မြန်မာပရိသတ်နဲ့မစိမ်းလှတဲ့ မင်းသမီး ဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်က မင်းသားဂျိဆောင်နဲ့ လက် ထပ်ခဲ့တဲ့ မင်းသမီးလီဘိုယောင်းဟာ လက်ထပ် ပြီးပြီဖြစ်ပေမယ့် အနုပညာအ လုပ်တွေကိုတော့မရပ်မနားလုပ်လျက်ရှိပါတယ်။ပြီးခဲ့တဲ့ နှစ်က I Can Hear Your Voice ဇာတ်လမ်းတွဲ တစ်ခုတည်းသရုပ်ဆောင်ခဲ့ပေမဲ့ အမြဲတမ်း သရုပ် ဆောင်ေ ကာင်းပြီး ပရိသတ်ရဲ့ချစ်ခင်မှုလည်းရ တဲ့ ဘိုယောင်းဟာ ၂ဝ၁၃ ခုနှစ်အတွက် ကျင်းပ တဲ့ ကေဘီအက်စ်ရုပ်သံရဲ့ဒရာမာဆုပေးပွဲ၊ ဘက် ဆန်အနုပညာ ဆုပေးပွဲ၊ အက်စ် ဘီအက်စ် ရုပ်သံက ချီးမြှင့်တဲ့ဆုပေးပွဲစတဲ့ဆုပေးပွဲအသီးသီးမှာ ဆန်ခါတင်စာရင်းဝင်ခဲ့သလို Best Actress , Daesang/ Grand Prize , Producer’s Award စတဲ့ဆုပေါင်း ၅ ဆုချီးမြှင့်ခံခဲ့ရပါတယ်။ United Nations Convention to Combat Desertification အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှုတွေမှာ တက်ကြွ စွာပါ ဝင်သူလည်း ဖြစ်ပြီး တစ်ချိန်က Miss Korea ဘွဲ့ရ အလှမယ် တစ်ယောက်လည်းဖြစ်ပါတယ်။
သတင်းကြေညာသူတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်နဲ့ ကြိုးစားခဲ့ပေမဲ့ MBC ရုပ်သံရဲ့ အင်တာဗျူးနောက်ဆုံးအဆင့်ဝန်ထမ်းရွေးချယ်မှုမှာ ရွေးချယ်မခံခဲ့ရတဲ့အတွက် အလုပ်မရခဲ့ဘဲ Asiana လေကြောင်းလိုင်းရဲ့ကြော်ငြာမော်ဒယ်အဖြစ်ရွေးချယ်ခံခဲ့ရပြီး သရုပ်ဆောင်ငွေကြယ်ပွင့်တစ်ယောက်ဖြစ်လာဖို့ လမ်းစရခဲ့တာဖြစ်ပါ တယ်။ More Than Blue , Athena: Goddess of War , My Daughter Seo-young, I Can Hear Your Voice ဇာတ်လမ်းများဟာ ဘိုယောင်းရဲ့ နာမည်ကြီးဇာတ် လမ်းများဖြစ်ပါတယ်။