Quantcast
Channel: Yati Magazine
Viewing all 1097 articles
Browse latest View live
↧

“အဖြစ်ချင်ဆုံးအရာ”

$
0
0

ငါဟာ ကောင်းကင်ထက်က ကြယ်တစ်စင်းဆိုရင်
ကမ္ဘာမြေအနီးဆုံးက ဓူဝံကြယ်ပါ။

တောင်ပံလှတဲ့ လိပ်ပြာငယ် တစ်ကောင်ဖြစ်နေခဲ့ရင်
ပန်းသစ္စာတို့ရဲ့အလယ်ကချစ်လိပ်ပြာလေးပေါ့။ ။
မေတ္တာပင်လယ်ပြင်ကြီးထဲ ငါကူးခပ်နေခဲ့ရင်
ငါအလိုအရှိဆုံးက ဖြူလွှလွှ စက္ကူဖြူတစ်ရွက်
ဆုတောင်းတိုင်းသာ ပြည့်စုံကြေးဆိုရင်
ဖြူစင်နှလုံးထာဝစဉ်ပိုင်ဆိုင်ဖို့
ဆုတောင်းမိမယ်။ ။

သူရဲကောင်းတစ်ယောက်သာဖြစ်နေခဲ့ရင်
အသည်းနှလုံးသားကို စတေး
ပေးဆပ်ဝံ့တဲ့သူတဲ့
အချစ်သူရဲကောင်းသာ ငါဖြစ်ချင်တယ်။ ။

လှိုင်းထက်ရခိုင်

↧

မြားတစ်စင်းရဲ့ စီးကြောင်း

$
0
0

ဆော့ခရတ္တိရဲ့ အဆိပ်ခွက်ထဲမှာ
မသူတော် တချို့ရဲ့
အိပ်ပျက်ခဲ့ရတဲ့ ညတွေပါမယ်

ဗန်ဂိုးရဲ့ နားရွက်တစ်ဖက်ဟာ
အနုပညာ ငတ်မွတ်သူတွေထံ
နှစ်ပေါင်းများစွာကို ဆန်ပြီး
ပျံတက်လာခဲ့တဲ့ အရာပေါ့
မထိုက်တန်တဲ့ သူတွေဟာ
မြေအောက်ကမ္ဘာမှာ နေခဲ့ကြတယ်

အခုကစပြီး
ကျည်ဆန်တွေကို ရောင်းပြီး
စာရေးကိရိယာတွေ ပြန်ဝယ်ကြတာပေါ့——မာလာလာ
ပွဲစားတစ်ယောက်ရဲ့ ပါးစပ်ထဲမှာတောင်
အမှန်တရားဟာ တောက်တောက်ပြောင်ပြောင် ဖြစ်လာတဲ့ တစ်နေ့

အချစ်နဲ့ပဲ တွေ့တွေ့
စစ်နဲ့ပဲတွေ့တွေ့
တရားမျှတမှုကို
‘ဂငယ်ကွေ့’ ကွေ့ဖို့ လာမပြောကြေး။  ။

ဆစ်ခ်

↧
↧

အလွမ်းသီမဲ့ည

$
0
0

မင်းဟာ ပွင့်ခါနီးနေတဲ့ အဖူးလေးပါ
ငါဟာမင်းအတွက် ဆူးလေးပါ ဘီလူးလေးပါ မရူးမကောင်းလေးပါ
မီးအကြောင်း မသိတဲ့ဖယောင်းလေးပါ မင်းကြွေရင်နေလို့မရတဲ့ အညှာလေးပါ

မင်းလွှတ်တင်လိုက်တဲ့စွန်ဟာငါ့အချစ်ပါ မင်းမှန်စာတိုက်ထားတာ ငါ့သံယောဇဉ်ကြိုးပါ
မင်းအပေါ်မိုးထားမိတာငါ့မေတ္တာပါ မင်းနောက်က အရိပ်ကငါ့သစ္စာပါ

မင်းပျံသန်းသွားတော့ အလွမ်းတွေနဲ့ ညွှတ်သွားတဲ့ အကိုင်းလေးက ငါပါ
ဆတ်ဆတ်ခါ ကြွေကျသွားတဲ့ ဝေဒနာရွက်စိမ်းလေးကငါပါ
မင်းရဲ့ တောင်ပံရိုက်ချက်မှာ ကစင့်ကလျားဖြစ်သွားတဲ့ အကြင်နာ လေညင်းလေးကငါပါ

ရေခဲရိုက်ထားတဲ့ အိပ်မက်လေးဖူးပွင့်ခွင့်ရတဲ့ညက ခြင်တစ်ကောင်ရဲ့ ချဉ်ချင်းကို
သဒ္ဓါမရှိတဲ့ လက်ကဖျတ်ခနဲ ရိုက်သတ်လိုက်မိတာ ငါ့စေတနာပါ

လေပြည်ကို ဆောင့်ဆွဲပြီး ပန်းပေါင်းစုံ အရည်ညှစ်ချလိုက်တဲ့ညက
လောင်းရိပ်အောက်ကလွတ်မြောက်လာတဲ့ တစ်ပွင့်နှစ်ပွင့်စကြယ်တွေ
ကဆုန်ပေါက်ဆင်းစေခဲ့တာ ငါ့လက်ဆောင်မွန်ပါ

ကျကွဲထားတဲ့ သက်ပြင်းတွေ စပ်ဖြဲဖြဲမျက်နှာနဲ့ အိမ်ပေါ်ပြန်တက်လာတဲ့ညက
ငပုပ်ဖမ်းထားတဲ့လလိုအမှောင်ကိုဖြဲပြီး အမောက်ထောင်ကြည့်မိတာ ငါ့အတ္တပါ

မင်းရဲ့အချစ်လက်ခုပ်ကြားမှာ တစ်စက်ခြင်း တစ်ပေါက်ခြင်း
အကြင်နာတွေ တောက်တောက် ကျလာမယ်ဆို တံခါးမရှိတဲ့ ပြတင်းမှာ
ကျကျနနချိတ်ဆွဲထားတဲ့ပုံတူ ပန်းချီတစ်ချပ်ကို
ညကညကိုညမှန်းမသိအောင် ညလုံးပေါက်ထိုင်ကြည့် ဖြစ်မယ့်ညအတွက်
စိတ္တဇဆန်စွာ ငါဟာဗျာများနေသူပါ။ ။

မုယော

↧

Women in the Lead

$
0
0

ဒေါ်စန္ဒာခင် ( ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး )

အများကို ဦးဆောင်မယ့်သူ တစ်ဦးမှာ ရှိသင့်တဲ့ အချက်တွေကို ပြောပြနိုင် မလား။

အများကို ဦးဆောင်မည့်သူ တစ်ဦးမှာ ရှိသင့်တဲ့ အချက်တွေ ကတော့ အများကြီးပါပဲ။ အဓိက ကတော့

(၁) ကိုယ်ကိုယ်တိုင် က အရည်အချင်း ရှိရမယ်၊ ရှိအောင် လည်းလေ့လာ သင်ယူ အားထုတ်နေရမယ် ၊ကောင်းရင် စံနမူနာ၊ ညံ့ရင် သင်ခန်းစာ ဆိုတဲ့ အတိုင်းပေါ့ ၊ ကောင်းတာ မှန်သမျှ အတုယူတတ် ရမယ်။

(၂)အများရဲ့ဆန္ဒတွေ၊ အသံတွေကို နားထောင်ပေးရမယ်၊ အလွှာစုံ၊ ကဏ္ဍစုံကနေ ရယူရမယ် ၊ဒီ့အပေါ်ချင့်ချိန်၊ သုံးသတ်နိုင်စွမ်း ရှိရမယ်။

(၃)အမြော်အမြင်ရှိရမယ်။

(၄)ခေါင်းမမာသင့်ဘူး၊ တစ်ယူသန် မဖြစ်သင့်ဘူး၊အခြေအနေ ၊အချိန်အခါပေါ် မူတည်ပြီးပြောင်းလွယ် ၊ပြင်လွယ် ရှိရမယ်။ (flexible ဖြစ်ရမယ်။)

(၅) အမှန်တွေးပြီး အမှန် လုပ်ရဲရမယ်၊ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက် ရှိရမယ်။ (decisive ဖြစ်ရမယ်)

(၆) ကိုယ့်အဖွဲ့၊ ကိုယ့်ဝန်ထမ်းတွေ အပေါ်နား လည်နိုင် အောင်ကြိုးစားရမယ်၊ကိုယ်ချင်းစာတတ် ရမယ်၊ အနစ်နာခံတတ်ရမယ်။

(၇) သမာသမတ်ရှိ ရမယ်။

(၈) ဆွဲဆောင် စည်းရုံးနိုင်တဲ့ စွမ်းရည် ရှိရ မယ်။

(၉)အများစုသော လုပ်ဖော်ကိုင်ဖက်တွေ နဲ့မိမိလက်အောက်ငယ်သားတွေ အသိအမှတ် ပြုတဲ့သူဖြစ်ရမယ်။

အသက် ၁၈ နှစ်လောက်က ကိုယ့်ကိုယ် ကိုယ် ဘယ်လိုတွေးခဲ့မိသလဲ။

အသက်၁၈နှစ် အရွယ်က တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူပဲ ရှိပါသေးတယ်၊ အဲဒီအချိန်က အတွေး နဲ့စိတ်ကူး ကတော့ဘွဲ့တစ်ခု ရပြီးရင် နောက်ထပ် ဘွဲ့တစ်ခုရ ဖို့ကြိုးစားမယ်၊ ပြီးအစိုးရ အလုပ်လုပ်မယ်၊ ဝါသနာပါတဲ့ သင်တန်းတွေ တက်မယ်၊အလုပ်ရပြီးအချိန်တန်ရင် အိမ်ထောင်ပြုမယ်၊ မိဘကို စိတ်ချမ်းသာအောင် ထားမယ်၊ တစ်ချိန်ချိန် မှာတော့အဘိုး၊အဘွားစောင့်ရှောက်တဲ့ လူမှုရေး အလုပ်မျိုး လုပ်မယ်၊ ဒီလောက်ပဲ တွေးခဲ့မိပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ ကိစ္စတွေနဲ့ရင်ဆိုင် ရတဲ့အခါ ဘယ်လိုဖြတ်သန်းခဲ့ပါသလဲ။  

ခက်ခဲ ကြမ်းတမ်းတဲ့ ကိစ္စတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဘယ်လို ဖြတ်သန်းခဲ့သလဲ ဆိုတော့ နှစ်ပိုင်း ခွဲပြီး ဖြေရလိမ့်မယ်။ ခက်ခဲတဲ့ ကိစ္စတွေ ရင်ဆိုင်ရတဲ့အခါ ဒီအခက် အခဲကို ဘယ်လိုဖြေရှင်း ရမလဲလို့ကိုယ့်ဘာသာ နည်းလမ်းတွေ ရှာတယ်၊ တစ်ခါတလေ မိဘကို တိုင်ပင်တယ်၊ နောက် ဝါရင့်သဘာရင့်တဲ့ ဆရာ သမားတွေ ထံက အကြံဥာဏ် ရယူဖြေရှင်းတတ် ပါတယ်။

ကြမ်းတမ်းတဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင်တော့ ငယ်စဉ်က မကြုံဖူးပါဘူး၊ လုပ်ငန်းခွင်ထဲ ရောက်တော့ ကြုံတွေ့ရတာပေါ့၊ စိတ် တည်ငြိမ်နိုင်ဖို့ ဘာသာရေးပို လုပ်လိုက် တယ်။ ဂီတ၊ ပန်းချီနဲ့ စာရေးသားခြင်း စတာတွေနဲ့ relax လုပ်ပါတယ်၊ ပိုခက်တဲ့ ဘဝတွေ၊ ပိုဆိုးတဲ့ အခြေအနေတွေနဲ့ ယှဉ်ပြီး ဖြေနိုင်ခဲ့တယ်၊ အလုပ်ထဲမှာ အချိန်ကို ပိုကုန် သွားစေခဲ့တယ်၊ အဖွဲ့အစည်း နဲ့ အလုပ်တွေ ပိုလုပ်ရင်းနဲ့ ဖြတ်သန်း သွားနိုင်ခဲ့ပါတယ်၊ ကြာ တော့လည်း ထုသားပေသား ခံနိုင်ရည် ရှိလာပါ တယ်၊ အချိန်က ကုစားပေးသလို အခြေအနေတွေ ကလည်း လူကိုပိုပြီး ရင့်ကျက်လာစေပါတယ်။

ဘယ်လို ဦးဆောင်မှုအရည်အသွေးမျိုးကို လေးစားအားကျမိပါသလဲ။

ဘယ်လို ဦးဆောင်မှု အရည် အသွေးမျိုးကို လေးစား၊ အားကျမိသလဲ ဆိုရင် ခုန ပြောခဲ့တဲ့ အတိုင်း ဦးဆောင်မယ့်သူ တစ်ဦးမှာ ရှိသင့်တဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ သူကို လေးစားမိပါတယ်၊ နောက် ဘယ်လို အခက်အခဲ မျိုးပဲရှိရှိ ခံနိုင်ရည် ရှိပြီး အပြုံးမပျက် ဆက်လက် ဆောင်ရွက်နိုင်တာ ကလည်း လေးစားစရာ ကောင်းတဲ့ အရည် အသွေး တစ်ခုပါပဲ။

ဘဝမှာ ဟန်ချက်ညီအောင် ဘယ်လိုကြိုး စားခဲ့သလဲ။

ဘဝမှာ ဟန်ချက် ညီအောင်ဘယ်လို ကြိုးစား ခဲ့သလဲဆိုတော့ ဘုရားဟော အတိုင်းပဲပေါ့၊ မဇ္ဈိမပဋိပဒါ ကျဖို့ ကြိုးစားတယ်။ အစွန်းရောက် မသွားဖို့ ဆင်ခြင်တယ်။ ဘယ်နေရာ မဆို Balance ဖြစ်ဖို့ အရေးကြီးတယ် ဆိုတာကို ခေါင်းထဲမှာ အမြဲ ထည့်ထားတယ်။ ပရနဲ့ အတ္တကို ချင့်ချိန်ပြီး လုပ်တယ်။ လုပ်ငန်းခွင် မှာအထက် လူကြီး အပေါ် တပည့်ဝတ် နဲ့အညီ နေထိုင်သလို လက်အောက်ငယ်သားတွေ အပေါ်လည်း ဆရာ့ ဝတ္တရား မပျက်အောင် သတိထားပါတယ်။ အလုပ် ကို ဖိဖိစီးစီး အသေးစိတ် လုပ် သလို နားချိန် နား၊ စားချိန်စားဖို့ကျန်းမာရေး ဂရုစိုက်ဖို့ လူမှုရေး မလစ်ဟင်းဖို့ ကဏ္ဍ အသီးသီးကို ခေါင်းထဲ အမြဲထည့်ပြီး ဆောင်ရွက်လေ့ ရှိပါတယ်၊ မိမိ ဘက် က မိသားစု၊ ခင်ပွန်းဘက်က မိသားစုကိုလည်း မျှတအောင် အချိန်ပေးစောင့်ရှောက်ပါတယ်။ ရငွေနဲ့ သုံးငွေကို ချင့်ချိန်နိုင်တဲ့ အလေ့အကျင့် ကို လုပ်ထားတယ်၊ အဓိက ကတော့ Total Managementကို စဉ်းစားပြီး လုပ်တာပါဘဲ။

ဘယ်လို စည်းမျဉ်းစည်းကမ်းတွေ ချမှတ် ပြီး ဘဝကိုဖြတ်သန်းသလဲ။

ဘဝမှာ ဘယ်လို စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ခဲ့သလဲ ဆိုရင် ” မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမယ်၊ မိမိ ပတ်ဝန်းကျင်ကို ကောင်းအောင် ကြိုးစားမယ်” ဆို တဲ့ ဆောင်ပုဒ်ကို တတ်နိုင် သလောက် လိုက်နာဆောင်ရွက်ပါတယ်၊ အပြော အဆို၊ အပြုအမူ၊ စိတ်နေ သဘောထား ဆိုတဲ့ ကံသုံးပါးကို အတတ်နိုင်ဆုံး ထိန်းရမယ်၊ မိမိ ကိုယ် ကိုလည်း အမြဲတမ်း ဆန်းစစ်နေပါတယ်၊ (Monitor လုပ်ပါတယ်) ရင့်ကျက်သူများ ရဲ့ဝေဖန် အကြံပြု ချက် များကိုလည်း ရယူပါတယ်၊ မသိမတတ်သေး တာကို သိချင် တတ်ချင်ယောင် မဆောင်ဘဲ ပိုသိ ပိုတတ်တဲ့ သူတွေဆီက နာယူပါတယ်၊ နောက်ပြီး ဘယ်ကဏ္ဍ ကိုမဆို အတတ်နိုင်ဆုံး မျှတမှု ရှိအောင် ဆောင်ရွက်ပါတယ်။

ဦးဆောင်သူ အမျိုးသမီးတစ်ဦးအတွက် သတိပြုရမယ့် အရေးကြီးဆုံး အချက် ၃ ချက်လောက် ပြောပြနိုင်မလား။

ဦးဆောင်သူ အမျိုးသမီး တစ်ဦး အတွက် သတိပြုရမယ့် အရေးကြီးတဲ့ အချက် ၃ ချက် လောက် ဆိုရင်တော့

- မိမိကိုယ်ကို ယုံကြည်မှုရှိဖို့လိုသော်လည်း ယုံကြည်မှုမလွန်ကဲစေရန် သတိပြုဖို့လိုတယ်။
- စိတ်ခံစားချက် နာသအငသည တစ်ခုတည်းနဲ့ မဆုံးဖြတ်ရန်၊ စိတ်အတက်အကျ မမြန်ဖို့ မများ ဖို့လိုတယ်။
- ဘယ်လောက်ပဲ ပညာတတ်တတ် ဘယ်လောက် ပဲ အောင်မြင်မှုရသည်ဖြစ်စေ အမျိုးသမီးတွေရဲ့ ဝတ္တရားနဲ့ ကျင့်ဝတ်ကို မပျက်ကွက်အောင် သတိ ရှိဖို့လိုပါတယ်။

↧

updating fashion

$
0
0

model : m seng lu
mak up : may oo
designer : sandar by sandar aung
photo : aung zaw (love space)
arrange by thida soe

↧
↧

Mod Mon

$
0
0

Model : Thwin Su Htwe , Zwe Thu Ta , Nu Thapya
Photo : Ko Naing (Popular)
Arranged by Phyo Su Po Po

ဒီလ Mod Mon ကိုတော့ ဖက်ရှင်ဒီဇိုင်နာ သွင်စုထွေးနဲ့ သူ့ရဲ့ချစ်စဖွယ် သားသားမီးမီးလေးတို့ရဲ့ပုံရိပ်တွေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

↧

Beyond the Women

$
0
0

နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်

မဟာ ကရုဏာတော်ရှင် မြတ်စွာဘုရားက သတ္တဝါ အားလုံး၏ အကျိုး အတွက် ပါရမီတရား များကို ဖြည့်ကျင့်ပြီးရင် မြင့်မြတ်တဲ့ သမ္မာ သမ္ဗောဓိ ဥာဏ်ကို ရရှိတော်မူ ၏လို့ မိန့်ဆိုထား တဲ့အတိုင်း ဘုရားဖြစ်ဖို့ အတွက် ဗုဒ္ဓမြတ်စွာ ဘုရား ကျင့်ကြံ အားထုတ်ခဲ့တဲ့ ပါရမီတွေဟာ မဟာ့မဟာ ပရဟိတ၊ လောကဟိတ လုပ်ငန်းတွေ ဖြစ်နေပါ တယ်။ ပရဟိတ ဆိုတာမှာ ‘ပရ’ ဆိုတာက သူတစ်ပါး၊ ‘ဟိတ’ ဆိုတာက အကျိုး။ သူတစ်ပါး အကျိုး ဆောင်ရွက်ခြင်းကို ခေါ်တာပါ။ ”လောက ဟိတ” ဆိုတာကတော့ လူ့လောက အကျိုးကို သယ်ပိုးဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို သူတစ်ပါး အကျိုး၊ လူ့လောက အကျိုးကို သယ်ပိုး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ၊ အဖွဲ့ ဝင်တွေ ၊ စေတနာ ရှင်တွေ အမျိုးမျိုးထဲကမှ နာရေးကူညီမှု အသင်း (ရန်ကုန်) ဆိုရင် လူတိုင်းသိကြပြီး ဖြစ်ပါ တယ်။ ဒီအသင်းကြီး ရဲ့ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် (ခေါ်) ဒေါ်မြင့်မြင့်ခင်ဖေနှင့် ရတီက တွေ့ဆုံရခိုက်..

အန်တီ တို့ရဲ့ နာရေး ကူညီမှု အသင်း (ရန်ကုန်) ရဲ့ အခု လက်ရှိမှာ လုပ်ဆောင်နေတဲ့ လုပ်ငန်း အကြောင်း လေးတွေကို ပြောပြပေးပါလား။      

အသင်းရဲ့ လုပ်ဆောင်ချက်တွေ ကတော့ အများကြီးပဲ။ အကြမ်းဖျင်း ခြုံပြောရရင်တော့ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကယ်ဆယ်ရေး (လုပ်ငန်းတွေကို လုပ်တယ်) အသေး စိတ် သိချင် ရင်တော့ နာရေး ကူညီမှု အသင်း-ရန်ကုန် facebook နဲ့ ကိုကျော်သူ့ရဲ့ Kyaw Thu Fan page တွေမှာ ဝင်ကြည့်နိုင်ပါတယ်။

ဒီလို အလုပ်တွေကို အန်တီ စလုပ်ဖြစ်ခဲ့ရတဲ့ ခွန်အားက ဘာတွေကြောင့်ပါလဲ။

 အန်တီ တို့ထက် နှစ်နှစ်ကျော်ကျော် စောတဲ့ မြန်မာပြည်ရဲ့ပထမ ဆုံးသော နာရေး ကူညီမှု အသင်းဖြစ်တဲ့ မန္တလေးက လူထုဒေါ်အမာ တို့၊ တောင်စလင်းကျောင်းတိုက် ဆရာတော် ဦးတိက္ခ တို့ ထူထောင်ခဲ့တဲ့ ဗြဟ္မစိုရ် နာရေးကူညီမှု အသင်း မှာ အန်တီ ဖေဖေရဲ့ နှမအရင်းဖြစ်တဲ့ မြန်မာစာ ကထိက ဒေါ်လှမြတ်က နာယက တစ်ဦးပါ။ သူ့ဆီကနေ အသင်း အကြောင်းတွေကြားနေရ တာ ကြောင့် အန်တီ စိတ်ဝင်စားခဲ့တာပါ။

ဒီအလုပ်ကို စလုပ်ခဲ့တုန်းကရော ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုက ဘယ်လိုတွေ ရှိခဲ့ပါသလဲ။

အန်တီက နာမည်ကြီး တစ်ယောက် မဟုတ်တော့ ကိုကျော်သူ လောက်တော့ ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုကို သိပ်သတိ မထားမိခဲ့ပါဘူး။ ဒါပေမဲ့ မှတ်မှတ်ရရ မေမေ့ အစ်မ အရင်း စာရေး ဆရာမ ကြီး ယုဝတီခင်စိန်လှိုင် ကတော့ ”ရွှေဇီးကွက်တို့ ဘယ်လိုဖြစ်ပြီး ဒီ အမင်္ဂလာ အလုပ်တွေ လုပ်နေကြ တာလဲ”လို့ မေမေ့ ကိုမေးဖူးတယ်။ သူ ကတော့ အင်မတန်မှ လှလှပပ နုနုရွရွလေးတွေ ကို ကြိုက် တဲ့သူ၊ သူ့ဝတ္ထု ထဲက ဇာတ်ကောင်တွေ ဆိုရင် အမြဲတမ်း လှလှပပ အဆင့် အတန်းမြင့်မြင့်တွေ ချည်း ဆိုတော့ သူ့တူမ ယောက်ျား ရုပ်ရှင်မင်းသား ကိုလည်း အရမ်း လှလှပပ အဆင့်မြင့်မြင့် မြင်ချင် တဲ့သူပေါ့။ ဒါပေမဲ့ သူ့ ခမည်းခမက် တစ်ဦးဆုံးလို့ ကိုကျော်သူ ကိုယ်တိုင် နာရေး ကားမောင်းပြီး ကူညီပေးခဲ့တော့ အန်တီစိန်က ဂျာနယ် တစ်ခုထဲမှာ သူအမြင် လွဲခဲ့တာ မှားသွားပါတယ်။ ဒီအလုပ်က အလွန် မွန်မြတ်တဲ့ အလုပ်မှန်း သိပါပြီ လို့ တောင်း ပန်ကျေးဇူးတင် စာရေးခဲ့ပါတယ်။

ကိုယ့် အလုပ်တွေကို အနှောင့် အယှက်ဖြစ်အောင် အခက်အခဲတွေ ဖြစ်အောင် လုပ်ခဲ့ခံ ရတုန်းကရော အန်တီတို့ ဘယ်လို ကျော်ဖြတ်ခဲ့ရပါသလဲ။

ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ ‘မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ၊ဖြူအောင် စိတ်ကိုထား’ တို့၊ ရွှေဟသာင်္ ဆရာတော် ဘုရားကြီးရဲ့’အများ အကျိုးရွက် သယ်ပိုးက၊ မခိုးမခန့် ဆို ကဲ့ရဲ့လည်း၊ မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်း နှင့် ယှဉ်ရှေးရှူနှင်လော့’တို့၊ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာ ဘိဝံသ ရဲ့’ကိုယ်တည်း တစ်ယောက် ကောင်းဖို့ ရောက်မူ၊ ခုလောက်ကြိုး ကုတ် အားမထုတ်ဘူး၊ ကိုယ့်နောက် အများချမ်းသာ ပွားမူ၊ တစ်ပါးဖြစ်ထွေ ဆင်းရဲစေတော့’ စတဲ့ အန်တီ အင်မတန် မှ သက်ဝင် ယုံကြည်ကြည်ညို လေးစားရတဲ့ မြတ်စွာဘုရား နဲ့ ဆရာတော်ကြီး တွေရဲ့ အဆုံးအမတွေဟာ အန်တီ တို့ကို ဘယ်လို အခက်အခဲ အနှောင့် အယှက် ကိုဖြစ်စေ လွယ် ကူအောင်မြင်စွာ ကျော်ဖြတ်နိုင်အောင် စွမ်းအား တွေ ပေးခဲ့ပါတယ်။ အန်တီ့ ဖေဖေ ကလည်း အန်တီ့ကို ”သမီးရေ လောကကြီးမှာ ဘာကိုမှ မလိုချင်တဲ့ သူဟာ ဘာကိုမှ ကြောက်ရွံ့နေစရာ မလိုဘူး”လို့ ပြောလေ့ ရှိခဲ့ပါတယ်။ အန်တီတို့က လည်း ပရဟိတ အလုပ်တွေကို ကိုယ့်အတွက် ဘာကိုမှ မျှော်ကိုးပြီး လုပ်နေကြတာ မ ဟုတ်တော့ ဘယ်သူက ဘယ်လို ခြောက်ခြောက် မကြောက်မရွံ့ လုပ်ကိုင်နိုင်ခဲ့ကြပါတယ်။

မိဘ တစ်ယောက် ဖြစ်တဲ့ အန်တီက ကိုယ့် ရဲ့ သား သမီးတွေ ရဲ့ အဝေးမှာ လူမှုရေး အလုပ်တွေ ပဲ ဦးစားပေး လုပ်နေရတဲ့ ရည်ရွယ်ချက် ကိုလည်း သိချင်ပါတယ်။

အန်တီ တို့ သားကြီး က ၁၇နှစ် သား၊ ၂ဝဝ၁ ခုနှစ် ၁ဝတန်း အောင်ပြီး ကတည်း က နိုင်ငံခြား မှာ ကျောင်း သွား တက်ပြီး Arizona State University (USA) ကနေ Mechanical Engineer ဘွဲ့ ရပြီး အခု Boeing လေယာဉ်ပျံ ကုမ္ပဏီမှာ အလုပ် လုပ်နေပြီ။ သမီးကတော့ ၂ဝဝ၇ ခုနှစ် သံဃာ့ အရေး အခင်း မှာ ကျွန်မ တို့ကို ဖမ်းမယ် သတင်း ကြိုရလို့ သူ့အမျိုးသား နဲ့ Australia ကိုလိုက် သွား ခဲ့တာ အခုတော့ University of New South Wales (Australia) ကနေ ဆရာဝန် ဘွဲ့ရ ကလေး နှစ်ယောက် အမေ တစ်ဦး ဖြစ်နေပါပြီ။ အန်တီ တို့ရဲ့ ရင်ကဖြစ်တဲ့ သားနဲ့ သမီးကို သူ တို့ ခြေထောက်ပေါ် သူတို့ ရပ် တည်နိုင်အောင် အန်တီ တို့ပြုစု ပျိုးထောင် ခဲ့လို့ ပြီးပါပြီ။ အန်တီတို့ရဲ့ လက်ကျန် အချိန်ကို အန်တီ တို့ နိုင်ငံက အခြေခံ လူတန်းစားတွေ ရဲ့ ရင်သွေး ငယ်လေးတွေ ကို သူတို့ ခြေထောက်ပေါ် သူတို့ ရပ်တည်နိုင်အောင်၊ ကိုယ့်ဘဝ ကိုယ် ပြည့်ပြည့်စုံစုံ မရပ်တည်နိုင်သေး တဲ့ မြန်မာ လူမျိုးတွေ ရဲ့ လိုအပ်ချက်တွေ ကို တတ်နိုင်သမျှ ထောက်ပံ့ ကူညီပေး ချင်တဲ့ ဆန္ဒတွေကြောင့် အန်တီ တို့က သားသမီး တွေနဲ့ အတူ လိုက်နေဖို့ လမ်းကို မရွေးကြတာပါ။

နိုင်ငံကျော် ရုပ်ရှင်မင်းသား တစ်ယောက်ရဲ့ ဇနီး ဘဝနဲ့ တုန်းကရော အန်တီက ကိုယ့် ခင်ပွန်း အတွက် ဘယ်လိုတွေ ဖြည့်ဆည်းရင်း နေထိုင်ခဲ့ ပါသလဲ။

အန်တီက အနုပညာ နဲ့ပတ်သက်ရင် ဒုံးဝေး ပါတယ်။ ဒီတော့ ကိုကျော်သူ အနုပညာ လုပ် တုန်းက သူ့အဝတ်အစား ဝယ်ပေးတာလောက်ပဲ ဖြည့်ဆည်း ပေးနိုင်ခဲ့ပါတယ်။ အဲဒီတုန်း ကတော့ ဗိုလ်ချုပ်ဈေး ပဲရှိသေးတာပေါ့။ ဈေးကဆိုင် တွေနဲ့ကလည်း ခင်နေတော့ သူနဲ့ အဆင်ပြေမယ် ထင်တာတွေ အိမ်ကို အကုန် သယ်ချလာပြီး အိမ် မှာ သူ့စိတ်ကြိုက် ဝတ်ကြည့်ပြီးရွေးပေါ့။ မယူတာ တွေပြန်ပေး၊ ယူတာတွေ ငွေရှင်း၊ ထပ်ပေးလိုက် တာတွေ ထပ်ယူခဲ့ ပြန်ပို့လိုက်၊ ထပ်ယူဖြစ်တာ တွေ ထပ်ငွေ ရှင်းလိုက် နဲ့ တစ်ကား ရိုက်ရင် ဈေးကို ခြောက်ရက် တစ်ပတ်လောက်က ဆက်တိုက်သွား ရရော။ ပြောရရင် အဝတ်အစားတောင် အန်တီ ကရွေးတတ်တာ မဟုတ်ဘူး။ သယ်ယူ ပို့ဆောင် ရေးလောက်ပဲ။ နောက်ပိုင်း ဆရာ မင်းသိင်္ခကား တွေရိုက်တော့ အန်တီ အဝတ်အစား ဝယ်ပေး ရတဲ့ အလုပ် သက်သာသွားတယ်။ ဝတ်စုံတစ်စုံနဲ့ တစ်ကားလုံး ရိုက်ရတာ များတယ်လေ။ ဒါပေမဲ့ မှတ်မှတ်ရရ ပုဏ္ဏာဘကွန်းနဲ့ အမေ့နို့ဖိုး နှစ်ကား မှာ သူတို့ ကားဆက်ပြီးလို့ ပြန်ကြည့်ကြချိန် မှာ သူတို့ကတော့ သူတို့ ရိုက်ခဲ့ သမျှ ကိုနှမြောပြီး ဖြတ်ထုတ် ရမှာ နှမြောနေချိန်မှာ အန်တီ ကတော့ ကား သွက်အောင်လို့ ပရိသတ် တစ်ယောက် အနေနဲ့ အိုင်နေတယ်လို့ ခံစားရတဲ့ အပိုင်းတွေ၊ အပိုလို့ ခံစား ရတဲ့ အပိုင်းတွေ အတော်များများ ကို ဖြတ် ထုတ် ခိုင်းခဲ့တယ်။ အန်တီက ဟောလီးဝုဒ် ကကား တွေ အကြည့် များတော့ သူတို့ရဲ့ ခပ်သွက်သွက် နဲ့ ကွက်တိ တင်ပြ တာတွေကို ကြိုက်တာလေ။ မှတ် မှတ်ရရ အဲဒီနှစ်ကား စလုံး တော်တော် အောင်မြင် တယ်။ ပရိသတ် အားရော၊ ငွေကြေး အမြတ်ရော၊ အမေ့နို့ဖိုးဆို အကယ်ဒမီ ခုနစ်ခု နဲ့ ရုပ်ရှင် သမိုင်းမှာ စံချိန် တင်နိုင်ခဲ့တယ်။ သူ့အနု ပညာနဲ့ ပတ်သက်ပြီး အန်တီ အနေနဲ့ ဒီလောက်ပဲ ပံ့ပိုးနိုင်ခဲ့ပေ မဲ့ သူ့ရဲ့ အနုပညာ၊ သူ့ အနုပညာရှင် ဆိုတဲ့ ထင်ပေါ် ကျော်ကြားမှု ကို အသုံးချရမှာ လမ်းလွဲမရောက် အောင်၊ လမ်းမှန်အသုံးချဖြစ်အောင်တော့ အန်တီ အများကြီး ပံ့ပိုးနိုင်ခဲ့ပါတယ်။ TV ကြော်ငြာ အနေ နဲ့ အရက်၊ စီးကရက် လို လူတွေကို အန္တရာယ် ဖြစ်စေမယ့် ကြော်ငြာ မျိုးတွေကို လုံးဝပေးမရိုက် ခဲ့ပါဘူး။ လူအများ အတွက် အကျိုးများမယ့် နာရေး ကူညီမှု အသင်း ကို တည်ထောင် ရာမှာတော့ သူ့ ကျော်ကြားမှုကို အပြည့်အဝ အသုံးချခဲ့ပါတယ်။

အန်တီ့ အနေနဲ့ ကိုယ့် အမျိုးသားကို အခုလို လူမှု ရေးအလုပ်တွေပဲ လုပ်နေတဲ့သူ အနေနဲ့ရယ်၊ မင်းသား တစ်ယောက် အနေနဲ့ရယ်မှာ အန်တီက ဘယ်ဟာကို အကျေနပ် ဆုံး ဖြစ်ပါသလဲ။

အခုပြောခဲ့တာတွေကို ကြည့်ရင် အန်တီဟာ ရုပ်ရှင် မင်းသား တစ်ယောက်ထက် ပရဟိတ သမားဘဝကို ပိုနှစ်သက်တယ် ဆိုတာ ဖြေစရာ တောင် မလိုပါဘူး။ ဒါပေမဲ့ သူသာ နာမည်ကျော်ကြား လူကြိုက် များတဲ့ ရုပ်ရှင်မင်းသား တစ်ယောက် မဟုတ်ခဲ့ရင် နာရေး ကူညီမှု အသင်း (ရန်ကုန်) ဟာလည်း အခုလောက်အောင်မြင်တဲ့ အသင်းဖြစ် လာပါ့မလား ဆိုတာတွေးမိရင်း ရုပ်ရှင်မင်းသား ဖြစ်ခဲ့ခြင်း အပေါ်မှာလည်း ကျေနပ်ပါတယ် ဆိုတာ ကို ”ကျေနပ်မိပါပြီ” ဆိုတဲ့ အန်တီ ဘဝမှာ ပထမ ဆုံးရေး ဖူးတဲ့ ဆောင်းပါးလေး ကို ကိုဝင်းငြိမ်းရဲ့ အလင်းတန်း ဂျာနယ်မှာ ရေးခဲ့ဖူးပါတယ်။ အခု သူ့ရဲ့ အတွေ့အကြုံတွေကို ပြည်သူလူထု ကို မျှဝေ နေတဲ့ စာရေးခြင်း အနုပညာ ကိုတော့အန်တီက နှစ်ခြိုက်အားပေးပါတယ်။

ကိုယ့်ရဲ့သား၊ သမီးတွေရဲ့ အနာဂတ် အတွက် ကိုရော မိဘတစ်ဦး အနေနဲ့ အန်တီ ဘယ်လိုတွေ စီမံ ဖြစ်ပါသလဲ။

သားနဲ့ သမီး အလယ်တန်း ကျောင်းသူ၊ ကျောင်းသား ဘဝကတည်းက ဗုဒ္ဓမြတ်စွာ ဘုရား ရဲ့အဆုံးအမတွေနဲ့ ယဉ်ပါးအောင် ထားခဲ့တယ်။ သူတို့ကို အမြဲတမ်း ကားမောင်း ပို့ပေးနေရတဲ့ အမေ တစ်ယောက်အနေနဲ့ ကားထဲမှာ တရား ခွေတွေ အမြဲဖွင့် ပေးထားခဲ့တယ်။ မှတ်မှတ်ရရ အရှင်ဇနကာ ဘိဝံသ (တောင်မြို့မဟာ ဂန္ဓာရုံ ဆရာ တော်)ရဲ့ ပဋ္ဌာန်း CD ၁၈ချပ်ကို တစ်ချပ်ပြီး တစ်ချပ် ဆက်တိုက် ဖွင့်ပေးရင်း ကျောင်းကြို ကျောင်းပို့၊ ကျူရှင်ကြို ကျူရှင်ပို့ လုပ်ခဲ့တာ နောက်ပိုင်းကျ သူတို့က တရား ကို နားထောင်ရတာ စိတ်ဝင်စား လာပြီး တရား တစ်ပုဒ် မဆုံးခင် ကားပေါ်ကမဆင်း ချင် လို့ ”အခုနေရာမှာ ရပ်ထားပေးမယ်။ သားနဲ့ သမီး ကားပြန်စီး မှ ဆက် နားထောင် တာပေါ့” လို့ အာမခံ ပေးရတယ်။ နောက်ပိုင်း ယောဆရာတော်၊ ဆရာတော် ဦးဇောတိက၊ မိုးကုတ် ဆရာတော်၊ အရှင် ဆေကိန္ဒ၊ အရှင် ဆန္ဒာဓိက စတဲ့ သံဃာတော် တွေရဲ့ တရားတွေ နာကြရင်း ဖတ်ကြရင်းနဲ့ သူတို့ ဘာသာ သူတို့ တရားဓမ္မ အစစ်အမှန်ကို ကိုယ့်ဥာဏ်နဲ့ ရွေးချယ် တတ်လာကြတယ်။ အမှား အမှန်၊ အကောင်း အဆိုးကို အကြောင်းနဲ့ အကျိုးနဲ့ ဝေဖန် ပိုင်းခြားတတ်လာကြတယ်။ တရားဓမ္မကို နားလည်မြတ်နိုးသူတွေ ဖြစ်လာတော့ လောကီမှာ လည်း ဓမ္မအတိုင်း မကောင်း မှုတွေကို  ရွံမုန်းရှောင် ကြဉ်တဲ့၊ ကောင်းမှုတွေကို မြတ်နိုးတဲ့ကလေး တွေဖြစ်လာကြတယ်။ အသက်မွေး ဝမ်းကြောင်း ပညာအနေ နဲ့လည်း အင်ဂျင်နီယာ နဲ့ ဆရာဝန်ဖြစ် အောင် ပညာ ဆည်းပူးစေခဲ့ပါတယ်။ အသိပညာနဲ့ အတတ်ပညာနှစ်ခု စလုံးကို မျှတအောင် ဖြည့် ဆည်းစေနိုင်ခဲ့လို့ အမှားအမှန် အကောင်း အဆိုးကို ကိုယ်ပိုင် ဥာဏ်နဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ ခေတ် ပညာတတ်တွေ အဖြစ် ဘဝကို ရပ်တည် ဖြတ်သန်းနေကြပါပြီ။

အခု နောက်ပိုင်းမှာ နာရေး ကူညီမှု အသင်းမှာ Volunteer လုပ်တာကို Popular တစ်ခု အနေ နဲ့ တချို့ က သတ်မှတ်ပြီး ဒီ အလုပ်တွေကို လုပ်ကြ တာကို တွေ့ရပါတယ်။ ဒီကိစ္စကို အန်တီ့ အမြင် နဲ့ သုံးသပ်ပေး ပါဦး။

ပရဟိတ အလုပ်ကို Popular အနေနဲ့ လုပ် နေကြတယ် ဆိုရင်တောင် အန်တီ အမြင်တော့ ကိုရီးယား ကားထဲကလို အတု ခိုးပြီး ယောက်ျား လေးတွေရော မိန်း ကလေးတွေ ပါ အရက် သောက်ကြ မူးကြ ရမ်း ကြတာမျိုး၊ ဆေးလိပ်သောက် ကြတာမျိုး အဝတ်အစား ကို အရမ်းခေတ်မီ လွန်ကဲပြီး အရှက်နည်းစွာ ဝတ် တာမျိုး၊ အကျိုး မရှိတဲ့ ပြိုင်ဆိုင် တာမျိုး(ကားပြိုင်မောင် မော်တော် ဆိုင်ကယ် ပြိုင်မောင်း) တွေကို Popular အနေနဲ့ လုပ်နေကြ တာထက် ပရဟိတ အလုပ်ကို Popular အနေနဲ့ လုပ်နေကြတာ အများ ကြီးသာ ပါတယ်။ တကယ် တော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေ မှာဆို ပရဟိတ အလုပ်ဟာ လူတိုင်းရဲ့ စရိုက် အဖြစ်၊ ကိုယ်ကျင့် တရား အဖြစ် အမြစ် တွယ်နေ ကြပါပြီ။ အန်တီ တို့ဆီမှာလည်း Popular အနေနဲ့ လုပ်ကိုင် ကြရင်းက စရိုက် အဖြစ်၊ ကိုယ်ကျင့်တရား အဖြစ် အမြစ်တွယ် လာ ကြရင် အကောင်းဆုံးပေါ့။ တစ်ချိန် တုန်းက လူငယ် လူရွယ်တွေဟာ ကိုယ်ကျိုး အတွက် ခွင်ရှာ တတ်တဲ့ သူတွေ၊ ခွင်ဖန်တတ်တဲ့ သူတွေ၊ ရ ယူ တတ် တဲ့ သူတွေကို အားကျ အတု ခိုးနေကြ ရာက အခုဆို အများ အကျိုး လုပ်ဆောင်နေတဲ့ သူတွေ၊ ပေးဆပ် တဲ့ သူတွေကို အားကျ လေးစား အတုခိုး လာကြတာ ဟာ နိုင်ငံနဲ့ လူမျိုး အတွက် ရလဒ်ကောင်း တစ်ခု ပါဘဲ။
အခုခေတ် ကမ္ဘာကြီးဟာ ရွာကြီး တစ်ရွာလို ဘာကို မှတားဆီး ပိတ်ပင်ဖို့ မလွယ်တော့တဲ့ အခြေအနေ မှာ မကောင်းဓလေ့ စရိုက်တွေ ကလည်း စီးကူး ဝင်ရောက် လာနေ ကြသလို ကောင်းတဲ့ ဓလေ့ စရိုက်တွေ အားကောင်းကောင်း နဲ့ လူငယ်လူရွယ် တွေထံ ကူးစီးလာအောင် ကြိုးစား ကြဖို့က တတ် သိနားလည်တဲ့ လူကြီးတွေမှာ တာဝန် အများကြီး ရှိပါတယ်။ အန်တီ တို့နိုင်ငံမှာ ပရဟိတ အလုပ်ဟာ လူတိုင်း ရဲ့ စရိုက်တစ်ခု၊ ကိုယ်ကျင့် တရား တစ်ခု၊ ကိုယ်ကျင့် သီလတစ်ခု အနေနဲ့ အသားကျ လာတဲ့ အချိန်မှာ ထူခြား ဆန်းကျယ်တဲ့ Popular အလုပ် အဖြစ် ဘယ်သူမှ ထင်မြင်တော့မှာ မဟုတ်ပါ ဘူး။

လူမှုရေး လုပ်တဲ့ သူတွေဆိုတာ အတ္တဟိတ ကို စွန့်ပြီး လုပ်ရတယ် ဆိုတော့ ဘယ်အခြေအနေ လောက် အထိ စွန့်ရပါမလဲ အန်တီ။

ဗုဒ္ဓဘာသာဝင်တွေ ရဲ့ အခြေခံ အကျဆုံး ဥာဏ်ဖြစ်တဲ့၊ ကံ ကံ၏ အကျိုးကိုတကယ် ယုံကြည်တဲ့ ကမ္မသက္ကတ သမ္မာဒိဋ္ဌိဥာဏ် ရှိရင် ပရဟိတ အလုပ်ကို ကိုယ်ကျိုး စွန့်ရတဲ့ အလုပ်၊ စွန့်လွှတ် အနစ်နာခံရတဲ့ အလုပ်လို့ မမြင်တော့ပါဘူး။ မြတ်စွာ ဘုရား ဟောကြားခဲ့တဲ့ မကောင်းမှုရှောင် ပြီး ကောင်းမှု ဆောင်နေခြင်း သာဖြစ်တယ်လို့ နားလည် သဘောပေါက်လာမှာပါ။

ပရဟိတစစ်စစ်ဆိုတာ ဘယ်လိုမျိုးပါလဲ။

ပရဟိတ အလုပ်ကို ကိုယ့်ရဲ့ (လာဘ) ငွေကြေး လာဘ်လာဘ ရရှိဖို့ဖြစ်စေ၊ ကိုယ့်ရဲ့ (သက္ကာယ) သြဇာအာဏာ ကြီးထွားဖို့ ဖြစ်စေ၊ ကိုယ့်ရဲ့ (သိလောက) ထင်ပေါ် ကျော်ကြားမှု အတွက်ဖြစ်စေ ပြုလုပ်နေရင်တော့ ပရဟိတ စစ်စစ် မဟုတ်သေးပါဘူး။ လာဘ၊ သက္ကာယ၊ သိလောက ဆိုတဲ့ ကိုယ်ကျိုးအတ္တကို လုံးဝ မမျှော်ကိုး ဘဲ တစ်ဖက်သား အကျိုးသက်သက် အတွက် ဖြူစင်တဲ့ စိတ်ထား နဲ့ ပြုလုပ်ခြင်းကသာ ပရဟိတ စစ်စစ် ဖြစ်ပါတယ်။

တချို့က အတ္တနဲ့ ယှဉ်ပြီး ပရဟိတတွေ လုပ်ကြ တယ်။ ဒီအကြောင်း ကိုလည်း ဆွေးနွေးပေးပါ ဦး။

အတ္တနဲ့ ယှဉ်ပြီး ပရဟိတ လုပ်ကြတယ်ဆိုရာ မှာ အထက် ကပြောခဲ့သလို လာဘ၊ သက္ကာယ၊ သိလောက တို့ကို မျှော်ကိုးရင်သာ မဖြူစင်ဘူး၊ ပရဟိတ မစစ်ဘူး လို့ ဆိုနိုင်တာပါ။ ဓမ္မသဘော အရ ကောင်းကြောင်း တရားတွေ ဖြည့်ဆည်းလို့ ပြည့်စုံလာရင် ကောင်ကျိုး တရားတွေက အလိုလို ပြည့်ဝ ဖြစ်ထွန်းလာတဲ့ သဘောက ရှိလေတော့ စစ်မှန်တဲ့ ပရဟိတတွေကို လုပ်ရင်း အတ္တဟိတ တွေကလည်း ဖြစ်ထွန်း လာမှာဘဲ။ ဗုဒ္ဓမြတ်စွာ ဘုရားဟာ သဗ္ဗေညုတ ရွှေဥာဏ်တော် ရရှိဖို့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ ပရဟိတ အလုပ် တွေ နဲ့ပဲ ပါရမီဖြည့် ခဲ့တာပါ။

လူမှုရေး အလုပ်တွေကို စိတ်ဝင်တစား လုပ်ချင်တဲ့ လူငယ်တွေကို အန်တီ့ အနေနဲ့ ဆုံးမ စကားလေး ပြောပေးပါဦး။

ပရဟိတ အလုပ်ကို ကိုယ့် ရဲ့စရိုက်၊ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား၊ ကိုယ့်ရဲ့ အကျင့်သီလ ဖြစ်လာတဲ့ အထိ စွဲမြဲအောင် လုပ်ကြပါ။ ကိုယ့် အသက်မွေး ဝမ်းကြောင်း အလုပ် မလုပ်တော့ဘဲ ပရဟိတ အလုပ်ကို ချည်းသက်သက်ကြီး လုပ်ဖို့ မလိုပါဘူး။ ကိုယ့် အသက်မွေး ဝမ်းကြောင်း အလုပ်နဲ့ ယှဉ်တွဲ ပြီး လုပ်တတ်အောင်၊ လုပ်ဖြစ်အောင် ကြိုးစား ယူရမှာပါ။ ဥပမာ-မုန့်ဟင်းခါး ရောင်းတဲ့သူဟာ သူ့မုန့်ဟင်းခါး ကို အမြတ် များများ ရဖို့ သက်သက်ဘဲ မရည်ရွယ်ပဲ စားသုံးသူတွေ အရသာ ရှိအောင်၊ ကျန်းမာရေး နဲ့ ညီညွတ်အောင် သန့်သန့် ရှင်းရှင်းလေး၊ ဈေးနှုန်း အသင့်အတင့်လေး ချက်ပြုတ် ရောင်းချရင်ပဲ ပရဟိတ လုပ်ပြီး ဖြစ်နေပါပြီ။ ပရဟိတ စစ်စစ် လုပ်ခြင်း ကိုမြတ်စွာ ဘုရား ရဲ့ ‘မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား’ ဆိုတဲ့ အဆုံးအမ နဲ့ အညီ နေထိုင်ခြင်း လို့ နားလည်ပြီး ကိုယ်ကျိုး စွန့် အနစ်နာခံနေ ရ ခြင်း သက်သက်လို့ မမြင်တော့ဘဲ ကိုယ့်ကိုယ် ကိုယ် တကယ် ချစ်လို့ တရားဓမ္မအတိုင်း နေထိုင် ဖြစ်နေတာလို့ နားလည် သဘောပေါက်ကြစေ ချင်ပါတယ်။

↧

Women in the Lead

$
0
0

 

‘မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက် တာဝန် ဖြစ်တဲ့ ရပ်ရွာအေးချမ်း သာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေး ဆိုတာက  တကယ်တော့ ပြည်သူလူထု တစ်ရပ်လုံး ကို  လုံခြုံအောင် လုပ်ပေးတာပဲ။ လူတိုင်းကို ဥပဒေ နဲ့အညီ အေးအေးချမ်းချမ်း နေထိုင်လို့ရအောင် ဖန်တီးပေးရတာပဲ’ ဟု သူတို့ တာဝန်ကို တစ်ညီတည်း ခံယူ နားလည် ခဲ့ကြ သူ အမျိုးသမီး တစ်စုကို  ကျွန်မတို့ ရှာဖွေတွေ့ ရှိခဲ့ကြသည်။ ပြည်ထဲ အရေးအရာ ကို ကိုယ့်တာဝန်ဟု ခံယူ သတ်မှတ်နိုင် ကြလင့်ကစား သူတို့၏ အပြုံး များ ကတော့ မာန်မရှိ ပီဘိ အရိုးခံသက်သက်။ နိုင်ငံအတွက် လိုအပ်လျှင် အသက်ကိုပါ ပေးဆပ်ပေးပါမည့် အကြောင်း စွန့်လွှတ် စွန့်စားရန် အသင့်ရှိ သူများကိုသာ စုစည်း ပြီး အထူး လုံခြုံရေး အတွက် တပ်ဖွဲ့ တစ်ခုကို ၂ဝဝဝပြည့်နှစ်က စလို့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။ ထိုတပ်ဖွဲ့၏ စွမ်းဆောင်မှု များက လူထုကြား တွင် တသွင် သွင် စိမ့်ဝင် စီးဆင်းနေခဲ့သည်။ ၂ဝဝ၈ ခုနှစ် နာဂစ်ကာလက တာမွေ အဝိုင်း တစ်ကွေ့ တစ်ပတ်နှင့် ကန်တော်ကြီး ပတ်လမ်း တစ်လျှောက်က သစ်ပင်သစ်တုံး အကျိုး အပြတ်များကြားတွင် သူတို့ခြေရာ များရှိသည်။ ပိတ်ဆို့မှုကို ရှင်းလင်းရင်း ကျခဲ့ကြရသည့် သူတို့၏ချွေးစက်များရှိသည်။

ထိုအထဲကမှ လူထုကြား စာမျက်နှာထက်၊ တာဝန် ထမ်းဆောင်နေသော သူမ၏ ပုံရိပ်များ တီဗီ ဖန်သားပြင်ထက် တွင် ခေတ်စား လာသည်။ သူမက ဒုရဲအုပ် ဇာဇာအောင်။ ပထမဆုံး အမျိုး သမီး ကိုယ်ရံတော် တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်လာသူ၊ လက်ရှိမှာ သမ္မတ လုံခြုံရေးတာဝန် ကိုထမ်းဆောင် နေရသူ.. ။ နိုင်ငံ တကာ လေ့ ကျင့်ရေး  ကွင်း များတွင် နာမည် သတင်းကျော်စောသူ..။ ပေါင်၂ဝ အလေးချိန်နှင့် ဝတ်စုံပြည့် ယှဉ်ပြိုင်ရသော တော တွင်း ခရီးကြမ်း ပြိုင်ပွဲတွင် အမျိုးသား ၄၁၉ ဦး နှင့် အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၇ဦးမြောက်ပန်း ဝင်လာသူ အဖြစ် ၂ဝဝ၆ ခုနှစ်တွင် အောင်ပွဲခံနိုင် ခဲ့သူ..။

ယောက်ျားများနှင့် အပြိုင် ရင်ပေါင်တန်းလုံးထွေး သတ်ပုတ် စွမ်းဆောင်နိုင်သူ..။ စသည့် စသည့် ဂုဏ်ပုဒ်များကသူမ၏ တပ်ဖွဲ့ပြယုဂ်များဖြစ်လာစေသည်။

ဘာလို့ ခုလိုဘဝဖြတ်သန်းမှုမျိုးကိုရွေးချယ်ခဲ့တာပါလဲ။ ဒီလိုခက်ခဲပင်ပန်းတဲ့ အလုပ်မျိုးတွေ လုပ်နိုင်ဖို့အတွက် ဘယ်တုန်းကတည်းက သတ္တိ တွေ မွေးခဲ့တာ လဲ။

ဒီလိုခက်ခဲ ပင်ပန်းတဲ့ အလုပ် လုပ်ရမယ် လို့တော့ ထင်မထားခဲ့ဘူး။ ရဲခေါ်တုန်းကတော့ ဘာရယ် မဟုတ်ဘူး လျှောက်လိုက်တာပဲ။ ပင်ပန်းဒဏ်ကို ခံနိုင်တယ် လို့ပြောရ မလား .. ဝါသနာလည်း ပါတယ် လုပ်လည်း လုပ်ချင် တယ်ဆိုတာနဲ့ လျှောက် လိုက်တာပဲ။ အခြေခံ သင်တန်း ဆင်းပြီး ကတည်းက တခြား ဘာဆန္ဒမှ မရှိခဲ့သေးဘူး။ ဆန္ဒ တစ်ခုတည်းပဲ ဘာလဲဆို တော့ ဒီအထူး တာဝန်တပ်ဖွဲ့မှာပဲ ဆက်နေ မယ်၊ မပြောင်းဘူးလို့။ ဆန္ဒ တောင်း ခံတဲ့အခါ ဒီဆန္ဒ တစ်ခုပဲတောင်းခဲ့ဖူးတယ်။

ခက်ခဲကြမ်းတမ်းတဲ့ကိစ္စ တွေကိုရင်ဆိုင်ရတဲ့အခါ ဘယ်လိုဖြတ် သန်းခဲ့ ပါ သလဲ။

သိပ်ခက်ခဲတဲ့ ဘဝမျိုး၊ အခြေ အနေမျိုးမှာ မနေခဲ့ဖူးဘူး။ သင်တန်းမှာ ခက်ခဲတယ် ဆိုတာလည်း သိပ်မရှိခဲ့ ဘူး။ အဲလိုပဲ  မိဘ တွေ နဲ့ နေတဲ့ အချိန်မှာ လည်း မရှိခဲ့ ဘူး။ ဘယ် လို ပြောရမလဲ ဘဝကို အလိုက်သင့် အလျား သင့် နေတတ်ခဲ့တယ်ပေါ့။ ကိုယ့်ဘဝကို နေတတ် အောင်ဖြတ်သန်း လာခဲ့တာပဲ။ ရောက်တဲ့ အခြေ အနေနဲ့ အကောင်း ဆုံး ဖြစ်အောင် ကြိုး စားခဲ့တယ်။ နေတတ်အောင် နေခဲ့တယ်။ နောက်ပြီး သူများတွေ လို ဖြစ်ချင် တာတွေနဲ့ အရမ်း ခက်ခဲတာတွေကို ကြုံရတယ် ဆိုတာ လည်း မရှိ ဘူး။ ဖြစ်ချင်တာတွေ မဖြစ်လို့ စိတ်ဓာတ်တွေ ကျတာမျိုး လည်း မခံစားခဲ့ရဘူး။ ကိုယ် မကျွမ်းကျင်တဲ့ ဘာသာရပ်ကို စိတ်ညစ်ခံ ပြီးနေ ရတယ် ဆိုတာလည်း မရှိခဲ့ဖူး ဘူး။ နေတတ်ခဲ့ တယ်လို့ ပဲပြောရမလား၊ သင်တန်း မှာလည်း ပင်ပန်းခံနိုင် ခဲ့တယ်လို့ပဲပြောရ မလားလည်း မသိဘူး။

အသက် ၁၈နှစ် အရွယ် လောက်က ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတွေး ခဲ့ဖူးလဲ။

ကိုယ့်ကိုယ် ကိုယ် ဘာဖြစ်ချင်တယ် ဆိုတာမျိုး တွေးခဲ့ဖူးတဲ့ အတွေး မျိုးတော့ မရှိပါဘူး။ ကျောင်း တက်ခဲ့တဲ့ ကာလ တုန်းက ဘာဖြစ်ရမယ် လို့ မှန်းခဲ့ ဖူးတာတွေ၊ ကိုယ်ဖြစ် နိုင်တဲ့ ရည်မှန်းချက်မျိုး တွေမရှိခဲ့သလို သိပ်မြင့် မားတဲ့ ဘဝကိုလည်း မမှန်းခဲ့ဘူး။ တောင်သူ သားသမီး ဆိုတော့ လည်း ကိုယ့်မိဘ ကိုဝန်ထုပ် ဝန်ပိုး ဖြစ် စေ မယ့် ဆန္ဒမျိုးတွေ မတွေးဖြစ်ခဲ့ဘူး။  ကိုယ့်မိဘက ဘာ လုပ်ပေးရမယ် ဆို တဲ့ အတွေးမျိုးလည်း မတွေးခဲ့ဖူးဘူး။

ဒီလိုပဲ ကိုယ့်ဘဝနဲ့ ဖြစ်နိုင်မယ့် အရာ ကိုပဲကြိုးစားရင်း ဘွဲ့ တစ်ခု ရပြီး အလုပ်တစ်ခုရ အောင်လုပ်ဖို့ ကြိုးစား ခဲ့တာပဲရှိ တယ်။ (ခပ်ပြုံးပြုံး ပြောနေရာ က ရယ်လျက် ) ပြောရ မယ်ဆိုရင် ဇာကြီး ဘဝက ဘာမှမရှိဘူး။ သိပ်ရိုးရှင်းတာပဲ။

ဒါဆို နေချင်ခဲ့တဲ့ငယ်ဘဝစိတ်ကူးမျိုးနဲ့ အခု လက်ရှိ ဘဝ တစ်ထပ်တည်းကျ မကျ။

တစ်ထပ်တည်းကျပါ တယ်။ ဒီဘဝကိုကျေနပ်ပါ တယ်။

အခုလက်ရှိတာဝန်တွေပေါ်ကြောက်စိတ် စိုးရိမ်စိတ်တွေရောမရှိခဲ့ဖူးဘူးလား။

ကြောက်စိတ်တော့ မရှိဘူး။ တာဝန် မကျေမှာ ကိုတော့ စိုးရိမ်တယ်။ တာဝန် လစ်ဟင်းမိမှာ ကိုတော့ကြောက်တယ်။

ဘယ်လိုဦးဆောင်မှု အရည်အသွေးတွေကို လေးစား အားကျမိပါသလဲ။ လေးစားအား ကျရသူ ရှိဖူးတယ်ဆိုရင် တစ်ယောက် လောက် ကိုပြောပြပါလား။

 လေးစား အားကျရတဲ့ သူတွေ ကတော့ အများ ကြီးပဲ ဥပမာ သေနတ်ပစ်ဆိုရင် ဆရာ ဗျတ်မောအိ (ချင်းတိုင်းရင်းသူ ဒုရဲ အုပ် တစ်ဦးလို့ သိရပါတယ်)..။ ဆရာ ဗျတ်မောအိ က သေနတ် ပစ်တာကို ခရေဇီ ရှိတယ်။ တစ်စိုက်မတ်မတ် လုပ်တယ်။ စတာမျိုး နေရာတိုင်းမှာ တော့ တစ်ယောက် တစ်ယောက် စီနဲ့ အများကြီး ရှိတယ်။ ဆရာတွေ အများကြီး နဲ့နေလာတာ ဆိုတော့ အများ ကြီး ရှိပါတယ်။ စိတ်ဓာတ်ရေးရာ ဆိုရင် အားကျတဲ့သူ၊ အုပ်ချုပ်ရေးမှူး ဆိုရင် ဘယ် သူ၊ အဘ (သူတို့ရဲ့ တပ်ဖွဲ့မှူး- ရဲမှူးကြီး ကို ဆိုလိုတာပါ) ဆိုရင် စီမီခန့်ခွဲနိုင်တာ၊ အုပ်ချုပ်နိုင်တာ လိုအလုပ်တွေ အများ ကြီး လုပ်တာမျိုး အဲသလို ကိုယ် နေတဲ့ နေရာမှာ လေးစား အား ကျ ရတဲ့သူ တစ် ယောက်စီရှိ တယ်။

ဘဝကို ဟန် ချက် ညီ အောင် နေထိုင်ဖို့ ဘယ်လိုများ ကြိုး စားခဲ့ပါသလဲ။ အဲ သလိုနေထိုင်ဖို့ စီမံကိန်း ချထားတာ မျိုးကောရှိပါသလား။

မရှိပါဘူး။ ဝန်ထမ်း ဆိုတာ ပြောရ ခက်တယ်။ ဒီ နေရာမှာပဲ အမြဲတမ်း နေရမယ်ဆိုတာ မျိုးလည်း ပြောလို့မရ ဘူးလေ။ ဘဝကို ဘယ်လိုဖြစ်အောင် လုပ် မယ်ဆိုတာ မျိုးတွေ ထားခဲ့တာမျိုး မဟုတ်တော့ ရဲအရာရှိ ဖြစ်တာလည်း မျှော်လင့် မထားတာဘူး။ ဘာဖြစ် ရမယ်လည်း မျှော်လင့် မထားဘူး။ ဒီလိုဖြစ်လာတယ် ဆိုတာလည်း မျှော် လင့် မထားတဲ့ အရာပဲ။ ကိုယ် မမျှော် လင့်ထားတာတွေပဲဖြစ်လာတယ်။

ဘဝမှာဘယ်လိုစည်းမျဉ်းစည်း ကမ်းတွေနဲ့ ဖြတ်သန်းခဲ့သလဲ။

ညီမဘဝမှာ စည်းမျဉ်း စည်းကပ်တွေ တင်းကျပ်တာမျိုး မခံခဲ့ရဖူးဘူး။ မိဘတွေနဲ့ နေခဲ့တုန်းကလည်း မိဘ က ဘယ်လို စည်းကမ်းနဲ့နေရမယ် ဆိုပြီး တင်းကျပ် တာမျိုး လည်း အထူးတ လည် မရှိခဲ့ဘူး။ ပြောရရင် ကိုယ်နေ ချင်သလို နေခဲ့ရတယ်ပေါ့။ သင်တန်း မှာလည်း စည်းကမ်းကို အထူးတလည် ခက်ခက်ခဲခဲ မဖြတ်သန်းခဲ့ရပါဘူး။

အခုလက်ရှိတာဝန်အပေါ်နဲ့ သမ္မတအပေါ် ဘယ်လို သဘောထားလဲ။

အစကတော့ ဒီလို ဖြစ်လာမယ်လို့ မျှော်လင့်မထားခဲ့ ဘူး။ ဝန်ထမ်း ဆိုတာ ကိုယ်ကျတဲ့ နေရာမှာ တာဝန် ကျေပွန်အောင် ထမ်းဆောင်မယ် လို့တော့ စိတ်ကို ထားပါ တယ်။ တာဝန်ကျေ ချင်တယ်။ ဘယ်သူက ကိုယ့် ခေါင်းဆောင်ဖြစ်ရ မယ်လို့ ဘယ်သူမှ ရယ်လို့ မရှိခဲ့ဘူး။ ကိုယ့်တာဝန်ကို ကိုယ် ကျေပွန်အောင် ထမ်းဆောင် ရမယ် ဆိုတာပဲတွေးပါတယ်။ သမ္မတကြီးကလည်း အလွန် လေးစား ကြည်ညိုစရာ ကောင်းပါတယ်။ အန္တရာယ် ပြုလာနိုင် သူတွေထဲမှာ လူမျိုးစုံလည်း ရှိလာနိုင် သလို ယော က်ျားရော၊ မိန်းမပါ အားလုံး ဖြစ်နိုင်တဲ့ အတွက် နိုင်ငံတော်က လုံခြုံရေး တာဝန်ကို အမျိုးသား အပြင် အမျိုးသမီးတွေပါ ထပ်မံရွေး ချယ်လိုက် တဲ့အခါ ညီမတို့က ပါ လာ ရတာပါ။ ဒါကြောင့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမယ် လို့ပဲ သဘောထားပါတယ်။

ဦးဆောင်သူ တစ် ယောက် မှာ ရှိမယ့် အချက်တွေ အရည် အချင်း ရှိသင့်တဲ့ အချက်တွေ ကဘာတွေ လို့ ထင်ပါသလဲ။ ကိုယ်တိုင် က သင်တန်းကို ဦးဆောင် နေရတဲ့ ဦးဆောင် သူ တစ်ယောက် ဖြစ်နေတဲ့ အတွက် ဦးဆောင်သူ တစ် ဦးမှာ ရှိသင့်တဲ့ အချက်တွေ ကို နည်းနည်းပြောပြ နိုင်မလား။

 ဖြစ်လာရင် ကိုယ့်ဘက်က ကာကွယ် ထားနိုင်ဖို့ အရည်ချင်း ကတော့ပြီး ပြည့်စုံနေဖို့တော့ လို ပါတယ်။ အဲသလိုပြီး ပြည့်စုံ မနေရင် တောင် အတတ်နိုင်ဆုံး တော့ဖြစ် သင့်ဖြစ်ထိုက်တဲ့ အလျှောက် ရိုးသား သင့်တယ် လို့တော့ ထင်ပါတယ်။ ဒါကြောင့် ကြိုးစား ရမှာက စိတ်ဓာတ် ပိုင်းရော ကြံ့ခိုင်ရေး ပိုင်း ရောပေါ့လေ။ လူ့ ပတ်ဝန်းကျင် ကတော့ အကောင်း ဆုံး လိုချင်မှာ ပေါ့လေ။ ဒါကြောင့် အတတ်နိုင်ဆုံး အကောင်း ဆုံး ကြိုးစား ရမှာပေါ့။ တစ်ခုခု ကြုံလာ ခဲ့ရင်တောင်မှ ကိုယ် တစ်ယောက်တည်း ဆုံးဖြတ် ပြီး ကိုယ် တစ်ယောက်တည်း မှန်တယ်လို့ ပြော လို့တော့မရဘူး။ လေ့လာ သုံးသပ်ရ မယ်။ လူ့ ပတ်ဝန်းကျင် မှာ ဒီ အကြောင်း အရာ အားလုံးကို အားလုံး သုံးသပ် ရ မယ်။ ကိုယ်တိုင် သင်တန်းကို ဦးဆောင် ရတာ ကတော့ သိပ် အများကြီး တွေး မထားပါဘူး။ သင်ခန်း စာတွေကို သူတို့ရှေ့ မှာပြောပြ လုပ်ပြ ရဲရမယ်။ သူတို့ကို ခိုင်းဖို့ ကိုယ် က ရှေ့က လုပ်ပြနိုင် ရမယ် ပေါ့။ ဒီလောက် ပါပဲ။ ညီမအနေ နဲ့ကျတော့ ဒီသင်တန်းမှာ ဦးဆောင် သူတစ်ယောက် အဖြစ်နဲ့ ဖြတ်သန်းရတယ် ဆိုပေမယ့် သိပ် မခက်ခဲဘူး။ ဘာလို့ လဲဆို တော့ ဒီတာဝန်တွေ၊ ဒီ အခြေအနေတွေ ဟာ ဘယ်လို ရောက်လာမှန်း မသိ တဲ့ မသိမသာ ဖြစ်လာခဲ့တဲ့ နေရာ ဆိုတော့ အထူးတလည် ကြိုတွေး နေခဲ့တာမျိုး မရှိဘူး။ ကြိုးစား ပြီး လုပ်ခဲ့တာတွေပဲ ရှိတယ်။ နောက် တကယ် လုပ်ရတဲ့ အခါ ကိုယ် ဦး ဆောင်ရမယ့် သူတွေကို ကိုယ့်ထက်ငယ် တဲ့ သူလို့ပဲ စိတ်ထဲမှာ မွေးလိုက်တယ်။

ကိုယ့်ကိုလူသိများလာတော့ စိတ် ထဲဘယ် လို ခံစားရသလဲ။

နည်းနည်းတော့ အနေရကျပ်လာတာအမှန်ပဲ။

ဘဝမှာ ကြုံရတဲ့စိတ်ဖိစီးမှုတွေကို ဘယ်လိုနည်းနဲ့အပန်း ဖြေလေ့ရှိပါသလဲ။

အရမ်းပင်ပန်းလာရင် သီ ချင်းနားထောင် လိုက်တယ်။ ကျန်တာတော့ မရှိပါဘူး။

အခက်အခဲတစ်ခုကို တစ်ယောက် တည်းဖြေ ရှင်းရတော့ မယ့်အခြေ အနေ ကြုံလာရင် ဘာ အရည်အချင်း ရှိဖို့လို အပ်ပါသလဲ။

အရာရာကိုသုံးသပ်တတ်ဖို့ပဲလိုတယ်လို့ထင် ပါတယ်။

ဒီဘဝကိုရွေးချယ်ခဲ့တဲ့ အတွက် နောင်တရှိခဲ့ မရှိခဲ့။

 နောင်တတော့မဖြစ်ဘူး။

တစ်ချိန်မှာ နှလုံးသား ရေးရာနဲ့ အလုပ်နှစ်ခုထဲ က တစ်ခုကို ရွေး ရတော့ မယ်ဆိုတဲ့ အခြေ အနေ ကို ရောက်လာခဲ့ရင် ဘယ်လိုဆုံးဖြတ် မိမယ် လို့ ထင်လဲ။

အဲဒါမျိုးမဖြစ်ဘူး ထင်တာ ပဲ။ ရှိရင်လည်း အလုပ်က တော့ စွန့်လွှတ်လို့ မရပါဘူး။ အခုထိတော့ အိမ်ထောင်ပြုဖို့ ကို စိတ်ကူးမထား သေးဘူး။  ဒီမှာစ ကတည်းက စဉ်းစား ရမှာက အိမ် ထောင် ပြုရင်လည်း ဒီအလုပ် ကိုမြတ်နိုးတဲ့ သူပဲ ဖြစ်မှရမှာပေါ့။ ကိုယ်ကတော့ ဒီအလုပ်ကို တစ် စိုက်မတ် မတ်လုပ်နေတာ ဆိုတော့ ဒီအလုပ်ကို နား လည် ပေးနိုင်တဲ့သူ ပဲဖြစ်မှရမယ်။ အဲဒါမျိုးတော့ တွေးထားရပါတယ်။

ဒီတော့ ဒီအလုပ်ကိုပဲ ရွေးချယ် မယ်လို့ ပြောချင်တာလား။

ဟုတ်ပါတယ်။

ယောက်ျားတွေ နဲ့ ရင်ပေါင်တန်း အလုပ်လုပ်နေတဲ့ အမျိုးသမီး တစ် ယောက် အနေနဲ့ ယောက်ျားတွေ ပဲ လုပ်နိုင် တယ်ဆိုတဲ့ အလုပ်တွေ ခုချိန်မှာ မရှိ တော့ဘူးလို့ ယုံကြည် ထားလား။

ရာခိုင်နှုန်း အားဖြင့်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါ လိမ့်မယ်။ ဒါပေမဲ့ နေရာ တိုင်းမှာတော့ မပြော နိုင်ပါဘူး။ တချို့ ယောက်ျားတွေ ပဲ လုပ်နိုင်တဲ့ နေရာမှာ မိန်းမတွေ လုပ်ချင်မှ လုပ်နိုင်မယ်။ တချို့ နေရာတွေ မှာ မိန်းမတွေပဲ လုပ်နိုင်တာကို ယောက်ျားတွေ လုပ်ချင်မှ လုပ်နိုင်လိမ့်မယ်။ ကိုယ်စွမ်းအား ရှိသလောက်ပေါ့။

↧

Women in the Lead

$
0
0

ဒုရဲအုပ် ကြည်ဌေး

ငယ်တုန်း ကတော့ တက္ကသိုလ်မှာ ကျူတာ အရမ်း ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ဖေဖေ့ ရဲ့အသိတွေ က ရဲဘက်က များတော့ ကိုယ့်ကို ဒီအလုပ်နဲ့ ကိုက် ညီမယ်လို့ ဝိုင်း အကြံပေး ခဲ့ကြတာ နဲ့ ရဲတပ်ဖွဲ့ကို ရောက်လာခဲ့တယ်။ စခဲ့ပြီး မှတော့ နောက်မဆုတ် ချင်ဘူး။ ယောက်ျားလေးတွေ နဲ့ ရင်ပေါင် တန်းရ တော့ သူတို့ တန်းတူ လုပ်နိုင် ရမယ်လို့ တွေးခဲ့ဖူး တယ်။ ဒီလိုနဲ့ ဒီတပ်ဖွဲ့ထဲ ကိုရောက်လာခဲ့တာ ပါပဲ။ မိန်းကလေး အဖွဲ့အစည်း ဆိုရင်လည်း ကိုယ့်အဖွဲ့ ပဲရှိတာ ဆိုတော့ လူတွေ အများကြီးထဲ မှာမှ အရေး ကြီးတဲ့ အနီးကပ်လုံခြုံရေး တာဝန်ကို ယူရတဲ့အခါ  ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတယ်။

တပ်သား သင်းသင်းဝေ

လူကြီး တစ်ယောက် ရဲ့ အနောက် ကနေ ဘော်ဒီဂတ် အနေ နဲ့ လိုက်ရတာကို သဘော ကျ လို့ပါ။ တချို့ training  တွေဆိုရင် နည်း နည်း ကြမ်းတယ်လေ။ ကိုယ် မလုပ်နိုင်ပေမယ့် ကိုယ် လုပ်ချင်တဲ့ အလုပ်ပဲလေ လုပ်နိုင်အောင် ကြိုးစား ရမှာပေါ့ ဆိုတဲ့ စိတ် မျိုးကြောင့် နဲ့ပဲ ဆက်ကြိုးစား နေတာပါ။ ရိုးရိုး ရဲမေဖြစ်ဖို့ အတွက် အခြေခံ သင်တန်း တက် တုန်းက ဒီအကြ မ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့က ဆရာတွေ လာသင်တော့ သူတို့ရဲ့ လုပ်ပုံ ကိုင်ပုံတွေ၊ ဝတ်စား သွားလာတာတွေ ကို ကြည့်ပြီး သဘောကျ တာပေါ့နော်။ ဒါကြောင့် ဒီသင်တန်းကို တက်နေ တာပါ။ နောက်ပြီး နိုင်ငံတော် သမ္မတ ကိုစောင့်ရှောက် ရမယ် ဆိုရင်လည်း ကိုယ့်ရဲ့ အရာ အားလုံး ကို မေ့ထားပြီး စိတ်ရော ကိုယ်ရော အားလုံးက သူ့အပေါ် မှာပဲ နှစ်မြှုပ် အာရုံစိုက်ထားရမှာလေ။

တပ်ကြပ် အေးမိုးထက်

အိမ်က အဖေအမေ ကတော့ ဆရာမ လုပ်လို့ ပြောခဲ့တယ်။ ဆရာမကတော့ မလုပ်ချင် ဘူးလေ။ ကျန်တဲ့ အလုပ်ထဲ က ရွေးချယ် ရမယ် ဆိုတော့ စဉ်းစားတဲ့ အခါ ရဲလုပ်နေတဲ့ သူငယ်ချင်း ရှိတော့ သူ့ကို ကြည့်ပြီး ရဲ လုပ်မယ်လို့ လျှောက်လိုက် တယ်။ နောက်တော့ ဒီလို တပ်ဖွဲ့ ရှိတယ် ကိုယ် ကလည်း ဝါသနာ ပါတယ်ဆိုတော့ ဒီထဲ ကို ရောက်လာတာ ပါ။ နောက် အလုပ်က လည်း ဒီလို အချိန်နဲ့ စနစ်တကျ နေရ ထိုင်ရတာ ကိုယ် နဲ့ နေသားတကျ ပါပဲ။ အားလုံး ကလည်း အလုပ်လုပ် ကြတဲ့ အခါ ပျော်ပျော် ရွှင်ရွှင် နဲ့အတူတူ ဝိုင်းလုပ်ဆောင်ကြ ရတော့ပျော်လည်း ပျော်တယ်။

တပ်ကြပ် စုမြတ်မွန်

ဒီအလုပ် ထဲမှာ ဘဝကို ဘယ်လောက် ထိမြှုပ်နှံ ထားရမလဲ ဆိုတာ သိရက် နဲ့ပဲ ဒီအလုပ် ကို ရွေးချယ်တဲ့ တာပါ။ ဒီအလုပ်က အခြား မိန်းကလေးတွေ နဲ့ လည်း မတူ ဘူးပေါ့။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုလည်း ရှိတယ်။  ဒီအလုပ် ကို စလုပ်ခဲ့ ကတည်း က နောင်တ ရခဲ့တာမျိုး မရှိခဲ့သလို ကြောက်တာလည်း မရှိခဲ့ပါဘူး။။ ဘယ်နေရာ မှာမ ဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကတော့ အပြည့် ရှိနေတယ်။

တပ်ကြပ်  အိဖြိုးအောင်

ကျွန်တော် တို့က အနီးကပ် လုံခြုံရေးကို ယူရတဲ့ အခါ တစ်ခုခု ဖြစ်လာခဲ့ရင် ငါတို့ ခေါင်းကို ကျမယ် ဆိုတဲ့ စိတ်မျိုးကို ဖယ်ထား ရတယ်။ ဒါ ငါတို့ နိုင်ငံရဲ့ အကြီး အကဲဖြစ် တယ်၊ ဒါဟာ ငါတို့ နိုင်ငံဖြစ်တယ်။ ဒါကို လုံခြုံအောင် လုပ်ဖို့ ငါတို့မှာ တာဝန် ရှိတယ် ဆိုပြီး အစစ အရာရာကို စေ့စေ့စပ်စပ် သတိထား ရပါ တယ်။ ဒီလို အရေးကြီးတဲ့ တာဝန်တွေ ထမ်းဆောင်နေတဲ့ လူမျိုးတွေကို အားကျ တယ်။ သူများကို ဦးဆောင် ရမယ့် လူတွေဟာ ကိုယ်တိုင်က သူများထက် အရည် အချင်း သာနေရမယ်။ ဥပမာ ပြောရ ရင် ကျွန်တော် တို့ တပ်ဖွဲ့ ရဲ့ ရဲမှူးကြီး ကိုဆိုရင် အားကျတယ်။ ဘယ်လိုလဲ ဆိုရင် အစစ အရာရာ စီမံ ခန့်ခွဲနိုင်တာတွေ၊ အုပ်ချုပ်ရေးတွေ၊ နိုင်ငံ ရဲ့လုံခြုံရေး တာဝန်တွေ ယူနိုင်တဲ့ အရည်အချင်း မျိုးကို အားကျတာပါ။

↧
↧

သူတို့ပြောတဲ့ ….

$
0
0

၂ဝ၁၄ မတ်လက ရတီမဂ္ဂဇင်းရဲ့ ၁ဝ နှစ်ပြည့် အထူးလလေးပါ။ အထူးလမှာ ကျွန်မတို့က Women in the lead ဆိုတဲ့ Theme  နဲ့ ရတီကိုတင်ဆက်ဖြစ်ပါတယ်။ ဖန်တီးမှုတိုင်းလိုလိုကိုလည်း အမျိုးသမီးပရိသတ်တွေအတွက် ရည်ရွယ်ပြီး တင်ဆက်ထားပါတယ်။ ဒါကြောင့် ဒီလရဲ့ ‘သူတို့ပြောတဲ့ ….’ ကဏ္ဍကိုလည်း ယခင်လတွေလို စာလုံးတစ်လုံးတည်းမရွေးဖြစ်ဘဲ Wife & Women, Life & love,   Strenght & Struggle  စကားလုံးတွေကို ရွေးချယ်ဖြစ်ပြီး စာရေးဆရာမ လွန်းထားထား၊ စာရေးဆရာမ မနော်ဟရီနဲ့ နိုင်ငံကျော်အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ ချစ်ဇနီး ဒေါ်မေခိုင်အုန်းတို့နဲ့ ဆွေးနွေးထားပါတယ်။

လွန်းထားထား
Wife & Women

Wife

Wife ဆိုတဲ့စကားလုံးလေးဟာ ရိုးရှင်းသလောက် အဓိပ္ပာယ်ကတော့ လေးနက်ကျယ်ခန်းလှပါတယ်။ မထားအတွက်တော့ ဇနီးကောင်း တစ်ယောက်ဆိုတာ ပါရမီဖြည့် ဖက်ကောင်းတစ် ယောက်ဖြစ်ရမယ်လို့ ခံယူထားပါတယ်။ပါရမီဖြည့်ဖက်တစ်ယောက်အဖြစ်ခံယူထား ပြီးတဲ့နောက်မှာ တာဝန်တွေ ပေးဆပ်ရမှုတွေက သူ့ရှေ့အလိုလို လာရပါတယ်။ ဥပမာလေးပြောပြရ ရင် ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေ အတ္တတွေကို သိပ် ရှေ့တန်းမတင်ဖြစ်တော့တာမျိုးပေါ့လေ။ သူ့ရဲ့ အကျိုးစီးပွား သူ့ရဲ့ အောင်မြင်မှုကို ပထမဆုံး တွေးပေးမိတယ်။ အဲဒီအတွက် ကိုယ့်ရဲ့ ဖြစ် တည်မှု၊ ကိုယ့်ရဲ့ကဏ္ဍကို မှေးမှိန်ပစ်လိုက်တာ မျိုးတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့တန်ဖိုးက တစ်ကဏ္ဍ ရှိထားပြီး သားပေါ့။ သူ့ကိုတော့ ဦးစားပေး၊ နေရာပေးမိတယ်။ အဲဒါမျိုးပါ။ဇနီးဆိုတာ အဖြည့်ခံသက်သက်လို့ မထား မယူဆပါဘူး။ သူ့အတွက် ဖြည့်ဆည်းပေးရင်း၊ ပါရမီ ဖြည့်ပေး ရင်းနဲ့ ကိုယ့်မှာပါ အလိုအလျောက်ပြည့်ဝမြင့်မားလာတာမျိုးပါ။ ရေမြင့်လာတဲ့အခါ၊ ကြာတင့်လာတဲ့သဘောပေါ့။ မထားက ပါရမီဖြည့် ဖက်ကောင်း တစ် ယောက် ဖြစ် ချင်တယ်။

Women

Women  ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကိုလား…။ ငြိမ်းချမ်းသော မေတ္တာတရားရဲ့သင်္ကေတအဖြစ် ဖွဲ့ဆိုချင်ပါတယ်။ မိန်းမသားတိုင်းကို မေးကြည့် မငြိမ်းချမ်းချင် တဲ့ မေ တ္တာ ဓာတ်ခံမရှိတဲ့ မိန်းမသားရယ်လို့ ရှိကိုမရှိဘူးလေနော်။ Wife နဲ့ Women  နဲ့က ကွာခြားမှုတွေတော့ ရှိတာပေါ့။ ဇနီးသည်တစ်ယောက်နဲ့ လွတ်လပ်တဲ့ မိန်းမသား တစ်ယောက်မှာတောင် အတွေး အခေါ်၊ ခံယူပုံချင်း၊ ဘဝကိုထင်မြင်သုံးသပ်ပုံချင်းက မတူနိုင်ဘူးလေ။ ဇနီးသည် တစ်ယောက်မှာ နှောင်ဖွဲ့ထားတဲ့ ကြိုးတွေ ခြားနား ထား တဲ့ စည်းတွေ ညှိနှိုင်းရတာတွေ ရှိတယ်။ မိန်းမသားတော့ မိန်းမသားပါပဲ။ ဒါပေမဲ့ မတူတော့ဘူး။ လွတ်လပ်ပုံချင်း ဆုံးဖြတ်ချက်ချပုံချင်းလည်း မတူနိုင်တော့ဘူးပေါ့။ မိန်းမ သား တစ်ယောက်ရဲ့အခြေခံ ဗီဇစိတ်၊ စိတ်ခံစားမှုတွေတော့ ရှိနေနိုင်သေးတာပေါ့လေ။

အမျိုးသမီးတစ်ဦးအတွက် အရေးကြီးဆုံး လိုအပ်ချက်ကို မထားအနေနဲ့ ပြောရရင်တော့ ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာက အရေးကြီးဆုံးပဲ။ ပြီးတော့ ဥာဏ်ပညာနဲ့ ထက်မြက်ရဲရင့်မှုလည်း ရှိရမယ်။ မှန်ကန်တဲ့ အတွေးအခေါ်ဆုံးဖြတ်ချက် တွေလည်း လိုအပ်ပါသေးတယ်။အမျိုးသမီးတစ်ယောက်အတွက် ဘဝရဲ့စိန်ခေါ်မှုက ဘာ များဖြစ်နိုင်မလဲ မထားအထင် တော့ ကိုယ့်ဘဝရဲ့ တိုးတက်မြင့်မားရာ လမ်းကြောင်းတွေ ရှာဖွေနိုင်ဖို့၊ ရည်မှန်းချက်ပန်းတိုင် တစ်ခုထားရှိပြီး အဲဒီပန်းတိုင် ကို ရောက် အော င် မဖြစ်မနေ ဇွဲလုံ့လ၊ ဝီရိယနဲ့စိတ်ဓာတ် ခိုင်မာ ပြင်း ပြစွာ ကြိုးစားအားထုတ်ရမှာက ဘဝရဲ့ စိန်ခေါ်မှု ပေါ့နော်။

Life & Love
Life

Life ရဲ့ အဓိပ္ပာယ်ကို မထားရဲ့အဓိပ္ပာယ် ဖွင့်ဆိုမှုအတိုင်းပြောရရင်…”တစ်နေ့ချင်း အဓိပ္ပာယ်ရှိစွာ  ရှင်သန်နေထိုင်ရင်း ကိုယ့်ကိုယ်ကိုယ်စိတ် ချမ်း သာအောင်၊ ပျော် ရွှင်အောင်နေမယ် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်နဲ့ ပတ်သက်စပ်ဆိုင်သမျှ လူတွေကို စိတ် ကောင်းစေတနာ ကောင်းကောင်းလေးထား ပြီးတတ်နိုင် သမျှ ကူညီမျှဝေပေးမယ်ဆိုရင် လူတစ်ယောက်အတွက် ဘဝရှင်သန်နေထိုင်မှုက အဓိပ္ပာယ်ရှိနေပြီလို့ ယူဆထားပါတယ်။မထားရဲ့ အခုလက်ရှိဘဝကို မထား ၁ဝဝ ရာခိုင်နှုန်း အပြည့်အဝ ကျေနပ်မှုရှိပါတယ်။ မထားဘဝအတွက် အရေးကြီးဆုံးက ဘဝ တစ်လျှောက် လုံးစိတ်ချမ်းသာစွာ ငြိမ်းချမ်းစွာ ရှင်သန်နိုင်မယ့် ဘဝရှင်သန်မှု အနုပညာရယ် …၊ ဘဝတစ်ခုအဆုံးသတ်ခါနီးမှာ အဓိက နှလုံးသွင်းတတ်ဖို့ အတွက် သေဆုံးဖို့အတတ်ပညာ ပါပဲ…။ကိုယ့်ဘဝတစ်ခုဟာ တစ်နေရာမှာ ရပ်တန့် မနေဘဲ တစ်ဆင့်ချင်း၊ တစ်ထစ်ချင်းမြင့်မား သထက် မြင့်မားလာအောင် တည်ဆောက်နိုင်ဖို့ အတွက် Life Plan ဆိုတာရှိကို ရှိသင့်တဲ့ အရာပါ။

Love

Love ရဲ့ အဓိပ္ပာယ်ကို လူအမျိုးမျိုးက သူတို့ ခံစားနားလည်တဲ့ ပုံသဏ္ဌာန်အတိုင်းဖွင့် ဆိုတတ် ကြပါတယ်။ မထားရဲ့ အချစ်ကတော့ မေတ္တာကို အခြေခံပြီးမှ ချစ်ခြင်း မေတ္တာဆိုတာ ပေါ်ပေါက် လာတယ်လို့ လက်ခံထားပါတယ်။ ငယ်ရွယ်နုနယ် စဉ် အချစ်ကတစ်မျိုးပေါ့…။ အချစ်ဆိုတာ ကိုယ်စိတ်ချမ်းသာ ပျော်ရွှင်ဖို့အတွက် ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေပြည့်ဝဖို့အတွက် သူတစ်ပါးကို ချစ်တာ။ ရင့်ကျက်နားလည်လာတဲ့ အချိန်ကျ တော့။ အချစ်တစ်ခုတည်းနဲ့ မပြည့်စုံနိုင်ဘူး ချစ်ခြင်းမေတ္တာဆိုပြီး တွဲ သုံးမှ ပြည့်စုံမှုရှိလာ တယ်။ အဲ့ဒီအခါကျတော့ ချစ်ခြင်းမေတ္တာဆိုတာ သူစိတ်ချမ်းသာပျော်ရွှင်ဖို့အတွက် သူရဲ့လိုအင် ဆန္ဒတွေပြည့်ဝစေဖို့အတွက် ကိုယ့်ရဲ့လိုအင် ဆန္ဒတွေ၊ အခန်းကဏ္ဍတွေက တဖြည်းဖြည်း အနောက်ကိုရောက်ရောက်လာပြီး သူ့ အတွက်ပဲ ဦးစားပေးဖြည့်ဆည်းပေးရခြင်းကို သာယာ ပျော်မွေ့လာခဲ့တယ်။ အဲဒါကိုယ့်ရဲ့အရည်အချင်း ဖြစ်လာတယ်။

မိန်းမတစ်ယောက်ရဲ့ဘဝမှာ အချစ်ဆိုတဲ့ အခန်းကဏ္ဍက ဥပမာ ပြောရရင် အိမ်တစ်အိမ်ရဲ့ အဆောင်အယောင်အလှအပ Decoration  တစ်ခုလို အရေးပါပါတယ်။ ဒီအိမ် တစ်အိမ်ရဲ့ အနုပညာမြောက်မှု သာယာလှပမှု ငြိမ်းချမ်း အသက်ဝင်မှုတို့ဟာ အချစ်နဲ့တူတယ်။ မိန်းမ တစ်ယောက်ရဲ့ ဘဝမှာလည်း အချစ်မပါဘဲ ရပ် တည်နေနိုင် သလား ဆိုတော့ နေနိုင်ပါတယ်။ နေလို့လည်း ဖြစ်တယ်။ ဒါပေမဲ့ အနုပညာ ပျော် ဝင်မှုတို့ အနုစိတ်ရသခံစားမှုတို့တော့ ပျောက်ဆုံး နေမှာပေါ့နော်။ ပြောရရင် အချစ်မရှိတဲ့ အိမ် ကလေးက သိပ်ရိုးစင်းနေမှာပေါ့နော်…။ချစ်ရင် ရူးရူးမူးမူး ချစ်တတ် ကြတယ်ဆိုတာ မိန်းမတွေမှ မဟုတ်ပါဘူး။ ယောက်ျားတွေမှာ လည်း ဖြစ်တတ်တာပါပဲ။ ဒါက လူ တစ်ဦးချင်းရဲ့ ရင့်ကျက်မှုရယ် ဆင်ခြင်သုံးသပ်နိုင်စွမ်းနဲ့ ခံစားမှု လွန်ကဲခြင်း ထိန်းချုပ်နိုင်စွမ်းတို့ အပေါ်မှာပဲ မူတည်တာပါ။

Strength  & Struggle
Strength

”ခံနိုင်ရည်စွမ်းအင်”  ပေါ့နော်။ ”စွမ်းအား ပါဝါ” တစ်ခုပေါ့။  တစ်ယောက်ရဲ့ဘဝမှာ တွေ့ ကြုံရင်ဆိုင်လာရသမျှ အခက်အခဲတွေပဲ ဖြစ်ဖြစ် ဘဝရဲ့ လောကဓံတွေ ကို ပဲဖြစ်ဖြစ် မဆုတ်မနစ် ရင်ဆိုင်ကြံ့ခိုင်နိုင်စွမ်းရှိတဲ့ စွမ်းအင်တစ်ခုပေါ့။ မထားရဲ့ အားသာချက်လား…အင်း ပြော ရမယ်ဆိုရင်တော့ အဲ့ဒါကို အားသာချက်လို့ ပြောရမလား မ သိဘူး။မထားက တော်ရုံတန်ရုံဆို အရှုံးမပေးတတ်ဘူး..ဇွဲမလျှော့တတ်ဘူး။ နောက်မဆုတ်ဘူး။ စိတ်ရှည်လက်ရှည်နဲ့ ဇွဲ ကောင်းကောင်းနဲ့ ကိုယ်ဖြစ်ချင်တာကို တစ်နေ့ ချင်း တစ်ရက်ချင်း မဖြစ်မနေ ကြိုးစားအားထုတ် တတ်တယ်။ ကိုယ်လျှောက်ရမယ့်လမ်းကိုပဲ တစ်စိုက်မတ်မတ်အာရုံ စိုက်ထားတတ်တယ်။ ဘေးဘီဝဲယာတွေကို သိပ် မကြည့်နေဘူး။ အဲဒီ တော့ အာရုံလည်း မပျံ့လွင့်ဘူးပေါ့နော်။

ကိုယ့်ရဲ့ အားနည်းချက်ဟာ ဘာလဲဆိုတာ ကိုသိထားရင် အဲ့ဒီအချက်ကို အထူးအာရုံစိုက်ပြီး သတိကလေးနဲ့ လေ့ကျင့်ယူမယ် ပြုပြင်မယ်ဆိုရင် အဲဒီအားနည်းချက်ဟာ တစ်ချိန်မှာ အားသာချက် အဖြစ် ပြောင်းလဲသွားမှာပါ။ အဓိက လိုအပ် ချက်က ကိုယ့်အားနည်းချက်ကို သိမြင်တတ်ဖို့နဲ့ လေ့ကျင့်ပြုပြင်ပြောင်း လဲတတ်ဖို့ပါ။ အားနည်း ချက်ဆိုတာ မိန်းမတွေမှာမှ ရှိတတ်တာ မဟုတ်ပါဘူး။ လူ တစ်ယောက်ချင်းရဲ့ စိတ်ဓာတ် စွမ်းရည်ရင့်ကျက် မှုနဲ့ အတွေ့အကြုံ စိတ်ခံစားမှုတွေနဲ့ပဲ သက်ဆိုင်ပါ တယ်။

Struggle

Struggle ကတော့ ရုန်းကန်အားထုတ်ခြင်း ပေါ့။ ဘဝရဲ့အခက်အခဲတွေ အတားအဆီး အပိတ်အပင်တွေကနေ လွတ်မြောက်အောင် အစွမ်းကုန်အားအင်သုံးပြီး အား ထုတ်ရုန်းကန် ရခြင်းဆိုပါတော့။ မထားရဲ့ဘဝမှာလည်း ငယ်စဉ်ကတည်းက ကိုယ်ဖြစ်ချစ်တဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်ဖို့အတွက် ရုန်းကန်အား ထုတ်ခဲ့ ရတာ တွေ အများကြီးပဲပေါ့။  ဘယ်လိုရင်ဆိုင်ကျော်ဖြတ် ခဲ့သလဲဆိုရင် အဓိကကတော့ စိတ်ဓာတ်ခွန်အား နဲ့ ပြင်းပြထက်သန်မှုရယ်။ ဇွဲလုံ့လဝီရိယရယ် အဲ့ဒါတွေကို လက် နက်အဖြစ် အသုံးပြုခဲ့ရပါ တယ်။

အားသာချက်တွေများနေမှ ကြုံလာတဲ့ ပြဿနာ၊ အဆိုးအကောင်းတွေကို ခံနိုင်ရည်ရှိတာ မဟုတ်ပါဘူး ညီမလေးရယ်။ လူဆိုတာ ဘဝမှာ ရင်ဆိုင်စရာဆိုလို့ အကောင်းေ လာကဓံရယ်၊ အဆိုးလောကဓံရယ် နှစ်မျိုးပဲရှိတာပါ။ အောင် မြင်နေတာ၊ ချမ်းသာပြည့်စုံနေတာ တွေဟာလည်း အကောင်းလောကဓံတွေပါပဲ။ အဲဒီ အချိန်တွေမှာ သာယာပျော်ရွှင် ကျေနပ်မနေဘဲ၊ ယစ်မူးမာန်တက် မနေဘဲ ဒီလောကဓံဟာလည်း တစ်ချိန်မှာ ပြီးဆုံး သွားမှာပါပဲလို့ နှလုံးသွင်းတတ်ရင် တစ်ချိန်မှာ ကျဆုံးခြင်း ဆင်း ရဲခြင်းဆိုတဲ့ အဆိုးလောကဓံနဲ့ ကြုံတွေ့ရင်ဆိုင်လာရတဲ့အခါ ထူးပြီးမတုန်လှုပ် တော့ဘူးပေါ့။ ဒီအဆိုး လောကဓံဟာလည်း တစ် ချိန်မှာ ပြီးဆုံးသွားမှာ ပါပဲလို့ ဆင်ခြင် တတ်လာ မှာပေါ့။ ဖြစ်လာသမျှ အရာအားလုံးဟာ ပြီးဆုံး ခြင်းမှာပဲ အဆုံးသတ်တယ် ဆိုတာကို သိထားရင် အကောင်းပဲ ဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် ဘယ် လောကဓံကိုမဆို ခံနိုင်ရည်ရှိသွားမှာပါပဲ။

ဖြိုးစုပိုပို

↧

Their….

$
0
0

Manorhary

Wife & Women

Wife
She has been to paradise but never been to her.

Women
Women? They are steel petals.

Life & Love

Life

There’s a saying of Lao Tzu, “Life is a series of natural and spontaneous changes. Don’t resist them – that only creates sorrow. Let reality be reality.

Let things flow naturally forward in whatever way they like.” I like that saying. For me, life is just an illusion, it will disappear when the time comes, so do not try to catch any of them, let them flow automatically.

Love

And now these three remain: faith, hope and love. But the greatest of these is love.1 Corinthians 13:13

Strength  & Struggle

Strength

I never ask the Lord for easy life, I just ask for enough strength so that I can face everythingwhether good or bad.What doesn’t kill me makes me
stronger.

Struggle

If there’s no struggle, there’s no progress.

↧

Women in the Lead

$
0
0

ဒေါ်ဇင်မာအောင် NLD

၁၉၇၆ ခုနှစ် တွင် ရန်ကုန်မြို့၌ ဖွားမြင်သည်။ နိုင်ငံရေး အကျဉ်းသား တစ်ဦးအဖြစ် ၁၁ နှစ်မျှ အကျဉ်းထောင်ထဲ တွင် နေခဲ့ရသည်။ ၂ဝ၁၂ ခုနှစ်တွင် အမေရိကန်နိုင် ငံ ပြည်ထောင်စု ဝန်ကြီးချုပ် ဟီလာရီ ကလင်တန်၏ အသိအမှတ်ပြု သည့် နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ကို ရရှိခဲ့သည်။

အများကို ဦးဆောင်မယ့်သူတစ်ဦးမှာ ရှိသင့်တဲ့ အချက် ၃ ချက်လောက်ကို ပြောပြနိုင်မလား။

လူမှု ဆက်ဆံရေး ကောင်းရမယ်။ လူတွေနဲ့ ပြောဆို ဆက်ဆံတဲ့အခါမှာ အကောင်းမြင်တဲ့ စိတ် ရှိရမယ်။ အစွန်းရောက်တဲ့ အကောင်းမြင်တာ မဟုတ်ဘဲ အခက်အခဲတွေ ကြုံလာတဲ့ အခါမှာ အဲဒီ အခက်အခဲတွေကို အခွင့်အလမ်းဖြစ်အောင် ပြောင်းလဲနိုင်တဲ့ အရည်အချင်း နဲ့တွေးခေါ်ပုံ ရှိသင့်တယ်။ အသိပညာ ဗဟုသုတနဲ့ ကိုယ်ကျင့် တရား တွေလည်းရှိရမယ်။

အစ်မ (၁၈) အရွယ်လောက်က ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတွေးခဲ့မိလဲ။

အသက် ၁၈ နှစ်မှာ ၁ဝ တန်းအောင်ပြီး တက္ကသိုလ် တက်ဖို့ အချိန်ဖြစ်တယ်။ စိတ်ထဲမှာ ယုံကြည်ပြီး ဆုံးဖြတ်ချက် တစ်ခု ရှိတယ်။ အဲဒါက တက္ကသိုလ် ထဲရောက် ရင် ကျောင်းသား သမဂ္ဂကို ဘယ်လိုပြန်ပြီးတော့ တက္ကသိုလ်ထဲ မှာ ဖော် ဆောင်ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ချိတ်ဆက် ရရင်ကောင်းမလဲ တွေးနေခဲ့တာပါ။

ခက်ခဲကြမ်းတမ်းတဲ့ ကိစ္စတွေ နဲ့ ရင်ဆိုင်ရတဲ့ အခါ ဘယ်လိုဖြတ်သန်းခဲ့ပါသလဲ။

ခက်ခဲတဲ့ ကာလ ဆိုရင် ကျွန်မဘဝမှာ ကြီးကြီးမားမား ၂ ခု ရှိတယ်။ ပထမ တစ်ခုက အမေဆုံးတော့ စိတ်ခံစားမှု၊ အမေ ဆုံးပြီး မကြာခင်မှာ အဖမ်း ခံရတယ်။ အဲဒီ ၂ ခုက ဆက် တိုက်ဖြစ်နေတယ်။ အမေ ဆုံးတာက ကိုယ် ရွေးချယ်တာ မဟုတ်ဘူး ဒါက ကံတရား ဆိုတော့ ရင်ဆိုင်ဖို့ တော်တော် ခက်ခဲပါတယ်။ အဲဒီတုန်းက အသက် ၂၁ နှစ်ပဲ ရှိသေးတယ်။ အဲဒီအချိန်မှာပဲ နိုင်ငံရေး ကလည်းလုပ်နေပြီ နှစ်ခုကြားထဲမှာ တစ်ခုမှ မစွန့်လွှတ်ခိုင်းဘူး။ အိမ်မှာလည်း ကိုယ်က အကြီးဆုံး ဆိုတော့ မိသား စုတွေ ရှိသေးတယ်။ သာမန်ဘဝပဲ ဖြတ်သန်းရမလား။ တစ်ဖက်က လည်း ကျောင်းသား သမဂ္ဂနဲ့ နိုင်ငံရေးကို တဖြည်းဖြည်း သွားနေတာ တိုးတက်နေပြီ ဆိုတော့ လူ မသိအောင် လုပ်ရတဲ့ နိုင်ငံရေး ဒီနှစ်ခုကြားမှာ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာပဲ ယုံကြည်မှု တစ်ခုက အခက်အခဲတွေ ဘယ်လောက် နောက်ပြန်ဆွဲဆွဲ ပြန်ပြီးတော့ အခက် အခဲနောက်တွေ ပါမသွား ဘူး။ နောက်တော့ ထောင်ကျသွားတယ်။

ဘယ်လိုဦးဆောင်မှု အရည်အသွေးမျိုးကို အစ်မ အနေနဲ့လေးစားအားကျမိပါသလဲ။

ငယ်ငယ်က ဗိုလ်ချုပ်အောင်ဆန်း အကြောင်း သင်ကြားခဲ့ ရတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ခေါင်းဆောင်မှု ပုံသဏ္ဌာန်နဲ့ ကျွန်မတို့ခေတ် က ဖြတ်သန်းရ တဲ့ ခေါင်းဆောင်မှု ပုံသဏ္ဌာန်တော့ မတူခဲ့ဘူး။ ခေါင်းဆောင်မှု ပုံသဏ္ဌာန်ကို အားကျခဲ့တာ မဟုတ်ပေမဲ့ သူ့ရဲ့ တက္ကသိုလ် ကျောင်းသား ဘဝမှာ တိုင်းပြည်အပေါ် ထား တဲ့ စေတနာနဲ့ ခေါင်းဆောင်မှု အဲလို အကျပ် အတည်းက ခွန်အား ဖြစ်စေခဲ့တယ်။ တက္ကသိုလ်ထဲ မရောက်ခင် ကတည်းက ကိုမင်းကို နိုင်ရဲ့ နာမည်ကို ကြားဖူး တယ်။ သူ့ အကြောင်းကို သီချင်း လုပ်ဆိုတာ ကြားဖူးတယ်။ အဲဒီအချိန်ကတည်းက သူ့ကို အားကျမိတယ်။ အဓိက အားကျမိတဲ့ အချက်က သူတို့ရဲ့ စွန့်လွှတ် အနစ်နာခံမှု ကို အားကျတယ်။ နောက်ဆုံး ၉၅-၉၆ ခုနှစ်မှာ အမေစု ပြန်လွတ် လာတဲ့အခါမှာ သူနဲ့ ပိုရင်းနှီး ပိုထိတွေ့လာရတယ်။ သူ့ရေးတဲ့ စာတွေကို ခိုးကြောင် ခိုးဝှက် ဖတ်ရ တယ်။ သူ့ရဲ့ ဥာဏ်ပညာ အတွေးအခေါ်၊ ခက်ခဲ ကျပ်တည်းတဲ့ ကာလမှာ ဒီမိုကရေစီ လှုပ်ရှားမှုကို အရှိန်သေ မသွားအောင် သူ့ရဲ့ဆွဲဆောင်မှု နဲ့ ခေါင်းဆောင်မှု ကို လေးစား အားကျ မိတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်မှာ ရှိသင့်ရှိ ထိုက်တာ အဲဒါတွေပါပဲ။ ဒါပေမဲ့ အဲဒီ တစ်ခုတည်း တော့မရဘူး။ စွန့်လွှတ် အနစ်နာခံမှုက အခြေခံ ပဲ။ ရိုးသားမှု၊ ဗဟုသုတ အဲဒါတွေက ခေါင်းဆောင် မှု အရည်အသွေး ကိုပြတယ်။ တိုင်းပြည် တစ်ပြည် အစုအဖွဲ့ တစ်ခုမှာ ဒီလို အရည်အချင်း ရှိတဲ့ ခေါင်းဆောင်ကောင်း မျိုး ကို အားကျခဲ့တယ်။

ဘဝမှာ ဟန်ချက်ညီအောင် ဘယ်လိုကြိုးစား ခဲ့သလဲ။

လုပ်ချင်တဲ့ အလုပ်နဲ့ လုပ်ရတဲ့ အလုပ်က တစ်ထပ်တည်း ကျတယ်။ အစောပိုင်း ကတော့ မိသားစုတွေက ကျွန်မနိုင်ငံရေး လုပ်တာကို သဘော မတူတာတွေ ရှိတယ်။ အခု ဆိုရင် အဖေ ရော ညီအစ်ကို မောင်နှမတွေရော ကျွန်မလုပ်ချင် တဲ့ အလုပ်ကို နားလည်ပေးတယ်။ ဒါလည်း ကံကောင်းတယ်။ အမေ ဆုံးတဲ့ အချိန်နဲ့ နိုင်ငံရေး စလုပ် တဲ့ အချိန်နှစ်ခု ကတော့ ဟန်ချက်ညီဖို့တော်တော် ကြိုးစားရတယ်။ နိုင်ငံရေး လုပ်မယ် ဆိုရင် သတင်းက နားမထောင် လို့မဖြစ် ဘူး။ သတင်း လာတဲ့ အချိန် ဈေး သွားရရင် အဲဒီ သတင်းကို တိပ်ခွေနဲ့ အသံဖမ်း ထားတယ်။ ဘဝ မှာ အားလုံး မဟုတ်ရင်တော့ အဆင်ပြေပါ တယ်။

အစ်မရဲ့ဘဝမှာ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေ နဲ့ ဖြတ်သန်းခဲ့သလဲ။

အစောပိုင်း ငယ်ငယ်ကဆို သိပ်စည်းကမ်း ရှိတဲ့ လူတစ်ယောက် ထဲမှာ ကျွန်မမပါဘူး။ ဒါပေမဲ့ ကျွန်မမှာ မူတစ်ခု ရှိတယ်။ ဘယ်သူနဲ့ပဲ ပြောဆို ဆက်ဆံပါစေ ရိုးသားမှု ပွင့်လင်းမှု ဟာ ကျွန်မစည်းကမ်းပါပဲ။

ဦးဆောင်မှု အမျိုးသမီးတစ်ဦးအတွက် သတိပြုရ မယ့် အရေးကြီးဆုံးအချက် ၃ ချက် လောက်ပြောပြ နိုင်မလား။

အမျိုးသမီးရော အမျိုးသား အတွက်ပါဆို အရေးအကြီးဆုံး သတိပြုရမယ့် အရာက ကိုယ်ကျင့် တရားပါ။ တစ်က အမျိုးသမီး တစ်ဦးအတွက် အဲဒီ ကိုယ်ကျင့် တရားက လူ့ အဖွဲ့အစည်း ပတ်ဝန်းကျင် မှာပိုပြီး ထိလွယ်ရှလွယ်တယ်။ နှစ်က နိုင်ငံရေး မှာဆို ကိုယ်နိုင်ငံကို ဘယ်လိုတန်ဖိုး နဲ့ တည် ဆောက်မှာလဲ။ ကျွန်မတို့ တိုင်းပြည် က ဝေဝါးစရာ တွေ များတာဖြစ်တဲ့ အတွက် နိုင်ငံရေးနဲ့ ပတ်သက် လာရင် ကိုယ် ဘာလုပ်မှာလဲ သေချာ စဉ်းစားဖို့ လိုအပ်တယ်။ သုံးက အချိန်။ ကိုယ့်အချိန် ကို ကိုယ် ဘယ်လို သတိပြု သုံးစွဲသင့်တယ် ဆိုတာလည်း အရေးကြီးတယ်။

ဘာဖြစ်လို့ ခုလို ဘဝဖြတ်သန်းမှုမျိုးကို ရွေး ချယ်ခဲ့တာပါလဲ။

ကျွန်မဖြစ်ချင်တဲ့ ကျွန်မလုပ်နေတဲ့ အလုပ်၊ ကျွန်မ တိုင်းပြည်ရဲ့ ဒီမိုကရေစီ တည်ဆောက်ရေး က အဝေးကြီး သွားရပါဦးမယ်။ ကျေနပ်တယ် လို့ ပြောဖို့ ခက်ခဲပါတယ်။ ငယ်ငယ် ကတည်းက ကျွန် မမျှော်လင့်ချက် ယုံကြည်ချက်ဖြစ်တဲ့ အတွက် ကျွန်မဘဝမှာ ဒီအလုပ်ကို ရွေးချယ်တယ်။ ကျွန်မ လုပ်တဲ့ ဒီအလုပ်ကို အတိုင်းအတာ တစ်ခု ထိ ကျေနပ် အားရတယ်။

အကယ်၍ လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ် ကိုများ ရောက်နေခဲ့ရင် အစ်မနဲ့အတူ ရှိနေစေချင် တဲ့ သက်မဲ့ပစ္စည်း ၃ မျိုးလောက်ကို ပြောပြနိုင် လား။

တစ်ကတော့ အဖတ်ချင်ဆုံး အကြိုက်ဆုံး စာအုပ်၊ နှစ်က ကော်ဖီတစ်ခွက်၊ သုံးကတော့ ဂီတာတစ်လက်။

အစ်မဘဝမှာ ဘယ်လိုအပန်းဖြေလေ့ရှိပါသလဲ။

တစ်ခါတလေ သီချင်းနားထောင်တယ်။ တစ်ခါတလေ ဂီတာတီးတယ်။ ဒါမှမဟုတ် အတ္ထုပ္ပတ္တိ စာအုပ်တွေဖတ်တယ်။

ထူးထူး

↧

သူတို့ပြောတဲ့ ….

$
0
0

မေခိုင်အုန်း
Wife & Women

Wife

Wife ဆိုတာ ဇနီးမယား တစ်နည်းအားဖြင့် အိမ်ရှင်မပေါ့။ အိမ်ရှင်မဆိုတဲ့အတိုင်း အိမ်ထောင် ဦးစီးခင်ပွန်းသည်နဲ့ သားသမီးတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ကုသိုလ်ရေးတွေ စံချိန်မီဖို့ တာဝန်ရှိတာပေါ့။ ပေးဆပ်တယ်လို့ တော့ မဟုတ်ပါဘူး။ ကိုယ်လုပ်ချင်လို့ လုပ်တာပါ။ အန်တီကတော့ ဇနီးဆိုတာကို အဖြည့်ခံလို့ မမြင်ပါဘူး။ ရဲဘော်ရဲဘက်လို့ပဲ မြင်ပါတယ်။ သူထမ်းနိုင်တဲ့တာဝန်ကို သူထမ်း၊ ကိုယ်ထမ်းနိုင်တဲ့ တာဝန်ကို ကိုယ်ထမ်းကြတဲ့ ခရီးပန်းတိုင်တစ်ခုတည်းကို သွားနေကြတဲ့ ရဲဘော်ရဲဘက် ၂ ဦး ပေါ့။ ကိုယ်ကိုယ်တိုင်ဆိုရင်လည်း အနုပညာရှင်ခင်ပွန်းသည်ကို ဘာအနှောင့်အယှက်မှမပေးတဲ့ မိန်းမအဖြစ် ခင်ပွန်းဘေးမှာ ရှိချင်ပါတယ်။

Women

Women  ဆိုတာ အရွယ်ရောက်ပြီး လူသားအမပေါ့။ Women က လွတ်လပ်တယ်။ မိုးကောင်းကင် အိပ်မက်တွေ မက်ခွင့်ရှိတယ်။

Wife
wife ကတော့ တာဝန်ဝတ္တရားတွေ နှောင်ကြိုးတွေနဲ့ပေါ့။ အမျိုးသမီးတစ်ယောက်မှာ ပြဿနာတွေကို ကြောင်းကျိုးဆက်စပ်ပြီး ဖြေရှင်းနိုင်တဲ့ အရည်အချင်းနဲ့ မိမိအတွင်း စိတ်ခံစားမှုကို ဆင်ခြင်သုံးသပ်ထိန်းချုပ်နိုင်တဲ့ အရည်အချင်းရှိဖို့ လိုအပ်ပါတယ်။ ဒါမှ ဘယ်နေရာ၊ ဘယ်အခြေအနေမှာ ဖြစ်ဖြစ်မှန်မှန် ကန်ကန်တွေးခေါ်နိုင်ပြီး ကြုံ လာသမျှကို ပြေလည်အောင် အကောင်းဆုံး ဖြေရှင်းနိုင်မှာပါ။ (ဘဝလုံခြုံဖို့ ပိုပြီး အရေးတကြီးလိုအပ်နေတဲ့ သူတွေလည်း ရှိဦးမှာပါ) ။ ဘဝမှာစိန်ခေါ်မှု ဆိုတာက လူ့ ဘဝမှာ မွေးဖွားလာပြီးကတည်းက နာရီစက္ကန့်နဲ့ အမျှ တွေ့နေရတာပဲလေ။ စိန်ခေါ်မှုလို့ အရေးတကြီး သဘောမထားဘဲ မသိလိုက်မသိဘာသာ ပေါ့ပေါ့ပါးပါးနဲ့ သဘာဝ ကျကျ ကျော်ဖြတ်နိုင်ရင် အကောင်းဆုံးပါပဲ။

Life & Love

Life

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက အရာတစ်ခုက  Life  ပေါ့။  အန်တီကတော့ ကိုယ့်ဘဝကို ကိုယ်ကျေနပ်ပါတယ်။ နွေးထွေးတဲ့ မိသားစုဘဝဆိုတာ လောကကြီးရဲ့ လက်ဆောင်တစ်ခုပါ။ သားနဲ့သမီးကိုလည်း လူ့လောကကို မှန်မှန်ကန်ကန် ကြည့်တတ်ဖို့နဲ့ မှန်မှန်ကန်ကန် တွေးခေါ်တတ်ဖို့ ထိန်းသိမ်းပေးဖြစ်တယ်။ နောက်ပြီး ဘဝမှာ Life Plan  ဆိုတာက ဘာမှမသေချာတဲ့ လောကကြီးမှာ ဒါဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ PLan  မျိုးချရင်တော့ စိတ်ပင်ပန်းရမယ်ထင်တယ်။ လုံးဝဘာ PLan  မှ မရှိတော့လဲ ပန်း တိုင်မရှိဘဲ ခြေဦးတည့်ရာသွားနေတဲ့သူ ဖြစ်မှာပေါ့။ အဲဒီတော့ Life Plan ဆိုတာရှိတော့ ရှိသင့်တယ်။ အခြေအနေနဲ့အချိန်အခါ ကိုညှိပြီး ပြောင်း သင့် ပြောင်း၊ လျှော့ သင့်လျှော့၊ တိုးသင့်တိုး လုပ်သင့်ပါတယ်။

Love

Love ဆိုတာက ဘဝခရီး Life ကိုမောင်းနှင် ဖို့လောင်စာပါ။ မိန်းမတစ်ယောက်အတွက်တင် မဟုတ်ပါဘူး။ လူသားအားလုံးအတွက် အချစ်ဟာ အရေးပါပါတယ်။ ချစ်တဲ့စိတ်ဟာ အင်အားတစ်ခုပါဘဲ၊ ဘဝမှာကြုံရတဲ့ တချို့အခက်အခဲ တွေကို ချစ်တဲ့စိတ်ကြောင့် အောင်မြင်အောင်ကျော်ဖြတ်နိုင်ခဲ့ ပါတယ်။တချို့မိန်းမတွေ ကချစ်ရင် အရမ်းကို ရူးရူးမူးမူး ချစ်တတ်ကြတယ်ဆိုတာမှာ ဒါတော့ အမျိုးမျိုးရှိမှာပေါ့လေ၊ လူအမျိုးမျိုး စိတ်အထွေထွေပဲဟာ၊ ဒါပေမဲ့ ဘယ်အရာမဆို အစွန်းရောက်တာ မကောင်း ဘူး၊ အချစ်စိတ်ကို ဆင်ခြင်ဥာ ဏ်လေး ကတွဲနိုင်ရင်ပို ကောင်းတာပေါ့။

Strength  & Struggle

Strength

ခက်ခဲတဲ့ အခြေအနေတွေကို ကျော်ဖြတ်ဖို့ လိုအပ်တဲ့ အင်အားကို Strength လို့ ပြောတာ ပေါ့။ ဒီအင်အားကိုဘာသာရေးနဲ့ ချစ်တဲ့အရာတွေ ဆီက ရနိုင်ပါတယ်။ အန်တီ့ ရဲ့ အားသာချက်ဆိုရင် လိုချင်တပ်မက်မှုသိပ်မများတာ အန်တီရဲ့ အားသာချက်ဖြစ်မယ်ထင်တယ်။ ခန္ဓာဗေဒအရ ပြောရင်တော့ သတ္တလောကထဲမှာ လူသားက အား အနည်းဆုံးလို့ တောင်ပြောနိုင်ပါတယ်။ ငှက်ကလေးတစ်ကောင်လို မပျံနိုင်ဘူး။ ငါးလေး တွေလို ရေထဲမှာ မနေနိုင်ဘူး၊ ဆင်တွေကျားတွေ လို အင်အားကယှဉ် လို့တောင် မရပါဘူး။ ဒါပေမဲ့ စဉ်းစားဆင်ခြင်ကျိုးကြောင်းဆက်စပ်တတ်တဲ့ ဦးနှောက်တစ်ခုကြောင့်သာ လူသားမျိုးဆက်ကြီး တစ်ခုတည်းရှိနေတာပါ။

လူသားရဲ့ အားသားချက် က ဦးနှောက်ဖြစ်တဲ့အတွက် အဲဒီဦးနှောက်ကို အဓိပ္ပာယ်ရှိရှိ အသုံးချနိုင်ဖို့ပဲ လိုအပ်ပါတယ်။  လူသားတိုင်းအားနည်းချက်၊ အားသာချက်တွေရှိ ကြပါတယ်။ ယောက်ျားနဲ့ မိန်းမအားနည်းပုံ၊ အားသာပုံ၊ အားနည်းချိန်၊ အားသာချိန် တွေ မတူတာပဲ ရှိတာပါ။ ဒီတော့ မိန်းမတွေက ယောက်ျားတွေထက် အားနည်း ပါတယ် ပြောဖို့ လည်း ခက်ပါတယ်။

Struggle

Struggle ခက်ခဲတဲ့ အခြေအနေတွေမှာ အကောင်းဆုံးရှင်သန်နိုင်ခြင်းကို Struggle လို့ အန်တီတော့ ပြောချင်တယ်။ လူ့ဘဝတစ်လျှောက်လုံးလူတွေဟာ Struggle လုပ်နေရတာပဲ။ အလိုက်သင့်နေခဲ့ရတာရှိသလိုအားသုံးခဲ့ရတာလည်း ရှိပါတယ်။ ဘယ်လိုအခြေအနေ၊ အချိန်အခါပဲ ဖြစ်ဖြစ်လိုက်လျော ညီထွေအဆင်ပြေ အောင်နေ တတ်ဖို့ အဓိကပါပဲ။ အန်တီဘဝမှာလည်း ကြုံခဲ့ရတာပဲ။ ဒါတွေကို ကြုံတွေ့ကျော်ဖြတ် ပြီးရင် အဲဒီအတွေ့အကြုံ တွေက Strength တွေ ဖြစ်သွားလိမ့်မယ်။ နောက်ပြီး စိတ်နှလုံးသား ဖြူစင်ရင် ကိုယ့်စိတ်ကို သတိလေးကပ်နိုင်ရင် ပြဿနာအဆိုးအကောင်းအတော်များများကို ခံနိုင်ရည်ရှိမယ်ယူဆပါတယ်။

ဖြိုးစုပိုပို

↧
↧

သူပြောတဲ့သူ့အကြောင်း

$
0
0

Model – Phyu Phyu Kyaw Thein
Photo -Aye Zaw Moe (Setthmu)
Arranged by Thida Soe

အနုပညာလောကကို စတင်ဝင်ရောက်စဉ်မှာတွေ့ကြုံခဲ့ရတဲ့ အခက်အခဲများ

အခက်အခဲဆိုတာရှိမှ တိုးတက်ပြောင်းလဲတာမို့ နေ့တိုင်းရှိနေရင်လည်း သဘောကျပါတယ်။ အခက်အခဲတွေ့ရင် ဘုရားကို ပိုအားကိုးဖြစ်တယ်။ အဲဒီအခါဘုရားက ဥာ ဏ်ပေးတယ်။ ဥာဏ်ရှိတဲ့သူတွေ ကိုယ့်အနားမှာ ပေါ်လာပေးတယ်။ အဲဒီ တော့ ကိုယ့်အတွက် အကျိုးရှိတယ်။

ပရိသတ်နဲ့ ကိုယ်နဲ့တစ်သားတည်း ဖြစ်သွားခဲ့တဲ့ အောင်မြင်မှု

လက်ရှိလတ်တလော တစ်သားတည်း ဖြစ်ထားတဲ့အရာဆိုရင်တော့ ”မိန်းကလေး တစ်ယောက်အသည်းကွဲနေတယ်” ကိုယ်ပိုင်သံစဉ်တစ်ကိုယ်တော် အခွေပေါ့။

Fashion နဲ့ Performance တွေနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းရဲ့ အမြင်…

အနုပညာရှင်တစ်ယောက်၊ အထူးသဖြင့် ဖျော်ဖြေရေးသမားတစ်ယောက်အတွက် Fashion  ကအရေးကြီးပါတယ်။ ဒါပေမဲ့ဘဝရဲ့ တန်ဖိုးတွေနဲ့ လဲလိုက်ရလော က်အော င်တော့ ဘယ်တော့မှ ပိုအရေးမကြီးပါဘူး။ မဖြူPerformance တွေလုပ်တာကို ပရိသတ်က ကြိုက်နှစ်သက်ပြီးလက်ခံတဲ့အတွက် ကျေနပ် ပျော်ရွှင်ကျေးဇူးတင်ပါတယ်။
သီချင်းဆိုတာအပြင် အလှဓာတ်ပုံရိုက်တာတွေနဲ့ VCD တွေမှာ သရုပ်ဆောင်ဖြစ်တာက။     

ကိုယ့်ကိုယ်ကိုယ် အဆိုတော်ဖြူဖြူကျော်သိန်းလို့ပဲခံယူပြီး လုပ်ခဲ့တာပါ။

ဖြူဖြူကျော်သိန်းရဲ့ ပျော်ရွှင်ခဲ့ရတဲ့ အချိန်များ

အများစုကတော့ စင်ပေါ်မှာ သီဆိုဖျော်ဖြေ နေရတဲ့ အချိန်တွေပါပဲ။

ဖြူဖြူကျော်သိန်းသည်းခံမပေးနိုင်တဲ့ လုပ်ရပ်

လိမ်တာ၊ မရိုးသားတာ အလုပ်ကိုအလုပ်လို မလုပ်တာ၊ တခြားအရာတွေလည်း ရှိသေးတယ်။

ဖြူဖြူကျော်သိန်းရဲ့ အကြည်ညိုဆုံးစံပြပုဂ္ဂိုလ်

တစ်ဘဝလုံးအတွက် အကြည်ညိုဆုံး စံပြ ပုဂ္ဂိုလ်ရယ်လို့ မရှိပါဘူး။ဘုရားကို ယုံကြည်တယ်။ ရိုးသားဖြောင့်မှန်တဲ့သူကို ကြည်ညိုတယ်။ လူတော်လူကောင်းကို စံထား တယ်။

ဖြူဖြူကျော်သိန်းရဲ့ မိဘအပေါ်ထားတဲ့ စိတ်သဘောထား

ဖေဖေနဲ့မေမေ ကိုချစ်တယ်။ သူတို့ရဲ့ ရိုးသားဖြောင့်မတ်မှုကို လေးစားအတုယူတယ်။ ကိုယ့်အပေါ်ထားတဲ့ သူတို့ရဲ့မေတ္တာအတွက် ကျေးဇူးတင်တယ်။တစ်ချိန်မှာ ကိုယ့် သမိုင်းကြောင်းကို ဒီလို ကျန်ခဲ့စေချင်တယ်။နာမည်ကျန်ရစ်နေခဲ့စေချင်တယ်။ ဘယ်ပုံ ဘယ်နည်းနဲ့ ကျန်ချင်လည်း ဆိုတာကိုတော့ အသက်ရှင်တဲ့ နေ့တိုင်းမှာ ကိုယ် တိုင်ရွေးချယ် ဆုံးဖြတ်ရပ်တည်ရပါတယ်။

ပရဟိတလှုပ်ရှားမှုတွေအပေါ် ဖြူဖြူကျော်သိန်းရဲ့အမြင်

ကိုယ်နားလည်သလောက်တော့ ပရဟိတဆိုတာ လိုနေတဲ့သူကို ကူညီချင်တဲ့သူက ကူညီ နိုင်သလောက် ကူညီတာပါပဲ။ ခုနောက်ပိုင်းမှာတော့ ဒါဟာ ခေတ်ပေါ် Fashion တစ်ခုလို ဖြစ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဘာရယ် ရည်ရွယ်ချက်ပဲရှိရှိလေ…လိုနေတဲ့သူတွေကို ကူညီတဲ့သူတွေများလာတယ်ဆိုတာ လိုနေသူတွေ အတွက် ကောင်း တာပေါ့။

အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အနေနဲ့ လူငယ်ဝါသနာရှင်တွေကို Judge လုပ် ပေးရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှု

သူတို့ရဲ့အရည်အသွေးကို မြင်တွေ့ရတာကိုက ကျေနပ်အားရဝမ်းသာစရာကောင်းပါတယ်။ ကိုယ်ပြောပြပေးလိုက်တဲ့ Comment လေးတစ်ခုက သူတို့ရဲ့ လမ်းကြောင်း မှာ အထောက်အကူ ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ ပြောချင်တဲ့စကားဆို ရင်တော့ ကိုယ့်ထက်အများကြီးပိုတော်တဲ့သူတွေ ဖြစ်စေချင်တယ်။ ကမ္ဘာကျော်ေ တွ ဖြစ် လာစေ ချင်တယ်။

အချစ်နဲ့ပတ်သက်ပြီး ဖြူဖြူကျော်သိန်းခံယူထားတဲ့ ခံယူချက်နဲ့ ရွေးချယ်မှုပုံစံက

ကိုယ့်စိတ်ထဲမှာ ဘယ်လိုလူမျိုးကိုမှ ချစ်မယ်လို့ တစ်ခါမှ ဘောင်ခတ်မစဉ်းစားထားပါဘူး။ အပြင်လောကက ဖြစ်ရမယ်၊ သာမန်ယောက်ျား လေးဖြစ်ရမယ်၊ အနုပညာ သမားဖြစ်ရမယ်၊ ပညာတတ်ရမယ်၊ ချမ်းသာရမယ်၊ ဆရာဝန်ဖြစ်ရမယ်၊ အောင်မြင်ရမယ်၊ အာဏာရှိရမယ်၊ ရုပ်ချောရမယ်စသဖြင့် တစ်ခါမှ မတွေးထားပါဘူး။ အရေးကြီး တာက ကိုယ်သဘောကျတဲ့ ဥာဏ်ရည်နဲ့ စိတ်ရှိပြီး။ အပြန်အလှန်တူညီတဲ့ မေတ္တာထားနိုင်ဖို့ပါပဲ။ ဘဝတစ်လျှောက်အတူ လက်တွဲခွင့်ရတယ် မရဘူးဆို တာကတော့ ဘု ရားရဲ့အလိုတော်ပါပဲ။

ဖြူဖြူကျော်သိန်းရဲ့ အနာဂတ်အစီအစဉ်

လောလောဆယ် ကိုယ်ပိုင်သံစဉ်တစ်ကိုယ်တော် ၂ ခွေစီစဉ်နေပါတယ်။ တစ်ခွေက Lazy Club နဲ့ပါ။ နောက်တစ်ခွေကတော့ တေးရေးအသစ်၊ တီးဝိုင်းအ သစ်နဲ့ ရော့ခ် သီချင်းတွေချည်းပါပဲ။ အဲဒီအခွေကိုတော့ သင်္ကြန်ပြီးရင်အရင် ထွက်ချင်ပါတယ်။

↧

Special Cover Image

$
0
0

Model           : Yoon Yait Myat
Make-up      : Nyi Nyi Maung ( Sanchaung )
Designer      : Ma Sue (Beik Thano Gallery )
Jewellery    : Myo Nyunt Yadanar (Bogoke market)
Photo            : Aye Zaw Moe ( setthmu )

Model           : Eaindra Thiri Ko
Make-up      : Nyi Nyi Maung ( Sanchaung )
Designer      : Ma Sue (Beik Thano Gallery )
Jewellery    : Myo Nyunt Yadanar (Bogoke market)
Photo            : Aye Zaw Moe ( setthmu )

Model           : Nan Htet Aung
Make-up      : Nyi Nyi Maung ( Sanchaung )
Designer      : Ma Sue (Beik Thano Gallery )
Jewellery    : Myo Nyunt Yadanar (Bogoke market)
Photo            : Aye Zaw Moe ( setthmu )

Model           : Myat Kyawt Khine
Make-up      : Nyi Nyi Maung ( Sanchaung )
Designer      : Ma Sue (Beik Thano Gallery )
Jewellery    : Myo Nyunt Yadanar (Bogoke market)
Photo            : Aye Zaw Moe ( setthmu )

Model           : Chaw Su Lin Phyu Thant
Make-up      : Nyi Nyi Maung ( Sanchaung )
Designer      : Ma Sue (Beik Thano Gallery )
Jewellery    : Myo Nyunt Yadanar (Bogoke market)
Photo            : Aye Zaw Moe ( setthmu )

↧

Women in the Lead

$
0
0

ဒေါက်တာညိုညိုသင်း

ရန်ကုန်တိုင်း ဒေသကြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း ကို ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်တွင် မွေးဖွား ခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ မဟာ ဥပဒေဘွဲ့ ရရှိခဲ့ကာ ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ် အထိ တိုကျိုမြို့ ကမ္ဘာ့ ကုလသမဂ္ဂ တက္ကသိုလ် တွင် မြန်မာနိုင်ငံ ဆိုင်ရာ အကြံပေး ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂ဝ၁ဝ ခုနှစ်တွင် ရန်ကုန်ပြန်လည် ရောက်ရှိကာ ဗဟန်းမြို့နယ် တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ကာအောင်နိုင်ခဲ့ သည်။

အများကို ဦးဆောင်မယ့်သူတစ်ဦးမှာ ရှိသင့်ရှိ ထိုက်တဲ့ အချက်သုံးချက်လောက်ကို ပြောပြနိုင် မလား။

အန်တီ တွေးတာကတော့ အများကိုဦး ဆောင်မယ်ဆို ထိုက်သင့်တဲ့ ပညာ အရည်အချင်း တွေရှိရမယ်။ ရိုးသားရမယ်၊ ရိုးသားမှုမရှိရင် ပညာတတ် လည်း ပြည်သူတွေ အတွက် အန္တရာယ် ပဲ။ ရိုးသားရမယ် ဆိုလို့လည်း အမြဲတမ်း ရိုးရိုးကြီး နေလို့ မရဘူး။ အမှန်ကို မပြောရဲရင် ရိုးသားမှုက လည်း အလကား ဖြစ်မယ်။ ရိုးသားမှု နဲ့အတူ အမှန်တရား ကို ပြောရဲဆိုရဲတဲ့ သတ္တိရှိရမယ်။

အသက် ၁၈ နှစ် အရွယ်လောက်က ကိုယ့်ကိုယ် ကိုယ် ဘယ်လိုတွေးခဲ့မိလဲ။

အဲဒီအချိန် ကခေါင်းဆောင် တချို့ အကြောင်း ဖတ်ဖူးနေပြီ။ ခေတ်စနစ်ကို ပြောင်းလဲနိုင်တဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ချင်တာ။ အမျိုး သမီး ခေါင်းဆောင်တွေ ကိုတော့ မတွေ့ဖူးဘူး ပေါ့လေ။ ဗိုလ်ချုပ်အောင်ဆန်း ကို အရမ်းသဘော ကျတာ။ ဗိုလ်ချုပ်နေရာ မှာ ကိုယ့်ကိုယ်ကိုယ် အမြဲ တွေးဖူးတယ်။ ဗိုလ်ချုပ်က ကိုယ့်ကိုယ်ကိုယ် အမြဲနှိပ်ချ ပြီးနေတယ်။ သူ့အိမ်ကို သွားဖူးတယ်။ သူ့အသုံးအဆောင် ပစ္စည်းတွေဆို အရမ်းရိုးရှင်း တယ်။ ဥပမာ ကိုယ်က သိန်း ၃ဝဝ တန်ကားစီး နိုင်ဦးတော့ သိန်း တစ်ရာ တန်လောက်ပဲ စီးတယ်။ ရိုးရိုးကျင့် မြင့်မြင့် ကြံတာကို သဘောကျတယ်။ အခု ကိုယ် ပိုက်ဆံလေး ရှိရင် ဒီထက်ကောင်းတဲ့ ကားလေး စီးချင်လာတယ်။ ဗိုလ်ချုပ် ဆို အဝတ် အစား ၂ စုံ ၃ စုံပဲ ရှိတယ်။ ကိုယ့်ဗီရိုထဲမှာ အဝတ် အစားတွေ များလာတဲ့အခါ သြော်…ငါ ဗိုလ်ချုပ်လို မဖြစ်ပါလား ဆိုပြီး  ရှက်တယ်။

ခက်ခဲ ကြမ်းတမ်းတဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့ အခါ ဘယ်လိုဖြတ်သန်းခဲ့ပါသလဲ။

သည်းခံ ရတာပေါ့။ များများ လုပ်ဖြစ်တာ တရားခွေ နားထောင်ဖြစ်တယ်။ ဗုဒ္ဓ Channel နားထောင်ဖြစ်တယ်။ ဒီလိုပဲ အချိန်တွေကို ကျော် ဖြတ်ရတာပေါ့။ စိတ်ညစ်တဲ့ အခါ ဘုရား ရှိခိုးရင် လည်း အာရုံမရဘူးလေ။ ဒါကြောင့် ဆရာတော် တွေရဲ့ တရားတွေ နားထောင်တယ်။ တစ်ယောက်တည်း အေးအေးဆေးဆေး နေဖို့ ကြိုးစား တယ်။

ဘယ်လို ဦးဆောင်မှု အရည်အသွေးမျိုးကို လေးစား အားကျ မိပါသလဲ။

ခေါင်းဆောင် ဆိုလို့ရှိရင် ဗိုလ်ချုပ်ပေါ့။ ရိုးရိုးကျင့်မြင့်မြင့်ကြံတဲ့ ရိုးသားမှုနဲ့ ရည်မှန်းချက် ကြီးတဲ့ သူ သဘာကျတယ်။ ရည်မှန်းချက် ကြီးတယ် ဆို တာ မိမိအတွက် မဟုတ်ဘဲ အများ အတွက် တွေး ခေါ်ပြီး ဆင်ဆင်ခြင်ခြင် လုပ်တဲ့ ခေါင်းဆောင် ကိုနှစ်သက်တယ်။

ဘဝမှာ ဟန်ချက်ညီအောင်ဘယ်လိုကြိုးစားခဲ့လဲ။

ဟန်ချက် ညီအောင် ကြိုးစားတုန်းပဲ။ အမျိုး သမီးဖြစ်တဲ့ အပြင် နိုင်ငံရေး ကိစ္စလုပ်တဲ့အခါ လူမှုရေးကိစ္စ၊ အိမ်မှု ကိစ္စတွေ လစ်ဟင်းကုန်တာ ရှိတယ်။ အချိန်ကို အဖက်ဖက် မှာ ဟန်ချက် ညီညီ အသုံးချဖို့ ကြိုးစားရဦးမယ်။ ဒီဘက်ပိုင်း မှာတော့ ကြိုးစားနေတုန်းပဲ။ အိပ်ချိန် ဘာညာလည်း ပေးရ တာပါတယ်။ ဂျပန်မှာနေ တုန်း ကတော့ တစ်နေ့ ၃၊ ၄ နာရီက အိပ်တယ်။ အခု အသက် အရွယ်ရော ကျန်းမာရေး အရပါ တစ်နေ့ ၆ နာရီကနေ ၈ နာရီလောက် အိပ်ဖြစ်လာတယ်။

ဘဝမှာဘယ်လို စည်းမျည်း စည်းကမ်းတွေနဲ့ ဖြတ်သန်းခဲ့လဲ။

ငယ်ငယ်ကတည်းက အဖေက စာဖတ်တဲ့ အလေ့အကျင့် လုပ်ပေးခဲ့တယ်။ နေ့တိုင်း စာမဖတ် ဘဲ ကျော်သွားတဲ့နေ့ ကို မရှိဘူး။ အပျင်းပြေ ဖတ် တာမျိုး မဟုတ် ဘဲ တွေးစရာ ရေးစရာ တစ်ခုခု ကျန်အောင် ဖတ်တယ်။ အခုဆို အချိန်ပေးပြီး လွှတ်တော် Channel ကြည့်တယ်။ အချိန်မရရင် အိပ်ချိန်ကိုပေးပြီး ကြည့် တယ် နေ့တိုင်း ကိုယ် မသိတဲ့ သတင်းတစ်ခုခု ပဲဖြစ်ဖြစ် ပညာ တစ်ခုခုပဲ ဖြစ်ဖြစ် ကိုယ့်အလုပ် အတွက် တစ်ခုခု ကျန်အောင် လုပ်တယ်။

ဦးဆောင်သူ အမျိုးသမီးတစ်ဦးအတွက် သတိပြု ရမယ့် အရေးကြီးဆုံးအချက် ၃ ချက်လောက် ပြောပြနိုင်မလား။

အမျိုးသမီး ဖြစ်တဲ့ အတွက် အမျိုးသားတွေ ထက် စည်းကမ်းတွေရော လူမှုတာဝန်တွေ ပါများတယ်။ နိုင်ငံရေး အရ ယုံကြည်ချက် ဘာသာ ရေး ယုံကြည်ချက်က ယဉ်ကျေးမှု နဲ့ ပဋိပက္ခဖြစ်လာ တဲ့အခါမျိုးဆို အပြောအဆိုကို အချိန်ယူရတယ်။ စဉ်းစားဆုံးဖြတ်ဖို့ ကိုလည်း အချိန်ယူ ရတယ်။ လက်လွတ် စပယ် ပြောလို့ မသင့်တော် ဘူး။

P.S သူမ အနေဖြင့် အပြည်ပြည် ဆိုင်ရာ စံနှုန်း ဖြစ်သော အမျိုးသမီးများ၏ PERSONAL အခွင့်အရေးကို တန်ဖိုးထား လေးစားသူဖြစ်သဖြင့် အမျိုးသမီး များ၏ ပညာ အရည် အချင်း၊ အသက်၊ အလုပ်အကိုင် ၊အိမ်ထောင်ရေး စသည့် ကိစ္စရပ်များ အပေါ် ကာယကံရှင် ပြောဆိုမှုမရှိဘဲ မေးမြန်းမှု ပြုလုပ်ခြင်းကို မဆောင်ရွက်ရန် ပညာပေးဟော ပြောမှုများ အလျဉ်း သင့်သလို ဆောင်ရွက်နေ ကြောင်းပြောသည်။

ဝေမာထွန်း

↧

ကြာရိုးကလေး တန်းလန်း

$
0
0

(၁)
ရွာထိပ် ရေကန်ကြီး ရှေ့ရောက် တော့မှပဲ ရွာထဲရောက်လျှင် သူဝင် စရာ အိမ် မရှိတော့ကြောင်းကို ကိုမင်းမောင် သတိရမိတော့သည်။

မြန်မာပြည် ပြန်ရောက်ရောက် ခြင်း လေယာဉ်ပေါ်က ဆင်းခါစက ခံစားမိသော ခြေထောက်နှစ်ချောင်း စလုံး အားမရှိတော့သည့် ခံစားချက် မျိုး ပြန်ပေါ်လာသည်။
ရေကန်ကြီး ကတော့ သူတို့ ငယ်ငယ်တုန်းကလိုပဲ ကန်အပြည့် ကြာပင် ကြာပန်းတို့နှင့် တင့်တယ် နေမြဲ။ ကန်ဘေးမှာ ငှက်ပျောပင် တွေကလည်း ထူထပ်စွာ ပေါက်နေ ကြမြဲ။ ပိတောက်ပင်ကြီးနှင့် သရက် ပင်ကြီးကိုတော့ မတွေ့တော့။ တခြား သစ်ပင်ကြီးတွေလည်း တော်တော် နည်းသွားပုံရသည်။ နေက သူငယ်ငယ်က ကြုံခဲ့ဖူးသည့် ညနေခင်းတွေ ထက် သိသိသာသာ ပူနေသည်။

ရွာက လည်း ကန်နှင့် နည်း နည်း ပိုဝေးသွားတာလား မသိ၊ ကန်နားက ရပ်ကြည့်လိုက်လျှင် ထင်ထင်ရှားရှား မြင်ရသည့် တဲ ကလေးတွေ သိပ်မရှိတော့။ မြို့ပြ ကကျေး လက်ကိုဖြန့်ထွက် မလာဘဲ ကျေးလက်က လူတွေက မြို့ပြကို ရွှေ့ပြောင်းတာ များလွန်းနေသည်ဟု နိုင်ငံခြား မှာတုန်းက သူကြားခဲ့ရ သည့် သတင်းတွေပဲ မှန်နေပြီလား မသိ။

စိတ်ပျက် လက်ပျက်နှင့် ကန်ဘောင်ကို ပတ်၍ လျှောက်လာခဲ့ သည်။ ကန်ထဲကို ရေခပ်ဆင်းသည့် အုတ်လှေကား ကလေးထိပ်တွင် ညောင်ပင်ကြီးက အရိပ် အာဝါသ ကောင်းနေဆဲ။ ညောင်ပင်မှာ ကပ်ရိုက်ထားသည့် ရေချမ်းစင် ကို တော့ မတွေ့ရတော့။

လွန်ခဲ့သော ၁ဝ နှစ်လောက် ကတော့ သည်ရေချမ်းစင်က ရေအိုးကလေး ကရေခပ်ဆင်းသူ တိုင်းဖြည့်ဖြည့် သွားသဖြင့် အမြဲ ပြည့်ပြီး စိုရွှဲနေတတ်သည်။ ယခု တော့ ရေ ခပ် ဆင်းသူတွေပဲ မရှိတော့ တာလား။ လူတွေကပဲ ပလတ် စတစ်ဘူးထဲက သောက်ရေသန့် ကိုသာ သောက်နေ ကြတော့တာ လားမသိ။

အုတ်လှေကားကလေး၏ ထိပ် ညောင်ပင်ရိပ်မှာ မျက်နှာချင်းဆိုင် ထားသည့်နှစ်ယောက်ထိုင် အုတ်ခုံ ကလေးနှစ်ခုရှိသည်။

ငယ်ငယ်က သူနှင့် သူငယ်ချင်း မောင်ဝင်းတို့ ထိုင်နေကျ။

သူက ဒီရွာ မှာနေတာ မဟုတ်။ သည်ရွာနှင့် ၅ မိုင်လောက်ဝေး သော စက်ရုံဝင်း ထဲမှာနေ တာဖြစ် သည်။ ကျောင်းတက်ရင်း သည်ရွာ သားမောင်ဝင်းနှင့် သူငယ် ချင်းဖြစ် တော့ သည် ရွာကလေးကို ကျောင်း ပိတ်ရက်တွေမှာ စက်ဘီးနှင့် လာ လာလည်တတ်သည်။

သူငယ်ချင်း နှစ်ယောက် သည် အုတ်ခုံကလေးမှာ ခဏခဏ ထိုင်၍ နာရီနှင့်ချီပြီး စကားတွေ ပြောဖူးကြသည်။ တစ်ခါတလေ မောင်ဝင်း ညီမလေးငြိမ်းငြိမ်း ကို ပါ မောင်ဝင်း က ခေါ်လာတတ်သည်။

သူတို့နှစ်ယောက် က ၁၄ နှစ် ၁၅ နှစ်လောက်။ ငြိမ်းငြိမ်း ကလေး က ရှိလှ ၄ နှစ်ပေါ့။ ကျောင်းမနေ သေး။ ဘာရယ်တော့ မဟုတ်။ မောင် ဝင်း အဖေကြီး က ကောင်းကောင်း မကျန်းမာ၊ အမေကြီး က အလုပ်ရှုပ် နေတာနှင့် ကလေးကို မောင်ဝင်းပဲ အတူဆော့ ကစားပေးနေ၊ ထိန်းပေး နေရတာဖြစ်သည်။

ကိုမင်းမောင် အုတ်ခုံမှာ ဝင် ထိုင်ရင်း သက်ပြင်းချသည်။ ဒါတွေ က ဘာ လိုလိုနှင့် အနှစ်နှစ်ဆယ် ကျော်ခဲ့ပြီ။ သူ့စိတ်ထဲမှာ မနေ့ တစ်နေ့က လိုပင် မှတ်မိနေဆဲ။

(၂)
”ငါတို့ ပြောင်းရတော့မယ်၊ မောင်ဝင်း”
”အေး၊ ငါကြားတယ်”
မောင်ဝင်းကတုံးတိတိ ဖြေရင်း ကန်ရေပြင်ကို ငေးနေသည်။ ပြီးတော့ ခြောက်ကပ်ကပ်ရယ် သည်။
”တော်သေးတာပေါ့ကွာ။ ၁ဝ တန်းပြီးမှ အမိန့်ထွက်လို့။ တိုးလိုး တန်းလန်းဆို မင်းတော်တော်ပျာ သွားမှာ”
သူငယ်ချင်း သံယောဇဉ် ကြောင့် ခွဲခွာ ရတာကို ဝမ်းနည်းဟန် ပြရမှာ မောင်ဝင်း အားနာနေဟန် ရှိသည်။
ငြိမ်းငြိမ်း ကလေးက သူတို့ရှေ့ ကမြေကြီးပေါ် မှာ ထိုင်၍ အိုးပုတ် ကလေးတွေနှင့် ဆော့ ကစားနေ သည်။ အိုး ကလေးတွေ ထဲကို မြေကြီးတွေ ဖြည့်လိုက် သွန်လိုက်နှင့် ပါးစပ် ကလည်း တစ်ယောက်တည်း ဘာမှန်း မသိသော စကားတွေပြော နေသည်။

”မင်း ၁ဝ တန်းအောင်ရင် မန္တလေးတက္ကသိုလ်တက်မှာလား မောင်ဝင်း”
မောင်ဝင်းကရယ်၍ ခေါင်းခါ သည်။
”အောင်မယ် မထင်ပါဘူးကွာ။ အောင်လည်း အလွန်ဆုံး အဝေးသင် ပေါ့။ ငါ့အဖေ ကျန်းမာရေးလည်း မင်းသိသားပဲ။ ငါမှ အလုပ်မလုပ်
ရင် ငြိမ်းငြိမ်းလေး ဘယ်လိုလုပ် ပညာသင်ပေးမလဲ”
မင်းမောင်အာစေးမိသွားပါ သည်။

(၃)
မောင်ဝင်း သူ့ကိုယ်သူ နိမိတ် ဖတ်ခဲ့သလိုပင် ၁ဝ တန်း ကျသည်။ ပြန်ဖြေတာလည်း မအောင်ကြောင်း ကြားရသည်။ မြို့တက်၍ ဆိုင်ကယ် ပြင်ဆိုင်မှာဝင် လုပ်သ တဲ့။ နောက် နည်းနည်း ကျွမ်းကျင်လာချိန်တွင် ရွာနီး ချုပ်စပ်မှာ ဆိုင်ကယ်တွေ များလာသဖြင့် ရွာပြန်ဆိုင်ကယ်ပြင် ဆိုင်ဖွင့်သတဲ့။

မင်းမောင် တက္ကသိုလ် ဒုတိယ နှစ်မှာ နိုင်ငံခြား တက္ကသိုလ် တစ်ခု ဝင်ခွင့်ရ၍ မြန်မာနိုင်ငံမှ မထွက် ခွာမီ မောင်ဝင်းကို သွားရှာတွေ့သေး သည်။ သူငယ်ချင်းနှစ်ယောက် သည်ခုံမှာ ထိုင်ဖြစ်သေးသည်။

အသားအရေ မည်းပြောင် နေသော်လည်း မောင်ဝင်းမျက်နှာ က အပြုံးမပျက်ခဲ့။

”အရိပ်ထဲ အလုပ်လုပ်ရတာ ဒီလောက်မည်းသွားရလား သူငယ် ချင်းရာ”
မောင်ဝင်းက ရယ်သည်။
”ဆိုင်ကယ်ပြင်တာများ မင်း က ကားဝပ်ရှော့ မှတ်နေလား။ ပြီး တော့ ဘာပစ္စည်းမှ ကြို ဝယ်ထားနိုင် တာမဟုတ်ဘူး။ လိုတိုင်းကိုယ့်ဟာ ကိုယ်မြို့တက်ဝယ်ရတာ”

”အဆင်ရောပြေရဲ့လားကွာ”
ပခုံးတွန့်ပြသည်။

”အဖေက ဆုံးသွားတော့ ဆေး ဖိုးတော့ ရှာစရာမလိုတော့ဘူးပေါ့ ကွာ။ ငြိမ်းငြိမ်းလေး ကျောင်းစရိတ် ကလည်း မူလတန်းပဲ ဆိုတော့ သိပ် မကုန် ဘူးပေါ့။ နောက် ဆို ရင်တော့ ပိုရှာရမှာပေါ့”

အဲဒီ့ညက သုရွာမှာ အိပ်ဖြစ် သည်။ ညစာစား အပြီးတွင် ရှစ်နှစ် ပဲ ရှိသေးသော ငြိမ်းငြိမ်းလေးက လက်ဖက်သုပ် ပန်းကန်လေး ချပေး ပြီး …လက်ဖက် စားပါဦး ကို ကိုကြီး … ဟု ယဉ်ကျေးချိုသာ စွာ ပြောတော့ သူသဘော ကျစွာ ရယ်မောပြီး ကလေးပါးလေးကို လိမ်ဆွဲခဲ့မိတာတောင် မှတ်မိ သေး။

(၄)
သူ နိုင်ငံခြား မှာ လုပ်ငန်း စီမံခန့်ခွဲမှု ပညာနှင့် ဘွဲ့ရပြီး အလုပ်လုပ် ရင်း ဘွဲ့လွန် ဆက်တက်တော့ မြန် မာပြည် တော်တော် နှင့် ပြန်မရောက် ဖြစ်။
ပြန်ရောက်သည့် အခေါက်မှာ တော့ မိဘတွေကို အညာ ဘုရားဖူး ပို့ရင်း သူ့ရွာ ကလေးကို ရောက်ဖြစ် အောင် ရောက်ခဲ့သေးသည်။
သည်တစ်ခါတော့ ရွာထိပ် ရောက်သည်နှင့် အင်္ကျီ မပါသော ကျောပြောင်ကြီးနှင့် လုံချည် တိုတို ဝတ်ပြီး ဆိုင်ကယ် စီးလာသော မောင်ဝင်းနှင့် တည့်တည့်တိုး သည်။
အသား နည်းနည်း ပိုမည်းသွား ပြီး ဗိုက်နည်းနည်း ရွှဲလာသော်လည်း မောင်ဝင်း ကို သူချက်ချင်း မှတ်မိပါ သည်။
” မောင်ဝင်း”
မောင်ဝင်းက ဆိုင်ကယ် ရပ်၍ သူ့ကို ခဏကြောင် ကြည့်နေပြီးမှ ရုတ်တရက် ပြုံးလာပြီး ဆိုင်ကယ် ပေါ်က အူယား ဖားယား ပြေးဆင်း လာသည်။
” မင်းမောင်..အောင်မယ် လေး ငါ့ သူငယ်ချင်း ဖြူဝင်းပြီး ချောလို့ပါလားကွ။ ငါက ငါတို့ရွာကို အမ်တီဗီ လာရိုက်တဲ့ မင်းသားများ လားလို့ဟေ့။ ဘယ်တုန်း က မြန် မာ ပြည်ရောက်သလဲ။ အပြီး ပြန်လာ တာလား”

” ဖြည်းဖြည်းမေးပါကွာ.. ခဏလာတာပေါ့ကွ။ မင်း သတိရ လို့ ဝင်လာတာ။ မင်းကအခု တခြား သွားမလို့လား”
ခေါင်းခါပြသည်။
”ရေကန်တင်ပါကွာ”
”ရေကန် ဘာသွားလုပ်မလို့ လဲ”
ငြိမ်းငြိမ်း ရေခပ် သွားတာ ကြာ လို့ အမေက လိုက်ကြည့် ဆိုလိုဟေ့  မင်းက တစ်ဦးတည်းသော သား။ ဒီဒုက္ခတွေ မသိဘူး။ နှမအပျို ဖြစ်တာ မောင် ဘယ်လောက်အ လုပ် ရှုပ် တယ် မှတ်သလဲ”

မင်းမောင်က ရယ်သည်။
”အဲဒီ့ ဒုက္ခတွေ ခံချင်တာပါ ကွာ။ အမေက ငါ့ကိုနှမကလေး တစ်ယောက်မှ မွေးမပေးလို့။ မွေးပေးရင် ဖူးဖူး မှုတ်ထားမှာ။ နို့.. ငြိမ်းငြိမ်း က မလိမ္မာလို့လား။ မင်းက ဒီလောက် စိတ်ပူနေရအောင်”
”လိမ္မာပါ့ကွာ။ ကျောင်းမှာ လည်း’တစ် ‘ချည့်ပဲ။ စိတ်ပူရတာ တော့.. မင်းသာလိုက်ကြည့်ပေ တော့”
သူငယ်ချင်း နှစ်ယောက်သား ထိုင်နေကျ အုတ်ခုံ ကလေးဆီ အထိ ဆိုင်ကယ်ကို တွန်းယူသွားကြ သည်။
အဲဒီ့ အချိန်မှာပဲ အသက်၁၆ နှစ်ခန့် အပျိုပေါက် မိန်းကလေး တစ်ဦး ရေကန်ဘက် ဆီမှ ရေအိုး ကလေး ခါးပွေ့၍ တက်လာနေ သည်။ ကျောင်းဝတ်စုံ အနွမ်း ကလေး နှင့် မို့ ငြိမ်းငြိမ်းပဲ ဖြစ်မှာပဲဟု မင်းမောင် တွက်မိသည်။
မိန်းကလေး ကမော့ကြည့်လိုက် တော့ မင်းမောင် ပါးစပ်အဟောင်း  သား ဖြစ်သွားပါသည်။
”ငြိမ်းငြိမ်း ‘ညီမလေး’ မင်း မောင်ကြီး မှတ်မိလား”
ငြိမ်းငြိမ်းက ချစ်စဖွယ် ပြုံး၍ ခေါင်းညိတ်ပြသည်။
”မှတ်မိပါတယ်။ ကိုကိုကြီးက ဖြူလို့ ချောလို့”
မင်းမောင် မှင်တက်နေဆဲ။ မောင်ဝင်းကရယ်သည်။
”ငါ့နှမ ငါဘာလို့ စိတ်ပူလည်း သိပြီလား.ဟေ့ကောင်”

မင်းမောင်ခေါင်းညိတ်ပြသည်။
”ဟုတ်ပ ညီမလေးရယ် မောင်ဝင်းနဲ့ တစ်ဖေအေတည်း တစ် မအေတည်း လို့တောင် ထင်စရာ မရှိ ဘူး၊ ဘယ်တုန်းက အဲသလောက် လှသွားရတာလဲ”

မောင်ဝင်းက..ခွေးကောင်. ဟု ဆဲ၍ရယ်သည်။

”မင်းတို့လို ဘဝမျိုးမှာတော့ နှမလှလှ ရှိတာ ဂုဏ်ယူစရာပေါ့ ကွာ။ ငါတို့ဘဝမှာတော့ နှမလှလှ ရှိတာ ရင်ထဲ ပူနေရရောကွ။ သူ့ရွယ် တူတွေကလည်း စိတ်ပူ စရာကောင် တွေချည့်ပဲကွာ”

မင်းမောင်စာနာစွာ ခေါင်း ညိတ်ပြသည်။

”ငြိမ်းငြိမ်းက ဘယ်နှတန်းလဲ”

”၁ဝတန်းပါ ကိုကိုကြီး”

မင်းမောင်ကမောင်ဝင်းကို လှည့်ကြည့်သည်။

”၁ဝ တန်းတော့ ရေခပ်မခိုင်းနဲ့ တော့လေကွာ။ ဟေ့ကောင်။ မင်းပဲ ငယ်ငယ်က မင်းနှမကို ပညာတော် စေချင်တယ်ဆိုပြီး”

”ဒါလေးတစ်ခု တည်းခိုင်းတာ ပါကွာ။ ဒါတောင်သူက မနေတာပါ။ မင်းကလည်း။ အစ်ကို အရင်းထက် ကဲ ပြနေပြန်ပြီ”

သူငယ်ချင်း နှစ်ယောက်သား ရယ်တော့ ငြိမ်းငြိမ်းက ချစ်စဖွယ် လိုက်ရယ်ပါသည်။ အဲသည့် ညက သူရွာမှာ အိပ်တော့ ငြိမ်းငြိမ်းက အစဉ်အလာ မပျက် လက်ဖက် သုပ် ကျွေး ပါသေးသည်။

(၅)
ကိုမင်းမောင် ရေကန်ကြီး ဘက်ကို ငေးကြည့်နေရင်း မျက်ရည် ဝိုင်းလာသည်။
သည်ရေကန် ကြီးရှေ့မှာ သူရယ်နိုင်တာ နောက်ဆုံး အချိန်ဖြစ် ခဲ့သော ထိုနေ့ကလေးကို ပြန်သတိ ရမိတိုင်း သူမျက်ရည်လည်ချင် သည်။

အဲသည် တစ်ခေါက်ကသူ ရန်ကုန် ပြန်ရောက်ရောက်ချင်း ရွာ ပြန်ပြေးရပါသည်။ ရွာက ကျောင်း ဆရာလေးက မောင်ဝင်းကို သူပေး ခဲ့သော ဖုန်းနံပါတ်နှင့် ဖုန်းဆက်ခေါ် ၍ပါ။

မောင်ဝင်း ရွာကနေ မြို့ကို ဆိုင်ကယ်နှင့် ဆိုင်ကယ် ပစ္စည်းတက် ဝယ်ရင်း ကုန်ကားနှင့် တိုက်မိသတဲ့။ ဦးထုပ်ကလည်း ဆောင်းမထား သဖြင့် ပွဲချင်းပြီးရော တဲ့။

မောင်ဝင်း အသုဘချ အပြီးမှာ မျက်နှာ ကလေး နီရဲမို့ဖောင်းနေ အောင် နေ့ရော၊ ညပါငိုနေသည့် ငြိမ်းငြိမ်း၏ မျက်နှာ ကလေးကို ငေး ကြည့်ရင်း မင်းမောင် တစ်ယောက် ဖျောင်းဖျ ဖို့စကားလုံး ရှာမတွေ့ခဲ့ ပါ။

ကျောင်းဆရာ ကလေးကတော့ အရေးအကြီးဆုံး စကားကို တိုးတိုး ကလေး ညည်းတွား၍ ပြောပါ သည်။

”ကလေးပညာရေးနှမြောစရာ ဗျာ။ စာသိပ်တော်တာဗျ”

မင်းမောင်တုန်တက်သွားပါ သည်။

တစ်ညလုံး စဉ်းစား ပြီးနောက်  တွင်တော့ သူဆုံးဖြတ်ချက် တစ်ရပ် ကို ပြတ်သွားစွာချနိုင်ခဲ့ပါသည်။ နောက်တစ်နေ့ မနက်မှာ  ကျောင်း ဆရာ ကလေးနှင့် ရွာလူကြီး တချို့ ကို ခေါ်၍ ငြိမ်းငြိမ်းတို့ သားအမိကို သူ စကားပြောပါသည်။

”မောင်ဝင်းနှမ ဟာ ကျွန်တော့် နှမပါပဲ။ ကျွန်တော့် မန်နေဂျာပေါက် စလစာဟာ နိုင်ငံခြား မှာတော့ ဘာမှ မဟုတ်ပေမဲ့ မြန်မာပြည် နှုန်းနဲ့ ဆိုရင်တော့ ငြိမ်းငြိမ်းဘယ် တက္ကသိုလ် တက်တက် ဘွဲ့ရတဲ့ အထိ ကျွန်တော် တာဝန်ယူနိုင်ပါ တယ်။ လူကြီးတွေ သဘောတူမယ် ဆိုရင် ဒီအနီးဆုံးမြို့ အထိ ကျွန်တော် ငွေမှန်မှန် လွှဲပေးပါမယ်။ ငြိမ်းငြိမ်း တို့သွားယူနိုင်ဖို့ လူကြီးတွေ ဝိုင်း စဉ်းစားပေးကြပါ”

ငြိမ်းငြိမ်းတို့ သားအမိက ပထမတော့ အားနာခြင်း သည်းစွာ ငြင်းကြသေးသည်။ နောက်တော့ လူကြီးတွေပါဝင် ဖျောင်းဖျမှ လက်ခံ သည်။
အဲသည် တစ်ခေါက်က သူပြန် တော့ ငြိမ်းငြိမ်းသူ့ကို ကန်တော့ပါ သည်။

(၆)
ကိုမင်းမောင် မျက်နှာကို ကန်ရေပြင်မှ ဖြတ်သန်းလာသည့် လေအေး ကလေးတိုက်ခတ်တော့ ပါးပြင်က ချွေးစက်ကလေးတွေက အေးမြမြအရသာကို ခံစားရသည်။

ကြာခဲ့ပါပြီ။ ဆယ်နှစ်တောင် မကတော့။

ငြိမ်းငြိမ်း ကိုလည်းအဲဒီ ကတည်းက သူမတွေ့ရတော့ပါ။

ငြိမ်းငြိမ်း ၁ဝ တန်းကို ထူးချွန် စွာအောင်ပါလျက်နှင့် အဝေးသင် တက္ကသိုလ် ပဲတက်မည်ဟု သူ့ကို စာရေးစဉ်က သူဆေးတက္ကသိုလ် အတင်း တက်ခိုင်းခဲ့သည်။ မကွေး ဆေးတက္ကသိုလ် မှာ ငြိမ်းငြိမ်းတက် နေသည့် ငါးနှစ်စလုံး လည်း သူ့ကို စာမှန်မှန် ရေးခဲ့သည်။ တစ်နှစ် တစ် တန်းလည်း အောင်သတဲ့။ အစ ကတည်းက လိမ္မာသော ကလေးပဲ။ ဘဝပေး အသိနှင့် ပို၍ပင် ဆင်ခြင် တုံတရားပြည့်ဝတော့ ပေမပေါ့။

ငြိမ်းငြိမ်း အလုပ်သင် ဆရာဝန် ဖြစ်သောနှစ်မှာ ငြိမ်းငြိမ်း အမေ ဆုံးသည်။ ငြိမ်းငြိမ်းက မကွေး တွင်ပင် အလုပ်သင် ဆရာဝန်ဆက် ဆင်းသည်။

သူ့ကိုတော့ စာမှန်မှန်ရေးနေ ဆဲ။ အလုပ်သင် ဆရာဝန်လစာ အဲဒီ့ အချိန်က တစ်ထောင်ကျော် သာရသော်လည်း ၁ဝတန်းဖြေမည့် ကျောင်းသူ၊ ကျောင်းသားတွေကို အချိန် ပိုင်း ကျူရှင်ပြ ရာမှ ဝင်ငွေလုံ လောက်ကြောင်းနှင့် ကူညီခဲ့သည် တို့ကို ကျေးဇူးတင်ကြောင်း၊ ကျောင်းလည်း ပြီးပြီမို့ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်ကြည့် ချင် ကြောင်း ၊ ငွေမပို့တော့ရန် အကြောင်း တွေ ပါလာသည်။

အဲဒီ့ အချိန်မှာ ကိုမင်းမောင် ရနေသော လစာနှင့် စာလျှင် ငြိမ်း ငြိမ်းကို ပို့ရသောငွေ မှာ ဘာမှမရှိ တော့သော်လည်း လူငယ်တစ်ဦး ၏ ကြိုးစားချင်သော စိတ်ကို အားပေး လို စိတ်ဖြင့် ကိုမင်းမောင်က ငွေမ ပို့တော့ဘဲ လိုအပ်လျှင် အချိန်မ ရွေး စာရေးရန် သာ မှာလိုက် သည်။

အလုပ်သင် ဆရာဝန် ပြီးတော့ လည်း ငြိမ်းငြိမ်း မကွေးတွင်ပင် ဆက်နေနေသတဲ့။ ပုဂ္ဂလိက ဆေးရုံ တစ်ရုံတွင် ဝင်လုပ်ရင်း ကျူရှင်ဆက် ပြနေသတဲ့။ နောက်တော့ လက် ထောက် ဆရာဝန် ရွေးချယ် စာမေးပွဲ ဝင်ဖြေတာအောင်သတဲ့။ မေမြို့ ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်မှာ သုံးလ သင်တန်း တက်ရမတဲ့။ အောင်လျှင် ဘယ်မြို့ ကို ရောက်မည်မသိသေးတဲ့။

အဲသည်အချိန်မှာ တခြားနိုင်ငံ ကြီးတစ်ခုက ကုမ္ပဏီကြီး တစ်ခုတွင် ပိုကောင်းသောလခနှင့် ကိုမင်းမောင် အလုပ်ရသဖြင့် နိုင်ငံပါပြောင်း ခဲ့ရ သည်။ ငြိမ်းငြိမ်း စာတွေ ဆက်မရ လျှင် အဆက် အသွယ်ပြတ် သွားမည် စိုးသဖြင့် စာရောက်လျှင် ဆက်ပို့ပေး ရန် အစီအစဉ် များ လုပ်ခဲ့သော်လည်း အဲသည် နောက်ပိုင်း ဘာစာမှ မရောက်တော့ ပါ။

သိပ် အလှမ်းဝေးသည့် မြို့ တစ်မြို့မြို့ကိုပဲ ရောက်သွားတာ လား။ အိမ်ထောင်တွေ ဘာတွေကျ သွားပြီး ကိုမင်းမောင် ဆီစာမရေး အားတော့ တာလား။ စာတွေပဲ လမ်း မှာ ပျောက်တာလား။

ဝေခွဲ၍မရပါ။

ဘာပဲ ဖြစ်ဖြစ်။ ယခု လောက် ဆို သူငယ်ချင်း အပေါ်တာဝန်ကျေ ခဲ့ပြီဟု ယူဆမိ၍ လည်းကောင်း၊ ကိုယ်ကိုယ်တိုင် လည်း လူပျိုကြီးဖြစ် နေဆဲမို့ ကိုယ် ကူညီဖူးခဲ့သော ဆရာဝန်မ လှလှကလေး တစ် ယောက်ကို ရေဆုံးရေဖျား လိုက်ရှာ မှာ လည်းကောင်း၊ ပိုကြီးသော ရာထူးတွင် ပိုကြီးသော တာဝန်နှင့် ပိုများသော အလုပ်တွေပါလာ သဖြင့် လည်းကောင်း ကိုမင်းမောင် ငြိမ်း ငြိမ်းကို မေ့မေ့ပျောက်ပျောက် ပဲ ထားခဲ့ပါသည်။

ဆယ်နှစ်ကျော် ကြာပြီးမှ ပထဦးဆုံး အကြိမ် မြန်မာပြည် ပြန် လာတော့ ထုံးစံအတိုင်း မိဘတွေ နှင့် အညာဘုရာဖူး ထွက်ဖြစ်ခဲ့ပြန် ပါသည်။

သည်ရွာမှာ သူနှင့် သိတာ ဘယ်သူမှ မကျန်တော့လောက်ဘူး ဆိုတာ သိနေသော်လည်း သွား လေသူ သူငယ်ချင်း အတွက် ကုသိုလ် ကောင်းမှု ကလေးတစ်ခုခု လုပ်ပေး ရင်းက သည်နေရာ ကလေးတွေကို  အလွမ်းပြေ ကြည့်ဖို့ ယခုဝင်လာခဲ့ တာပါ။

သို့သော်

သည် ရေကန်ကြီးက ပြီးလျှင် ဘယ်ကိုများဝင်ရပါမည်တဲ့လဲ။

တွေဝေစွာဖြင့် အုတ်ခုံကပြန် ထသည်။ ခြေတစ်ဖက်က အုတ်လှေ ကား၏ အစွန်းကိုသွား နင်းမိသဖြင့် ဟပ်ထိုးပစ်လဲ သွားသည်။

”အား”

ခြေထောက်တစ်ဖက်ဆီက နာကျင်မှုကြောင့် ခြေသလုံးပေါ် အောင် လုံချည်ကို မကြည့်လိုက် တော့ သွေးထွက်နေသည့် ပွန်းရှ ဒဏ်ရာ။

ဒုက္ခပဲ။
ဆေးထည့် ဖို့ ဒီရွာမှာ ဘာဆေး ခန်းမှ မရှိတာ သူမှတ်မိသည်။ မြို့ကို ချက်ချင်းပြန်ချင် လျှင်လည်း ငှားလာသည့် ကားက အဆင်သင့် စောင့်နေတာ ရှိသည်။ သို့သော် မောင်ဝင်း အတွက်ဘာမှ လုပ်မပေးရ သေး။

တကျွတ်ကျွတ်စုတ်သပ်ရင်း နေရာမှထသည်။
ဆေးလက်ထောက်တွေ ဘာတွေများရှိနေပြီလား မသိဘူး။ ရွာနားသွားပြီး ရွာသားတစ်ယောက် ယောက်ကိုမေးကြည့်မည်ဟု စိတ်ကူးလိုက်သည်။

(၇)
”ခင်ဗျားကံကောင်းတယ်”
ဓားမခါးထိုးထားသည့် ရွာ သားကပြောသည်။
”ဘာကိုလဲ”
”စနေနေ့ ဆိုတော့ ရွာထဲမှာ ဆေးလာ ကုပေးနေတဲ့ ဆရာဝန် တစ်ယောက် ရှိနေတယ်။ သူက ဒီနားကမြို့က မြို့နယ် ဆေးရုံက လက်ထောက် ဆရာဝန်။ စနေ၊ တနင်္ဂနွေ ဆို ဒီရွာဆင်းလာပြီး ဆေးလာကုပေး တတ်တယ်။ ကျွန် တော်လိုက်ပြပေးမယ်”

ရွာသားကြီး လိုက်ပို့ပေးသော အိမ်ရှေ့ရောက်တော့ သူမျက်လုံးများ ပြာဝေသွားပါသည်။
ဒါ…မောင်ဝင်း အိမ်ပါ လား။

အိမ်ရှေ့မှာ ကွပ်ပျစ်ကလေး တစ်လုံး။ အဲသည်အပေါ်မှာ အသက် အစိတ်ခန့်ရှိ မိန်းမပျိုက လေး တစ်ဦးနှင့် အသက် ၁ဝ နှစ် ခန့်အရွယ် ကလေးလေးငါးဦး ရှိ သည်။ ကြည့် ရတာ ဆေးကုနေသည့် ပုံတော့ မဟုတ်ပါ။ စာအုပ် တစ်အုပ် နှင့် ကလေးတွေကို ပုံပြင်ဖတ်ပြနေ တာဟု ထင်သည်။

သူတို့ရပ်လိုက်တော့ မိန်းမပျို က မော့ကြည့်သည်။ ပါးစပ်က လေး အဝိုင်းသားဖြစ်သွားပြီး တပ်ထားသော မျက်မှန်ကလေးကို ချွတ်သည်။

”ကိုကိုကြီးလား”

”ငြိမ်းငြိမ်းလား…ဟင်”

မိန်းမပျိုက နေရာမှ ဝုန်းခနဲ  ထ၍သူ့ဆီ အပြေးတစ်ပိုင်းလျှောက် လာသည်။ အနားရောက်တော့ သူ့ လက်တစ်ဖက် ကို ပြေးဖက်မည့် ဟန်ပြုပြီး မှ ရို့၍ ရပ်လိုက်သည်။ မျက်ရည်တွေ….တွေတွေကျ လာသည်။

”ငြိမ်းငြိမ်း။ ညီမလေး။ မငိုနဲ့ လေ။ ဘာလို့ငိုရတာလဲ”

ငြိမ်းငြိမ်းက မျက်ရည်များဝင်း လက်နေသော မျက်လုံးတစ်စုံနှင့် မော့ကြည့်သည်။

”ကိုကိုကြီး မကောင်းဘူး။ ငြိမ်းငြိမ်းစာတွေကို တစ်စောင်မှ မပြန်ဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်ထဲမှာ ငြိမ်းငြိမ်းရေးတာ အစောင် သုံးဆယ် ကျော်ပြီ။ တစ်စောင်မှ ကို မပြန်ဘူး။ ငြိမ်ငြိမ်မှာ ဘာအပြစ်ရှိလို့လဲ။ ငြိမ်း ငြိမ်း လိမ်လိမ်မာမာ စာကြိုးစားခဲ့တာ ပဲ။ ကိုကိုကြီး စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် ဘာမှလည်း  မလုပ်ခဲ့ဘူး။ ဘာမှလည်း မရေးခဲ့ ဘူး”
ဒီလိုကိုး။

ကိုမင်းမောင် သက်ပြင်းချ သည်။ ရွာသားကြီးကတော့ ပါးစပ် အဟောင်းသား။

”မရောက်တာပါ။ ညီမလေး ရယ်။ နိုင်ငံပြောင်း၊ အလုပ်ပြောင်း သွားတာ။ စာတွေ ဆက်ပို့ပေးဖို့ တော့ စီစဉ်ခဲ့တယ်။ တစ်စောင်မှ ရောက်မလာတာ။ တို့နောက်ဆုံး သိတာ ငြိမ်းငြိမ်း အလုပ်ထဲ ဝင်သွား တာဆိုတော့ ဘယ်ရောက်နေမှန်း မှ မသိတာ။ ဘယ်လိုလုပ် စာပြန်မလဲ။ ခုလည်း မြန်မာပြည် ခဏပြန်လာရင်း ဒီရွာမှာ ငြိမ်းငြိမ်းတော့ မရှိလောက် တော့ဘူးလို့ ထင်ပေမဲ့ သူငယ်ချင်း အတွက် ကုသိုလ် တစ်ခုခု လုပ်ပေး မလို့ဆိုပြီး ဝင်လာတာ”

ငြိမ်းငြိမ်းမျက်နှာကလေး ဝင်းပလာပါသည်။

(၈)

ရွာထိပ်ရေကန်ကြီးဘေးက အုတ်ခုံတွင် နှစ်ယောက် သားထိုင် ဖြစ်ကြသည်။
”ကိုကိုကြီးမြန်မာပြည် ပြန် မလာသေးဘူးလား”
ငြိမ်းငြိမ်း ကမေးသည်။ ကိုမင်း မောင်ဖြေရ ခက်သွားပါသည်။
”လောလောဆယ်တော့ မဖြစ် သေးပါဘူး ငြိမ်းငြိမ်းရယ်။ ဒါနဲ့ ဟို မှာလည်း ဒီက ဆရာဝန် ကလေးတွေ ထွက်လာကြတာ အများကြီးပဲ။ ငြိမ်း ငြိမ်းရော မလာချင်ဘူးလား”
ငြိမ်းငြိမ်းကခေါင်းခါသည်။
”သူတို့ကို စိတ်ဆိုးရမလား။ ကိုယ့်ကိုယ် ကိုယ် စိတ်ဆိုး ရမလား တောင် မခွဲတတ်တော့ပါဘူး…ကိုကိုကြီးရယ်”
ကိုမင်းမောင် မျက်ခုံးပင့်မိ သည်။
”ဘာဖြစ်လို့လဲ။ ငြိမ်းငြိမ်း”
”ဘာဖြစ်လို့လဲ။ ငြိမ်းငြိမ်း”

 ငြိမ်းငြိမ်းက သက်ပြင်းချ သည်။

”ဒီမှာလည်း လုပ်စရာတွေက အများကြီး ရှိနေသေးတာ။ ကိုကိုကြီး သိတဲ့ အတိုင်းပဲ။ တံခါးက ပွင့်သွား ချင်တော့ သူများ တိုင်းပြည်တွေ ကနေ ကူညီချင်တဲ့ လူတွေ အ များ ကြီး ဝင်လာတာ။ သူတို့တောင် ဒီလာနေတဲ့ အချိန်မှာ ကိုယ်က ဒီကနေ ထွက်သွား ရမှာ လိပ်ပြာမလုံ ပါဘူး ကိုကိုကြီးရယ်။ ဒီမှာ ကိုယ် တွေ လုပ်နေတာတွေ ကို တကယ် ကူညီရာ ကျနေ ပြီလားလို့ ကြည့် တော့လည်း ငြိမ်းငြိမ်း တို့ရွာ တောင် ကိုကိုကြီး မြင်တဲ့ အတိုင်းပဲ။ ဘာ တိုးတက်သေးလို့လဲ။ ဆရာဝန် တောင် နီးနီးနားနား မရှိ လို့ ငြိမ်းငြိမ်း က ဟို မြို့နယ် ဆေးရုံရှိတဲ့ မြို့မှာ နေရင်းက တစ်ပတ် တစ်ခါလာကု ပေးနေရတာ။ နေရာတိုင်း ဒီလို ချည့်ပဲ”

ကိုမင်းမောင်အသက်ရှူရကျပ် သွားသည်။
”ဘာဖြစ်လို့လဲ”
”ဘာကိုမေးတာလဲကိုကိုကြီး”
”ဘာကိုမေးတာလဲ ကိုကို ကြီး”
”တစ်ကမ္ဘာလုံး ကလည်း အဲဒီ အဖြေကိုသိချင်နေတာပဲ။ မူဝါဒတွေ ပြောင်းလာတာ သုံးနှစ်လောက် ရှိနေပြီ။ ပြည်သူတွေ ဘဝ ဘာမှသိသိ သာသာ တိုးတက် မလာသေး ဘူးတဲ့။ အဲဒါ ဘာဖြစ်လို့လဲလို့”

ငြိမ်းငြိမ်းကရယ်သည်။

”ငြိမ်းငြိမ်း ဦးနှောက်ကလေးနဲ့ ဘယ်လိုသိနိုင်ပါ့မလဲ ကိုကိုကြီးရဲ့။ မြို့နယ် ဆရာဝန်ကြီး ပြောဖူးတာ တော့ ရှိတယ်”
”ဘာတဲ့လဲ”
”မန်နေဂျာကောင်းတွေလို နေတာတဲ့”
ကိုမင်းမောင်မျက်လုံးပြူးသွား သည်။
”အဲဒါက ဘာကို ပြောတာ လဲ”
”ငြိမ်းငြိမ်းတို့ ကျန်းမာရေး ဘက်ကိုပဲ ကြည့်လေ။ ဟိုတုန်းကနဲ့ စာရင် ဘတ်ဂျက်တွေ အများကြီး တိုးရတယ်။ ဘာ တိုးတက် သွားသလဲ ဆိုတော့ အစိုးရ ဆေးရုံတွေ မှာ ဆေးတွေ ပိုရလာတယ်။ ဆရာဝန် ဆရာမတွေ ပိုခန့်နိုင်လာတယ်။ ဒါပေမဲ့ ဆေးရုံ ရောက်မလာနိုင်တဲ့ လူနာတွေ ကတော့ အများကြီး ရှိ နေတုန်းပဲ။ ရော ဂါဖြစ် ပွားနှုန်းတွေ ကလည်း ကျ မသွားသေးဘူး။ တခြား ကဏ္ဍတွေ မှာလည်း အတူတူပါပဲ ။ပြဿနာတွေကို အဖျားက ချည့်လိုက် ရှင်းနေရတယ်။ အရင်း ကနေ စနစ် တကျ ရှင်းပစ် ဖို့ ပညာရှင်တွေ အတွေ့အကြုံ ရှိတဲ့ လူတွေ အများ ကြီးပေါင်း စဉ်းစားပေးရမှာ။ ဦးနှောက်တွေ အများကြီး လိုနေတာ ပေါ့။ အဲဒီ ဦးနှောက်တွေ ကလည်း အကုန်လုံးနိုင်ငံခြား မှာ”

ပြောရင်းက သတိရ သွားဟန် ဖြင့် ကိုမင်းမောင် ဘက်လှည့်၍ လက်အုပ် ကလေးချီကာ… ကန် တော့နော်။ ကိုကိုကြီး ..ဟုပြော လေသည်။ အဲသည် ပြောသည့် ဟန် ကလေးကြောင့်ပင် လားတော့ မသိ။ ကိုမင်းမောင် တစ်ယောက် စကားပြန် မပြောနိုင်လောက်အောင် ပင် ပြင်းပြစွာ ရင်ခုန်နေပါတော့ ၏။

ငြိမ်းငြိမ်းက ကြာပန်းများ ပြည့် နှက်နေသော ရေကန်ကြီး ကို လက် ညှိုးထိုးပြသည်။

”ငြိမ်းငြိမ်း တို့ကတော့ ဟိုကန် ထဲက ကြာပန်းတွေ လိုပါပဲ။ နွံထဲ ကနေ ဖြစ်လာတာ။ နွံနဲ့ အဝေးကြီး ကိုလည်း ထွက် မသွားနိုင်ဘူး။ အရိုး ပြတ်ရင် အသက် မဆက်နိုင်တော့ မှာလည်း ကြောက်တယ်။ ကိုယ် ရှိလို့ နည်းနည်းသာသာယာ ယာရှိသလို ရှိနေသေးတော့ ရေကန်ကိုလည်း အားနာတယ် ဆိုတာမျိုးပေါ့။ ပျော် ရာမှာ မနေတော်ရာ မှာ နေရမယ်ဆို ပေမဲ့ သည်လို ဘဝမျိုးမှာ ရုန်းကန် နေရတာကနေ ထွက်သွား ရမှာ ပျော်မယ်လို့လည်း မသေချာတော် တယ်လို့လည်း မသေချာတော့ ဒီနွံ ကနေ ကြာရိုး ကလေး တန်းလန်း နဲ့ပဲ ဆက်နေနေ ရဦးမှာပဲ”

ကိုမင်းမောင် ကျေနပ်စွာပြုံးမိ သည်။

ငါပျိုးခဲ့တဲ့ပန်းကလေးက ကြာပန်းကလေးတဲ့လား။

ဒီပန်းကလေးကို ပျိုးပေးခဲ့မိ တာ ကိုယ်မကျေခဲ့ သမျှတွေ တစ် စိတ်တစ်ပိုင်း ပြန်ဆပ်သလို ဖြစ်ခဲ့ပြီ ဟု ထင်မိ၏။

အဲသည် ပီတိစိတ်ကို ရီဝေစွာ ခံစားရင်းနေရာ မှထသည်။ ခြေ ထောက်က ပတ်တီးက နည်းနည်း ကျပ်သယောင် ရှိသဖြင့် မသိမသာ ကလေး ယိုင်သွားသည်။ ငြိမ်းငြိမ်း ကနေရာမှ ကမန်းကတန်း ထ၍ သူ့လက်မောင်းတစ်ဖက်ကို ဖေးမ သည်။

ထိသွားတာက လက်ဖဝါးနုနု ကလေးနှစ်ဖက်ဖြင့် လက်မောင်းပါ ပဲ။ သို့သော် ဘေးမှာ ငြိမ်းငြိမ်း ရပ် နေသည့် အဟုန်က သူ့ ညာဘက် ခြမ်းတစ်ခုလုံးနှင့် ဘယ်ဘက်ရင် ဘတ် ကို နွေးထွေးစေလေသည်။

”တို့ပြန်တော့ ပြန်လာဦးမှာပါ။ တို့ပြန်လာရင် ငြိမ်းငြိမ်းက ဒီရွာ ထိပ်က လာကြိုမှာလား”

ငြိမ်းငြိမ်းကခေါင်းခါပြသည်။

”ကိုကိုကြီးကလည်း သိမှ တော့ လေယာဉ်ကွင်းကတည်းက လာကြိုမှာပေါ့”

ရယ်သံလေးများကြာခင်းတစ် လျှောက်လွင့်ပျံ့သွားပါသည်။

လင်္ကာရည်ကျော်

 

↧
↧

တောက်တီးတောက်တဲ့

$
0
0

ပြောင်းလဲခြင်းနဲ့ လိုက်ရွှေ့ကြဖို့

လေ့လာသူ အချို့သည် ကုမ္ပဏီတစ်ခုကို လှည့်ပတ် ကြည့်ရှုကြရာ အခန်း တစ်ခန်းသို့ အရောက်တွင် လွန်စွာ အံ့သြကုန်၏။ ယင်း အခန်းတွင် လက်ဝှေ့အိတ်မှ အစပြု ကာ ဂျပန်ဓား၊ မြန်မာဓား၊ လှံ၊ လေးမြား ယုတ်စွ အဆုံး လောက်လေးခွပါ နံရံတွင် အလှဆင် ချိတ်ဆွဲ ထားလေသည်။ ထို့ကြောင့် လိုက်လံ ရှင်းပြသူ ကုမ္ပဏီ တာဝန်ခံ အား မေးမြန်းရာ . . .

ဒီလိုပါ . . . အရင်တုန်း က ဒီ အစည်း အဝေး ခန်းမမှာ ကမ္ဘာ့မြေပုံ၊ မြန်မာပြည် မြေပုံ၊ ကိုယ် အဓိကထား စဉ်းစားရ မယ့် ပြည်နယ်၊ တိုင်း မြေပုံ တွေ ကို resolution ကောင်းကောင်း နဲ့ ပုံနှိပ်ပြီး ကပ်ထားတာပါ။ အစည်း အဝေးတွေ မှာ ငြင်းကြ ခုန်ကြ နဲ့ စကားတွေများပြီး ပြဿနာတွေ ဖြစ်လွန်း အားကြီးလို့ MDက ပါးစပ် နဲ့ ရန်ဖြစ်ရတာ အားမရရင် ဘာလက်နက်တွေ လိုဦးမလဲ မေးပြီး ဒီလိုပစ္စည်းတွေ ထားပေး လိုက်တော့တာပဲ။ အံ့သြစရာ ကောင်းတာ နောက်ပိုင်း အစည်း အဝေးတွေ မှာ ကောင်းကောင်း မွန်မွန် ဆွေးနွေး အဖြေ ရှာနိုင်ကြတာပဲ။ လူတိုင်းဟာ ပြဿနာ ကိုယ်စီ၊ အားနည်းချက် ကိုယ်စီ ရှိတဲ့ တန်ဖိုး ရှိတဲ့ လူသားတွေဖြစ်တယ် ဆိုတာ တဖြည်းဖြည်း သဘောပေါက် လာကြတယ်။ ဥယျာဉ်ဆိုတာ ပန်းပင်တွေ နဲ့ အတူ ပေါင်းမြက် တွေ အမြဲပေါက် တတ်တာပဲ။ အဲဒီ ပေါင်းမြက်ကို မကြာမကြာ ရှင်းပစ်ဖို့ ပဲ လိုတာလေ။ ဒါကြောင့် နားလည်မှုတွေ လွဲ၊ ဒေါသတွေ ဖြစ်လာရင် အဲဒါတွေ ကို ပေါင်းမြက်လို ဖယ်ဖယ်ပေးရင်း ကျုပ်တို့ ကုမ္ပဏီ အားကောင်းအောင် ဝိုင်း လုပ် ကြတာပေါ့။ (ဟဲ ဟဲ… နံရံပေါ်က လက်နက်တွေ ကို ကြောက်တာ လည်း ပါမယ် ထင်တာပဲ)။

ခေါင်းစဉ်များရောင်းရန်ရှိသည်

ခုတစ်လော ဆဲသံ ဆိုသံ၊ ကြိမ်းသံ မောင်းသံတွေ တော်တော် ကြားနေ ရလို့ မောင်တောက်တီး ခမျာလည်း ခပ်လန့် လန့်ရယ်။ အဖေက တစ်မျိုး၊ အမေက တစ်ဖုံ၊ အစ်မဖြစ် တဲ့ တောက်တဲ့မ က တစ်သွယ် မောင်တောက်တီး ကို ရှုထောင့် အမျိုးမျိုးက လှည့်ပတ် ချောင်းပြီး အပြစ် ရှာနေကြ သလားတောင် ထင်မိပါရဲ့။ ဒါနဲ့ပဲ အင်တာနက် လည်း မသုံးတော့ဘဲ ဂျာနယ်လေး အေးအေး လူလူ ဖတ်ပါမယ်လို့ စာစောင် တစ်စောင် ဆွဲလှန် လိုက်တော့မှ ပို ဆိုးနေသကိုး ဗျ။ မြတ်စွာဘုရား …စာဖတ်ရင်း နဲ့ ပါးရင်း နားရင်း တွေတောင် ထူပူလာ သလိုပဲ…။ အင်း… မနှစ်တုန်း ကလည်း ထမင်း တစ်နပ် လျှော့စားပါလို့ ပြောသံ ကြားလိုက်ရသေး။ အေးလေ … လူ အမျိုးမျိုး စိတ် အထွေထွေ ပေပဲကိုး…။ လူပြောမသန် လူသန်မပြော ဆိုတဲ့ စကားရှိသလို၊ လူဖြောင့် စိတ်တို လူချို စိတ်ကောက် ဆိုတဲ့ ဆိုရိုး လည်း ရှိသေး မဟုတ်လား။ ခက်တာ က မောင်တောက်တီး တို့ မြန်မာ့ရှေးဆို ရိုးလေးတွေ ကလည်း တစ်ခုနဲ့ တစ်ခု အဖွင့် အပိတ်လေးတွေ လိုလို ဖြစ်နေကြ ပြန်သဗျ။ တစ်ရွာ မပြောင်း သူကောင်း မဖြစ် ဆိုတဲ့ စကား ရှိ သလို၊ သေချင်တဲ့ ကျား တောပြောင်း ဆိုတာ လည်း ရှိနေပြန်တော့ တစ်ခါတလေမှာ ဘာလုပ် ရမှန်းကို မသိတော့ သလို၊ ဘာလုပ်လုပ် အပြစ်မလွတ် သလို လည်း ဖြစ်နေပြန်ရောဗျား …။

အင်း… clean water နဲ့ purified drinking water ကို မရှင်းရာက စတဲ့ ပြဿနာ ပေါ်ပြီးနောက် ၂ ရက်လောက် မှာပဲ…။ အဲဒီကိစ္စ ကို အကြောင်းပြုပြီး လူတစ်စုက မဟာဗန္ဓုလ ပန်းခြံရှေ့ မှာ ဆန္ဒပြ ကြမယ် ဆိုလာ ပြန်တော့ မောင်တောက်တီး ခမျာ… အီးတောင် အသံ ကျယ်ကျယ် မပေါက် ရဲသလို ဖြစ်သွား ရတော့တာပဲ။ ဟုတ် တယ်လေ …တော်ကြာ သူတို့ သိသွား မှဖြင့် လေထု ညစ်ညမ်းစေမှု၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမှုတွေ ခေါင်းစဉ် တပ်ပြီး ဆန္ဒပြလိုက် ကြ လို့ နေရင်း ထိုင် ရင်း နားကားနေဦးမယ်။

ဒါပေမဲ့ အလုပ်ဖြစ်နိုင်တာ တစ်ခုတော့ ရှိသဗျ။ အဲသလို အရမ်းအရမ်း ဆန္ဒပြချင်ကြ သူတွေ အတွက် ဆန္ဒပြစရာ ခေါင်းစဉ်လေးတွေ၊ ဆန္ဒပြလို့ ကောင်းမယ့် ခေါင်း စဉ်လေးတွေ ရှာပေးပြီး ဥာဏ်ပူဇော်ခလေး များယူရင် ကောင်းမလားလို့ မောင်တောက်တီး စဉ်းစားမိတာပါပဲ။ လျှောက် မပြောကြနဲ့ ဦးနော်။ တော်ကြာ သူများတွေ လက်ဦးသွားကြဦးမယ်…။

စနစ်ကျပြီး အန္တရာယ်ကင်းစေဖို့

ဒီနှစ် မန်းသင်္ကြန်မှာ NGO အဖွဲ့ အစည်းတွေ စုပေါင်းပြီး ကွန်ဒုံးတစ်သိန်း အခမဲ့ ဝေမယ် ဆိုသကိုးဗျ။ မနှစ် ကလည်း ကွန်ဒုံး ခြောက်သောင်း အခမဲ့ ဝေခဲ့သေး သတဲ့။ ရည်ရွယ်ချက် ကတော့ မမှားသင့် တာတွေ မှားပြီး မလိုလား အပ် တာတွေ ဖြစ်မလာစေ ဖို့ပါပဲတဲ့။ အင်မတန် ကောင်းမွန်တဲ့ ရည်ရွယ်ချက် နဲ့ ဆောင်ရွက်ချက် ပါပဲ။ သို့သော် ကွန်ဒုံး နဲ့ ပတ်သက် လို့ မောင်တောက်တီး ကြားဖူး ခဲ့တဲ့ အရပ်စကား ဇာတ်လမ်းလေး တစ်ခု ကိုတော့ နည်းနည်း ပြောပြချင် ပါသေးတယ်။

ကွန်ဒုံးတွေ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် မသုံးကြတဲ့ အချိန် က ပေါ့ဗျာ။ အဲဒီ အချိန်လောက်က ကွန်ဒုံးသုံးရင်ပဲ မိန်းမ လိုက်စားတဲ့ သူလို့ အထင် ခံရတာမျိုးဗျ။ အဲဒီခေတ် ကတော့ HIV တို့၊ AIDS တို့ မပေါ်ကြသေး လေတော့ကာ သား ဆက်ခြားရေးနဲ့ ကာလသား ရောဂါ ကာကွယ်ရေးတွေ အတွက် ဦးစားပေး ကြရတာပေါ့လေ။ ကျန်းမာရေး ဝန်ထမ်းတွေ ဟာ ကျေးလက် တောရွာတွေ ပါမကျန် ကွန်ဒုံးတွေ လိုက်ဝေပြီး ဘယ်လို သုံးရမယ် ဆိုတာကိုပါ သင်ပြကြ ရ သတဲ့။ ရွာတစ်ရွာ မှာတော့ အဲသလို သင်ကြားပြသရာမှာ ကျန်းမာရေး ဝန်ထမ်းက ”ဒီလို ဒီလို သုံးရပါတယ်” လို့ပြောပြီး အနီးအနား က ဘူးစင်က စွန်းထွက်နေတဲ့ ဝါးလုံး တစ်လုံးမှာ ကွန်ဒုံး ကို စွပ်ပြခဲ့ ရသတဲ့။ အဲ…နောက်နေ့ မနက်လည်း ကျရော အဲဒီဘူးစင်က ဝါးလုံး စွန်းတွေမှာ ကွန်ဒုံးတွေ အများကြီး စွပ်လျက်သား တွေ့ရတော့ သတဲ့ဗျို့ …။ ကျုပ်တို့ တော သူတောင် သားတွေများ ရိုးပြီ ဆိုရင် အဲသလို ရိုးတာ …။

ခုခေတ်မတော့ ကွန်ဒုံး ဆိုရင် ကလေး တစ်ယောက် အတွက်တောင် အဆန်း မဟုတ်တော့သလို၊ မိန်းကလေး တွေတောင် ကွန်ဒုံးလေးတွေ ဆောင်ကြတယ်လို့ သိလာ ရပါပြီ။ သို့သော် လည်းပေါ့လေ…ကွန်ဒုံး ဝေတာလည်း ဝေ… အကျိုး ရှိရှိနဲ့ အန္တရာယ်ကင်းကင်း စနစ်တကျ သုံးတတ်အောင်လည်း နည်းနည်းတော့ လမ်းညွှန်ပေးဖို့ လိုလိမ့် ဦးမယ်လို့ မောင်တောက်တီးတော့ ထင်မိတာပဲ။ ခုနကလို ဝါးလုံးမှာ စွပ်လိုက်ရုံ နဲ့ အန္တရာယ် ကင်းပြီ လို့တော့ တထစ်ချ မဆိုနိုင်ဘူး မဟုတ်လား။ ကျန်းမာရေး ပညာ ရှင်တွေ ပိုသိမှာပါလေ။ နော…။

ရန်ဖြစ်မလား၊ ပြန်ချစ်မလား

ခုတစ်လော ရပ်တကာ လှည့်ပြီး ငါ့ကို ဘာမှတ်လို့လဲ။ အကုန် ပါးဆွဲ ရိုက်ပစ် လိုက်မယ် သိလားလို့ ကြိမ်းမောင်း တတ်သူ တချို့ရဲ့ စကားသံ ကို ကြားရပြီး လာ ပါးရိုက် လှည့်ပါ၊ ပါးရိုက် ခံဖို့ အသင့်ပါပဲလို့ ဆန္ဒ ထုတ်ဖော် ပြ သူတွေ ရဲ့ အသံပါ ကြားလိုက် ရတဲ့အခါ ရန်ဖြစ်တာ နဲ့ ပတ်သက်လို့ ကြားဖူး နားဝလေးတွေ ကို တောက်တီး နဲ့ တောက် တဲ့ တို့ ပြန်ပြီး ကြားယောင်မိပါရဲ့။

ရပ်ကွက်ထဲ မှာ လင်မယား ရန်ဖြစ်ပြီး ရပ်ကွက် လူကြီးဆီ ကို ယောက်ျားဖြစ်သူ ရောက်လာတယ်။ လူကြီးက မင်းတို့ လင်မယား ရန်ဖြစ်ကြတယ် ဆို လို့ မေးတော့ ယော က်ျားဖြစ်သူ က ဟုတ်ပါတယ်တဲ့။ ဘယ်လို ရန်ဖြစ် ကြတာလဲ မေးတဲ့အခါ ကျတော့ ယောက်ျားဖြစ်သူ က ကျွန်တော့် မိန်းမက သူ မကျေနပ် တာတွေ ကို ပြောပါ တယ် တဲ့။ မင်းက ဘာပြန်ပြောလဲ ဆိုပြီး ရပ်ကွက် လူကြီးက ထပ်မေး လိုက်တော့ ကျွန်တော် ပြောချင်လို့ မရ လိုက် ပါဘူး။ သူပြောချင်တာ ပြောလို့ အားရတော့ ပစ္စည်းတွေ ယူပြီး အိမ်ပေါ်က ဆင်း သွားတာ ပဲတဲ့။ အဲဒီ လို တစ် ဖက်သတ် ရန်ဖြစ်တာ မျိုးတွေလည်း မဟုတ်ပါစေနဲ့ လို့  ဆုတောင်း ရတာပါပဲ။

တကယ်တော့ တစ်ခုခု မကျေနပ် တာပြောမယ်၊ ဆိုမယ်၊ ဒေါသ ဖြစ်မယ် ကြံရင် တစ်၊ နှစ်၊ သုံး၊ လေး၊ တစ်ဆယ် ထိ ရေပြီးမှ စိတ်ဆိုး စရာ ရှိတာ စိတ်ဆိုးပါလို့ လူကြီးတွေ က မှာခဲ့ဖူးတယ်။

တစ်ခါက ကလေး နှစ်ယောက် ရန်ဖြစ်တဲ့အခါ အဖေ လုပ်သူက ရန်ဖြစ်တဲ့သူ့ သားကို  အဲဒီလိုပဲ ဆုံးမ ဖူးတယ်။ အဲဒီအခါ သားက ”အဖေ ပြောစကား နားထောင်လို့ ကျွန်တော် အထိုးခံရတာပေါ့” လို့ ပြန်ဖြေခဲ့တယ်။ ဘာဖြစ်လို့ ထိုးလဲလို့ အဖေက မေးတဲ့အခါ သားက ”ဟိုကောင့် အဖေက သူသားကို ငါးအထိ ပဲရေရမယ်လို့ သင်ထား တာကိုး” လို့ ပြန်ဖြေတယ်။ အဲဒီလို ရန်ဖြစ်တာ မျိုးလည်း ဖြစ်နေဦး မယ်နော်။ ဘာပဲဖြစ်ဖြစ် တောက်တီးတို့ တောက်တဲ့ တို့ကတော့ ရန်မဖြစ်နဲ့၊ ပြန်ချစ် ကြလို့ ပဲ ရွှေပြည်အေးတရား ဟောပါရစေ။

↧

အသားအရေကို အိုမင်းရင့်ရော်စေတဲ့ ခရမ်းလွန်ရောင်ခြည်

$
0
0

လူတွေရဲ့အသားအရေဟာ နေရောင်ခြည်နဲ့ နေ့စဉ်နေ့တိုင်း ထိတွေ့နေရပါတယ်။ နေရောင် ခြည်ဟာ အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ အဓိကအကျဆုံး အကြောင်း အချက်ပဲ ဖြစ်ပါ တယ်။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းက အသားအရေကို အိုမင်းရင့်ရော်စေသလို အရေး ကြောင်းများ ဖြစ်ပေါ်မှုကိုလည်း ပိုမိုအားပေး ကူညီ ရာ ရောက်ပါတယ်။ ဒါကြောင့် အခုရောက် လာတော့မယ့် နွေရာသီမှာ သင့်အသားအရေကို ပိုမိုထိန်းသိမ်းဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ စူးရှတဲ့နေရောင်မှာ ပိုမိုပြင်း ထန်တဲ့ ခရမ်းလွန် ရောင်ခြည်တွေပါဝင်တာမို့ နေရောင်ခြည်ရဲ့ ထိခိုက်ပျက်စီးမှုတွေမှ သင့်အရေပြား ကင်းလွတ် ခွင့်ရဖို့အတွက် ဘယ်လိုကာကွယ် ထိန်းသိမ်းရမယ် ဆိုတာကို လေ့လာကြည့်ရအောင်ပါ။

ခရမ်းလွန်ရောင်ခြည် (Ultra Violet)

ဆိုရာမှာ UV Rays  များက အရေပြားအတွက် အန္တရာယ်ဆိုးကျိုးပေးတယ်ဆိုတာကို လူတိုင်းသိနားလည်ကြပါတယ်။ UVA  ဟာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု Aging ကို ဖြစ်စေပြီး UVB  ဟာလည်း အရေပြားကို အမည်းစက် နေလောင်ကွက်များ ဖြစ်ပေါ်စေတဲ့ Burning ဆိုတဲ့ ဆိုးကျိုး ကို ပေးပါတယ်။ UV Rays  များဟာ နေရောင် ထဲသွားလာမှ ထိတွေ့တာမဟုတ်ဘဲ တိုက်ရိုက်မထိတဲ့ မိမိရဲ့လုပ်ငန်းခွင် ရုံးခန်းများအတွင်းမှာလည်း UV Rays  များ ဖြာထွက်နေတဲ့ Computer, Printer, Copier, Projector များနှင့် ထိတွေ့ နေရတဲ့အတွက် ကာကွယ်ဖို့ လိုအပ်ပါတယ်။

နေရောင်ခြည်ထဲ တိုက်ရိုက်ထွက်မယ်ဆိုရင် နေရောင်ခြည် တိုက်ရိုက်ကျရောက်တဲ့ ပြင်ပနေရာများကို သွားလာမယ်ဆိုရင်တော့  မျက်နှာပြင်အတွက် SPF ပါဝင်တဲ့ Skin Care နဲ့ Foundation  အမျိုးအစားများကို အသုံးပြုပါ။ ခန္ဓာကိုယ်ကိုလည်း Sunscreen သေချာစွာ လိမ်းပြီးမှ အပြင်ထွက်ပါလို့ ဆိုပါရစေ။ ဒါ့ပြင် ထီး၊ ဦးထုပ်နဲ့ နေ ကာမျက်မှန်ကဲ့သို့ အကာအကွယ် ပစ္စည်းများကိုလည်း ဝတ်ဆင်အသုံးပြုပေးပြီး အဝတ်အစားကိုလည်း နေရောင်ခြည်ရဲ့ အပူရှိန် ကို စုပ်ယူမှုမရှိတဲ့ ချည်သား အရော င်နုလေးများကို လုံခြုံအောင် ဝတ်ဆင်ပြီးမှ အပြင်ထွက်ပါလို့ အကြံပြုပါရစေ။ ဒါမှသာ နေရောင်ခြည်ရဲ့ တိုက်ခိုက်မှုကို ကာကွယ်ရာ ရောက်မှာပါ။

Sunburn  ကြောင့်ဖြစ်နိုင်တဲ့ အရေပြားကင်ဆာနေရောင်ခြည်ရဲ့ လောင်ကျွမ်းမှုကို ပြင်းထန်စွာခံစားရချိန်များလာရင် အရေပြားမှာအရေကြည်ဖုများ ဖြစ်လာခြင်း၊ အေ ရပြား အလွှာများ ကွာကျလာခြင်းအပြင် အဆိုးရွားဆုံး အဖြစ် အရေပြားကင်ဆာအထိပါ ဖြစ်လာနိုင်ပါ တယ်။ ဒီနေ့ခေတ်ကာလဟာ ကမ္ဘာကြီးပူနွေး လာ ခြ င်ြးေ ကာင့် နေရောင်ခြည် ရဲ့စူးရှမှုဟာလည်း ပိုမိုပြင်းထန်လာတာ ဖြစ်ပါတယ်။ ကမ်းခြေလို နေရာမျိုးကို သွားလာကြတဲ့အခါ အရေပြားကို ပိုမိုဂရုစိုက် ထိန်းသိမ်းပေး ဖို့ လို အပ် ပါတယ်။ ဆားဓာတ်ပါဝင်တဲ့ ပင်လယ်ရေနဲ့ နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့အခါမှာ အရေပြားရဲ့ ပျက်စီးမှု အခြေအနေဟာ ပိုမိုဆိုးရွားသွားနိုင်တယ် ဆိုတာကို သင် သတိပြု သင့်ပါတယ်။

Skin Care  နဲ့ Foundation  များမှာ ပါဝင်တဲ့ SPF  နဲ့ PA

Skin Care နဲ့ Foundation များမှာ ပါဝင်တဲ့ SPF ကာကွယ်မှုဟာ Burning ဖြစ်စေတဲ့ UV Rays ကို အဓိကကာကွယ်ပေးတာဖြစ်ပြီး Againg ဖြစ်စေတဲ့ UV Raysများ ကိုပါ ကာကွယ်ဖို့အတွက်ကတော့ PA ခေါ်တဲ့ Photo Againg ပါဝင်မှသာ အန္တရာယ် ၂ မျိုးလုံးမှ ကာကွယ်ပြီးသားဖြစ်မှာပါ။ PA (Photo Againg)  ရဲ့အစွမ်းကို အပေါင်း လက္ခဏာ (+) ဖြင့် စံနှုန်း သတ်မှတ်ထားပြီး PA  အပေါင်းလက္ခဏာ ၃ ခု (+++) ဟာ အမြင့်မားဆုံး UV-A ကို ကာကွယ် ပေးနိုင်သော အမျိုးအစားဖြစ်ပါတယ်။

PA  ပါတဲ့ Product

L’oreal မှ ထုတ်တဲ့ UV Perfect Skin Care ဟာဆိုရင် အသားအရေကို UV Rays  များမှာ နာရီပေါင်းများစွာအထိ ကာကွယ်ပေးနိုင် ပြီး ပိုမိုထူးခြားတဲ့ အစွမ်း သ တ္တိကြောင့် အရေပြားအတွင်းပိုင်းက Cell များအထိပါ နေရောင်ခြည် UV ကို ကာကွယ်ပေးနိုင်ပါတယ်။ စေးကပ်မှုလုံးဝမရှိဘဲစိမ့်ဝင်အား မြန်ဆန်ခြင်းဟာလည်း အ သုံးပြုတဲ့အခါ ပိုမိုလွယ်ကူပါတယ်။ UV Product Skin Care ဟာ အရေပြားကို နာရီပေါင်းများစွာ ကာကွယ်ပေးမှုနဲ့အတူ နေရောင် ခြည်ကြောင့် အမည်း စက်၊ နေလောင်ကွက်၊ အိုမင်းရင့်ရော်ခြင်းတို့ ဖြစ်ခြင်းကို တားဆီး ကာကွယ်ပေးပါတယ်။

အေမီချို

↧

အကျိုးထူး စွမ်းအင်၊ မြန်မာ့ခရမ်းချဉ်

$
0
0

ဒီတစ်လ မှာတော့ အကျိုးကျေးဇူး လည်း များ၊ ဟင်းလျာ တိုင်းနဲ့လည်း မပါ မဖြစ် တွဲဖက်ရ တဲ့ အသီး တစ်မျိုးကို တင်ပြ လိုပါသည်။ အသီး နီနီ ရဲရဲလေးတွေ ဆိုရင် ဟင်းချက် တဲ့ နေရာမှာပဲ ထည့် သုံးသုံး၊ အသီး ခပ်စိမ်းစိမ်းလေးတွေ ဆိုရင် အသုပ်လေး သုပ်စား လို့ အရမ်းကောင်းတဲ့ ခရမ်းချဉ်သီး ပဲ ဖြစ်ပါသည်။

သက်သေ အနေ နဲ့ ခရမ်းချဉ်သီး တစ်လုံးမှာ ပါဝင်တဲ့ အာဟာရ တန်ဖိုးတွေကို ဦးစွာတင်ပြလို ပါသည်။ 180 gram ရှိတဲ့ ခရမ်းချဉ်သီး တစ်လုံး၊ ခရမ်းချဉ်သီး ကြိတ် ရည် တစ်ခွက် မှာ -

Calorie – 32
Vit A – 49.9 %
Vit C – 32.8 %
Vit B6 – 8.2 %
Vit E – 6.4 %
Vit B3 – 6.6 %
Vit B1 – 5.8 %
Vit K – 15.8 % တို့အပြင် အခြားသတ္တု ဓာတ်များဖြစ်ကြသော

Molybdenum – 20 %
Copper – 12.2 %
Potassium – 12.1 %
Manganese – 10.5 %
Zinc – 2.8 %
Iron – 2.7 %
တို့ စုံလင်စွာ ပါဝင်နေကြောင်း ကို ကမ္ဘာ အနှံ့အပြားမှ အာဟာရသုတေသီ များက စာတမ်း အမျိုးမျိုးဖြင့် သက်သေပြပြီးဖြစ်ပါ သည်။

ခရမ်းချဉ်သီး ကို မြန်မာတို့ ဓလေ့အရ သုပ်စားခြင်း၊ ဟင်းချက်ရာမှ အနှစ်အဖြစ် ထည့်ချက် ခြင်း၊ ချဉ်ရည်ဟင်း တွင် အချဉ် ဓာတ်လေး ပိုကဲ အောင်ချက် စားခြင်း တို့ဖြင့် နှစ်ပေါင်း များစွာ ကတည်းက အသုံးပြုခဲ့ပါသည်။ အကျိုးကျေးဇူး များကို လက်လှမ်း မီသမျှ တင်ပြပေးချင် မိသဖြင့် ဒီဆောင်းပါးကို ရေးသားခဲ့မိပါသည်။

ပထမဆုံး အနေဖြင့် ခရမ်းချဉ်သီးဟာ anti oxidant ဒြပ်ပေါင်း များစွာ ပါဝင်နေကြောင်း သက်သေပြပြီး ဖြစ်ပါသည်။ Vitamin A သည် ထူးချွန် ထက်မြက် လှသော ကင်ဆာ ကာကွယ် သည့် သက်စောင့် ဓာတ်ဖြစ်သလို ခရမ်းချဉ်သီး မှာလည်း ပေါများစွာ ပါဝင်နေပါသည်။ ထို့ကြောင့် ခရမ်းချဉ်သီး နီနီရဲရဲ တစ်လုံးမှာ ကင်ဆာကို အပြည့် အဝ ကာကွယ်နိုင်ပါသည်။ ထို့ပြင် Vitamin C လည်း ကြွယ်ဝစွာ ပါဝင်သည့် အတွက် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း အဖြစ် အရေး ပါသကဲ့ သို့ ဆဲလ်များ ကို ပြန် လည် ပြုပြင် ပေးနိုင်ခြင်း ကြောင့် ဒဏ်ရာ အကျက် မြန်စေနိုင်ပါသည်။

ခရမ်းချဉ်သီး နီနီ တစ်လုံးရဲ့ နောက်ထပ် ထူးခြားတဲ့ စွမ်းအင် တစ်ခုမှာ နှလုံးရောဂါ ဖြစ်နိုင်ချေကို လျော့ကျနိုင်ပါသည်။ Niacin, Folate နှင့် Vit B6 တို့ ကြွယ်ဝစွာ ပါဝင်သည့် အတွက် နှလုံးရောဂါ ဖြစ်နိုင်ချေကို လျော့ချနိုင်ပါ သည်။ လေ့လာတွေ့ရှိချက် အရ ခရမ်းချဉ်သီးနှင့် ခရမ်းချဉ်သီးဖြင့် ပြုလုပ်ထားသော စားသောက် ဖွယ်ရာ များကို တစ်ပတ်တွင် ၁ဝ လုံးပမာဏ စားသော အမျိုးသမီး များသည် ၅ လုံးမျှသာ စားသော အမျိုးသမီး များထက် နှလုံးရောဂါ ဖြစ်နိုင်ချေ ၂၉ ရာခိုင်နှုန်း လျှော့ ချပေးနိုင် ပါ သည်။

ခရမ်းချဉ်သီး ဖျော်ရည် တစ်ခွက်ဟာ နာကျင် ရောင်ရမ်းမှုကို ဖြစ်စေတတ်သော TNF – alpha ဓာတ်ကို ၃၄ ရာခိုင်နှုန်းမျှ လျှော့ချပေးနိုင်သည်။ ထို့ကြောင့် နာတာရှည် အဆစ်ရောင် ရောဂါ၊ လေးဖက်နာ ရောဂါများကို သက်သာစေရုံမျှမက ထပ်မဖြစ်အောင်လည်း ကာကွယ်နိုင်ပါသည်။ ခရမ်းချဉ်သီး တစ်နေ့ တစ်လုံး ပုံမှန် စားသုံးသူများ သည် Alzheimer’s ဟုခေါ်သော သတိမေ့ရောဂါ ကို ကာကွယ်နိုင်ပါသည်။

အသားအရေကို ကြည်လင် လှပစေရုံမျှမက ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းချင် သူများ အတွက် ခရမ်းချဉ်သီးဟာ သဘာဝ ကပေးသော လက်ဆောင်တစ်ခု ပဲ ဖြစ်ပါ သည်။ Vit E အများ အပြား ပါဝင်သည့် အတွက် အလှအပကို တန်ဖိုး ထားသော ပျိုမေတို့ အတွက် နတ်ဆေး တစ်ပါးပဲ ဖြစ်ပါသည်။ သို့သော် ခရမ်းချဉ်သီး နှင့် ဓာတ် မတည့်သူများ၊ အစာချေ စနစ် အားနည်းသူများ အတွက်မူ အနည်းငယ် ဘေးဥပဒ် ဖြစ်စေတတ် သည့်အတွက် အလွန်အကျွံ စားသုံးရန် မသင့်ပါ။ ခရမ်းချဉ်သီး အစေ့ သည် Uric Acid ဟုခေါ်သော ဂေါက်အဆစ်ရောင် ရောဂါကို ဖြစ်စေနိုင်သော ဓာတ်များစွာ ပါဝင်သဖြင့် ဟင်းချက်ရာ တွင် အစေ့များကို မမေ့မလျော့ ဖယ်ထုတ်သင့်ပါ သည်။

နိဂုံးချုပ် အားဖြင့် ဆိုရသော် ခရမ်းချဉ်သီး သည် ဘေးဥပဒ် အနည်းငယ် ပေးနိုင်သည် ဖြစ်သော်လည်း အဖိုးတန်သော အာဟာရ ဓာတ် များစွာ ပါဝင်သော အဖိုး တန်မြန်မာ့ အစားအစာ တစ်မျိုးဖြစ်ပါသည်။

ဒေါက်တာဇာနည်ဝင်း

↧
Viewing all 1097 articles
Browse latest View live