Quantcast
Channel: Yati Magazine
Viewing all articles
Browse latest Browse all 1097

ဂျိုကာ ပြောတဲ့ “My Partner, My Career, My Future”

$
0
0

My Partner

ဂျိုကာနဲ့ My Partner ဆိုရင် ကိုယ့်ဘေးမှာ အနီးကပ်ရှိနေတဲ့ ဂျိုကာ အမျိုးသားက ပထမ Partner ပေါ့။ သူက ဂျိုကာ ကိုဘေးမှာ အားပေးတယ်။ ဂျိုကာ တိုင်ပင်တဲ့ အလုပ် ကိစ္စ တွေကို ဆွေးနွေးပေးတယ်။ ဂျိုကာရဲ့ လိုအပ် ချက်တွေကို ဖြည့်ဆည်းပေးတယ်။ ဂျိုကာတို့ အလုပ် ဆိုတာ တစ်ခါတလေ မှာ ထမင်း စားချိန် မရှိလောက်အောင် အလုပ်များ တတ်တယ်။ ဒီလို အခါမျိုးဆိုရင် ဂျိုကာ အစာစားဖို့ ကအစ သူက ဂရုတစိုက် ရှိတတ်တယ်။ နောက်ပြီး ဂျိုကာရဲ့ အလုပ်က ကိုယ့် ရဲ့ Customer တွေနဲ့ ဆက်ဆံ တဲ့အခါ စိတ်ရှည်ရတယ် ဂျိုကာက Customer တွေ အပေါ်မှာတော့ အရမ်း သည်းခံတတ်တယ်။ ဒါပေမဲ့ ကိုယ့်အမျိုးသား အပေါ် မှာတော့ စိတ် မရှည်တတ်ဘူး။ ဒါတွေကိုလည်း သူ့ဘက်က သည်းခံပေးတယ်။ ဂျိုကာ့ ရဲ့ ဒုတိယ Partner ဆိုရင် ဂျိုကာဆိုင် က ဝန်ထမ်း ညီမလေး တွေပဲ။ သူတို့က ဂျိုကာ ကို ဘေးက အမြဲပံ့ပိုးပေး နေရ တတ်တယ်။ ဂျိုကာနဲ့ အတူတူ ပင်ပန်းခံ ရတယ်။ ကိုယ့်အပေါ် ကိုလည်း သူတို့က ချစ်တယ်။ လေးစားမှုလည်း ရှိကြတယ်။ သူတို့တွေကြောင့်ပဲ ဂျိုကာရဲ့အလုပ်တွေက ဒီလို အဆင်ပြေပြေ ဖြစ် နေရပါတယ်။ နောက်ထပ် ဂျိုကာ့ရဲ့ Partner တွေက ဂျိုကာ့ဆီ ယုံယုံကြည်ကြည် နဲ့လာ ကြ တဲ့ Customer တွေပါပဲ။ ဂျိုကာ့ကို အနိုင်ကျင့် တတ်ကြတဲ့ Customer တွေရှိသလို ဂျိုကာက ပြန်အနိုင်ကျင့်တတ် တဲ့ Customer တွေလည်းရှိ ပါတယ်။ တချို့ Customer တွေက သည်းခံ တတ်တယ်။ တချို့က ဂျီကျတယ်။ ဒါပေမဲ့ အားလုံးကတော့ ဂျိုကာဆီ လာရင် အလျင် လိုနေတတ်ကြတဲ့ သူတွေပါပဲ။ သူတို့ အားလုံး က ဂျိုကာရဲ့ Partner တွေပါပဲ။ ဒီလိုပြောတော့လည်း ဂျိုကာမှာ Partner ကောင်းတွေချည်းပါပဲ။

My Career

ဂျိုကာက ဒီ Designer အလုပ်ကို ဝါသနာ ပါလို့ကို ရွေးလုပ်ခဲ့တာပါ။ ဒီအလုပ်ကို မရွေးခင် မှာ ဂျိုကာက အလုပ်သုံးခု တစ်ပြိုင်တည်း လုပ်တယ်။ အဲဒါက တရုတ်စာ ကို ကလေးတွေ ကို သင်ပေးတယ်။ နောက် ဂျပန် ကျောင်းတတ်တော့ ကျောင်းက ခိုင်းတဲ့အခါ Tour Guide လုပ်တယ်။ နောက်ပြီး ကိုယ်ဝတ်ချင်တဲ့ အင်္ကျီတွေကို ကိုယ် တိုင် Designထွင်ပြီး ချုပ်တယ်။ အဲဒါက ၁ဝ တန်းအောင်ခါစမှာ လုပ်တာပေါ့။ နောက်ပြီး ဂျိုကာက မတင်မိုးလွင် ဆီ မှာ သင်တန်းတက်ပြီး Model လုပ်သေးတယ်။ ဒါပေမဲ့ Model လုပ်ရတာကို ဂျိုကာက စိတ်မရှည်ဘူး။ အဲဒီ အလုပ်တွေ အားလုံးထဲမှာမှ ဂျိုကာ စိတ်အဝင် စားဆုံးနဲ့ စိတ်အရှည်ဆုံး အလုပ်ကို ရွေးခဲ့တာပါ။ ဘယ် အလုပ် မဆိုတော့ စိတ်ရှုပ်ရတာ၊ စိတ် ပင်ပန်းတာတော့ ရှိတာပေါ့။ ဂျိုကာတို့ဆီမှာ တစ်နှစ် တစ်ခါဆိုင်က ဝန်ထမ်းတွေနဲ့ ၃ ညအိပ် ၄ ရက်ခရီးမျိုး ထွက်တယ်။ ၆ လတစ်ခါ လောက် နေ့ချင်းပြန် ခရီးသွားတယ်။ နေ့မအိပ်ညမအိပ် အလုပ်တွေ လုပ်ရတဲ့အခါမျိုး ဆို ခဏ ဆိုင်တံခါး ပိတ်ပြီး ဘုရားကို တစ်နာရီ လောက်သွားလိုက် တယ်။ ပြန်လာတော့ လူက စိတ်လန်းဆန်းသွားပြီး အလုပ်တွေ ပြန်လုပ်နိုင် တယ်။ ဂျိုကာက အိပ်မက် ထဲက Design တွေ ကို ဖန်တီးတယ် ဆိုတာ မှန်တယ်ပြောရမယ်။ ဂျိုကာက Design တွေလုံးဝ စဉ်းစားလို့ မရတော့တဲ့အခါ အိပ်ပစ် လိုက်တာ။ အဲဒါဆို အိပ်မက်ထဲမှာ Design တွေ ဆွဲနေတတ်တယ်။ အဲဒီ Design တွေ ကို ပြန်နိုး လာတော့ ဆက်ဆွဲတာပေါ့။ ဒီအလုပ်ကို လုပ်မယ် ဆိုရင် ကိုယ်တကယ် ဝါသနာပါမပါ စဉ်းစားပြီးမှ လုပ်သင့်တယ်။ ဒါမှတော်ရုံ ပင်ပန်း တာမျိုးကို ခံနိုင်မှာ ပါ။ အောင်မြင် ချင်တာ တစ်ခု တည်းနဲ့တော့ ဒီအလုပ်ကို မလုပ်စေချင်ဘူး။

 My Future

ဂျိုကာက ကိုယ့်ဘဝကို ဘာမှ ခမ်းခမ်းနားနား ကြီး စဉ်းစားထားတာမျိုးတော့ မရှိပါဘူး။ အိမ်ထောင် မကျခင်တုန်း ကဆိုရင် ဂျိုကာ့ပါပါး က သူ့ဆီမှာ ပိုက်ဆံစု ပါပြော တယ်။ အရင်က ကိုယ်က ဆိုင်မဖွင့်ခင် အိမ်နဲ့ တွဲပြီး ဖွင့်တုန်းက။ ပါပါးတို့က ပိုက်ဆံစုပြီး ဆိုင်ဖွင့်ဖို့ တွန်းအားပေး တယ်။ နောက်တော့ ပါပါးက သူ့ဆီမှာ ၃ ကျပ် တိုးနဲ့ စုခိုင်းတော့ စုဖြစ်သွားတယ်။ အခု အိမ် ထောင်ကျ သွားတော့လည်း သိပ်ပြီးမပြောင်း ပါဘူး။ ဂျိုကာက ဘဝကို အဓိပ္ပာယ် ရှိရှိနေ သွားဖို့ပဲ တွေးတယ်။ အစား ဆိုရင်တော့ ဗိုက်ဆန့် သလောက်စားမှာပဲ။ ဂျိုကာဆိုရင် ကိုယ့်ဆိုင်က ဝန်ထမ်းတွေနဲ့ ဝက်သားတုတ်ထိုး သွားစားရင် ဗန်းထဲက ကုန်အောင် ကိုစားတယ်။ လူဆိုတာ ပင်ပန်း သလောက်တော့ စားရ၊ သောက်ရမယ်လို့ ဂျိုကာက ခံယူထားတယ်။ ဒီ Desiner အလုပ် ကိုလည်း ဂျိုကာက လုပ်နိုင်သလောက် လုပ်မှာပဲ။ မလုပ်နိုင်တော့ ရင် ယောက်ျား အလုပ် စာထိုင်စား မယ်လေ။ အခု ၂ဝ၁၄ ထဲမှာတော့ ဂျိုကာက Deisgn သင်တန်းဖွင့်မယ်။ နောက်ပြီး ကိုယ့် မိသားစု အတွက် ဂျိုကာတို့ ရင်သွေးယူ ဖို့ ပြင်ဆင် နေကြပါတယ်။

ဖြိုးစုပိုပို


Viewing all articles
Browse latest Browse all 1097

Trending Articles