Quantcast
Channel: Yati Magazine
Viewing all articles
Browse latest Browse all 1097

နှစ် ၄ဝဝ က ဂြိုဟ်သားနဲ့ရုပ်ဆောင်မင်းသမီးတို့ရဲ့ ချစ်ဇာတ်လမ်း You Who Came From The Stars

$
0
0

ထူးခြားတဲ့ချစ်ဇာတ်လမ်းတွေကို ကြည့်ချင်သူတွေအတွက် ဒီနှစ်မှာပရိသတ်ကြီးကြည့်ရှုဖို့ ထွက်ပေါ်လာမယ့် ကိုရီးယားဇာတ်လမ်းတွဲခွေ များထဲမှာ ကြယ်စင်များမှ ဆင်း သက်လာသူလို့ ဆိုရမယ့် You Who Came From the Stars ဆိုတဲ့ဇာတ်လမ်းတွဲကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝဝ လောက်ကတည်းက ကမ္ဘာမြေကိုရောက်နေခဲ့တဲ့ ဂြိုဟ်သားတစ်ယောက်နဲ့ ယနေ့ခေတ်ရဲ့ မင်းသမီး တစ်ယောက်တို့ ချစ်ကျွမ်းဝင်ကြပုံ ကို ဖော်ကျူး ထားတဲ့ စိတ် ဝင်စားဖွယ်ဇာတ်ကားဖြစ်ပါတယ်။ အဲဒီဇာတ်ကားကို The Thieves  ဇာတ်ကားမှာအတူသရုပ်ဆောင်ခဲ့ဖူးကြတဲ့ Gianna Jun နဲ့ ကင်မ်ဆိုးဟွန်းတို့က အတူ သရုပ်ဆောင်ထားပါတယ်။

ဇာတ်ကားထဲမှာ ဒိုမင်ဂျွန်း (ကင်မ်ဆိုး ဟွန်း) ဟာဂျိုဆွန်ခေတ်ကတည်းက ကမ္ဘာမြေကို ရောက်နေခဲ့သူဖြစ်ပြီး ချောမောသူတစ်ဦးဖြစ် တဲ့အပြင် အမြင်၊ အကြား၊ နဲ့ လျင်မြန်မှုပိုင်းမှာလည်း သူမတူတဲ့အရည်အသွေးတွေရှိသူဖြစ်ပါတယ်။ ယနေ့ခေတ်ရဲ့ နာမည်ကြီးမင်းသမီး (Gianna Jun )တစ်ယောက်နဲ့သူတို့ ဆုံတွေ့တဲ့ အခါ မှာတော့ အကြီးကျယ်ဆုံးသောပြောင်းလဲမှုတွေဖြစ်ပေါ်လာကြပုံကို ဇာတ်လမ်းဆင်ထား တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ပြီးခဲ့တဲ့ နှစ်ကုန် ပိုင်းက တောင်ကိုရီး ယား အက်စ်ဘီအက်စ် ရုပ်သံ က ပြသခဲ့တာဖြစ်ပြီး ကြည့်ချင်သူများလှတဲ့ ဇာတ်ကားစာရင်းဝင်ဖြစ်ပါတယ်။


Viewing all articles
Browse latest Browse all 1097

Trending Articles