွမ်း သတ္တိများ ကိန်းအောင်းနေသည်ဟု ယုံကြည်ကြပြီး ရှေးခေတ် အာဆီရီးယန်းလူမျိုးတို့သည် သူတို့၏ နတ်ဘုရား ရုပ်တုများတွင် ကြောင်ကျောက်မျိုးစုံ ကို အသုံးပြု ခဲ့ကြပြီး သမိုင်းတစ်လျှောက် လူအမျိုး မျိုးတို့က ကြောင်ကျောက်တွင် စုန်း၊ ကဝေများကို ညှို့ယူဖမ်းစားပြီး ခြောက်လှန့်နိုင်သည့် အစွမ်းသတ္တိများ ကိန်းအောင်နေ သည်ဟု ယုံကြည်ကြပါသည်။

အိန္ဒိယနိုင်ငံတွင်လည်း ကြောင်ကျောက်သည် ချမ်းသာခြင်းများကို ဆောင်ကြဉ်းလာသူအဖြစ် အလွန်တန်ဖိုးထားပြီး ငွေကြေးဓနများ ဆုံးရှုံးပျက်စီးသွားခြင်းမှ အကာ အ ကွယ်ပေးသော ကျောက်အဖြစ် ဆောင်လေ့ရှိကြပါသည်။ ကြောင်ကျောက်သည် ဟာသဥာဏ်ကို ရွှင်စေရုံမက အာရှတိုက်တွင် အထူးသဖြင့် အိန္ဒိယနိုင် ငံ၌ ကြောင်ေ ကျာက်သည် ကလေးမွေးဖွားရခက်သူများအတွက် လွယ်လွယ်ကူကူနှင့်လျင်လျင်မြန်မြန် မွေးဖွားစေနိုင်သည်ဟု ယုံကြည်ကြပြီး ကြောင်ကျောက် ကို မိခင်လောင်းများ၏ ဆံပင်တွင် ချည်နှောင်ထားလေ့ရှိသည်ဟု ဆိုပါသည်။ ချောင်းခြောက် တဟွပ်ဟွပ်ဆိုးနေသော ကလေး များ၏ လည်ပင်းတွင် လည်း ကြောင်ကျောက် ကို ဆွဲပေး ထားခြင်းဖြင့် သလိပ်ပျော်၍ ချောင်းဆိုးခြင်းကို သက်သာစေသည်ဟု ဆိုပါသည်။ ကြောင်ကျောက်သည် ကလေးများအား မကောင်းမှု ဒုစရိုက်များမှ အကာအ ကွယ်ေ ပးပြီးကြောင် ကျောက်ကို မီးရှို့ပြာချပြီး အမှုန့်ထောင်း၍ တိုက်ကျွေးပါက နှာရည်ယိုခြင်း၊ မျက်ရည်ယိုခြင်းတို့ကို ကုသနိုင်သလို ‘သွား’ များကို ယင်းအမှုန့်များဖြင့် တိုက်ပေး ပါကလည်း သန့်ရှင်းစင်ကြယ်စေပြီး ‘သွား’ များကို ခိုင်မာစေသည်ဟု ဆိုပါသည်။ အနာဟောင်း၊ အနာဆွေးများကိုလည်း ယင်းအမှုန့်ဖြင့် သိပ်ပေးခြင်းအားဖြင့် အသားနု တက်ကာ အနာများကို ပျောက်ကင်းစေသည်ဟု ပြောပါသည်။

သိန်းပိုင် (M,Engg.Geol)

တောင်သမန်အလွမ်း

$
0
0

တောင်သမန်အလွမ်းနဲ့
မယ်ဇယ်ပင်တန်းမှာ
ရင်ခုန်သံတွေလွှမ်း
အချစ်ဇာတ်လမ်းစခဲ့တယ်
မယ်ဇယ်ပင်တန်းလျားခုံမှာ
နှစ်ဦးသားဆုံခဲ့ပေမဲ့
ရင်မခုန်ဖြစ်ခဲ့ကြ
ချစ်သူနဲ့ ကျွန်တော်
ဦးပိန်တံတားပေါ်မှာ
ရင်ခုန်ဖော်ရင်ခုန်ဘက်အဖြစ်
သစ္စာဆိုကတိထားရစ်
လမ်းအတူလျှောက်ဖြစ်ခဲ့တယ်။

မဖောက်မေတ္တာ
နှစ်ယောက်အချစ်ဟာ
သစ္စာနွယ်တစ်ပင်လို
သံယောဇဉ်က
တွယ်ငင်ငြိဇာတ်လမ်း
မယ်ဇယ်ပင်တန်းမှာ
တောင်သမန်အလွမ်းနဲ့
ရင်ခုန်သံတွေလွှမ်းခဲ့တယ်။

ကျော်လွင်ဦး(ပျဉ်းမနား)

ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာ

$
0
0

မြစ်တွေလို တောင်တန်းတွေ ကွေ့ကောက်စီးဆင်းကြ
ရပ်တန့်ခြင်းက ငါတို့ အာရုံများသာ။
ငှက်တွေလို တိမ်တို့ပျံဝဲ တွန်ကျုးကြ
အတောင်ညောင်းသွားတဲ့ ဘဝတွေကတော့
လေထုထဲလည်၊ ခြေရာမထင်
လွင်ပြင်ထဲလည်း မပျံဝဲ ဝမ်းခေါင်းထဲမှာလည်း သံစဉ်မဲ့
အရာရာတို့သာ အကြောင်းကြောင်းနဲ့ မဲ့ပြီးရင်း မဲ့ခဲ့ကြ။
‘လ’ဖျားနေတဲ့ညကလို
ပိုးစုန်းကြူးအဖြစ်တောင် မတောက်ပခဲ့သမျှ
ဥာဏ်မျက်စိများလည်း စုံလုံးကန်းကြပေါ့။
ငါကဗျာမရေးဖြစ်တာကြာပါပြီ
ဘဝ သင်ရိုးကလည်း ခဏ ခဏ ပြောင်းနေတာကိုး။    ။

ကိုစိမ်း

ရိုးတံရဲ့အက

$
0
0

ပင်လယ်ယောင် ဆောင်ထားတဲ့မြစ်က
ခေတ်တစ်ခုလုံးကို သူ့ရင်ဘတ်မှာ တပ်ဆင်ထား
တခစ်ခစ်ရယ်လို့
သင်္ကေတမရှိတဲ့ မြို့မှာ လူမပါတဲ့ ပြဇာတ်နဲ့
သူ့ရဲ့ အနာဂတ်သီချင်းကို၊ မြစ်တစ်စင်းလို တည့်တည့်တိုး
ဘယ်မိုးရေနဲ့မှ မစိုးဖူးတဲ့ငါလေ
ကမ်းခြေမရှိတဲ့ ဆိပ်ကမ်းမှာ အလွမ်းတွေတစ်ညအိပ်ခဲ့
သက်တန့်လို အရောင်စပ်နေတဲ့ မတ်တတ်ရပ်စိတ်ကူးရေ
ငါ့တိမ်တွေ အိမ်နဲ့ ဝေးခဲ့ရ
ကျူပင် ကျူငုတ်လို ခုတ်ထွင်ထားတဲ့ ခက်ရာခက်ဆစ် ခက်ဆစ်များ
လရောင်လမ်းဆိုတာ ပန်းလိုမှမပွင့်ဘဲ
အစဉ်သဖြင့်ဆိုတာ ဘာလဲ။
အထပ်လိုက် ကွာကျနေတဲ့ ဘဝရဲ့ ဝတ်ရုံတွေကို
ယုန်လိုခုန်ခုန်ပြီး ယုံလိုက်ချင်ရဲ့
စက္ကူနဲ့ လုပ်ထားတဲ့ စက်ရုပ်လို
ခလုတ်မှားပြီးနှိပ်ခဲ့ပေါ့။

ကိုခင်ဝင်း(ဟင်္သာတ)

သမိုင်းတစ်ခု အိပ်မက်တစ်စ ဂစ်တာသံတွေ လျှံတဲ့ည

$
0
0

ဆောင်းရဲ့ လက်ကျန် အေးမြမြ အငွေ့ အသက်က ညနေခင်းကို တိုးဝင် မလာနိုင်ခဲ့။ မိုင်ဒါကွင်း ထဲက ညနေခင်း တစ်ခုမှာ လူတွေ ခြေချင်း လိမ်ယှက်နေကြ။ ဂီတကို ချစ်တဲ့ လူတွေ အမှန်က ဂစ်တာကို ချစ်မြတ်နိုးတဲ့ လူတွေ။ အကြီးစား stage တစ်ခုနဲ့ small stage တစ်ခု ကြား ခပ်မြင့်မြင့် သွယ်တန်း ထားတဲ့ ကြိုးတန်း တစ်ခု မှာ Jonathan Dzai ရဲ့ လက်ရာ ဂစ်တာသမားတွေ ရဲ့ ရုပ်ပုံ ပိုစတာတွေ က လှုပ်လှုပ်ခါခါ။ ဒါ ငါတို့ ကြိုက်တဲ့ မြန်မာပြည်က ဂစ်တာသမားတွေ။  ပြင်းပြင်း ရှရှ ထွက်ပေါ်နေ တဲ့ ဂစ်တာသံတွေ ဆီ ခြေလှမ်းတွေ တရွေ့ရွေ့ တိုးဝင် ချဉ်းကပ်လိုက်ကြ။ small stage ဆီမှာ ဂစ်တာသမား ကြည်သာဟိန်း တီးခတ်နေ။

”ဒီဘဲက တော်တော်ကောင်းတဲ့ လက်၊ ဘာလို့ ဒီမှာ လာတီးနေတာလဲ၊ ကျွတ် . . . ဟို stage မှာ တက်ဖြဲရမှာ”

လူတစ်ယောက်ဆီက မချိတင်ကဲ အန်ကျ လာတဲ့အသံ တစ်စက ဖုန် အလိမ်းလိမ်းပေကျံ နစ်မြုပ်သွားခဲ့။

music band  4 band၊ stage  အနိမ့်အမြင့် ခွဲခြားခြင်း မရှိဘဲ ကိုယ်ယုံကြည်ရာ ဂီတနဲ့ solo ဂစ်တာ လက်စွမ်းပြသူ ဂစ်တာ သမားနှစ်ဦး။ big stage နောက်ဘက် မှာတော့ မြန်မာပြည်က ဂစ်တာသမားတွေ… ဂစ်တာ ကိုယ်စီလွယ်လို့ ရုံးစုရုံးစု၊ တချို့က ဓာတ်ပုံ အရိုက်ခံ၊ တချို့က အမေး အမြန်းခံ။ တချို့က အချင်းချင်း ဂုဏ်ယူ လက် ဆွဲနှုတ်ဆက်လိုက်ကြ။

နာရီမိနစ် လက်တံ တိုရှည်နှစ်ခုလုံး တစ်ထပ် တည်း ဇောက်ထိုး စိုက်ကျချိန်မှာ small stage လေးဆီက ဂစ်တာ လက်စွမ်းပြသံတွေ ရပ်တန့် သွားခဲ့။ သကြားလုံးလေး တစ်လုံး ကို စုပြုံ အုံခဲနေတဲ့ ပုရွက်ဆိတ်တွေ ဒိန်ခဲတုံးကြီး ဆီ ရွေ့လျားချီတက် လာကြ။  big stage ပေါ်မှာ  လူတချို့ sound check . . . လုပ်။

”အဆိုမပါဘဲ အတီးတွေ ချည်းပဲ ဖြစ်ပါ့ မလား၊ ပရိသတ်က အားပေးပါ့မလား” music နဲ့ အလှမ်းဝေးပုံရပြီး ဂစ်တာ သူရဲကောင်းတွေရဲ့ ဖန်တီးနိုင်စွမ်းအား အပေါ် အယုံ အကြည် နည်းသူ လူပြိန်း တစ်ယောက်ရဲ့ အသံ။

”မင်းပြန်လိုက်တော့၊ အခုပဲ လှည့်ပြန်လိုက် တော့” သူရဲကောင်းတွေရဲ့ ဂစ်တာသံကို မီးကုန် ယမ်းကုန် အားပေး နားထောင်ဖို့ နှလုံးသား အသင့် ဖြစ်နေသူ လူငယ် တစ်ယောက် ရဲ့ စိတ်ပျက် လက်ပျက် တုံ့ပြန်သံ။ မျက်စိသူငယ် နားသူငယ် လူပြိန်းလေးကို အားမနာပါးမနာ ဝိုင်းရယ်ချ လိုက်တဲ့ ရယ်သံတွေ မို့လျှံပေါ်ထွက်လာ။

ပထမဆုံး တက်လာတဲ့ ဂစ်တာ သူရဲကောင်း နိုင်ဇော်၊ ပထမဆုံး ထုဆစ်ဖောက်ခွဲ လိုက်တဲ့ နိုင်ငံတော်သီချင်း တေးသွား နဲ့အတူ လိုက်လံ ဟစ်အော် သီဆိုသံ တချို့၊ ”ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ. . .”။ ဂစ်တာသံ ထက် ပရိသတ်ရဲ့ သီဆိုသံက စူးရှကျယ် လောင်ထွက်ပေါ်နေခဲ့။ ကိုယ့်ဂစ်တာ ကိုယ် ထမ်းပိုး ကာ stage ပေါ် တက်လာကြတဲ့ ဂစ်တာသမားတွေ၊ တစ်ယောက်ပြီး တစ်ယောက်၊ အရောင်စုံ၊ အသွေးစုံ၊ လက်စုံ၊ ဟန်စုံ၊ ဂစ်တာစုံ၊ အသံစုံ…မြန်မာပြည် မှာပြုလုပ်တဲ့ ပထမဆုံး Guitar Instrumental Show ခမ်းနားဝင့်ထည်မှု ဂုဏ်ရှိန် ပါဝါအောက်မှာ တီးခတ်သူ၊ နားထောင် သူ ရင်ခုန်သံချင်း စည်းချက် ကျနကာ ဝတ်မှုန် ကူးလိုက် ကြ။ ကိုယ်ပိုင် တံဆိပ် အမှတ်အသား ကိုင်စွဲကာ တက်လာကြ၊ အပြည်ပြည် ဆိုင်ရာ တံဆိပ် အမှတ်အသား ကိုင်စွဲကာ တက်လာကြ။ တစ်ယောက်က Rock၊ တစ်ယောက် က Blue၊ တစ်ဦးက Jazz . . အားလုံး မတူကွဲပြားစွာ ပေါင်းစည်း လိုက်ကြ။ Unity in Diversity အနှစ်သာရကို တီးခတ်သူ နားထောင်သူ အားလုံး မိုးကောင်းကင်အောက်မှာ အတူတကွ တူးဆွ ဖော်ဆောင်လိုက်ကြ။ ချစ်စမ်းမောင်၊ ဇော်မျိုးထွဋ်၊ ဒဲရစ်မေလာ၊ ညီညီ (Phase II) ၊  Boy ၊ တိုးတိုး (Heaven Born)၊ အောင်သူ၊ ၊ ပက်ထရစ်၊ ဇော်မင်းသိမ်း၊ ဆန်းဝင်းအောင် (Dream Lover) Blesses ၊ Sun Ny ၊ ဇော်လတ်၊ ကျော်ကျော်၊ အောင်အောင်(Warrior)၊  ဝင်းမော်၊ ရန်နိုင်နဲ့ ကိုစိုင်း၊ အီတိုး၊ ဝီလီ၊ ရွှေထွဋ်၊ လွှမ်းကျော်၊ Outsider ၊ Never Say Die နဲ့အတူ ရှားရှား ပါးပါး အမျိုးသမီး ဂစ်တာ သူရဲကောင်းမလေး နုနုစိန်။ မိုးသား နက်နက်၊ သန်းကောင်ယံ ညနက် နက်မှာ ဂစ်တာသမား အားလုံး ပေါင်းစုကာ Jamming အဖြစ် စိတ်ရောကိုယ်ပါ ဖောက်ခွဲ ပစ်လိုက်ကြ။ ထုံးစံ အတိုင်း show တစ်ခုရဲ့ နောက်ကွယ်မှာ အသံဗလံတွေက ပေါက်ကွဲ လွင့်စဉ် လျှံကျလာခဲ့။ အင်တာနက် ကွန်ရက် facebook စာမျက်နှာ၊ ဂီတ အညွှန်းရဲ့ နံရံပေါ်က post တစ်ခု၊ ‘ဂစ်တာ ဆရာတွေ ဝုန်းတဲ့ည’ ရဲ့ အောက် ခြေက comment တွေမှာ echo သံတွေ စီညံလာတဲ့အခါ စီစဉ်သူကြီးမှာ မနေနိုင်တော့ဘဲ သဘောထား အမှန်ကို တုံ့လှယ် ပက်ဖြန်း ခဲ့ရပြီ။

Hi Everybody .I am Ghin Gar who arrange the Guitarist show .I am very welcome about all of your comment .

Thanks for the advice .This is the first show in Myanmar and we do our best .I know this is not perfect show but this is become great show.We face so many challenge for that show We set up 3 Drums set at stage .

1st Drum set use 14 track .Second one use 8 Track .Third Drum set use 7 Track .So Total 29 Track use only for drum .Normal show only 8 Track for drum .more than 3 show .For Guitar use 7 set of Guitar Amp .and 4 DI Line .So Guitar line use 11 Line .Some Guitarist Use backing Music .Some use their own Head Phone . Total 48 Track Mixer not enough line .So we are change in and out line for every guitarist at the show time .Total 25 Guitarist and one guitarist come, change 4 people set up(DRUM , GUITAR, BASS, KEYBOARD). So total 100 people performance at stage .This is equal to 3 time size of very big show .

Preparing the show 4 night 4 day we are working very heard.Our Audio and Lighting Crew are One night only 2 to 3 hour sleep . After show 2 person sick until now .So tired .Other country never do like so many band together on one stage .Minimum 2 Stage they ready – But Myanmar how we can do .If we wait until that perfect time , we don’t know next how many year become that kind of show. Our big Stage only ready on 26th 1 pm. For new generation stage not start yet .So some friend advice me to say sorry to new guitarist to cannot play.

If I do, not much problem Because only 6 People register.But I say no I will set up for stage for New Guitarist. We must take care them .We are hope new guitar player can come out at show .We must give place for them .We set up good system for them .All speaker are USA made and DRUM is same as Main Stage. We do our best .I am staying at new player stage when they play .Because I like to see and I am not forget them. We are not get any Sponsor for this show but I spent my own cash to make the show become Great Show . I never change any plan because of budget .Yes some guitarist is no name but play. They tell me if we are not play at that show when is next show I can play?

So what should I do .I try my best already and please understand any false at show .I will Try better the next year .

This is my dream since from very young age .This show is for people of Myanmar and Now we can say to world we have G 25 Show .This is only I need and make me complete .(Ghin Gar, 29 January at 23:22)

ဘာပဲဖြစ်စေ စီစဉ်သူက ရူးရူးမိုက်မိုက် စီစဉ် ခဲ့ပြီ။ တီးခတ်သူတွေ က စူးစူးစိုက်စိုက် တီးခတ် ခဲ့ကြပြီ။ နားထောင်သူတွေ လည်း ငတ်ငတ် မွတ်မွတ် နားထောင်ခဲ့ ကြ ပြီ။ နောက်ထပ် နှိုင်းယှဉ်စရာ Guitar Instrumental Show အသစ်တစ်ခု မြန်မာပြည်မှာ နောက်တစ်ကြိမ် ထွက်ပေါ်မလာ မချင်း ဒါသည် အကောင်းဆုံး ဖြစ်သည်လို့ ကျွန်ုပ်တို့ အားလုံး ပြတ်သားစွာ ယုံကြည် တတ်ဖို့ လိုသေးသည်။

Zig Zag

ရဟန်းနှင့် ရတီ

$
0
0

”ငါ့ရှင် အာနန္ဒာ… သင်သည် မာတုဂါမတို့ ကို မြတ်စွာဘုရား၏ ကိုယ်တော်ကို ရှေးဦးစွာ ရှိခိုးစေ၏။ ငိုသော ထိုမာတုဂါမ တို့၏ မျက်ရည် သည် မြတ်စွာ ဘုရား၏ ကိုယ်တော်ကို လိမ်းကျံ၏။ ဤသည်လည်း သင်၏ မကောင်းသော အပြုအမူ တည်း။ ထိုမကောင်းသော အပြုအမူကို ဒေသနာ ကြားလော့..။”

(စူဠဝဂ္ဂပါဠိတော်)

(၁) နိုင်ငံရပ်ခြား တိုင်းတစ်ပါး ဟူသော ပင်လယ်တွင် နှစ်အတန်ကြာ ရွက်လွှင့်နေမိရာမှ ရွှေပြည်ကြီး၏ မုဒိတာ ဆိပ်ကမ်းများဆီ ပြန်လည် ဆိုက်ကပ် ချိန် ခေတ်မီ ပရိယတ္တိ ပညာရေး စီမံကိန်း နှင့် ဓမ္မအသိဖြန့်ဝေရေး လုပ်ငန်းစဉ်များ အတွက် ဓမ္မဂင်္ဂါ ဗုဒ္ဓဘာသာ ပါဠိကောလိပ် ပရောဂျက်ကို အစပျိုးခဲ့လေသည်။ အမှန် တကယ်တော့ သူက ပညာရေး စဦးတည်ထွင်သူ၊ ကောလိပ်ပရောဂျက် ဖော်ဆောင်သူ စသော ဂုဏ်ပုဒ် များထက် အသင့် ရှိပြီးစာသင်ခန်း များတွင် သာ အေးအေး လူလူ ဖြတ်သန်းချင်ခဲ့ မိသည်။ သို့သော် အသင့်ရှိနေပြီး သော စာသင်ခန်း အဟောင်းများက ပညာရေး အိုင်ဒီယိုလော်ဂျီ အသစ်တစ်ခုကို မိတ်ဆက်ပေးရန် အသင့်ဖြစ် မနေခဲ့ကြပြန်ပါ။ သို့နှင့် စိတ်မပါလှသော ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ သင်္ကန်း တလွှားလွှားဖြင့် ဖြတ်သွား ကူးသန်း စိတ်အလန်း ဇယား မကျနိုင်အောင် ဖြစ်နေခဲ့ ရသည်။ မိတ်ဆွေ ဆရာဝန် တစ်ယောက်ကတော့ ”အရှင် ဘုရားအနေ နဲ့ ပညာရေး အဝန်းအဝိုင်း ထဲမှာ ပူပူနွေးနွေး ထမ်းပိုးလာတဲ့ အတွေးတွေကို ချပြရမှာ ဘုရား။ ခုတော့ အုတ်သဲ ကျောက်တွေထဲမှာ အရှင်ဘုရားရဲ့ အတွေးတွေ မှိုတက် ရေစိုကုန်တော့မှာပဲ” တဲ့။ စာသင်ခန်း ပျောက်နေသော ပရိယတ္တိ ဝန်ဆောင် ရဟန်း တစ်ပါး ၏ နေ့ရက် များကို ကုစားရန် ကမ္ဘာအေးဘုရားလမ်းပေါ် က ကျောင်းထိုင် လောင်းလျာလေး များအတွက် ဖွင့်လှစ်ထားသော သင်တန်းကျောင်း တံခါးထဲ စွတ်ဝင်သွား ခဲ့သည်။ သင်တန်းသား ရဟန်းတော်များအား ဒုတိယ ဘာသာစကား တစ်ခု သင်ကြားပေးရန် ကမ်းလှမ်း ခြင်းခံခဲ့ရသည်။ ကိုယ့်လမ်း စရိတ် ကိုယ်စိုက်ထုတ် ကာ ပညာရေး ကို ဒါနပြုခွင့်ရသော အနစ်နာခံခြင်း မျိုးဖြင့် ဆရာတစ်ပါး ဖြစ်ရခြင်း ပီတိကို ပျော်ရွှင်စွာ စားသုံးနိုင်ခဲ့သည်။ လက်ခံ ရရှိသော ပညာပူဇော် ကြေးက စာသင်ချိန် ဆယ်ရက် ထက်မကပိုသော သူ့အတွက် အငှား ယာဉ်စီးခနှစ်ရက် စာမျှကိုပင် မကာမိ။ သို့သော် သူ့စာသင်ချိန် များကို မျှော်နေ ပါသည် ဟူသော သာဝက များ၏ စကားဖြင့် ပင် အပျော်လှိုင်း မိနေတော့သည်။ အရှိန်ပြင်း လှသော နည်းပညာ ယုဂခေတ်နှင့် ရာစုသစ်ကြီးကို တွန်း တွန်းတိုက်တိုက် မျက်နှာချင်းဆိုင်နေ ရသော ရဟန်း တစ်ပါး အနေဖြင့် သမာဓိ ကျဲပါးလှသော နေ့ရက်တို့ကို ကျော်လွှားရန် စာအုပ်များ၊ သို့မဟုတ် အွန်လိုင်း စာမျက်နှာများပေါ် တွင် စိတ် ကို သတိကျောပိုး အိတ်ဖြင့် ကျောင်းတက်စေခဲ့ သည်။ ၂ဝ၁၃ သြဂုတ်လ မှစ၍ ရတီမဂ္ဂဇင်း၏ စာမျက်နှာ (၁၇) တွင် သူ့အတွေးများ ဝါဆိုခွင့် ရသွားခဲ့ခြင်း ကလည်း အမှတ် တရဖြစ် ထိုက်၏။ ရတီသည် သူ့အတွေးများ ၏ ဝါဆိုကျောင်း တစ်ခု ဖြစ်လာခဲ့ပါသည်။

(၂) ရတီ ဟူသော ဝေါဟာရနှင့် ပတ်သက်၍ သူသိထားနှင့်သော အဓိပ္ပာယ် အမျိုးမျိုးထဲမှ မည် သည့် ဖွင့်ဆိုချက်ပါလိမ့်ဟု အယ်ဒီတာ ဒကာမလေး ကို မေးမိသည်။ စိန် ကို တန်ဖိုး ချင့်တွက်သော စံယူနစ် အဖြစ် ဖွင့်ဆိုလိုပါသတဲ့။ ခရီး အကွာအဝေး ကို မိုင်ယူဇနာဖြင့် တွက်ရသလို စိန်တန်ဖိုး ကိုလည်း ရတီဖြင့် ဖြတ်ရခြင်း မျိုးဖြစ်ပေမည်။ သို့သော် သူက ဗဟိဒ္ဓရတနာများနှင့် အလှမ်းဝေး လှသဖြင့် အတွေးအမြင် မရှင်းလှ။ စိန်ကဲထက် စိတ်အကဲ သိဖို့သာ သင်ယူခဲ့သည် မဟုတ်လား။ လောကီ ကျမ်းဂန်၊ အဘိဓာန်နှင့် ပိဋကတ် အဆူဆူမှာတော့ ရတီက မွေ့လျော်ပျော်ပိုက်ခြင်း အဓိပ္ပာယ် ရှိသည့် ရတီဟူသော စကားလုံး ကို အခြေခံသည်။ ရတီ နှင့် ပတ်သက်သော ဖွင့်ဆိုချက် စာမျက်နှာများကို တမေ့ တမောဖတ်ရ၏။ ဓမ္မအရေးတွင် သမထ ဝိပဿနာနှင့် ယှဉ်သော ပီတိသုခ၊ ဈာန်သမာပတ် ချမ်းသာတွင် မွေ့လျော်ခြင်းနှင့် ရဟန်း တစ်ပါး၏ သာသနာတော်၌ ပျော်ပိုက်မှု စိတ်အပျော့ထည် စသော အဓိပ္ပာယ်များကို ကောက်ယူနိုင်သည်။ လောကအရေး မှာတော့ ရတီက လွတ်လပ်ကျယ် ပြောသည်။ (၁) ဒက္ခပဇာပတိ နတ်မင်းကြီး၏ သမီးတော်၊ ကာမဒေဝနတ်မင်း၏ ကြင်ရာရတိ မည်သော နတ်သမီး၊

(၂) စွဲလမ်းတပ်မက်မှုအချစ်၊

(၃) ကာမဂုဏ်ခံစားခြင်း၊

(၄) အလှတရား

(၅) လျှို့ဝှက်ခြင်း

(၆) နှစ်သက်ရွှင်လန်းခြင်းနှင့်

(၇) ရတိဌာယီဘာဝ အလင်္ကာစသော အနက်များစွာကို ပေးသည်။ ထိုရတိ (ပျော်မွေ့ခြင်း) ရှိသော သူကို ရတီဟု ဆိုသည်။ သို့ဆိုလျှင် ရတီမဂ္ဂဇင်း သည် ပျော်ရွှင်မှု၊ အလှ တရား၊ ချစ်ခြင်းမေတ္တာနှင့် လျှို့ဝှက်ချက် များစွာ ရှိသော ဖက်ရှင် နတ်သမီးတို့ ၏ စံပျော်ရာ ဖြစ်လိမ့်မည်။ စာဖတ် ပရိသတ်အဖြစ် အမျိုးသမီးထုကို စွဲဆောင် ထားနိုင်သည်။ ရဟန်း တစ်ပါးနှင့် ဖက်ရှင်လောကသည် အလှမ်းဝေး သယောင် ရှိသော်လည်း ဗုဒ္ဓ၏ သမီးပျို ဖက်ရှင် မျိုးဆက်၏ အဇ္ဈတ္တတွင် ဆင်မြန်းရန် တရားဓမ္မ၏ အလှ ကို ပုံစံ အသစ်ဖြင့် မိတ်ဆက်ပေးဖြစ်ခဲ့ပါ သည်။ သို့နှင့် ရဟန်းနှင့် အော်စလို၊ ရဟန်းနှင့် ပင်လယ်၊ ရဟန်းနှင့် အပြုံးတောအုပ်။ ရဟန်းနှင့် ဗယ်လင်တိုင်ဝဋ်။ ယခု ရဟန်းနှင့် ရတီ။

(၃) သူကိုယ်တိုင်ရေးသော ဓမ္မအတွေး ဆောင်းပါး အချို့က ရတီ၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်နိုင်သော မြန်မာ့အလှ၊ မြန်မာဣနြေ္ဒ စာမျက်နှာများ၊ အခြား သုတ ရသစာ၊ ကဗျာများ ကြားတွင် သရုပ်ဖော် ပုံလေးများနှင့် သစ်လွင် ဝေဆာနေသည်။ ကျေးလက်က မိခင်ကြီးထံ လစဉ် ပုံမှန် ပို့ပေးဖြစ်သည်။ မျက်စိ မှုန်သော အမေက သား ရဟန်း၏ စာကို ဖက်ရှင်ရုပ်ပုံများ ကြိုက်နှစ်သက်သော မြေးမလေး များကို ဖတ်စေ သည်။ တရားစာအုပ်ကြီး သက်သက်ဆိုလျှင် သူ့တူမလေး များက ယောင် လို့တောင်မကိုင်။ ခုတော့ ဖက်ရှင် မဂ္ဂဇင်း စာမျက်နှာပေါ်က ဓမ္မအတွေးများ။ ဖက်ရှင်ကို စိတ် မဝင်တော့သော အမေနှင့် တရားနံ့ မခံနိုင်သော မြေးမလေး များ ပေါင်း စည်း သွားသည်။ အမှန်တကယ်တော့ သူက ပေးချင်သည့် ဓမ္မမက်ဆေ့ခ်ျကို ချောကလက် လုပ်ကာ ကျွေးလိုက်ခြင်း ဖြစ်သည်။ မြန်မာ့ အမျိုး ကောင်း သမီးလေး တို့၏ ဗဟိဒ္ဓ အသွင်အပြင်၊ ရှုတိုင်းယဉ်ကြစေသလို အဇ္ဈတ္တအလှတရား အဆင့်မြင့်မား ဖို့လည်း ဓမ္မပညာရေး လိုအပ်နေ တာပဲ မဟုတ်လား။

(၄) ဗုဒ္ဓအရှင်၏ တရား ဘဏ္ဍာတော်ထိန်း ဖြစ်သူ ရှင်အာနန္ဒာ ကိုယ်တော်ကြီးသည်လည်း အမျိုးသမီး တို့၏ ဓမ္မပညာရေးနှင့် လောကုတ္တရာ အခွင့်အရေး အတွက် အလေး ထား ရွက်ဆောင် တော်မူခဲ့သည်။ ကောသလတိုင်း၊ သာဝတ္ထိ မြို့တော် က ဘုရင့်ရွှေနန်းဆောင်ကို ကြွရောက်ကာ မိဖုရားနှင့် မောင်းမမိဿံ များအတွက် ပရိုက် ဗိတ် ဆရာတစ်ဆူ အဖြစ် ဓမ္မပညာကို ပို့ချပေးတော် မူခဲ့ရသည်။ မိဖုရားများက တရားဓမ္မပို့ချပေးနိုင် သည့် ရဟန်းတစ်ပါး စေလွှတ်ဖို့ ဘုရားရှင် ကို လျှောက် ထားပေး ရန် ကောသလ ဘုရင်ကြီးကို ပူဆာကြသည်တဲ့။ မည်သည့် ရဟန်းအား ပင့်လျှောက်ရမည်ကို မယ်မင်း တို့ကိုယ်တိုင် ဆုံးဖြတ်ကြ ပါဘိဟု ဘုရင်ကြီးက ဆိုလေသော် မိဖုရား များက ရှင်အာနန္ဒာဟု သံပြိုင် ဆိုမိကြ သည်အထိ ရှင်အာနန္ဒာက ပေါ်ပြူလာ ဖြစ်နေ သည်။ ထိုအချိန် မှစကာ အမျိုးသမီးများ အတွက် ဓမ္မ ပညာရေးလမ်း ပွင့် သွားသည်။ ကောသမ္ဗီ နန်းတွင်းမှာလည်း ဥတေနမင်း ၏ မိဖုရား များ၏ ပရိုက်ဗိတ် ဓမ္မကထိကအဖြစ် ပင့်ဖိတ်ခြင်း ခံတော် မူခဲ့ရသည်။ ရှင်အာန္ဒာက ဗုဒ္ဓခေတ် မဇ္ဈိမဒေသ ဣတ္ထိယ ကမ္ဘာတွင် ကျော်ကြား ထင်ရှားသည်။ အမျိုးသမီး များ၏ ကိုးစားမှုကို ရရှိခဲ့သည်။ အမျိုးသားများနှင့် တန်းတူ သာသနာ့ ဘောင်တွင် ရဟန်းပြုခွင့် ရရှိရန် ရှေ့တန်းမှ ဗုဒ္ဓအရှင်အား အရေးဆိုခဲ့၏။ သို့နှင့် မိထွေးတော် မဟာ ပဇာပတိ ဂေါတမီ အစပြုသော ဘိက္ခုနီ သံဃာ့အဖွဲ့အစည်း ကြီးပေါ်လာသည်။ ဗုဒ္ဓအရှင် ပရိနိဗ္ဗာန် စံဝင်တော် မူလုဆဲဆဲ ကာလမှာပင် အမျိုးသမီးများနှင့် ရဟန်း တော်များ ဆက်ဆံရေး အတွက် တခုတ်တရ မေးမြန်းခဲ့သည်။ အရှင်ဘုရား အမျိုးသမီးများ အပေါ် မည်သို့ပြုမူ ဆက်ဆံရပါမည်နည်း ဘုရား။ မတွေ့နဲ့ အာနန္ဒာ။ မဖြစ်မနေ တွေ့ရမယ် ဆိုရင် ဘုရာ့။ စကားမပြောနဲ့ အာနန္ဒာ။ မဖြစ် မနေပြော ရမယ်ဆိုရင် ဘုရာ့။ အမိ ရင်း၊ အမနှမရင်း များလို အမှတ် သတိထား ဆက်ဆံပါလေ အာနန္ဒာ။ အမျိုး အခွင့်အရေး ကို ဆောင်ရွက်သဖြင့် မြတ်စွာ ဘုရား ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ကျင်း ပသော သံဃာ့ ညီလာခံတွင် မထေရ်ကြီးအချို့၏ ကဲ့ရဲ့မှုကို ခံယူခဲ့ရသေး၏။ ”ငါ့ရှင်အာနန္ဒာ သင်သည် မာတုဂါမတို့ကို မြတ်စွာဘုရား၏ ကိုယ်တော်ကို ရှေးဦးစွာ ရှိခိုးစေ၏။ ငိုသော ထိုမာတုဂါမ တို့၏ မျက်ရည်သည် မြတ်စွာဘုရား၏ ကိုယ်တော်ကို လိမ်းကျံ၏။ ဤသည်လည်း သင်၏ မကောင်းသော အပြုအမူ တည်း။ ထို မကောင်းသော အပြုအမူကို ဒေသနာ ကြားလော့”။ မြတ်စွာ ဘုရား၏ နောက် ဆုံးအချိန်တွင် အမျိုးသမီးထု အား ပထမဆုံး ဖူးမြင်ခွင့် ပေးခြင်းကြောင့် ပစ်တင် ကြခြင်းဖြစ် သည်။ ရှင်အာနန္ဒာက အမျိုးသမီး များအား ဦးစား ပေးကျင့်သုံးမှု အတွက် အပြစ် ရှိသည်ဟု မခံယူခဲ့ ပါ။ သိုးဆောင်း လူမျိုးတို့၏ အမျိုးသမီး ပထမ (Lady First) ကျင့်ဝတ်ကို ရှင်အာနန္ဒာက နှစ်ဆယ့်ငါးရာစု အလွန်က ကျင့်သုံးနှင့်ပြီး ဖြစ်နေ သည်။ ရှင်အာနန္ဒာက ဤသို့လျှောက်ထား၏။

‘အရှင်ဘုရား တို့ အကျွန်ုပ်သည် ဤမာတုဂါမ တို့ အား အချိန်မဲ့၌ သွားခြင်းသည် မဖြစ်ပါစေကုန်လင့် ဟု အောက်မေ့လျက် မာတုဂါမ တို့အား မြတ်စွာ ဘုရား၏ ကိုယ်တော် ကို ရှေးဦးစွာ ရှိခိုးစေပါ၏။ အကျွန်ုပ်သည် ထိုအမှုကို မကောင်းသော အပြုအမူ ဟု မမြင်ပါ။ သို့သော်လည်း အရှင်တို့အား ယုံကြည်သဖြင့် ထိုမကောင်းသော အပြု အမူဟူ သည်ကို ဒေသနာကြားပါ၏” တဲ့။ တပည့်တော် ကတော့ အမျိုးသမီးတွေ အချိန်အခါ လင့်သွား တာမျိုး ဖြစ်မှာစိုးလို့ ပထမဆုံး ခွင့်ပေးလိုက်တာပါ၊ မကောင်း တဲ့ အပြုအမူ လို့တော့ မမြင်ပါဘူး၊ ဒါပေမဲ့ အရှင်ဘုရား တို့ကို လေးစားလို့ မကောင်း တဲ့ အပြုအမူ ဆိုတာကြီးကို ဒေသနာ ကြားပါတယ် တဲ့။ သာသနာတော် တွင်းသို့ အမျိုးသမီးများ ရဟန်းပြု ခွင့်ရခြင်း အတွက်လည်း ရှင်အာနန္ဒာက မထေရ်ကြီးတို့၏ ပြစ်တင်မှုကို ကြံ့ကြံ့ခံတော် မူခဲ့သည်။ မိန်းမမြတ် တို့၏ သံသရာ အခွင့် အလမ်းနှင့် လောကုတ္တရာဆု ဆွတ်ခူးနိုင်ခွင့် ဆောင်ရွက်ခဲ့မှု အတွက် နောင်တတဖန် စိတ် ပူပန်မှုဖြစ်တော် မမူခဲ့။ ”ငါ့ရှင်အာနန္ဒာ သင်သည် မြတ်စွာ ဘုရား ဟောတော် မူသော သာသနာတော် ဓမ္မဝိနယ၌ မာတုဂါမ၏ ရှင်ရဟန်း အဖြစ်ကို လုံ့လပြု၏။ ဤသည်လည်း သင်၏ မကောင်းသော အပြုအမူ တည်း။ ထိုမကောင်းသော အပြု အမူကို ဒေသနာ ကြားလော့။” ”အရှင်ဘုရားတို့ ဤမဟာပဇာပတိ ဂေါတမီသည် မြတ်စွာဘုရား၏ မိထွေးတော် တည်း။ ကြီးပွားအောင် ပြုစုသူတည်း၊ မွေးမြူသူ တည်း၊ နို့ရည်ပေးသော သူတည်း၊ မယ်တော် နတ်ရွာစံပြီးသော် မြတ်စွာဘုရား ကို နို့တိုက်ခဲ့၏ ဟု အောက်မေ့လျက် အကျွန်ုပ်သည် မြတ်စွာ ဘုရားဟောတော် မူသော သာသနာတော် ဓမ္မ ဝိနယ၌ မာတုဂါမ၏ ရှင်ရဟန်း အဖြစ်ကို လုံ့လ ပြုမိပါ၏။ အကျွန်ုပ်သည် ထိုအမှုကို မကောင်း သောအပြုအမူ ဟု မမြင်ပါ။ သို့သော်လည်း အရှင် တို့အား ယုံကြည် သဖြင့် ထိုမကောင်းသော အပြုအမူ ဟူသည်ကို ဒေသနာကြားပါ၏” သို့ဆိုလျှင် သာမန် ရဟန်း တစ်ပါး မျှသာ ဖြစ်သော သူသည်လည်း ရတီ မဂ္ဂဇင်း ၏ ပြတင်း တံခါးကို ဖွင့်ကာ ရှင်အာနန္ဒာ လျှောက်ခဲ့သော မုဒိတာလမ်း ဖုံဖုံတွင် မှုန်နေအောင် လျှောက်နေပါဦးမည် ..။

ဓမ္မဂင်္ဂါ

$
0
0

အီကွေတာနေ့လယ်ခင်းကို
ဖြတ်လိုက်လာတဲ့ လေပြည်ဟာ
တိမ်ရောင်တောက်နေတဲ့ ညနေခင်းရဲ့
ကျိန်းစပ်စပ်မျက်လုံးတွေကို ဝှေ့ရမ်းမှိတ်ပစ်လိုက်တဲ့အခါ
စုတ်ချက်ပြင်းပြင်နဲ့ ‘အမှောင်’ တစ်ရောင်တည်းခြယ်တဲ့
မဟူရာအရိပ်အငွေ့က သိမ်သမ်မွေ့မွေ့ လှမ်းဝင်လာတယ်။
အမှောင်ရဲ့ အရောင်ထဲ
ကိုယ့်ကိုယ်ကိုယ်နှစ်ကြည့်ရင်း
အရိပ်မဲ့နေတဲ့ အမှောင်ရဲ့အလင်းမှာ
”ည” ဟာတဖြည်းဖြည်းနေသားကျ…လာ။
”လ”ရဲ့ ဆလိုက်မီးကို မျှော်ရင်း
အချိန်ရင့်လာတော့…
အတိတ်သစ်ပင်အောက် အလွမ်းရွက်ကြွေကောက်ဖို့
ကြယ်တွေကို အဖော်ပြုရင်းစောင့်ဆိုင်းခြင်းဟာ
”ည”ရဲ့ ပြုမြဲ အထိမ်းအမှတ်တစ်ခု ဖြစ်တယ်။
ဒီအချစ်မှာ…
ဦးနှောက်ကွန်ပျူတာစက်ကြီးထဲ
”အတ္တ”ဒေတာတွေ ထပ်မဖြည့်တော့တဲ့
စက်ရုပ်ဆန်ဆန် လူသားတွေဟာ
အသိစိတ်ရဲ့ အခြားတစ်ဖက်ကို
အိပ်စက်ခြင်းနဲ့ နယ်လွန်နေခဲ့ကြ…တယ်
ငြိမ်းချမ်းစွာပဲ …ပေါ့။
”ဝမ်းစာ”နဲ့ ”ဂဏန်းသင်္ချာ”
နေရောင်ခြည်အောက်မှာ မီးခိုးအပြည့်နဲ့
တောက်လောင်ဖို့ထားတဲ့…ကြ။
အိုင်တီခေတ်မှာ မမွေးဘဲ
အင်နီမေးရှင်းအတတ်ကို တစ်ဖက်ကမ်းခတ်တတ်တဲ့
ကြယ်ပွင့်ကလေးတွေကတော့ …
ကောင်းကင်ပရိုဂျက်တာမှာ ခုန်ပေါက်…လို့။
ဒီလိုနဲ့…
ကောင်းကင်မျက်နှာကြက်ထက်
အသက်ဝင်နေတဲ့ ကြယ်တွေရဲ့ ရှုခင်းကို
တိတ်တိတ်ကလေး ငေးရင်း…
”ည” ဟာ…
တစ်ချိန်လုံး ငြိမ်ငြိမ်သက်သက်ရွေ့လျားနေခဲ့တယ်။    ။

လေပြည်ချမ်းချမ်း


Yati Magazine is now available in IPAD Newsstand !!!

$
0
0

ပြည်တွင်းပြည်ပမှ IPad အသုံးပြုသူ စာဖတ် ပရိသတ်များကို ရတီမဂ္ဂဇင်း စာအုပ် ထွက်တာ နဲ့ တပြိုင်နက် IPad (iOS 6.0 or later ) ပေါ်တွင် ဖတ်ရှုနိုင် ဖို့ အတွက် Apple Newsstand တွင် သတ်မှတ်ထား တဲ့ နှုန်းထား များအတိုင်း ရတီ မဂ္ဂဇင်းကို subscribe လုပ်ပြီး ဖတ်ရှုနိုင်ပါ သည်။
ငွေပေးချေမှု ကိုတော့ iTunes account နဲ့ ပေးချေ ရမှာဖြစ်ပါတယ်။

• Annual subscription: $11.99 (12 issues)

Monthly subscription: $1.99 per month

• Three Months subscription: $ 4.99

• Six months subscription $ 9.99

• Single issues: $1.99

https://itunes.apple.com/us/app/yati-magazine/id813096888?mt=8

Special Cover Image

$
0
0

Model : May Kayar

Make up : Nge Nge(Aung Aung – Taunggyi)

Designer : Mu Dra (Much & More Fashion)

Photo : Jason (Sense Photography)

Arranged by Phyoe Su Po Po

 

သင်္ကြန်မှာ ပျက်စီးသွားတဲ့ အသားအရေ ကို ပြန်လည် ကုသပေးမယ့် အသီးအနှံများ

$
0
0

သင်္ကြန် ဆိုတာက မြန်မာပြည်ရဲ့ အထင်ကရ ပွဲတော်ကြီးဖြစ် သလို မြန် မာပြည်သူလူကြီး၊ လူငယ်၊ ကလေးပါ မကျန် ပျော်ရွှင်ကြတဲ့ ပွဲတော် ကြီး တစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် လည်း သင်္ကြန် ပြီးသွားတဲ့အခါ မှာတော့ နေဒဏ်၊ ရေဒဏ်တို့ ကြောင့် အသားအရေတွေ ထိခိုက် ပျက်စီးကြရပါ တယ်။ ဒါကြောင့် ပျက်စီးသွားတဲ့ အသား အရေ တွေ ကို ပြန်လည် ကုစားဖို့ အတွက် နည်းလမ်းတွေ ရှာဖွေကြ ရပါတယ်။ နည်းလမ်း ရှာဖွေနေသူ တွေအတွက် ကုန်ကျစရိတ် သက်သာပြီး လတ် ဆတ်တဲ့ သစ် သီးတွေနဲ့ ပေါင်းစပ်ပြုလုပ် ရတဲ့ အိမ် တွင်းဖြစ် ကုထုံးလေးတွေ ဖော်ပြပေးလိုက်ပါ တယ်။

<< Carrot Facial Mask >>

မုန်လာဥနီ နဲ့ ပြုလုပ်လို့ရတဲ့ Facial Mask အကြောင်းကို လည်း ဖော်ပြပေး ချင်ပါတယ်။ ပါဝင်ပစ္စည်း အမျိုးအမည် မများဘဲ ပြုလုပ်နိုင်တဲ့ Facial Mask ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

- အရွယ်အစားကြီးတဲ့ မုန်လာဥနီ ၂ လုံး (သို့) ၃ လုံး
- ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် တစ်ဝက်
- မုန်လာဥနီများကို ပျော့ဖတ်နေအောင် ကြိတ်ချေပြီး ပျားရည်နှင့် ရောစပ်ပါ။ ရောစပ်ပြီး ရင်တော့ သင့်မျက်နှာပေါ်ကို သုတ်လိမ်းလို့ ရပါပြီ။ သုတ်လိမ်းပြီး ၁ဝ မိနစ်ခန့် ကြာရင်တော့ ရေအေးအေးနှင့် ဆေးကြောသန့်စင်လိုက်ပါ။

အသားအရေအတွက်အကျိုးကျေးဇူး
————————————

မုန်လာဥနီမှာ Vitamin A နှင့်အာဟာရ ဓာတ်တွေ မြင့်မားစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် Vitamin C နဲ့ Potassium ဓာတ်တွေလည်း ပါဝင်နေပြီး မုန်လာဥ နီဖျော်ရည်ဟာ အစိုဓာတ် များစွာ ပါဝင်တာကြောင့် အရေပြား တစ်ရှူးတွေ ကို ကောင်းမွန်စေ ဖို့အတွက် ပြုပြင် ထိန်းသိမ်းပေး သလို နေရောင်ခြည်ကြောင့် အရေပြား ပျက်စီးမှု ကို ကာ ကွယ်ပေးပြီး နေရောင်ခြည် ရဲ့ ထိခိုက်မှု ကြောင့် အသားအရောင် မညီညာမှုကိုလည်း ကာကွယ်ပေးပါတယ်။

<< Avocado Body Mask >>

နေလောင် ထားတဲ့ ခန္ဓာကိုယ် အသားအရေ ကို ပြန်လည် ကုစားနိုင် ဖို့အတွက် အိမ်တွင်းဖြစ် Body Mask တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါ တယ်။

ပါဝင်ပစ္စည်းများ

- ထောပတ်သီးနှစ်လုံးစာအနှစ်များကို ကြေမွ အောင်ချေပါ။
- ဆားစားပွဲတင်ဇွန်း (၃) ဇွန်း
- ပျားရည်ကို အသုံးပြုမည့်ခွက်၏ ၄ ပုံ ၁ပုံ ခန့်
- လတ်ဆတ်တဲ့ သံပရိုသီးနှစ်လုံးကို အရည် ညှစ်ပါ။
- သန့်စင်တဲ့ အုန်းဆီစစ်စစ်ကိုခွက်၏ ၄ ပုံ တစ်ပုံခန့်ထည့်ပါ။

ပါဝင် ပစ္စည်းများ အားလုံးကို ပေါင်းစပ်ပြီး ခရင်မ် တစ်ခုကဲ့သို့ တစ်သား တည်းဖြစ်သွား အောင် မွှေနှောက်လိုက်ပါ။ ပြီးနောက် အရေ ပြားပေါ်ကို သုတ်လိမ်းပြီး ၁ဝ မိနစ် ၁၅ မိနစ် ခန့်ထားလိုက်ပါ။ အချိန်စေ့ ရင်တော့ ရေနွေးနွေး လေးနဲ့ ပွတ်သပ် ဆေးကြော သန့်စင်ပါ။ အသုံးပြု ပြီးနောက် ပိုလျှံနေသေးတယ် ဆို ရင်တော့ ရေခဲ သေတ္တာ ထဲမှာ ထည့်ပြီး ၂ ရက် ၃ ရက်ခန့် ထည့်သို သိမ်းဆည်းထားနိုင်ပါတယ်။

အသားအရေအတွက်အကျိုးကျေးဇူး

ထောပတ်သီး ဟာ သင့်အရေပြားကို အရွယ် တင်နုပျိုစေဖို့ အထူး ကူညီ ထောက်ပံ့ပေးပါတယ်။ ဒါ့ပြင် ဗီတာမင် A, D, E နဲ့ အတူ Protein , Lecithin, Potassium နဲ့ beta carotene တို့ပါဝင်ပြီး ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တဲ့ အကျိုး အာနိသင်တွေလည်း ပါရှိပါတယ်။ ထောပတ်သီး မှာ မြင့်မားတဲ့ အာဟာရ ဓာတ်တွေ ပါဝင် ပြီး နေလောင်ခြင်းကြောင့် အရေပြား ပျက်စီးမှုတွေကိုလည်း ကုသပျောက်ကင်းစေပါ တယ်။

ဒါ့ပြင် အရေပြားပေါ်မှာ ရှိတဲ့ အမာရွတ် နဲ့ အမည်းစက် များကို လည်း လျော့ပါး သက်သာစေပါ တယ်။ သင်္ကြန်မှာ ရေကစားပြီး အသားအရေ ပျက်စီးနေ သူတွေ အတွက် အကျိုး ရှိစေမယ့် နည်းလမ်းလေး တစ်ခုပဲ ဖြစ်ပါတယ်။

အေမီချို

ထိန်းသိမ်းဆန်းသစ် မြန်မာ့အလှစစ်

$
0
0

မော်ဒယ်         – စံရတီမိုးမြင့်
မိတ်ကပ်         – Hello ( မခိုင်၊ မချို )
ဒီဇိုင်နာ          – ဆိုင်းလတ် (MAKA)
ပိုးထည်         – ရွှေပြည်စိုး
နေရာ            – ဗိဿနိုး ပန်းချီပြခန်း
ဓါတ်ပုံ           – ကိုနိုင် (ပေါ်ပြူလာ)
စီစဉ်သူ          – သီတာစိုး

MOD MOM

$
0
0

Models             : One, Phit Phit Thone & Yin Yin Min, Ikey

Make up          : Zaw Zaw

Hair Style       : Spa Channel

Photo               : Aye Zaw Moe (Setthmu)

Arranged by : Phyoe Su Po Po

 

Viewing all 1097 articles
Browse latest View live