Quantcast
Channel: Yati Magazine
Viewing all 1097 articles
Browse latest View live
↧

“Over the Horizon”

$
0
0
► ကိုဂျွန်သက် ◄

လူငယ်တွေရဲ့ အနာဂတ် အိပ်မက်တွေ ကိုယ်စီမှာ လှပတဲ့ အရောင် အသွေးတွေ ရှိနေကြ ပါတယ်။ ဒီအိပ်မက် ရောင်စဉ်တွေကို လက်တွေ့မှာ ရုပ်လုံးကြွ လှပ လာအောင်လို့ တကယ်ပဲ အကောင်ထည်ဖော် ကြိုးစားနိုင်ဖို့ ကတော့ တကယ်ပဲ ခက်ခဲတဲ့အရာပါ။ ကမ္ဘာရဲ့တစ်ဖက်ခြမ်းမှာ ဘာတွေဖြစ် ပျက်နေကြသလဲ ဆိုတာကို အသေးစိတ် လေ့လာ သိရှိလိုတဲ့ လူငယ် တစ်ယောက်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ကမ္ဘာ့ ဝင်ရိုးစွန်းတွေကို စိန်ခေါ်ခဲ့ဖူးပါတယ်။ ပင်လယ်ရေအောက် ကြမ်းပြင်တွေ၊ သဘာဝ သားရိုင်း တိရစ္ဆာန် တွေရဲ့ သဘာဝကိုလေ့လာရင်း အဆိုပါ ပညာရပ်တွေ ကို ပြန် လည်ဝေငှတဲ့ စာအုပ် ထုတ်ဝေဖြန့်ချိခဲ့တဲ့ ပုံနှိပ်ထုတ်ဝေသူ လုပ်ငန်းရှင် တစ်ဦး ဖြစ်လာခဲ့ပါတယ်။ စင်ကာပူ နိုင်ငံမှာ မီဒီယာ လုပ်ငန်းကို အခြေချ ထူထောင်နိုင်သူဖြစ်ပြီး Asian Geographic Magazine Pte Ltd ရဲ့ Publisher & Editorial Director ဖြစ်တဲ့ သူဟာ မြန်မာနိုင်ငံမှာ Asia Without Borders ဓာတ်ပုံပြိုင်ပွဲ ကို ကျင်းပခဲ့ဖူးပါတယ်။ လူသားရဲ့ စိတ်နယ်လွန် စွမ်းအားတွေနောက် မှာ အောင်မြင်မှုတွေ ရှိတယ်ဆိုတာကို ရတီ ပရိသတ်တွေကြား သက်သေအဖြစ် ဖော်ထုတ် ပြသဖို့အတွက် အခုလမှာ သူ့ကိုရွေးချယ်ဖြစ်ခဲ့ပါတယ်။

မေး – ကိုဂျွန်သက် Asian Geographic မဂ္ဂဇင်းကို ထုတ်ဝေဖို့ စိတ်ကူး စတင်ဖြစ်ပေါ် လာခဲ့ပုံလေးကို ပြောပြပါလား။

ဖြေ – ကျွန်တော် ၁၉၉ဝ ကတည်းက ပုံနှိပ် လောကကို ရောက်နေပြီ။ အားကစားလိုင်း ကို စပြီးထုတ်ဝေခဲ့တယ်။ ၂ဝဝဝ ပြည့်နှစ်ရောက် တော့ ကျွန်တော် သြစတြေးလျလူမျိုး ၂ ယောက် နဲ့တွေ့တယ်။ တစ်ယောက်က ဓာတ်ပုံ ဆရာ၊ တစ်ယောက်က အယ်ဒီတာ။ သူတို့က Asian Geographic ကို အဲဒီအချိန်မှာ စထုတ် နေကြတာ ၄ အုပ် ရှိပြီ။ ဒါပေမဲ့ ထုထည်ပမာဏ က သိပ်နည်းသေးတယ်။ ပြီးတော့ ထုတ်ဝေမှုပိုင်း မှာ အတွေ့အကြုံရော ဖန်တီးမှု ရသပိုင်းရော မရှိသေးဘူးလို့ ပြောရမယ်။ ဒါနဲ့ ကျွန်တော် သူတို့နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ ၃ ယောက် အဖွဲ့ Asian Geographic Pte Ltd ကိုထောင် ကြတယ်။ အဲဒီလို ကျွန်တော်တို့ ၃ ယောက်ပေါင်း အလုပ် လုပ်ကြပြီးတော့ ၂ဝဝ၅ ခုနှစ်ကျော်ရော သူတို့ နှစ်ယောက်လုံး သြစတြေးလျ ကို ပြန်သွား ကြတယ်။ ပြီးတော့ ကျွန်တော်က ထုတ်ဝေသူ ဖြစ်လာတာ (ဖြစ်သွားရတာ) အခုထိပဲ။

မေး – အပေါ်ယံကြည့်ရင် National Geographic နဲ့ Asian Geographic ဟာ ရောထွေးချင်စရာကောင်းတယ် မဟုတ်ဘူးလား။ ကွာခြားပုံကို ရှင်းပြပါဦး။

ဖြေ – Asian Geographic ဟာ ကမ္ဘာမြေပထဝီ ဝင်သဘောကို အခြေခံပြီး ထုတ်ဝေတဲ့ပုံစံ မဟုတ် ပါဘူး။ အာရှတိုက်ရဲ့ အမွေ အနှစ်တွေ သမိုင်း သိပ္ပံ ဆိုင်ရာ ကိစ္စတွေ ယဉ်ကျေးမူ စတာတွေ အားလုံးကို ဖော်ပြပါတယ် Geographic မဂ္ဂဇင်းက ကမ္ဘာပေါ်မှာ ၇ စောင် ရှိပါတယ်။ ပြောရရင်တော့ Geographical UK ၊GEO Germany ၊ Austrilian Geographic ၊ African Geograpic ၊Canadian Geographic ၊ Nattional Geographic နဲ့ Asian Geographic တို့ပေါ့။ အထက်က geographic တွေဟာ ပထဝီဝင် ကိစ္စတွေဖော်ပြ တဲ့နေရာမှာ National Geographic နဲ့ မဆက်အစပ် မရှိပါဘူး။ ကျွန်တော်တို့ရဲ့ Asian Geographic ကသူတို့နဲ့ မဆိုင်ပါဘူး။ National Geographic ကိုကမ္ဘာပေါ် မှာ လူသိများအောင် မြင်နေတဲ့ အဓိကအချက် ကတော့ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးရဲ့သက်တမ်း ထက်ကြီးတဲ့ သက်တမ်း ၁၂၈ နှစ်ဖြစ်နေတာပါပဲ။ သူတို့က အမေရိက တစ်ခုတည်းနဲ့ စတင်တာပဲ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ တစ်ကမ္ဘာလုံး အကြောင်းကို တင်ပြီး ဈေးကွက်ကို ချဲ့ထွင် လိုက်တယ်။ စာ မျက်နှာထက် တင်ဖို့ အကြောင်းအရာ ဆိုတာတွေ ကတော့ ပြောရရင် ကမ္ဘာအဝန်းမှာ အများကြီး ပဲ။ ဒါကြောင့် ခင်ဗျား National Geographic ကိုကြည့်ရင် အာရှ အကြောင်းနဲ့ တခြား ကျန်တာတွေ သိပ်မပါတာကို တွေ့ရလိမ့်မယ်။

မေး – မဂ္ဂဇင်းထုတ်ဝေသူ တစ်ဦး အပြင် စင်ကာပူ ရေအောက် ဖက်ဒရေး ရှင်းမှာပါ ဒုဥက္ကဌ ဖြစ်လာ တာကို တွေ့ရပါတယ်။ အဲဒီ scuba Diving ကိုရော ဝါသနာ အရ ပြုလုပ်ခဲ့တာ လား။ Scuba Diver ကိုထုတ်ဝေဖို့ အတွက် လေ့လာခဲ့တာလား။ Scuba Diving ကျွမ်းကျင်လို့ပဲ အဲဒီစာအုပ်ကို ထုတ်ဝေဖို့ စိတ်ကူးခဲ့တာလား။ ဘယ်ဟာက အရင်လဲ။

ဖြေ – ကျွန်တော် ၂ဝ၁ဝမှာ စင်ကာပူ ရေအောက် ဖယ်ဒရေးရှင်းမှာ ဒုဥက္ကဌ အဖြစ် ပါဝင်လာတယ်။ ဒါပေမဲ့ ရေငုပ် လုပ်ငန်းမှာတော့ Asain Geographic Pte Ltd က Scuba Diver Austral Asia ထက် ပိုအောင်မြင်သွားတဲ့ အချိန် ၂ဝဝ၁ မှာကတည်း ကပါနေခဲ့ပြီ။ အဲဒါက Austraian Dive မဂ္ဂဇင်း ဆိုတာ က ကျွန်တော် တို့ Scuba Diver Austral Asia နာမည်နဲ့ အမည်ပြောင်းပြီး ထုတ်ဝေခဲ့တာ။ အဲဒါက ကျွန်တော့်ကို ဒိုင်ဗင် လုပ်ငန်းမှာ ပါဝင် လာစေ အောင်စေ့ဆော်ခဲ့တဲ့ အရာပဲ။ အဲဒီကနေ စိတ်ပါ လာခဲ့တယ်။ ကျွန်တော် ရေအောက်မှာ စူးစမ်း လေ့လာရတာ နဲ့ ရေအောက်မှာ အသက် ရှူပြီး ဘယ်လို ရှင်သန်နေနိုင်လဲ ဆိုတာကို သင်ယူရတာ ပျော်မွေ့တယ်။ အဲဒီလို အဆီးအတား မရှိ လွတ် လပ်နေတာရယ်၊ မျက်စိရှေ့မြင်ရတဲ့ အရာတိုင်း မှာ ပျော်ရတာနဲ့ အတွေ့အကြုံတွေ က တကယ့် ကို တန်ဖိုး မဖြတ်နိုင်တဲ့ အရာတွေပဲ။ အဲဒါတွေ က ကျွန်တော့်အတွက် တခြားကမ္ဘာ တစ်ခုပဲ။ ဒါပေမဲ့ ကျွန်တော့် ဦးနှောက် အရုံကြော ဆရာဝန် ရဲ့အကြံပြု သတိပေးချက်အရ ကျွန်တော် ရေငုတ်တာကို ရပ်ခဲ့ရတယ်။

၂ဝဝ၇ ခုနှစ်မှာ Asian Geographic Pte Ltd က အခြား Dive မဂ္ဂဇင်း ကိုကျော်တက်သွား တယ်။ အာရှ Dive မဂ္ဂဇင်းတွေရဲ့ ရှေ့ဆောင် မဂ္ဂဇင်းဖြစ်တဲ့ Asian Diver ကိုပေါ့လေ။ ပြီးတော့ ၂ဝဝ၉ မှာ က Asian Geographic Pte Ltd ရဲ့ တစ်စိတ် တစ်ပိုင်း တစ်ခု အနေနဲ့ ADEX (Asia Dive Expo) ရှိလာတယ်။ ADEX ဆိုတာ Dive Industry ရဲ့လုပ်ငန်းစဉ် တစ်ခုပေါ့။ နှစ်စဉ် အလိုက် ဧပြီလတိုင်းမှာ စင်ကာပူမှာ ကျင်းပတဲ့ ဒိုင်ဗင် လုပ်ငန်းညီလာခံ ကျင်းပပါတယ်။ အဲဒီမှာ ဧည့်သည် ဟောပြောသူ တွေ၊ လုပ်ငန်း တွဲဖက်လုပ်ကိုင်ကြတဲ့ client တွေ လုပ်ဖော် ကိုင်ဖက်တွေကို ဖိတ်တယ်။ ပြီးတော့ diver တွေ တွေ့ဆုံကြပြီးတော့ သူတို့ ရဲ့ အတွေ့ အကြုံတွေ နဲ့ ဗဟုသုတတွေ ကို အချင်းချင်း ဖလှယ်ကြတယ်။

မေး -ကိုဂျွန်သက် ပြောခဲ့ဖူးတာကို ကျွန်မကြားဖူး ပါတယ်။ ကိုဂျွန် သက်ငယ်ငယ်က အနောက်နိုင်ငံ တွေဘက်ကို သိပ်ရောက်ဖူးခဲ့ချင်တယ်၊ ဒါပေမဲ့ တကယ်ရောက်တော့ အာရှဟာ ပိုကောင်းပါ တယ်တဲ့။ ဆိုတော့ ဒါဟာ အရှေ့တိုင်းသား တစ်ဦးရဲ့ စိတ်ဓာတ်လို့ ဆိုနိုင်မလား။ ဘာကြောင့် ဒီလိုပြောတာလဲ။

ဖြေ – ကျွန်တော်ငယ်ငယ်တုန်း က လောကအပြင် ဘက်မှာ ဘာတွေဖြစ် ပျက်နေကြသလဲ ဆိုတာ ကို လေ့လာစူးစမ်းဖို့ ဆန္ဒတွေတော်တော်ကို မွတ်သိပ်ပြင်းပြခဲ့ဖူးတယ်။ ကမ္ဘာရဲ့ တစ်ဖက်ခြမ်း ကို ရောက်ချင်ခဲ့တယ်။ တကယ်တမ်း အဲဒီ အနောက်ဘက်ခြမ်းကို ရောက်တော့ ကျွန်တော် ရဲ့ ဇာတိရင်းမြစ်ဟာ အာရှမှာပဲ ရှိနေတယ် ဆိုတာကို သိလာရတယ်။ ဒါပေမဲ့ တစ်ချိန် တည်းမှာပဲ ကျွန်တော်ဟာ အသိပညာ ဗဟုသုတတွေ တိုးပွားနိုင်မယ့် ကမ္ဘာလုံး ဆိုင်ရာ ပွင့်လင်းလွတ် လပ်တဲ့ လူမှုဘဝမှာနေချင်တယ်။

မေး – ကိုဂျွန်သက် ထုတ်ဝေတဲ့ issue တွေ အားလုံး လိုလိုဟာ သတ္တ လောက နဲ့သဘာဝ ပတ် ဝန်းကျင် အကြောင်းတွေကို အတွင်း ကျကျ လေ့လာထားတဲ့ ပုံစံမျိုး တွေ ချည်း ဖြစ်နေတယ်။ အဲဒီလို ဘာသာရပ် မျိုးတွေကို ရွေးချယ်ခဲ့တဲ့ ရည်ရွယ်ချက် သတ် သတ်ရှိသလား သိချင်ပါတယ်။

ဖြေ – သဘာဝ သားရိုင်းတိရိစ္ဆာန်နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ပညာရေးတွေကို ကျွန်တော် ကိုယ်တိုင် ယုံကြည် နှစ်ခြိုက်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော် တို့ရဲ့ မျိုးဆက် တိုင်းကို ဒီအကြောင်းတွေ ပညာပေးဖို့ တာဝန် ရှိတယ်။

မေး – ကမ္ဘာနဲ့ အဝန်း digital ဘက်ကို ကူးပြောင်း နေကြတဲ့အချိန်မှာ ရှင်က ပုံနှိပ်ထုတ်ဝေသူ အဖြစ် printing ထုတ်ကုန် ၇ မျိုးလောက်ကို စာအုပ် ရိုက်နှိပ် ထုတ်ဝေနေနိုင် တယ်။ အဲဒီ အတွက် စီမံခန့်ခွဲ လုပ်ကိုင်နေ ပုံလေးကိုလည်း ပြောပြပါ ဦး။

ဖြေ – ဟုတ်ပါတယ်။ ကျွန်တော်တို့ ထုတ်ဝေတာ တွေဟာ ပုံနှိပ်တွေနဲ့ အွန်လိုင်းပေါ်မှာ ဖတ်လို့ရ တဲ့ e-magazine တွေပါ။ Asian Geographic (Asia Without Borders) ၊ နောက် ၂ဝဝ၈ မှာ Asian Geographic PASSPORT (Travel Without Borders) ၊ ၂ဝဝ၉ မှာစတဲ့ Asian Geographic JUNIOR (Asia at Your FINGER TIPS) ၊ နောက် ၂ဝ၁ဝ မှာ စထုတ်တဲ့ Asian Geographic THE READ (You Are What You Read) ၊ နောက်ပြီး Dive magazine တွေမှာ ၂ဝဝ၁မှာ ထုတ်လိုက် တဲ့ Scuba Diver AustralAsia (Read More, Dive More) ၊ ၂ဝဝ၇ ကျတော့ Asian Diver (By Divers, For Divers) နောက်ဆုံး ၂ဝ၁၄ မှာ Scuba Diver OCEAN PLANET (One Ocean, One Life) ကိုထုတ်တယ်။ ကျွန်တော် တို့ မဂ္ဂဇင်းတွေရဲ့ စာဖတ်သူ ပရိသတ် တွေဟာ အာရှက လူတွေကိုပဲ ရည်ရွယ်တာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ ကျန်တဲ့လူတွေ လည်း ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ပေါ်မှာ ဝင်ရှာဖတ် နိုင်ပါတယ်။ ကျွန်တော်တို့မှာ ကမ္ဘာနဲ့ အဝန်း စာဖတ် ပရိသတ်နိုင်ငံပေါင်း ၅၄ နိုင်ငံ ရှိပါတယ်။

မေး – မြန်မာလူမျိုး တစ်ယောက် အနေနဲ့ ကိုယ့် ဇာတိမဟုတ်တဲ့ အရပ်ဒေသမှာ အခုလို အောင် မြင်တဲ့သူ တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားမယ်လို့ ငယ်ငယ်တုန်း ကစဉ်းစားခဲ့ဖူး လား။

ဖြေ – ကျွန်တော့် အသိပညာကို တိုးတက်ကြီးပွား အောင်လုပ်တဲ့ အပေါ် ကန့်သတ် ချုပ်ချယ်မူ မလုပ်တဲ့ နိုင်ငံမျိုးပေါ့။ ကျွန်တော်ငယ်ငယ် ကတည်းက ကျွန်တော့်ကိုယ် ကျွန်တော် အသိ ပညာ တိုးတက်မှုတွေ အတိုင်းအဆမဲ့ ရတဲ့ နိုင်ငံ မှာ စူးစမ်းရှာဖွေချင်ခဲ့တာ။

မေး – လူတစ်ယောက်ရဲ့ဘဝမှာ အောင် မြင်မှုရဖို့ အတွက် ဘာက အရေးကြီး ဆုံးလို့ ခံယူထားပါသလဲ။

ဖြေ – ခင်ဗျားကိုယ် ခင်ဗျား အောက် ဆုံးအဆင့် ထိ နှိမ့်ချထားပြီး အခြေခံ ကျကျနေဖို့၊ လက် တွေ့ ဆန်ဆန်နေဖို့ အသက်ရှင်နေ သရွေ့ခင်ဗျား သင်ယူနိုင်သမျှ သင်ယူပါ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို တိုးတက်အောင် လုပ်ရမလဲ ဆိုတာ အမြဲတွေးပါ။ ခင်ဗျားရဲ့ အခြားဘေးလူ တွေနဲ့မပြိုင်ဘဲ ခင်ဗျားကိုယ် ခင်ဗျားယှဉ်ပြိုင်ပါ။

↧

Beyond The Women Memory

$
0
0

မမီးမီး

(Wedding Dress, Photo Studio & Video)

ဘဝမှာ တစ်သက် မမေ့နိုင်စရာ ချိုမြိန်လှပ တဲ့ အချိန်လေးတွေထဲမှာ မင်္ဂလာဦး အမှတ်တရ လေးတွေ ပါဝင်နေပါတယ်။ ဒါကြောင့်လည်း ဒီလို အမှတ်တရ အချိန်လေးတွေ ကို မှတ်တမ်း တင်ထားဖို့ Wedding Photo Studio တွေ မြောက်မြားစွာ ပေါ်ထွက် လာရတာပါပဲ။ Wedding Dress and Photo Studio တစ်ခု ကို အောင်မြင်အောင် ဦးဆောင်နိုင်ဖို့ ဆိုတာ တခြားသော လုပ်ငန်းတွေကို ဦးဆောင်တာ နဲ့ ကွဲပြား လှပါတယ်။ အတွေးသစ်၊ စိတ်ကူးသစ် တွေ များများ တွေးခေါ်နိုင်ပြီး ပြိုင်ဆိုင်မှုတွေ ကြား မှာ အောင်မြင်စွမ်းဆောင် နိုင်စွမ်းရှိသူဖြစ်ရပါ လိမ့်မယ်။ ဒီလို စိန်ခေါ်မှုများ ပြီး ”အများနဲ့မတူ တဲ့ ဖန်တီးနိုင်မှုတွေ နဲ့ လုပ်နေတာက အမျိုးသမီး တစ်ဦးပါ ဆိုရင် ပိုပြီး အံ့သြရပါလိမ့်မယ်။ ဒေါ်မီးမီးက Memory Wedding Dress and Photo Studio ကို ကိုယ်တိုင် ဦးစီး ဖွင့်လှစ်ပြီး လုပ်ဆောင်နေသူပါ။ သူမ နဲ့တွေ့ရခိုက် Beyond the women အတွက် မှတ်တမ်းတင် ဖြစ်ခဲ့ပါတယ်။

Memory ကို ဘယ်အချိန်မှာ စပြီး လုပ်ဖြစ် ခဲ့တာလဲ။ ဘာကြောင့် ဒီလို Wedding နဲ့ ဆိုင် တဲ့ အလုပ်ကို ရွေးဖြစ်ခဲ့တာပါလဲ။

Memory ဆိုင်စပြီး မွေးဖွား လာတဲ့နှစ်က ၂ဝဝ၈ ခုနှစ်မှာပါ။ ဝါသနာနဲ့ တစ်ထပ်တည်း ကျတာမို့ ဒီလုပ်ငန်းလေးကို ရွေးချယ်ခဲ့တာပါ။ ဝါသနာ နဲ့ အရင်းခံတာမို့ စိတ်ရော ကိုယ်ပါနှစ်ပြီး ပိုကြိုးစားခဲ့တာပါ။

အခုနောက်ပိုင်းမှာ မင်္ဂလာ စုံတွဲတော်တော် များများက Pre Wedding ရိုက်တာကို အာရုံ ဝင်စားမှု များလာတာ တွေ့ရပါတယ်။ ဒီလို ပြောင်းလဲလာတဲ့ အပေါ် အစ်မ ဘယ်လိုဆွေးနွေး ချင်ပါသလဲ။

Pre Wedding  ဆိုတာ တခြားအနောက် တိုင်းနိုင်ငံတိုင်း မှာ မဖြစ်မနေ ရိုက်ကြတယ်။ Pre Wedding ရဲ့ အဓိပ္ပာယ်က မင်္ဂလာ မဆောင်ခင်မှာ ကြင်စဦး ဇနီးမောင်နှံ တိှု့Stress မရှိဘဲ လွတ်လပ်ပေါ့ပါး ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီ Feel လေး ခံစားရင်း ကြိုလုပ်ရတဲ့ အလုပ်တစ်ခု ဆိုရင်လည်း မမှားဘူး။ ချစ်သူ စုံတွဲကို မင်္ဂလာ ဆောင် ပြီးမှ Wedding ဓာတ်ပုံရိုက်တာနဲ့ မဆောင်ခင် ရိုက်တဲ့ Feeling ကလုံးဝမတူနိုင် တာတော့ ၁ဝဝ ရာခိုင်နှုန်းပဲ။ ဒါကြောင့် တစ် သက် တစ်ခါဆောင်တဲ့ ဒီလိုနေ့ အတွက် ကြိုပြီး ဆောင်ရွက်ရတဲ့ Pre Wedding ကိုတော့ မဖြစ်မနေ ဇနီးမောင်နှံ တိုင်း လုပ်စေချင်ပါတယ်။ ဒီလို Feel က ဒီလိုအချိန်မှာ ရိုက်မှပဲ ဒီလိုမျိုး အမှတ်တရ ကျန်ခဲ့မှာ မို့လို့ပါ။

အစ်မတို့ Memory မှာလာရိုက်တဲ့ မင်္ဂလာ စုံတွဲတွေရဲ့ Pre Wedding ပဲဖြစ်ဖြစ်၊ Wedding ပဲဖြစ်ဖြစ် အလှ ပုံရိုက်ပေးတဲ့အခါ idea ဆန်းဆန်းလေးတွေ ဖြစ်ဖို့ ဘယ်လို ကြိုး စားဖြစ်ပါသလဲ။

Idea ဆိုတာ တစ်ဦးခေါင်း နဲ့စဉ်းစားရင် Idea ကတစ်ဦးတည်း (သို့) အာဘော် တစ်ခု တည်းပဲ ဖြစ်နေမှာပေါ့။ အစ်မက Customers တွေနဲ့ဆွေးနွေး ရတာ ကြိုက်တယ်။ ဒီတို့ ရဲ့  Idea လေးတွေနဲ့ သူတို့ရဲ့ မင်္ဂလာပွဲ အတွက် သူတို့ သွားချင်တဲ့ Style က ဘယ်လိုလေးလဲ ဆိုပြီး ဆွေးနွေးပြီးမှ လုပ်ဖြစ်တာ များတယ်။ Customer ၁ဝ ဦးဆိုရင်  Idea ၁ဝ မျိုးရကောင်း ရနိုင်တယ်လေ။ ဒါကြောင့် Customers အာဘော်နဲ့ ပေါင်းစပ်ပြီး လုပ်ရတာ ကြိုက် တယ်။

Photo Studio တစ်ခုရဲ့အသက်က ဓာတ်ပုံ ပညာရှင်တွေပါပဲ။ Memory က ဓာတ်ပုံဆရာတွေ ရဲ့ အရည်အသွေး အတွက် အစ်မတို့က ဘယ်လို စိစစ်ဖြစ်ပါသလဲ။

Photo Studio တစ်ခုရဲ့ အသက်က ဓာတ်ပုံဆရာ ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ရာခိုင်နှုန်း အပြည့်တော့ မဟုတ်ဘူး။ ဓာတ်ပုံ ဆရာရဲ့ ရိုက်ချက် ဘယ်လောက် ပြောင်မြောက် ပါစေ သတို့သား သတို့သမီးရဲ့ သဘာဝကျကျ အပြုံး၊ အသက်ဝင်အောင် ပြုံးတတ်တဲ့ မျက်လုံး မပါရင် ဒီပုံက Lighting ဘယ်လောက်ကောင်း ကောင်း Photo edit သမား ဘယ်လောက် တော်တော် အလကားပါပဲ။ Pre Wedding ရိုက်တာက စီးပွားရေး ကြော်ငြာရိုက်တာ မဟုတ် သလို ဓာတ်ပုံ ပြိုင်ပွဲ ဝင်တာလည်း မဟုတ်ပါဘူး။ ဒါကြောင့် Customer တွေရဲ့ အပေးအယူနဲ့ ဓာတ်ပုံဆရာ ရဲ့စိတ်ရှည်မှု ကလည်း အရမ်း အရေးပါတယ် လို့ ဆိုချင်ပါတယ်။ ဓာတ်ပုံ ဆရာ ရဲ့ စိတ်ရှည်မှုကို ပြောရတာက  Pre Wedding ရိုက်တဲ့ Customers တွေဟာ အိုက်တင်ပေးတော် တဲ့ မင်းသမီး၊ မင်းသားတွေ မဟုတ် လို့ပြောပြတာပါ။ သူတို့တွေမှာ လည်း အတွေ့အကြုံ ဆိုတာက လုံးဝ မရှိပါ။ ဒါကြောင့် မင်္ဂလာ မဆောင်ခင် ဇနီးမောင်နှံတွေ ကို ပေးချင် တဲ့အကြံ ကတော့ များများ ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချပါ။

နိုင်ငံတကာမှာ ရှိလေ့ရှိတဲ့ One Stop Wedding Service နဲ့ ဒီနိုင်ငံမှာ လုပ်ရတဲ့ One Stop Wedding Service မှာ ဘယ်လို မျိုးတွေ ကွာခြားပါသလဲ။

နိုင်ငံတကာမှာ ရှိတဲ့ One Stop Wedding Service ဆိုတာက မိမိတို့ရဲ့ Wedding ပွဲ မတိုင်ခင်မှာ မိမိတို့ နဲ့ တိုင်ပင် ဆွေးနွေးမယ့် ခေါင်းဆောင်တွေ နဲ့ စကားပြော ရပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှု နဲ့ မိမိတို့ရဲ့ Wedding Dream တွေကို ပေါင်းစပ်ပြီး မှ Step by Step သွားရတာပါ။ သူတို့ ရဲ့ ကျွမ်းကျင်မှုကို လည်း Respect ပေး ရတယ်။ မြန်မာနိုင်ငံမှာက Wedding Planner ဆိုပြီး ငှားကြတယ်။ ဒါပေမဲ့ Planner တွေကို Respect အားလျော့ နည်းနေတယ် လို့ထင်တယ်။ အစ်မ တို့နိုင်ငံ ရဲ့ Customer  Service ကလည်း အားနည်းနေ သေး လို့ လည်း ဖြစ် မှာပါ။ Wedding Planner တွေက အဓိက Service ရောင်းစားတာပေါ့။ Service မှာလည်း ၂ မျိုး ရှိသေး တယ်။ Before Service နဲ့ After Service ဆိုပြီးတော့။ ရှင်းရှင်း ပြောရရင် အလုပ် မအပ်ခင်ပေးတဲ့ Service နဲ့ အလုပ် အပ်ပြီး ပေးတဲ့ Service က ထပ် တူညီရဲ့လားပေါ့။

Service ပေးရတဲ့ အလုပ်တွေမှာ ကြုံရ တတ်တဲ့ အခက်အခဲတွေ က ဘယ်လို မျိုးတွေ ပါလဲ။

Service ကိစ္စ ကိုတော့ ရှေ့မှာ ထည့်ပြော ပြီးသွားပြီ။ အစ်မက ထိုင်ဝမ်မှာ ကျောင်းတက်ပြီး အလုပ် လုပ်ခဲ့သူပါ။ ၁၈ နှစ် ကတည်း က ထိုင်ဝမ် မှာနေခဲ့ပြီး ၂၂ နှစ် မှ ရန်ကုန်ပြန်ရောက် လာခဲ့ တာ။ ထိုင်ဝမ်နိုင်ငံ မှာ Service ကို အလေး ထားတယ်။ Customer Complain ကိုကြောက် တယ်။ Customer က Always No. 1 ပေါ့ လို့ ခံယူ ထားတဲ့နိုင်ငံ တစ်ခုပါ။ ဒါကြောင့် အစ်မ လည်း Memory ဆိုင်လေးမှာ ဒီလို ခံယူချက်နဲ့ပဲ အခက်အခဲတွေကို ဖြေရှင်းပါတယ်။

အလုပ်ရှင် တစ်ယောက် အနေနဲ့ ကိုယ့်ရဲ့ ဝန်ထမ်းတွေကို စီမံ အုပ်ချုပ်တဲ့အခါ ဘယ်လို ကိစ္စတွေကို ပိုပြီး အလေးထားသင့်တယ်လို့ ထင်ပါသလဲ။

ဝန်ထမ်းတွေကို အစ်မ အမြဲပြောနေကျ စကားလေးကတော့ Before နဲ့ After Service ကို အမြဲတမ်း တူညီတဲ့ Service ပဲ Customer တွေကို ပေးပါ ဆက်ဆံပါ ဆိုတာ ပါပဲ။

မင်္ဂလာ အခမ်းအနားကို မြန်မာဓလေ့ အယူအဆ နဲ့ဆို ဝါတွင်းကာလမှာ လုပ်လေ့ မရှိဘူး။ ဒီလိုကာလမျိုး တွေ အတွက် အစ်မတို့က ဘယ်လိုတွေ ပြင်ဆင်ဖြစ်ပါသလဲ။

ဝါတွင်းမှာ အစ်မတို့ အတွက် နားချိန် မဟုတ်သလို ဝါထွက်အတွက် ပြင်ဆင်ချိန်ပါ။ ဒီနှစ်မှာ တို့တစ်တွေ ဘာအားနည်းလဲ၊ နောင်နှစ် မှာ ဘာတွေ အားထည့်ဖြည့်ဆည်းဖို့ လိုလဲ ဆိုပြီး ကိုယ့်ရဲ့ အားနည်းချက်ကို ဖော်ထုတ်ပြီး ပြုပြင် ပြောင်းလဲချိန် ဆိုရင် မမှားပါဘူး။ အမှားရှိမှ အမှန်သိမှာ ဆိုသလိုပေါ့။ Service ပေးတဲ့ အလုပ် ဆိုတော့ လူအများ နဲ့ဆက်ဆံရတဲ့ အတွက် အမြဲတော့ မချောမွေ့နေပါဘူး။

အခုနောက်ပိုင်းမှာ Photo Studio တွေ Wedding Studio တွေ တအား ရှိလာတာ တွေ့ရတယ်။ ဒီလို လုပ်ငန်းတူတွေ ကြားမှာ Memory ဆိုပြီး နာမည်ကောင်း အမြဲ ရအောင် အစ်မတို့က ဘယ်လိုတွေ ကြိုးစား လုပ်ကိုင်ဖြစ် ပါသလဲ။

အစ်မဆိုင် အတွက် အစ်မ ကိုယ်တိုင်ရော အစ်မရဲ့အမာခံ ဝန်ထမ်းတွေကရော တကယ် ကြိုးစားပြီး Memory ကို အသက် သွင်းခဲ့တာ ၈ နှစ်ရှိပါပြီ။ ဒီအမာခံ ဝန်ထမ်း မရှိရင်လည်း Memory  ဆိုတာလည်း ၈ နှစ်ခံမှာ မဟုတ်ပါ ဘူး။ Memory မိသားစု အနေနဲ့ Memory ကို ရွေးချယ်ခဲ့တဲ့ ဇနီးမောင်နှံတွေ ကို မိမိ ကျွမ်းကျင် တဲ့အပိုင်း ကနေ Customers ရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ပါ။ နှစ်စဉ် လည်း ဆိုင်အတွက် Upgrade  ဖြစ်နိုင်မယ့် Service ကိုလုပ်ပါတယ်။ အစ်မ ကိုယ်တိုင် လည်း နိုင်ငံခြားတွေမှာ ပြုလုပ်တွဲှ့Wedding Show တွေ Trade Fair တွေသွားပြီး လေ့လာပြီး ဆိုင်လေးကို Version မြင့်နေပါတယ်။ ‘လူသတင်း လူ ချင်းဆောင်၊ ပန်းသတင်း လေညင်း ဆောင်သလိုပေါ့’။

မြန်မာ လူမျိုး အများစုက မင်္ဂလာဝတ်စုံ အရောင်ရွေးတဲ့ အခါ အစွဲအလမ်းတွေထား တတ်ကြတယ်။ ဒီလိုအစွဲအလမ်း ကိစ္စတွေနဲ့ ပတ်သက်ပြီး အစ်မ ဘာများအကြံပြုချင် ပါသလဲ။

အစွဲအလမ်း ဆိုတာ လူတိုင်းမှာရှိကြပါ တယ်။ အစ်မ လက်ခံတယ် မင်္ဂလာပွဲ အတွက်ဆို တော့ ပိုဆိုးတာပေါ့။ တစ်သက် မှတစ်ခါလုံးဝ အတိမ်းအစောင်း ခံလို့မရတဲ့ ဘဝ တစ်ဆစ်ရဲ့ မှတ်တိုင်လေ။ အစွဲအလမ်း ကြီးတဲ့ Customer တွေကို သူတို့ရဲ့ ဘောင်တွေ ထဲကပဲ အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်ပေး ရမှာက အစ်မတို့ တာဝန်ပါ။

လုပ်ငန်းတစ်ခု အောင်မြင်တယ် ဆိုတာကို  ဘယ်လိုအရာတွေ နဲ့ တိုင်းတာ ဆုံးဖြတ်လေ့ ရှိပါသလဲ။

တစ်ဆင့် စကားတစ်ဆင့် နဲ့ပဲ နှစ်စဉ် Customers တွေများလာတယ်။ ကိုယ်တွေ လည်း ပိုကြိုးစားတယ်။ ကြိုးစားတဲ့ သူတိုင်း အတွက် အောင်မြင်မှု ဆိုတာရှိပါတယ်။

လုပ်ငန်းတွေကို အားကြိုးမာန်တက် ကြိုးစားလုပ်ကိုင်နေတဲ့ အစ်မက မိသားစု အတွက်ကို ဘယ်လို အချိန်ပေးဖြစ်ပါသလဲ။

အစ်မရဲ့ မိခင်နဲ့ ညီမလေးကလည်း သူတို့ တတ်နိုင်တဲ့အား နဲ့ တစ်ဖက်တစ်လမ်း က အစ်မ ကို ဖေးမ ကူညီကြတယ်။ ဝါတွင်း ဆိုရင်တော့ မိသားစု ခရီးထွက်ပြီး အချိန်ဖြုန်း ဖြစ်ပါတယ်။

Wedding Dress  တွေရဲ့Design တွေ အရောင်တွေ အတွက် ရွေးချယ်တဲ့အခါ အစ်မက ဘယ်လို စဉ်းစားပြီး ရွေးချယ်ဖြစ်ပါသလဲ။

Wedding Dress  တွေကတော့ နှစ်စဉ် ခေတ်စားတဲ့ Design ကတော့ မတူဘူး။ ဒီနှစ် ဒီအရောင်လေးက ခေတ်စားပေမဲ့ နောက်နှစ် ဒီအရောင် ကတော့ အေး ရင်အေး နေပြန်ရော။ အစ်မ ကတော့ Memory ဆိုင် အတွက် Dress Design တွေကို အစ်မ Online  တွေမှာ လေ့လာတယ်။ ဘာတွေ ခေတ်စားလဲ။ အစ်မတို့ မြန်မာပြည် အတွက်ကော ဒီလိုဒီဇိုင်း က ကိုက်ညီမှု ရှိမရှိ ချင့်ချိန်ပြီးမှ ဝယ်ဖြစ်တာပါ။ ကိုယ်တိုင် ကြိုက်ဖို့ ထက် Customers တွေ ပြီးခဲ့တဲ့နှစ် က ပြောခဲ့ တဲ့  Dress Design တွေနဲ့ ပေါင်းစပ်ပြီးမှ ရွေးချယ်တာ များပါတယ်။

အခု ဝါကျွတ် ကာလမှာ မင်္ဂလာဆောင်ကြ မယ့် မင်္ဂလာမောင်နှံတွေ အတွက် အစ်မက ဘယ်လိုစကား လက်ဆောင်မျိုး ပေးဖြစ်ပါ သလဲ။

ဝါကျွတ် အပြီး ဇနီးမောင်နှံတွေ အတွက် ပြောချင်တာလေး ကတော့ Memory Bridal ဆိုင်လေးက အမြဲနွေးထွေးစွာ ကြိုဆိုနေပါတယ်။ လုပ်ငန်း အပ်သည်ဖြစ်စေ၊ မအပ်သည် ဖြစ်စေ ကျွန်မ မမီးမီးနဲ့ လာရောက်ပြီး မင်္ဂလာကိစ္စ ဆွေးနွေး တိုင်ပင်နိုင်ပါတယ်။ Customers တွေ နဲ့ စကားပြောရခြင်း က မီးအတွက် ပျော်ရွှင်မှု တစ်ခုပါ။ ကြိုဆိုပါတယ်။

↧
↧

Trendy Guy

$
0
0

လူတိုင်းဟာ ကိုယ်နဲ့လိုက်ဖက်တယ်ထင်တဲ့ တူညီတဲ့ Fashion တစ်ခုတည်းကိုပဲ ရွေးချယ်ဝတ်ဆင်လေ့ရှိတတ်ကြပါတယ်။မတူကွဲပြားတဲ့ ဖက်ရှင်တိုင်းကို ၀တ်ဆင်ရင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေဖို့အတွက် ဒီလမှာတော့ လူငယ်တစ်ယောက် အနေနဲ့ရော မော်ဒယ်တစ်ယောက် အနေနဲ့ မရှိမဖြစ် အခြေခံတစ်ခုအဖြစ် Smart Fashion Causual Fashion တို့ကို တင်ဆက်ပေးလိုက်ပါတယ် ။လူငယ်စတိုင် အလန်းစားဖက်ရှင် တွေနဲ့ပဲ လိုက်ဖက်ညီ တယ်ထင်တတ်ကြတဲ့ အတွေးတစ်ချို့ကို
ပျောက်ရင်းတစ်ရံတစ်ခါမှာ Smart ကျတဲ့ ရိုးရှင်းတဲ့ Fashion နဲ့ စွဲဆောင်မှု အပြည့်ရှိနိုင်ကြစေဖို့ …

Model : Htet Phone Naing
Make Up : Thaw / Gress :  Blanco
Photo : Ko Naing ( Popular )
Arranged By : Nay Yi Yi Lin

↧

ကတ်သီး ကတ်သတ် ပြောတဲ့ တောက်တီး တောက်တဲ့

$
0
0

စေတနာက ဝေဒနာ

မောင်တောက်တီး တို့နိုင်ငံ ဟာ ဒုက္ခ သုက္ခ ပေါကြွယ်တဲ့နိုင်ငံ လို့ ပြောရမလိုပါပဲ။ ရန်သူမျိုး ငါးပါး နဲ့ တော်တော် အကျွမ်း တဝင် ဖြစ်နေတာပဲ။ ရန်သူမျိုး တချို့အပါးက ခဏတစ်ဖြုတ် တချို့ အပါးက အကြာကြီး ခင်တွယ်ကြတယ်။ ဒုက္ခ ကလည်း တစ်မျိုးပြီး တစ်မျိုး မရိုးစေရဘူးခင်ဗျ။

ဒီနှစ် သဘာဝ ရေဘေး အန္တရာယ် ကတော့ တော်တော် ကြီးမားဆိုးဝါးတယ်။ တချို့လည်း ကြိုတင်နေရပ်ကို စွန့်ခွာကြ။ တချို့လည်း အချိန်မမီ လို့ ရေပတ်လည် ဝိုင်းပြီး ပြေးစရာမြေ မရှိ သောက်စရာ ရေမရှိ အပြစ်နဲ့ လူတွေရော၊ တိရစ္ဆာန်တွေရော ဒုက္ခရောက် ကြတာပေါ့။

အဲ မောင်တောက်တီး ကတော့ အဆိုးထဲက အကောင်း ဂုဏ်ယူမိတာရှိတယ်ဗျ။ ပြည်သူမှ ပြည်သူသို့ ဆိုတဲ့စကား နဲ့ အညီ လူတွေ အရွယ် သုံးပါးစလုံး ပရဟိတ စိတ်တွေ နိုးကြား ဖွံ့ဖြိုးလာတာ အားရ စရာပါပဲ။ အသင်း အဖွဲ့လိုက် တစ်ဦး တစ်ယောက်စီ လှူကြ တမ်းကြတာပေါ့။ သက်စွန့် ဆံဖျား ကယ်သူက ကယ်ကြ၊ လူမျိုး မရွေး ဘာသာမရွေး တက် ညီ လက်ညီ ပါဝင်လာကြ တာပေါ့။

ကျောင်းသူ၊ ကျောင်းသားတွေ ကလည်း ရပ်ထဲရွာထဲ တစ်လမ်းဝင် တစ်လမ်းထွက် အလှူ ခံကြ ပြည်သူတွေ က လည်း နိုင်သလောက် ပါဝင် လှူဒါန်းကြနဲ့ တိမ်မြုပ်နေ တဲ့ မောင်တောက်တီး တို့ လူမျိုး ရဲ့ ပရဟိတစိတ် ပြန်ပေါ်လာ လို့ ပီတိဖြစ်လိုက်တာဗျာ။

အလိုဗျာ ပြောလို့မှ မဆုံးခင်မောင် တောက်တီး ကြားလိုက်ရတဲ့ သတင်း က ကိုယ့်နားတောင် ကိုယ်မယုံဘူး။ ဘာတဲ့ ဖောင်ဒေးရှင်း တစ်ခုရဲ့ နာမည်ကို အသုံးချပြီး အလှူခံဖြတ်ပိုင်း အတုနဲ့ အလှူခံနေသတဲ့ ဘုရား-ဘုရား ဒီလို ငွေကိုစားရဲတဲ့ စိတ် အံ့သြပါရဲ့ဗျာ။

မောင်တောက်တီးဟာ ကိုယ့်လူမျိုးပရိဟာ စိတ်ထက်သန် လို့ချီမွမ်းပီတိဖြစ်နေတုန်း

ဒီသတင်းကြား လိုက်ရတော့ ရှက်ရှက် နဲ့ သတိ တစ်ခုရမိတယ်။ ”တောမီးလောင် တောကြောင် လက်ခမောင်းခတ်”ဆိုတဲ့ မြန်မာ စကားဟာ ဒီနေရာမှာ ဟုတ်နေပြီ ပေါ့။
မောင်တောက်တီး မှာပါရစေ မိဘပြည်သူများခင်ဗျာ စေတနာဝေဒနာ မဖြစ်အောင် သတိရှိကြပါလို့…။

သာစွဌာနီ မြန်မာပြည်

တောက်တဲ့မ တို့ရဲ့ သာစွဌာနီ မြန်မာပြည်ဟာ ၂၁ရာစု အတွင်းမှာ ကမ္ဘာ တစ်လွှားကို တစ်ဟုန်ထိုးကျော်ကြား လာနေ ပါပြီ။ မှတ်သားစရာ စကားကြီး ဆယ်ခွန်း ဆိုလား ‘မီးပျက်ရင် ဖယောင်းတိုင်ထွန်း၊ လူကြီးတွေ အမေ့နို့ဆာ ရင် နွားနို့သောက်၊ ဥပုသ်စောင့်ရင် ညစာမစားနဲ့’ ဆိုတာမျိုး ကစပြီး အထင်ကရ ဆုံးမ စကားတွေ ပေါ်ထွန်း ရာဒေသဖြစ် တာ ကတစ်ကြောင်း၊ ဆယ်လ်ဖီဓာတ်ပုံ ရိုက်ပြီး ဖေ့ဘုတ်ပေါ် တင်လိုက်တဲ့အခါ.. သူ့ ဘာသာသူနေတဲ့ သစ်ပင်ကြီး ကျိုးကျတဲ့ အခါ၊ တစ်ဖက်အိမ် ကခွေးကလေး အအေးမိပြီး သေသွားတဲ့အခါ.. လူသားချင်း မစာနာမှု၊ လူ့ အခွင့်အရေး ချိုးဖောက် မှုတွေ၊ တရား ဥပဒေ မစိုးမိုးမှု၊ မျိုးချစ် စိတ်ဓာတ် ကင်းမဲ့မှုတွေ စတဲ့ စတဲ့ ပြဿနာ အရင်းအမြစ် တွေကို တခမ်း တနား ဝေဖန် ထောက်ပြငြင်းခုံ ပါးစပ် တိုက်ပွဲ ဖြစ်ကြပြီးတဲ့ နောက် ဆန္ဒဖော်ထုတ်ပွဲ၊ အောက်မေ့ဖွယ် အထိမ်း အမှတ် ပွဲ တွေ စည်ကား သိုက်မြိုက်စွာ ကျင်းပရာဒေသ ဖြစ်တာက တစ်ကြောင်း၊ စစ်ဘေး ဒုက္ခ သဘာဝဘေး ဒုက္ခတွေ ရင်ဆိုင် ရတဲ့ ဒုက္ခသည် ဒုနဲ့ဒေး ရှိသလို အားယား လျှာယားပြီး ကိုယ့်ဝေါပေါ် ကိုယ်ရေး တင်မိ တဲ့ဖေ့ဘုတ်ပေါ်က ဝါဒ လိုလို အမြင်လိုလို ခံစားချက် လိုလို စာသားတွေကြောင့် စခရင်းရှော့ ဆွဲရှဲပြီးဆဲခံထိတဲ့ ဒုက္ခသည်တွေလည်း ဒုနဲ့ဒေး ရှိနေတဲ့ ဒေသဖြစ်တာက တစ်ကြောင်းရယ်ကြောင့် အခု ဆိုရင် တောက်တဲ့မ တို့ရဲ့ ရွှေမျိုးရွှေနွယ် တွေဟာ ကမ္ဘာ တစ်လွှား မှာ နင်လား ငါလားရယ်လို့ အောင်မြင် ကျော်ကြား လူကြိုက် များတဲ့ ကမ္ဘာ့ အံ့ဖွယ် အသွယ်သွယ် တွေထဲက ထိပ်တန်း နေရာကိုရောက် ရှိလို့လာပါပြီ။ ကဲ ဘယ့် ဂလောက် ဂုဏ်ယူ စရာကောင်း လှသလဲ ဆိုတာ တောက်တဲ့ မဖြင့် တွေး ရင်း တွေးရင်း ဖရဏာ ပီတိဂွမ်းဆီ ဟာနားထင်ထိ လု မတတ်ပါပဲရှင်။

နိစ္စဓူဝ အယ်ဒီတာဘဝ

ရွှေပြည်ကြီး မှာ အနေ ကြာလာတော့ တောက်တီး တစ်ယောက် ကျင့်သား ရလာတာ တွေ ရှိပါတယ်။ မိနစ် နှစ် ဆယ် လောက် မှာတစ်စီး ရောက်လာတဲ့ အထူးယာဉ်လို့ ခပ်တည်တည်ကြီး ရေးထားပြီး တစ်မှတ်တိုင်တည်း စီးလည်း အများ တန်းတူ ပိုက်ဆံ ၂ဝဝ ပေးရတဲ့ ဘတ်စ်ကား ကျပ်ကျပ်ကြီးကို စပယ်ယာ အော်ငေါက် စီမံ ခန့်ခွဲမှုအောက် မှာ စောဒက မရှိ မီးခြစ်ဆံ လို သဘောထား အစီခံ ပြီးစီးလာ၊ မှတ်တိုင် ရောက်တော့ ကန်မချ ရုံတမယ် တွန်းချ လိုက်လို့ အခန့်သား အောက်ရောက်၊ အဲဒီမှာ ၂ပေခွဲလောက် ကျယ်တဲ့ ပလက်ဖောင်းပေါ် မှာ လမ်းဘေး ဗျက်ထိုး ဈေးသည်တွေ နဲ့ ရုံးသွား ရုံးလာတွေ နဲ့ နင်လား ငါလား တိုးခွေ့ပြီး လိုရာခရီး ကို အချိန်မီ ရောက်အောင် လမ်းလျှောက် ပြိုင်ပွဲဝင် ချန်ပီယံ တစ်ဦးလို လျှောက်၊ အံမယ် ရုံးရောက်တော့ ဘာ အလုပ်လုပ် ရမှန်း မသိတဲ့ အိတ်ခ်ျ အာရ် လို့ခေါ်တဲ့ လတ်လျား လတ်လျား ဌာနက ဒါရိုက်တာကြီး မိန့်မိန့်ကြီး စောင့်နေတော့ နောက်မကျသေးလည်း ပုရွက် ဆိတ် တတ်တော့ မယ့် မျက်နှာဘေးမျိုးနဲ့ ပြုံးပြ၊ အလုပ်မှ မလုပ်ရရင် စားမဝင် အိပ်မပျော်ဘဲ ဗိုင်းခနဲလဲ သေသွားတော့ မယ့် အချိုးမျိုးနဲ့ စားပွဲ မှာထိုင် ကွန်ပျူတာကြီး ဖွင့်မယ်လည်း လုပ်ရော မီးမလာ ဘူးတဲ့.. အဲ နေပ စေလေ တောက်တီး ကွန်ပျူတာက အကြွေး နဲ့လ ပေးဝယ်ထားတဲ့ ကိုယ်ပိုင် လက်ပတော့ ဆိုတာကြီးပဲ ဘာ အရေးလိုက်လို့.. တယ်လီဖုန်း ကနေတစ်မိနစ် ၂၃ကျပ် ဆိုတဲ့ ရှေ့သို့လှမ်းချီ မြန်မာပြည် ကြုံးဝါးသံ ကီး ဟည်း ထနေတဲ့ လိုင်းကိုဖွင့် မလျှော့သော ဇွဲလုံ့လနဲ့ ချွေးဒီးဒီး ကျသည် ထိ အဝိုင်းကြီး လည်တာကို စောင့်ပြီး လည်တယ် .. လည်တယ်..တစ်ဝိုင်း ပြီး တစ်ဝိုင်း ဖြစ်တယ် ပျက်တယ် ဖြစ်တယ် ပျက်တယ် နဲ့ တရား မှတ်လိုက်တာ သမာဓိ နည်းနည်း စိုက်ရင်  အရိယာဖြစ်လောက် တယ် ..  (တောက်တီး တို့ ဖောင် ပိတ်ရက်မှ အရိယာ မဖြစ်ရင် ဘယ်တော့မှ မဖြစ်ဘူးမှတ်) ကဲ.. ကဲ..ရပါပြီ ဒေါင်းလုတ် ဆွဲတဲ့ပုံလေး။ အဲ ဆေ့ဗ်ခါနီး ဖျတ်ခနဲ ပြုတ်ကျ သွား လို့ အလန့် တကြား ဖုန်းကိုယူ ကြည့်လိုက် တော့ သပ္ပုရိသ နွယ်ဝင် အယ်ဒီတာ တောက်တီး ရဲ့ ဖုန်းဘေဟာ မြန်မာကျပ်ငွေ ၂ဝဝ အောက် ကို ကျသွား ပြီ ဖြစ်တဲ့ အတွက်သုံးလို့ မရတော့ပါတဲ့။ တစ်မနက်လုံး အားသွန်ခွန်စိုက်ရှေ့သို့ လှမ်းချီ နေတာ တစ်စက်မှ မရွေ့တော့လည်းလဲ ..လဲ .. လဲ။

↧

Cultural Stream

$
0
0

Model – Ya Ma Nay
Make-Up – Jet Jet (Judson)
Designer – Kyi Sane Lann
Photo – Kansuho (Black & White Studio)
Arranged by Thida Soe

တိုးတက်လာတဲ့ ခေတ်နဲ့အညီ တိုင်းရင်း သားအဆင်လေးတွေကို စိတ်ဝင်စားတဲ့သူတွေ လည်း များလာပါပြီ။ တိုင်းရင်းသားအဆင်လေး တွေကို ပုံစံမျိုးစုံ၊ ဒီဇိုင်းမျိုးစုံ ဖန်တီးချုပ်ဝတ်ကြ တာကိုလည်း တွေ့မြင်ကြရမှာပါ။ ဒီတစ်လမှာ တော့ ကရင်အဆင်လေးတွေကို ဒီဘက်ခေတ် ပုံစံလေးဖန်တီးထားပြီး ကရင်မော်ဒယ်လေး ဝတ်ဆင်ပြ ထားတာကို ဖော်ပြပေးလိုက်ပါတယ် နော်။ ခေတ်သစ်ပျိုမေတွေအတွက် အခုလိုပုံစံ လေးတွေ တီထွင်ဖန်တီးချုပ်ဝတ်လို့ ရပါတယ်။

ကရင်အဆင်လေးတွေကို ဖော်ပြရင်းနဲ့ ကရင် တိုင်းရင်းသားတွေရဲ့ အကြောင်းကိုလည်း လေ့လာသိရှိသလောက် ဖော်ပြချင်ပါတယ်။

ကရင်လူမျိုးတွေမှာ အဓိကလူမျိုးစု ၂ စု ရှိပါတယ်။ အဓိကလူမျိုးစုအနေနဲ့ စကောကရင် နဲ့ ပိုးကရင်ဆိုပြီး ၂ မျိုးရှိပါတယ်။ လူမျိုးစု ၂ စုအောက်မှာ ကွဲပြားတဲ့ တခြား ကရင်မျိုးနွယ်စု တွေ အများကြီးရှိပါတယ်။ ကရင်ဝတ်စုံမှာဆိုရင် ဝတ်စုံနဲ့လိုက်ဖက်တဲ့ အမြိတ်ကို လည်ပင်းမှာ ပါရပါမယ်။ ထဘီကို လွန်းနဲ့ရက်တဲ့ အထည်တွေ ရှိတယ်။ အနီနဲ့အနက်တွဲပြီး ဝတ်တယ်။ အရင် တုန်းကအရောင်တွေက အဖြူ၊ အနက်၊ အနီပဲ ရှိတာပါ။ အိမ်ထောင်ကျတဲ့ အမျိုးသမီးတွေ ကတော့ အနက်ရောင်ကရင်အင်္ကျီကို ဝတ်ကြ တာများပါတယ်။

ကရင်အင်္ကျီဂါဝန်အရှည်ကို တော့ အပျိုလေးတွေ ဝတ်ကြပါတယ်။ ဒါက တော့ ရှေးတုန်းကပေါ့နော်။ ခေတ်တွေပြောင်း လဲတာနဲ့အမျှ ခုချိန်မှာတော့ အားလုံးဝတ်နေကြ ပါပြီ။ အဆင်တန်ဆာအနေနဲ့ကတော့ ကြိမ်စိ လေးတွေကို အင်္ကျီမှာ သုံးကြတယ်။ ကရင်ထဘီ က နှစ်နံစပ်ရှိတယ်၊ သုံးနံစပ်ရှိတယ်၊ လွန်းတင် တာတွေရှိတယ်။ အမျိုးမျိုး ရှိကြပါတယ်။ တချို့ ဂွမ်းနဲ့ရက်တဲ့ ထဘီတွေတောင် ရှိပါတယ်။ ခုခေတ်မှာတော့ တစ်နံတည်းပဲ ရက်ကြပါတယ်။ လူတွေတော်တော်များများကတော့ ကရင်ဝတ်စုံ ဆိုရင် ဂါဝန်ရယ်၊ ခေါင်းပေါင်းရယ်၊ ခါးစည်းရယ် ကို ပိုသိကြပါတယ်။ လက်ကိုင်ပဝါကိုတော့ ဒုံးယိမ်းကတဲ့အချိန်မှာ သုံးကြတာတွေ့ရပါ တယ်။ ကရင်ဝတ်စုံတွေမှာပါတဲ့  အမွှေး ရှည်လေး တွေကိုတော့ ကရင်လို ‘တာဒေါ်’  လို့ခေါ်ပါ တယ်။ အရင်တုန်းကတော့ ကရင်အင်္ကျီမှာ အမွှေးများများပါတဲ့ သူတွေကို ချမ်းသာကြွယ်ဝ တယ်လို့ သတ်မှတ်ကြ ပါတယ်။ တောင်ပေါ်က ကရင်တွေကျတော့ အမိတ်နဲ့လိုင်းများများထည့် နိုင်ရင် ချမ်းသာတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာတော့ အရင်လို ကွဲပြား ခြားနား မှုတွေ မရှိတော့ဘဲ ဖက်ရှင်တစ်ခုလို ဝတ်ဆင်လာကြပါတယ်။  ကရင်အစားအစာထဲ မှာတော့ မြန်မာလို တာလပေါလို့ခေါ်ပြီး (တာကပေါ်) လို့ခေါ်တဲ့ ဟင်းက မပါမဖြစ် ပါပဲ။ တာလပေါ (တာကပေါ်) ဟင်းမှာ ပါဝင်တာတွေ ကတော့ ဆန်၊ အသား၊ အသီးအရွက်၊ ငရုတ်သီး စိမ်း၊ ငါးပိတို့ပါဝင်ပါတယ်။

သက်သတ်လွတ် စားချင်သူတွေ ကတော့ အသားမထည့်ဘဲ ချက် စားလို့ရပါတယ်။ နောက်ထပ်ဟင်းလျာတွေက တော့ မြန်မာ ‘ငါးပိထောင်း’ လို့ခေါ်ပြီး ကရင်လို ‘တာကို’ လို့ခေါ်တဲ့ ဟင်းလျာပါ။ ငါးပိ၊ ငါးကင်၊ ငရုတ်သီးထည့်ပြီး ထောင်းထား တာပါ။ မြန်မာလို ‘ဟင်းလှော်’ လို့ခေါ်ပြီး ကရင်လို ‘တာဟဲဖိုး’ လို့ခေါ်တဲ့ ဟင်းကတော့ ငါးပိ၊ အသီး အရွက်၊ ငရုတ်သီးတို့ပါဝင်ပြီး အရည်နည်းနည်းလေးနဲ့ စားရတဲ့ဟင်းပါ။ ကရင်လူမျိုးတွေရဲ့ ပွဲတော်တွေကတော့ ကရင် နှစ်သစ်ကူးပွဲ၊ လက်ချည်ပွဲတွေရှိပါတယ်။ ကရင်
နှစ်သစ်ကူးပွဲကတော့ ပြာသိုလဆန်း ၁ ရက်နေ့ မှာ ကျင်းပပါတယ်။ လက်ချည်ပွဲကတော့ အရပ်ဒေသကိုလိုက်ပြီး လုပ်ကြပါတယ်။ ဟိုးတုန်းက ကရင်မင်္ဂလာဆောင်ပွဲတွေ လုပ်ရင် မင်္ဂလာပွဲကျင်းပမယ့်နေရာကို အမျိုးတွေအကုန် လုံး တစ်ပတ်လောက် ကြိုပြီးလာကြတယ်။သတို့သမီးတွေ၊ သတို့သားတွေနဲ့ ညဘက်တွေ မှာ ပွဲတွေလုပ်ကြ တယ်။ မင်္ဂလာမဆောင် အပျိုတွေ၊ လူပျိုတွေက တစ်ဖက်စီမှာနေပြီး ပဟေဠိဖွဲ့တမ်းကစားကြတယ်။ စကားနိုင်လုကြ တယ်။ ဒီဘက်ခေတ်မှာတော့ မြို့ပေါ်ကလူတွေ က ဘုရားကျောင်းတွေမှာ မင်္ဂလာဆောင်ကြ တယ်။ တချို့ကျတော့လည်း ဘုန်းကြီးကျောင်း တွေမှာ ဆောင်ကြတာကို တွေ့ရပါတယ်။ ကိုးကွယ်တဲ့ဘာသာပေါ် မူတည်ပြီး ကွဲပြားသွား တာပါ။ ကရင်ဒုံးယိမ်းအကကိုတော့ ကရင် နှစ်သစ်ကူးပွဲတော်၊ လက်ချည်ပွဲတွေမှာ ကကြပါ တယ်။ ယနေ့ခေတ် ရွာမှာကျင်းပတဲ့ ကရင် မင်္ဂလာဆောင်တွေ မှာတော့ တစ်ပတ်လောက် ကပွဲတော်ကြီးလိုပဲ ထမင်းချက်ကျွေးကြတယ်။ ရွာမှာကတော့ ထမင်းနဲ့ဟင်းကို အဓိကကျွေး တယ်။ ပွဲတော်အနေနဲ့ဆိုရင်တော့stage show တွေ လုပ်ကြတယ်။ မြို့မှာကျင်းပတဲ့ ကရင်မင်္ဂလာဆောင်ပွဲတွေကတော့ မင်္ဂလာ ဆောင်တဲ့ နေရာနဲ့ အဆင်ပြေမယ့်အစားအစာ ကို ဧည့်ခံကြပါတယ်။

သီတာစိုး

↧
↧

Mod Mom

$
0
0

သားသားနာမည်က ‘ပန်းဇော်ဦး’ပါ။ နာမည်ကတော့ ပုံမှန်အားဖြင့် အများပေးလေ့ မရှိတဲ့ နာမည်ပေါ့။ ဒါပေမဲ့ သားလေးကိုက ကျိုက်ထီးဆောင်းဆရာတော် ဘုရားကြီး ကိုယ် တိုင်ရွေးပေးထားတဲ့နာမည်မို့ နှင်းတို့လည်း ပေးလိုက်တာ။ အခုသားက ၁ နှစ်နဲ့ငါးလရှိပြီ။ သားကို မွေးတော့လည်း Due Date ထက် ၂ ပတ်စောမွေးတာ။ ဒီတုန်း ကလည်း ဆရာတော်ကြီး ကိုယ်တိုင်မိန့်ထားတဲ့ နေ့ရက် အတိုင်းမွေးတာပဲ။ သားက အရမ်းအေးတယ်။ ငိုခဲတယ်။ သဘောကောင်းတယ်။ ကား Crazy  လို့ ပြောရမယ်။ အရုပ်ဆိုလည်း ကားရုပ်မှ။ ကားစီးရတာလည်း သိပ်ကြိုက်။ နှင်းကသားကို မိခင်နို့ပဲ တိုက်ခဲ့တာ။ အစားအသောက်မှာ တော့  သားက ထမင်းထက် ခေါက်ဆွဲကြော် တို့ အသီးအနှံတို့ကြိုက်တယ်။ သားကဓာတ်ပုံ ရိုက်ရတာ အရမ်းကြိုက်တယ်။ သူငါးလသား ကတည်းက နို့မှုန့်ကြော်ငြာရိုက်တယ်။ သူ ၉ လရောက်တော့ ရွှေနန်းတော် TV   ကြော်ငြာရိုက် တယ်။ သူကFlash ပွင့်တာနဲ့ ပြုံးပြတာ။ ဓာတ်ပုံရိုက်ရတာကြိုက်တယ်။ အမေလို အနုပညာပိုးပါတယ်။ သားကိုတော့ နှင်းက သူဝါသနာပါတာပဲ လုပ်ခိုင်း မှာပါ။ အမေကိုလည်း စိတ်ညစ်အောင်မလုပ်ဘူး။ ကိုယ်ဝန်ရှိတုန်းကလည်း မူးတာအန်တာမဖြစ် ဘူး။ အရမ်းငယ်တဲ့ အရွယ်တုန်းကလည်း ဂျီ ကျတာမျိုးမရှိဘူး။ သားလိ မ္မာလေးကို စိတ်ချမ်းသာစေချင်တာပဲရှိပါတယ်။

Model – Hnin Htet Htet Wai
Pan Zaw Oo
Photo – Ko Naing (Popular)
Arranged by Phyoe Su Po Po

↧

Strategic Notes

$
0
0

 သင်ယူမှုကနေ ပေါက်ဖွား လာတာပါ။ ကိုယ်ပိုင် အခွင့်အရေး ကို ကိုယ်တိုင် ရွေးချယ် ယူနိုင်ရပါ မယ်။ ဒါပေမဲ့ ဒီလိုလေ့လာ သင်ယူနေချိန်မှာ တော့ စိတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုတွေ ရှိထားရပါ မယ်။ လောကမှာ သင်ယူနေသူတိုင်း က အောင်မြင်မှုနဲ့ မလွှဲဧကန်ကြုံတဲ့နေ့ ရှိ လာပါ တယ်။ အဲဒီလို လူငယ် သုံးဦးနဲ့ တွေ့ဆုံပြီး ဒီလရဲ့ Strategic Notes ကို တင်ဆက် လိုက်ပါတယ်။

သူရသန့်စင်

သူရသန့်စင်

ကျွန်တော်က အခု Lafayette College မှာ တက်နေတာပါ။ Lafayette College ဆိုတာက အမေရိကန်ပြည်ထောင်စု ရဲ့Easton ၊Pennsylvania ပြည်နယ် မှာရှိတဲ့ Private Liberal Arts College ပါ။ ကျွန်တော့် Major က Economics နဲ့ Maths  နဲ့ နှစ်ခုယူထား ပါတယ်။ ကျွန်တော်က အခုမှ First Year ပြီး လိုSecond Year တက်မှာပါ။ Second Year ကျမှ ကျွန်တော် အဓိကယူမယ့်  Major ကို official declare လုပ်ရမှာပါ။ ကျွန်တော် ဒီမှာ ၁ဝ တန်းအောင်တော့ ဆေး တက္ကသိုလ် တက်ဖို့ အမှတ်မီ ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့  ရည်မှန်းချက် က ဒီမှာ ကျောင်း မတက်ချင် ဘူး။ နိုင်ငံခြား မှာ ကျောင်းတက် ချင်တယ်။ ဒါနဲ့ ကျောင်းတွေ လျှောက်တယ် စပြီး လျှောက်တုန်း ကတော့ ကျွန်တော်လည်း မသိပါ ဘူး။ American Centre တို့ ဘာတို့ သွားပြီး အဲဒီကရတဲ့  information  တွေ link တွေက တစ် ဆင့် ကျောင်းတွေ လျှောက်ကြည့် တယ်။ ဒါပေမဲ့ ကျွန်တော် ကျောင်းစလျှောက် တုန်းက  ထင်နေ တာက နာမည် ကြီး ကျောင်းတွေပဲ လျှောက်လို့ ရတယ် ထင်တာ။ အဓိက ကျွန်တော် လျှောက်တာက အမေရိကန် ကကျောင်းတွေ ပဲ လျှောက်တယ်။ အင်္ဂလန်တို့၊ သြစတြေးလျတို့ ကကျတော့ တော်ရုံ scholarship မပေးဘူးလို့ ကျွန်တော် ထင်ခဲ့ တာလေ။ ဒါနဲ့ အမေရိကန် ကျောင်းတွေပဲ လိုက်လျှောက်တယ်။  Harvard တို့ ဘာတို့လို နာမည်ကြီး ကျောင်းတွေ ကို လျှောက်ဖြစ်ခဲ့တယ်။ ကျွန်တော် ရခဲ့တဲ့ ကျောင်း တွေ ရှိတယ်။ ဒါပေမဲ့ သူတို့ပေးတဲ့ scholarship ကသိပ်နည်းတယ်။ အမှန်က scholarship ထက် financial aid ဆိုတာက ပိုမှန် တယ်။ financial aid ပေးတာ မှာလည်း ခွဲထားတယ်။   Merit- Base ဆိုတာ က စာတော်တဲ့ သူတွေ ကိုပေးတာ။ Athletic ကကျတော့ အားကစား မှာတော်တဲ့ ထူးချွန်တဲ့ သူတွေ ကို ပေးတာ။ financial aid ကကျတော့ နိုင်ငံတကာ ကျောင်းသားတွေ အတွက် ပေးတာပါ။ လိုအပ်ချက်ပေါ် မူတည် ပြီး ပေးလေ့ရှိတယ်။ ကျွန်တော် အဲဒီ လိုကျောင်းတွေ လျှောက်ပြီး အဆင်မပြေ ဖြစ်နေချိန်မှာ ရွှေတိဂုံဘုရား လမ်းမှာ ဖွင့်ထားတဲ့ The Pre-Collegiate Program of Yangon မှာ ကျောင်းသွားတက် လိုက် တယ်။ အဲဒီကျောင်းက Networking ကောင်းတယ်။ အဲဒီကျောင်းက တစ်ဆင့် သိသွားတာက ဒီလိုကျောင်းတွေ ကလည်း နာမည် မကြီးပေမဲ့ financial aid ပေးတယ် ဆိုတာ သိသွားတယ်။ ကြားထဲမှာလည်း ကျွန်တော် ပြောင်းလဲ သွားတာ တွေရှိတယ်။ ပထမတုန်းက ကျွန်တော်က physic တို့ Maths တို့နဲ့ပဲ တက်ချင်ခဲ့တာ။ ဒါပေမဲ့ ကျွန် တော့် ရဲ့ preceptive တွေပြောင်း သွားတယ်။ ဒီကို ပြန်လာရင် physic နဲ့ ကပြန်ပြီး အလုပ်လုပ်ဖို့  က ခက်ခဲနိုင်တယ်။ ဒါနဲ့ Early Decision နဲ့ ကျောင်းလျှောက်တော့။  Pre-Collegiate က ဆရာမတွေ အကူအညီရယ် ကျွန်တော် အရင် လျှောက်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရယ်ပေါင်းပြီး အခု Lafayette College ကိုလျှောက်လိုက်တယ်။ ကြားထဲ မှာတော့ ကျွန်တော် လိုအပ်တဲ့  အရည်အချင်းတွေ အတွက် ကြိုးစားနေခဲ့တယ်။ ၁ဝ တန်းပြီးတော့ ကြား ထဲမှာ သုံးလေးနှစ် လောက် ကြာတယ်။ အဓိက ကတော့  TOFFEL တို့ SAT တို့ဖြေခဲ့ တယ်။ နောက်ပြီး Pre-Collegiate ရဲ့ grade တို့ ဒါတွေကို ကျွန်တော် ပြင်ဆင်နေ ခဲ့ပါတယ်။ Application Form ရေးပုံတို့ Essay ရေးနည်းတို့ ဒါတွေလည်း  လေ့လာနေ ခဲ့ပါတယ်။ Financial aid ကတော့ နှစ်တိုင်းပြန်လျှောက် ရတယ်။ ပထမနှစ်မှာ သူတို့ သတ်မှတ် ထားတဲ့ Standard မီရင် ဒုတိယနှစ်လျှောက်ရင်လည်း ထပ်ရမယ်ပေါ့ ဒါမျိုးပါ။ အဲဒီလိုလျှောက်ရင် အိမ်က ဘယ်လောက် စိုက်ပေးနိုင်လဲပါ တင်ရ တယ်။ ကျွန်တော် အခု တက်နေတဲ့ ကျောင်းဆို ရင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၆၄၃ဝဝ လောက် ကုန်ကျတယ်။ အဲ့ဒီမှာမှ အိမ်ကပေးနိုင် တဲ့ စရိတ်ကို ဖယ်ပြီး ကျန်တာကို ကျောင်းကပေး တယ်။ ကျွန်တော် လိုမျိုး financial aid နဲ့ လာတက်နေတဲ့ တခြားနိုင်ငံက ကျောင်းသား တွေလည်း အများကြီး ရှိတယ်။ အထူးသဖြင့် နီပေါတို့ ဘာတို့ကပေါ့။ LDC Country ကကျောင်းသားတွေကို သူတို့က ပိုပြီးပေးလေ့ ရှိပါတယ်။ ကျောင်းတက်ဖို့ ဟိုကို ရောက်တော့ လည်း ကျွန်တော် အတွက် သိပ်ပြီး ခက်ခဲတာ တော့ မရှိခဲ့ပါဘူး။ ကျွန်တော် ဒီမှာ တက်ခဲ့တဲ့ Pre-Collegiate Program ဆိုတာကလည်း၊  အမေရိကန်  System နဲ့ပါ။ အမေရိကန် အကြောင်းကိုလည်း ကိုယ် ကလေ့လာနေတော့ ရင်းနှီး တယ်။ သူတို့ Culture ကိုလည်း လေ့လာ ထားတယ်။ ဒီတော့ ကျွန်တော့် အတွက် ဘာသာ စကားအခက်အခဲ တို့ Culture Shock တို့တော့ မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ကိုယ့် နိုင်ငံကနေ တခြားနိုင်ငံကို ကျောင်းသွား တက်ရတဲ့ အတွက် ပြဿနာလေးတွေတော့ ကြုံရတာ ပေါ့။ ဒါကလည်း နိုင်ငံခြားမှာကျောင်း သွား တက်ရတဲ့ကျောင်းသား တိုင်း တွေ့ ရတတ်တာ ပါ။ စိတ် အပြောင်းအလဲကြောင့် စိတ်ဓာတ်ကျ တာမျိုးပေါ့။ Stress များတာကြောင့် ဖြစ်တာပါ။ နောက်ပြီး ဒီမှာကျ တော့ ကိစ္စ တစ်ခုခုဖြစ်ရင် အိမ် က မိဘရှိတယ် လေ။ ဟိုမှာကျတော့ အရာ အားလုံးကိုယ်ပဲ ဆုံး ဖြတ်ဖြေရှင်း ရတယ်။ ကျွန်တော်တို့ ကျောင်းက Liberal Arts College ဆိုပေမဲ့ engineer လည်းရှိ တယ်။ ဒီတော့ ကျွန်တော်က Economics နဲ့ Maths ကို တက်တာ။ ကျွန်တော်က Double Degree ရမှာပါ။ ကျွန်တော် ကျောင်းပြီးလို့ ၂ဝ၁၈ ကျရင် Bachelor of Arts (Eco) နဲ့ Bachelor of Science (Maths) ဟိုမှာကျောင်းတက်တဲ့ သူ့အားလုံး နီးပါးက အဲဒီလို Double Major ယူကြတယ်။ PhD လည်း ဆက်တက် ချင်တယ်။ ကျောင်းပြီးရင်တော့ ကျွန်တော် မြန်မာပြည် ပြန်လာပြီး ကိုယ်ပိုင် ကုမ္ပဏီနဲ့ အလုပ်လုပ်ချင် တယ်။ သေချာတာတော့ ကျွန်တော် ဟိုမှာ နှစ်နှစ်လောက် အလုပ် လုပ်မယ်။ ဒါကလည်း ကျွန်တော်က သူတို့ဆီက System တွေကို သင်ယူလေ့လာပြီး အတွေ့အကြုံ ယူချင်တာပါ။ အလုပ်အကိုင် အခွင့်အလမ်း ဆိုတာကတော့ နိုင်ငံရဲ့ စီးပွားရေး အခြေအနေ နဲ့ တိုက်ရိုက် ပတ်သက်တယ်လေ။ အမေရိကန် မှာလည်း ဘွဲ့ရပြီးမှ အလုပ်အကိုင် အခွင့်အလမ်း မရှိတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကလည်း ကိုယ်ရခဲ့ တဲ့ဘွဲ့ နဲ့လည်း ဆိုင်တယ်။ ဥပမာ- စီးပွားရေး ပညာတို့ engineer ဘာသာရပ် တို့နဲ့ ဆိုရင် demand ပိုများတယ်။ ဒါတွေနဲ့ ယှဉ်ရင် History တို့ Religious Study တို့က ကျတော့ demand နည်းတယ်။ ဒါမျိုးဆို သူတို့လည်း အဆင်ပြေတဲ့ အလုပ်ကို ဝင်လုပ်ရတာပါပဲ။ ဒါပေမဲ့ သူတို့ နိုင်ငံ မှာက ဝန်ထမ်းတွေကို ဝင်လာ တာနဲ့ Training ပေးတယ်။ ဝန်ထမ်းရဲ့ အရည်အသွေး တိုးတက်အောင် လေ့ကျင့်ပေးတယ်။ ဒီအချက်က မြန်မာနိုင်ငံ နဲ့ ကွာသွားတာပါပဲ။ အခုကျောင်းသွား တက်ခဲ့တဲ့ တစ်နှစ် ကျွန်တော် ဟိုမှာ တွေ့ရတာတော့ ကျွန်တော် တို့ မြန်မာတွေ အားလုံးက တော်ကြတယ်။ ဘယ် နိုင်ငံသား မို့လို ပိုတော်တယ်။ ဘယ်နိုင်ငံသား မို့လို့ မတော်ဘူး ဆိုတာ မျိုးတော့ မရှိပါဘူး။ အဓိကကတော့ လူတစ်ဦးချင်းစီ နဲ့ပဲ ဆိုင်ပါတယ်။ မြန်မာ ကျောင်းသားတွေက စာလုပ်နိုင်တယ်။ စာလိုက် နိုင်ပါတယ်။ တချို့က ဘက်စုံ ရတယ်။ တချို့က စာပဲတော်တယ်။ တခြားဟာတွေ မတော်ဘူး။ Social Skill မကောင်းဘူး။ ဒါမျိုးတွေပဲ ကွာကြတာပါ။ ဒါကတော့ ကိုယ်က Balance လုပ်ရတယ်။ ကျွန်တော် တို့ မြန်မာကျောင်း သားတွေက ဘက်စုံ ရကြပါတယ်။ တချို့ဆို Leadership Skill အရမ်းကောင်း ကြတယ်။ နိုင်ငံခြားမှာ ကျောင်း သွားတက်မယ် ဆိုရင် တစ်ယောက် နဲ့ တစ်ယောက်က မတူဘူး။ နောက်ပြီး ဒါကို အိမ်က မိသားစု ကလည်း ပံ့ပိုးမှု ရှိရမယ်။ ဘာလို့လဲ ဆိုတော့ ကြားထဲမှာ နှစ်နှစ်၊ သုံးနှစ်လောက် အချိန် ယူရတယ်။ ပိုက်ဆံတွေ ကုန်မယ်။ သင်တန်းတွေ တက်ရမယ်။ မြန်မာ ကျောင်းသားတွေက တော်ပြီး စာလုပ်နိုင် ကြတယ်။ ဒါကြောင့် ကျောင်းသွားတက်မယ် ဆိုရင် သေချာ research လုပ်သင့်တယ်။ ကိုယ်က လည်းပြီး ဆုံးအောင် သေချာ လုပ်မလား ဆိုတဲ့ ဆုံးဖြတ် ချက်ချရမယ်။ အနည်းဆုံးနှစ်နှစ် အချိန်ယူရတယ်။ အဓိကက English စာကျွမ်း ကျင်ဖို့ လုပ်ရမယ်။ အားလုံးပြင်ဆင်ပြီးမှ သွား တော့ပိုပြီး ကောင်းတာပေါ့။ academic ပိုင်းရော financial ပိုင်းရော social ကိစ္စပိုင်း ရော အားလုံးကို ထည့် စဉ်းစားပြီး ပြင်ဆင်သင့်ပါ တယ်။

ဖြူပန်းနုခင်

ဖြူပန်းနုခင်

ပန်းနု ဒီနှစ် မေလမှာပဲ အမေရိကန်နိုင်ငံ မွန်တားနားပြည်နယ် တက္ကသိုလ် Montana State University မှ ဦးနှောက် အာရုံကြော သိပ္ပံဂုဏ်ထူးဘွဲ့ရရှိခဲ့ပါတယ်။
ဒီမွန်းတားနား ပြည်နယ် တက္ကသိုလ်ကို ပထမဆုံး လာရောက်ဖြစ်တုန်းက ၂ဝ၁ဝ ခုနှစ် အမေရိကန် စင်တာက ယဉ်ကျေးမှု ဖလှယ်ပညာ တော်သင် တစ်ခု နဲ့ခြောက်လ လာတက်ဖြစ်ခဲ့တာ ပါ။ အဲဒီတုန်းက ညီမက ရန်ကုန်ဆေး (၁) မှာ တက်နေတုန်း ပထမသုံးလလောက် နဲ့ခေတ္တ ရပ်နားပြီး လာဖြစ်သွားတာပေါ့နော်။  အဲဒီခြောက် လအတွင်း မှာပဲ ဒီက တက္ကသိုလ်က လက်တွေ့ ကျကျ ဆေးသိပံ္ပ ဘာသာရပ်ပညာများ၊ အထူး သဖြင့် အာရုံကြော ရောဂါ သုတေ သန ဆိုင်ရာ ပညာများ လေ့လာရတာကို အထူး သဘော ကျမိတာကြောင့် ညီမဒီမှာ ဘွဲ့ရတဲ့ အထိ တက်ဖို့ ဆုံးဖြတ် ကြိုးစားဖြစ် သွားတာပါ။ အလယ် အလတ်တန်းစား မိသားစု ကနေ ဒီလိုဆုံးဖြတ် ချက် မျိုးချခဲ့ ရတာ မလွယ်ကူ ခဲ့ပေမဲ့ အဓိက ကတော့ ညီမ မိသားစု ကနေ စိတ်ပိုင်း ဆိုင်ရာ ရော၊ လိုအပ်သမျှ သူတို့ ထောက်ပံ့နိုင်သမျှ နေရာ မျိုးစုံကရော ဝိုင်း ပံ့ပိုးပေး ခဲ့ကြလို့ အဆင်ပြေ ခဲ့ရတယ် လို့ ပြောရပါမယ်။ နောက်တစ်ခု က တော့ မွန်တားနားကျောင်း နဲ့ မြို့တွင်း က မြန်မာပြည်ကို စိတ်ဝင်စား မေတ္တာ ရှိကြတဲ့ အမေရိကန် မိသားစုတွေ ရဲ့ ထောက်ပံ့မှု များကလည်း ညီမ အတွက် ဒီဘွဲ့ရအောင် ကြိုးစားနိုင်ဖို့ ခွန်အားဖြစ်စေခဲ့ပါတယ်။ အထူးကျေးဇူးတင် ရမှာကတော့ အမေရိကန် မိသားစု တစ်စုက ညီမကို လေးနှစ်စာ မိဘ အနေ နဲ့ စောင့်ရှောက် အတူနေခွင့် ပေးခဲ့တာပါ။  ဒီလိုမျိုး တက်ခွင့် ရဖို့အတွက် အမေရိကန် တက္ကသိုလ်တွေ အားလုံးက သူတို့ ပညာတော်သင် ကိုလျှောက်ဖို့ ဝင်ခွင့် စာမေးပွဲများတဲ့ SAT နဲ့ TOEFL ကိုတောင်းလေ့ ရှိပါတယ်။ ကျောင်း ကသတ်မှတ်တဲ့ အမှတ်ကို မီပြီး ဝင်ခွင့် ရပြီးရင် တော့ အတန်းတွေ မှာ နှစ်စဉ် အမှတ် ကောင်း ကောင်းနှင့် အောင်ဖို့ ကြိုးစားဖို့ကလည်း ကိုယ့်အပိုင်း ပဲပေါ့နော်။ ပညာတော်သင်ပရို ဂရယ်တွေပေါ် မှာ မူတည်ပြီး နှစ်စဉ် အမှတ် GPA က ကွဲပြားလေ့ ရှိကြပါတယ်။ ညီမရဲ့ ကျောင်းပညာတော်သင် က နှစ်စဉ်  3.5 GPA (နိုင်ငံတကာ စနစ်အနေနဲ့ ဗပျမ်းမျှဂရတ် ၉ဝ ရာခိုင်နှုန်း) ရရှိဖို့ သတ်မှတ်ခဲ့ပါတယ်။

ညီမကျောင်းက ရရှိတဲ့ ကျောင်း ပညာတော်သင်က ပညာသင်စရိတ် ကို အထိုက်အလျှောက် ပဲလျှော့ချပေးနိုင်ခဲ့တာ မို့ တခြား ကျောင်းနှင့် မသက်ဆိုင်တဲ့ ပုဂ္ဂလိက ပညာတော်သင် (Private Scholarships) တွေဆီက  အထောက်အပံ့ အများစုကို ထပ်ပြီးလျှောက်ခဲ့ ရရှိခဲ့ပါတယ်။ အင်္ဂလန် အခြေစိုက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုဘယ်ဆု ထောက်ပံ့ကြေးငွေ scholarship၊ ဂျော့စိုးရိုစ်(George Soros) ရဲ့ Open Society Foundations Scholarship၊ မွန်တားနားပြည် နယ် နှစ်စဉ် Rotary Scholarships ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် The Claremount Foundation Scholarship နဲ့ ဆေးသိပ္ပံ သုတေသန ဆိုင်ရာ Montana INDA Biomedical Research Grant တွေက ပံ့ပိုးပေး ခဲ့ကြပါတယ်။ ဒီ ပရိုဂရယ်တွေ ကို ညီမ online ကနေ ကိုယ့်ဘာသာ စာရေး လျှောက်တာလည်း လျှောက်၊ ကျောင်းက ပါမောက္ခ များက ထောက်ခံမှု များမှ တစ်ဆင့် လျှောက်ခဲ့တာတွေ လည်း ပါဝင်ပါတယ်။ နောက်ထပ် လိုအပ်တဲ့ ပညာသင် စရိတ်ကိုတော့ ညီမကျောင်းမှာ အချိန်ပိုင်း အလုပ်နှစ်ခု လုပ်ရင်းစုဆောင်း ပေးဖြစ်ခဲ့ပါတယ်။ သန္ဓေသား အာရုံကြော သုတေ သန ဓာတ်ခွဲခန်းထဲမှာ တစ်ပိုင်းလုပ်ရင်း၊ ပထမနှစ်ကျောင်းသား များအတွက် ဓာတုဗေဒ Chemistry tutor ကျူတာ တစ်ပိုင်းလုပ်ဖြစ်ခဲ့ တာပါ။

ကိုယ်စိတ်ဝင်စားတဲ့ ဘာသာကို တက်ခဲ့ရ ပေမဲ့ အလုပ်လုပ်ရင်း ကျောင်းတက် ရတော့ အခက်အခဲတွေက အများကြီး ရှိပါတယ်။ ဒါတွေ ကတော့ ဒီကကျောင်းသား တိုင်း လိုလိုကျော်လွှား ရတဲ့ အခက်အခဲတွေပါ။ ညီမရဲ့ နေ့စဉ်ကောလိပ် ကျောင်းဖွင့်ရက်တွေမှာ မနက် ၈ နာရီ ခွဲအိမ်က ထွက်ပြီး အတန်းသွား၊ အလုပ်လုပ်ပြီးရင် တကယ် စာကျက် ဖို့ စာကြည့်တိုက်ကို ရောက် တော့ ည ၉ခွဲ ၁ဝနာရီ ထိုးနေတတ်ပါတယ်။ ကိုယ့်ရဲ့ အတန်းတွေမှာ ဒီလို နဲ့ပဲအောင်မြင်အောင် ဖတ်ရတာကြောင့် အမြဲလိုလို မနက် ၂နာရီ  ၃နာရီ ထက်စောပြီး ညီမ မအိပ်ခဲ့ရတာကို အမှတ်ရမိတယ်။ ဒီလို အခက်အခဲတွေကို ကျော်ဖြတ်နေ ရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ကြောင်းတော့ အမြဲ သတိထား မိပါတယ်။ အလုပ်လုပ်ရင်း ကျောင်းတက် ရတယ် ဆိုတာ ဒီနိုင်ငံမှာ လူတန်းစား အလွှာတိုင်း လိုလိုမို့လို့ အားလုံးက အတူတူ ကြိုးစားနေ ရတာကို သတိ ထားမိတိုင်းတော့ အားရစရာ ကောင်းပါတယ်။ ဒါပေမဲ့ မိသားစုနဲ့ ကိုယ်ချစ်ခင်တဲ့ လူတွေနဲ့ တစ်မြေခြားမှာ ကြိုးစားနေရတဲ့ ညီမတို့လို နိုင်ငံ တ ကာ ကျောင်းသားတွေ ကတော့ ပိုပြီး ခက်ခဲတာပေါ့နော်။ ဘယ်လိုပဲ အခြေ ကျနေပါ စေဘာသာ စကား အခက်အခဲ၊ မတူညီတဲ့ ယဉ်ကျေးမှု အခက်အခဲတွေ ကလည်း ရှိနေ တတ် တော့လေ။

သူတို့နိုင်ငံ ဒီမှာကတော့ ကြိုးစားသူတိုင်း အတွက် နေရာ တစ်နေရာ ရှိအောင် ဖန်တီးပေး ထားတာကိုတော့ သေချာ ဆိုနိုင်ပါတယ်။ အရေးကြီးတဲ့ တစ်ချက် ကတော့ အမေရိကန်နိုင်ငံ ရဲ့ဘွဲ့ရပြီးတဲ့ လူငယ်တွေရဲ့ စိတ်ထဲမှာမိမိ ဘာသာယုံကြည်မှု ရှိအောင် တစ်ကြောင်း၊ ဦးဆောင်နိုင်မူ နဲ့ တီထွင် ဖန်တီးနိုင်မူ အရည်အချင်း များ ပြည့်ဝအောင် ထိထိရောက်ရောက် မွေးထုတ်ပေးတာ တစ်ကြောင်းကြောင့်လည်း အခွင့်အရေးများကို သူတို့အနေနဲ့ ပိုပြီးရယူ တတ်ကြ၊ ရှာဖွေနိုင်ကြတယ် လို့ လည်းပြောရ မယ် ထင်ပါတယ်။ ဖတ်ဖူးတဲ့ သူတို့ ဆီကစကား တစ်ခွန်းကို ပြန်ရှယ်ရရင် ‘ အခွင့်အရေးကို လူအများစု ရှာမတွေ့ကြတာကသူကဒုက္ခ အခက် အခဲ လိုမျိုး ဟန်ဆောင် ကိုယ်ယောင်ဖျောက်ထား လို့လေ’ တဲ့။

အခု ညီမ ရထားတဲ့ဘွဲ့ကတော့ အဓိက ညီမ လုပ်နိုင်မယ့် အလုပ်မျိုးက သိပ္ပံပညာရှင်၊ သုတေသန ပညာရှင် တစ်ယောက် အနေနဲ့ ဦးနှောက် အာရုံကြော ဆိုင်ရာဆေး ပညာရပ် ဆိုင်ရာ မျိုးလေ့လာနိုင်တာ မျိုးပါ။ ဒီလိုသုတေသန အလုပ်တွေက ဆေးရုံတွေမှာလည်း လုပ်နိုင်သလို ဆေးတက္ကသိုလ် (သို့) တက္ကသိုလ် နယ် ပယ် အမျိုးမျိုး မှာလည်း ပါဝင် လေ့လာနိုင်ပါတယ်။ ဘွဲ့ရပြီးနောက် အမေရိကန် ဗီဇာကို ၁ နှစ်မေဂျာ အားလုံးသက် တန်းတိုးနိုင်ပြီး သိပ္ပံနှင့် အင်ဂျင်နီယာ မေဂျာ တွေကနောက်ထပ် ၁၇လ၊ အားလုံးပေါင်း ၂၉ လ သက်တမ်းတိုး အလုပ်လုပ်ခွင့် ရှိပါတယ်။ ညီမ အခုအလုပ် ဒီလို ၂နှစ်နှစ်ကျော် လုပ်ပြီးရင်တော့ ဒီမှာ ကျန်းမာရေး ဆိုင်ရာ ပညာရပ် သို့မဟုတ် ဦးနှောက် အာရုံ ကြော ပရိုဂရမ် Ph.D ပါမောက္ခဘွဲ့ကိုလျှောက်ဖို့ စီစဉ်ထားပါတယ်။

ညီမက နိုင်ငံခြားမှာ ကျောင်းလာ တက်ချင် ပါတယ် ဆိုတဲ့ ကျောင်းသား ကျောင်းသူတွေ စကား လက်ဆောင်ပြောချင် တာက ဘာ ကြောင့် နိုင်ငံခြား မှာကျောင်း တက်ချင် တယ် ဆိုတဲ့ အကြောင်းရင်း ကို မိမိဘာသာ (တခြား တွန်းအားများကြောင့် မဟုတ်ပဲ) အရင်ဆုံး တကယ် နားလည် သိစေနိုင်ဖို့ တိုက် တွန်းချင်ပါ တယ်။ မိမိ ကိုယ်တိုင် သေချာ ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက် ဆိုရင် အခက်အခဲတိုင်း ကို ကျော် လွှားရတာကိုပဲ ဖြစ်စေ၊ ဖုန်းကွယ်နေတဲ့ အခွင့် အရေးတွေကို ရှာဖွေရသည် ပဲဖြစ်စေ၊ ပင်ပန်းရ ကျိုးနပ်ပါတယ် လို့ နေ့စဉ် ပိတိဖြစ်နိုင်တာမို့ ဒါဟာပဲညီမတို့ လူငယ်ဘဝမှာ အရေးကြီး ဆုံးလို့ထင်မိပါတယ်။

အိရူပါဝင်း

အိရူပါဝင်း

အိကအခု အမေရိကန် ပြည်ထောင်စု ရဲ့ လော့စ်အိန်ဂျလိစ် မြို့ ကယ်လီဖိုးနီးယား ပြည် နယ် တက္ကသိုလ် University of California: Los Angeles (UCLA) ကနေ သူနာပြု ဘာသာ ရပ် အထူးပြု နဲ့ မဟာသိပ္ပံဘွဲ့ ကို ရရှိခဲ့ပါပြီ။

ဒီတက္ကသိုလ် နဲ့ ဒီမဟာ သိပ္ပံတန်းကို တက် ခွင့်ရဖို့ ဒီက အထက်တန်း အောင်ပြီးစ ကလေး တွေလိုပဲ အိက ကြိုးစားခဲ့ ရတယ်။  ပြောရရင် တော့ အရှည်ကြီးပဲ။  ဒီကျောင်းနဲ့ ဒီအတန်းကို တက်ဖြစ်ခဲ့လိမ့်မယ် လို့ ရည်ရွယ် ပြီး ကျောင်းစ တက်ခဲ့တာမျိုး မဟုတ်ခဲ့လို့ပဲ။  တကယ်တမ်း ကိုယ်တက်မယ့် ကျောင်း ရှိရာကို တက်ဖို့ ပြင် ဆင်ပြီးမှ လာခဲ့မယ် ဆို ရင် ကျောင်းသား ဗီဇာနဲ့ ကျောင်းကို တိုက်ရိုက် သွားရုံပါပဲ။ အဲလိုမျိုးပြင် ဆင်ခဲ့တာက ပိုပြီး အဆင်ပြေပါတယ်။ အိ ကတော့ ဒီရောက်ပြီးမှ အမေရိကန်ပြည် ထောင်စုမှာ ဘွဲ့တစ်ခုခု ထပ်ယူမယ် ဆိုပြီး ကိုယ် ရောက်နေတဲ့ Spokane မြို့က ဒေသကောလိပ် နဲ့ တက္ကသိုလ်တွေ က အတန်းတွေကို သွားစုံစမ်း ခဲ့တယ်။  အဲဒီတုန်းက ကိုယ့် စိတ်ထဲမှာ ကိုယ် လေ့လာ ကျွမ်းဝင်ခဲ့ဖူးတဲ့ လူမှုရေး ပညာဖြစ်ဖြစ်၊ စီးပွားစီမံဖြစ်ဖြစ်၊ ခရီးသွားနဲ့ ဟိုတယ် လုပ်ငန်း ဖြစ်ဖြစ် တစ်ခုခုထဲက ကိုယ် ဆက်တက်လို့ အဆင်ပြေရာ တစ်ခုခုကို အမေရိကန်ပြည် ထောင်စုက ဘွဲ့တစ်ခု ရအောင် တက်မယ် ဆိုပြီး ပေါ့။ နောက်ပြီး ကိုယ်ယူထားတဲ့ ဘွဲ့လက်မှတ် ဒီပလိုမာ မှတ်တမ်းတွေ ကို ပြကြည့်မယ်။ သူတို့ ညီမျှခြင်း ချပေးသလောက် အတန်းချိန်ကို ပြန်နုတ် ယူပြီး ကျောင်းတက်တဲ့ ကာလနဲ့ ကုန်ကျ မယ့် ပိုက်ဆံကို လျှော့လို့ များရ မလား ရယ်လို့ စိတ်ကူး ခဲ့တာ။ ပညာရေး စရိတ် ကုန်ကျမှုက လည်း များလွန်းတာမို့ တတ်နိုင်သလောက် ဝန်လျှော့ ချင်ခဲ့တယ်။ တကယ်တမ်းပြကြည့်၊ စကားပြောကြည့်တော့ ဒီကကျောင်းတွေ က (အင်္ဂလန်နိုင်ငံက ဒီပလိုမာတွေ ကို ပိုအသိ အမှတ်ပြုပေမယ့်) မြန်မာပြည်က ဘွဲ့လက်မှတ် ဒီပလိုမာ မှတ်တမ်းတွေကို အသိအမှတ်ပြုဖို့ ခက်ခဲနေ ခဲ့ကြတာမို့လို့ အဲဒီ အကြံကို လက်လျှော့ ခဲ့ရတယ်။  နည်းကတော့ ရှိပါတယ်။  မြန်မာပြည် ကဘွဲ့လက်မှတ် နဲ့ အမှတ် စာရင်းတွေကို သူတို့ ညွှန်ပြတဲ့ ပညာရေး အဆင့် မှန်ကန်မှု ရှိမရှိ စစ်ဆေးပေးကြတဲ့ အဖွဲ့အစည်းနှစ်ခု ထဲက တစ်ခုခုဆီကို သူတို့ညွှန်ကြားတဲ့ အတိုင်း ပို့ပေးရ မှာပါ။ ပိုက်ဆံလည်း အပိုကုန်သလို အချိန်လည်း ကုန် မှာဖြစ်တဲ့အပြင် သူတို့က ဘယ်လောက်ထိ လက်ခံ အသိအမှတ်ပြုပေးမယ် ဆိုတာကိုလည်း တာဝန် မယူတာမို့ ကရိကထ များသလောက် အကျိုးရှိမရှိ မသေချာတဲ့ ဒီကိစ္စကို စွန့်မနေ တော့ဘဲ ကိုယ်နေတဲ့နေရာ နဲ့ နီးတဲ့ ဒေသ ကောလိပ် တစ်ခု ကိုရွေးပြီး သူတို့ နိုင်ငံ က အထက် တန်းပြီး စကလေးတွေ လိုပဲ သူတို့ ပညာရေး စနစ် အတိုင်း စတက်ခဲ့ ဖို့ပဲ ရွေးချယ် ခဲ့ပါ တယ်။  ဒေသကောလိပ် မှာ နှစ်နှစ် တက်ပြီးမှကိုယ် သွား ချင်တဲ့ တက္ကသိုလ်ကို ပြောင်းတက်ပြီး အဲဒီ တက္ကသိုလ်က ဘွဲ့ကို ယူ တာဖြစ်ဖြစ်၊ ကိုယ် တက်ချင်တဲ့ အဲဒီ တက္ကသိုလ် ဝင်ခွင့်ကိုပဲ တန်း လျှောက်ပြီး အဲဒီ တက္ကသိုလ် မှာပဲ ဘွဲ့ရတဲ့အထိ တက်တာ ဖြစ်ဖြစ် အဲဒီ တစ်ဘွဲ့တည်း ရနိုင်ပါ တယ်။ အဲဒီနှစ်နည်း ထဲမှာ ပထမနည်းက ကုန်ကျစရိတ် ပိုသက်သာတယ်လေ။ ဒါကြောင့် ဒေသကောလိပ် ကိုပဲ စတက်ဖို့ ရွေးချယ်ခဲ့တာပါ။  အဲဒီတုန်းက ကိုယ့်ရဲ့ စိတ်ကူး က နောက်ဆုံး ဘွဲ့ရချင် တဲ့ တက္ကသိုလ် က University of Washington/ (UW) ယူဒက်ဘ်လို့ အတိုခေါ် ကြပါတယ်။ ကိုယ်ရောက်နေတဲ့ ဝါရှင်တန် ပြည်နယ် ရဲ့ တက္ကသိုလ်ပါ။ သူနာပြု major မှာ တစ်နိုင်ငံလုံး မှာ ထိပ်ဆုံး ၁ဝကျောင်း စာရင်းဝင် ပါတယ်။  အဲဒီကျောင်း ကို ရွှေ့ပြောင်း တက် ရောက်နိုင်ဖို့ လိုအပ်တဲ့ အတန်းတွေ ကို ဒေသ ကောလိပ်မှာ စရိတ် သက်သက် သာသာ နဲ့ တက် ဖြစ်ခဲ့ပြီး ကျောင်းပြောင်းခါနီး လောက်မှာ ဝါရှင် တန် ပြည်နယ်ကနေ ကယ်လီဖိုးနီးယား ကို ပြောင်းရွှေ့နေ ထိုင်ဖို့ဖြစ် လာပါတယ်။ အဲဒါနဲ့ ကယ်လီ ဖိုးနီးယားပြည်နယ် အတွင်းက သူနာပြု ဘာသာရပ် အထူးပြု သင်တန်းတွေကို ရှာဖွေ လေ့လာရပါရော။  အမေ ရိကန် ပြည်ထောင်စု မှာ ပြည်နယ် အစိုးရ အသီးသီး ရှိပြီး ပြည်နယ် တိုင်းမှာ ဘယ်အရာ မဆို ကိုယ်ပိုင် သတ်မှတ် ချက် စည်းကမ်း ဥပဒေတွေ ရှိကြတယ်။  ဝါရှင် တန်ပြည်နယ် တက္ကသိုလ်ကို ဝင်ဖို့အတွက် လိုအပ်ခဲ့လို့ တက်ခဲ့တဲ့ အတန်းတွေ အားလုံးက ကယ်လီဖိုးနီးယား ပြည်နယ်က သူနာပြု အထူးပြု အတန်းတွေ ရဲ့ သတ်မှတ်ချက် နဲ့ မတူတာမို့ ကိုယ်တက်ခဲ့တဲ့ အတန်းတွေကို ဘယ်အတန်း ကတော့ဖြင့် လက်ခံတယ် လက်မခံဘူး ဆိုပြီး ကိုယ်လျှောက်ထားမယ့်ကျောင်းတွေ ဆီမှာ ပြန်စိစစ် ခံရတယ်။ ပြည်နယ်လေး ပြောင်းလိုက် တာ နိုင်ငံရပ်ခြား ကလာပြီး ကျောင်းပြောင်း တက်သလို အစစ်ခံ ရတာပါပဲ။ လွယ်ကူစေတာ ကတော့ ဒီမှာက ဓာတ်ချောစာ စနစ်ကောင်း တယ်။ ကျောင်း အချင်းချင်း ဆက်သွယ် စိစစ်ပြီး အဆင်ပြေသွားတယ်။ တစ်နိုင်ငံတည်း က ကျောင်းတွေမို့လို့ အမှတ် စာရင်းတွေနဲ့ အတန်း ပြီးမြောက်မှုတွေကို ပညာရေး မှန်ကန်ခြင်း ရှိမရှိ စစ်ရတဲ့နေရာကို ပို့ပြီး စစ်ဆေးစရာလည်း မလို တော့ဘူး။  ဒီလိုနဲ့ UCLA မှာ သူနာပြုဘာသာ အထူးပြု သိပ္ပံတန်းရော မဟာ သိပ္ပံတန်းပါ လျှောက်ဖြစ်ခဲ့တယ်။  မြန်မာနိုင်ငံက ဘွဲ့ကို အသိအမှတ်ပြုခဲ့ရင် မဟာတန်း ကို ဝင်ခွင့်ရနိုင် တယ် ဆိုပြီး အရဲစွန့် လျှောက်ကြည့် လိုက်တာ။ အဲဒီ မဟာတန်း ရဲ့ထူးခြားချက်က သူနာပြု အထူးပြု နဲ့ သိပ္ပံ ဘွဲ့မရထားခဲ့ဖူးပေမယ့် တခြား ဘာသာရပ် တစ်ခုခုမှာ ဝိဇ္ဇာ သိပ္ပံဘွဲ့ တွေရထားဖူးရင် မဟာတန်း အဆင့် ဝင်ခွင့်နဲ့ သူနာပြု major ကို တက်ခွင့်ပေးတာပါပဲ။ Master Entry Clinical Nursing (MECN) အတန်းပေါ့။ ရိုးရိုး သိပ္ပံတန်းလိုပဲ အခြေခံက အစ သင်ကြားပေးပေမယ့် စာတွေ က မဟာတန်း အဆင့်ဖြစ်ပြီး Master of Science in Nursing (M.S.N)ဘွဲ့ကို ပေးပါတယ်။ UCLA မှာ မြန်မာပြည်က ဘွဲ့တွေနဲ့ လာတက် နေတဲ့ ကျောင်းသားတွေ ရှိဖူးတာ ကြောင့် သူတို့ ကျောင်းရဲ့ မှတ်တမ်းထဲ မှာ မြန်မာပြည်က ဘွဲ့လက်မှတ် တွေ ရှိနေပါတယ်။  အိရန်ကုန် ကယူခဲ့တဲ့ ဘွဲ့က ဝိဇ္ဇာဘွဲ့ဖြစ်ပြီး အခု သိပ္ပံဘွဲ့ကို မဟာတန်း တက်ရမှာမို့ စာလိုက်နိုင်ပါ့ မလားလို့တော့ တော်တော် စိုးရိမ်ခဲ့ရတယ်။  သိပ္ပံတွေကို ဖတ်ခဲ့တာက ဆယ်တန်းတုန်းက နောက်ဆုံးပဲ ဆိုတော့ စာနဲ့ အတော် အလှမ်း ကွာခဲ့ပြီလေ။  ကျောင်း တွေက ကောင်းရင် ကောင်းသလို လိုအပ်ချက် အဆင့် သတ်မှတ် ချက်တွေက မြင့်ပါတယ်။ UCLA က ဒီ major မှာ တစ်နိုင်ငံလုံး ထိပ်ဆုံး ဆယ်ကျောင်းဝင် တဲ့ ကျောင်းလည်း ဖြစ်ပါတယ်။  ကံကောင်းထောက်မ စွာနဲ့ ဝါရှင်တန်ပြည်နယ် တုန်းက တက်ခဲ့တဲ့ အတန်းတော်တော် များများကို လက်ခံတဲ့ အတွက် ရယ်၊ သူတို့တောင်း တဲ့အတန်းတွေမှာ ရခဲ့တဲ့ GPA ကအပြည့်ချည်းပဲ မို့ရယ်ကြောင့် အိ M.S.N အတန်းလျှောက် ခွင့်ရခဲ့ တယ် ။  ကျောင်းဝင်ခွင့် လျှောက် လွှာပိုင်း နဲ့ ရေးရတဲ့ ကိုယ်ရေး စာတမ်းကိုတော့ သေချာ ပြင်ဆင်ခဲ့ရတာပေါ့။  သူနာပြု  major အတွက် ကျောင်းလေးကျောင်း လျှောက်ခဲ့ရာမှာ UCLA MECN program က ကိုယ့်ကို တက်ရောက် ခွင့်ပြုကြောင်း ဦးဆုံး အကြောင်းပြန်ခဲ့ပြီး အထူးအနေ နဲ့ ကိုယ် အချိန် မရလို့ မလျှောက်ဖြစ်ခဲ့တဲ့ Fellowship award ကိုပါ ပေးပါတယ်။ တခြား ဘယ်ကျောင်းတွေ လျှောက်ထားသေးလဲ ဆိုတာမေးပြီး သူတို့ဆီလာ ရင် ဒီပညာသင်ဆု က အဆင်သင့်စောင့်နေ ကြောင်းနဲ့ သူတို့ကို ရွေးချယ်ဖို့ ပြောပါ တယ်။ တခြား ကျောင်းတွေ ကလည်း ကိုယ့်ကို လက်ခံ ကြောင်း စာတွေလာပေမယ့် တကယ်တမ်း ယှဉ် ရွေးလိုက်တော့ ကျောင်းရဲ့ အဆင့်ကလည်း မြင့်၊ နှစ်နှစ်နဲ့ မဟာသိပ္ပံ ဘွဲ့လည်းပေးပြီး Fellowship award ကြောင့် ကျောင်းစရိတ် ပါသက်သာတဲ့ ဒီ UCLA က MECN အတန်းကိုပဲ ရွေးချယ်တက် ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီနိုင်ငံမှာ ကျောင်းတက်ဖို့ အတွက် ဆိုရင် နိုင်ငံခြားသူဖြစ်တဲ့ အတွက် TOEFL အမှတ် ရှိရင်ရှိ၊ မရှိရင် ကောလိပ် ဝင်ခွင့် စာမေးပွဲတွေ အောင်ဖို့ လိုပါတယ်။ အဓိက က ကောလိပ် အဆင့် အင်္ဂလိပ်စာနဲ့ သင်္ချာကို တတ်မြောက်ခြင်း ရှိမရှိ စစ်ဆေးတာပါ။  အိကတော့ TOEFL အမှတ်ရှိခဲ့ ဘူးပေမယ့် နှစ်နှစ်ကျော် သွားလို့ အကျုံးမ ဝင် တော့ တာကြောင့် ဒေသကောလိပ် မှာဝင်ခွင့် စာမေးပွဲတွေ ဖြေခဲ့ပြီး ကောလိပ် အဆင့်အတန်း တွေကို တိုက်ရိုက် တက်ခွင့်ရခဲ့တယ်။ ကောလိပ် အဆင့် ကိုရောက်အောင် မဖြေနိုင်ခဲ့ရင် ကိုယ် ရောက်တဲ့ အဆင့်ကနေ ကောလိပ် အဆင့်ထိ ရောက်အောင် တစ်ဆင့်ချင်း တိုးတက်သွားရ ပါတယ်။ အဲဒီစာမေးပွဲတွေ ကို နောက် တစ်ခေါက် လည်း ပေးမဖြေပါဘူး။  အတန်းနိမ့် ကိုရခဲ့ရင် ကောလိပ် အဆင့်အတန်းကို ရောက်ဖို့ သူတို့ သတ်မှတ်တဲ့ အတန်းစဉ် အတိုင်း တစ်ဆင့်ချင်း သွားရတာမို့ အချိန် နဲ့ ငွေပိုကုန်တာကြောင့် စာသေချာပြန်ကြည့်ပြီး မှဖြေတာ အကောင်း ဆုံးပါ။  ကိုယ် သိပြီးသားတွေ ပြန်နွှေးလိုက် ရုံပဲမို့ အဲဒီအတွက် အချိန်သေ ချာပေးခဲ့ တယ်။ မြန်မာ ပြည်က ဆယ်တန်းစာက ဒီကောလိပ် အဆင့် စာမေးပွဲတွေကို ကောင်းမွန် စွာဖြေနိုင်ဖို့ ပြင်ဆင် ပေးပြီးသားပါ။  နောက်ထပ် အခက်အခဲ ကတော့ ဘာသာ စကားပါပဲ။ ကိုယ်တွေက မြန်မာပြည်မှာ အင်္ဂလိပ်စာ သင်ခဲ့၊ သုံးခဲ့တယ် ဆိုပေမယ့် နေ့စဉ် ထမင်းစားရေသောက်သုံး က အစသုံးခဲ့တာ မဟုတ်တော့ နေ့စဉ် သုံးစကားတွေ နဲ့ အတန်း ထဲဆွေးနွေး တင်ပြရတဲ့ အဖွဲ့နဲ့ လုပ်ဆောင် တဲ့အပိုင်းတွေမှာ အင်္ဂလိပ်စကားကို ထိထိ ရောက်ရောက် သုံးနိုင်ဖို့ အားထုတ်ခဲ့ရ ပါတယ်။ အိကောလိပ် တက်ခဲ့တဲ့မြို့က နိုင်ငံတကာ ကျောင်းသားတွေ ရှိတယ် ဆိုပေမယ့် မြို့ပြကြီး တွေလို သိပ်အများကြီး မဟုတ်ဘူး။ အဲဒီတော့ အဲဒီက လူတွေက စကားဝဲ တာကို သိပ်နားမလည် ကြဘူး။  ကိုယ်က မြန်မာပြည်က လာတော့ မြန်မာသံ ဝဲတာပေါ့နော်။ ဒီကဒေသခံတွေ တောင် မှ ကြီးပြင်းရာ ဒေသ အလိုက် စကားဝဲပါ တယ်။  ဥပမာ – တောင်ပိုင်းသားတွေဆို တောင်ပိုင်း အသံ ဝဲကြတယ်။  သူတို့ အချင်းချင်းဆို စကားပြော ကြည့်လိုက်တာနဲ့ မင်းက တောင် ပိုင်းသားလားလို့ တန်းသိအောင် ဝဲပါတယ်။  နောက်ပိုင်း ကယ်လီဖိုးနီးယား ပြောင်းတော့မှ ဒီကလူတွေက နိုင်ငံတကာ ကလူတွေနဲ့ ပိုအထိ အတွေ့ရှိတဲ့ အတွက် ကိုယ်စကားသံ ဝဲပေမယ့် ဝါရှင်တန်မှာ တုန်းကလိုမျိုး စိမ်းမနေကြတော့ ဘူး။ အစားအသောက် ကတော့ ကိုယ့်ဘာသာ ကိုယ် ချက်စားတဲ့ အတွက် အခက်အခဲ မရှိခဲ့ဘူး။  ဒီမှာက တစ်ခုခု ဆိုရင် အင်တာနက် က သိပ် အဆင်ပြေပြီး တကယ်လည်း လူတိုင်း သုံးကြပါ တယ်။ စိတ်ချရတဲ့ စာမျက်နှာတွေ မှာ ဆိုရင် အချက်အလက်တွေ ကလည်း အမြဲဖြည့် စွက်ပြင် ဆင်နေပြီး အမှားအယွင်း မရှိ သလောက်ပဲ။ သူတို့ စာမျက်နှာက ပြောထားတာ မှားနေရင် လည်း အဲဒီအမှားကို သူတို့ တာဝန်ယူ ကြပါ တယ်။ ဆက်သွယ်ရေး ကလည်း မြန် ဆန် ကောင်းမွန်တဲ့ အတွက် တစ်ခုခု သိချင်တာရှိရင် အင်တာနက်မှာရှာ၊ လိပ်စာတွေ ဖုန်းတွေ ဓာတ် ချောစာတွေ အကုန်ချက်ချင်းသိ၊ ချက်ချင်းဆက် သွယ်ရုံ ပါပဲ။ မြန်မာပြည်မှာ တုန်းက တစ်ခုခု ဆိုရင် ဖုန်းနံပါတ် မရှိရင် ကိုယ်တိုင် အဲဒီနေရာ ကို သွားတွေ့စုံစမ်းမှ သိရတာမျိုး မဟုတ်တော့ စနစ်အပြောင်း အလဲလေး ကို ပြောင်းလဲ သုံးရ တယ်။  ဘဏ်စနစ် ကလည်း ပြောရမယ်ဆိုရင် ကိုယ်နဲ့ စိမ်းတာပေါ့။ ဘဏ်ကဒ်တွေ အကြွေး ဝယ်ခွင့်ကဒ်တွေ ဆိုတာ အိထွက်လာတဲ့ ၂ဝ၁ဝ တုန်းကမှ မတွင်ကျယ်သေးတာ။ ဒီမှာက ကိုယ့် ဘဏ်စာရင်း ကို အချိန်မရွေး အင်တာနက်က စစ်ဆေး ကြည့်နိုင်သလို အဝင်အထွက် အားလုံး လည်း အချိန်နဲ့ အညီ ပေါ်ပါတယ်။  မီးဖိုး၊ ရေဖိုး ၊ဖုန်းဖိုး အစစကိုလည်း အင်တာနက်ထဲ ကနေ စာရင်းဖွင့်ပြီး ဘဏ်နဲ့ ချိတ်ဆက်ပြီး ပေး လို့ရတာမို့ အဲဒီလို မြန်ဆန်တဲ့ စနစ်ထဲကို ကျင့်သား ရအောင်လုပ်ရတာပေါ့။ မှတ်ရတဲ့ စာရင်း နံပါတ်တွေ၊ စကားဝှက်တွေများ လာပြီး ပေးရန် ရှိတွေကို နောက်ဆုံးနေ့ အမီပေးနိုင်ဖို့ မမေ့ဖို့ကြိုတင်ပြင် ဆင်ရတာပေါ့အချိန်လေးစား တိကျ ဖို့ကလည်း ဒီမှာ အတော်အရေးပါပါ တယ်။

အိ အခုရတဲ့ဘွဲ့က ပြည်နယ် အစိုးရရဲ့ သူနာပြု လိုင်စင်စာမေးပွဲ ကို ဖြေဆိုဖို့ အဆင့်မီ စေပါတယ်။  ကျောင်းကနေ လိုအပ်တဲ့စာရွက် စာတမ်းတွေ ကို ပြည်နယ် ကြီးကြပ်ရေးရုံးကို ပေးပို့ပြီး အဲဒီက စစ်ဆေးပေးပြီးတာ နဲ့ ဖြေဆိုခွင့် နံပါတ်ကို ပြန်ပို့ပေးပါတယ်။ အဲဒီ နံပါတ်နဲ့ လိုင်စင် ဖြေဆိုဖို့ စာမေးပွဲကြေးသွင်း၊ စာမေးပွဲ ရက်နဲ့ နေရာ ကို ယူရပါတယ်။  အဲဒီစာမေးပွဲ အောင်မြင်သွားရင် သူနာပြု မှတ်ပုံတင်ရတဲ့ အစိုးရ အသိအမှတ်ပြု သူနာပြု တစ်ယောက် ဖြစ်လာပြီး လုပ်ငန်းခွင်ဝင်ဖို့ အ သင့်ဖြစ်ပါပြီ။ ဒါပေမဲ့အခု ဆေးရုံ တချို့မှာ လုပ်ငန်းခွင်ဝင် ဖို့အတွက် ပြင်ဆင်ပေးတဲ့ သင်တန်းတွေ ဖွင့်နေ ပါတယ်။ ကျောင်းသား ဘဝကနေ လိုင်စင် အောင်ပြီး သူနာပြုတန်း လုပ်တဲ့ သူတွေအနေနဲ့ အရင်ကလို မေးမြန်းစရာ ကြီးကြပ်ပေးသူ ဆရာသမားတွေ အနားမှာ မရှိတော့ဘဲ သူနာ ပြုဘဝထဲ ကိုဗြုန်းခနဲ ရောက်သွားတာမို့ အခက် အခဲလေးတွေ ရှိတတ်ပါတယ်။ အဲဒီအခက် အခဲတွေကို ပြေလည်အောင် ဆေးရုံတွေက သုံးလေးလ ကြာတဲ့ လုပ်ငန်းခွင် ဝင်ဖို့ ပြင်ဆင် ရေးအတန်းတွေ ဖွင့်ပေး တယ်။  လမ်း လျှောက် တတ်ကာစကလေးကို လျှောက်တတ်မှန်း သိပေ မယ့် ခြေမခိုင်သေးခင် မလဲကျအောင် အချိန် အတိုင်းအတာတစ်ခုအထိ တွဲခေါ်ပေးတဲ့ အစီအစဉ် မျိုးပါ။ အဲဒီမှာ သင်တန်း ဝင်ခွင့်ရရင် အဲဒီဆေးရုံမှာ သင်တန်းပြီးတာ နဲ့ အလုပ်ပါ ဆက်ခန့်တာပေါ့နော်။ ဒီတော့ အခု ဘွဲ့ရပြီးတဲ့ အခါမှာ အိအနေ နဲ့က ပြည်နယ် အစိုးရ ရဲ့ စာမေးပွဲဖြေခွင့် နံပါတ် ပေးတာကို စောင့်နေပါ တယ်။ လိုင်စင်ဖြေရင်းနဲ့ အလုပ်အခွင့် အလမ်း တွေ ကိုကြည့်ပြီး လျှောက် ဖို့သင့်တော်တဲ့အစီ အစဉ်တွေတွေ့ရင် အလုပ် လျှောက် ဖြစ်မှာပါ။  ဒီကြားထဲတော့ လိုင်စင် စာမေးပွဲ အတွက်စာတွေ ဖတ်နေဖြစ်မှာ ဖြစ်သလို အလုပ် အင်တာဗျူး တွေအတွက်ပါပြင်ဆင်နေရမှာပေါ့။

မြန်မာနိုင်ငံမှာက အသက်မွေး ဝမ်းကျောင်း ပညာရပ်တွေက လွဲလို့ တခြား ဘာသာ ရပ်တွေ မှာ ပညာရေးနဲ့ လုပ်ငန်းခွင် နဲ့ ဆက်စပ်မှုနည်း ပါးတယ်။ ဒီမှာကကျတော့ အဲဒီလို မဟုတ်ဘဲ လက်တွေ့နဲ့ မကွာဟအောင် လုပ်ငန်းခွင်တွေ နဲ့ ချိတ်ဆက်ပေးတဲ့ အစီအစဉ်တွေ ရှိတယ်။ ကျောင်းတွေ ကိုယ်တိုင် က ချိတ်ဆက် စီစဉ် ပေးတာ ရှိသလို တချို့လုပ်ငန်း ခွင်တွေကိုက နောက်ဆုံးနှစ်ကျောင်းသားတွေကို လုပ်ငန်းခွင် မှာ အချိန်ပိုင်း အလုပ်ဝင်စေပြီး အလုပ်လည်း သင် ပိုက်ဆံလည်းချွေတာ တာ မျိုးပေါ့။ ကျောင်း က ချိတ်ဆက်ပေးရင် အဲဒီလို အလုပ်သင်အချိန် တွေအတွက် အကဲဖြတ်ပေးခံရသလို အမှတ် လည်းပေးပါတယ်။  ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဆိုရင်တော့ ကိုယ့် အတွက် သီးသန့်အတွေ့ အကြုံအတွက် သီးသန့်ပဲ ဆိုပါတော့။  ဘယ်လို ပဲဖြစ်ဖြစ် ကျောင်းသားတွေမှာ ပိုက်ဆံတော့ မရဘူး။ အလုပ်သင်ဖြစ်တဲ့ အတွက် အလုပ် အတွေ့အကြုံတွေ ရတယ်။  အဲဒီတော့ ကျောင်း သားတွေက အလုပ် ရှိတဲ့နေရာတွေ၊ အလုပ်က တောင်းဆို ချက်တွေ၊ လုပ်ငန်း လိုအပ် ချက်တွေ နဲ့ မစိမ်းတော့ဘူး။ အလုပ်က ဘယ်လိုအရည် အချင်းမျိုးတွေကို ပိုလိုချင်တယ်၊ ဘယ်အလုပ် ကတော့ဖြင့် တကယ့်လုပ်ငန်းခွင်မှာ ဘယ်လို သဘာဝ ရှိတယ်ဆိုတာ သိလာရတာပေါ့။  နာမည် ကြီး ကုမ္ပဏီတိုင်းက လုပ်ငန်းခွင်မှာ လုပ်သားတွေ စိတ်ချမ်းသာအောင် မထားနိုင်ကြ ပါဘူး။ လုပ်ငန်းခွင်ထဲမှာ လုပ်သားအချင်း ချင်း မိသားစု စိတ်ဓာတ်နဲ့ ဆက်ဆံတာမျိုး၊ အချင်း ချင်း ကူညီရိုင်းပင်းတာ မျိုးရှိရင် အဲလို နေရာမျိုး ကို အလုပ်လျှောက် ချင်တာပေါ့နော်။  နောက် တစ်ခုက အဲလို အလုပ်သင် အနေနဲ့ သွားလုပ်တဲ့ အခါမှာ လုပ်ငန်းခွင် ကသူတွေကတော်တဲ့ ကျောင်းသားတွေကို မှတ်ထားပြီး ဘွဲ့ရရင် သူတို့ ဆီအလုပ် ပြန်လာလျှောက်ဖို့လည်း ဖိတ်ခေါ် တတ်ကြတယ်။ အဲလို မဟုတ်ရင်တောင် ကိုယ်က သူတို့ကို သဘောကျလို့ သွားလျှောက်ရင် ကိုယ့် အကြောင်း သိပြီးသား ဖြစ်နေတော့ အလုပ်ရဖို့ ပိုနီးစပ်တယ်။ ကိုယ့်ဘာသာ ကိုယ် မှတ် တမ်း အနေနဲ့ အလုပ်လျှောက်တဲ့ အခါမှာ ယေဘုယျ သဘောမျိုးသုံးနိုင်အောင် ထောက်ခံချက်တွေ လည်း အလုပ်သင်ကာလပြီးတဲ့အခါ တောင်းလို့ ရနိုင်တယ်။ အဲဒီတော့ အလုပ် လျှောက်တဲ့ အခါမှာ တစ်ပန်း သာပါတယ်။ တချို့ ကျောင်း သားတွေကတော့ နောက်ဆုံး နှစ် က စာများလို့ မနိုင်မှာစိုးလို့ ကျောင်းစာကိုပဲ ဖိလုပ် ပြီး ကျောင်းပြီးမှပဲ ဒီလိုအလုပ်သင် လုပ်ငန်းခွင် တွေကို သွားကြည့်ကြပါတယ်။ ဒါပေမဲ့ ဘွဲ့ရပြီး ကြပြီမို့ အဲဒီကိစ္စက ဘွဲ့မရခင်မှာ အလုပ်သင် ဝင်သလိုမျိုး သိပ်တော့ လက်တွေ့မဆန်တော့ ဘူး။ အိသူငယ်ချင်း တစ်ယောက်ဆို ဘွဲ့ရခါနီး ၄ လလောက်နေမှ သူနာပြုအကူအဖြစ် အလုပ် လျှောက်တဲ့အခါ အလုပ်ရှင်က နောက်မကြာ ခင်မှာ ဘွဲ့ရတော့မှာ ဖြစ်တဲ့ အတွက်ဆိုပြီး သူ့ ကို မခန့်ဘူး။ အိတို့ သူနာပြုကျောင်း မှာကျောင်း က အစီအစဉ်နဲ့ ဆေးရုံတွေ နဲ့ ချိတ်ဆက်ပြီး သုံးလပတ် ကို ဆေးရုံ တစ်ခုနှုန်းနဲ့ လက်တွေ့တွေ ဆင်းနေတာပါ။ ဒါကြောင့် ဘွဲ့ရတဲ့အခါမှာ ကိုယ်ရောက်ဖူးတဲ့ ဆေးရုံတွေ အကြောင်းကို ကိုယ်က အနည်းလေးတော့ သိပြီးဖြစ်နေပြီး ဘယ်ဆေးရုံ မှာ လုပ်ပျော်တယ် ဆိုတာလည်း သိနေပါပြီ။ အချိန်ပေးနိုင်သလောက် အချိန် ပိုင်း သူနာပြုအကူ အဖြစ် အလုပ်လျှောက်ချင် ရင် ပထမနှစ် အောင် ပြီးကတည်းက ဆေးရုံ ဆေးခန်းတွေမှာ အလုပ်လျှောက် လို့ရပါတယ်။  အိလည်း ပထမနှစ် ပြီးတော့ အလုပ်လျှောက် ခဲ့တယ်။ အခုထိ အဲဒီဆေးရုံမှာ သူနာပြု အကူ အဖြစ် အချိန်ပိုင်း လုပ်နေဆဲပါပဲ။ အပိုဝင်ငွေ လည်း ရသလို ဆေးရုံနဲ့လည်း မစိမ်းတော့ဘဲ အလုပ်ခွင်က လူတွေနဲ့လည်း ရင်းနှီးမှု ပိုလာ တာမို့ လိုင်စင်အောင်ပြီး အဲဒီမှာ အလုပ် လျှောက်ချင်ရင်လည်း ကိုယ့်ကိုသိပြီး သားဖြစ်တဲ့ အတွက် အလုပ်ရဖို့ အခွင့်အရေး ပိုရနိုင်တာ ကြောင့်ပါ။

နိုင်ငံခြားမှာ ကျောင်းတက်ချင်တယ် ဆိုတဲ့ သူတွေက ကိုယ့်ဘာသာ ကိုယ်အစစ တာဝန်ယူ တတ်အောင် လေ့ကျင့်ခဲ့ဖို့ အဓိက မှာချင်ပါတယ်။  ဒီမှာက အားလုံး ကိုယ်လုပ် မှ ကိုယ်ရ တာပါ။ ကိုယ်ကြိုးစား အားထုတ်ရင် ကြိုးစားအား ထုတ် သလောက်လည်း အရာ ထင်ပါတယ်။  ကိုယ့် ဘက်က အမှားကင်းအောင် ကြိုးပမ်းအား ထုတ်ပြီး အခွင့်အလမ်းတွေကို မျက်စိဖွင့် နားစွင့်ပြီးရှာတတ်ဖို့နဲ့ ကိုယ့်ဘက်က အမြဲတမ်း အဆင်သင့်ဖြစ်နေအောင် အကောင်းဆုံး ကြိုးစား နေဖို့ ပြောချင်ပါတယ်။

↧

MUSIC DIARY

$
0
0

ဒီလmusic diary ကနေ တင်ဆက်ပေးချင် တာကတော့ ငယ်ငယ်လေးကတည်းက အနုပညာကို ဝါသနာပါသူ၊ သရုပ်ဆောင်ပိုင်းမှာ သာမက အဆိုပိုင်းကိုပါ ကြိုးစားနေ သူ၊ ပရိသတ်ကလည်းချစ်ကြတဲ့ ရခိုင်တိုင်းရင်းသား လေးမင်းသွေးပဲ ဖြစ်ပါတယ်။ မင်းသွေးက ခုလက်ရှိထွက်ထားတဲ့ သူ့ရဲ့တစ်ကိုယ်တော်ခွေ ဖြစ်တဲ့ ထိုးစစ်ဆိုတဲ့ခွေ ထဲက သီချင်းနှစ်ပုဒ် အကြောင်းကို ပြောပြပေးသွားပါတယ်။ သရုပ် ဆောင်ဘက်မှာလည်း ကြိုစားသလောက် အဆို ကိုရော ဘယ်လိုတွေ ကြိုးစားထားလဲဆိုတာ  ပရိသတ်ကြီးဖတ်ရမှာပါ။

သူရဲ့သီချင်း အကြောင်းတွေကို ခံစားရင်းကျေနပ်နှစ်သိမ့်နိုင် ကြပါစေနော်။

အသည်းမာတဲ့ကောင်

ဒီသီချင်းကလွန်ခဲ့တဲ့ လေးနှစ်ငါးနှစ် လောက်ကတည်းက ဖော်ကာတို့စမ်းချောင်းမှာ နေတုန်းပဲ ရှိသေးတယ်။ အဲ့ဒီတုန်းက အစ်ကို နေတိုးက ခွေလုပ်ဖို့ လုပ်နေတယ်။   ဖော်ကာဆီ မှာ သီချင်းလေးရှိရင်ယူခဲ့ပေးပါဆိုတော့ သီချင်း နှစ်ပုဒ်ယူလာပေးတယ်။ မှတ်မှတ်ရရ အဲ့ဒီတုန်း ကသီချင်းနှစ်ပုဒ်လုံး ကျွန်တော့်အခွေထဲ ပါဖြစ် သွားတယ်။ အဲ့သီချင်းတွေက ‘အသည်းမာတဲ့ ကောင်’ ရယ်၊ ‘နင်နဲ့ငါနဲ့’ ရယ်။ အသည်းမာတဲ့ ကောင်က rock အပြင်းစားနည်းနည်းလေး ဆန်တယ်။ ဒီအသည်းမာတဲ့ကောင်ကို သူမ ယူ လိုက်ဘူးပေါ့။ နင်နဲ့ငါနဲ့ပဲ ယူလိုက်တယ်။ သီချင်းက အဲ့ဒီကနေစလာတာပေါ့။ နောက်ပြီး ကျတော့ အစ်ကိုလည်းကိုရိန်မိုးနဲ့ ဇာတ်ဝင်တေး ဆိုပြီးထွက်တော့ သီချင်း အသစ် ပါမသွားဘူး လေ။ ကြာတော့ ကျွန်တော်လည်း အခွေလုပ်နေ ရင်းနဲ့ သီချင်းတွေလိုက်စုတာပေါ့။ လိုက်စုတော့ ဖော်ကာကမင်းအစ်ကိုယူထား တာ နှစ်ပုဒ် တောင် ရှိတယ်။ မင်းအစ်ကိုလည်း မဆိုမယ့် တူတူတောင်းလိုက်ပါလားဆိုတော့ အစ်ကိုက လည်း ရတယ်ချပေါ့လေ။ အဲ့မှာ အသည်းမာတဲ့ ကောင် ပြန်ပါလာတယ်ပေါ့။ ဒီအသည်းမာတဲ့ ကောင်က ကျွန်တော် ဆိုရတာလည်းကြိုက်တယ်။သူတီးထားတဲ့ပုံလည်း ကြိုက်တယ်။ တစ်ခွေလုံး တော့ ကြိုက်ပါတယ်။ ဒီထဲကမှ rock ပြင်းပြင်း လေး သုံးပုဒ်လောက်ပါတယ်။ အဲ့ထဲကမှ အသည်းမာတဲ့ကောင်က ကျွန်တော်အကြိုက် ဆုံးခပ်ပြင်းပြင်း rock သီချင်းပေါ့။ ဒီသီချင်းကို ဖော်ကာရေးထားတာပါ။

တီးတာကတော့ GeAr band  နဲ့တီးထားတာပါ။ ဒီသီချင်းသွင်း တုန်းက မှတ်မှတ်ရရ တချို့နေရာလေးတွေကို သီချင်းရေးတဲ့ ဖော်ကာလည်း ကူညီပေးတယ်။ ပြီးတော့ ဒီသီချင်းကအစကတည်းက ကျွန်တော် ဆိုချင်တဲ့ သီချင်းလေးဆိုတော့ အခက်အခဲတော့  သိပ်မရှိပါဘူး။ ဒါပေမဲ့ တစ်ခုကဘာလဲဆိုတော့ ဒီသီချင်းက ကျွန်တော်စပြီး recording လုပ် တော့ ကီးနည်းနည်းမြင့်နေတယ်ပေါ့။ ကျွန်တော် က ဒီသီချင်းကို ဒီကီးနဲ့နားထောင်နေကျပဲဆို တော့ အခုဆိုတဲ့ကီးနဲ့ပဲ ကျွန်တော် ဆိုလိုက် တယ်။ အားလုံးအဆင်ပြေပါတယ်။ ဒီသီချင်းက ကျွန်တော် ဆိုတုန်းကလည်း ကြိုက်တယ်။ ပြန်နားထောင်ရင်လည်း ကြိုက်ရတဲ့ သီချင်း တစ်ပုဒ်ပါ။ လူတိုင်းလောကကြီးထဲကို   ရောက် လာကြရင် အချစ်နဲ့ မကင်းကြဘူးလေ။ ချစ်ကြ တယ်၊ ကြိုက်ကြတယ်၊ ကွဲကြတယ်။ အဲ့ဒီကိစ္စနဲ့ လူ့ဘဝကို အရှုံးပေးစရာမလိုဘူး။ လုပ်စရာရှိတာ ဆက်လုပ်ကြရ တယ်။ ပြီးတော့ တချို့စာသား လေးတွေက နည်းနည်းဘဝဆန်တယ်၊ နောက် ပြီးတော့ ဖော်ကာက အချစ်အကြာင်းနဲ့ ဘဝ အကြောင်းကို ရေးထားတယ်လို့ထင်တယ်။ ကျွန်တော်ကတော့ အဲ့ဒီလိုခံစားပြီးပဲ ဆိုတယ်။ ဆေးစက်ကျရာ အရုပ်ထင်နိုင်ဖို့ အကောင်းဆုံး သရုပ်ဖော် သူတစ်လှည့် ကိုယ်တစ်လှည့်ဆိုတာ မျိုး အဲ့ဒီ့စာသားလေးတွေ ကို ကျွန်တော် အရမ်း ကြိုက်ပါတယ်။

ဆိုပေမဲ့လည်း

ကျွန်တော့်ခွေထဲမှာ အချစ်သီချင်း နည်းတယ်။ ဒီသီချင်းလေးကတော့ အချစ်သီချင်း သတ်သတ်လို့ပဲပြောရမယ်။ ဒီသီချင်းရေးတာ ကကျတော့ မန္တလေးကဂျိုဂျိုး။ အားလုံး သိအောင် ပြောရရင်တော့ ဖော်ကာရဲ့ ‘နောက်ထပ်မညာပါ နဲ့’ သီချင်းကိုရေးတဲ့သူပဲပေါ့လေ။ ဒီသီချင်းကို ကျွန်တော်ကြိုက်တယ်။ ကြိုက်တယ်ဆိုတာက တီးထားတဲ့ ပုံစံရော၊ စာသားရော၊ ဒီ vocal arrange ရော တော်တော်လေးကောင်းတယ်။ ဆိုရတဲ့အချိန်မှာလည်း မိုက်တယ်။  သီချင်း လေးက မျောမျောလေးနဲ့ နားထောင်လို့ အဆင် ပြေတယ်။ ဒီသီချင်းက ထွေထွေထူးထူး အမှတ်တရတော့ မရှိပါဘူး။ ကြားထဲမှာ ကျွန်တော်ဆိုချင်တဲ့ဟာလေးတွေ၊ ကျွန်တော် လုပ်ချင်တဲ့ဟာလေးတွေ ၊ ကျွန်တော်ပြောင်းချင် တဲ့ ဟာလေးတွေကိုတော့ ပြောပြပြီး သေချာ လေးလုပ်ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ အကြောင်း အရာလေးကတော့ ချစ်ကြတယ်ပေါ့ နှစ်ယောက် တစ် ကမ္ဘာပေါ့။ ဒါပေမဲ့ မမြင်နိုင်တဲ့ ကံကြမ္မာရှိ တယ်။ တစ်ယောက်ကိုတစ်ယောက် ယုံတယ် ဆိုပေမဲ့လည်း အခက်အခဲတွေ အများကြီးရှိတယ် ပေါ့။ တီးတာကတော့ တစ်ခွေ လုံး GeAr band ပဲဗျ။ ဒီသီချင်းနှစ်ပုဒ်လုံးမှာ ‘ဆိုပေမဲ့ လည်း’ ကျတော့ ပရိသတ်တွေကြိုက်ကြပါတယ်။rock ပြင်းပြင်းကြိုက်တဲ့သူတွေကတော့ ‘အသည်းမာ တဲ့ကောင်’  ကို ကြိုက်ကြပါတယ်။  နည်းတယ် များတယ်တော့ ရှိတာပေါ့လေ။ ‘ဆိုပေမဲ့လည်း’ ကျတော့ သီချင်းအေးအေးလေး ဆိုတော့ ပိုကြိုက်ကြပါတယ်။ ဒီသီချင်းနှစ်ပုဒ် လုံးက ကျွန်တော်လည်းကြိုက်တယ် ပရိသတ် တွေနဲ့လည်း ထပ်တူကျမယ်လို့ထင်ပါတယ်။ ပြီးတော့ ဒီခွေလုပ်တုန်းက လွယ်တော့မလွယ် ဘူးဗျ။ တီးလိုက်ဆိုလိုက်အချိန်က   ပျော်ဖို့ကောင်း တယ်။ ဘာလို့လဲဆိုရင် ဆိုနေတဲ့အချိန်မှာ သိပ်ပူပင်သောကမရှိဘူး။ ကိုယ်လုပ်ချင်တဲ့ အလုပ်လေးလုပ်နေရတယ်ဆိုတော့ ကျေနပ် တယ်။ ထွက် မယ့်အချိန်မှာ အရမ်းပင်ပန်းတယ် ဗျ။ ကျွန်တော်ခုနစ်ပေါင်လောက် ကျသွားတယ်။ အိပ်ရေးတွေလည်းပျက်၊ ဘာလို့လဲဆိုတော့ ကျွန်တော်က ပင်ပန်းမယ့် ဇာတာပါတယ် ထင် တယ်။ ကျွန်တော်ကိုယ်တိုင်လုပ်ရမှ ကျေနပ်တာ ဆိုတော့ ဒီဇိုင်းတွေကအစ၊ ပြီးတော့ ကျန်တဲ့ ဒီအထဲက ဓာတ်ပုံတွေ ထည့်တာတွေရော၊ စတစ်ကာလုပ်တာတွေေ ရာ၊ ဘေဘုတ်တွေ ထောင်တာကအစ ကျွန်တော်ကိုယ်တိုင် လုပ် ထားပါတယ်။ ဒီအတွက် ကျွန်တော်ပင်ပင် ပန်းပန်းလုပ်ထားတဲ့ ဒီအခွေလေးကို ပရိသတ် ရှေ့ ချပြခွင့်ရတာ ကျေနပ်တယ်၊ ပျော်ပါတယ်။  ဖြစ်ပြီးသားကိစ္စလေးတွေကို ခံစားပြီးဆိုရတာ လည်းရှိတယ်၊ လက်ရှိဖြစ်နေတာကို ခံစားပြီး ဆိုရတာလည်းရှိပါတယ်။

ရှေ့ဆက်ပြီး ကျွန်တော် ဒီ music viedo  လေးထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ပြီးတော့ ကားရိုက်ကတော့ ဒီကြားထဲမှာ ရိုက်ဖို့ တွေရှိပါတယ်။ စာချုပ်ချုပ်ဖို့လည်း ရှိပါတယ်။ ကားတွေလည်း ဖြန့်ဖို့ရှိပါတယ်။ ပရိသတ်နဲ့ ကျွန်တော်နဲ့ကတော့ တစ်လတစ်ကားကတော့ ပုံမှန်ထိတွေ့သွားမှာပါ။ ကျွန်တော် အိမ်မှာ ကာလာပိုင်းနဲ့ပတ် သက်ပြီးတော့ လုပ်နေပါ တယ်။ ကွာလတီလည်းကောင်းအောင် ကြိုးစား နေပါတယ်။    အနုပညာနဲ့ပတ်သက်လို့လည်း မျှအောင်လုပ်နေ ပါတယ်။ တတ်နိုင်သလောက် လည်း အဆိုရော သရုပ်ဆောင်ပါ ကြိုးစားပြီးလုပ်နေပါတယ်။ နောက်ထပ်လည်း မှားတဲ့အရာတွေပြင်ပြီး မှန်တဲ့ဟာလေးတွေကိုလည်း ပရိသတ်နဲ့ ထပ်တူ ကျအောင် ကြိုးစားနေပါတယ်။ ဒီအဆိုဘက်မှာ ရော သရုပ်ဆောင်ဘက်မှာပါ ဆက်ပြီးအားပေး ပါဦးလို့ ပြောချင်ပါတယ်။

ခက်ရိပ်ညို

↧

ဒီဇိုင်နာစိုင်းလတ်နှင့် စကားလက်ဆုံ

$
0
0

Fashion ကို စိတ်ဝင်စားလာတဲ့ ယနေ့လို ခေတ်ကြီးမှာFashion နဲ့ပတ်သက်ပြီး ဆန်းသစ် ဖန်တီးနိုင်တဲ့Designer  တွေရဲ့ ကဏ္ဍကလည်း ပေါ်လွင်လာ ပါပြီနော်။ မြန်မာ ဝတ်စုံလေးတွေ ကို ပြန်လည်ဆန်းသစ်ပြီး ဝတ်လာကြတဲ့အတွက် ဒီဇိုင်နာတွေရဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းတွေကို ဖော်ပြခွင့်ရတာကိုလည်း တွေ့နေရပါပြီ။ ဒီဇိုင်နာပညာရပ်ကို စိတ်ဝင်စားလာတဲ့လူငယ် တွေအတွက် ဒီကဏ္ဍလေးမှာ ဒီဇိုင်နာစိုင်းလတ် ရဲ့ လေ့လာမှုတွေ၊ အယူအဆတွေနဲ့ ပတ်သက် ပြီး ပြောပြတာတွေကို ဖော်ပြပေး လိုက်ပါ တယ် နော်။

►ဒီဇိုင်နာလောကထဲကို ဘယ်နှစ်ခုနှစ် လောက်က စတင်ဝင်ရောက်ခဲ့တာလဲ။

ကျွန်တော်က ဒီဇိုင်နာလောကထဲကို ၂ဝဝ၇၊ ၂ဝဝ၈ ခုနှစ်လောက်က ဝင်လာခဲ့တာ ပါ။ ဒီဇိုင်နာအနေနဲ့Miss People Designer  ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တယ်။ မော်ဒယ်မေ သူအောင် (မေ) နဲ့ တူတူ Miss People Winner  ဆု ရရှိ ခဲ့ပါတယ်။ ပထမဆုံးတက်ခဲ့တဲ့ သင်တန်းက တော့ လှည်းတန်းမှာရှိတဲ့ ဆရာမမေသူဆီမှာ တက်ခဲ့ပါတယ်။ ဒုတိယအနေနဲ့ ထပ်တက်ဖြစ် တဲ့ သင်တန်းကတော့ တက္ကသိုလ်ရိပ်သာလမ်း မှာ ဖွင့်ထားတဲ့ ဟီကာရီသင်တန်းကျောင်းမှာ တက်ခဲ့ပါတယ်။ ဂျပန်ဆရာမသင်တာပါ။

►ဒီဇိုင်နာပညာကို ဘယ်အရွယ်ကတည်းက စိတ်ဝင်စားခဲ့တာလဲ။ ညီအစ်ကိုမောင်နှမတွေက သဘောကျကြရဲ့လား။

ကျွန်တော်တို့မျိုးရိုးမှာ ဒီဇိုင်နာတစ်ယောက်မှ မရှိပါဘူး။ အဖေတို့ကတော့ ကျောက်စိမ်းလုပ် တဲ့ ကုန်သည်တွေပါ။ ကျွန်တော်တစ်ယောက် တည်းပဲ ဒီဇိုင်နာလုပ်တာပါ။ ငယ်ငယ်ကတည်း က ဝတ်စုံတွေဖန်တီးရတာကို စိတ်ဝင်စားခဲ့ တယ်။ ကျွန်တော့်အစ်မတွေက အင်္ကျီချုပ်ဝတ် တာများတယ်လေ။ အစ်မတွေအင်္ကျီသွားချုပ်ရင် လိုက်သွား တယ်။ ငယ်ငယ်တုန်းက အစ်မတွေ ဆော့တဲ့ အရုပ်တွေကို ကျွန်တော်က ဒီဇိုင်းဆွဲ ပြီး အင်္ကျီချုပ်ပေးတယ်။ ကျွန်တော်က ပန်းချီ  ဆွဲတာလည်း ဝါသနာပါတယ်။ ဖက်ရှင်ဒီဇိုင်း မဟုတ်ဘဲနဲ့ အိမ်ကို ဒီဇိုင်းတွေဆင်ရတာလည်း ကြိုက်တယ်။ အဲဒီကနေမှ ဒီဇိုင်နာလောကကို ဝါသနာပါပြီး ရောက်ခဲ့တာပါ။

►ဒီဇိုင်နာအလုပ်ကို လုပ်တဲ့အခါမှာရော မိဘတွေက သဘောကျရဲ့လား။

ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့အတွက် စက်ချုပ်သင်တန်းကို ခိုးတက်ခဲ့ရတယ်။ လှည်းတန်းမှာ English Speaking တက်တယ် ဆိုပြီး ခိုးတက်ခဲ့တာပါ။ အဖေနဲ့အမေတို့က လည်း နယ်ကဆိုတော့ ရိုးတယ်လေ။ ဒီအလုပ်ဆိုရင် အလုပ်လုပ်စားလို့မရဘူးပေါ့နော်။ စက်ချုပ်တဲ့ အလုပ်က မကြီးပွားနိုင်ဘူးဆိုပြီး အဖေကပြော တယ်။ နောက်ပိုင်းမှာ Miss People  ပွဲကနေ ဆုတွေရတာကို ကျွန်တော်ကိုယ်တိုင် ပြောပြ တာတောင် အဲဒီအချိန်တုန်းက သဘောမတူ သေးဘူး။ အဲဒီတော့ ကျွန်တော်က ဘာတွေ လုပ်ပြရလဲဆိုတော့ စက်ရုံအကြီးကြီးတွေ၊ brand တွေထုတ်တဲ့ စက်ရုံတွေကို ပြရတယ်။ အဲဒီလိုတွေလုပ်ဖို့ ကျွန်တော့်လို အခုသင်သလို မျိုး စက်ချုပ်ကို အရင်သင်ရတာ လို့ ရှင်းပြရ တယ်။ အဲဒီလိုတွေနဲ့ အဖေကို စည်းရုံးရတာ ပေါ့။ အဖေတို့က စီးပွားရေးလုပ်တာဆိုတော့ လုပ်လို့ရတာတွေ၊ လုပ်ပိုင်ခွင့်တွေ၊ ရနိုင်တာ တွေကို ပြပြီးမှ ကိုယ် လုပ်ချင်တဲ့ အလုပ်ဘက် ကို ပြန်ဆွဲယူရတာပေါ့နော်။

►ဒီဇိုင်နာလောကကို ဝင်လာတုန်းက ဖန်တီးခဲ့တဲ့ ဝတ်စုံပုံစံနဲ့ ခုအချိန်မှာ ဖန်တီးရတဲ့ ဝတ်စုံတွေနဲ့ ဘယ်လိုကွာခြားသွားလဲ။

အခုတွေ့နေတဲ့ ဒီဇိုင်နာအသစ်တွေလည်း ဝတ်စုံတွေစလုပ်တဲ့အချိန်မှာ Creation  တွေ အများကြီးထည့်ကြတယ်။ ကျွန်တော်တုန်းက လည်း အဲဒီလို Creation တွေ အများကြီးထည့် တယ်။ ပထမဆုံးလုပ်တဲ့Show ပွဲတုန်းကဆိုရင် လူတွေအပြင်မှာ ဝတ်လို့အဆင်မပြေတဲ့ ဝတ်စုံ တွေ အများကြီးပဲ။ အတောင်တွေလည်း ပါတယ်။ အဲဒီတုန်းကဆိုရင် နန်းခေးမားတို့၊ မြတ်နိုးဝေတို့ တော်တော်စိတ်ညစ်ကြမှာပဲ (ရယ်လျက်)။ ဝတ်စုံတွေက ဘာတွေလည်း မသိဘူးလို့ ထင်ကြမှာပါ။ အဲဒီတုန်းကကျတော့
ကိုယ်လုပ်နိုင်တယ်ဆိုတာကို လုပ်ပြချင်တာပေါ့ နော်။ အားလုံးရှေ့မှာ ကိုယ်က အထူးအဆန်း တွေ လုပ်ပြခဲ့တာပေါ့။ ဒီဇိုင်နာသက်တမ်း နည်း နည်းရင့်လာတော့ ကိုယ်လုပ်တဲ့ဟာတွေက ရယ်စရာတွေဖြစ်လာတယ်။ အသက်အရွယ်နဲ့ လည်း ဆိုင်မယ်ထင်ပါတယ်။ နောက်ပြီးတော့ ဘာကိုပြန်စဉ်းစားရလဲဆိုတော့ လုပ်ချင်တာ ထက် ဖြစ်သင့်တာကို ပြန်စဉ်းစားရတယ်။ ဆိုင်ဖွင့်လိုက်တော့ ဃကျအသာနမ တွေ ဝတ်လို့ ရမယ့် အင်္ကျီပုံစံတွေ၊ လူတိုင်းနဲ့အဆင်ပြေမယ့် ဝတ်စုံတွေ ဖန်တီးရတဲ့ ဘက်ကို ရွေးချယ်လိုက် တယ်။ အထူးအဆန်းပုံစံတွေ ဖန်တီးခဲ့တုန်းက မှားလားဆိုတော့လည်း မမှားပါဘူး။ ကျွန်တော် အဲဒီအရွယ်မှာ အဲဒါတွေလုပ်ပြရင် သူများတွေ အံ့သြမှာလေ။ အဲဒီအချိန်တွေတုန်းက ကိုယ် လုပ်ချင်တာတွေ လုပ်ခဲ့ရတဲ့အတွက် ကျေနပ်ပါ တယ်။

►ဒီဇိုင်နာတစ်ယောက်အနေနဲ့ လူမှုဆက်ဆံ ရေးက ဘယ်လောက်အရေးပါတယ်လို့ ထင်ပါ သလဲ။

လူမှုဆက်ဆံရေးက အရမ်းကို အရေးကြီး ပါတယ်။ ကိုယ့်ရဲ့ ဆက်ဆံရေးကြောင့်ပဲ ကိုယ့် ဆီ လာမှာလေ။ အခုအချိန်မှာ ဒီဇိုင်နာတွေက အများကြီးပဲလေ။ အဓိကက ခင်မင်မှုနဲ့ ဆက်ဆံရေးကြောင့်ပဲ ကိုယ့်ဆီကို Customer  တွေ လာကြတာလေ။ တစ်ခါတလေမှာ သည်းခံ ရတာတွေလည်း ရှိပါတယ်။ ဥပမာ ဝတ်မှုံရွှေ ရည်ဝတ်ထား တဲ့ပုံစံကို ပြပြီး ချုပ်ခိုင်းရင် အစ်မ နဲ့ဆို အဆင်ပြေမှာမဟုတ်ဘူး။ သူမို့လို့ လှနေ တာဆိုပြီး ရှင်းပြရတာတွေရှိတယ်။ တချို့က အဲလိုပြောရင် မကြိုက်တာတွေရှိတယ်။ မဂ္ဂဇင်း က လူတွေနဲ့ Customer နဲ့ ဆက်ဆံရတာမတူ ဘူး။ မဂ္ဂဇင်းမှာကျတော့ ကိုယ်လုပ်ချင်တာလေး တွေကို ချပြလို့ရတယ်။ ကျွန်တော်ဆိုရင် Elegant  ဘက်ကို သွားနေတယ်။ ကိုယ်လုပ်ချင် တာလေးတွေ လုပ်ပြလို့ရတယ်။ ကိုယ်ချုပ်တာ ကို ကြိုက်တဲ့ Customer  က ကိုယ့်ဆီလာတယ်။ တချို့ Customer ကျတော့လည်း သူတို့ဖြစ်ချင် တာလုပ်ပေးရတယ်။

အရင်တုန်းက ဒီနိုင်ငံမှာ ဒီဇိုင်နာအလုပ် က သိပ်မရှိဘူးလေ။ အခုမှပဲ ဒီဇိုင်နာအလုပ် က စပြီးဖွံ့ဖြိုးတိုးတက်လာတာ။ အင်္ကျီလာချုပ်တဲ့ Customer တွေ တော်တော် များများမှာ တွေ့ရ တာတွေက အင်္ကျီချုပ်တဲ့ဆိုင်ရောက်ရင် ကိုယ် ဖြစ်ချင်တာတွေ၊ ကိုယ်လိုချင်တာတွေ ပြောတာ တွေ့ရတယ်။ အရင်ကတည်းက ပါလာတဲ့ အယူအ ဆလေးတွေပေါ့နော်။ တချို့  update  ဖြစ်တဲ့ Customer တွေကျတော့ ပိတ်စယူလာပြီး အဆင်ပြေအောင်၊ ကောင်း အောင်ချုပ်ပေးပါလို့ ပဲ ပြောကြတယ်။ တချို့ကျေ တာ့ ကျွန်တော်ချုပ် တဲ့ ပုံစံမဟုတ်ဘဲ တခြားဒီဇိုင်နာရဲ့ဝတ်စုံတွေ ယူလာပြီး ချုပ်ခိုင်းတယ်။ အဲဒီအခါကျရင် ကျွန်တော်က အစ်မရေ … ဒီဟာက ဒီ Designer  ချုပ်ထား တာ သူ့ဆီသွား လိုက်ပါလား ဆိုပြီး ပြောရတယ်။ အဓိကကတော့ ဆက်ဆံရေး ကောင်းရင် Customerလာမှာပါ။ ကျွန်တော် ဆိုရင် သင်တန်းဖွင့်ထားတယ်။ သင်တန်း သူ တွေကို အရမ်းကြီးအော်ငေါက်နေရင် ဘယ်သူမှ သင်တန်းတက်ချင်မှာ မဟုတ်တော့ဘူးလေ။

►စိုင်းလတ်အနေနဲ့ ဘယ်လိုမျိုးဝတ်စုံတွေ ကို ဖန်တီးရတာကြိုက်လဲ။

ကျွန်တော်ကWedding Dress  တွေ ချုပ်ရတာကြိုက်တယ်။Wedding Dress  တွေကို ချုပ်ရတာပျော်တယ်။ မြန်မာဝတ်စုံ ထိုင်မသိမ်းတွေတော့ ချုပ်ပါတယ်။ ထိုင်မ သိမ်း ကျတော့ ကျွန်တော် ချုပ်နေကျပုံစံလည်းမဟုတ် ဘူးလေ။ မင်္ဂလာဝတ်စုံဆိုရင် ကျွန်တော်က အနောက်တိုင်းပုံစံတွေ ချုပ်တာများတယ်။ ထိုင်မသိမ်းကျတော့ ကိုယ်ချုပ်နေကြပုံစံမဟုတ် လို့ မနိုင်တာရယ်၊ ထိုင်မသိမ်းမှာ သူ့နည်းနဲ့ သူ့စည်းတွေရှိတာကြောင့်ပါ။ မြန်မာဝတ်စုံကျ တော့ ပုံမှန်ပွဲတက်ဝတ်စုံတွေပဲ ချုပ်ဖြစ်ပါ တယ်။

►အခုလက်ရှိမှာ အနုပညာရှင်တွေထဲက ဘယ်သူတွေကို ပင်တိုင်ချုပ်ပေးဖြစ်လဲ။

အဆိုတော်ချမ်းချမ်း၊ အဆိုတော်ခင်စုစုနိုင်၊ မော်ဒယ်အေးချမ်းမိုးနဲ့အတူ တခြားမော်ဒယ် တွေကိုလည်း ဝတ်စုံတွေ ချုပ်ပေးဖြစ်ပါတယ်။  မင်းသမီးထဲကတော့ သရုပ်ေ ဆာင်ရတနာဗိုကို ဝတ်စုံတွေ ချုပ်ပေးပါတယ်။ ရတနာဗိုကလည်း အသစ်ဖြစ်တော့ ကိုယ့်ကိုယုံကြည်ပြီး ဝတ်စုံတွေ အပ်တယ်။ ရတနာဗိုက တစ်ခုခုဆို အစ်ကို့ ဘာသာ ဖန်တီးပြီး ချုပ်ပေးပါလို့ ပြောတတ် တယ်။ အရင်တုန်းက မင်းသမီးတွေကို ချုပ်ပေး ဖြစ်တယ်။ ကိုယ့်ကို နှိမ်တာတွေကြုံခဲ့ရတယ်။ အဲဒီကတည်းက စပြီးတော့ ကိုယ့်ကိုနှိမ် ရင် အရမ်းမုန်းတယ်။ အခုလည်း ကိုယ်က ဘယ်သူ့မှ မနှိမ်ဖူးပါဘူး။ မင်းသမီးကြီးတစ်ယောက်ဆိုရင် သူ့ကို ကိုယ်က အကူအညီ တောင်းထားတာ မဟုတ်ဘဲနဲ့ ကိုယ့်ကို အကူအညီတောင်းပြီး လာအပ်တယ်။ Melody World မှာ Presenter  လုပ်တော့လည်း အဆင်ပြေအောင် လုပ်ပေးခဲ့ တယ်။ သူ့ဇာတ်ကားတွေအတွက် အဝတ်အစား   တွေ ချုပ်ပေးဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျ တော့ သူ့ပုံစံက ငါပြောချင်တာပြောလို့ရတယ် ဆိုတဲ့ ပုံစံဖြစ်လာတော့ အဆင်မပြေဘူးလို့ ပြောလိုက်တယ်။ အဲဒီနောက် ပိုင်းမှာ မင်းသမီး တွေကို သိပ်မချုပ်ပေးဖြစ်တော့ဘူး။

►နိုင်ငံတကာနဲ့ယှဉ်ပြိုင်ဖို့ သွားရတဲ့ Miss တွေအတွက် ကချင်တိုင်းရင်းသားဝတ်စုံတွေ ဖန်တီးတဲ့အခါ ဘယ်လိုကြိုးစားအားထုတ်ခဲ့ရ လဲ။

အဓိကက ပွဲတွေအတွက် လိုချင်တဲ့ပုံစံနဲ့ ပြချင်တဲ့ပုံစံကို အသားပေးချုပ်ပေးရတာ ပိုများ တယ်။ ခု ဒီမှာ ခေတ်စားနေတာက မြန်မာဝတ်စုံ ဆိုရင် ဟိုးရှေးတုန်းက ဝတ်စုံေ တွ ပြန်ဝတ်ကြ တယ်။ လွန်ခဲ့တဲ့နှစ် ၂ဝ က ဝတ်စုံ အခုခေတ် ဝတ်စုံပုံစံတွေနဲ့ ယှဉ်လို့မှမရတာ။ တချို့ တွေက အရင်တုန်းက ဝတ်စုံတွေကို ပြန်ပြီး ဖော်ပြကြ တယ်။ အရင်တုန်းက ဝတ်စုံကိုUpdate လုပ်ဖို့ အရေးကြီးပါတယ်။ ဗင်နီဇွဲလားဆိုရင်လည်း အရင်တုန်းက ရိုးရာဝတ်စုံမှ မဟုတ်တော့တာ။ ထိုင်းဆိုရင်လည်း အရင်တုန်းက ရိုးရာအစစ် ဝတ်စုံမဟုတ်တော့ဘူး။ ကျွန်တော်ကတော့ ရိုးရာပုံစံ၊ ရိုးရာပစ္စည်းကို သုံးပြီးUpdate  ဖြစ်အောင် ပြန်လုပ်ရမယ်လို့ ခံယူထားတယ်။Miss ပွဲတွေမှာ ကချင်ဝတ် စုံတွေ ထပ်လာတယ် ဆိုတာကလည်းMiss တွေက ကချင်ဝတ်စုံဝတ် ချင်ပါတယ်ဆိုပြီး အကူအညီလာတောင်းတာပဲ ဖြစ်စေ၊Missရတဲ့သူတွေက ကချင်ဝတ်စုံဝတ်ချင် ပါတယ်လို့ ဖြစ်လာတဲ့အတွက် ကချင်ဝတ်စုံ ဖန်တီးဖြစ်တာပါ။Facebook မှာ ကချင်ဝတ်စုံနဲ့ ပတ်သက်ပြီး နည်းနည်းတော့ လိုက်သေးတယ် လေ (ရယ်လျှက်)။Miss တွေ ဝတ်ချင်လို့ အကူအညီတောင်းလို့ ကျွန်တော်က လုပ်ပေး တာလေ။ အဲဒါကတော့Organization နဲ့ Miss နဲ့ဆိုင်တဲ့ကိစ္စပါ။ Miss ပြိုင်ပွဲအတွက် ကချင်တိုင်းရင်းသားဝ တ်စုံကို ဖန်တီးပေးရတာ ပိုက်ဆံမရဘူးလေ။ စေတနာနဲ့ကူညီပြီး လုပ်ပေး တာပါ။ ကိုယ့်ရိုးရာဝတ်စုံကို ပြနိုင်တဲ့အတွက် ဘာပဲပြောပြော ကျေနပ်ပါတယ်။

►ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ စိုင်းလတ် အနေနဲ့ ဒီဇိုင်နာပညာရပ်နဲ့ ပတ်သက်ပြီ့း Up to Date ဖြစ်အောင် ဘယ်လိုတွေ လေ့လာဖြစ် လဲ။

ကျွန်တော်တို့အနေနဲ့ တံခါးပိတ်ဝါဒနေလို့ မရဘူးလေ။ အခုခေတ်ကြီးက အရမ်း Update  ဖြစ်နေတော့ လေ့လာရမယ်။ ကျွန်တော် ဂျပန် ကို သွားပြီးဒီဇိုင်နာပညာရ ပ်တွေ လေ့လာတုန်း က ကိုယ့် culture နဲ့ မတူတာတွေ အများကြီး တွေ့တယ်။ ကိုယ်လေ့လာခဲ့တာတွေလည်း အများကြီးရလိုက်တယ်။ ဒီနိုင်ငံက ဒီဇိုင်နာ တော်တော် များများလည်း တခြားနိုင်ငံတွေကို သွားရောက်လေ့လာတာ တွေ့ရပါတယ်။Update ဖြစ်အောင် လုပ်တဲ့သူတွေက Update ဖြစ်နေမှာပဲလေ။Update မလုပ်ဘဲနေတဲ့ သူ တွေကတော့ နောက်ကို တဖြည်းဖြည်းဆုတ် သွားမှာပဲလေ။ အခုနောက်ပိုင်း ဒီနိုင်ငံမှာ ဒီဇိုင်နာပညာရပ်နဲ့ ကျောင်းပြီးထားတဲ့ ဒီဇိုင်နာ တွေ အများကြီးပဲ။ အဲဒါကြောင့် ကိုယ်တွေလည်း သူတို့နဲ့အမီ လိုက်ဖို့အတွက် ကြိုးစားရမယ်။ ကိုယ်တွေလည်း အမြဲတမ်း Update လုပ်ရမယ် ထင်တယ်။

►ဒီဇိုင်နာပညာရပ်က လူတစ်ယောက် အတွက် အသက်မွေးဝမ်းကျောင်းပညာရပ် တစ်ခုလို့ ပြောရင် လက်ခံပါသလား။

ဒီဇိုင်နာအလုပ်က ဒီခေတ်ကြီးမှာတော့ အသက်မွေးဝမ်းကျောင်းလုပ်နိုင်တဲ့ အလုပ် တစ်ခုဆိုတာကို ကျွန်တော် ယုံကြည်တယ်။ အရင်တုန်းကသာ ဒီဇိုင်နာအလုပ်က အခုခေတ် လို လူတွေသိပ်မသိကြဘူးလေ။ ဒီနိုင်ငံမှာ ဒီဇိုင်နာအလုပ်က အဲလောက်မဟုတ်ပေမယ့် တခြားနိုင်ငံဆိုရင် ဒီဇိုင်နာအလုပ်ကTop ပါ။Stylist  ဖြစ်နေတဲ့သူေ တွတောင် အသက်မွေး ဝမ်းကျောင်းအလုပ်အနေနဲ့ လုပ်နိုင်တယ်။

►ဒီဇိုင်နာလောကထဲကို ဝင်လာမယ့် လူငယ် တွေအတွက် စိုင်းလတ်က အကြံဥာဏ်ပေးပေး ပါဦး။

အားလုံးကတော့ ကျွန်တော်တို့လိုပဲ ဒီဇိုင်နာလောကဝင်ဝင်ချင်းမှာ လုပ်ချင်တာတွေ အရမ်းများကြမှာပါပဲ။ အရှေ့က ဒီဇိုင်နာကြီး တွေလို ကိုယ်တွေလိုက်လေ့လာတဲ့ အခါမှာ သူတို့လုပ်တဲ့ဟာ ဘယ်နေရာလေး ဘာလိုတယ် ဆိုတာကို ကိုယ်တွေမြင်နေရတယ်။ ကိုယ်လုပ် ပြချင်မိတယ်။ လုပ်လည်း လုပ်ပြခဲ့မိတယ်။ တကယ်တမ်း ပြန် စဉ်းစားမိတော့ နောက်ပိုင်း မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပြန်စဉ်း စားရတယ်ပေါ့နော်။ နောက်ပြီးတော့ စီနီယာက စီနီယာပါပဲ။ ကျွန်တော်တို့က စီနီယာတွေကို လိုက်ပြောနေဖို့လည်း မဟုတ်ပါဘူး။ ကိုယ့်နေရာ မှာ အကောင်းဆုံးရပ်တည်နေဖို့ပဲ လိုတယ်။ ကိုယ်လုပ်ပြခဲ့တာတွေကတော့ တစ်ချိန်ချိန်မှာ ခွန်အားဖြစ်ချင်ဖြစ်လာမယ်။ ဒီဇိုင်နာတွေမှာ သူ့ရဲ့Image  တွေ ရှိကြပါတယ်။ ဥပမာပြောရ ရင် ဝတ်စုံတစ်စုံကို ကြည့်လိုက်တာနဲ့ ဒီဇိုင်နာ ဘယ်သူလဲဆိုတာ သိနိုင်ပါတယ်။ ဖြစ်ချင်တာ တွေ အရမ်း များနေရင်တော့ အဲဒီ Image ကို ရောက်လာမှာ မဟုတ်ပါဘူး။

►ကချင်မင်္ဂလာမောင်နှံအတွက် ဝတ်စုံတွေ ဖန်တီးတဲ့အခါမှာ ကချင်ရိုးရာပုံစံမပျက်ဘဲ ဒီဘက်ခေတ် Creation လေးတွေပါအောင် ဖန်တီးထားတာကို တွေ့ရတယ်နော်။

ဟုတ်ပါတယ်။ ကျွန်တော်က ကချင်မင်္ဂလာ မောင်နှံတွေအတွက် ဝတ်စုံတွေကို ဖန်တီးတဲ့ အခါမှာ ဒီဘက်ခေတ်ကိုဆွဲယူပြီး ချုပ်ပေးတာပါ။ ကချင်တွေက များသောအာြး ဖင့် ရိုးရာဝတ်စုံ  အပြည့်စုံကို မင်္ဂလာဆောင်တဲ့အချိန်မှာ တစ်ခါ ဝတ်ရတယ်။ အရင်တုန်းက Reception မှာ ကျတော့ Ready Made လာတဲ့ဝတ်စုံတွေ ဝတ်ကြရတယ်။ ကချင်မိတ်နဲ့ ဝတ်ချင်ရင်တောင် ရိုးရိုးဂါဝန်ပဲရှိတယ်။ အဲဒါကြောင့် ကျွန်တော်က ကချင်မိတ်အကောင်းစားကို သုံးပြီးတော့ ဒီဘက်ခေတ်ပုံစံ Update ဖြစ်အောင် လုပ်ပေး တယ်။ ကချင်ဆိုလည်း ကချင်မိတ်၊ ဗမာဆို လည်း ဗမာမိတ်လုပ်ပေးပါတယ်။ တခြားရိုးရာ အဆင်တွေကိုလည်း အဆင်ပြေအောင် ဖန်တီး ပေးပါတယ်။ အဓိကကတော့ Update ဖြစ်ဖို့ အရေးကြီးပါတယ်။ ကချင်မိတ်ဆိုရင်လည်း အရင်တုန်းကပုံစံ ကြိုက်တဲ့သူတွေကျတော့ အရင်တုန်းက ပုံစံပေါ့။ ကျွန်တော်ကတော့ ဒီဘက်ခေတ်ကိုတော့ တတ်နိုင်သလောက် ဆွဲယူပြီး လုပ်ပေးတာများတယ်။

►Fashion က လူတစ်ယောက်အတွက် ဘယ်လောက်အရေးပါတယ်လို့ ထင်ပါသလဲ။

Fashion က လူတစ်ယောက်အတွက် ၁ဝဝ ရာခိုင်နှုန်းမဟုတ်ရင်တောင် ၉၉ ရာခိုင် နှုန်းလောက် အရေးပါပါတယ်။ လူတစ်ယောက် ကို ကြည့်မယ်ဆိုရင်Fashion ကိုကြည့်ပြီးတော့ စကားပြောသွားတာလေ။ လူတစ်ယောက်ရဲ့ အဆင့်အတန်း၊ လူတစ်ယောက်ဂုဏ်ကို Fashion က ဖော်ပြပေးတာလေ။ ဥပမာပြော ရရင် အလှူသွား တာ မြန်မာဝမ်းဆက်မဝတ်ဘဲနဲDress  နဲ့သွားရင်တော့ လူတွေအားလုံးကို ရှိုးတိုးရှန့်တန့်ဖြစ်ပြီး ထိုင်ရတာ အဆင်မပြေ ဘူးပေါ့။ brand ကြီး ဝတ်ဖို့ပြောချင်တာ မဟုတ်ပါဘူး။ သူ့နေရာနဲ့ သူ့ပွဲနဲ့ လိုက်ဖက်မယ့် ဝတ်စုံကို ဝတ်ရမယ်ပြောတာပါ။ ကိုယ်ကိုင်တဲ့ ပစ္စည်းအသုံးအဆောင်တွေကလည်း ကိုယ့်ရဲ့Image ကို အများကြီး ဖော်ပြ ပါတယ်။

►စိုင်းလတ်ရဲ့ ဆိုင်လိပ်စာလေး ပြောပြပေး ပါဦး။

အိမ်နံပါတ် ၁၃ (မြေညီထပ်)၊ ရွှေလဝင်း လမ်း၊ စမ်းချောင်းမြို့နယ်ပါ။

↧
↧

မင်္ဂလာပွဲကျင်းပမယ့် သတို့သမီးတိုင်းသိသင့်တဲ့ Beauty Tips

$
0
0

သတို့သမီးတိုင်းဟာ သူတို့ရဲ့ မင်္ဂလာချိန်ခါ မှာ အလှပဆုံး အမျိုးသမီးလေးတစ်ဦးဖြစ်ချင် ကြပါတယ်။ မင်္ဂလာပွဲအတွက် သတို့သမီးတွေ ဟာ စိတ်ပင်ပန်းမှု၊ စိုးရိမ်ပူပန်မှု စတာတွေကို လည်း ခံစားကြရပါတယ်။ ဒီဖိစီးပင်ပန်းမှုတွေ ကြောင့် အရေပြားမှာ အဖုအပိမ့်တွေ ထွက်လာ နိုင်သလို အရေပြားညှိုးနွမ်းခြောက်သွေ့မှုတွေ ကိုလည်း ခံစားရလာနိုင်ပါတယ်။ ပင်ပန်းမှု များစွာကြားမှ စီစဉ်လာခဲ့ရတဲ့ မင်္ဂလာချိန်ခါ လေးမှာ သတို့သမီးလေးဟာ လှပမှုမရှိဘူးဆိုရင် တော့ ဒီသတို့သမီးလေးဟာ ကိုယ့်ရဲ့ မင်္ဂလာပွဲကို ကျေနပ်နှစ်သိမ့်မှုအပြည့်အဝ ရနိုင်မှာမဟုတ်ပါ ဘူး။ ဒါကြောင့် ပင်ပန်းမှုတွေရှိနေပေမဲ့လည်း မင်္ဂလာနေ့မှာ လှပတဲ့အသားအရေကို ပိုင်ဆိုင် ရရှိနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရမယ့် Beauty Tips လေးတွေကို ဝေမျှပါရစေ။

၁။ ကောင်းမွန်တဲ့အသားအရေထိန်းသိမ်းမှုကို ပုံမှန်ပြုလုပ်ပေးပါ။

-    အသားအရေအတွက် အကျိုးသက် ရောက်မှု ထိရောက်ကောင်းမွန်မယ့ှ်ုSkin Care Product တစ်ခုကိုရွေးချယ်ပြီး သေချာစွာ စနစ်တကျ ပုံမှန်အသုံးပြုပေးပါ။ ဒါဟာ ကိုယ့် ရဲ့ မင်္ဂလာနေ့မှာသာမက နေ့ရက်တိုင်းမှာပါ သင့်အသားအရေကို ကောင်းမွန်တောက်ပစေ မှာ ဖြစ်ပါတယ်။

-    နူးညံ့တဲ့ Cleanser အမျိုးအစားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အသုံးပြုပေးပါ။ ဒါဟာ သင့်အရေပြားပေါ်က ခြောက်သွေ့မှု တွေကို ပျောက်ကွယ်သွားစေမှာပါ။

-    အစိုဓာတ်ထိန်းခရင်မ်ကို နေ့ရော ညပါလိမ်းပါ။ ဒါဟာ သင့်အရေပြားမှာ လိုအပ် နေတဲ့ အာဟာရဓာတ်ကို ဖြည့်တင်းပေးရာ ရောက်ပါတယ်။ ဒါ့အပြင် ရေဓာတ်ဖြည့် တင်းပေး တဲ့ Serum ကိုပါ ထပ်မံပေါင်းထည့်ပြီး လိမ်း ပေးနိုင်ပါတယ်။ ဒါဟာ အရေပြားအစိုဓာတ် အပြင် အရေပြားရဲ့ ဆန့်နိုင်၊ ကျုံ့နိုင်တဲ့ Collagen တွေကို တိုးမြှင့်ပေး တာကြောင့် ကြည်လင်တောက်ပတဲ့ အရေပြားပိုင်ရှင်သတို့ သမီးလေးအဖြစ် ပိုင်ဆိုင်ရရှိနိုင်မှာပါ။

-    အရည်အသွေးကောင်းတဲ့ အရေပြား ကြေးချွတ်မှုကို ပြုလုပ်ပါ။ ဒါဟာ အရေပြားပေါ် မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါ တယ်။

အရေပြားကြေးချွတ်သန့်စင်မှုကို တစ်ပတ်နှစ်ကြိမ် ပုံမှန်ပြုလုပ်ပေးသွားခြင်းက အရေပြား ချောမွေ့လန်းဆန်းမှုကို ဖြစ်ပေါ်စေ နိုင်ပါတယ်။

၂။ ကျန်းမာတဲ့စားသောက်မှုပုံစံကို ထိန်းသိမ်း ပါ။

- စားသောက်နေထိုင်မှု အလေ့အကျင့်က ကိုယ့်ရဲ့အရေပြားမှာ လာရောက်ထင်ဟပ်လာ နိုင်ပါတယ်။ ကျန်းမာစေတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးခြင်းဟာ အသား အရေစိုပြည် နူးညံ့ခြင်းနဲ့ ကျန်းမာခြင်းကို သင်ခံစားသိမြင် နိုင်မှာပါ။

- သရေစာမုန့်များ၊ အသင့်စားအစားအစာ များနဲ့ ကယ်လိုရီမြင့်မားစွာပါဝင်တဲ့ အစားအစာ မျိုးတွေကိုတော့ ရှောင်ကြဉ်ရပါမယ်။

- မင်္ဂလာပွဲမတိုင်မီ တစ်ပတ်ခန့်အလိုမှစ၍ အစိမ်းရောင် ဟင်းသီးဟင်းရွက်များများနဲ့ သကြားဓာတ်နည်းပါးတဲ့ အသီးအနှံများကို စားသုံးပေးပါ။ ဥပမာအားဖြင့် သစ်တော် သီး၊ ဟင်းနုနယ်၊ တရုတ်နံနံ၊ သခွားသီး၊ ထောပတ် သီး၊ ခရမ်းချဉ်သီးစတာတွေပဲ ဖြစ်ပါတယ်။ ဒါဟာ အသားအရေကို တောက်ပစိုပြည်လာစေ မှာ ဖြစ်ပါတယ်။

၃။ အိပ်စက်ပါ။

- တစ်နေ့ကို ၇ နာရီ (သို့မဟုတ်) ၈ နာရီကြာ အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို အိပ်စက်ပေးတဲ့အတွက် သင့်ခန္ဓာကိုယ်နဲ့ အရေပြားက သင့်ကို ကျေးဇူးတင်နေမှာ ဖြစ်ပါ တယ်။

- ဒီထက် အချိန်ပိုပြီး အိပ်စက်ပေးမယ်ဆို ရင်တော့ စိတ်ဖိစီးမှုကြောင့် ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေကြောင့် အရွယ်မတိုင်မီ အရေပြား အိုမင်းရင့်ရော်ခြင်းတွေ ကို ပြန် လည်နုပျိုစေလာ မှာဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပမယ့် သတို့သမီး လေးတစ်ယောက်ဟာ အိပ်ရေးဝဖို့ လိုအပ်ပါ တယ်။

(၄) စိတ်ဖိစီးမှုကို လျော့ချပါ။

- ယောဂလေ့ကျင့်ခန်းအပါအဝင် အခြား ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ပေး ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်သွေး လှည့်ပတ်မှုကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

- ပြုံးပြဖို့နဲ့ ရယ်မောဖို့ ကြိုးစားပါ။ ဒါဟာ များများပြုလုပ်ရမယ့် အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။

ကိုယ်တွင်းမှာရှိတဲ့ အညစ်အကြေးတွေ စင်ကြယ်သန့်ရှင်းစေဖို့နဲ့ အသားအရေအတွင်း ပိုင်းမှာပါ ကြည်စင်တောက်ပနေဖို့အတွက် ရေကို နေ့စဉ် ၈ ခွက်မှ ၁ဝ ခွက်အ ထိ သောက် ပေးရပါမယ်။ ဒါဟာ အားလုံးသိပြီးသားအချက် တစ်ချက်ဖြစ်ပေမဲ့လည်း မလိုက်နာသူက များပါ တယ်။ သတို့သမီးတစ်ယောက်အနေနဲ့ကတော့ မဖြစ်မနေ လိုက်နာကျင့်သုံးထားသင့်ပါတယ်။ အလွယ်တကူ သောက်ဖြစ်နေဖို့အတွက် ကိုယ့်ရဲ့ အနီးမှာ အမြဲဆောင်ထားသင့်ပါတယ်။ ရေပုလင်းကို စာရေးစားပွဲ၊ ထမင်းစားစားပွဲ အပြင် ကိုယ့်ရဲ့ကားအတွင်းမှာပါ ဆောင်ထား သင့်ပါတယ်။ ရေဆာချိန်တိုင်းမှာ အလွယ်တကူ သောက်ဖြစ်စေဖို့အတွက် ရေဟာ အနီးအနား မှာ အမြဲရှိနေပါစေ။

- ရေသောက်သုံးမှု တိုးမြင့်လာတဲ့အခါ ကော်ဖီကဲ့သို့ ကဖိန်းဓာတ်ပါတာမျိုးကို သောက် သုံးမှု လျော့နည်းသွားပါလိမ့်မယ်။ ကဖိန်းဓာတ် ပါဝင်တဲ့ အရည်များနေရာ တွင်green tea, herbal tea နဲ့ အုန်းရေကဲ့သို့ အရေများကို ဖြည့်စွက် သောက်သုံးပေးနိုင်ပါတယ်။

- ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။ ဒါကြောင့် သတို့သမီးလောင်းတစ်ယောက်ဟာ မင်္ဂလာပွဲနေ့မှာ ကျန်းမာနေဖို့အတွက်၊ ဒါ့အပြင် လှပနေဖို့အတွက် အရည်အသွေးကောင်းမွန်ပြီး ကယ်လိုရီနည်းတဲ့ အစားအစာတွေကို ရွေးချယ် စားသုံးပေးရပါမယ်။ အဲဒီထဲကမှ ပဲပိစပ်ဟာ အရသာလည်းရှိပြီး အာဟာရဓာတ်လည်း ပြည့်ဝတဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။

မင်္ဂလာပွဲမတိုင်မီမှာ အလှအပဆိုင်ရာ နည်းလမ်းများကို ကြိုတင်ပြင်ဆင်လေ့လာထား ပါ။

မင်္ဂလာပွဲမတိုင်မီမှာ အရေပြားဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးပြီး သတို့သမီး တစ်ယောက်အနေနဲ့ အကောင်းဆုံးအသား အရေ အနေအထားရရှိပိုင်ဆိုင်နိုင်အောင် အစီအစဉ် ရေးဆွဲပါ။ အစားအသောက်နဲ့ လေ့ကျင့်ခန်းကို စနစ်တကျ ပြုလုပ်ပေးခြင်းရဲ့ အကောင်းဆုံးအကျိုးရလဒ်အပြင် ဝိတ်ကျသွား ခြင်းကို ရရှိမှာဖြစ်ပါတယ်။ ဒါ့ပြင် မင်္ဂလာပွဲ ကျင်းပမယ့် သတို့သမီးတစ်ဦးရဲ့ အသားအရေ နဲ့ သင့်တော်မယ့် အလှကုန်ပစ္စည်းတွေ အသုံး ပြုပေးခြင်း၊ မှန်ကန်တဲ့ အရေပြားကုသမှုခံယူခြင်း မျိုးကို စနစ်တ ကျလုပ်ဆောင်သွားပါ။ ဒါဟာ သတို့သမီးရဲ့ အသားအရေအတွက် အကောင်း ဆုံးအကျိုးရလဒ်ကို ဖြစ်ပေါ်စေမှာပါ။ ဒီလို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို မင်္ဂလာပွဲနောက်ဆုံးမိနစ်ရသည်အထိ မချိုး ဖောက်မိပါစေနှင့်။ ဒါ့ပြင် သတို့သမီးရဲ့ အသား အရေနဲ့ ခန္ဓာကိုယ်အကောင်းဆုံးကျန်းမာနေစေ ဖို့အတွက် ဆရာဝန်နှင့် ကြိုတင်ပြသပြီး လိုအပ် သည့်ဆေးဝါးများ မှီဝဲထားပါလို့ အကြံပြုပါရစေ။ သတို့သမီးတိုင် စိုပြည်တောက်ပတဲ့ လှပမှုကို ပိုင်ဆိုင်နိုင်ကြပါစေ။

အေမီချို

↧

စကားပြောသော နှင်းဆီများ

$
0
0

နှင်းဆီဆိုတာ ဒဏ္ဍာရီဆန်တဲ့ ပန်းတစ်ပွင့် လို့ဆိုရင် ငြင်းသူရှိမယ်မထင်ပါဘူး။ သင်းပျံ့တဲ့ နှင်းဆီရဲ့ ရနံ့၊ လှပတဲ့နှင်းဆီရဲ့ အရောင်အသွေး တွေအပြင် မာကျောခက် ထန်လှတဲ့ နှင်းဆီရဲ့ ဆူးတွေကြောင့် ပန်းတို့အလယ် ဧကရီတစ်ပါး သဖွယ် ဝင့်ကြွားနေနိုင်တာလည်း နှင်းဆီရဲ့ အလှတစ်ပါးပါပဲ။ နှင်းဆီကို မိန်းကလေးတွေ သာ ချစ်မြတ်နိုးရုံမက ပုရိသယောက်ျားတွေက လည်း မျက်ကွယ်ပြုလို့မရနိုင်ပါဘူး။ ဘာလို့လဲ ဆို နှင်းဆီဟာ ချစ်ရေးချစ်ရာဘာသာရပ်တွေနဲ့ တစ်သားတည်း ကျွမ်းဝင်နေ တာကြောင့်ပေါ့။

အဲဒီနှင်းဆီပန်းတွေမှာ သူတို့ရဲ့အရောင် အဆင်းတွေအလိုက် အဓိပ္ပာယ်တွေလည်း အမျိုးမျိုးပိုင်ဆိုင်ထားကြတာကို နှင်းဆီချစ်သူ တွေသိစေဖို့ မျှဝေတင်ဆက်ပေး လိုက်ပါတယ်။

Red Rose (နှင်းဆီနီ)

ချစ်ခြင်းမေတ္တာနဲ့ ကဗျာဆန်တဲ့ အချစ်ရဲ့ ရသတွေကို ဖော်ဆောင်နေတာကတော့ နှင်းဆီ နီးလေးတွေပါ။ တစ်ကမ္ဘာလုံးက လူသားတွေ လက်ခံယုံကြည်ထားတာ က နှင်းဆီနီနီလေးတွေ ဟာ အချစ်စစ်အချစ်မှန်ကို ကိုယ်စားပြုတာပါ တဲ့။ ဒါ့အပြင် ဂန္ထဝင်ဆန်မှု၊ ရိုသေလေးစားမှုနဲ့ ချစ်ခြင်းရဲ့ အသက်ဝိညာဉ်အဖြစ် တင်စားလေ့ ရှိတဲ့ နှင်းဆီနီလေးတွေကို ဘာသာရေးအခမ်း အနားတွေနဲ့ စစ်ရေးပြအခမ်းအနားတွေမှာပါ အသုံးပြုကြတာကိုလည်း အထင်းသားတွေ့မြင် နေကြရပါတယ်။ အဓိက အသုံးပြုနိုင်တဲ့နေရာ တွေကတော့ လူပျိုလှည့်ပိုးပန်းတဲ့အခါ ပထမ ဆုံး ချိန်းတွေ့ကြတဲ့အခါနဲ့ ယောက်ျားလေးတွေ ဘီယာသောက်လာတာမျိုး အပြစ်တစ်စုံတစ်ရာ လုပ်မိတဲ့အခါမျိုးမှာ ကိုယ့်ချစ်သူဆူမှာကို ကြိုဖုံး တဲ့အနေနဲ့ လက်ဆောင်ပေးတဲ့အခါမျိုးတွေမှာ  သုံးသင့်ပါသတဲ့။

Yellow Rose (အဝါရောင်နှင်းဆီ)

အဝါရောင်နှင်းဆီတွေကိုတော့ ချစ်ခင်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေအကြားမှာ အသုံးများ ပါတယ်။ နှင်းဆီအဝါဟာ နေရဲ့အရောင်နဲ့ တူညီနေတာကြောင့် သူ့မှာ   နွေးထွေးမှုတွေ အလိုလိုတည်ရှိနေပါသတဲ့။ ဒါ့အပြင် ပျော်ရွှင် ကျေနပ်ဝမ်းမြောက်ခြင်းနဲ့ ရင်းနှီးချစ်ကြည်တဲ့ အဓိပ္ပာယ်တွေ ပြည့်ဝနေတာကြောင့် တစ်စုံတစ် ယောက်ကို ချီးမြှင့်ချင်တဲ့အခါမျိုးမှာ နှင်းဆီပန်း အဝါလေးတွေကိုသာ လက်ဆောင်ပေးစေလိုပါ တယ်။ တဏှာမပါတဲ့ ချစ်ခြင်းမေတ္တာတရားကို ဖော်ပြတဲ့နေ ရာမှာလည်း နှင်းဆီ အဝါလေးတွေ က သူ့ကို ဘယ်လောက်တန်ဖိုးထားတယ်ဆို တာကို အလိုလိုပြောပြပေးနိုင်ပါသတဲ့။ဒါကြောင့် ကိုယ်ကဂရုစိုက်ကြောင်း၊ ခင်မင်မှုကိုအလေး ထားကြောင်း   နှစ်ယောက် ကြားက ဆက်ဆံရေးကောင်းမွန်မှုရှိနေတယ် ဆိုတဲ့အကြောင်း ဖော်ပြလိုတဲ့အခါတွေမှာ နှင်းဆီဝါဝါလေးတွေကို သုံးလိုက်ပါတဲ့နော်။

White Rose (နှင်းဆီဖြူ)

မွန်မြတ်ခြင်း၊ သန့်စင်ခြင်း၊ ဖြူစင်ရှင်းသန့် ခြင်း၊ ညှာတာထောက်ထားခြင်းနဲ့ ယုံကြည်သက် ဝင်မှုတွေကို ဆောင်ကြဉ်းပေးနေတာကတော့ နှင်းဆီဖြူဖြူလေးတွေ ပါပဲ။   နှင်းဆီနီတွေကို ချစ်ခြင်းရဲ့ သင်္ကေတလို့ မသတ်မှတ်ခင်တုန်းက ဆို နှင်းဆီဖြူလေးတွေကိုသာ စစ်မှန်တဲ့ချစ်ခြင်း တရားအဖြစ် စံထားခဲ့ကြပါတယ်။ အခုဆိုရင် တော့   နှင်းဆီဖြူလေးတွေဟာ စစ်မှန်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတွေအပြင် အချစ်သစ် တစ်ခုရဲ့ အသန့်စင်ဆုံးဆိုတဲ့ အနေအထားတွေ ကိုပါ ပိုင်ဆိုင်ထားခဲ့ပါပြီ။   ရောမလူ သားတွေ အကြားမှာတော့ နှင်းဆီဖြူဟာ တစ်ချိန်က အင်မတန်နာမည်ကြီးခဲ့ပါသတဲ့။ ဒီလို ဂုဏ် သတင်းကြီးတဲ့ နှင်းဆီဖြူလေးတွေကိုတော့ ပါတီရဲ့ အဆင်တန်ဆာ အဖြစ်လည်းကောင်း၊ ခန္ဓာကိုယ်လိမ်းတဲ့ အမွှေးဆီအဖြစ်လည်း ကောင်း၊ သောက်ရေထဲမှာ ရနံ့မွှေးစေဖို့လည်း ကောင်း သုံးခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ထာဝရ မသေဆုံးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြ တဲ့အခါ အချစ်သစ်တစ်ခုကို သန့်စင်စွာ မွေးဖွားတဲ့အခါ ဇနီးဖြစ်သူကို ပထမဆုံးလက် ထပ်ရက်မှာ လက်ဆောင်ပေးတဲ့အခါတွေမှာ အသုံးပြုလာကြတဲ့ နှင်းဆီဖြူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝဝဝ ခန့်က ရောမမှာ စတင်သန္ဓေ တည်ခဲ့တယ်လို့ ဆိုပါတယ်။

Pink Rose (ပန်းရောင်နှင်းဆီ)

ရေမွှေးနှင်းဆီလို့ လူတွေခေါ်ဝေါ်သမုတ် တဲ့ ပန်းရောင်နှင်းဆီလေးတွေကတော့ မိန်းမ ဆန်ခြင်း၊ ကြော့ရှင်းတင့်တယ်ခြင်း၊ ကျက်သရေ ရှိခြင်း၊ တန်ဖိုးထားခြင်း၊ ဂုဏ် တင်ခြင်းနဲ့ချစ်ခြင်း တရားတွေကို ဖော်ဆောင်ရာမှာ အသုံးတည့်လှ ပါတယ်။ ကဗျာဆန်တဲ့ ချစ်ခြင်းတရားတွေ၊ ချိုမြိန်လှတဲ့ ချစ်မေတ္တာတွေမှာလည်း ပန်းရောင် နှင်းဆီေ တွဟာ ပါဝင်ပတ်သက်နေပြန်ပါတယ်။ ပန်းဆီရောင်နှင်းဆီလေးတွေကို တစ်စုံတစ်ဦးကို ကျေးဇူးတင်ကြောင်း ပြောချင်တဲ့အခါ အသုံးပြု နိုင်ပြီး ပန်းနုရောင်နှင်းဆီတွေ ကိုတော့ နူးညံ့ သိမ်မွေ့ခြင်း၊ နှစ်သက်သဘောကျခြင်းတို့ကို ဖော်ပြချင်တဲ့အခါ သုံးနိုင်ပါသတဲ့။ ဒါကြောင့် ဆရာမကို ပန်းလက်ဆောင်ပေးတဲ့အခါ၊ တစ်စုံ တစ်ရာကို နက်နက်ရှိုင်းရှိုင်း အဓိပ္ပာယ်ဖော်လို တဲ့အခါ ချစ်ခင်ရသူတွေ နေမကောင်းလို့ သတင်းသွားမေးတဲ့အခါကိုယ့်ရဲ့ဂရုတစိုက်ရှိမှု ကို ဖော်ပြပေးနိုင်တာက ဒီပန်းရောင်နှင်း ဆီလေး တွေဆိုတာ မမေ့ကြနဲ့နော်။

Lavender Rose  (ခရမ်းရောင်နှင်းဆီ)

ခေတ်သစ်ရဲ့သမီးပျိုတစ်ပါးလို့ တင်စား လိုက်ချင်တာကတော့ လာဗင်ဒါနှင်းဆီလေးတွေ ပါ။ ခေတ်မီနည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ ပြုပြ င်ပြောင်းလဲမှုတွေနဲ့အတူ ခရမ်းရောင်နှင်းဆီလေးတွေကို စိုက်ပျိုးရေး ပညာရှင်တွေက ထုဆစ်လိုက်ခဲ့ပြီမို့ သူ့ရဲ့ဘာသာ စကားတွေကကော ဘာတွေများဖြစ်နေမလဲလို့ နားစွင့်ကြည့်လိုက်ကြရအောင်နော်။ နှင်းဆီ သုတေသီတွေရဲ့ပြောကြားချက်အရ ခရမ်းရောင် နှင်းဆီလေးတွေဟာ တော်ဝင်မှုကို ကိုယ်စားပြု ပြီး မဟာဆန်မှု၊ ခံ့ညား ထည်ဝါမှုနဲ့ ကြီးမြတ်မှု တွေကို ဖော်ပြပေးနိုင်ပါသတဲ့။ ဒါ့အပြင် ခရမ်း ရောင်နှင်းဆီလေးတွေဟာ အလွန်ရှားပါးပြီး မယုံနိုင်လောက်တဲ့ အမြင်အာရုံခံစားမှုကိုပါ ပေး စွမ်းနိုင် ပါသေးတယ်။ သူ့မှာ အထင်ကြီးစေ လောက်တဲ့ ဖမ်းစားနိုင်မှုရှိတာကြောင့် ကဗျာ ဆန်တဲ့ အချစ်ညလေးတစ်ညကို သူနဲ့အတူ ပုံဖော်သင့်ပါတယ်တဲ့လေ။အကယ်၍ များ ကောင်မလေးတစ်ယောက်နဲ့ တစ်ခါမှမတွေ့ဖူး ဘဲ ရင်းနှီးကျွမ်းဝင်မိနေတယ်ဆိုပါတော့။ အဲဒီ ကောင်မလေးကို အပြင်မှာလူချင်းတွေ့ကြဖို့ ပထမဆုံးချိန်းကြ တဲ့အခါမျိုးမှာ ဒီခရမ်းရောင် နှင်းဆီတွေကို လက်ဆောင်ပေးလိုက်ပါတဲ့။ ဒါဆိုရင် ဒီနှင်းဆီလေးတွေက သူမကို မမြင်ခင် ကတည်းက ရင်မှာကျွမ်းဝင်မိနေပြီဆိုတာ ကို ဖော်ပြပေးပါလိမ့်မယ်တဲ့။ နောက်ပြီး ရှားပါးလှ တဲ့အတွက် ကိုယ့်ရဲ့မေတ္တာက ဘယ်လောက် ရှားပါးအဖိုးတန်သလဲဆိုတာကိုပါ အလိုလို သိစေပြီးသားလည်း ဖြစ် သွားနိုင်ပါသတဲ့။

Peach Rose (လိမ္မော်ရောင်နှင်းဆီ)

အဝါနဲ့အနီကို ပေါင်းစပ်ထားတဲ့ နှင်းဆီ တစ်မျိုးဖြစ်လို့ သူကတော့ စွမ်းရည်ထူးတဲ့သူလို့ ဆိုရမှာပါ။ အဝါရောင်ရဲ့ ရင်းနှီးချစ်ကြည်မှုနဲ့ အနီရောင်ရဲ့ ချစ်ခြင်းမေတ္တာတွေ ကို ပေါင်းစပ် ထားတဲ့ လိမ္မော်ရောင်နှင်းဆီတွေဟာ ပေါင်းကူး တံတားတစ်စင်းလိုပဲ ဆောင်ရွက်ပေးနေပြန်ပါ တယ်။ သူ့ရဲ့ ကိုယ်ပိုင်ဘာသာစကားတွေကတော့ လိုအင် ဆန္ဒ၊ စိတ်အားတက်ကြွမှုနဲ့ ပြင်းပြတဲ့ အာသီသတွေပါပဲ။ ဒါ့အပြင် ဆွဲဆောင်မှုအပြည့် ရှိတဲ့သူဟာ တစ်စုံတစ်ဦးကို လက်ဆောင်ပေးတဲ့ အခါ ”ငါ မင်းအတွက် ဂုဏ်ယူ တယ်ကွာ” လို့ ဆိုလိုက်သလို ဖြစ်စေမှာပါတဲ့။ နောက်ပြီး သူဟာ ဟန်ဆောင်တတ်သူလည်းဖြစ်တာ ကြောင့် သင့်ရဲ့ဥယျာဉ်ထဲမှာ သူ မပွင့်တဲ့အခါ သူဟာ ကပ်ပါးပိုးတွေ၊ ဆိုးရွားတဲ့ မိုးလေဝသ နဲ့ မုန်တိုင်းတွေကို အားပျော့စေအောင် ဟန်ဆောင်ထားတာလို့ အလိုလိုသိနေရပါမယ် တဲ့။ မိန်းမသားတစ်ဦးရဲ့ ပါးပြင်ကဲ့သို့ အရောင် အသွေးကို ပိုင်ဆိုင်ထားတဲ့ လိမ္မော်ရောင်နှင်းဆီ လေးတွေက ရှင်းသန့်ရိုးသားမှုကို ကိုယ်စားပြုစေ တာကြောင့်လည်း ချစ်သူကောင်မလေးတွေ စိတ်ရှုပ်ထွေးနေတဲ့အခါမျိုးမှာ လိမ္မော်ရောင် နှင်းဆီလေးတွေပေးပြီး အမှတ်ယူနိုင်ပါသေး တယ်တဲ့လေ။

ခိုင်သဇင်

↧

Cultural Stream

$
0
0

Model             : Lain Maw Thee
Make-up        : Lin Lin ( Lanmadaw )
Designer        : Htay Htay Tin ( Shi Mi Zu )
Photo              : Kansuho ( Black & White Studio )
Arranged by : Thida Soe

ဒီတစ်လ မှာလည်း မွန် တိုင်းရင်းသား အဆင်လေးတွေကို မွန် တိုင်းရင်းသူဖြစ်တဲ့ အဆိုတော် လိမ္မော်သီးနဲ့ ရိုက်ကူး ပုံဖော်ထားပါ တယ်။ မွန် တိုင်းရင်းသားတွေ နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တချို့ကို လေ့လာ မိသလောက် ဖော်ပြပေးချင်ပါတယ်။ မွန်အမျိုးသားက လည်ကတုံး အဖြူနဲ့ အဖြူပေါ်မှာ အနီကွက်ပါ တဲ့ တိုက်ပုံကို အပေါ် က ထပ်ဝတ်ပါတယ်။ တိုက်ပုံရဲ့ ကြယ်သီးနေရာ မှာ ကြိုးချည်လေးတွေ ပါပါတယ်။ ပုဆိုးကလည်း အနီရောင်ပေါ် မှာ အကွက်လေးတွေ ပါပါတယ်။ တိုက်ပုံမှာ အနီ ကွက်လေးတွေ ပါတာက လယ်သမားတွေကို ကိုယ်စားပြု ထားတာပါ။ မွန်တိုင်းရင်းသားတွေ ထဲမှာ မွန်အမျိုးသမီး ဆိုရင်တော့ အင်္ကျီအဖြူ ရောင် နဲ့ ထဘီ အနီရောင်ကို ဝတ်ဆင် ကြပါတယ်။ အင်္ကျီအဖြူရောင် လက်ရှည်၊ လည်ပင်းက လည်ဝိုင်းလေးနဲ့ ခါးတင်လေး ဝတ်ကြပါတယ်။ အရှေ့ဘက် မှာတော့ ကြယ်သီး လိုနေရာမှာ ကြိုးလေးတွေ ကို ဖဲပြားပုံစံစည်း ထားပါတယ်။ ပဝါအနီရောင်ကို ဘယ်ဘက်ပခုံးမှာ ပဝါတင် ပြီး ညာဘက်မှာ ချထားပါတယ်။ မွန်ဟင်္သာ ရင်ထိုးလေးကို ဘယ်ဘက်မှာ တင်ထားတဲ့ ပဝါပေါ်မှာ တပ်ထားပါတယ်။ မွန်တိုင်းရင်းသား ဝတ်စုံကို မွန် အခမ်းအနားတွေမှာ ဝတ်ဆင်ကြ ပါတယ်။ မွန်အမျိုးသားနေ့ နဲ့ ဘုရားသွား ၊ ကျောင်းတက် ရင်လည်း ဝတ်ဆင်ကြပါတယ်။ မွန်အဆင်က တစ်ဆင်ပဲ ထွက်တာပါ။ အရောင် အနေ နဲ့ကတော့ ယနေ့ခေတ်မှာ ရောင်စုံလေး တွေ ဝတ်လာကြတာ ကို တွေ့ ရပြီး ရွှေခြည် ၊ ငွေခြည်လေးတွေ အသုံးပြု လာတာကိုလည်း တွေ့ရပါတယ်။ စီးကွင့်လေးတွေနဲ့ ပန်းပွင့်ဖော် ထားတာ ကိုလည်း တွေ့လာရပါတယ်။ မွန်ရိုးရာ ဝတ်စုံကို ရိုးရာ လည်း မပျက်အောင် ယနေ့ ခေတ်နဲ့ လျော်ညီအောင် ဖန်တီးလာကြတာကို တွေ့ရပါတယ်။ မွန်တိုင်းရင်းသား ဝတ်စုံမှာ မိန်းမပျိုအဆင်၊ အိမ်ထောင်သည် အဆင် ဆိုပြီး ခွဲခြား ထားတာ မရှိပါဘူး။ မွန် တိုင်းရင်းသား အစားအစာတွေက ဗမာ အစားအစာတွေနဲ့ သိပ်မကွာလှပါဘူး။ မွန်ရိုးရာ အစားအစာ ဆိုရင် မွန်ရိုးရာ သင်္ကြန်ထမင်း၊ မုန့်ဖက်ထုပ် စသဖြင့် မုန့်အမျိုးမျိုး ရှိပါတယ်။ မုန့်နဲ့ ပတ်သက်တဲ့ ပွဲတော်တွေ မှာတော့ အုန်းထမင်း နဲ့ ကြက်သား ဟင်းကို အဓိက ကျွေးကြပါတယ်။ ပွဲတော်တွေ ထဲမှာ ဆိုရင် မွန်တိုင်းရင်းသားတွေ အလေး အနက်ထားတဲ့ မွန်အမျိုးသားနေ့ ရှိပါတယ်။ မွန်အမျိုးသားနေ့ ကတော့ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ပါ။ ကျန်တဲ့ ဘာသာရေး ပွဲတွေ ကတော့ ဝါဆိုလပြည့်နေ့ သီတင်းကျွတ်၊ တန်ဆောင်မုန်း ပွဲတော်တွေက ဗမာတွေနဲ့ အတူတူပါပဲ။ မွန် တိုင်းရင်းသားတွေက ဗုဒ္ဓဘာသာ ကိုးကွယ် ကြသူတွေပါ။ လတိုင်း လတိုင်းမှာတော့ ဘာသာ ရေးနဲ့ ဆက်နွှယ်တဲ့ ပွဲတော်တွေ ရှိနေပါတယ်။ သီတင်းကျွတ် နောက်ပိုင်းမှာ ဆိုရင်တော့ မွန်ရွာတွေမှာ ဘုရား ပွဲတော်တွေ ရှိပါတယ်။
မွန် တိုင်းရင်းသားတွေ ရဲ့အကက အပေါ်ယံ ကြည့်လိုက်ရင် ဗမာအက နဲ့ ဆင်တယ်လို့ ထင်ရပေမဲ့ ကွဲပြားတာတွေ ရှိပါတယ်။ အမျိုးသားတွေ တစ်ဖွဲ့၊ အမျိုးသမီးတွေ တစ်ဖွဲ့ ဟိုဘက်ဒီဘက် အပြိုင်အဆိုင် မေးကြ၊ ပြောကြ၊ ဥာဏ်စမ်းကြတာကို မွန်လို စမားရွက် လို့ ခေါ်ပါ တယ်။ စမားရွက် ဆိုတာက သီချင်းလည်း ဆိုတယ်၊ ကလည်း ကကြတာ ကို ပြောတာပါ။ ဟင်္သာအဖို၊ အမ အကလည်း ရှိပါတယ်။ မိကျောင်း တူရိယာတီးပြီးတော့ မွန်က ကတာ တွေလည်း ရှိပါတယ်။

မွန်ပြည်နယ်မှာ ရှိတဲ့ အထင်ကရ နေရာ တွေကတော့ ကျိုက်မရောမြို့မှာ ဆိုရင် ရှင်စောပု ဘုရင်မ တည်ထားတဲ့ ကျိုက်မရော ဆုတောင်း ပြည့် ဘုရားရှိတယ်။ တန်ခိုး ကြီးတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားရှိတယ်။ ကျိုက္ခမီရေလယ် ဘုရားရှိတယ်။ မော်လမြိုင်မြို့ တောင်ပေါ် ဘုရား တွေလည်း တန်ခိုးကြီး ပါတယ်။ မော်လမြိုင်မြို့ ပေါ် မှာ ဆိုရင်တော့ ကျိုက်သလ္လံ ဘုရားနဲ့ ကျိုက်သုတ် ဘုရားတွေကလည်း ထင်ရှားပါ တယ်။

မွန် မင်္ဂလာဆောင်တွေမှာ မွန်ရိုးရာ ဝတ်စုံ ကိုပဲ ဝတ်ဆင်ကြပါတယ်။ ဧည့်ခံတဲ့ အစား အသောက်တွေ ကတော့ ခေတ်တွေပြောင်းလာ တဲ့အခါမှာ အဆင်ပြေ တာလေးတွေ လုပ်ပြီး ဧည့်ခံကြတာလည်း ရှိပါတယ်။ ထမင်း ကလည်း အခုအထိ ကျွေးနေကြတုန်းပါပဲ။ မွန်တွေ မင်္ဂလာဆောင် ဆိုရင်လည်း အသိုင်း အဝိုင်း ခပ်များများ ဖိတ်ပါတယ်။ ရွာတွေမှာ ဆိုရင်တော့ ရွာလုံးကျွတ် ဖိတ်ကြပါတယ်။ ရန်ကုန်မှာတော့ နေရာဒေသပေါ် မူတည်ပြီး တည်ခင်း ဧည့်ခံရပါ တယ်။ ရန်ကုန်မှာ မွန်တွေ မင်္ဂလာဆောင်ရင် မွန်ရိုးရာ အကလေးတွေ ထည့်လာကြတာ တွေ့ ရပါတယ်။ မိကျောင်း တူရိယာ တီးပြီး မွန်အက လေးကို ငြိမ့်ငြိမ့်ညောင်းညောင်း ရိုးရာ အတိုင်း က ကြတာ ကို တွေ့ရပါတယ်။

↧

မယ့်ကျောပြင် လက်တင်ရပ်လို့ မတ်တတ်ကယ်ငို

$
0
0

တစ်ဖြိုက် နှစ်ဖြိုက် ရွာချထား သော မိုးကြောင့် အေးစိမ့်နေသည်။ သစ်ပင်ပန်းမန်တို့လည်း စိမ်းစို လန်းဆန်းနေသည်။ တွဲရရွဲခိုနေ သော မိုးရေစက်ကြောင့် သစ်ရွက် လေး များ ရွှန်းလက်တောက်ပနေ ၏။

စိန်ပန်းနီနှင့် ငုဝါပန်းတို့ လည်း ဝေတချို့ ကြွေတချို့နှင့်။ စပါးပင်တို့ကြားတွင် အစာရှာနေ သော ဗျိုင်းလည်ရှည်တို့ကို မြင်ရ သည်မှာ မိုးဦးပန်းချီကားတစ်ချပ် ကို ကြည့်နေ ရသလိုပင်။ သည်မြို့ ကို ‘ပန်းဝတ်မှုံ’ ရောက်စက သွားရ လာရ၊ မြင်ရတွေ့ရသမျှ အဆင်မပြေလှ။ ခုတော့ မြင်မြင်သမျှ အကုန်လှနေသည်။

နှီးချော ခမောက်လေးများ ဆောင်းရပြီး ပဲ့ချိတ်၊ ပဲ့ထောင်၊ မော်တော်ကားများနှင့် သွားလာရ သည်မှာ ဝတ်မှုံနှင့် တရင်းတနှီး ဖြစ်လာပြီ။ လှေ၊ သမ္ဗာန်တို့ဖြင့် သွားလာ ရဖန်များတော့ ယဉ်လာ သည်။ မြို့လေးမှာ မကျယ်လှသော် လည်း မြို့၏အလယ်မှ ကျုံမငေး ချောင်းလေးဖြတ်၍ စီးဆင်းနေ သဖြင့် မြို့မှာ နှစ်ခြမ်းကွဲနေသည်။  မြို့ဘက်ြ ခမ်းမှာ အိမ်ကြီးအိမ် ကောင်းနှင့် တိုက်အိမ်များရှိသည်။ ဆေးရုံ၊ အထက်တန်းကျောင်း၊ ဈေး၊ သင်္ဘောဆိပ်၊ ရုပ်ရှင်ရုံနှင့် ရဲစခန်းလည်းရှိသည်။ ဝတ်မှုံနေ သော အုန်းပင် ဘက်ကမ်းတွင် ‘သ/မဆေးခန်း’ သာ ရှိသည်။

တမင်ခွဲခြားထားခြင်းမဟုတ် သော်လည်း ကွဲပြားနေသည်မှာ အမှန်ပင်။ သမဆေးခန်းသို့ ဆရာ ဝန်အသစ်ရောက်နေပြီဖြစ်သော သတင်းကြောင့် တစေ့တစောင်း လာကြည့်နေကြသည်။ ဝါရွှေရောင် အသားနှင့် နုနယ်ငယ်ရွယ်သော ဝတ်မှုံ၏ အလှကို ချီးမွမ်းကြ၏။ တချို့လည်း ပေါ်တင်ကြီးလာကြည့် ပြီး ပြောသွားတတ်သည်။ ဆရာ ဝန်အသစ်က ငယ်ငယ်ချောချော လေးတဲ့။ ကြားနေရသော စကား သံများကြောင့် ရှက်ပြုံးနှင့် မျက်နှာ လွှဲနေရသည်။

”ဆရာဝန်မလေးကို မြင်ရ တာနဲ့ ရောဂါသက်သာပါပြီ” ဟု ရယ်ရယ်မောမောပြောလာကြ သည်။ နယ်မြေစိမ်းသော်လည်း ဒေသခံလူများက မစိမ်းခြင်းကို မြင်ရတော့ ဝတ်မှုံပျော်လာသည်။ ကျုံမငေးမြို့လေးကို ရောက်သည် မှာ နှစ်လကျော်သာရှိသော်လည်း ရန်ကုန်ပြန်သည်မှာ လေးခေါက် ရှိနေပြီ။

အခု တစ်စတစ်စနှင့် နေရ ထိုင်ရခြင်းများ အဆင်ပြေလာသည် နှင့်အမျှ ရန်ကုန်ကို ခဏခဏ မပြန်ဖြစ်တော့။သည်နေ့ ဆေးခန်းသို့ ဝတ်မှုံ စောစောရောက်သည်။ဆရာမ ကြီး ‘နော်အဲသယ်’ က ဆေးထိုးပိုက်များဖြုတ်ရင်းမှ လှမ်းနှုတ်ဆက်သည်။ ဆရာမကြီး ကို ပြုံးပြပြီး လူနာကြည့်ခန်းထဲ ဝင်လိုက်၏။ အခန်းထဲတွင် နှင်းဆီ ပန်းနံ့လေး သင်းနေသည်။ စားပွဲ တင်ပန်းအိုးထဲတွင် နှင်းဆီပန်းများ ထိုးစိုက်ထားပုံက လှနေ၏။ ဆရာမကြီး၏ လက်ရာပဲဟု သိလိုက်သည်။

ဆေးခန်းတာဝန်ခံ ကိုအောင် မြင့် ရောက်လာသဖြင့် ဗီရိုဖွင့်သံ ကြားရသည်။ အတန်ကြာမှ

”ဒေါက်တာစောစောရောက် နေလား၊ ဘာစားပြီးပြီလဲ”

”မစားရသေးဘူး ကိုအောင် မြင့်၊ ဒီမှာပဲ တစ်ခုခုစားတော့ မယ်”

ကောင်းတာပေါ့ဟု ပြောပြီး ဆေးခန်းရှေ့မှ မုန့်ဆိုင်သို့ မုန့်ဟင်း ခါးလှမ်းမှာသည်။ သူ့စားပွဲပေါ်မှ စာရင်းစာအုပ်များကိုဖွင့်၍ စာရင်း လုပ်သည်။ မုန့်ဟင်းခါးပန်းကန် များရောက်လာတော့ ဟင်းရည် များများထည့်ထားသော ပန်းကန် ကို ဝတ်မှုံယူသည်။ ကိုအောင်မြင့် နှင့် ဆရာမကြီးကတော့ သူတို့မြို့ ဓလေ့အတိုင်း မုန့်ဟင်းခါးဟင်း ရည် နည်းနည်းနှင့် ပဲမှုန့်များများ၊ ဆီချက်များများ ထည့်၍စားကြ သည်။ မုန့်ဟင်းရည်ကို ပုစွန်ဥ ကြော်များဖြင့် ချက်ထားသဖြင့် မွှေးမွှေးချိုချိုလေးဖြစ်သည်။ မုန့် စားပြီး သည်နှင့် ကိုအောင်မြင့်က ပိုက်ဆံရှင်းပေးသည်။

ဆရာမကြီးက ရေနွေးငှဲ့ပေး ပြီး ညက မိုးအေးအေးကြောင့် အိပ်ကောင်းကြောင်းပြောသည်နှင့် ဝတ်မှုံပခုံးတွန့်လျက် …

”ဝတ်မှုံဖြင့် ပါလာတဲ့စောင် တွေ အကုန်ခြုံထားရတယ်” ပြော တော့ ကိုအောင်မြင့်ရယ်သည်။ အတော်ချမ်းတတ်တာပဲဟု ပြော နေသည်။

”ကျွန်မတို့ကတော့ မိုးအေး လေ ကြိုက်လေပဲ ဒေါက်တာရဲ့”

ဆရာမကြီး၏ ရယ်ကျဲကျဲ စကားဆုံးတော့ လေဖြတ်နေဦး မယ်ဟု ကိုအောင်မြင့်က လှမ်း နောက်သည်။

ကိုတင်မောင် ရောက်လာစဉ် နှာရည်တရှုံ့ရှုံ့နှင့်မို့ ဝိုင်းရယ်ကြ၏။ ဆေးကောင်တာထဲဝင်၍ ဆေး ပုလင်းတွေထုတ်သည်။ သူက ဆေးပေးရသူဖြစ်၍ သူ့ဘာသာ ဆေး ရှာသောက်သည်။ အတန်ကြာ မှ ရေနွေးငှဲ့သောက်ပြီး ညက အအေးမိသွားတာဟုပြောရင်း ရယ်နေသေးသည်။

ချောင်းတဟွတ်ဟွတ်ဆိုး သော လူနာတစ်ယောက်စ နှစ်ယောက်စ ရောက်လာပြီ။ ခင်မင်သိကျွမ်းသူတွေချည်းမို့ ကိုတင်မောင်က ထေ့ထေ့ငေါ့ငေါ့ ပြောနေသည်။

”မိုးက တစ်ပေါက်နှစ်ပေါက်ပဲ ရွာရသေးတာ၊ ရောဂါတွေက စလာပြီ၊ ပိုက်ဆံပေါနေကြတယ် ပေါ့လေ”

”အံမယ် … ဆေးခန်း ဝင်ငွေတိုးပါစေတော့လို့ စေတနာ နဲ့ ချောင်းဆိုးရတာနော်”

”စေတနာကို လေးစားပါ တယ်ဗျာ၊ ရောဂါပျောက်ပါစေလို့ ဆုတောင်းပါတယ်။ ဝင်ငွေမတိုး လည်း နေပါစေ”

”အဲဒီစေတနာကြောင့် သမ ဆေးခန်းနာမည်ရနေတာပေါ့ရှင်”

လူနာနှင့် ဆေးခန်းဝန်ထမ်း များ တရင်းတနှီးရှိကြသဖြင့် လူနာ များက ရောဂါတစ်ဝက်သက်သာ သည်ဟု ပြောသည်။ လူနာတစ် ယောက်ပြီးတစ်ယောက် ဆက် တိုက် ကြည့်ပြီးချိန်တွင် နေ့လယ် ဆယ့်နှစ်နာရီထိုးပြီ။ ထမင်းစားချိန် ရောက်ပြီမို့ လက်ဆေးနေစဉ် မိုးမိုးရောက်လာသည်။ ဝတ်မှုံ အတွက် ထမင်းချိုင့်ရောက်တော့ ကိုအောင်မြင့် လည်း အလုပ်များ လက်စသတ်သည်။

”ဘာဟင်းတွေလဲ မိုးမိုး” ဟု မေးသည်။

”မမဝတ်မှုံစားချင်တယ်ဆိုလို့ ပုစွန်တုပ်ကြီးပြုတ်ပြီး သုပ်တယ်၊ ကြာရိုးဟင်းခါးချက်တယ်၊ ကိုကြီးနဲ့ ဆရာမကြီးဖို့ရော ပိုထည့်ပေးလိုက် တယ်”

မိုးမိုးက ရယ်ကျဲကျဲပြော သဖြင့် ကိုတင်မောင်က ငါ့ဖို့ရော မပါဘူးလားဟု မေးသည်။ မျှစား ကြပေါ့ဟု ပြောရင်း ချိုင့်ကို တစ်ဆင့်ချင်းဖြုတ်သည်။

”ဟင်းခါးနံ့မွှေးမွှေးလေးနဲ့ စားကောင်းမှာပဲဟေ့” ဟု ဆရာမ ကြီးက ဝင်ထောက်သည်။ ထမင်း ပွဲပြင်နေစဉ် ကိုအောင်မြင့်အိမ်မှ ထမင်းချိုင့်ရောက်လာသည် ။ ဆေးခန်း တွင်စု၍ ထမင်းစားရခြင်း ကို ဝတ်မှုံပျော်လာသည်။ အစက တော့ ကိုတင်မောင်တို့လိုပင် အိမ် ပြန်စားနေကျ။ နောက်မှ ဆရာမ ကြီးက ဆေးခန်းတွင်စားရန်ပြော သည်နှင့် စားဖြစ်သွားသည်။ မိုးထဲ ရေထဲ ရွှံ့များနှင့် အိမ်ပြန်ရတာ မလွယ်တာလည်း ပါသည်။

ကိုအောင်မြင့်ချိုင့်ထဲတွင် ငါးသလောက်ကျော်၊ ဒန့်သလွန် ရွက်ဟင်းချို၊ ငါးပိကြော်တို့ပါသည်။ ဆရာမကြီးချိုင့်တွင် ဝက်သားဟင်း ပါသည်။ ထမင်းဝိုင်းတွင် ကိုအောင်မြ င့်နှင့် ဆရာမကြီးတို့က တစ်လှည့်စီ ဟင်းထည့်ပေးနေ သဖြင့် ဝတ်မှုံပန်းကန်တွင် ဟင်း များ စုပုံနေတတ်သည်။

ပျော်ရွှင်ဖွယ်ထမင်းဝိုင်းလေး မှ သံယောဇဉ်တွယ်ငင်စရာ ဖြစ် လာမည်ဟု ဝတ်မှုံမတွေးမိခဲ့ပါ။

(ဂ)

အုန်းပင်ဘက်ကမ်းမှ မဟာ သကျမုနိဘွဲ့တော်ခံ ဘုရားကြီးကို ဖူးရန် ဝတ်မှုံနေ့တိုင်းရောက်သည်။ ညနေ ဆေးခန်းပိတ်ပြီး အိမ်ပြန်၊ ရေချိုး ထမင်းစားပြီးမှ လေညင်းခံ ထွက်ကြခြင်းဖြစ်သည်။ ညနေ ဆည်းဆာ၏ အလှကို ဘုရားကြီး ရှေ့ရှိ သံတံတားပေါ်မှ ငေးကြည့် ရသည်ကို ဝတ်မှုံကြိုက်သည်။ မြို့ဘက်ကမ်းနှင့် အုန်းပင်ဘက် ကမ်းကို ဆက်သွယ်ထားသော ဒီတံတားကြီးတည်နေရာကိုလည်း အလှဆုံးဟု ထင်သည်။

အုန်းပင်အုန်းလက်၊ ထန်းပင် ထန်းလက်တို့ ဝေဝေဆာဆာရှိနေ သော အုန်းပင်ကျောင်းစာသင် တိုက်ကို မြင်ရသည်။ တံတား အောက်မှ တသွင်သွင်စီးဆင်းနေ သည့်   ချောင်းမှ အေးမြသော လေညင်းနှင့်အတူ ဆိပ်ဖလူး ပန်းရနံ့ကို ရသည်။ ရေချိုးဆိပ်တွင် ရေချိုးနေသူ၊ လေညင်းခံနေသူများ ကို တံတားပေါ်မှ မြင်နိုင်၏။

မြင်မြင်သမျှ ရှုခင်းအားလုံး မှာ ပန်းချီဆန်နေသည်။ မိုးမိုးက တော့ မလှပါဘူး မျက်စိနောက် တယ်ဟု ပြောသည်။ သံတံတားကြီး လည်း ‘ငယ်ကျွမ်းဆွေ’ လာရိုက်ပြီး ကတည်းက ငယ်ကျွမ်းဆွေတံတား ဟု တွင်နေပြီ။ ချစ်သူစုံတွဲများ လေညင်းခံကြ၊ စကားတွတ်ထိုးကြ နှင့် မျက်စိနောက်တယ်ဟု မိုးမိုး ပြောသည်။ ရယ်နေသော ဝတ်မှုံကို ကြည့်ပြီး မိုးမိုးက …

”ရယ်မနေနဲ့ မမဝတ်မှုံရဲ့၊ အတွဲမရှိတဲ့အပျို လူပျိုတွေလည်း ဒီတံတားပေါ် ခဏခဏလာရင် ဖူးစာရှင်နဲ့ တွေ့တတ်တယ်တဲ့”

”ဟယ် … မဟုတ်နိုင်တာ မိုးမိုးရယ်၊ ဘယ်သူပြောလဲ”

အထိတ်တလန့်ဟန်နှင့် မျက်လုံးလေးဝိုင်း၍မေးသော ဝတ်မှုံကိုကြည့်၍ ရယ်နေသည်။ မယုံရင်နေလေ၊ ဖူးစာရှင်နဲ့တွေ့မှ ယုံပေါ့ဟု မျက်နှာလေးချီ၍ ပြော သည်။ ဆယ့်နှစ်နှစ်ကျော်သာရှိ သေးသော မိုးမိုးကို လူကြီးသူမတွေ က ရယ်စရာပြောထားခြင်းဖြစ်မည် ကို ဝတ်မှုံတွေးမိ၏။ မိုးမိုးကို စချင် စိတ်နှင့် မသိဟန်ဆောင်၍ မေး လိုက်သည်။

”ဖူးစာရှင်ဆိုတာ ဘာတဲ့လဲ မိုးမိုးရဲ့၊ နဖူးမှာ စာရေးထားတဲ့လူကို ပြောတာလား”

”မဟုတ်ဘူးလေ မမရဲ့၊ ဟိုလိုမျိုးအတွဲကို ပြောတာ”

ခပ်လှမ်းလှမ်းမှ စုံတွဲတစ်တွဲ ကို မေးငေါ့ပြပြီး အသေအချာရှင်းပြ နေသော မိုးမိုးကို ဝတ်မှုံက ခေါင်း လေးပုတ်၍ ရယ်သည်။

”မမတို့ ရန်ကုန်မှာ ဒီလိုစုံတွဲ တွေထိုင်ဖို့ ပန်းခြံရှိတယ်ဆို၊ မိုးမိုး တို့ ကျုံမငေးမှာ ပန်းခြံမရှိဘူး”

”ကောင်းတာပေါ့၊ မျက်စိ မနောက်ဘူးပေါ့”

ဝတ်မှုံစကားကို ဟုတ်တယ်ဟု ထောက်ခံ၍ မိုးမိုးရယ်သည်။

”မမဝတ်မှုံက အသက်ဘယ် လောက်ရှိပြီလဲ”

”ဘာလုပ်မလို့လဲ ကလေးရဲ့၊ မမအသက် နှစ်ဆယ့်ခြောက်နှစ် လေ”

”ဟိုလေ ကိုကြီးအောင်မြင့်က နှစ်ဆယ့်ကိုးနှစ်ဆိုတော့ အသက် မကွာလှဘူးပြောမလို့ပါ”

”ဘာဆိုင်လို့လဲ”

”ခုတော့ မဆိုင်သေးဘူးပေါ့ မမရဲ့၊ ဟော ဟိုမှာ မမရဲ့ဖူးစာရှင် ကြီး”

မိုးမိုးက ခိုးခိုးခစ်ခစ်ရယ် လျှက် လက်ညှိုးထိုးပြသည်။ အုန်းပင်ဘက်ကမ်းမှ မြေနီလမ်း အတိုင်း လျှောက်လာသည့် ကိုအောင်မြင့်ကို လှမ်းမြင်ရ၏။ ဝတ်မှုံရင်ထဲ သိမ့်ခ နဲဖြစ်သွားသည်။ ဒီလိုမပြောနဲ့လေဟု ဟန့်လိုက်ပြီး အကြည့်ကို လွှဲထားလိုက်၏။ အမြင်အာရုံတွင် အရပ်မြင့်မြင့်၊ ကိုယ်လုံးပြည့်ပြည့်နှင့် ခံ့ချော ချောသူ ကိုအောင်မြင့် ကို မြင်နေရ သည်။ အနားသို့ရောက်လာသော ကိုအောင်မြင့်က

”ဒေါက်တာတို့ ဒီဘက်လမ်း လျှောက်ထွက်သွားတယ်ဆိုလို့ လိုက်ခေါ်တာ၊ မိုးတွေညို့လာပြီ လေ”

မလုံမလဲပြောသော ကိုအောင်မြင့်ကို ကြည့်ရင်း ဝတ်မှုံ ပြုံးမိသည်။ တမင်လိုက်လာတာကို ဖုံးကွယ်ဟန်ပြုခြင်းဟု နားလည် လိုက်၏။ မိုးမိုးက ပြုံးစေ့စေ့လုပ်၍ မျက်ခုံး ပင့်ပြသဖြင့် ဝတ်မှုံမျက်နှာ ပူချင်ချင်။ ရှက်မျက်ဝန်းကိုလွှဲ၍ ပြန်ကြမှာပါဟု ပြောမိသည်။

”ကိုကြီးကလည်း၊ မမဝတ်မှုံ က မိုးမိုးကို အကြော်ဝယ်ကျွေးဦး မှာလေ”

ကိုကြီးလည်း ဝယ်ကျွေးဟု ပြောရင်း မိုးမိုးက ရှေ့မှ လျှောက် နှင့်ပြီ။ ဝတ်မှုံနှင့်ကိုအောင်မြင့်က ယှဉ်၍လျှောက်စဉ် လမ်းမှာဆုံ သော အသိအကျွမ်းများက နှုတ် ဆက်သည် ။ ဝတ်မှုံမျက်နှာပြုံးရ မလို၊ ငုံ့ထားရမလိုနှင့် အနေခက် သလို ဖြစ်နေပြီ။ အကြော်ဆိုင်တွင် ထိုင်မိကြတော့ မိုးမိုးက အကြော်စုံ မှာသည်။ ဗိုက်ဆာဟန်ပြ၍ အားပါးတရစားေ နသော မိုးမိုးကို ကိုအောင်မြင့်က စူဇကာပဲဟု စသည်။ ဝတ်မှုံစားရန် ပဲကပ်ကြော် ကို လှမ်းပေးရင်း ကိုအောင်မြင့်က ပြုံးပြသည်။

ရင်ခုန်ရခြင်းနှင့်အတူ နှလုံး သားတို့ နွေးထွေးရှိန်းမြနေသည်။ဆည်းဆာချိန်လေး လှပ အေးချမ်းနေတာ မေ့သွားတော့ သည်။

(ဃ)

သည်နယ်တစ်ဝိုက်တွင် ဝတ်မှုံကိုသာ အားကိုးကြသည်။

ဆေးလိုက်သည့် ဆရာဝန်ဟု ယူဆပြီး အိမ်သို့ပင့်သူများရှိသည်။ ဝတ်မှုံကလည်း မညည်းမညူလိုက် ၍ ကုသပေးစမြဲ။ ပိန်းကူးငှက်ကျစ သော ကရင်းရွာများမှပင့်လျှင် အချိန်ကိုကြည့်၍ လိုက်ရသည်။ ညနေပိုင်းဆေးခန်းပိတ်ချိန်မှာ သွားရန်အဆင်မပြေလျှင် နံနက် စောစောသွားကြရသည်။ လူနာ အရေးကြီးလျှင် အရေးကြီးသလို ညနေပိုင်း ဆေးခန်းပိတ်ပြီး သွားရ တတ်သည်။ ယခုလည်း ငှက် ကျေးရွာမှ ကရင်အဘိုးအိုတစ်ဦး အသည်းအသန်ဖြစ်၍ ဆေးခန်း ပိတ်ပြီး လာကြိုသော ရွာသားများ နှင့် လိုက်သွားရသည်။ ဆေးကုသ ပြီးချိန်တွင်လည်း လူနာကို ခေတ္တ စောင့်ကြည့်ရသဖြင့် နေအတော် စောင်းမှ ပြန်ဖြစ်သည်။

ငှက်ကျရွာဘက်မှ အပြန်တွင် မှောင်လုလုဖြစ်နေပြီ။

ကရင်ရွာလေးများဘက်သို့ ဆေးကုသွားလျှင် ခုလိုပင် လမ်း လျှောက်ရသည်။ အောင်မြင်သော စပါးပင်များနှင့် တမျှော်တခေါ် လယ်ကွင်းများကို မြင်ရသည်မှာ ကြည်နူး စရာပင်။ ဝတ်မှုံဆေးကုရန် သွားလျှင် ကိုအောင်မြင့်လိုက်ပါ နေကျမို့ ကြောက်စရာတော့မရှိ။ ဆေးအိတ်ဆွဲ၍ လိုက်ပါတတ်သော ကိုအောင်မြင့်ကို ပါရမီဖြည့်ဘက် ဟု ကိုတင်မောင်တို့က စကြစမြဲ။ ဖေးဖေးမမနှင့် တည်တည်ငြိမ်ငြိမ် ဖြင့် လိုက်ပါစောင့်ရှောက်တတ်၍ ဝတ်မှုံအားကိုးမိသည်။

”ဒေါက်တာ … လျှောက် လို့ ညောင်းရင် ခဏနားလေ”

ကိုအောင်မြင့်စကားကို ခေါင်းညိတ်ပြပြီး ကုက္ကိုပင်ခြေရင်း မှာ ထိုင်ချလိုက်၏။ လျှောက်ရ သောခရီးက အတော်ဝေးသည်။ ကြာကြာနား၍မဖြစ်သည့်အချိန်မို့ ဆက်ေ လျှာက်ရပြန်သည်။ မိုးစုံးစုံး မချုပ်မီ အိမ်ပြန်ရောက်ချင်ပြီ။

တိတ်ဆိတ်မှုကို မလိုလားဟန် ဖြင့် ကိုအောင်မြင့်က စကားစ သည်။

”ခြေလှမ်းသွက်လှချည်လား ဒေါက်တာ၊ ဆာနေပြီထင်တယ်”

”မဟုတ်ပါဘူး ကိုအောင်မြင့် ရယ်၊ မိုးချုပ်သွားရင် လမ်းမီးမှိန်မှိန် လေးနဲ့ မမြင်မစမ်းဖြစ်မှာ စိုးလို့ ပါ”

”ဟုတ်တယ်နော်၊ ကျုံမငေး မြို့မှာ အဲဒီအားနည်းချက်ကို မဖြည့်နိုင်သေးဘူး၊ ဒေါက်တာတို့ ရန်ကုန်မှာတော့ လမ်းမီး၊ အိမ်မီး တွေ အားပြည့်တယ်၊ လင်းထိန်နေ တာပဲ”
ကိုအောင်မြင့်စကားကို ခေါင်းညိတ်ပြရင်း ဝတ်မှုံစိတ်များ ဝေးဝေးရောက်သွားသည်။ ရန်ကုန် မှာဆိုရင် တိုက်လှလှနှင့်ကားလှလှ ပေါ်မှ မဆင်းခဲ့ရ။ ဒရိုင်ဘာမောင်း ပို့သော ခရီးကို သက်သောင့်သက် သာသွားနိုင်သည်။ ခုလောက်ဆို မေမေဘုရားရှိခိုးပြီး၍ တီဗီကြည့် နေလောက်ပြီ။ မေမေတစ်ယောက် တည်း ဝတ်မှုံကို လွမ်းနေမှာ   သေချာသည်။ ဝတ်မှုံကလည်း မေမေ့ကို လွမ်းနေပြီ။ ဆေးကုသရ သော တာဝန်တွေများပြားလှသဖြင့် လူနာကိုထားပြီး ရန်ကုန်မပြန်ဖြစ် သည်မှာ ကြာပြီ။ မေမေ   မျှော်နေ ရော့မည်။ ဝတ်မှုံကို မေမေက သိပ်ချစ်တာ။ တစ်ဦးတည်းသော သမီးဝတ်မှုံကို နယ်ဘက်တွင် အလုပ်မလုပ်စေချင်ခဲ့။ မေမေ့ကို လည်း ဝတ်မှုံလွမ်းလှပါပြီ။
”ဒေါက်တာ … ငြိမ်လှ ချည်လား၊ ရန်ကုန်အကြောင်း ပြောမိတာနဲ့ ရန်ကုန်ကို သတိရ သွားပြီထင်တယ်၊ ရန်ကုန်မှာ လွမ်း ရမယ့်သူ မရှိဘူးမို့လား”

ကိုအောင်မြင့်က ရယ်သံစွက် လျက် မေးတော့ သူပြုံးမိသည်။ သူ့ကို စကားဖြင့် စုံစမ်းခြင်းဟု သိလိုက်ပြီ။

”လွမ်းစရာရှိတာပေါ့ရှင်”

”သြော် …”

ကိုအောင်မြင့်အသံက တိုးတိုးလေးနှင့် တိမ်ဝင်သွားသည်။ သည်မျှ မျက်နှာညှိုးသွားရန်မလိုဟု ဝတ်မှုံတွေးမိ၏။ နှုတ်ဆိတ်ငြိမ် သက်စွာ ဆက်လျှောက်နေရင်းမှ သက်ြ ပင်းချသံသဲ့သဲ့ကို ကြားရ သည်။ တစ်စုံတစ်ခုတော့ အတွေး လွဲနေပြီကို သိလိုက်ပေမဲ့ ဘာမှ မရှင်းပြဖြစ်တော့။

”ဒေါက်တာ ရန်ကုန်ပြောင်း မယ့်နေ့ကျရင် လက်ဆောင်တစ်ခုခု ပေးမယ်၊ အမှတ်တရပေါ့နော်”

”ကောင်းတယ် ကိုအောင်မြင့်၊ ဝတ်မှုံလည်း အမှတ်တရပစ္စည်း သိမ်းရတာ သဘောကျတယ်”

စကားပြောရင်းနှင့် ဝတ်မှုံနေ သော အိမ်သို့ရောက်သည်။ အိမ်ဝ မှာ မိုးမိုးနှင့်ဒေါ်လေးသက်က ဆီးကြိုသည်။ မိုးမိုးက အာသွက် လျှာသွက်နှင့် …

”လာလေ၊ အိမ်ပေါ်တက်ပါဦး ကိုကြီးရဲ့၊ အမောဖြေရင်း လက် ဖက်စားပါဦး”

ကိုအောင်မြင့် ခေါင်းခါသည်။ မျက်နှာတော့ ခပ်မှုန်မှုန်ပင်။

”မတက်တော့ဘူး ကလေး ရယ်၊ ကိစ္စရှိသေးလို့ သွားဦးမယ်”

မိုးမိုးကိုနှုတ်ဆက်ပြီး ဝတ်မှုံ ဘက်လှည့်၍ သွားမယ်နော် ဒေါက်တာဟု ပြောသည်။ ကျော ခိုင်း၍ ခပ်သုတ်သုတ်လျှောက်သွား သော ကိုအောင်မြင့်ကို ကြည့်ရင်း ဝတ်မှုံပြုံး မိသည်။ ရင်ထဲတွင် ကျေနပ်နှစ်သိမ့်သလိုလို၊ ရှက်သလို လိုနှင့် စိတ်မလုံချင်။

”မမဝတ်မှုံ၊ ဘာတွေပြုံးနေ တာလဲ၊ ကိုကြီးအောင်မြင့်ကလည်း အိမ်ပေါ်ကိုတောင် မတက်ဘူး၊ မျက်နှာကြီးကလည်း မှုန်လို့၊ အဟိ … ရန်ဖြစ်လာကြပြီထင်တယ်”

မိုးမိုးက ရွှတ်နောက်နောက် မျက်နှာပေးနှင့်ပြောတော့ ဒေါ်လေးသက်က ဟန့်သည်။ လူကြီးကိုနောက်စရာလားဟု ပြော ရင်း အိမ်ထဲလှည့်ဝင်သွားသည်။ မိုးမိုးက ဇက်ေ လးပု၊ လျှာလေး ထုတ်၍ ပါးစပ်ပိတ်လျက် ရယ် သည်။

ဣနြေ္ဒသိက္ခာကြီးနှင့်နေလေ့ ရှိသော ကိုအောင်မြင့်မှာ နှလုံး သားခံစားမှုကို ဖုံးကွယ်မထားနိုင် ခဲ့။ ညှိုးလျသော မျက်ဝန်းညိုကို မြင်ယောင်သည်။ဝတ်မှုံနှ လုံးသား တို့  နူးညံ့စွာ  ကြင်နာနေမိသည်။

(င)

ကြာပန်း၊ ခဝဲပန်းတို့ လှိုင်လှိုင် ပွင့်သည့်လရောက်ပြီ။

ဝေ့ဝေ့ဝဲဝဲတိုက်ခတ်လာ သော လေပြည်နှင့်အတူ ပန်းရနံ့ တို့ မွှေးသင်းနေသည်။

ရန်ကုန်မှာဆိုလျှင် သီတင်း ကျွတ်ပွဲတော်ကြီး စည်ကားတော့ မည်။ ဝတ်မှုံကတော့ သီတင်းကျွတ် လျှင် ရန်ကုန်ပြန်ဦးမည်ဟု စိတ် ကူး၏။ ဆရာမကြီးနှင့် ကိုအောင် မြင့် က ဆီမီးမျှောပွဲရှိ၍ မပြန်စေ ချင်။ ဆေးခန်းမှ ဝန်ထမ်းများက လည်း ဝိုင်းပြောကြသဖြင့် ဝတ်မှုံမပြန်ဖြစ်တော့။ ကိုအောင်မြင့်၏ ဝမ်းသာဟန်ကို မြင်ရသည်။

လဆန်းရှစ်ရက်နေ့ နံနက် စောစောမှစ၍ ဆွမ်းတော်ကြီးတင် ရန် ဆွမ်းချက်ရသည်။ ကာလသား များက ကြေးမောင်းဝိုင်းဖြင့် အရုဏ်တော်ပါဗျို့ဟု လိုက်လံ နှိုးဆော်ကြ ၏။ လပြည့်ကျော် တစ်ရက်နေ့ နံနက်အထိ ကိုးရက် တိတိ ဆွမ်းတော်ကြီး ကပ်လှူကြ သည်။ ကျုံမငေးမြို့ရှိ မဟာသကျ မုနိဘုရား၊ အတုလ ဗုဒ္ဓစွယ်တော် ဘုရားဆ င်နှစ်ကောင်ဘုရားနှင့် မဟာသုဒဿနဘုရားတို့တွင် ကပ်လှူကြခြင်းဖြစ်၏။ ဆွမ်း၊ သစ်သီး၊ ချိုချဉ်ခဲဖွယ်အစုံ တင်လှူ ကြရသည်မှာ ကြည်နူးစရာပင်။

လပြည့်ကျော် တစ်ရက်နေ့ည ဆီမီးမျှောရန်အတွက် မနက်က တည်းက ပြင်ဆင်ထားရ၏။ ကိုအောင်မြင့်မှာ ဆီမီးတိုင်လုပ်ရန် အလုပ်ရှုပ်နေပြီ။

ဝါးတံလေးများကို တစ်ပေခန့် အရွယ်ညီညီပိုင်းရသည်။ ဝါးတံ တစ်ဖက်ထိပ်တွင် ချည်ခင်ပတ်ပြီး ဆီစိမ်ထားသည်။ ငှက်ပျောအူဖတ် ကို တစ်လွှာချင်းခွာ၍ တစ်တောင် ခန့်အရွယ်တူ ပိုင်းထားသည်။ ငှက်ပျောအူနှစ်ဖက် ကြက်ခြေခတ် ထားသည့်အပေါ်မှ ဆီစိမ်ချည်ခင်တိုင်ကို စိုက်ထိုးရ၏။ ဝတ်မှုံတို့ ရန်ကုန်မှာဆိုလျှင် ပုံစံအမျိုးမျိုး ဖော် ထားသော တရုတ်စက္ကူမီးပုံး များကို အသင့်ဝယ်ယူရုံသာ။ ဆီမီးခွက်လေးများ ထွန်းညှိပူဇော် သူလည်း ရှိသည်။ ကာလသားများ ၏ လက်စွမ်းပြအဖြစ် မီးပုံး၏ ဘေး ပတ်လည်တွင် ကာတွန်းရုပ် များ ဆွဲထားသည်ကိုလည်း တွေ့ရ သည်။ ဝတ်မှုံ၏မေမေက ရောင်စုံ မီးသီးလေးများကို သွယ်တန်း၍ အိမ်၏မျက်နှာစာတွင် အလှဆင် လေ့ ရှိသည်။ ခုနေဆိုလျှင် မေမေ တစ်ယောက်တည်း အလုပ်များနေ ရော့မည်။ မေမေအား ကျုံမငေး ဆီမီးမျှောပွဲ လာစေချင်သော်လည်း မေမေက သူ့အရပ်တွင်သာ ပျော် ပိုက်သူ၊ ရေလမ်းခရီးကို ရှောင်သူ။ ထို့ကြောင့်ပင် ဝတ်မှုံ၏ အိမ်ထောင် ရေးကိစ္စကို မေမေက ဝင်စွက်လို ဟန်ရှိသည်။

ဝတ်မှုံစိတ်က မေမေ့ထံ ရောက်နေစဉ်မှာပင် ကိုအောင်မြင့် ၏ ဆီမီးတိုင်များ အတော်ပြီးနေပြီ။ ကိုအောင်မြင့်သည် အတော် ညောင်းညာနေပုံဖြင့် ခါးဆန့်၍ ကျွတ်ကျွတ်ဟု စုတ်သတ်နေ သည်။

ကိုအောင်မြင့်မှာ တော်တော် ညောင်းညာနေပုံပင်။

”ဆီမီးတိုင်လုပ်ရတာ တော် တော်လက်ဝင်တာပဲနော်”

ဝတ်မှုံစကားကို ကိုအောင်မြင့် က ခေါင်းညိတ်ပြသည်။ ကိုတင် မောင်နှင့် ကိုနီက ခေါင်းတညိတ် ညိတ်လုပ်ရင်း ရယ်ကြသည်။

”မောတော့ မောတာပေါ့ဗျာ၊ ဒါပေမဲ့ မမောဘူးပေါ့ ဒေါက်တာ၊ အနားမှာ ရေပူရေချမ်း ကမ်းလှမ်း သူက ရှိနေတာကိုး”

”ဟာကွာ”

ကိုအောင်မြင့်က ရှက်ဝဲဝဲနှင့် ဝတ်မှုံငှဲ့ပေးသော ရေနွေးကိုယူ သောက်သည်။ ဝတ်မှုံက ဖတ် လက်စမဂ္ဂဇင်းကို ဖွင့်ချည်ပိတ်ချည် လုပ်နေ၏။

”ဒေါက်တာတို့ ညနေစော စော ပြင်ထားနော်”

ဆရာမကြီးက စကားလွှဲ၍ ပြောပြီး ဆေးပစ္စည်းများ သိမ်းနေ သည်။ သမအဖွဲ့မှ အမှုဆောင် တချို့ရောက်လာပြီး စကားဝိုင်းဖွဲ့ သည်။ ကိုနီ၊ ကိုဝင်းတင်နှင့် ဦးစိုးမြင့်တို့ စကားလက်ဆုံကျနေ ပြီ။ ညနေ ဆီမီးမျှောမည့် အစီ အစဉ်ကို ပြောနေကြခြင်းပင်။

”ဆီမီးမျှောတော့ ဝါးဖောင် တွေပေါ်က မျှောရမှာလားဟင်”

”ကမ်းနားဆိပ်က မျှောလည်း ရပါတယ်။ သိပ်ပျော်စရာမကောင်း ဘူးပေါ့၊ မော်တော်တွေ၊ ပဲ့ချိတ်၊ ပဲ့ထောင်တွေ၊ လှေကလေးတွေနဲ့ ကျွန်းပြာသာဒ်ဘက်ကမ်းမှာ နေရာ ယူရတာ၊ အဲဒီမော်တော်ပေါ် က မျှောရတာ၊ မော်တော်ပိုင်ရှင် တွေက အကျွေးအမွေးနဲ့ ဧည့်ခံ သေးတယ်လေ”

ဆရာမကြီးအပြောကို တယ် ဟုတ်ပါလားဟု ဝတ်မှုံသဘောကျ နေ၏။ အိမ်ကို စောစောပြန်၍ ရေချိုးအလှပြင်ရန် ဆရာမကြီး ပြောတော့ ဝတ်မှုံရယ်သည်။ မလှရင် ဆီမီးမမျှောရဘူးလားဟု ရယ်ဟဟမေးသည်နှင့် မရဘူးဟု ကိုဝင်းတင်လှမ်းနောက်သည်။ အိမ်အပြန်လမ်းတွင် လူများ စုရုံး စုရုံးလှုပ်ရှားသည်ကို မြင်ရသည်။ အိုးစည် ဗုံမောင်းသံတို့ စီစီညံနေ ပြီ။ ဆီမီးမျှောပွဲအတွက် ပြင်ဆင် နေကြခြင်းပါ။

ဝတ်မှုံနှင့် မိုးမိုးတို့ပြင်ဆင်ပြီး ချိန်လောက်တွင် ကိုဝင်းတင် ရောက်လာသည်။

”မြန်မြန်ထွက်လာပါဗျို့၊ ကိုအောင်မြင့်က လည်တံရှည်နေ  ပြီ”

ကိုဝင်းတင်အပြောကို ဒေါ်လေးသက်က ရယ်နေ၏။ မိုးမိုးက စကတ်လှလှလေးကို ဘယ်ညာဝဲဖြန့်၍ထွက်လာသည်။

”ဦးရေ…သမီးကို ကြည့် စမ်းပါ လှရဲ့လားလို့”

”အဟား လှပါတယ်ဗျာ၊ ဒေါင်းမလေးလိုပါပဲ”

”အလှဆုံးပြင်ထားတာ ဦးရဲ့”

မိုးမိုးက သူ့ဘာသာ ကျေနပ် စွာ လှည့်ပတ်၍ ကြည့်နေသည်။

”ဟုတ်မှာပေါ့၊ ခါတိုင်းဆို အိုးပုတ်တမ်းကစားရလို့ ပေတူး နေတာပဲ”

ရှုံ့မဲ့ပြောသော စကားကြောင့် မိုးမိုးရယ်သည်။ အခန်းထဲမှ ဝတ်မှုံထွက်လာတော့ သွားရန် အိမ်မှထွက်သည်။ မိုးမိုးက ပျော် လွန်း၍ ခုန်ပေါက် ခုန်ပေါက်နှင့်။ မော်တော်ဆိပ် မှ အိုးစည်ဗုံမောင်း သံကြားရချိန်တွင် ခြေလှမ်းများ ပိုသွက်လာသည်။ ဝတ်မှုံတို့ မော်တော်ပေါ်ရောက်တော့ ရေကြောအတိုင်း မော်တော်လှည့် မောင်းသည်။ ကျွန်းပြာ သာဒ်ဘက် တွင်နေရာယူထားသော မော်တော် များ တန်းစီနေသည်။ ဆည်းဆာ ချိန်ကျော်သည်နှင့် ဆီမီးလေးများ မျှောချကြပြီ။

လှိုင်းလွန့်လွန့်လူးသော ရေပြင်တွင် ဆီမီးမျှောလေးများ က တလက်လက်နှင့်။ လှပလင်း လက်သော ရေပြင်ကိုကြည့်ရင်း အော်ဟစ်သံ၊ လက်ခုပ်သံတို့ စီစီ ညံနေသည်။ ဆီမီးလေးများမှ အလင်းရောင်ဖြင့် ဝတ်မှုံအလှကို ကိုအောင်မြင့်ငေးကြည့်နေ၏။ ပန်းနုရောင်ဇာပွင့်လက်ရှည်နှင့် ပန်းနုရောင်ချိတ်ထဘီတို့ဖြင့် လှနေသော ဝတ်မှုံကို   မြတ်နိုးစွာ ကြည့်နေမိသည်။ ပန်းဝတ်မှုံက ငဲ့အကြည့်နှင့် အကြည့်ချင်းဆုံပြီ။ ကြည်နူးပျော်ရွှင်ရသော အချိန်မို့ တစ်ယောက်နှင့်တစ်ယောက် စေ့စေ့ကြည့်ဖြစ်သည်။

”ဝတ်မှုံ”

”ရှင်”

”ဝတ်မှုံ” လို့ပဲ ခေါ်မယ်နော်၊ ဒေါက်တာလို့ ခေါ်ရတာ အနေစိမ်း လို့ပါ”

”ရပါတယ် ကိုအောင်မြင့် ရယ်”

”ဝတ်မှုံ ပျော်နေတာကို မြင် ရတော့ ကိုယ် ပင်ပန်းရကျိုးနပ်သွား ပြီ၊ ကိုယ်တို့မြို့ရဲ့ ဓလေ့စရိုက်လေး ကို ဝတ်မှုံချစ်နိုင်တာ ဝမ်းသာပါ တယ်”

ကိုအောင်မြင့်က ဆီမီးတိုင် ကို မီးညှိပေးရင်း စကားတတွတ် တွတ်ပြောနေသည်။ သူတို့ကို ဘယ်သူကမှ သတိမထားမိကြ၍ တော်သေးသည်ဟု ဝတ်မှုံတွေး သည်။

”ဒီတစ်ခါ ကိုယ့်ဆီမီးနဲ့ ဝတ်မှုံ ရဲ့ဆီမီး အတူတူမျှောကြမယ်နော်၊ ဘဝရေစီးမှာ လက်တွဲမဖြုတ်တမ်း ခရီးနှင်ကြမယ်နော်”

သိမ်မွေ့စွာ ချစ်စကားဆိုနေ သော ကိုအောင်မြင့်ကို ဝတ်မှုံမော့ ကြည့်သည်။ ရင်မှာ သိမ့်သိမ့်နွေး နွေးလှုပ်ရှားနေ၏။ ကိုယ့်ကို နားလည်နိုင်တယ်မဟုတ်လားဟု ကိုအောင်မြင့်အမေးတွင် ခေါင်း ညိတ်လိုက်တော့သည်။ အချစ်ဆို သည်မှာ ဟန်ဆောင်ဖုံးကွယ်၍ မရကြောင်း နှစ်ဦးလုံးသိသည်။ ဝတ်မှုံ၏ မျက်ဝန်းမှတစ်ဆင့် နှလုံး သားကို ဘာသာပြန်နိုင်သားပဲ။ ဟန်ဆောင်နေဖို့ မလိုဟု ဝတ်မှုံ တွေးသည်။ ရှက်မျက်ဝန်းနှင့် ခေါင်းလေးငဲ့ပုံကို မြတ်နိုးလွန်းလို့ ဝတ်မှုံ၏လက်ဖဝါးကို ဆွဲကိုင်နမ်း ရှိုက်လိုက်သည်။ ဝတ်မှုံရှက်သွား ဟန်က လှနေပြန်သည်။ ဆီမီးလေး နှစ်ခုကို မီးညှိပြီး အတူတူယှဉ်၍ မျှောကြသည်နှင့် ဝတ်မှုံလက်ခုပ် ဖြည်းဖြည်း တီးနေ၏။ နှစ်ဦးသား အကြည့်ချင်းဆုံ၍ ပြုံးမိကြသည်။ ချစ်ခြင်းကို ဆီမီးလေးများဖြင့် သက်သေတည်လိုက်ခြင်းပါပဲ။

လှိုင်းကြမ်းတစ်ချက်လွန့် တော့ ဆီမီးနှစ်ခုတစ်ကွဲစီ ဖြစ်သွား ပြီ။ ဆီမီးနှစ်ခု ပြန်ဆုံမလားဟု မျှော်ကြည့်ရင်း ရင်မောနေကြ သည်။

ဆီမီးလေးနှစ်ခုကတော့ ဝေး၍…ဝေး၍…သာ။

(စ)

ဒေါက်တာပန်းဝတ်မှုံကြောင့် သမဆေးခန်းဝင်ငွေတိုးသည်ဟု ပြောကြသည်။

အမှုဆောင်ဖြစ်သော ဦးစိုးမြင့်က ဝတ်မှုံကို သည်မြို့မှ မပြောင်းစေချင်။ သို့ရာတွင် ဝတ်မှုံ က အထူးကုဘွဲ့အတွက် ရန်ကုန် တွင် သင်တန်းတက်ရဦးမည်။ ဆရာဝန်အ စားရောက်လာလျှင် ဝတ်မှုံပြောင်းတော့မည်ကို သိနေ ကြပြီ။ ဝတ်မှုံပြောင်းရွှေ့ရမည်ဟု သိရကတည်းက ကိုအောင်မြင့် ရင်ထဲနွမ်းခွေနေပြီ။ ပြန်ဆုံခွင့် ကို မျှော်လင့်၍မရနိုင်ကြောင်း အခါ ခါတွေးနေသေးသည်။

ဦးစိုးမြင့်က သမဆေးခန်းသို့ ရောက်စဉ် ဝတ်မှုံ၏စေတနာကို ကျေးဇူးတင်စကားဆိုသည်။

”ကျုံမငေးမြို့ပေါ်မှာရော၊ ပန်းကူးရွာ၊ ငှက်ကျရွာမှာရော ဒေါက်တာ စေတနာထားကုပေး တာ နာမည်ကြီးနေတယ်၊ ကျွန်း ပြာသာဒ်ဘက်က ရွာတွေဘက် ဆေးကု သွားရတာ မော်တော်တွေ၊ ပဲ့ချိပ်တွေနဲ့ဆိုတော့ ဒေါက်တာ မသွားဘူးထင်နေတာ၊ လာခေါ်ရင် သွားတာသိရတော့ အံ့သြချီးကျူး မိတယ်”

”ဝတ်မှုံက ရေမကူးတတ်လို့ ရေကြောင်းကို ကြောက်တာအမှန် ပဲ ဦးရဲ့၊ ဒါပေမဲ့ လူနာက အားကိုး လို့ခေါ်ခိုင်းတာကို မလိုက်ဘဲ မနေရက်ဘူး၊ ဝတ်မှုံကုပေးလိုက်လို့ သက်သာသွားတာကိုပဲ မြင်ချင် တယ်လေ၊ ဒါကြောင့် လှေနဲ့ပဲ လာခေါ်ခေါ်၊ သမ္ဗာန်နဲ့ပဲ လာခေါ် ခေါ် လိုက်ကုတာပါ ဦး”

ဝတ်မှုံက စေတနာစကားဆို တော့ ဦးစိုးမြင့် ဝမ်းသာကျေနပ်စွာ ခေါင်းညိတ်သည်။ နေရစားရတာ ရော အဆင်ပြေလားဟု မေး သည်။

”ဟုတ်ကဲ့ အဆင်ပြေပါတယ် ဦး၊ ဝတ်မှုံပျော်ပါတယ်”

”ကိုအောင်မြင့်ကလည်း ဂရု စိုက်ပါတယ်လို့ ထည့်ပြောလေ ဒေါက်တာ”

ကိုတင်မောင်က ဝင်ထောက် သဖြင့် ပြုံးမိကြ၏။ ကိုအောင်မြင့် ကို ပန်းဝတ်မှုံလှမ်းကြည့်တော့ ပြုံး စေ့စေ့လုပ်နေသည်။ ကိုအောင်မြင့် ကို နှုတ်ခမ်းစူယောင်ပြ၍ မျက်နှာ လွှဲထားလိုက်သည်။

”မင်းက နေရာတကာ ဝင်ပါ တာပဲ”

ကိုတင်မောင့်ပခုံးကို ခပ်ဖွဖွ လှမ်းထုရင်း ကိုအောင်မြင့်က ဝတ်မှုံကို မျက်စိတစ်ဖက် မှိတ်ပြ လိုက်သည်။ ဝတ်မှုံရှက်နေတာ သူသိသည်။

”စေတနာထားတာလေးတွေ ပေါ်လွင်စေချင်လို့ပါဗျာ” ဟု ကိုတင်မောင် ထပ်ကွန့်တော့ ဝိုင်း ရယ်ဖြစ်ကြသည်။ ဝတ်မှုံကို မြတ် နိုးလှစွာဖြင့် ဂရုတစိုက်ရှိနေသော ကိုအောင်မြင့်အကြောင်း အားလုံး က သိနေ၏။

ဝတ်မှုံကလည်း ကိုအောင်မြင့် ကို အားကိုးခင်တွယ်နေပြီ။

(ဆ)

သည်နေ့ ဆေးခန်းတွင် လူနာများသဖြင့် ဝတ်မှုံနှင့် ကိုအောင်မြင့် စကားလက်ဆုံမကျ လိုက်။

ညနေပိုင်းလူနာရှင်းချိန်တွင် ဆေးခန်းပိတ်၍ ငယ်ကျွမ်းဆွေ တံတားဘက်သို့ လျှောက်ခဲ့ကြ သည်။ ပြောစရာစကားလုံးများ ရင်ထဲပြည့်သိပ်နေပြီဟု ကိုအောင် မြင့်ပြော သည်။  ဝတ်မှုံလည်း ယဲ့ယဲ့ မျှပြုံး၍ ခေါင်းညိတ်ပြသည်။ ထိုင် နေကျဆိပ်ဖလူးပင်နားရှိ  ခုံတံလျားလေးတွင် ထိုင်ကြသည်။ ချောင်းကိုဖြတ်၍ တိုက်ခတ်လာ သောေ လနုအေးကို ရှူရှိုက်ရင်း အပန်းဖြေကြသည်။ ဝတ်မှုံ၏ လက်ဖဝါးကို ဆွဲကိုင်လျက် မလွမ်း ဘူးလားဟု ကိုအောင်မြင့်မေး သည်။ ဆေးခန်းပိတ်ရက်တုန်းက  ရန်ကုန်ကို   ပြန်နေလို့ ခဏခွဲနေရ သေးသည်။ ခွဲနေရသော ရက်လေး တွင် လွမ်းကြောင်းဝတ်မှုံပြော သည်။

”ကိုယ်က ဝတ်မှုံထက် ပိုလွမ်း တာပေါ့ ဝတ်မှုံရယ်”

”ဝတ်မှုံကလည်း ဟိုမှာ ခဏ လေးနေရတာကို စိတ်မဖြောင့်ဘူး၊ ကိုတော့ လွမ်းနေမှာပဲလို့ တွေးပြီး သနားနေတာ”
‘

‘တကယ်လား ဝတ်မှုံ၊ ကို့ကို သနားရင် ခဏခဏ မပြန်နဲ့ပေါ့၊ ဝတ်မှုံပြန်သွားရင် ကိုယ်သိပ်ခံစား ရတယ်၊ ဒွေးမယ်နော် ငွေတောင် ပြည်ကို ပြန်တော့ သုဓနုမင်းသား လေး လွမ်းရတာထက်တောင် ကိုယ်က ဆယ်ဆပိုမယ်ထင်တယ်၊ ဝတ်မှုံကို သိပ်မြတ်နိုးတယ်ဆိုတာ ယုံနော်”

”ကိုကလဲကွာ၊ အဲ့လိုကြီး ဥပမာ မပေးပါနဲ့၊ ဝတ်မှုံရင်ပူတယ်၊ နောက်ကို ခဏခဏ မပြန်တော့ ဘူး၊ ကိုနဲ့ဝတ်မှုံ ရန်ကုန်ကို အတူ တူပြောင်းဖို့ စီစဉ်ထားတာကိုရော ဘယ်လိုဆက်လုပ်မလဲဟင်”

”ကိုယ်လေ ဝတ်မှုံနဲ့မခွဲနိုင် ဘူး၊ ဝတ်မှုံ ရန်ကုန်ကို အလုပ် ပြောင်းတဲ့နေ့မှာ တစ်ခါတည်း လိုက်နိုင်ဖို့ စိတ်ကူးထားတယ်”

ကိုအောင်မြင့်စကားကြောင့် ဝတ်မှုံပျော်သွားသည်။ ချစ်နိုင်လွန်း သော ကိုအောင်မြင့်ကို ယုံကြည် အားကိုးစိတ်နှင့် ကြည့်နေမိသည်။ ဒါပေမဲ့ ကိုအောင်မြင့်မျက်နှာက ညှိုးနေသလိုပင်။

”ဝတ်မှုံ ရန်ကုန်ပြောင်းရင် ကိုပါလိုက်ခဲ့နော်၊ ဟိုမှာအခြေချပြီး စီးပွားရေးလုပ်ပေါ့၊ ကို့အမေကို လည်း တစ်ပါတည်းခေါ်ပေါ့”

စိတ်ကူးနှင့်တက်ကြွနေသော ဝတ်မှုံကို မပြောရက်စွာ အကြည့် လွှဲထားလိုက်သည်။ သူ့စိတ်ကူးကို အကောင်အထည်ဖော်ဖို့ မဖြစ်နိုင် တာကို ပြောချင်နေ၏။ ရန်ကုန်မှာ အခြေချဖို့ ငွေလိုမည်။ လိုသည့်ငွေ ရရန်မှာ ကျုံမငေးမြို့မှ လက်ရှိမြေ နှင့်အိမ်ကို ရောင်းရမည်။ အမေ က ရန်ကုန်မြို့မှာ မျက်စိသူငယ်နှင့် သွားမနေချင်ဘူးဟု ပြော ထားပြီး ပြီ။ ဒါဆို အမေ ဒီမြို့မှာ ကျန်ခဲ့မည် ပေါ့။ ဒါက လုံးဝမဖြစ်နိုင်သော ကိစ္စပဲဟု ကိုအောင်မြင့်တွေးသည်။ မတင်မကျနှင့် ရင်ပူနွမ်းမောရ သော ကာလပါပဲ။

”ဝတ်မှုံရဲ့မေမေက ကိုယ့်လို သာမန်ဘွဲ့ရတစ်ယောက်ကို လက်ခံနိုင်ပါ့မလား၊ ကိုယ်က မွေးရပ်မြေကို ကျောခိုင်းပြီး ရန်ကုန်မှာ အခြေတကျဖြစ်တယ်ပဲ ထားဦး၊ ဝတ်မှုံနဲ့နီးစပ်ဖို့က မရေရာ တဲ့ကိစ္စဖြစ်နေတယ် ဝတ်မှုံ”

”ဝတ်မှုံတို့ ကြိုးစားကြတာ ပေါ့ ကိုရယ်၊ အချိန်ရှိပါသေးတယ်၊ ကိုသာ ရန်ကုန်မှာ စီးပွားရေးအခြေ တကျခိုင်မာပြီဆိုတာနဲ့ ဝတ်မှုံတို့ လက်ထပ်ကြမယ်လေ၊ ကဲ … ယုံပြီလား၊ အဲဒါဝတ်မှုံရဲ့ ကတိ စကားနော်”

ဝတ်မှုံက ခေါင်းလေးငဲ့၍ ပြောတော့ ကိုအောင်မြင့်ပြုံးပြဖြစ် သည်။ ဝတ်မှုံ၏လက်ဖမိုးလေးကို ဆွဲယူနမ်းရှိုက်၍ ပင့်သက်ကိုချ သည်။

”ဝတ်မှုံနဲ့ ဘဝချင်းပေါင်းစပ် ဖို့အတွက် ကိုယ်ရင်းနှီးရမှာတွေက အများကြီးပါ ဝတ်မှုံ၊ ကိုယ့်အသိုက် အဝန်းက ရှုတ်ချပြစ်တင်တာကို လည်း ကို ရင်ဆိုင်ရဲပါတယ်။ ဝတ်မှုံက

ခွဲမသွားဖို့ပဲလိုတယ် လေ”
”ဝတ်မှုံ ကတိပေးပြီးပြီပဲ ကိုရယ်၊ စိတ်ချ ယုံကြည်လိုက်ပါ နော်”

”ကိုယ် ယုံပါတယ် ဝတ်မှုံ၊ ကိုယ့်ဘက်ကလည်း အားလုံး အဆင်ပြေဖို့ ကြိုးစားမှာပါ”

”ကို့ဘက်က အဆင်ပြေပါစေ လို့ ဝတ်မှုံဆုတောင်းနေမယ်နော်”

ဝတ်မှုံက သူ့လက်မောင်းကို အားကိုးယုံကြည်စွာ ဆွဲကိုင်၍ ပြောသည်။ ပြုံးလျက် ခေါင်းညိတ် ပြီး ဝတ်မှုံ၏နဖူးလေးကို ငုံ့နမ်း လိုက်၏။ညမွှေးပန်းရနံ့တို့ လည်း မွှေးပျံ့ နေကြပြီ။

(ဇ)

မြစ်ကမ်းဆိပ်တွင် ရေချိုးသူ တို့၏ ရယ်မောသံများဖြင့် စီစီညံ နေသည်။

ရေချိုးဆိပ်တွင် ရေကူးသူ၊ ဒိုင်ဗင်ထိုးသူ၊ ရေခပ်သူများဖြင့် ညနေအလှလေးက လှုပ်လှုပ်ရှား ရှား၊ ဆူဆူညံညံ။ သည်မြို့မှ လူကြီးရော၊ ကလေးများပါ ရေကူး တတ်ကြ သည်။ ရေမကူးတတ်သော ဝတ်မှုံကို အံ့သြစိတ်ဖြင့်  ဝိုင်းကြည့် လေ့ရှိသည်။ ဝတ်မှုံက ရေမကူး တတ်သူဖြစ်၍ ဝါးဖောင်ပေါ်တွင် ထိုင်၍ မြစ်ရေကို ခပ်ချိုးရသည်။
သည်မြို့ကို ရောက်စက ကလေးများ၏ လှောင်ပြုံးကို မြင်ရ ၏။ လူကြီးဖြစ်ပြီး ရေမကူးတတ်သူ အဖြစ် ပြုံးစစလုပ်နေကြခြင်းပါ။ မိုးမိုးက ဝါးဖောင်ပေါ်မှ ဒိုင်ဗင်ထိုး ချပြီး ရေကူးရင်း လှမ်းပြောသည်။ ရေကူးသင်ပါလားတဲ့။ မသင်ချင်ပါ ဘူး၊ ကြောက်တယ်ဟု ဝတ်မှုံပြော တော့ တဟားဟားရယ်နေသည်။

”မမဝတ်မှုံ၊ ရေကြောက်နေ ရင်တော့ ကျုံမငေးမှာ နေလို့မဖြစ် သေးဘူး၊ ဒါကြောင့် သင်ထားပါလို့ ပြောတာ”

မိုးမိုးက ဝါးဖောင်ကို လက် တစ်ဖက်ဖြင့် ဆွဲခိုရင်း မျက်နှာပေါ် မှ ရေစက်ကို သပ်ချသည်။ မမက လည်း ကျုံမငေးမှာ မနေပါဘူးဟု ဝတ်မှုံပြောသည်။

”အင်း … ဟုတ်မှာပါ၊ ဒါကြောင့် ကိုကြီးအောင်မြင့်ရဲ့ အမေက ပြောတာပေါ့၊ အစက တော့ ဒီသားနဲ့တစ်သက်လုံး မခွဲရ တော့ဘူးလို့ ထင်နေတာတဲ့၊ ခုတော့ ခွဲကြရတော့ မယ်တဲ့”

လေသံကို ဆွဲဆွဲငင်ငင်လုပ်၍ ပြောနေသော မိုးမိုးကိုကြည့်၍ ဝတ်မှုံရင်ထဲ လှိုက်ခနဲဖြစ်သွား သည်။ လူကြီးတွေက စကားပြော နေရင် စပ်စပ်စုစုဝင်ပါတတ်သော မိုးမိုးစကားကို လျှော့တွက်လို့ မဖြစ်တော့။ သူပြောတာတွေက အမှန်တွေများသည်လေ။ မိုးမိုးမှာ ပြောချင်လွန်းလှသဖြင့် ရေဆက် မကူးဘဲ ဝါးဖောင်ပေါ်တွယ်တက် ရင်းမှ …

”သူများတွေက ပြောကြတယ် မမရဲ့၊ ရန်ကုန်မြို့ကြီးမှာ တိုက်နဲ့ ကားနဲ့ နေလာတဲ့ သူဌေးသမီးက ဒီမြို့လေးမှာ လာနေမှာမဟုတ်ဘူး တဲ့၊ ကိုကြီးကသာ ကောက်ကောက် ပါအောင် လိုက်သွားမှာတဲ့၊ သမ ဆေးခန်းမှာ အားကိုးရတဲ့လူတစ် ယောက် ဆုံးရှုံးရတော့မှာတဲ့၊ သူက သူ့ကောင်းစားရေးပဲ ကြည့်တော့ မှာတဲ့၊ ပြောကြတာ အစုံပါပဲ မမ ရယ်”

”ဖြစ်ရလေတယ်ကွယ်၊ မမ တော့ တရားခံဖြစ်ပါပြီ”

ဝတ်မှုံတွေးမထားမိတာတွေ ကို သိလိုက်ရတော့ ရင်မှာနွမ်းမော သွားရပြီ။ ပြဿနာက မသေးပါ လားဟု ပူပန်စွာတွေးနေမိသည်။
‘

‘ကဲ…ကဲ အဝတ်လဲတော့ နော်၊ အေးလာပြီ ပြန်ကြစို့”

ဝတ်မှုံက အဝတ်ရေစိုကို ညှစ်ပြီး လက်ဆွဲသံပုံးလေးထဲ ထည့်သည်။ မိုးမိုးအဝတ်လဲတာ စောင့်ရင်း မြစ်ရေပြင်ကို ငေးကြည့် နေမိသည်။ နှစ်ယောက်အတူ ဆီမီးမျှော ကြစဉ်က ဆီမီးလေးတွေ တကွဲစီမျောပါသွားတာကို မြင်လာ သည်။ ထိုစဉ်ကတည်းက ဘဝ ရေစီးမှာ အတူတူမျောခွင့်မရနိုင် တော့သည့် နိမိတ်ပုံဟုထင်ခဲ့ သား။

မိုးမိုးက မမပြန်ကြမယ်ဟု ပြောမှ ခြေလှမ်းကို အသိမဲ့စွာ လှမ်းနေမိသည်။ အပြန်လမ်းတစ် လျှောက်တွင် မိုးမိုးက စကားတွေ တတွတ်တွတ်ပြောနေသော်လည်း ဝတ်မှုံမပြောဖြစ်တော့။ နွမ်းနယ် သော နှလုံးသားနှင့် အတွေးများက ချာချာလည်နေပြီ။

အိမ်ရောက်တာနှင့် အိပ်ခန်း ထဲတွင်ဝင်၍ ခွေနေမိတော့သည်။ ဒေါ်လေးသက်က စိုးရိမ်စိတ်နှင့် နေမကောင်းလျှင် ဆေးသောက် ထားဖို့ ပြောသည်။ ဝတ်မှုံခေါင်း ခါ ပြရင်း ခေါင်းကိုက်ရုံပါဟု ပြော လိုက်သည်။ ဝတ်မှုံကို သားနှင့် အမေကို ခွဲရက်သူဟု အများကရှုံ့ချလေမလားဟုတွေးရင်း ရှက်ရွံ့ အားငယ်နေမိပြီ။ ကိုအောင်မြင့်ကို အပါခေါ်နိုင်သူအဖြစ်လည်း အထင်လွဲကြတော့မည်။ ကိုအောင် မြင့်ပြောခဲ့သလို သည်မြို့က မြေနှင့်အိမ်ကို ရောင်းမှာတွေ၊ သားအမိနှစ်ယောက်လုံး ရန်ကုန် ကို ပြောင်းပြီး အခြေချမှာတွေ။

ဒါတွေအားလုံး စီစဉ်ပြီးနေမှပဲ။ သားအမိနှစ်ယောက်အတွက် ဘာများ သောကဖြစ်စရာရှိသေး လဲ။ သမဆေးခန်းအတွက်လည်း လူသစ်ရှာနိုင်သားပဲ မဟုတ်လား။
”ဝတ်မှုံရေ … အိပ်ပြီလား၊ လက်ဖက်လာစားဦးလေ”

ဒေါ်လေးသက်၏ ခေါ်သံနှင့် အတူ ရေနွေးငှဲ့သံကို ကြားရသည်။ ပါရာစီတမောတစ်လုံးသောက်ရန် သတိရသည်နှင့် အိပ်ခန်းထဲမှ ထွက်လိုက်သည်။ ဒေါ်လေးသက် အနားတွင်ထိုင်၍ ဆေးသောက် ရင်း သတိတရမေးမိသည်။

”ဒေါ်လေးကို ကိုအောင်မြင့် မေမေ ဘာတွေပြောသေးလဲဟင်၊ မိုးမိုးပြောတာတော့ ကိုနီတို့စကား ဝိုင်းက ကြားသမျှ အကုန်ပါပဲ၊ ဝတ်မှုံ စိတ်မကောင်းဖြစ်မိတယ်”
”ဟော … မိုးမိုးကတော့ လုပ်ပြီ၊ တစ်လွဲတွေ လျှောက်ပြော ပြန်ပြီ ထင်ပါရဲ့”

”ပြောပါဦး ဒေါ်လေးရဲ့၊ အခြေအနေကို သိရတာပေါ့”

ဝတ်မှုံက သိချင်ဇောနှင့် အတင်းကပ်မေးသည်။ ဒေါ်လေး က ပြောသင့်မပြောသင့် ချိန်ဆဟန် နှင့် တွေတွေကြီးနေသည်။ ရေနွေး တစ်ခွက်ငှဲ့သောက်ပြီး

”အောင်မြင့် အမေက စိတ် မကောင်းဖြစ်နေတာ ဝတ်မှုံရဲ့၊ ဒီအသက်အရွယ်အထိ နေလာတဲ့ ဘိုးဘွားပိုင်အိမ်ကြီးကို ရောင်းရမှာ ဆိုတော့ မျက်ရည်ကျရှာတယ်၊ ရန်ကုန်လိုနေရာမျိုးမှာ မျက်စိ သူငယ်နဲ့ နေရမှာကိုလည်း တွေး ကြောက်တယ်၊ သားရဲ့အောင်မြင် တိုးတက်ဖို့ဆိုတော့လည်း သူမငြင်း ဘူးပေါ့လေ”
စကားကိုခဏရပ်ရင်း လက်ဖက်တစ်ဇွန်း ခပ်စားပြန် သည်။ ပြီးမှ

”ဒီတော့ သားလည်းအဆင် ပြေအောင် သူလည်း အဆင်ပြေ အောင် တွေးထားတယ်လို့ ပြော တယ်”

”ဘာတဲ့လဲဟင်”

ဝတ်မှုံစိတ်စောစွာ မေးမိ သည်။ စိတ်လှုပ်ရှားရလွန်းသဖြင့် မောနေသလိုပင်။ ပြောလာမည့် စကားက ဝတ်မှုံအတွက် အဖြေ တစ်ခုပဲ မဟုတ်လား။ အခြေအနေ အားလုံး ပြောင်းလဲရှုပ်ထွေးနိုင် သည်ဟု သူတွေးသည်။ ဒေါ်လေး သက်က လေးတွဲ့သောအသံနှင့်

”သြော် … သူတို့ပိုင်တဲ့မြေ နဲ့ အိမ်ကို ရောင်းလို့ရသမျှအားလုံး သူ့သား ရန်ကုန်မှာ အခြေချနိုင်ဖို့ ဝတ်မှုံတို့အမေ ကြည်ဖြူဖို့အတွက် ပေးလိုက်မယ်တဲ့၊ သူကတော့ အမျိုးတစ်ယောက်အိမ်မှာ၊ ဒါမှ မဟုတ် ရိပ်သာတစ်ခုခုမှာ ကျန်နေခဲ့မယ်တဲ့”

”ရှင် …”

အံ့သြတုန်လှုပ်စွာဖြင့် ဝတ်မှုံ ငိုင်တွေသွားမိပြီ။ လှိုက်ခနဲနာကျင် သောနှလုံးသားမှ တစ်ဆင့် မျက် ဝန်းတို့ စိုစွတ်လာသည်။ မဟုတ် တာဒေါ်လေးရယ်ဟု ခေါင်းခါ လျက် သက်ပြင်းချမိသည်။ ကိုအောင်မြင့်ကို သူ့အမေက သိပ်ချစ်သည်။ ခွဲခွာနေကြရမည် ဆိုလျှင်

ရင်နာကြေကွဲရှာမည်ကို သိနှင့်သည်။ ကြာမြင့်စွာ ငေးငိုင် နေသော ဝတ်မှုံကို ဒေါ်လေးသက် က ငဲ့ကြည့်ပြီးပြောသည်။

”အဆင်ပြေအောင်တော့ အောင်မြင့်က ကြိုးစားနေတာပဲ၊ ဘယ်လိုတွေ ဖြစ်ကြမယ်တော့ မသိဘူး၊ ဒေါ်လေးတို့လည်း ဝင်ပြောလို့ရတဲ့ ကိစ္စမဟုတ်တော့ ခက်တယ်”
ဒေါ်လေးက အိမ်ရှေ့တံခါး ပိတ်ရန် ထွက်သွားသည်။ အပြင် မှာ မှောင်လုလုဖြစ်နေပြီ။

(စ်)

နွေဦးကာလ ရောက်ပြန်ပြီ။

ကံ့ကော်ပန်းရနံ့ကို ရှူရှိုက် လိုက်ရသည်။ ဝတ်မှုံတို့ ရန်ကုန်က ခြံထဲမှာဆိုလျှင် ကံ့ကော်ပန်းများ တဖွေးဖွေးလှုပ်အောင် ပွင့်နေတော့ မည်။ ဝတ်မှုံက ကျုံမငေးနှင့်ရန်ကုန် သွားချည်လာချည်ရှိသလောက်၊ ဝတ်မှုံ၏မေမေက တစ်ခေါက်သာ ရောက်သည်။ ရေကြောင်းခရီးကိုကြောက်ခြင်းရော၊ မြစ်ရေကိုသာ အသုံးပြုရြ ခင်းကြောင့်ရော အကြောင်းကြောင်းကြောင့်ပါပဲ။

သည်အမေ သည်သမီး နှစ်ယောက်တည်းရှိရာ အမေမလာ တော့ ဝတ်မှုံလွမ်းရပြီပေါ့။

အမေ့ကို လွမ်းရသည့် အလွမ်းအပြင် ချစ်ရသူနှင့် အတူ နေခွင့်မရမည်ကို ပူပန်ရခြင်းက ပို၍ခံစားရသည်။ နွေဥသြ၏ ဖော်ကွဲသံကို ကြားနေရပြီကော။

‘ကိုဝေး’ ‘ကိုဝေး’ အော်သံက ဟိုဝေးဝေးမှာ လွင့်ပျံလာသည်။

နွေဦးလေပြည်နှင့်အတူ ဘုရားကြီးမှ ဆည်းလည်းသံသာ သာကို ကြားနေရ၏။ နှစ်ဦးယှဉ် ထိုင်နေသဖြင့် ကိုအောင်မြင့်၏ သက်ပြင်းချသံသဲ့သဲ့ကို ကြားရ သည်။ နွမ်းလျမှုန်ရီလွန်းသည့် မျက်ဝန်းညိုများက တွေဝေငေးမော လျက် ငြိမ်သက်နေသည်။

”ကို့အစီအစဉ် ဘယ်လိုရှိလဲ ဆိုတာ ဝတ်မှုံကို ပြောပါဦး ကို”

ကိုအောင်မြင့်က မဖြေသေး ဘဲ ဆံပင်ကို ဖွလိုက် သပ်လိုက် လုပ်နေသည်။ တဒင်္ဂငိုင်နေပြီးမှ ပြဿနာတစ်ခုကို အဖြေရှာရသလို ပဲ ဝတ်မှုံဟု ခပ်တိုးတိုးညည်း သည်။

”ကိုယ်တို့နယ်ဘက်မှာ ဒီသမဆေးခန်းကို အားထားကြ တာဆိုတာ ဝတ်မှုံအသိပါ။ ဒီဆေး ခန်းအတွက် ကျွမ်းကျင်သူအဖြစ် ကိုယ့်ကို အားကိုးနေကြတာ၊ ဆေးခန်းတိုး ချဲ့ဖို့၊ နောက်ထပ် သက်ဆိုင်ရာ ရောဂါအလိုက် ဆရာဝန်တွေနဲ့ ကုသနိုင်ဖို့ ကိုယ် တို့ ကြိုးစားနေတယ်၊ အထွေထွေ ရောဂါကုအပြင် သွား၊ မျက်စိ၊ ကလေးအထူးကုစတဲ့ ဆရာဝန်တွေ နဲ့ တိုးချဲ့ကုသနိုင်ဖို့ လိုသေးတယ် ဝတ်မှုံ၊ ဒါတွေအားလုံးကိုကျောခိုင်း သွားရမှာဆိုတော့ ကို တရားပါ့ မလားဝတ်မှုံရယ်၊ ကိုယ့်မွေးမြေ၊ ကိုယ့်ဒေသကို စွန့်ခွာပြီး ကိုယ် တစ်ယောက်တည်း တိုးတက် ကောင်းစားရေးအတွက် မကြည့် သင့်ဘူး မဟုတ်လား၊ ကိုယ့်ကို နားလည်ပါ ဝတ်မှုံရယ်၊ ကိုယ် ရန်ကုန်မှာ အခြေချဖို့အစီ အစဉ်ကို ဖျက်လိုက်ပါပြီ”

”ကိုရယ်၊ ဝတ်မှုံ ကို့စေတနာ ကို လေးစားပါတယ်၊ ကို့ကို ဝတ်မှုံ နားလည်နိုင်ပါတယ်”

ပြောသာပြောရသည်။ ဝတ်မှုံ အသံက တိုးညင်းတုန်ယင်နေ သည်။ နားလည်ခွင့်လွှတ်သည် ဆိုပေမဲ့ ရင်မှာ ကျွမ်းပူနေပြီကို ကိုယ့်ဘာသာသိနေသည်။

”ဝတ်မှုံ ဒီမြို့မှာပဲ လာနေပြီး ကိုယ်နဲ့အတူ ဒီနယ်ဖွံ့ဖြိုးရေးကို ကြိုးပမ်းကြမယ်လေ၊ လာနေပါ လား ဝတ်မှုံရယ်…နော်”

”ဝတ်မှုံက ဒီနယ်ကို သံယော ဇဉ်ရှိပါတယ် ကို၊ ဒါပေမဲ့ အခုတော့ ရန်ကုန်ဆေးရုံကြီးမှာ ပို့စတင်ကျ တယ်၊ တာဝန်ထမ်းရင်းနဲ့ ဆေး ပညာတွေ ဆက်သင်ဦးမယ်လေ၊ ပြီးတော့ ဒီနယ်ထက်ခေါင်တဲ့၊ ဒီနယ်ထက် ဆရာဝန်ရှားပါးတဲ့ အရပ်ဒေသတွေမှာ သွားပြီးတာဝန် ထမ်းဖို့ ရည်ရွယ်ထားပြီးသားပါ ကို၊ နိုင်ငံတော်က သင်ပေးထားတဲ့ ပညာနဲ့ နိုင်ငံရဲ့တာဝန်ထမ်းဖို့ ဆုံးဖြတ်ထားတယ်လေ၊ ဝတ်မှုံကို လည်း ကို နားလည်ခွင့်လွှတ်ပါ နော်”

ကိုအောင်မြင့်ကို ငဲ့ကြည့်ရင်း ဝတ်မှုံပြောတော့ ကိုအောင်မြင့် ငိုင်သွားသည်။

ဝတ်မှုံဘက် စောင်းငဲ့ကြည့် ၍

”ကိုယ် နားလည်ပါတယ် ဝတ်မှုံရယ်၊ ကိုယ်တို့အဆုံးအဖြတ် တွေ မှန်ပါတယ်၊ ဒါပေမဲ့ ခွဲကြရမှာ ကိုတော့ ကို ဝမ်းနည်းမိတယ်”

”ဝတ်မှုံလည်း ခံစားရပါတယ် ကိုရယ်”

ဝတ်မှုံက အသံကို ပုံမှန်ဖြစ် အောင် ထိန်းရင်းပြောရသည်။ ဒီအချိန်မှာ ဝတ်မှုံမျက်ရည်မကျ သင့်ဟု တွေးလိုက်မိသည်။ ဝတ်မှုံ ၏မျက်ရည်ကြောင့် ကိုအောင်မြင့် အဆုံးအဖြတ် မမှားစေချင်ပါ။

ကိုအောင်မြင့်က အလွမ်းကို ဖုံးကွယ်၍ ဟန်ဆောင်ပြုံးနှင့် စကားတွေပြောနေသည်။

ဝတ်မှုံ၏ပခုံးလေးကို ဖွဖွ ညင်သာ ထွေးဖက်လျက်

”ကိုယ် တစ်ခါက ပြောဖူး သလိုပဲ ဝတ်မှုံရယ်၊ ဒွေးမယ်နော် လေး ငွေတောင်ပြည်ကိုပြန်တော့ သုဓနုမင်းသားက လွမ်းကျန်ခဲ့ရ တယ်ဆိုတာလေ”

”ကိုပြောတဲ့ ဒဏ္ဍာရီလေးထဲ မှာ ဒွေးမယ်နော်မင်းသမီးလေး ရင်ကွဲမတတ် ပူဆွေးရတာတွေ၊ ငွေတောင်ပြည်ကနေ လွမ်းနေတာ လည်း ပါသေးတယ်နော်”

”အင်း ဟုတ်တယ်၊ ဒါပေမဲ့ သူတို့က ပျော်ရွှင်စွာရွှေလက်တွဲ၍ ချစ်ပွဲဝင်ကြလေသတည်းလို့ ဇာတ် သိမ်းထားတယ်နော်၊ ကိုယ်တို့က တော့”

ကိုအောင်မြင့်အသံ တိမ်ဝင် သွားသည်။ စကားမဆိုဖြစ်ကြတော့ ပဲ ဆိတ်ငြိမ်စွာ ထိုင်နေမိကြသည်။ မြေနီလမ်းလေးအတိုင်း လျှောက်၍ ပြန်ခဲ့တော့လည်း တွဲထားသော လက်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင် ထားသည်။ လမ်းခွဲလေးသို့ ရောက် သည်နှင့် ကိုအောင်မြင့်က …

”ကိုတို့ တစ်နေ့နေ့တော့ ပြန်ဆုံကြမှာပါနော်”

စေ့စေ့ကြည့်၍ မျှော်လင့် စကားဆိုသည်။ မရေမရာပြုံး၍ ဝတ်မှုံကပင် ဦးစွာကျောခိုင်းလှည့် ထွက်မိပြီ။ ဝတ်မှုံ၏ မျက်ဝန်းမှ ကျလုလုမျက်ရည်စကို မမြင်စေ ချင်။ ကိုအောင်မြင့်က ဝတ်မှုံ၏ ပခုံးစွန်းကို အသာအယာလှမ်းဆွဲ ပြီး လက်ဖမိုးနှင့် မျက်နှာအပ်ထား သည်။ ကျောမှ နွေးသောမျက်ရည် စ၏ အထိအတွေ့ကို ခံစားရသည်။ အို … ချစ်သူလည်း ငိုနေပြီ လား။

”ဒီအချိန်ကာလတွေ ပြောင်း ရွေ့သွားလေတိုင်း တမ်းတလွမ်း မောမှုတွေလည်း မှေးမှိန်လျော့ပါး သွားမှာပါကွယ်”

တိုးတိုးဖွဖွ ဖြေသိမ့်စကားဆို လျက် တရွေ့ရွေ့လျှောက်ခဲ့တော့ သည်။ လသာည၏ ချမ်းမြေ့ခြင်း ကို မခံစားနိုင်အောင်ပင် ရင်မှာ ပူလောင်နေသည်။

ဆိတ်ဖလူးပန်း၏  မွှေးရနံ့ကို လည်း မေ့လျော့နေကြပြီ။

မိုးပန်းမွန် (ရာမည)

↧
↧

အရေးအကြီးဆုံးသော အရာ

$
0
0

သန့်စင်တဲ့ရေဆိုတာ အရောင်အဆင်းအနံ့ အရသာနဲ့ ပိုးမွှားကင်းစင်ဖို့လိုအပ်ပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့လာတဲ့အခါ သန့်စင်တဲ့ရေ ရဖို့က ခက်ခဲလာပါ တယ် ထိုအခါ မှာ ဝမ်းရောဂါ အစရှိတဲ့ ရေကြောင့် ဖြစ်တတ်တဲ့ ရောဂါများစွာ ဖြစ်ပေါ်ခံစားရပြီး အသက်ကိုပါ ထိခိုက်လာနိုင်ပါတယ်.

ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကယ်ဆယ် ရေးစခန်းတွေမှာ အသုံးပြုနိုင်ဖို့ ရေသန့်စင် နည်းလမ်းလေးတွေကို ရေးသားလိုက်ပါတယ်

၁။ ကျိုချက်သောက်သုံးခြင်း ( အချိန် ၁၅ မိနစ်မှ ၂ဝ မိနစ်ခန့် )

အလွယ်ကူဆုံးနည်းလမ်းဖြစ်သော်လည်း သဘာဝဘေးဒဏ်ခံနေချိန် မီးမရရှိနိုင်ချိန်မှာ တော့ ခက်ခဲနိုင်ပါတယ်။

၂။ ပေါင်းခံခြင်း

ကျိုချက်ခြင်းနှင့်ပေါင်းခံခြင်းကြောင့် ပိုးမွှားများကို ချေဖျက်နိုင်သော်လည်း ငွေကုန် ကြေးကျများသော နည်းလမ်းဖြစ်ပါသည်။

၃။ ကလိုရင်းခတ်ခြင်း

လက်ရှိခေတ်စားနေတဲ့ ရေသန့် ဆေးပြား၊ ရေသန့်ဆေးမှုန့်များ သုံးပြီး ရေသန့်အောင် လုပ်လို့ရပါတယ်ရေသန့်ဆေးကို ခပ်ပြီး နာနာမွှေရပါတယ်။ ဝဲကတော့ ထအောင်မွှေ ပြီး ၂နာရီခန့်ဖုံးအုပ်ထား ရပါမယ်။ပြီးရင် အနယ်အနှစ် စစ်ပြီးသောက်နိုင်ပါ တယ်။ ကလိုရင်းဟာ သူနဲ့အလား တူအိုင်အိုဒင်း ဘရိုမင်းတို့ထက် ပိုမိုအသုံးများပါတယ်။
အနံ့ပြင်းမဲ့ ကြာကြာဖုံးအုပ်ထားပါက အနံ့အသက်လျော့ပါးပြီး သောက်သုံးရပိုမို အဆင်ပြေလာနိုင်ပါတယ်။

၎။ အနယ်ကျစေခြင်း

ဗူကာ ဟုခေါ်သော ဓာတုဗေဒ ဒြပ်ပေါင်း တစ်မျိုးသည် ရေတွင်ပါဝင်သော အနယ်များ ကိုကျစေတတ်ပြီး ကလိုရင်းခတ်ပြီးသုံးပါက အနယ်ရောပိုးမွှားပါ သန့်စင်စေနို င်သောကြောင့် ရိုးရှင်းပြီး အမြန်သန့်စင်စေနိုင်တဲ့နည်းလမ်းလဲဖြစ်ပါတယ်။

၅။ ရေစစ်ခြင်း

သဲရေစစ်ကန် ကျောက်စရစ်ရေစစ်ကန် ကဲ့သို့ ရေစစ်ကန်များကိုဖြတ်စေခြင်းဖြင့် ကမ္ဘာ့ မြေလွှာထုကိုဖြတ်စီးသောမြေအောက်ရေ ကဲ့သို့ဖြစ်လာပြီး သန့်ရှင်းသော ရေများ ရရှိနိုင်ပါ သည်။

ပမာဏအတော်များများကို ပေးသော သောက်ရေသန့်ကန်များ မြို့ပြရေပေးဝေမှုများ တွင် အသုံးများပါသည်။

ရေစစ်ကန် ပုံစံငယ်အိုးများပြုလုပ်ပြီး တစ်ပိုင်တစ်နိုင် ရေစစ်အိုးများ ပြုလုပ်ပြီး အသုံး ပြုနိုင်ပါသည်။ရေသန့်ရရှိမှုသည် အခြားသော အရာများ နည်းတူ အရေးပါသော အကြောင်းအရာဖြစ်ပါ သည်။ရေဘေးဒဏ်သင့်ဒေသများတွင် မိမိတို့တက်နိုင်သောနည်းလမ်းဖြင့် သန့်စင်သောရေ သောက်သုံးနိုင်ရန် တင်ပြအပ်ပါသည်။အားလုံးပြန် လည်ငြိမ်းချမ်းသော ဘဝများ ကို အလျင်အမြန်ပိုင်ဆိုင်နိုင်ကြပါစေ။

ဒေါက်တာဇာနည်ဝင်း

↧

တစ်သားတည်းသော ကမ္ဘာ တစ်ခုကို အိပ်မက်လိုသူ Shibuya Zarny Htoo Htoo

$
0
0

ဂျပန်နိုင်ငံရဲ့ ဖက်ရှင်လောက မှာ မြန်မာ လူငယ်တစ်ယောက်ဟာ စတင်နေရာယူ စပြု နေပါပြီ။ သူကတော့ Shibuya Zarny Htoo ပါ။ သူ့ရဲ့ ဖက်ရှင် ဒီဇိုင်းတွေကို ဖက်ရှင် ချစ်သူ ပရိသတ်တွေ သာမက ရုပ်သံ မီဒီယာတွေ ကပါ မျက်စိ ကျလာခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဖက်ရှင် လောကမှာ ဒီဇိုင်နာ Shibuya Zarny ဆိုတဲ့ အမည်ဟာ လွှမ်းမိုးစပြု လာနေတာ ကို လူမှု ကွန်ရက်တွေနဲ့ အင်တာနက် သတင်းတွေက တစ်ဆင့် ကျွန်မတို့ တွေ့မြင်နေ ရပါပြီ။ ကမ္ဘာမြေ ကိုအရောင်အသွေး၊ အဆင်အပြင် နဲ့ တွဲစပ်မှု မျိုးစုံ ဖန်တီးပြီး အလှဆင်နေရုံ သာမက နှလုံး သားက စီးဆင်းတဲ့ စိတ်အစဉ်နဲ့လည်း အလှဆင်ဖို့ ကြိုးစား ဖန်တီးနေတာကို သူ့ရဲ့လှုပ်ရှားမှု တွေကနေ တစ် ဆင့် တွေ့ရမှာပါ။ ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း ရဲ့ လူသားချင်း စာနာ ထောက်ထားမှု ပြယုဂ်တွေဖြစ်တဲ့ ပရဟိတ လှုပ်ရှားမှုတွေ မှာ သူဟာ စီးမျော ပါဝင်နေပါသေးတယ်။ သူ့ရဲ့ ကိုယ်ပိုင် ဖောင်ဒေးရှင်း တစ်ခုကိုလည်း အနာဂတ်မှာ မြင်တွေ့ရဖို့ အလားအလာ ရှိနေပါ တယ်။ ဒီလိုလူငယ် တစ်ယောက်ကို သူမအားလပ် တဲ့ကြားက ရတီ ပရိသတ်တွေ အတွက် စကား အနည်းငယ်ပြောဖို့ ကမ်းလှမ်းနိုင် ခဲ့တာကြောင့် ဒီတစ်လမှာ ကျေနပ်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

ဂျပန်နိုင်ငံ ရဲ့ ဖက်ရှင်လောက မှာ အောင် မြင်တဲ့ ဒီဇိုင်နာ တစ်ယောက် ဖြစ်လာဖို့ အတွက် ပထမ ဆုံး ခြေလှမ်းကို ဘယ်ကနေ စခဲ့ရပါ သလဲ။

ကိုယ့် ကိုယ်ကိုယ် အောင်မြင်တယ် လို့ မထင်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က အရှေ့ ကိုပဲ ကြည့်နေပါတယ်။ အနာဂတ်မှာ ကျွန်တော်ရဲ့ ဒီဇိုင်း ကို နိုင်ငံ ပေါင်းစုံ နေရာပေါင်းစုံ မှာဝယ် လို့ ဝတ်လို့ရအောင် အခု ဆက်လက် လှုပ်ရှား နေပါတယ်။ ဒီဇိုင်နာ ဖြစ်ပြီး နောက် ၉ နှစ် အကြာမှာ ကြည့်တဲ့ လူက ကြည့်ရင် လွယ်လွယ်လေး နဲ့ အာရှတိုက် မှာ နာမည် တိုးလို့ ရတဲ့ ဒီဇိုင်နာ တစ်ယောက် ဖြစ်တယ်လို့ ထင်ချင် ထင်မှာပါ။ ဒါပေမဲ့တော့ အရမ်း လွယ်တဲ့ ကိစ္စ မဟုတ်ပါ။ အရမ်း အခက် အခဲတွေ အများကြီး ရှိခဲ့ပါတယ်။

ဒီပညာရပ်ကို ဘယ်အရွယ် မှာ စတင် လေ့လာခဲ့ တာပါလဲ။ လေ့လာဖို့ ရွေးချယ် ဆုံးဖြတ် ခဲ့စဉ်က ဝါသနာ ကို အရင်းခံ ခဲ့တာလား ဈေးကွက်ကို အရင်းခံခဲ့ တာလား။ ဒါမှမဟုတ် တခြား စေ့ဆော်မှုတွေ ရှိခဲ့ပါသလား။

ရန်ကုန် မှာနေခဲ့တဲ့ ငယ်စဉ်ဘဝ ကစ၍ မြန်မာ့သမိုင်း ဇာတ်ပွဲများမှာ ထွက်လာတဲ့ မြန်မာ့ ရိုးရာ ဝတ်စုံကို စိတ်ဝင်စားခဲ့ပါတယ်။ ဂျပန် ကိုရောက်ခဲ့တဲ့ ၈ နှစ် သားနောက်ပိုင်းမှာ ဖက်ရှင်ဒီဇိုင်း ဆိုတာကို သိရှိနားလည်ခဲ့ရပါ တယ်။ ၁၈ နှစ်သားမှာ အမေရိက တက္ကသိုလ်ကို ရောက်ခဲ့စဉ်မှာ ဖက်ရှင် ဒီဇိုင်နာဖြစ်ဖို့  ဆုံးဖြတ် ခဲ့ပါ တယ်။ ဖက်ရှင် ဒီဇိုင်နာဖြစ်ခဲ့တဲ့ နောက်ပိုင်း ပန်းချီမျက်စိတစ်ခုတည်း မဟုတ်ဘဲ Management Idea လည်း လိုအပ်တယ် ဆိုတာ ကို သိရှိခဲ့ပါတယ်။

ဂျပန်ရုပ်သံ မီဒီယာတွေမှာ အင်တာဗျူး တွေလက်ခံဖြေကြား ရတာတွေလည်း ရှိနေတယ် လို့ သိရပါတယ်။ သူတို့က ကိုဇာနည် ရဲ့ဘဝ အစိတ်အပိုင်း ထဲက ဘယ်အပိုင်း ကို စိတ်ဝင်စား ကြတာပါလဲ။ ဖန်တီး တီထွင်မှုအပိုင်းလား၊ သူတို့ အတွက် လူမျိုးခြား တစ်ယောက်ဖြစ်နေ တာကိုလား။

ဘာဖြစ်လို့ စိတ်ဝင်စားတာလဲလို့ မသိပါ ဘူး။ကျွန်တော့် ဒီဇိုင်းကိုလည်း စိတ်ဝင်စားတာ လည်းဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်ထင် တာကတော့ ကျွန်တော်က ဖက်ရှင် ဒီဇိုင်နာ အလုပ် တစ်ခုတည်း မဟုတ်ဘဲ ကမ္ဘာ့ကုလသမဂ္ဂ UNHCR ရဲ့Nippon Foundation နဲ့လည်း အတူတူ လှုပ်ရှားနေ လို့လည်း ဖြစ်မယ် လို့ ထင်ပါ တယ်။ နောက်ပြီးတော့ မြန်မာပြည်မှာ လည်း ကျွန်တော့် နာမည်နဲ့  Foundation တစ်ခု တည်ထောင်ဖို့ စဉ်းစားနေပါတယ်။ ဒါက မပြီးသေးတဲ့ အတွက် အဆင်သင့် မဖြစ်သေးလို့ လောလောဆယ်တော့ အတိအကျ ပြောလို့ မရ သေးပါဘူး။ (နိုင်ငံခြားသား)မြန်မာ လူမျိုး တစ်ယောက် အနေနဲ့ နာမည်တိုး လို့ရတဲ့ ဒီဇိုင်နာ ဖြစ်နေလို့ စိတ်ဝင်စားတာ လည်းဖြစ်တယ်။

 မြန်မာ့လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ဖက်ရှင် ကျလှပတဲ့ မြန်မာ ဝတ်စုံ ဒီဇိုင်း ဖန်တီးပေးခဲ့တယ် လို့လည်း သိရပါတယ်။ ဒီတော့ ကိုဇာနည့် ကို မြန်မာ လူမျိုးတွေရဲ့ ဖက်ရှင်တွေအပေါ်မှာကော ညွှတ်နူးခံစားရတာ တွေ ရှိတယ်လို့ ပြောရမလား။

မှန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို တော့ မြန်မာ့ရိုးရာ စိတ်ထားအတိုင်း ဆရာမ တစ်ယောက်ကို လေးစားတဲ့ အနေနဲ့ လှူလိုက် တာပါ။ ကျွန်တော်ရဲ့ Client ရဲ့ Customer တွေက ဘယ်လိုမြင်လဲတော့ မသိဘူး။ ကျွန်တော် သုံးတဲ့အရောင်တွေ ဒီဇိုင်းတွေက အကုန်လုံး ရန်ကုန် မှာနေခဲ့တဲ့ ငယ်စဉ် ဘဝက ကြည့်ခဲ့ မြင် ခဲ့တဲ့ မြန်မာ့ရိုးရာ သမိုင်းတွေက အတွေး အခေါ် အကြံဥာဏ်ရရှိခဲ့တာတွေပါ။

အာရှ ဖက်ရှင်လောက နဲ့ အနောက်ခြမ်း က ဖက်ရှင်လောက ကြားမှာ ဘာတွေ ကွာခြားမှု ရှိနေပါသလဲ။ ရှင့်ရဲ့ အမြင်လေး ကို သိချင်ပါ တယ်။

လွယ်လွယ်လေး နဲ့ ရှင်းပြရရင် အာရှတိုက် မှာ ခေတ်စားနေတာ က ပြင်ဆင်မှု များတဲ့ ကြည့် ကောင်းတဲ့ အလှ အပ။ ဥရောပတိုက် မှာ ခေတ် စားနေတာ က ပြင်ဆင်မှု နည်းနည်းလေး နဲ့ ကြည့်ကောင်းတဲ့ အလှအပ လို့ ပြောရမှာပေါ့။

 ဖက်ရှင် ဒီဇိုင်နာ တစ်ယောက် ဖြစ်ဖို့ လိုအပ်တဲ့ အဓိက အရည်အချင်း ကကော ဘာပါလဲ။

ပန်းချီ မျက်စိ အမြင် နဲ့ Management ဒီနှစ်မျိုးက အရေးကြီးတယ် လို့ ထင်ပါ တယ်။

 ခေတ် အဆက်ဆက် ဖက်ရှင်တွေ ရဲ့ ပြောင်းလဲလာမှု ဟာ ဆယ်စုနှစ်တွေ ထက် ပိုမကြာဘူး လို့ ထင်မိပါတယ်။ လူသားတွေ နဲ့ ဖက်ရှင် ရေစီးကြောင်း ပြောင်းလဲပုံကို ဖက်ရှင် ပညာရှင် တစ်ယောက် အနေနဲ့ ဘယ်လိုများ သုံးသပ် ချင်ပါသလဲ။

ဆယ်စုနှစ် လို့တောင် ကျွန်တော် မထင် ပါဘူး။ တနှစ်မှာ နှစ်ခေါက် ပုံကြီး ချဲ့ကြည့်မယ် ဆိုရင်တောင် မှ သုံးနှစ် မှာ တစ်ခေါက် ကြီးမားတဲ့ ပြောင်းလဲမှုတွေ ရှိပါတယ်။

ဖက်ရှင် ရှိုးပွဲ တချို့လည်း လုပ်ခဲ့တယ် လို့ သိရပါတယ်။ မြန်မာ ပရိသတ်တွေ သိအောင် နည်းနည်းလောက် ပြောပြပေး ပါလား။

ကျွန်တော် စိတ်ထဲ မှာ ဖက်ရှင်ရှိုးပွဲ ဆိုတာ သိပ် အရေးကြီး ကိစ္စလို့ မစဉ်းစားပါဘူး။ ပရိသတ် က တောင်းဆို လို့သာလုပ် ရတာပါ။ မြန်မာနိုင်ငံ မှာ လည်း မြန်မာ ပရိသတ်တွေ က အနာဂတ် တစ်ရက်မှာ တောင်းဆို လာ လိမ့်မယ် လို့ ထင်ပါတယ်။

အခုလောလောဆယ်ဖန်တီးဖြစ်နေတဲ့ ဖက်ရှင်တွေ အကြောင်းလည်း နည်းနည်း လောက်ပြောပြပါလား။

အခုလုပ်ပြီးသွားတဲ့ collection က ၉ လပိုင်းမှာ Internet online-shop ဖွင့်ဖို့အတွက် ဖြစ်ပါတယ်။ ဒီဇိုင်နာဖြစ်ပြီး ၉ နှစ်အတွင်း မှာ မင်္ဂလာဆောင် ဝတ်စုံBridal Collection, ကီမိုနို – , မြန်မာလုံချည်တွေ အမျိုးသား အမျိုးသမီး ပိုက်ဆံအိတ်တွေ ကိုလည်း ဒီဇိုင်း လုပ်ခဲ့ပြီးဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ် အတွင်း မှာ တော့ ပထမဦးဆုံး ဂျင်း Jeans collection ကို စလုပ်ဖို့ အခုဒီဇိုင်းတွေ လုပ်နေပါတယ်။ အကုန်လုံး Made in Japan ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံမှာ လည်းရောင်းဖို့ အဆင်ပြေမယ် လို့ ထင်ပါတယ်။

အနှစ်သက်ခဲ့ဆုံး ဖန်တီးမှု ရှိခဲ့ရင် အဲဒီ အကြောင်း နည်းနည်းလောက် ပြောပြပါ လား။

အားလုံးဟာ ကျွန်တော့် ရဲ့အနှစ်သက်ဆုံး တွေပါပဲ။ ကျွန်တော်ရဲ့ ဒီဇိုင်း အားလုံးဟာ ကျွန်တော်ရဲ့ ကလေးတွေ လိုမျိုးဖြစ်တဲ့ အတွက် ဆုံးဖြတ်လို့ မရပါဘူး။ တစ် ခုပြောရမယ် ဆိုရင်ကမ္ဘာ့ ကုလသမဂ္ဂနဲ့ အတူတူ ဒီဇိုင်းလုပ်ခဲ့တဲ့ ဝက်ဝံရုပ်လေး ကတော့ ကျွန်တော့်ရဲ့စိတ်ထဲမှာ အထူးခြားဆုံး ဒီဇိုင်းဖြစ်နေပါတယ်။

 တကယ်လို့ ကမ္ဘာကြီးကိုဖက်ရှင် ဒီဇိုင်နာတစ်ယောက်ရဲ့အမြင်နဲ့ ပြောင်းလဲပစ် လို့ရမယ် ဆိုရင် ဘယ်လိုပုံစံမျိုး ပြောင်းလဲပစ်ချင်ပါ သလဲ။

ဘာသာရေးတစ်ခု လူမျိုးရေးတစ်ခု ဘာသာစကားတစ်ခု နိုင်ငံခွဲခြားရေး မရှိတဲ့ ကမ္ဘာကြီးတစ်ခုကို ကျွန်တော် အိပ်မက် မက်ဖူး ပါတယ်။

↧

ရေမြေခြားမှ တစ်ရွာသား Berlil Lintner

$
0
0

သူဟာ ထိုင်းနိုင်ငံ အခြေစိုက် ဆွီဒင်နိုင်ငံသား သတင်းစာဆရာ အကျော်အမော်တစ်ဦး။ ၁၉၈၅ ခုနှစ်တည်းက မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ကို ပိတ်ထားခြင်းခံ ခဲ့ရတဲ့ နာမည် ဆိုး သတ်မှတ်ခံရ သူတစ်ဦး အဖြစ် လူသိများပါတယ်။ ပိတ်ဆို့ ခံထားရတဲ့ နယ်မြေတွေမှာ သူဟာခြေကျင်၊ ကုန်း ကြောင်း ခရီးမျိုးတွေနဲ့ ဖြတ်သန်း ရှင်သန် နေခဲ့ သူ တစ်ဦး ပါ။ ဘယ်လောက်ပဲ ပိတ်ဆို့တားဆီး ထားသော်ငြားသူဟာအရေးကြီး သတင်းတွေ ကိုရရှိနေခဲ့ပါတယ်။ ဘယ်လို စိတ်ဓာတ် အရည် အချင်းမျိုး နဲ့များကမ္ဘာကျော် သတင်းသမား တစ်ဦး ဖြစ်လာရတာလဲဆိုတာဟာ စိတ်ဝင် စားစရာဖြစ်သလို သူဟာ ဘယ်လိုလူလဲ ဆိုတာ ဟာလည်း စိတ်ဝင်စားစရာပါပဲ။  မြန်မာ တိုင်းရင်း သူတစ်ဦး နဲ့ အကြောင်းပါခဲ့တဲ့ တစ်ရွာသားဖြစ် ပေမဲ့ သူဟာ အာရှနဲ့တော့ တစ်သားတည်းကျနေ ပါတယ်။ မြန်မာနဲ့ အာရှအရေး ကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်ပြီး စာအုပ်ပေါင်း များစွာ ကိုရေးသားခဲ့ပါတယ်။ သူရေးသားခဲ့တဲ့ စာအုပ် တွေကိုရေတွက် ရရင်တော့ The Rise and Fall of the Communist Party of Burma (CPB) ၊ Outrage: Burma’s Struggle for Democracy ၊ The Kachin: Lords of Burma’s Northern Frontier ၊ Land of Jade: A Journey from India through Northern Burma to China   ၊ Merchants of Madness: The Methamphetamine E_plosion in the Golden Triangle နဲ့ Great Game East – Indiaç China and the struggle for Asia’s most volatile frontier အစရှိတဲ့ စာအုပ်များပဲဖြစ်ပါတယ်။ စင်စစ်တော့ သူဟာအာရှဒေသတွေမှာ ကြီးပြင်းလာခဲ့တဲ့ဆွီဒင်လူမျိုးတစ်ဦးပါပဲ။ မဆုတ်မနစ်တဲ့ ဇွဲလုံ့လ နဲ့ မာကျောတဲ့ စိတ်ဓာတ် တွေကြောင့် အောင်မြင် ကျော်ကြားမှုတွေကို ရရှိလာတယ်လို့တောင် ဆိုရမယ့် သူဖြစ်ပါတယ်။ သူ့အကြောင်း ကိုနေရာ တကာ မှာတွေ့ရပြီး ဖြစ်ပေမဲ့ ရတီ ပရိသတ်တွေ နဲ့တော့ တိုက်ရိုက် မထိတွေ့ဖူးသေးတဲ့ အတွက် ဒီလမှာ သူ့ကိုရွေးချယ်ဖြစ်ခဲ့ပါတယ်။

ဆွီဒင်တစ်ယောက်ဖြစ်ပေမဲ့ အာရှအရေး တွေကိုဘာကြောင့် စိတ်ဝင်စားရတာလဲ။

ကျွန်တော်က ၁၉၇၅လောက် ကတည်းက အာရှမှာ ကျင်လည်ခဲ့ပါတယ်။ ဆိုရရင် ဆွီဒင်မှာ နေတာထက် အာရှမှာနေတဲ့ အချိန်က အများကြီး ပိုများပါတယ်။ ကျွန်တော့် ကိုယ် ကျွန်တော် အာရှ နေ ဥရောပသား (ဥရောပမှဝင်ရောက်နေထိုင်သူ) အနေနဲ့ သတ်မှတ်ထားပါတယ်။ ပွင့်ပွင့် လင်းလင်း ဆိုရရင် စင်စစ် ဆွီဒင်နဲ့တခြား ဥရောပ နိုင်ငံတွေဆီ ရောက်သွားခဲ့ရင်တောင်ကိုယ့် ကိုယ်ကိုယ် သူစိမ်း တစ်ရံဆံလို ခံစားမိပါ တယ်…

ဆရာ့ကိုဘလက်လစ်အဖြစ် ပြည်ဝင်ခွင့် တွေ ပိတ်ပင်ထားတဲ့ ကာလတွေမှာဘယ်လို များ သတင်းအချက် အလက် ကိုရှာဖွေစုစည်းပါ သလဲ။

ကျွန်တော်မြန်မာပြည် စရောက်ဖူးတာ ၁၉၇၇ကပါ။ ဆက်တိုက် ဆိုသလို ၁၉၇၉ – ၈ဝတွေမှာ ထပ်ရောက်ခဲ့ပါတယ်… ၈၉ တုန်း က၂ခေါက်တောင်။ ဒီ့နောက်ပိုင်း ၂ဝ၁၂ စက်တင် ဘာ ကျွန်တော့်နာမည်ကို အမည်မည်း စာရင်း (နာမည်ပျက်သူစာရင်း) ထဲကပယ်ဖျက် တဲ့ အထိမြန်မာပြည်ကို တရားဝင် ဝင်ရောက် ခွင့်မရခဲ့ပါဘူး.. .ဒါပေမဲ့ ခင်ဗျား တို့သိတဲ့ အတိုင်း ဗဟိုအစိုးရ အာဏာ မသက်ရောက်တဲ့  နေရာတွေမှာ တစ်စုံ တစ်ခုဖြစ်တိုင်း လိုလို ကျွန် တော်ရောက် ခဲ့ပါတယ်။ အကြာဆုံး ကတော့ ၈၅ စက်တင်ဘာ ကနေ ၈၇ ဧပြီအထိပေါ့ (နာဂ တောင်တန်းကချင်ပြည် နယ် နဲ့ရှမ်းပြည်နယ် တို့ကိုပါ)။ ရောက်တဲ့ အခါတိုင်း ခင်မင်ကြသူ မြန်မာ မိတ်ဆွေတွေ က ဖြစ်ကြောင်း ကုန်စင် သတင်းတွေကိုပေးတတ်ကြပါတယ်။ ဆိုလိုတာက အစိုးရကနာမည်ပျက် စာရင်းသွင်း ထားပေမယ့်လည်း ကျွန်တော် သိလိုတဲ့ သတင်းတွေရ
နေတာပါ။

ရှင့်ကိုနာမည်ဆိုး စာရင်းသွင်းထားခဲ့ကြတုန်း ကဘယ်လိုမျိုးတွေ တုံ့ပြန်ဖြစ်ခဲ့သလဲ ဆိုတာလည်းပြောပြပါလား။ ဒါမှမဟုတ် အဲဒီအဖြစ်အပျက် ကိုဘယ်လို များကျော်ဖြတ် ခဲ့ပါသလဲ။

ကျွန်တော် နဲ့ပတ်သက်လို့ အစိုးရကဘာဘဲ ပြောပြော ဘယ်လိုဘဲထင်ထင် ဂရုမစိုက်မိဘူး …မြန်မာမိတ်ဆွေတွေ က ကျွန်တော့် ကို ဖေးမပေး ကြသလို သိလိုသမျှ သတင်းတွေ ကိုလည်းပေးနေခဲ့ကြတာလေ…

ဆရာ့ရဲ့ဇနီးက မြန်မာသွေးနှောသူ တစ်ယောက် လို့ သိရပါတယ်။ ဆိုတော့ ရှင်ဟာ အာရှသူ အာရှ သားတွေကို စိတ်ဝင်စားခဲ့တယ် လို့ ဆိုရ မလား။

ကျွန်တော့် မိန်းမက သီပေါသူ။ ရန်ကုန်မှာ ကျောင်းတက်ခဲ့တယ်။ ဟုတ်ပါတယ် ကျွန်တော် ဗုဒ္ဓဘာသာဝင်ပါ။ ကျွန်တော် နဲ့သူအကြောင်း မပါခင် ဟိုးကတည်းက ကျွန်တော် က ဗုဒ္ဓဘာသာ ဝင်ပါ သီရိလင်္ကာ နဲ့ထိုင်းကဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ မှာနေခဲ့ဖူးပါတယ်။

ရှင်ကရဟန်း အဖြစ် သာသနာ့ဘောင်ထဲ ဝင်ဖူး တယ်လို့ ကြားဖူးပါတယ်။ ဗုဒ္ဓဘာသာဖြစ်လာ ပုံလေးကိုပြောပြပါလား။

ဗုဒ္ဓ ဘာသာဖြစ်တာ နဲ့ပတ်သက်လို့တော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။

မြန်မာလူငယ် တော်တော်များများ ဟာရှင့်ရဲ့အောင်မြင်မှုတွေ အတွက်  ရှင့်ကိုသူရဲကောင်း တစ်ယောက်လို သဘောကျကြတယ်။ ဒါကြောင့် အောင်မြင်မှု အတွက် အကြံပေး စကားတစ်ခွန်းလောက်ပြောပါလား။

စိတ်ရှည်ရှည် ထားတာရယ်၊ စာများများ ဖတ်တာနဲ့ရပ်ထဲ ရွာထဲက သာမန်လူတွေပြော တာဆိုတာ နားထောင်တာရယ်၊ အမြဲလို စဉ်းစားချင့်ချိန် သုံးသပ်နေရ တာရယ်တွေ ပါ  အမှန်ကိုအမှန်အတိုင်း လက်ခံနိုင်ဖို့ကိုယ့်စိတ် ကိုယ်ဆုးံမ ရတယ်ဗျ။ တစ်ပါးသူကကိုယ့်ကို အသုံးချ မသွားအောင်နဲ့ တစ်စုံတစ်ယောက် ရဲ့ အကျိုးစီးပွား တခုခု အတွက် ကိုယ်ကကြား မညပ်အောင် သတိထားရတယ်။ ဒါတွေလုပ်နိုင် ပြီဆိုရင် သူတစ်ပါးပြောသမျှ နားထောင်ပေးဖို့ နားထောင်တတ်ဖို့လိုတာပေါ့ဗျာ။ သြဇာ အာဏာ ရှိသူတွေနဲ့ပြောဖို့ ဆိုဖို့အပြင် ပစ္စက္ခ လောက ကို အမှန်တကယ် သက်ရောက်စေတဲ့ သာမန် လူထုနဲ့လည်းစကား စမြည်ပြောကြည့်ရ ပါသေးတယ်။

မတူညီတဲ့ ယဉ်ကျေးမှုကြားမှာ လာရောက်ရှင်သန် နေထိုင်ရတဲ့ အခါမှာကော ဘယ်လိုမျိုးနည်း နဲ့ အောင်မြင်အောင် ဖြတ်သန်း လာခဲ့တာ လဲဆိုတာ လည်းပြောပြပေးပါ။

ဒါဟာပြဿနာတစ်ရပ် မဟုတ်ပါဘူး။ ဘယ် နေရာဘယ်ဒေသ ဘယ်အသိုင်း အဝိုင်းက ဖြစ်ပါစေ မြန်မာပြည်သားတွေ နဲ့အဆင်ပြေဖို့ မခဲယဉ်းပါဘူး။

 ထေရဝါဒ ဗုဒ္ဓဘာသာဝင် နိုင်ငံခြင်းတူတူ အာဏာ သိမ်းတာခြင်း တူတူပေမဲ့ ထိုင်းဟာ ဘာကြောင့် မြန်မာထက် အဆပေါင်း များစွာ စီးပွားရေးကောင်းမွန် တိုးတက် တာလဲ ဒါကို ဘယ်လိုမြင်လဲ။ နိုင်ငံရေးစနစ် ကြီးနိုင်ငယ်ညှဉ်းခေါ် မလား ကြီးစဉ်ငယ်လိုက် စနစ်ဆန်တဲ့ လူမှုစနစ် ဒါမှမဟုတ် တခြား တစ်ခုခုပေါ့။

အဲလိုချည်းတော့ အမြဲမဟုတ်။ မဖြစ်ပါဘူး။ ၁၉၆၂ မတိုင်မီက မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံထက်ကြွယ်ဝ ချမ်းသာသလိုပိုလည်း တိုးတက်ခဲ့ပါ တယ်။ ပညာရေး အဆင့် အတန်းလည်း မြင့်မား ခဲ့ပါတယ် ။ဒါပေမဲ့မြန်မာပြည်ရဲ့ အာဏာသိမ်းမှု နဲ့ထိုင်းရဲ့ စစ်အုပ်ချုပ်ရေး က အခြေခံ အားဖြင့် ကိုကွဲပြားပါတယ်။ ထိုင်းနိုင်ငံမှာ စစ်ဖက်က နိုင်ငံရေး အာဏာကိုပဲ ရယူခဲ့ပါတယ်။ စီးပွားရေးကိုတော့ အရပ်သား စီးပွားရေးသမားတွေ လက်ထဲမှာပဲ ထားခဲ့တာပါ။ တကယ်တော့ ထိုင်း နိုင်ငံရေး စနစ်က စစ်ဖက်နဲ့ ပလူတို ဒီမိုကရေစီ ခေါ် ဗြူရိုကရေစီ စနစ်နဲ့ ဘုရင်စနစ် စုပေါင်းစပ် ပေါင်းစနစ် စနစ်၂ရပ်ကြား’ ကာလံဒေသနဲ့  အညီ အဆင်ပြေပြေစပ်တူအုပ်ချုပ်ရေးစနစ်’ အပေါ်မှာ အခြေခံတယ်လို့ ဆိုရမှာပါ။ ဒီလိုနဲ့ အဲဒီ စုပေါင်းစပ်ပေါင်း အုပ်ချုပ်ရေး စနစ် အောင်မြင်လာခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးလာခဲ့တာ ပါ။ ဒါပေမဲ့ နိုင်ငံရေး ဖွံ့ဖြိုးမှုနဲ့အပါးဝမှု နိုင်ငံရေး သဘော အပါအဝင်ရင့်ကျက်မှုတွေ ကတော့  ထိုင်ဝမ်တို့ တောင်ကိုရီးယား တို့နဲ့အင် ဒိုနီးရှား အပါအဝင် ဖိလစ်ပိုင်နိုင်ငံတွေတို့ ကျင့် သုံးတဲ့ ဒီမိုကရေစီ စနစ်တွေ နောက်မှာ ပြတ်ကျ နေရစ်ခဲ့ပါတယ်။ တစ်ဖက်က ကြည့်ရင် ၁၉၆၂ မြန်မာနိုင်ငံ အာဏာသိမ်းချိန်မှာ နိုင်ငံ ရေး အာဏာတင်မ က စီးပွားရေး ကိုလည်း ချုပ်ကိုင်ခဲ့ ပါတယ်။ လုပ်ငန်းတိုင်း ကိုပြည်သူ ပိုင်ဆိုပြီး သိမ်းတယ်။ စစ်ဖက်က ချုပ်ကိုင်တဲ့ နိုင်ငံတော်ပိုင် ကော်ပိုရေးရှင်းတွေ လက်ထဲ လွှဲခဲ့တယ်။ ဒါဟာ အရှေ့ ဥရောပ နဲ့တရုတ်ဗီယက် နမ်တို့မှာ ကျွန်တော် တို့မြင်ခဲ့ရတဲ့ ဆိုရှယ်လစ် စနစ်လည်း မဟုတ်ခဲ့ပါဘူး။ စစ်ဖက်က ချုပ်ကိုင်လည်ပတ်နေ တဲ့ စီးပွားရေး စနစ်သက် သက်ပါ။ ဒီလိုနဲ့ စီးပွားရေး စုန်းစုန်းမြုပ်ခဲ့ရတာပေါ့။ စစ် အစိုးရ သိမ်းယူ တာကြောင့် အရပ်သား စီးပွား ရေး အသိုက်အမြုံ လဲ ပြိုလဲခဲ့ရပါတယ်။ ပညာ တတ် တွေလည်း အုံလိုက်ကျင်း လိုက်နိုင်ငံကို စွန့်ခွာ ခဲ့ကြတယ်။ တစ်ရံတစ်ခါက ဒေသတွင်း မှာ လျှမ်း လျှမ်းတောက်ကြွယ်ဝ ဖွံ့ဖြိုးခဲ့တဲ့ နိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ခဲ့ရ တယ်လေ။ ဒါနဲ့ဘဲ ၁၉၈၈ အုံကြွမှုကြီး ဖြစ်ခဲ့ ရတယ်ဆိုပါတော့။ အဲဒီတုန်းကဖြစ်ခဲ့ တာတွေ ကတော့ သမိုင်းတွင် ရစ်နေပါပြီ။ ‘မြန်မာ့ နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်’ကို ၁၉၈၈မှာ ဖျက် သိမ်းခဲ့ရပါတယ်။ အဲဒီတုန်းက စီးပွားရေး ချွတ်ခြုံကျချက် ကကမ်းကုန်ခဲ့တာမို့ အစိုးရ အထိန်းအချုပ် ကင်းတဲ့ ဈေးကွက် စီးပွား ရေးနဲ့ အစားထိုးဖို ကလည်း သိပ်ကိုခက်ခဲခဲ့ပါ တယ်။ ဒီလို ဒီလိုနဲ့ အရင်တုန်းကလို စစ်ဖက် ကပဲအဲဒီ’မြန်မာ့နည်းမြန်မာ့ ဟန်အရင်းရှင် စနစ်ကို စိုက် လိုက်မတ်တတ် ဝင် ပါနေတော့တာပါပဲ ကျွန်တော်ပြောခဲ့တဲ့ သမိုင်းနောက်ခံနဲ့ အမှန် တကယ် ဖြစ်ပျက်နေတာတွေ ဟာ မြန်မာနိုင်ငံ အတွက် အဓိကပြဿနာတွေပါ။ မြန်မာနဲ့ ထိုင်းခြားနားချက် ကလည်း အဲဒါတွေပါပဲ။

လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းအပေါ်အမြင်လေးလည်းပြောပါဦး။

ဆရာမတို့သိတဲ့ အတိုင်းတခြား ဂျာနယ်လစ်တွေထက် ကျွန်တော်ကမြန်မာပြည်ထဲ အရင့်အရင် ဖြစ်ခဲ့တာတွေ၊ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်ခဲ့ တာတွေကို တစိုက် မတ်မတ် စိတ်ဝင်စားခဲ့သလို သိအောင်လည်း ကြိုးစားခဲ့ပါတယ်။ ဒီနေ့မြန်မာဟာ လွန်ခဲ့တဲ့နှစ်တွေ က မြန်မာထက် ပိုပြီးပွင့်ပွင့် လင်းလင်းပြော ဆိုနေထိုင် သွားလာ လို့ရနေပါပြီ။ ဒါပေမဲ့ ဒီလိုလုပ်လို့ရရုံ နဲ့ဒီမိုကရေစီ မဟုတ်သေးပါဘူး။ ဒီမိုကရေစီကို သွားနေရုံ သက်သက် ရှိပါသေးတယ်။ အကြား အမြင်နဲ့အတွေ့ အကြုံတွေ လိုပါသေးတယ်။ စစ်ဖက်က အာဏာကိုအကြီးအကျယ်ကို ဆုပ်ကိုင်ထား သေးတဲ့အပြင် အနာဂတ်မှာလည်း ဆက်လက် ဆုပ်ကိုင်ထားဖို့ သေချာသလောက် ဖြစ်နေပါ တယ်။ ပြီးတော့ လူငယ်လူရွယ်တွေ ကလည်း သူတို့ယုံကြည်တာကိုရဖို့ တိုက်ပွဲ ဝင်နေကြတုန်း ရှိပါသေးတယ်။ လူငယ် ဂျာနယ်လစ်တွေ ကိုယ့် ကိုယ်ကိုယ် တကယ့် ပရော်ဖက်ရှင်နယ် သတင်း ပညာသည်တွေဖြစ်အောင် အပတ်တကုတ် ကြိုးစားနေကြပါတယ်။ သူတို့ဒါတွေကို ကျွန် တော် အထင်တကြီးလေးစား မိပါတယ်။ အနာဂတ် မျှော်လင့်ချက်ဟာ မျိုးဆက်သစ် လူငယ်တွေပါ။ သူတို့ကိုချီးကျုး မိသလို အလေး အမြတ်လည်းပြုမိပါတယ်။

အလုပ်တွေကနေအနားယူပြီးတဲ့အခါ ဘဝကို ဘယ်လိုဖြတ်သန်းမယ်လို့ တွေးထားလဲ။

အနားယူမယ်လို့စိတ်မကူးဘူး။ ကွန်ပျူ  တာကီးဘုတ်ခလုတ်တွေနှိပ်နိုင်နေသမျှ စာရေး နေဦးမှာပါ။

↧

သူပြောတဲ့ သူ့အကြောင်း

$
0
0

Model             – Hein Thit
Photo              – Kansuho (Black & White Studio)
Arranged by  – Thida Soe

‘Control’ တစ်ကိုယ်တော် အခွေနဲ့ ‘ပျို့ချစ်မောင်’ တစ်ကိုယ်တော် အခွေတွေကို ပရိသတ်လက်ထဲ အရောက် ထည့်ပေးခဲ့ပြီး ခုချိန်မှာ ပရိသတ်တွေ ရဲ့ အားပေးမှု ကို ရယူ ပိုင်ဆိုင်ထားနိုင်သူ လူငယ် အဆိုတော် ဟိဏ်းသစ် ပြောပြတဲ့ သူ့အကြောင်းတွေက တော့ …

ဟိဏ်းသစ်ပျော်ရွှင်ခဲ့တဲ့ အမှတ်တရနေ့များ

အမှတ်တရ အနေနဲ့ ပျော်ရွှင်ခဲ့ရတာတွေ က အများကြီးပါပဲ။ Stage  ကျောင်းတက်တုန်း ကနဲ့ တက္ကသိုလ် ကျောင်းတက်တုန်း ကတော့ ပျော်စရာတွေ ပိုများပါတယ်။ ကျွန်တော် ကွန်ပျူတာ တက္ကသိုလ်တက်တုန်းက နောက် ပြောင်၊ စနောက်နေတော့ ဆရာမတွေ အကုန် သိကြ မှတ်မိကြတယ်။ ကျောင်းသားတွေ က လည်း ကျွန်တော့် ကို မှတ်မိကြတယ်။ ဆရာမ တွေကို နာမည်ပြောင်လိုက်ပေး တာလည်း ကျွန်တော်ပါပဲ။ မော်ကွန်းထိန်း ရုံးခန်း ရောက် တာလည်း ခဏခဏပဲ။ ဆရာမတွေကို စပေ မယ့်နောက်ပေမယ့် အရမ်းကြီး နောက်တာတော့ မဟုတ်ပါဘူး။ ပျော်ပျော်နေတတ်တာပေါ့။ အဲဒီတုန်းက နေ့ရက်တွေ ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရတယ်။ ခုချိန်ထိ လည်း ကျောင်းတုန်း က အကြောင်းတွေ စဉ်းစားရင် ပြုံးမိတယ်။

ဟိဏ်းသစ်သည်းမခံနိုင်တဲ့လုပ်ရပ်များ

ကျွန်တော်က သည်းခံပါတယ်။ ကျွန်တော် က စိတ်နည်းနည်း ဆတ်တယ်။ ဆတ်ခနဲပြန်ပြော တတ်တယ်။ တုံ့ပြန်မှုမြန်တာပေါ့နော်။ အဲဒါ ကြောင့် အနုပညာလောက ထဲကို ရောက်တော့ တော်တော်များများ ကို စဉ်းစားပြီးမှ စကားပြော တယ်။ တော်တော်များများကို သည်းခံပြီးမှ ပြန်တုံ့ပြန်တယ်။ ဥပမာ - April Fool လိုမျိုး မှာ အရမ်း စနောက်တာကို မကြိုက်ပါဘူး။ လူတစ်ဖက်သားကို ထိခိုက်နစ်နာအောင် စတာ ကို ကျွန်တော် သည်းမခံနိုင်ဘူး။ လူတစ်ယောက် စိတ်ဆိုးမာန်ဆိုး ဖြစ်လောက်အောင် စတာတော့ လုံးဝ မကြိုက်ပါဘူး။

မိဘအပေါ်ထားတဲ့ ဟိဏ်းသစ်ရဲ့ စိတ်သဘော ထား

မိဘတွေကို ချစ်ပါတယ်။ ကျွန်တော့် အတွက် အရာရာတိုင်းကို ဖြည့်ဆည်းပေးသူပါ။ တစ်ခါတလေတော့ မိဘနဲ့ သားသမီးကြားမှာ နားလည်မှု လွဲတာလေးတွေတော့ ရှိတာပေါ့နော်။ မိဘတွေ ခေတ်တုန်းကလို ကျွန်တော်တို့ခေတ် က ဘယ်လိုဆိုပြီး နားမလည်ပေးနိုင်တာတွေ ကျတော့ ကတောက် ကဆဖြစ်တာပေါ့နော်။

ကိုယ်ရှာဖွေထားတဲ့ ငွေကြေးတွေကို ဘယ်လို နေရာတွေမှာ များများသုံးဖြစ်လဲ

ကိုယ့်အတွက်ပဲ ကိုယ် ဆိုရင်တော့ အစာ စားတာပါပဲ။ ကျွန်တော်တို့ သူငယ်ချင်း တစ်ဖွဲ့လုံး ခဏခဏ တွေ့တယ်၊ ခဏခဏ မုန့်စားကြတယ်။ အစာစားတာနဲ့ ပိုက်ဆံ တော်တော်များများ ကုန် တယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့အဖွဲ့ က ၆ လတစ်ခါလောက် ခရီးသွားကြတယ်။ ခရီးတွေ ခဏခဏ သွားဖြစ်တယ်။ အဲဒီ အတွက် လည်း ပိုက်ဆံကုန်ပါတယ်။ ဘုရားတရားနဲ့ ပတ်သက်တာ ဒါမှမဟုတ် ပရဟိတနဲ့ ပတ်သက် တာတွေမှာ လှူဖြစ်တယ်။ အဖေ နဲ့အမေကို ပိုက်ဆံ အပ်ရင်လည်း ‘နင့် ပိုက်ဆံပဲ နင်သုံးပါ’ ဆိုပြီး ပြောကြတယ်။ တစ်ခါတလေ ဆိုရင် အဖေ နဲ့အမေဆီ ကတောင် ပိုက်ဆံပြန်ယူရပါ သေးတယ်။

ပရဟိတတွေ လုပ်လာကြတဲ့ အပေါ်မှာ ဟိဏ်းသစ်ရဲ့အမြင်

ပရဟိတတွေ လုပ်ကြတာ ကောင်းပါတယ်။ ရေဘေးတွေ မဖြစ်ခင်ကတည်းက မိဘမဲ့ကလေး တွေနဲ့ ပတ်သက်ပြီး ပရဟိတ လုပ်နေတာ နှစ်တွေ တော်တော် ကြာပါပြီ။ အခု လူငယ်တွေ က ပရဟိတ လုပ်လာတော့ ပိုပြီးကောင်း ပါတယ်။ ပရဟိတ လုပ်တဲ့ အခါမှာ လှူတဲ့သူ ဆိုတာက လူငယ် အချင်းချင်း လှူတာပမာဏ နည်းတယ် လေ။ လူကြီးတွေ လှူတာ များတဲ့ အတွက် လူကြီးတွေ အမြင်မှာ တင့်တယ်တဲ့ လူရိုသေ ရှင်ရိုသေဖြစ်မယ့် ပုံစံမျိုးလေးတွေ ဝတ်စား ဆင်ယင်ပြီးတော့ ပရဟိတလုပ်ရင် ပိုကောင်း ပါတယ်။
ရေဘေးသင့် ပြည်သူတွေ အတွက် အလှူခံ တဲ့ ကောင်လေးတွေ၊ ကောင်မလေးတွေ Stage Show သွားမယ့် ပုံစံတွေ နဲ့ ကျွန်တော် မြင်ဖူး တယ်။ ကျွန်တော် ဒဂုံစင်တာ မှာ အဲဒီ အဖွဲ့နဲ့ ဆုံခဲ့တာပါ။ ကိုယ်ကိုယ်တိုင်ရော အဲဒီလိုဝတ် ထားရင် လှူချင်ပါ့မလားပေါ့။ ကျွန်တော်တို့ အလှူငွေ သွားခံရင်လည်း ဆင်တူဝတ်စုံ ဒါမှ မဟုတ် ပုဆိုးဝတ်ပြီး သွားကြ တယ်။ လူကြီးတွေ အမြင် တင့်တယ်တဲ့ပုံစံမျိုးပေါ့။

ဟိဏ်းသစ် ရဲ့ အနုပညာလှုပ်ရှားမှုများ
အခု နောက်ပိုင်းမှာ VCD တွေ ပိုပြီး ရိုက်ဖြစ်တယ်။ ရိုက်ဖြစ်တယ် ဆိုတာ ကလည်း သူငယ်ချင်းတွေ က ခေါ်ရင်းနဲ့ အပြင် လူတွေရဲ့ VCD မှာပါ သရုပ်ဆောင်ပေးဖြစ် ပါတယ်။ VCD ရိုက်ရမယ်၊ မင်းသား လုပ်ရမယ် လို့တော့ မဟုတ် ပါဘူး။ သူတို့လည်း အခက်အခဲ မဖြစ် အောင်၊ ကျွန်တော် လည်း အဆင်ပြေလို့ ကူညီ ပေးတာပါ။ ‘ပျို့ချစ်မောင်’ MTV ကတော့ ၂ ပုဒ်၊ ၃ ပုဒ်ပဲ ရိုက်ရသေးတယ်။ ရရင် ရသလို တော့ ရိုက်သွားမှာပါ။ ၂ဝ၁၆၊ ဖေဖော်ဝါရီ၊ ဒါမှမဟုတ် မတ်လလောက် ထွက်ဖို့ မှန်းထားပါ တယ်။

‘Control’ တစ်ကိုယ်တော် အခွေနဲ့ ‘ပျို့ချစ် မောင်’ တစ်ကိုယ်တော် အခွေ အပေါ် ဟိဏ်းသစ် ရဲ့ သုံးသပ်ချက်

ကျွန်တော်ရဲ့ ဒုတိယအခွေ ‘ပျို့ချစ်မောင်’ ကိုတော့ ပိုပြီးအားရ ကျေနပ်မိပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော် အနုပညာ လုပ်လာတဲ့ သက်တမ်း ကြာလာတဲ့ အခါကျတော့ ကိုယ် ဘာပုံစံဆိုချင်လဲ၊ ကိုယ်ဘာ ပုံစံနဲ့ လိုက်မလဲ ဆိုတာကို သိလာတယ်။ ပိုပြီး လုပ်နိုင်လာတယ်။ ပရိသတ်တွေ ကလည်း ဘယ်လို ပုံစံနဲ့ ကိုယ်နဲ့ လိုက်တယ် ဆိုတာကို ပြောလာတာ ကို မှတ်ထား ပြီး ရွေးချယ်တယ်။ ကိုယ့်ဘာသာ လည်း သီချင်း ရေးလာတဲ့ အတွက် ဒုတိယအခွေ ‘ပျို့ချစ်မောင်’ က ပိုပြီး ဟိဏ်းသစ် ပုံစံ ပိုပေါက်ပါတယ်။

ဟိဏ်းသစ်သီချင်းရေးဖြစ်တဲ့ အကြောင်းအရာ များ

သီချင်း ရေးတာကို အရင်တုန်းက ရေးလေ့ ရေးထ မရှိပါဘူး။ ဒါပေမဲ့ Copy  တွေ ရေးရင်း ကနေ Owntune  တွေ ရေးဖြစ်လာတာပါ။ ဒုတိယ အခွေ ဆို ရင်  Owntune  တွေပဲ ရေးထား တာပါ။ သီချင်းတွေ နားထောင်ပြီး ရေးတာ ပေါ့နော်။ အတီးသမားကိုတော့ ကိုယ်လိုချင် တာလေးတွေ အပ်ရတာပေါ့။ အဲဒီလိုပုံစံနဲ့ လည်း သီချင်း ရေးပါတယ်။ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင် မှာ မြင်နေရတဲ့ အရာတွေကို သီချင်း ရေးတတ်ပါတယ်။ ကျွန်တော်ရေးတဲ့ သီချင်းတော်တော် များများ က ရွှတ်နောက် နောက် ပုံစံတွေပါမယ်၊ အသည်းကွဲသီချင်းတွေ ပါမယ်၊ သူငယ်ချင်းတွေ ရဲ့ ခံစားချက်တွေ ပါချင်ပါမယ်။ သီချင်းရေးချင် စိတ်ပေါက်မယ်၊ အကြောင်းအရာ တစ်ခု လည်း ခိုင်လုံတယ် ဆိုရင် ကျွန်တော် သီချင်းရေးပါတယ်။ များသောအား ဖြင့်တော့ ညဘက်ရေး ပါတယ်။ အရမ်း အရေး ကြီးလာ ရင်တော့ နေ့ဘက်တွေ မှာ ရေးပါ တယ်။ အကြောင်းအရာ နဲ့ ကိုယ်နဲ့ အပ်စပ်ရင် ရေးတာ ပိုမြန်ပါတယ်။

ဟိဏ်းသစ်ကြိုက်တဲ့ ဂီတအမျိုးအစား

ပရိသတ်တွေ ကတော့ Pop  အေးအေး လေးတွေ၊ R & B အေးအေးလေးတွေ နဲ့ ပိုလိုက်တယ် လို့ ပြောကြတယ်။ ကျွန်တော်လည်း အဲဒီလို ပုံစံမျိုးလေးတွေ ဆိုရတာ ပို အားရတယ်။ Stage Show မှာ ဆိုတာ ကျတော့ သီချင်းအေး အေးလေးတွေ ပဲဆိုရင် အဆင် မပြေဘူးလေ။ အဲဒါကြောင့် သီချင်း မြူးမြူးလေးတွေ ဒါမှမဟုတ် ပရိသတ်ကြွေမယ့် ပုံစံမျိုးလေးတွေ ဆိုဖြစ်ပါ တယ်။

ပရိသတ်ရဲ့အပေးအယူမျှဖို့ ဟိဏ်းသစ်ရဲ့ ကြိုးစားမှု

နယ်မှာက ပွဲတွေ သိပ်မရှိဘူးလေ။ Stage Show ရှိမှ ပျော်ရတာလေ။ အဲဒီတော့ ကျွန်တော်မြူးတဲ့ သီချင်းလေးတွေ ဆိုဖြစ်တယ်။ သီချင်းအေးအေးလေး ကို ကြိုက်တဲ့ ပရိသတ် တွေ အတွက် သီချင်းအေးအေးလေးတွေ ဆိုဖြစ် တယ်။ မျှဆိုတာပေါ့နော်။ Show ဆိုလာတဲ့ နှစ် ကြာလာတော့ ပရိသတ်က ဘာဆို၊ ကိုယ်က ဘာဆိုပြီး တုံ့ပြန် တတ်လာတယ်။ အပေးအယူ မျှလာတယ်။ ပရိသတ်တွေ ကတော့ ပထမအခွေ မှာပါတဲ့ ‘ငါ … ရိုးနေပါပြီ’ သီချင်းနဲ့ ဒုတိယ အခွေထဲက ကျွန်တော် ကိုယ်တိုင် ရေးထားတဲ့ ‘လူရိုးလေး’ သီချင်းကို ဆိုဖို့တောင်းဆိုကြ တယ်။ နောက်ပိုင်းမှာကျတော့ ‘မယ်မဒီ’ သီချင်းကိုလည်း ပရိသတ်တွေ ကြိုက်ကြ တယ်။

ဂီတနဲ့ပတ်သက်ပြီး ဟိဏ်းသစ်ရဲ့ လေ့လာမှု များ

ကျွန်တော် အမြဲတမ်း သီချင်းနားထောင် တယ်။ Gym ဆော့ရင်လည်း Channel V တို့၊ MTV တို့ ဖွင့်တယ်။ ကိုယ်အရမ်းကြိုက်တဲ့ အဆိုတော်တွေ ဆိုရင် Facebook မှာ Liked တွေ၊ Follow တွေ လုပ်ထားတယ်။ သီချင်း အသစ်၊ Album အသစ်ထွက်ရင် ချက်ချင်း down တယ်။ down လို့မရရင် နိုင်ငံခြားက အစ်မတွေကို ဝယ်ခိုင်းပြီး ပို့ ခိုင်းပါတယ်။

ဟိဏ်းသစ်ကြိုက်နှစ်သက်တဲ့ Fashion  ပုံစံ

ပွဲအခြေအနေကို ကြည့်ပါတယ်။ ပွဲမှာ လူကြီးတွေ လာနိုင်ရင် လူကြီးတွေ အမြင်မှာ အဆင်ပြေစေမယ့် ဝတ်စုံကို ဝတ်ပါတယ်။ လူငယ်တွေပါတဲ့ ပွဲတွေ ဆိုရင်တော့ လူငယ်ဆန် တဲ့Kpop Style လေးတွေ ဝတ်ပါတယ်။ ဖက်ရှင်လွဲ သွားမှာကိုတော့ အဓိက ထိန်းပါ တယ်။ ဖက်ရှင်မလွဲအောင် ထိန်းပါတယ်။

အာရှမှာ အောင်မြင်လာတဲ့ Kpop Style နဲ့ပတ်သက်ပြီး ဟိဏ်းသစ်ရဲ့အမြင်

Kpop Style ကို ကျွန်တော်ကြိုက်ပါ တယ်။ ဟိုးကလေးဘဝ ငယ်ငယ်ကတည်းက ကြိုက်ပါတယ်။ Big Bang ကတော့ ခုနောက် ပိုင်းမှာ နာမည်ကြီး လာတာပေါ့နော်။ လီဟိုရီ စပေါ်လာကတည်းက ကျွန်တော်က Kpop ကို သတိထားမိခဲ့တာပါ။ Big Bang ၊ 2Ne1 တို့က ကျွန်တော့်ရဲ့Crazy Idol တွေပေါ့။ Kpop တွေကို ခုချိန်ထိ နားထောင်နေပါတယ်။ ဒီနိုင်ငံ မှာ အဆိုတော်ဖြစ်နေတဲ့ အတွက် အဆိုတော် အားလုံးကို သင်ဆရာ၊ မြင်ဆရာလို သဘော ထားပြီး သင်ယူနေပါတယ်။

ဂီတကို ဝါသနာပါတဲ့ လူငယ်တွေအတွက် ဟိဏ်းသစ်ရဲ့ အကြံပေးစကား

ကျွန်တော်လည်း ကြိုးစားနေတုန်းပါပဲ။ ကိုယ် တကယ်ဖြစ်ချင်တယ်။ ကိုယ် ဒီနေရာကို ရောက်ချင်တယ် ဆိုရင် လုံးဝ အားမလျော့ပါနဲ့။ ကျွန်တော် ကိုယ်တိုင်လည်း အခက် အခဲတွေ၊ စိတ်ဓာတ် ကျစရာတွေ အများကြီး ရခဲ့ပြီးမှ ဒုတိယအခွေနဲ့ ပရိသတ် လက်ခံလာတဲ့ အထိ ဖြစ်လာတာပါ။ ဇွဲမလျော့ဘဲနဲ့ လုပ်ခဲ့တာပေါ့ နော်။ ဂီတကို လုပ်မယ်၊ မလုပ်ဘူး။ ဆက်မလုပ် ချင်တော့ဘူး ဆိုပြီး အဲလိုမျိုးတွေ ဖြစ်ပြီးတော့မှ ဆက်လုပ်ခဲ့တာပါ။

အဆိုပြိုင်ပွဲတွေ လုပ်လာကြတဲ့အပေါ် ဟိဏ်းသစ်ရဲ့အမြင်

အဆိုပြိုင်ပွဲက ကောင်းပါတယ်။ မြန်မာ နိုင်ငံမှာတင် မဟုတ်ဘူး။ ကမ္ဘာ တစ်ဝန်းမှာ အဆိုပြိုင်ပွဲတွေ လုပ်နေကြတာလေ။ အဆို ပြိုင်ပွဲကနေ တက်လာတဲ့ အဆိုတော်တွေ ထဲမှာ ကောင်းတဲ့သူတွေ အများကြီးပါပဲ။ ကျွန်တော် သီချင်း မဆိုခင်တုန်းက Melody World မှာ ပြိုင်ဖူးပါတယ်။ Level I တက်တယ်၊ Level II တက်တယ် ၊ Level III ရောက်တော့မှ ဆက် မပြိုင်ဖြစ်တော့တာပါ။ ပြုတ်သွားတာ မဟုတ် ပါဘူး။ ဆက်မပြိုင်ဖြစ်တော့တာပါ။ ကျွန်တော် သီချင်း ဆိုချင်တယ်။ ကျွန်တော့်အသံ ကို ဒိုင် လူကြီးတွေ အသိအမှတ်ပြုလား သိချင်ခဲ့တယ်။ ကျွန်တော့် အသံက ဆိုးနေလား၊ ဒိုင်လူကြီးတွေ လက်မခံနိုင်တဲ့ အသံဖြစ်နေလား ဆိုပြီး သိချင်တာပါ။ ကျွန်တော် တို့တုန်းက လူ အယောက် ၃ဝ ကို ခေါ်ပြီး အသံသွင်းခိုင်း တယ်။ အဲဒီထဲကမှ ၃ ယောက်ကိုမှ Level I တင်တယ်။ Level I မှာ ဆုရပြီး Level II မှာ ဆုထပ်ရတယ် ၂ဝ၁ဝ လောက်က ပြိုင်ခဲ့တာ ပါ။

ဟိဏ်းသစ်ရဲ့ အနာဂတ်အစီအစဉ်

အနုပညာ အလုပ်ကတော့ လုပ်နေမှာပါ။ ပရိသတ် ကြိုက်တဲ့ ပုံစံလေးတွေကို လုပ်ပြမှာပါ။ အနုပညာသည် ကျွန်တော့် ဝါသနာပါ။ ကျွန်တော် တကယ်ဖြစ်ချင်တာက စီးပွားရေး သမား ဖြစ်ချင်တာပါ။ နောက်ပိုင်းမှာ စီးပွားရေး နဲ့ အနုပညာကို တွဲလုပ်သွားဖို့ အစီအစဉ် ရှိပါ တယ်။

↧
↧

မရှိမဖြစ်အိုး

$
0
0

(၁)
ပညာ သမာ၊ အာဘာ နထ္ထိပညာနှင့် တူ သော အလင်းရောင်သည် မရှိ။ ပညာမရှိ၊ သူ၏ ဝန်ထမ်း- ပညာ မတတ်လျှင် သူတစ်ပါး၏ အစေ အပါး သာ ဖြစ်ချိမ့်မည်။ ပညာရဲရင့် ပွဲလယ်တင့်- ပညာရှိသည် မင်းပရိသတ် ဗိုလ် ခြေအလယ်မှာ တင့်တယ်လှ၏။ ပညာနှင့် ပတ်သက်၍ ထိုထို သော ဆိုရိုး စကားများ ရှိခဲ့ဖူး၏။ ဆိုလိုသည်က-ပညာ ဆိုသဟာကြီးမှာ အရေး ကြီးလှသည်ပေါ့။

ဒါဖြင့် ပညာကို ဘယ်လို ရှာရပါ့။ ရှေး အတိတေ ကတော့ ပညာကို ရှာဖွေဖို့ လွန်စွာ ခက်ခဲခဲ့ ဟန်တူပေသည်။ ‘ပညာ ဆည်းပူး -ပန်း သို့ခူး’တဲ့။ ‘ပညာရှာ ပမာ သူဖုန်းစား’တဲ့။ ကန်တော်မင်းကျောင်းဆရာတော်က ‘ပညာကို လိုသော် ပညာရှိကိုယှဉ်၊ မေး စဉ် နေ့ညမပြတ်၊ အဖတ် အအံ၊ အကြံအရေး၊ ရှေးရှေး ထုံးကို ဆောင်၊ ရူးကျွန်ပြု၍ကပ်၊ သွပ်ကျွန်ပြု၍ ချောင်း’-ဟူ၍ပင် မေတ္တာစာရေးဖွဲ့ခဲ့သေး သည်။

ခေတ်တွေပြောင်း သွားခဲ့ပြီ မဟုတ်လား။ ကမ္ဘာဟာ ရွာဖြစ်လာခဲ့ပြီ မဟုတ်လား။ ပညာခေတ် စတုတ္ထလှိုင်းကြီး ရိုက်ခတ်ခဲ့ပြီ မဟုတ်လား။ ခေတ်မီမီ ကမ္ဘာကြည့် ကြည့် မြင်နိုင်ခဲ့ပြီ မဟုတ်လား။ ခုခေတ် ခုကာလမှာ ပညာရှာဖွေဖို့ မခက်ခဲတော့၊ အပန်း မကြီးတော့၊ ခုနေများ ဆရာတော် မိန့်မှာခဲ့သလို ပညာရှိဆို သူများနောက် တကောက်ကောက် လိုက်၍ ရူးသလိုလို ကြောင်သလိုလို လုပ်ရင်း ပညာလိုက် လံဆည်းပူးခဲ့လျှင် ပညာရမရတော့ မသိ၊ ကာယ ဣနြေ္ဒ ပျက်အောင် နှောင့် ယှက်မှုဖြင့် ထောင်ကျကိန်းရှိ၏။ ထိုမျှအပင်ပန်းခံစရာ မလို၊ သားသမီးတွေ ပညာတတ်စေ လိုလျှင် ကျောင်းထားရုံပါပေ။ ကျောင်းမှန်မှန်တက် စာမခက် ဆိုသမို့လား။

(၂)
စာ စ သင် သင့် သည့် အသက်အရွယ်ကို ငါးနှစ်ပတ်ချာလည်ဟု တစ်ကမ္ဘာလုံးတညီ တညွတ်တည်း သတ်မှတ်ထားကြ၏။ ထို အရွယ်မှ စတင်၍ ကျောင်းသို့အပ်နှံ၍ ပညာ ကို သင်စေ ရမည်တဲ့။ မိမိတို့ သားသမီး ပညာတတ် ကြီး ဖြစ်လိုစိတ် ထိပ်ဖောက်ထွက်မတတ်ပြင်းထန် လှသည့် မိဘများကား ငါးနှစ်ထိပင်မစောင့်ချင် ကြ။ ဒီလိုနှင့် မူလတန်း ကျောင်း မအပ်မီက တည်းက မူကြို- မူမကြို့တကြိုနှင့် မူပိစိကွေး ကျောင်းကလေးတွေ မှာ အသီးသီး အသက သား သမီးကို အပ်နှံ ကြ။ ကျောင်းတွေ က ဖောင်း လေပွ-မိဘတွေကား ကောင်းလေစွ။

ထိုထို မူကြိုများ၌ သားသားမီးမီးတို့ကို အပ်နှံပြီး ပျော် တပြုံးပြုံး ဖြစ်၍မှ မဆုံးသေး။ ဟီး ဟီး ဟီး ချာမက တားတားကို နထုံ လို့ ကျောတယ်ဘေဘေ့ဟု တတ် မတတ် ချက်မတတ် ဟစ်အော်ငိုကြွေး အိမ်ပြန်ပြေးလာကြ ကုန်သော သားလှရွှေသွေး ချစ်တုံးလေးတွေကို တွေ့ကြရ သောအခါ သားသမီးဇောဖြင့် အားကြီးမောကြ ရရှာပြန်၏။ ဘာ-ဆရာမက ငါ့သားကို ငထုံလို့ ပြောတယ်၊ ဟုတ်စ၊ ရိုင်းလိုက်လေ၊ ဘာဖြစ် လို့တုံး ချစ်ဆုံးလေး၊ ကကြာချို ခိုင်းတာ မရရို့ -အောင်မယ် အောင်မယ် ကဗျာဆိုခိုင်းတာ မရ လို့ ဟုတ်စ-သူဆိုခိုင်းတိုင်း ရရမတဲ့လား။ နေ နှင့်ဦး ဒီဆရာမ-ဟေ့ ဖုန်းဆက်စမ်း-နောက်နေ့ အိမ်ကိုလာ- ကလေးကို ကဗျာကျူရှင်သင်-
ဂျောင်းဂျောင်း ပြေးဆိုနိုင်အောင်သင်- ဘယ် လောက်ကုန်ကုန် ကျသလောက်ပေးမယ်-ငွေ ရေးကြေးရေး ခွေးချေး။ ပညာကသာ အဓိက ကျန်တာတွေက သာမည။ လာ လိုက်စမ်း ဆရာမ အိမ်ကို-သင်လိုက်စမ်း ကျုပ်ကလေးကို ကဗျာ-ရော့အင့် အသပြာ။
ကဗျာလည်းရ စာရည်ဝ ဆူခြင်းဒဏ်မှ ကင်းလွတ်ရသည့် ကလေးကား အာစရိယ အိမ် ပင့်သင်သည့် အရသာထူးကို စွဲမိချေပြီ တကား။

(၃)
သည်လိုနှင့် တစ်နှစ်ပြီး တစ်နှစ်၊ တစ်တန်း ပြီး တစ်တန်း၊ တစ်ကျူရှင်ပြီး တစ်ကျူရှင် ဇယ်ဆက်သလို တက်ရင်း ခုခေတ် ကလေးတို့ ပညာရှာ ကြ၏။ မူကြိုကဗျာ ကျူရှင် ဆရာမ ခေါ်ချိန်က ငွေရေးကြေးရေး ခွေးချေး ဆိုခဲ့သည့် မာတာပိတုတို့ကား ထိုချိန်ထိလည်း ငွေရေး ကြေးရေး ခြေသလုံးမွှေးမျှသာ။ ခွေးလည်း မချေးနိုင်ခြေသလုံးလည်း မမွှေးနိုင် ကြသူ မိဘများကတော့ ချစ်စွာသောသားသမီးတို့ သေစာရှင်စာ တတ်ချိန် ကတည်းက စောစော စီးစီး ကျောင်းနုတ်ပြီးခဲ့ပြီ။

ဒသမတန်းခေါ် တက္ကသိုလ် ဝင်တန်း ခေါ် အထက်တန်းဆင့် နောက်ဆုံးတန်းသို့ ဒုတ် ဒုတ်ထိ ဆိုက်ရောက် လေသည့်အခါ ကာလ သမယ မှာတော့ သားရို့ သမီးရို့  ပညာတတ်ကြီး ဖြစ်စေဖို့ အလွန်အင်မတန်မှ လိုလားလှကြသည့် ပုပ္ပာစရိယတို့၏ မျက်လုံးများ ပြူးရာမှ ပြဲလာ ကြ၏။

ကြည့်စမ်း ကြည့်စမ်း ဒီအတန်းဟာ ဘဝရဲ့ မှတ်တိုင်။ ရှေ့ ဆက်ရမယ့် အဆင့်မြင့် ပညာရေးရဲ့ မှတ်ကျောက်။ ရှေ့ ဆက်ရမယ့် လှေကားထစ်။ နောင် အနာဂတ်ရဲ့ အိပ်မက်။ ဒီအတန်းမှာ အခြေမလှလျှင်ဖြင့် ရင်းနှီးခဲ့သမျှ ခဲလေသမျှ သဲရေကျ ပဲရေပွ ကိန်း မြင်သလေ။

မိဘများ ဤသို့ဤနှယ် တွက်ကိန်းဆင် နေချိန်မှာ တစ်ဖက်ကလည်း လူကြီးမင်းတို့ စီးပွားရေးကို စိတ်အေးချမ်းသာစွာ လုပ်တော်မူ ကြပါ။ လူကြီးမင်းတို့၏ သားတော်၊ သမီးတော် များ ပညာရေးစိတ်အေးရဖို့ ကျွန်တော်တို့ တာဝန်ထားပါဆိုသည့် ကြော်ငြာကြီးများနှင့် အတူ ဖိတ်ဖိတ်တောက်၍ လက်လက်ထသည့် ကျောင်းတွေ တဖွဲ ဖွဲပေါ်ပေါက်ချိန်ဆိုတော့ ဘာ ပြောကောင်းလေမလဲ-တိုင်း၍ယက်သည့် ပက္ကလာမိုးရွာသည်နှင့် အခန့်သင့်ပေါ့။

ပညာရေး စိတ်အေးရဖို့ ကျွန်ုပ်တို့ တာဝန် ထား ဆိုကတည်းက နောက်က ငွေကို ဂုန်နီ အိတ်ဖြင့် ထည့်ယူလာဖို့ သင့် တာဝန် ဆိုခြင်းကို မပြောဘဲနှင့်သိရမည်။ ပညာကောင်းလျှင် ဈေး ကောင်းမည် ဆိုသဟာကို သဘောပေါက်ရမည်။ ဖိတ်ဖိတ်တောက် ကျောင်းများတွင် သားသမီးကို အပ်နှံခြင်းဖြင့် ဂုဏ်ယူတတ်ရမည်။ မိတ်ဆွေ များ ညာတကာ နစ္စများနှင့် တွေ့လျှင် ကိုယ့်သားက ဘယ်ကျောင်းမှာ-ကိုယ့်သမီးက ဘယ်မှာပေါ့-အစရှိသဖြင့် ခေါင်းတမော့မော့ လည်တခါခါ ကြွားနိုင်ရန် အရေးသား လှ ရွှေသွေး လူကလေး-လူမကလေးတွေ စခန်းဝင် ကြိုးစားလိုက်ကြ စမ်းလေ။

(၄)
စာမေးပွဲကြီး ဝှဲချီး ကျင်းပချိန်မတော့ ငါ့ သား ကမ္ဘာ့ အတော်ဆုံးလေး ကောင်းကောင်းမှ ဖြေနိုင်ပါလေစ။ ငါ့သမီး စကြဝဠာတစ်ခွင် ယှဉ်သူ မရှိလေး မြင်းကောင်း ခွာလိပ် များ ဖြစ် နေမလား စိုးရိမ်စိတ် တစ်ကိုယ်လုံးဖုံးကာ ဆောက်တည်ရာမရကြ။ လိုသမျှ အကုန် ပံ့ပိုး မယ်- စာသာကောင်းကောင်းကျက် ငါ့သားရယ်။ စာမေးပွဲပြီးရင် ငါ့သမီး ခါးစောင်းပေါ် ကမ္ဘာ တင်ပေးမယ်။ လက်ကမီးထွက်မတတ် ရေးလိုက် စမ်း။ ဖြေလိုက်စမ်း- စသဖြင့် အစွမ်းကုန် မီး ကုန်ယမ်းကုန်အားပေးကြ၏။

ချစ်ဖေဖေ ချစ်မေမေတို့၏ အားပေး စကားများ၊ ဆရာ ဆရာမများ၏ အားတက် သရော သင်ကြားမှုများ၊ ဂိုက်ဆရာပိစိ ညှောက် တောက်များ၏ လိုလေသေးမရှိ ပံ့ပိုးမှု များကြောင့် အတန်းတင် စာမေးပွဲကြီးကို ကောင်းမွန် ပေါက် မြောက်စွာ ဖြေဆိုပြီး ကျောင်းစခန်း မှသည် နေ အိမ်သို့ ပြန်လည်ရောက်ရှိ လာကြကုန်သည့် ပညာ တွေ ပြည့်ခဲ့ ဖောင်း ခဲ့သည့် ရင်သွေး တို့ကို မြင်ရသည်က ရှုမဝ- ဖရဏ ပီတိ ဂွမ်းဆီ ထိ ကြက်သီးတွေက တရွရွ။

(၅)
မျှော်လင့်တုန်း ကြော့ဆုံး လာချေပြီ။ အချိန်တန်တော့ နွားပိန်ကန်ချေပြီ။ စာမေးပွဲ အောင်စာရင်းကြီး ထွက်လာခဲ့ပြီ။ မထွက်ခင် ညကတည်းက ကာယကံ ရှင် မောင်ကျောင်းသား မယ် ကျောင်းသူတို့ထက် ဒက်ဒီဖားသားနှင့် မာမီ မားသားတို့မှာ ခြေမကိုင်မိ လက်မကိုင်မိ။ ရင်တွေကလည်း တဒိန်းဒိန်း ခုန်။
ဟော ထွက်ပြီ။ ဟယ်-ငါ့သမီးလေးခြောက် ဘာသာ ဂုဏ်ထူးဆိုပဲ။ ဟာ-ဒါမှ ငါ့သားကွ ငါး ဘာသာ ဂုဏ်ထူးရှင် အစရှိသဖြင့် ပါးစပ်ကြီးများ နှင့် အပြည့် အဖောင်း ပြောရသည်မှာ အရသာ ရှိလှသလေ။ မှန်းချက်နှင့်နှမ်းထွက် မကိုက်သူ မိဘများကတော့ ရှူသိုးသိုး မျက်နှာပေးများနှင့် နေသေးသပခြုံ ထဲက ချိုသွေးတမြမြ။

ဂုဏ်ထူးများရှင် တို့၏ မိဘတို့ကား ပျော်လှ ချေပြီ။ ဝမ်းသာလုံးတို့ ဆို့ချေပြီ။ ပီတိတွေကား အကြောပေါင်း တစ်ထောင် ဖြာလေပြီ။ ကြက်သီး တွေကား ဆံပင်ဖျား မှ ခြေသည်းကြားထိထ လေပြီ။ နေဦး- ဒီလို ပီတိမျိုးဆိုတာ မျှဝေထိုက် သည်မဟုတ်လော။ လူတကာကို ကြော်ငြာ မောင်းခတ်သင့်သည် မဟုတ်လော။ တစ် လောက လုံး၏ မိုးလုံးဟိန်းမည့် ချီးကျူး သံမုဒိတာသံတို့ကို ကြားထိုက်သည်မဟုတ် လော။

စာမေးပွဲအောင်စာရင်း ထွက်ပြီးချိန် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် ဖေ့ဘွတ်ခ် ပါမကျန် ကြော်ငြာ လို့ရသည့် နေရာမှန်သမျှ ကြီးနိုင်သမျှ ကြီး သည့် ကြော်ငြာ ထည့်လိုက် စမ်း။ ငွေဘယ်လောက်ကုန်ကုန်။ လူတကာသိဖို့ အရေးကြီးတယ်။ ပြီးပြီလား။ ဘယ်ဒီလောက်နဲ့ ကျေနပ်နိုင်လိမ့်မလဲ-တစ်သက်မှာ တစ်ခါဆို သလို ရလာသည့် အခွင့်အရေး ကို လက်လွှတ် လိုက်ရလျှင်ဖြင့် ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြ င်ရှိသေးလိမ့်လားဖြစ်ပေမပေါ့။

ရေမွှေး ဖိတ်စာတွေ အထပ်လိုက်ရိုက်စမ်း။ ထိတ်ထိတ်ကြဲ ဟိုတယ် ခန်းမကို ဘွတ်ကင် ချိတ်စမ်း။ ဖိတ်စာမှာ ပြိတ္တာလောက် ရှိတဲ့ စာလုံးကြီးတွေနဲ့ ဦးဘယ် သူ ဒေါ်ဘယ်ဝါ ၏ သားတော်ကြီး သမီးတော်ကြီး ဘယ်နှဘာသာ ဂုဏ်ထူးရှင် ဂုဏ်ပြုစားပွဲ အခမ်းအနားကို ကြွရောက်ချီးမြှင့်ပါ ရန်လို့ ရွှေမင်ငွေမင် စိန်မင်ရ တဲ့မင် နဲ့ရေး-ဈေးကြီးပလေ့စေ။ ပြီးရင် ဟို မင်းသမီးကို ပန်းကြဲဖို့ငှား။ ဒီအဆိုတော်ကို ဂုဏ်ပြုတေးဆိုပေးဖို့ ငှား။ ဟိုမင်းသားကို မုဒိတာစကား ပြောပေးဖို့ငှား။ စားပွဲဝိုင်းတွေက ဧည့်သည်တွေကို ပန်းစည်းတွေ လိုက်ဝေထား-ခဏနေရင် အတင်း အဓမ္မ တက်ပေးခိုင်း။ ရှေ့ဆက်ရမယ့် အနာဂတ် ပညာရေး ခရီး ဖြောင့်ဖြူးပါစေကြောင်း နာမည်ကျော်ကြား လူ ကြိုက်များတဲ့ ပုဂ္ဂိုလ်တွေကို သံပြိုင်တေးဆို ဆုတောင်းခိုင်း။ ဂုဏ်ထူးများရှင် သားသခင်-သမီးဘုရင်ကို တစ် ကိုယ်လုံး ရွှေချ -ပေါင်းတင်-လူတကာ မျက်စိ ကျိန်းလောက်တဲ့ အဝတ်တွေ ဆင်။ နန်းတက်ပွဲ သဘင် ဆင်ယင်ကျင်းပ သလောက် ခမ်းနားမှ ဖြစ်မနော်။ လူတိုင်းပါးစပ် ဖျားမှာ ရေပန်းစား သွားဖို့လိုသကွဲ့။ ကိတ် မုန့် လှီး မင်္ဂလာအတွက် စပါယ်ရှယ်ကိတ်မုန့်မှာ။ ဟက်ပီး ဘတ်ဒေးတူး ယူ အဲ အဲ ဟတ်ပီး ဂုဏ် ထူးတူးယူ သီချင်းကို ဆိုသံပြိုင်ဆို၊ ကိတ်မုန့်လှီး၊ ပရိသတ် လက်ခုပ် တီးစေ။

အနို့ကလို သို့ကလို သူ့ထက်ငါ အပြိုင် အဆိုင် ဂုဏ်ထူးအောင်ပွဲ ဝှဲချီးကျင်းပရင်း ပညာဂုဏ်ရောင် ထွန်းလင်းပြောင်သည့် သားတို့ သမီးတို့အတွက် မာတာပီတု နှစ်ပါးဆိုင် တက်ညီ လက်ညီ သုံးလိုက်ကြသည့် ဖွတ်ကလိ ဒင်္ဂါးတို့ကား ဟိုးရှေး မူကြိုကဗျာ ဆိုချိန်ကတည်း က ဂုဏ်ထူး မင်္ဂလာ ဆင်ယင်ချိန်ထိ ပေါင်းကြည့် ပါလျှင် သိန်းထောင်ချီ သည် ဟူသတတ်။ ကိစ္စ မရှိ။ ပညာသို့သွားသောလမ်းဟူသည် ငွေကုန် စမြဲ။ ပညာဟူသည် မြတ်ရွှေအိုး။ မရှိမဖြစ် အိုး။

↧

ဒီဇိုင်နာ မကြီး၊ မလေး (Kool Fashion) နှင့် စကားလက်ဆုံ

$
0
0

Model                – Ma Gyi, Ma Lay
Make – up         – May Oo Maung (Taw Win Thu)
Designer           – Kool Fashion (Ma Gyi , Ma Lay)

ဒီတစ်လ မှာတော့ အမြွှာ ညီအစ်မတွေဖြစ် တဲ့ ဒီဇိုင်နာ မကြီး၊ မလေး (Kool Fashion)နဲ့ မိတ်ဆက်ပေးမှာပါ။ ဒီဇိုင်နာ လောကမှာ ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းနေတဲ့ ဒီဇိုင်နာ မကြီး၊ မလေး (Kool Fashion) က အခုဆိုရင် Magazine  စာအုပ်များစွာမှာ Fashion ပုံစံ တွေ ဖန်တီးပေးနေပြီး ကြော်ငြာတွေ၊ MTV  တွေ အတွက်လည်း ဆန်းသစ်တဲ့ ဝတ်စုံတွေ ဖန်တီး ပေးနေသူပါ။ ဒီဇိုင်နာ မကြီး၊ မလေး (Kool Fashion) နဲ့ စကားလက်ဆုံပြောဖြစ်ခဲ့တာ တွေက …

အစ်မတို့ အနေနဲ့ ဒီဇိုင်နာလောကထဲကို ဘယ်နှခုနှစ်လောက်က စတင်ဝင်ရောက်ခဲ့တာ ပါလဲ။

ဒီဇိုင်နာလောကကို ၂ဝ၁ဝ ခုနှစ်၊ ၅ လ ပိုင်းတုန်းက စတင်ဝင်ရောက်ခဲ့တာပါ။ ရတနာ မိုင်နဲ့ ဆန်းသစ်လကို စပြီးချုပ်ပေးဖြစ်တာပေါ့ နော်။

ဒီဇိုင်နာပညာရပ်နဲ့ ပတ်သက်ပြီး စတင် လေ့လာဖြစ်ခဲ့တာတွေက …
အစ်မတို့ ငယ်ငယ်ကတည်းက အမေ သင်ပေးတဲ့ အခြေခံပညာလေးတွေ ရခဲ့တယ်။ အမေကတော့ စက်ချုပ် သင်တန်းမှာ သေချာ သင်ခဲ့တာပေါ့နော်။ အစ်မတို့က အင်္ကျီ ချုပ်တာ ကို စိတ်ဝင်စားတော့ အမေ့ဆီမှာ ပြန်သင်ခဲ့ တယ်။ အစ်မတို့ ညီအစ်မ ၃ ယောက်စလုံး ချုပ်တတ်တာပေါ့နော်။ အစ်မတို့ အစ်မအကြီး ဆုံးဆိုရင်လည်း သူ့အင်္ကျီလေးတွေ သူ့ဘာသာ ချုပ်ဝတ်တယ်။ အစ်မတို့ကိုလည်း ချုပ်ပေးတယ်။ အစ်မတို့လည်း ချုပ်တတ်ချင်တော့ ငယ်ငယ် ကတည်းက လေ့လာရတာပေါ့နော်။ အသက် ၁၅ နှစ်လောက်ကတည်းက လေ့လာခဲ့တော့ အသက် ၁၇ နှစ်မှာ စက်ချုပ်တတ်နေပြီ။ ကိုယ့်ဘာသာ လူငယ်ပုံစံလေးတွေ ချုပ်ပြီး ဝတ် ခဲ့တယ်။ သူငယ်ချင်းတွေ ကလည်း ပုံစံလေးတွေ ကြိုက်တော့ သူတို့ကို ချုပ်ပေးပါ ဆိုပြီး တောင်း ဆိုကြတယ်။ အသက် ၁၈ နှစ်လောက်မှာ သူများတွေရဲ့ အင်္ကျီစတွေကို စချုပ်ပေးဖြစ် တယ်။ မရည်ရွယ်ဘဲနဲ့ အင်္ကျီတွေ ချုပ်ဖြစ်ခဲ့ တယ်။ အစ်မတို့က မြဝတီဘက်တို့၊ မဲဆောက် ဘက်တို့ကို သွားဖြစ်တယ်။ တရုတ်ပြည်ဘက် မှာလည်း သူငယ်ချင်းတွေရှိတော့ သွားဖြစ် တယ်။ ကိုယ်တိုင် ကလည်း ဖန်တီးရတာနဲ့ စက်ချုပ်တာကို ဝါသနာပါတော့ အဲဒီဘက်မှာ ရှိတဲ့ cutting ပုံစံတွေလှရင် ကိုယ့်မိတ်ဆွေ တွေဆီက ပြန်လေ့လာဖြစ်တယ်။ အမေ သင်ခဲ့ တုန်းကလည်း အတိုင်းတွေကို လက်မနဲ့ သင်ခဲ့ တာဆိုတော့ အစ်မ တို့လည်း လက်မအတိုင်း တွေပဲ သုံးတာပေါ့။ မဲဆောက် ဘက်ကို သွား တော့မှ စင်တီမီတာ နဲ့ အသုံးပြုတာ ကို တွေ့ရ တယ်။ အဲဒီမှာ တစ်ပတ်၊ ဆယ်ရက်လောက်နေ ပြီး လေ့လာတာပေါ့နော်။ အစ်မတို့ စက်ချုပ်တာ ကို ခဏနားပြီး အစ်မတွေနဲ့ ရတနာ လုပ်ငန်း လုပ် လိုက်သေးတယ်။ ကိုယ့်အဝတ်စားကတော့ ကိုယ့်ဘာသာ ချုပ်ဝတ်နေတုန်းပဲ။ ၂ဝ၁ဝ လောက်မှ ဒီအလုပ်ကို ပြန်လုပ်မယ် ဆိုပြီး လုပ် ဖြစ်ခဲ့တယ်။ ဆန်းသစ်လ ရဲ့အမေ မဝါ (မေရွက်ဝါ) ကလည်း ဒီဇိုင်နာလောက ကို ဝင်ပါလား ဆိုပြီး တိုက်တွန်းခဲ့တယ်။ ’Kool Fashion’ ဆိုတဲ့ နာမည်လေးနဲ့ ဒီဇိုင်နာလောကကို ဝင်ရောက် ခဲ့တယ်။

အစ်မတို့ကို Kool Fashion ဆိုပြီး သတိ ထားမိစေခဲ့တဲ့ ဝတ်စုံတွေကိုလည်း ပြောပြပေးပါ ဦး။

Fashion Image မဂ္ဂဇင်းအတွက် ဂျင်းအင်္ကျီတွေနဲ့ ရိုက်တော့ လူကြိုက်များခဲ့ တယ်။ ယမ်ယမ်ကြော်ငြာ အတွက် ယွန်းယွန်း၊ အိစိကွေးတို့ကို အသီး ပုံစံလေးတွေ ဖန်တီးပေး ခဲ့တယ်။ ကုမ္ပဏီကလည်း လက်ခံတယ်။ အဲဒီ နောက်ပိုင်းမှာ ဝတ်စုံတွေ တော်တော် များများ ဖန်တီးဖြစ်တယ်။

ဒီဇိုင်နာ လောကကို စတင်ဝင်ရောက် လာတုန်းက ဖန်တီးခဲ့တဲ့ ပုံစံနဲ့ အခု လက်ရှိ ဖန်တီးနေတဲ့ပုံစံတွေ ကွာခြား သွားလား။

အစ်မတို့က Accessories တွေ အများ ကြီး ထည့်တာ မကြိုက်ဘူး။ ဥရောပဘက် ကို သွားတဲ့ ဝတ်စုံ ပုံစံတွေကို ဖန်တီး ရတာ ကြိုက်တယ်။ ၂ဝ၁ဝ လောက်တုန်း က ဥရောပ ဘက်ကို သွားတဲ့ ဝတ်စုံတွေ ဖန်တီးတာကို လက်မခံတာ တွေ ရှိတယ်။ ဒါပေမဲ့ အစ်မတို့က တစ်လမ်း ဖောက်ထွက်တာပဲ။ အပြောခံ ရတာတွေလည်း ရှိတာပေါ့။ အဲဒီ အချိန်တုန်း က  Accessories တွေက အရမ်း ခေတ်စားတာ။  Accessories မပါရင် လုံးဝဝတ်စုံ မဖြစ်ဘူး ဆိုတဲ့ အနေအထား ပေါ့။ အဲဒီ အနေအထားမှာ ကတည်းက အစ်မ တို့ က  Accessories ဆို လုံးဝ cancel ပဲ။ နောက် ပိုင်းကျတော့ မှ လိုအပ်ရင် လိုအပ်သလိုလေး ဖြည့်သုံးပေး လာတာပေါ့။ အရင်ကတည်းက ဥရောပဘက်ကို သွားတဲ့ ဝတ်စုံပုံစံတွေ ဖန်တီးရ တာ ကြိုက်သလို အခုထိလည်း အဲဒီပုံစံတွေ ဖန်တီး ရတာကို ကြိုက်နေတုန်းပါပဲ။ ဖက်ရှင် နဲ့ ပတ်သက်လို့ လေ့လာရင် လည်း အဲဒီလို ပုံစံတွေပဲ ပိုလေ့လာဖြစ်တယ်။ မိစန္ဒီ၊ bobby soxer ၊ နန်းသူဇာ၊ နန်းမြတ်ဖြိုးသင်း တို့ကျတော့ ဒီဘက် ခေတ် ပုံစံလေးတွေ လာအပ်ကြတယ်။ အစ်မတို့ ကလည်း သူတို့ လိုချင်တဲ့ ပုံစံလေးတွေ လုပ်ပေး ရတာပေါ့ နော်။ မိုင်လေး (ရတနာမိုင်)၊  နေနေ၊ ဆူဇီတို့ကျတော့ လည်း သူတို့ နဲ့လိုက်ဖက်မယ့် ပုံစံကို လုပ်ပေးရတယ်။ အဆိုတော်တွေ ကျတော့ သီချင်းနဲ့ လိုက်ဖက်တာကို စဉ်းစားပြီး လုပ်ပေး ရတာပေါ့နော်။

မြန်မာ ဝတ်စုံတွေ လည်း ချုပ်ဖြစ်ပါတယ်။ မြန်မာဝတ်စုံ ချုပ်ရတာ ကိုလည်း စိတ်ဝင်စား ပါတယ်။ မြန်မာ ဝတ်စုံက ကိုယ့် ရဲ့ ရိုးရာဝ တ်စုံ ပဲလေ။ မဂ္ဂဇင်းတွေက အပ်တဲ့ ပုံစံတွေလည်း ဖန်တီးပေးဖြစ်ပါတယ်။

Fashion နဲ့ပတ်သက်ပြီး အစ်မတို့အနေနဲ့ ဘယ်လိုတွေ လေ့လာဖြစ်ပါသလဲ။

အစ်မတို့ကတော့ Internet ကြည့်တာ များတယ်။ သွားရင်း လာရင်းနဲ့လည်း ပတ်ဝန်း ကျင်မှာ တွေ့တာတွေ ကို လေ့လာတယ်၊ မှတ် သားထားတယ်။ ဘယ် အဝတ်အစား ကို ဘယ်လို ဖြတ်၊ ညှပ်၊ ကပ်လုပ်ရင် လှမလဲဆိုပြီး စဉ်းစား တယ်။ ဒီဇိုင်နာ အကြီးတွေဆီကရော၊ အငယ် တွေ ဆီကပါ လေ့လာတယ်။ ဘယ်နားလေးမှာ ဘာလေး လုပ်ရင် ကိုယ့်ရဲ့ ပုံစံလေးပါလောက် တယ်ဆိုပြီး တွေးပြီး ဖန်တီး ရတာတွေ ရှိတယ်။ အနောက်တိုင်း ဖက်ရှင်ရော အရှေ့တိုင်း ဖက်ရှင် တွေပါ လေ့လာတယ်။ ပြီးမှ ညီအစ်မနှစ်ယောက် ပေါင်းပြီး ထွင်တဲ့ အခါမှာတော့ ကိုယ့်ရဲ့ အမှတ် အသားလေး ပါအောင် ဆွဲယူပြီး လုပ်ရတာပေါ့ နော်။

ဝတ်စုံတစ်စုံကို လူတိုင်း သဘောကျဖို့ မလွယ်ဘူးလေ။ Ready Made တွေ အများ ကြီးထဲမှာတောင် လူတွေရဲ့ အကြိုက်က ရှိချင်မှ ရှိတာဆိုတော့ အစ်မတို့ရဲ့ ဝတ်စုံတွေ ကို လူတွေ သဘောကျဖို့ ဘယ်လောက် အားထုတ်ရလဲ။

ဝတ်စုံလာအပ်သူရဲ့ ခန္ဓာကိုယ် အချိုးအစား နဲ့လည်း အဆင်ပြေရမယ်။ ကိုယ်လုပ်လိုက်တဲ့ အနေအထား ကိုလည်း သူလက်ခံနိုင် ရမယ်ပေါ့။ အများအမြင် မှာလည်း အမြင် ရိုင်းတာမျိုး မဖြစ်စေရဘူး။ စိတ်ဝင်စားမှုလေးလည်း ရှိစေ ရမယ်ပေါ့။ သီချင်းတစ်ပုဒ် အတွက် ဖန်တီးပေး ပြီးရင် နောက် လူတွေ အတွက်လည်း ဖန်တီး ပေးရ တယ်လေ။ ၃ ရက်၊ ၄ ရက်လောက် ဆက်တိုက် စိတ်ထည့်ထားလို့ ပင်ပန်းပြီးသွား ရင် ၁ ရက်လောက်ကို စိတ်လျော့ပြီး ပြန်နားရ တယ်။ မိစန္ဒီတို့ လာအပ်ရင်လည်း သင့်တော် မယ့် ပုံစံကို ဖန်တီးပေးတယ်။ ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံကလူတွေ လက်ခံအောင် စဉ်းစားပြီး လုပ်ပေးပါတယ်။

တိုင်းရင်းသား အဆင်လေးတွေကို ယနေ့ ခေတ်ပုံစံလေးတွေ ဖန်တီး လာကြတဲ့အပေါ် အစ်မတို့ရဲ့ အမြင်လေးကို ပြောပြပေးပါဦး။

ကချင်ဆင်၊ ချင်းဆင်တွေက ထွင်လို့ ကောင်းတဲ့ အဆင်တွေပေါ့နော်။ ဖက်ရှင်ပုံစံ ဆိုလည်း လက်ခံတယ်။ မြန်မာပုံစံဆိုလည်း လက်ခံတယ်။ ကချင် ဒီဇိုင်နာတွေကလည်း ကချင် အဆင်တွေကို ဖက်ရှင်ပုံစံ ဖန်တီးလာကြ တယ်။ မိုက်လည်း မိုက်တယ်။ လှလည်း လှပါ တယ်။ ချင်း အဆင်တွေကို တချို့ဒီဇိုင်နာတွေ ဖက်ရှင်ပုံစံ ဖန်တီး ထားတာတွေလည်း တွေ့ရ တယ်။ အစ်မ တို့ကတော့ လက်ခံတယ်၊ သဘော ကျပါတယ်။ အရမ်း အယူသီးတဲ့ တိုင်းရင်းသား တွေလည်း ရှိတာပဲပေါ့နော်။ အဲဒီလို တိုင်းရင်းသား ဝတ်စုံတွေကျတော့ လူ့ပတ်ဝန်းကျင်မှာ ပျံ့နှံ့အား နည်းတာပေါ့နော်။ ထွင်ချင်ပေမဲ့ ထွင်ခွင့် မပေးတဲ့အခါ ကျတော့ အကုန်လုံး က နောက်ဆုတ် သွားတာပေါ့နော်။ ကချင်အဆင်၊ ချင်းအဆင် တို့ကို ဒီနိုင်ငံက လူတွေရော၊ နိုင်ငံခြား ကလူတွေပါ သိကြတယ် ဆိုတာက သူတို့ရဲ့ ဝတ်စုံတွေကို လူတော်တော်များများ ဝတ်တာကို သူတို့တွေက မကဲ့ရဲ့ကြဘူး။ မြန်မာ နိုင်ငံက ထွက်တဲ့ပစ္စည်းကို မြန်မာနိုင်ငံသားတွေ က ထွင်ပြီးဝတ်တဲ့ ပုံစံကို တိုင်းတစ်ပါးသားတွေ က သဘောကျ တယ် ဆိုရင် ကိုယ့်နိုင်ငံမှာ ရှိတဲ့ ရိုးရာ အဆင်တွေက တခြားနိုင်ငံတွေကို ပိုပြီး ပျံ့နှံ့စေမယ်။ ရိုးရာ အဆင်တွေကို ဖက်ရှင် တစ်ခုအနေ နဲ့ နိုင်ငံခြားကို ထိုးဖောက်လို့ရမယ်။ ရိုးရာ အဆင်လေးတွေကို ကိုယ့်ရဲ့ ရိုးရာပုံစံလည်း မပျက်ပျက်ဘဲ ဒီဘက်ခေတ်နဲ့ လျော်ညီအောင် ဖန်တီးမယ် ဆိုရင် လူမှုပတ်ဝန်းကျင်မှာ ပိုပြီး ပျံ့နှံ့စေပြီး လူသိစေ တာပေါ့။ အစ်မ တို့ကတော့ ထွင်လို့မရတဲ့ တိုင်းရင်းသား ဝတ်စုံတွေကို ရှောင်လိုက်တယ်။ နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာ တာမျိုးလည်း မလိုချင်ပါဘူး။

ဒီဇိုင်နာ တစ်ယောက်အနေနဲ့ လူမှုဆက်ဆံ ရေးက ဘယ်လောက်အထိ အရေးပါပါသလဲ။

တချို့ ရင့်တဲ့ customer  တွေ ရှိပါတယ်။ တချို့ customer  တွေကလည်း နားလည်မှု ပေးပါတယ်။ သူတို့ အနေအထားလေးတွေကို ကြည့်ပြီး အင်္ကျီကို လက်ခံပေး ပါတယ်။ ဒီလို ပုံစံ လုပ်ချင်တယ်ဆိုရင် အဲဒီပုံစံ လုပ်ပေးပါ တယ်။ တချို့ကျတော့ လည်း အစ်မတို့ပဲ အဆင် ပြေတဲ့ ပုံစံချုပ်ပေးပါဆိုပြီး အပ်ကြတယ်။ နည်း နည်းတော့ စဉ်းစား ရတာတွေတော့ ရှိတာ ပေါ့။ ကိုယ့်ရဲ့ idea  ဖြစ်တဲ့အတွက် ချုပ်ပေးရတာ ပိုအဆင်ပြေတယ်။ ပြီးတော့ အစ်မ တို့က ဝတ်စုံ ကတ်တလောက် မထားဘူး။ အစ်မတို့ ထွင်ပေး မယ့် ပုံစံကို အကြံဥာဏ်ပေးတယ်။ ဝတ်နိုင်ရင် ထွင်ပေးတယ်။ တချို့က သက်မွန်မြင့် ဝတ်ထား တဲ့ ပုံစံချုပ်ပေးပါ ဆိုပြီး ချုပ်ခိုင်းရင် လာအပ်တဲ့ သူနဲ့ လိုက်တာ မလိုက်တာကို သေချာ ရှင်းပြ တယ်။ လာအပ်တဲ့သူနဲ့ မလိုက်ဖက်တဲ့ ပုံစံ လာအပ်ရင်တော့ သေချာရှင်းပြ ပြောပြပါ တယ်။

Miss ပြိုင်ပွဲတွေ များလာတဲ့ အတွက် ဒီဇိုင်နာတွေရဲ့ အခန်း ကဏ္ဍ ကိုလည်း ပြောပြ ပေးပါဦး။

အစ်မ တို့ကို လားရှိုး Miss နဲ့ မိုးကုတ် Miss  တွေက ဝတ်စုံလေးတွေ ဖန်တီးပေးဖို့ ကမ်းလှမ်းသေးတယ်။ အစ်မတို့ က လည်း အလုပ်တွေ မအားတာနဲ့ မလုပ်ပေးဖြစ် လိုက် ဘူး။ Miss ပြိုင်ပွဲတွေ ဝင်ပြိုင်ရင် ဝတ်စုံတွေကို ဒီဇိုင်နာ နဲ့ သေချာအပ်ပြီး တိုင်ပင် သင့်ပါတယ်။ သာမန်လူတွေထက် ဒီဇိုင်နာတွေ က ပိုမြင်တယ် လေ။ မော်ဒယ်နဲ့ ဘယ်လို ပုံစံ နဲ့ လိုက်တယ်။ ဘာပွဲကို ဘာဝတ်စုံနဲ့ တက်ရမယ် ဆိုတာတွေ ရှိတယ်လေ။ ဒီဇိုင်နာတွေ ဘက်ကလည်း ကိုယ့် ရဲ့ဝတ်စုံတွေ ကို နိုင်ငံတကာ မှာ ပြခွင့် ရလာတယ်။ အဲဒါကြောင့် ဒီဇိုင်နာတွေကို အခုဆိုရင် အပြင် လူတွေကပါ သတိ ထား မိလာကြတယ်။ ဝတ်စုံ တစ်စုံကြောင့် လူတစ်ယောက် ခြေတစ်လှမ်း လှမ်းဖို့ အားအင်ဖြစ်စေ ပါတယ်။ ဝတ်စုံက ပြီးပြည့်စုံနေ မှ ယုံကြည်မှု ရှိစွာနဲ့ စင်ပေါ်မှာ လျှောက်လှမ်းနိုင်မှာလေ။ ဒီနိုင်နာတွေရဲ့ ဖန်တီးမှုက Miss  တွေအတွက် အရမ်း အရေး ကြီး ပါတယ်။

ဒီဇိုင်နာ ပညာရပ် နဲ့ အသက်မွေး ဝမ်း ကျောင်း ပြုလို့ရတယ်ဆိုတာကို အစ်မတို့အနေ နဲ့ လက်ခံပါသလား။

မြန်မာ မိန်းကလေး ပဲဖြစ်ဖြစ်၊ ယောက်ျား လေး ပဲဖြစ်ဖြစ် လက်မှုပညာ တစ်ခုခုကို သင်ထားသင့်၊ တတ်ထား သင့်ပါ တယ်။ လက်မှု ပညာနဲ့ အသက်မွေး ဝမ်းကျောင်းပြုခြင်း က သမာအာဇီဝ ကျတယ်လေ။ သမာအာဇီဝ ကျတဲ့ အလုပ် လည်း ဖြစ်တယ်၊ ကိုယ်ပိုင်ဥာဏ်အစွမ်း အစကိုလည်း ဖော်ထုတ်ပေးနိုင်တဲ့ အနေအထား ဖြစ်တယ်။ သူများတွေ ကို လှပအောင် လုပ်ပေး နိုင်တဲ့အတွက် ကိုယ့် စိတ်ချမ်းသာမှုကို ရစေ တယ်။ လုပ်ငန်းလေးတွေ အောင်မြင်သွားရင် လည်း ပီတိဖြစ်ရတယ်။ ဒီဇိုင်နာတွေ အများ ကြီးပေါ်ထွက် လာတာ အရမ်းကို ဂုဏ်ယူဖို့ ကောင်းပါတယ်။ အရင်တုန်းက အရမ်း ကြီး မကျယ်ပြန့်ဘူးလေ။ ကိုယ့်နိုင်ငံ မှာရှိတဲ့ ကလေး တွေရဲ့ အရည် အချင်းတွေ ပေါ်ထွက်လာတာ ပေါ့နော်။ ဂုဏ်လည်း ယူတယ်။ ဝမ်းလည်း သာပါတယ်။

ဒီဇိုင်နာ လောကကို ဝင်လာမယ့် လူငယ် တွေ အတွက် အကြံပေးစကားလေး ပြောပေးပါ ဦး။

အစ်မတို့ ညီအစ်မနှစ်ယောက် လည်း အခက်အခဲတွေ အများကြီး ကျော်ဖြတ်ခဲ့ရပါ တယ်။ ဒါပေမဲ့ အသေးစိတ်တော့ မပြောတော့ ပါဘူး။ အခက်အခဲ ဆိုတာ သင်ခန်းစာတွေပဲ လေ။ ကိုယ့်ရဲ့ပညာရပ်နဲ့ ပတ်သက်ပြီး လေ့လာ ရသလို ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေ ကလည်း ပညာတစ်ရပ် အနေနဲ့ ရစေပါတယ်။ လူမှုဆက် ဆံရေး ဆိုတာလည်း ပညာတစ်ရပ်ပဲလေ။ အစ်မတို့ညီအစ်မနှစ်ယောက် ဒီဇိုင်နာလောက ထဲကို မဝင်ခင်ကတည်းက အစ်မတို့အဖေက သဘောမတူဘူး။ အစ်မ တို့က ဆယ်ကျော်သက် အရွယ်ကတည်းက ဝင်ချင်ခဲ့တာပါ။ အဖေ ဆုံးသွားပြီး နောက်ပိုင်း မှ ဒီဇိုင်နာလောကကို ဝင်ခွင့် ရခဲ့တာလေ။ အစ်မတို့ခြေလှမ်းတွေ က နည်းနည်းနောက်ကျ သွားတာပေါ့နော်။ ဘာပဲ ဖြစ်ဖြစ် ကြိုးစားရင် နေရာ တစ်နေရာဆိုတာ ရလာပါတယ်။ အခက်အခဲတွေ့ရင်တောင် စိတ်ဓာတ်မကျဘဲ ကြိုးစားပါ လို့ ပြောချင်ပါ တယ်။ ကိုယ့်ရဲ့ပညာရပ်ကို အမြဲတိုးတက်အောင် လုပ်ပြီး ကြိုးစားရင် တစ်နေ့ အောင်မြင်မှာပါ။

ဒီဇိုင်နာပြိုင်ပွဲတွေ လုပ်လာကြတဲ့ အပေါ် မှာ အစ်မတို့ရဲ့ အမြင်လေးကို ပြောပြပေးပါ ဦး။

ဒီဇိုင်နာပြိုင်ပွဲတွေ ကတော့ စာမေးပွဲစစ် သလိုပေါ့နော်။ သူတို့ရဲ့ ပညာလေးတွေကို ပြည်သူလူထုရှေ့မှာ စာမေးပွဲ စစ်သလို ဖော်ပြ ပေးရတာပေါ့။ ပြည်သူတွေ လက်ခံတဲ့ အနေ အထားရောက်တော့ ကောင်းပါတယ်။ တချို့ ကျတော့လည်း ပြိုင်ပွဲ ဝင်ရတာကို ဝါသနာပါတဲ့ လူရှိသလို ဝါသနာ မပါတဲ့လူလည်း ရှိတယ်လေ။ ပြိုင်ပွဲပြိုင်တော့ ပို လူသိများတာပေါ့။

တချို့ ဒီဇိုင်နာတွေနဲ့ မော်ဒယ်တွေ လက်တွဲပြီး တောက်လျှောက် အလုပ်တွေ လုပ်ပြီး အောင် မြင် လာတာကို တွေ့ရပါတယ်။ အဲဒီအပေါ်မှာ အစ်မတို့ရဲ့ အမြင်ကို လည်း ပြောပြပေးပါဦး။

ဒီဇိုင်နာလောကမှာ မော်ဒယ်နဲ့ ဒီဇိုင်နာ အရင်ကတည်းက အလုပ် တူတူလုပ်ပြီး တောက် လျှောက်တွဲ ထွက်လာတဲ့ အဖွဲ့က ရှားတယ်။ ဥပမာ – မပုံ့ (My favourite) ဆို သက်မွန်မြင့် နဲ့ တွဲထွက်လာတယ်။ သက်နှင်းအေး (Dozo Fashion) ဆိုရင်လည်း ဖွေးဖွေး နဲ့ တွဲထွက်လာ တယ်။ မင်းသမီး ကလည်း သစ္စာရှိမှ ဒီဇိုင်နာ ကလည်း သစ္စာ ရှိမှ ဖြစ်တာပါ။ အကုန်ပေါင်း စည်းဖို့က တော်တော် ခဲယဉ်းပါတယ်။ အစ်မတို့ လည်း အဲဒီလို အခွင့်အရေး ရချင်ပေမဲ့ အခွင့် အရေးမရခဲ့ပါဘူး။ အဲဒါကြောင့် ကိုယ့်ဆီ ကို ရောက်လာတဲ့ ညီမလေးတွေ၊ customer တွေ ကို အစ်မတို့က အကောင်းဆုံးဖြစ်အောင်ပဲ ဖန်တီးပေး လိုက်တော့တယ်။ ကိုယ့်ရဲ့ ရာသက်ပန် ညီအစ်မ ဆိုတာကို အခုချိန် ထိ မတွေ့သေးပါဘူး။ ဒီဇိုင်နာတွေ ကူညီပေးခဲ့တဲ့ မော်ဒယ်လေးတွေက သစ္စာရှိရှိနဲ့ အလုပ်လုပ်ရင် ဒီဇိုင်နာနဲ့မော်ဒယ် တွဲထွက်လာ တာပေါ့ နော်။ အောင်မြင်မှု ကို လည်း တူတူ ခံစားခွင့် ရကြမယ်။ ကိုယ်မွေးထုတ် လိုက်တဲ့ ကလေးတွေ အောင်မြင် လာရင် ကိုယ့်ဘက်များ မျက်နှာ လှည့်ကြည့်မလား ဆိုပြီး တွေးမိတယ်။ ဒါကတော့ ဒီဇိုင်နာတိုင်း မှာ ရှိတဲ့ မျှော်လင့်ချက် ပါ။ တချို့ကျတော့ အောင်မြင်သွားရင် ခြေကန် သွားကြတယ်လေ။ ဘယ်ဒီဇိုင်နာ ပဲဖြစ်ဖြစ် ကိုယ်မွေးထုတ် လိုက် တဲ့ မော်ဒယ်လေးတွေ အောင်မြင်တာကို ပီတိဖြစ်သလို ခြေကန်သွား ရင်တော့ ရင်နာရတာပေါ့။ အစ်မတို့ကတော့ ထွက်သွားတဲ့ ကလေးတွေ ကိုလည်း မပြစ်မှား သလို ရောက်လာတဲ့ ကလေးတွေကိုလည်း သားသမီး လိုပဲ နွေးနွေးထွေးထွေး ဆက်ဆံပါ တယ်။

Media တွေအပေါ် မကြီးမလေး (Kool Fashion) ရဲ့အမြင်

Media  လောကနဲ့ အစ်မတို့နဲ့ ဘာလို့ အဆက်အသွယ် မဖြတ်တာလဲ ဆိုတော့ မကြီး၊ မလေး (Kool Fashion) ဖြစ်လာတာက Media ရဲ့ ကျေးဇူးကြောင့်ပါ။ ဒါကြောင့် မို့လို့ မီဒီယာနဲ့ အဆက်အသွယ် မပြတ်အောင်နေ တယ်။ အစ်မတို့ရဲ့ ကျေးဇူးရှင်တွေပါ။ အကူ အညီတောင်းတဲ့ အချိန်မှာ ကိုယ့်ကျန်းမာရေး မကောင်းလို့ cancel လုပ်လိုက်တာ ကလွဲလို့ ကျန်တဲ့ အချိန်တွေမှာ အမြဲတမ်း welcome ပါပဲ။

လူတစ်ယောက်အတွက် fashion က ဘယ်လောက် အတိုင်းအတာအထိ အရေးပါပါ သလဲ။

Fashion ဆိုတာ လူတစ်ယောက်အတွက် ပန်းတိုင် တစ်ခုလိုပါပဲ။ လူတစ်ယောက်က Fashion ကျနေမှ အရာရာတိုင်းက ပြီးပြည့်စုံ တယ်လို့ ခံစားရ တာ။ ခြေ အစ၊ ခေါင်းအဆုံး ပေါ့နော်။ တိုးတက်လာလေ Fashion ဆိုတာ လိုအပ်လာလေပါပဲ။ ဥပမာအနေ နဲ့ အောင်မြင် တဲ့သူ တစ်ယောက်က သာမန်ပုံစံ နဲ့ ကုမ္ပဏီတစ်ခု ကို ဝင်သွားရင် ရုံးက လူတွေက သာမန်လူ လာတယ်လို့ပဲ ထင်မှာပါ။ သေချာကြည့်တော့မှ ဘယ်သူမှန်းသိမှာပါ။ smart ကျကျလေးနဲ့ ဝင်လာရင် ကြည့်နေတဲ့ သူတွေ က ဝေးနေပေမယ့် ဒါ…ဘယ်သူ ဆိုပြီး သတိထားမိစေတယ်။

အစ်မတို့ အနေနဲ့ သင်တန်းဖွင့်ဖို့ရော အစီအစဉ်ရှိပါသလား။

Fashion  လိုင်းကို ကြိုက်လို့သာ လုပ်နေ တာပါ။ အစ်မတို့ အနေနဲ့ လတစ်လမှာ Media ကို ၁ဝ ရက်ပေးတယ်။ အပြင်က အပ်ထည်တွေ ကို ၁ဝ ရက်ပေးတယ်။ မင်းသမီး ၊ မော်ဒယ် တွေကို ၁ဝ ရက်ပေးတယ်။ အဲဒီလိုနဲ့ ရက် ၃ဝ၊ ၁ လက အလုပ်နဲ့ အချိန်တွေ ကုန်နေတယ်။ သင်တန်းလည်း မဖွင့်ဖြစ်သေးပါဘူး။ အလုပ် တွေကို မျှပြီး လုပ်နေရတော့ လူမှုရေး အနေဲ့ ပျက်ကွက် တာတွေတောင် ရှိတယ်။ Media တွေက အကူအညီ တောင်းရင်လည်း အစ်မတို့ က ငြင်းခဲတယ်။ အလုပ်တွေ မအားတော့ သင်တန်း မဖွင့်ဖြစ်ဘူးပေါ့။

အစ်မတို့ရဲ့ ဆိုင်လိပ်စာလေးလည်း ပြောပြပေးပါဦး။

No.37 (A), Room (6), (3) Word, Mayangon Tsp., Isein Road, Yangon.
Ph – 09 5099974, 09 234013700

ဏ့ – ဝ၉ ၅ဝ၉၉၉၇၄ယ ဝ၉ ၂၃၄ဝ၁၃၇ဝဝ

Photo                 – Peter Min Set
Arranged by     -Thida Soe

↧

မိတ်ကပ်ပါးပါးလေး လိမ်းထားတဲ့ည

$
0
0

အခန်းနံရံရဲ့ အတွင်းဘက်မှာ ရေဘူးကို နေရာချထားတယ်။
တကယ်တော့ ဟောဒီ ကမ္ဘာလုံးထက်ကြီးတဲ့ ပဲ့စေ့တွေကို
မျှော်လင့်နေခဲ့မိတာတော့ အမှန်ပဲ၊ ‘ဒီနေ့ထိ’
ပြေးနေတဲ့အရှိန်ကြောင့်လား
တိုက်နေတဲ့ လေကြောင့်လား
ကျွန်မဆံပင်တွေ လေထဲမှာ လှိုင်းကလေးတွေလို လေထဲ
ကျွန်မ ဒီနေ့ အရမ်းလှမနေဘူးလား၊ သေချာတယ် ဒီအခန်းဟာ
မှောင်နေတယ်ဆိုပေမဲ့ ကျွန်မထက်တော့ လင်းနေမယ်ဆိုတာ။

ပန်းနုရောင်နှုတ်ခမ်းနဲ့ မိတ်ကပ်ပါးပါးလေး လိမ်းထားတဲ့ည
ပါးပြင်ပေါ်မှာ သနပ်ခါးလေးတွေနဲ့ဆိုရင် ရှင်ပျော်နေမယ်လို့
ကျွန်မသိတယ်၊ ဒါ ကျွန်မအတွက် ရှင့်ရဲ့လိုအပ်ချက်ပဲလေ။

မြင်နိုင်ခြင်းဟာ အစိုင်အခဲဆိုလည်း
‘ကျွန်မတို့ လှလှပပစိတ်ကူးယဉ်ခဲ့ပါတယ်’ ဆိုတဲ့အကြောင်း
ကျွန်မပြောရမှာပဲ။

တစ်နေ့
ဟောဒီအခန်းထဲမှာ ပြည့်နေတဲ့ တစ်ရှူးလိပ်တွေလို ကျွန်မဘဝ
အမှိုက်တောင်းထဲ ရောက်သွားမှာကိုတော့ ကျွန်မ အရမ်း
ကြောက်တယ်။ (တကယ်ပါ၊ သေမလောက်ဘဲ)

အချစ်က ရမ္မက်စိတ်ရဲ့ သွေးဆူမှုနဲ့ မဆိုင်ဘူး။
အချစ်က ကိုယ့်အသွေးအသားထဲမှာ မင်းကို ရှိစေချင်သလို၊
အချစ်က မင်းစိတ်အတွေးတွေထဲမှာ ကိုယ့်ကို ရှိစေချင်တယ်။

ဒါဟာ သိပ်ပြီးရယ်စရာကောင်းတဲ့ စကားလုံးမဟုတ်ပေမဲ့
ကျွန်မ ခေါင်းအုံးအိပ်ခဲ့တဲ့ ပခုံးတွေဟာ အမျိုးသမီးတွေရဲ့
ပခုံးတွေ မဟုတ်ဘူးဆိုတာ ရှင်သိထားခဲ့ရင် ကျွန်မအတွက်
ဒီစကားလုံးဟာ သိပ်ပြီးကို ရယ်စရာကောင်းနေတာတော့
အမှန်ပဲ။

ပင်လယ်မှာ ရေချိုမရနိုင်ဘူးဆိုတာ လူတိုင်းသိတယ် ‘ဧပရယ်’
ဒါပေမဲ့ တာဝန်ယူမှုအသိနဲ့ ကိုယ့်ရဲ့
ယောက်ျားစိတ်က ဒီပင်လယ်ကို ဖြတ်ချင်တယ်။

ဒီမိုးဟာ ရွာပြီးရင် မစဲတော့ဘူးဆိုတာ ရှိလို့လား
ရှင်မပြောလည်း
အခိုက်အတန့်တွေရဲ့အကြောင်း ကျွန်မတော်တော်သိနေခဲ့တာ
ကြာပြီ၊
ဒီနေရာဟာ ကျွန်မတို့အတွက် ရှင်တို့ရဲ့ ငွေကြေးသာယာမှု
တစ်ခုပဲလေ။

မောင်မျိုးဝင်း (အနောက်လေ)

↧
Viewing all 1097 articles
Browse latest View live