တစ်ချိန်က မင်းသားလီမင်ဟိုနဲ့ တစ်ခဏ တာ ချစ်ကြိုက်ခဲ့ဖူးတဲ့ မင်းသမီးပက်ရှင် ဟေးဟာ မင်းသားလီမင်ဟိုနဲ့တွဲပြီးရိုက်ကူးနေတဲ့ “The Heirs”အတွက်အလုပ် များနေတဲ့ကြားကပဲ ကောလာဟလတွေကိုဖြေရှင်းနေရပါတယ်။ “You are Beautiful” ဇာတ်ကားကို ရိုက်ကူးစဉ်အတွင်းမှာ သူ့ကိုအကြိုက်ဆုံး ဇာတ်ကောင် အကြောင်း သတင်းသမားများက မေးတဲ့အခါ ဂျန်ဂွမ်ဆော့ရဲ့ ဇာတ်ကောင်ကိုရွေးချယ်ခဲ့တဲ့အတွက် သူတို့ နှစ်ယောက်ချစ်နေကြကြောင်းသတင်းများ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ပက်ရှင်ဟေးက ”သူနဲ့ ကျွန်မက မောင်နှမတွေလိုမျိုး ရိုက်ကွင်းမှာရှိနေပါတယ်။ သူ့အမေက ကျွန်မကို သဘောကျပေမဲ့ သူကတော့ ကျွန်မကို မိန်း ကလေးလို့ မမြင်ပါဘူး။ ညီလေးလိုမျိုး ဆက်ဆံ တာပါ။ ဒါပေမဲ့ ကျွန်မတို့က အချိန်တွေကို အတူဖြတ်နေရတဲ့ သူငယ်ချင်းတွေပါပဲ”လို့ ဖြေရှင်းခဲ့ပါတယ်။
အဲဒီနောက် ပက်ဟာ CNBlue ယောက်ျား လေးအဆိုတော်အဖွဲ့က ဂျောင်ယောင်ဟွာနဲ့ “Heartstrings” ဇာတ်လမ်းရိုက်တဲ့အခါအတူ ဒိတ်လုပ်နေကြောင်း သတင်း ထွက်လာပြန်ပါ တယ်။ ဒါပေမဲ့ ပက်ရှင်ဟေးက ငြင်းခဲ့ပါတယ်။ သူတို့က တကယ့်အတူသွားအတူစား သူငယ်ချင်း မျိုးတွေပါလို့ ဆိုပြန်ပါတယ်။ ဒါပေမဲ့လည်း သူတို့ နှစ်ယောက်ရဲ့သတင်း တွေကတော့ရပ်မသွားခဲ့ပါ ဘူး။ အဲဒီနောက် “Flower Boy Next Door” ဇာတ်လမ်းမှာ ပက်နဲ့အတူ သရုပ်ဆောင်ဖူးတဲ့ မင်းသား ယွန်းဆီ ယွန်းက သူ့ရဲ့ ideal type ပါလို့ ဆိုလိုက်တာနဲ့ သူတို့နှစ်ဦးနဲ့ပက်သက်တဲ့သတင်းတွေထွက်လာပြန်ပါတယ်။ မင်းသားယွန်း ဆီယွန်းနဲ့ပတ်သက်ပြီး ရှင်ဟေးက ”ကျွန်မ က ရယ်ရတဲ့ ယောက်ျားမျိုးကို တွေးလေ့ရှိတာ။ ဒါပေမဲ့ ဒီရက်ပိုင်းတော့ serious ဖြစ်တဲ့သူကို လိုချင်တယ်။ ယွန်းဆီယွန်းက ကြက်သွန်နီနဲ့ တူတယ်။ ခွာလို့ရ တဲ့အလွှာတွေ အများကြီးပဲ။ ပိုသစ်တဲ့ အလွှာတွေ ပေါ်လာလေ မမျှော်လင့်တဲ့ အခြမ်းတွေမြင်လာရလေ”လို့ ပြောကြားခဲ့ပါသေး တယ်။ ပက်ရှင်ဟေးဟာ လီမင်ဟိုနဲ့ချစ် သူဖြစ်ခဲ့ ဖူးသေးတာကြောင့် သရုပ်ဆောင်ဖက်တွေနဲ့ ချစ် သတင်းကြီးတဲ့ သူ့အနေနဲ့လီမင်ဟိုနဲ့ချစ်ဇာတ် လမ်းတစ်ကျော့ပြန်လေမလား၊ဘယ်သူနဲ့ တကယ့်ချစ်ခ ရီး ကို ကျော်ဖြတ်ဖြစ်လိမ့်မလဲဆို တာစောင့်ကြည့်ရအောင်။