မြို့ထဲကို နောက်ဆုံး ရထား ဝင်လာသည်။ ရထားပေါ်မှ ဂီတာ ခပ်စုတ်စုတ် တစ်လက် လွယ်ထား သော လူတစ်ယောက် ဆင်းလာ သည်။ အချိန် အတော်နှောင်းမှ ဝင် လာသော ရထားဖြစ်၍ လူတိုင်း နီးပါး ခြေကို သွက်သွက်လျှောက်ကာ ဇောကြီးနေသည်။ ထိုလူခြေလှမ်း များကတော့ အခြား သူများကဲ့သို့ မဟုတ်။ ခြေလှမ်း များက ဦးတည်ရာ မရှိသည်ကို ပြောပြနေသယောင်။ အချိန်မီ အရောက် သွားရမည့်နေရာ မရှိသည့် ခြေလှမ်းများ အတွက် သူ့မှာ လောနေဖို့မလို။
ဘူတာရုံထဲမှ သူထွက်လာ လိုက်ပြီး လမ်းဘေး ပလက်ဖောင်း ပေါ် သူထိုင်ချလိုက်သည်။ သူ ဗိုက် တော့ ဆာနေလေပြီ။ သို့သော်လည်း ဒီလို ဗိုက်ဆာ တာလောက်တော့ သူခံနေရတာ များသဖြင့် ရိုးတောင် နေပြီပဲ။ အိတ်ကပ်ထဲလည်း ငွေ အကြွေပင် မရှိတော့မှန်း သေချာ လွန်းသဖြင့် အထပ်ထပ် ဖြစ်နေသော သူ့အင်္ကျီ ထဲ ဘောင်းဘီထဲ လိုက်ရှာ ဖို့ သူကြိုးစားအားမထုတ်တော့။
ငွေမရှိသည်မှာ သူ့အတွက် မဆန်း။ သူ ဒီလိုပဲ မြို့တွေ တစ်မြို့ ပြီး တစ်မြို့ ခရီးသွားဖြစ်သည်။ ဖြတ် သွားဖြတ်လာ များသည့် နေရာတွင် ဂီတာ တီးပြီး သူဖျော်ဖြေသည်။ ဂီတာတီးသံ ကို သဘောကျ သူများ ပေးကမ်းခဲ့ကြသော ငွေကြွေများနှင့် သူစားသောက်သည်။ သူ့မှာ နေစရာ နေရာရယ်လို့ အတိအကျ မလို။ မိုးဒဏ်နှင်းဒဏ် ကာပေးသော အမိုး အကာ တစ်ခုခုရှိလျှင် လုံလောက် ပြီ။
ဘယ်ဆီကို သွားနေမှန်းလည်း သူ့ဆီမှာ မရေရာ။ ဦးတည်ရာလည်း မရှိ ။ မှီတွယ်ရာ လည်း မရှိ ။ သူက ဝမ်းနည်းပေးရမည့် သူမရှိ။ သူ့ အတွက် ဝမ်းနည်းပေးမည့် သူမရှိ။ သူ့ကြောင့် ဂုဏ်ငယ်မှာ စိုးရမည့်သူ သူ့မှာ မရှိ။ သူများကြောင့် သူဂုဏ် ရခြင်း လည်း သူ့ထံတွင် ရှိလာမှာ မဟုတ်။ ဒီ့အတွက် သူကျေနပ် သည်။
ဒီနေ့လို ဆာသည့်နေ့ အတွက် သူစိတ်ညစ်ရသော်လည်း ဘာမှမရှိ သော သူ့အတွက် ဘာကိုမှ ကြောက် စရာမလို သလိုကို ဖြစ်နေတော့ သည်။ သူ့မှာ မိသားစုမရှိ။ အလုပ် မရှိ၊ ကျောင်းမရှိ၊ ငွေမရှိ၊ အို အဝတ် တစ်ထည် ကိုယ်တစ်ခုနဲ့ ဂီတာ တစ်လက် ဆိုရုံလောက်ပဲ ရှိတာ။ တစ်ခါတလေ အဲဒီ မရှိခြင်းတွေထဲ မှာပဲ အရာရာပြည့် စုံနေတာ သူလို လူတစ်ယောက်ပဲ သိမယ်ထင်ပါရဲ့။
ဒီနေ့တော့ သူ့အတွက် စား စရာ ဝယ်ဖို့ ပိုက်ဆံ မရလောက်တော့။ ဒီတော့ သူ အိပ်ဖို့နေရာ တစ်ခုခုရှာ လိမ့်မည်။ ပြီးမှ အဆင်ပြေလျှင် ကြုံ ရာစား မပြေလျှင် ဒီအတိုင်း အိပ်ရ လိမ့်မည်။ ဒီလောက် ဆာရုံနဲ့ သူ့ အတွက် သိပ်ထူး လှသည့် ဒုက္ခတစ်ခု တော့ မဟုတ်။ အနည်းဆုံး တစ်လ လျှင် ၃ ခါလောက်တော့ သူကြုံနေရ မြဲမဟုတ်လား။
၁၅ မိနစ်ခန့် သူလမ်းလျှောက် ထွက်လာပြီး နားရန် နေရာရှာသည်။ ရှေ့တွင် အမိုးနီများ ဆင်တူတန်းစီ အုပ်မိုးထားသော ဆိုင်ခန်းများ တစ်ဖက် တစ်ချက်စီ ရှိသော လမ်းကို မြင်နေရသည်။ တစ်ဖက်စီရီ ဆိုင်ခန်းများကြား ဖောက်ထားသော ကြွေအုတ် နီနီလေးများ ခင်းထား သော လမ်းလေးကိုလည်း သူတွေ့ လိုက်ရသည်။ ဆိုင်ခန်း များမှာ ညဥ့်နက်ပြီဖြစ်၍ မီးကို လင်းသည် ဆိုရုံမျှသာ ထွန်းထား ကြသည်။ သိပ်မလင်း လှသည့် လမ်းမီးများမှာ အနီရောင် ဘက်ကို ခပ်အုပ်အုပ် သန်းလျက် ရှိသည်။ ဆိုင်ခန်း ၏ နေရောင်ကာ အမိုးနီကို ဖြတ်လျက် ထိုးဆင်းနေသော အနီရောင် အလင်း များမှာ ရောင်ပြန်ဟပ်သည့် အတွက် လားတော့ သူ မပြောတတ်။ ထိုလမ်း အဆုံး တွင် ခုံးကျော်တံတား ရှိသည်။ ထိုခုံးကျော် တံတားအောက်မှ ဖြတ် သွားလျှင် တစ်ဖက်မှာ လူနေရပ် ရှိနေဟန် တူသည်။ သို့ဆိုပါက ဒီနေရာသည် သူ့အတွက် အသင့် တော်ဆုံး ဖြစ်လိမ့်မည်။ ထပ်ပြီး သူ မစဉ်းစားချင်တော့။ ဆောင်းညက လည်း အေးလှပြီ။ သူ့အတွက် နေရာတွေ့လိုက် ရပြီးနောက် ခြေ လှမ်းကို ခပ်သွက် သွက် လှမ်းလိုက် သည်။
တံတားအောက် အရောက် သူ ဂီတာနှင့် ပါလာသော ပစ္စည်း အနည်းငယ်ကို ချလိုက်သည်။ ညက ပိုနက်ပြီး ပိုအေး လာသော်လည်း သူ မနားနိုင်သေး အမှိုက်ပုံထဲမှာ ဆိုင် များမှ စွန့်ပစ် ထားတတ်ကြသော သူ ခင်းအိပ်စရာတ စ်ခုခု ရှာရမည်။ ကတ်ထူပြား များက ရနိုင်ခြေ အများ ဆုံးဖြစ်သည်။
သူ ဟိုဟိုဒီဒီ လိုက်ရှာလိုက် တော့ သူနှင့် မလှမ်းမကမ်း အကွာ ဝေးမှာပင် ကတ်ထူများ စွန့်ပစ်ထား သော အမှိုက်ပုံကို သူတွေ့လိုက်ရ သည်။ သူ ခင်းအိပ်စရာ ထက်ပင် ပိုလျှံနေသာ ကတ်ထူများ ကိုတွေ့ တော့ ထုံးစံအတိုင်း ရွေးစရာ ရှိမှတော့ သူအကောင်းဆုံး ရွေးယူ လိုက်သည်။ သူ ကတ်ထူများမ၍ ထပြန်ရန် အလုပ် အမှတ် မထင် ထို ကတ်ထူ ပုံရှေ့မှ ဆိုင်ခန်းရှိရာ မျက်လုံးကရောက်သွား သည်။
Terpsichore ဟူသော ဆိုင်း ဘုတ်တပ်ထားသည်။ ဆိုင်းဘုတ် အရ တခြားသူများ လာရောင်းထားသည့် ပစ္စည်း အဟောင်းများကို ဈေးနှုန်း သက်သက် သာသာဖြင့် ဝယ်နိုင်သော ဆိုင်မျိုးဖြစ်သည်။ ဆိုင်နာမည်က လှသည်။ Terpsichore ဆိုသည်က ဂီတနှင့် အကကို ကိုယ်စားပြုသော ဂရိ နတ်သမီးဖြစ်သည်။ ဆိုင်နာမည် က ဂီတနှင့် တစ်နည်း တစ်ဖုံ ပတ် သက်နေသည့် အတွက် ဂီတကို မြတ် နိုးသော သူ့ကို စိတ်ကျေနပ်စေသည်။ သူလို ငွေကြေး ချို့တဲ့သော လူ တစ်ယောက် အတွက် လို ချင်သော ပစ္စည်းကို ဈေးသက်သက်သာသာ နှင့် ဝယ်လို့ရသော ပစ္စည်းအဟောင်း အရောင်းဆိုင် များသည် သူ့ကို အမြဲ ဝင်ကြည့်အောင် ဆွဲဆောင်ထားနိုင် သည်။ ပုံမှန် အားဖြင့် သူဝယ်နေကျ မဟုတ်သော်လည်း ဘယ်လို ပစ္စည်း မျိုးများ ရောက်နေတတ်မလဲ သူ စိတ်ဝင်စားသည်။
ကောက်ယူထားသော ကတ်ထူ များကို မြေကြီးပေါ် ပြန်ချလိုက်ပြီး ဆိုင်ခန်းသို့ သူခြေလှမ်းလာသည်။
ညဥ့်နက်ပြီ ဖြစ်၍ ဆိုင်ရှင် လည်း အိမ်ပြန်ပြီလား သို့မဟုတ် အတွင်းမှာပဲ အိပ်နေပြီလား တစ်ခုခု တော့ဖြစ်မည်။ ဆိုင်အတွင်းမှ ပစ္စည်းများမှာ အတော်ပင် ဟောင်း နွမ်း စုတ်ပြတ်နေသည်။ ရှိရှိသမျှ သုံးမရတော့သော ပစ္စည်း အဟောင်း များ ကလေး ကစားစရာများ အပ်ချုပ်စက်ဟောင်း များ ရေဒီယို ကက်ဆက် အဟောင်းများအပြင် တူရိယာ အဟောင်း အချို့လည်း ရှိသည်။ နာရီအဟောင်း များက လည်း နံရံပေါ်မှာ ဟိုတစ်လုံး ဒီတစ် လုံး။ ပန်းချီကား အဟောင်းများ လည်း ကပ်ထားသည်။ မီး မလင်း သော မီးဆိုင်းအချို့က မျက်နှာကြက် ပေါ်မှာ။ ပြီးတော့ လေယာဉ်ပျံ အဟောင်းများ ငှက်ရုပ် အဟောင်း များကလည်း တွဲလောင်း ချိတ်ဆွဲ လျက်ရှိသည်။
မြင်ရသမျှ အလင်းဖြင့် သူ ပစ္စည်းဟောင်း များကို တစ်ခုချင်းစီ ကို လိုက်ကြည့်မိသည်။ လမ်းမနှင့် ကပ်လျက် ပြတင်း တံခါးလေးပေါက် ကနေ သူ တစ်ပေါက်ချင်း စီမှ သူ ဆိုင်ခန်း အတွင်းသို့ ကပ်လျှောက် လျက် ကြည့်နေသည်။ လေးပေါက် မြောက် ပြတင်းပေါက် အရောက်တွင် သူဆိုင်ခန်း တွင်းသို့ ဆက်ကြည့်မနေ တော့။ ဇာပဝါ ကန့်လန့် ကာ ကာ ထား၍ သူကြည့်နေလျှင် လည်း ဘာမှ သဲသဲကွဲကွဲ မြင်ရမည် မဟုတ်။ အခန်းထဲတွင် မီးအိမ်အဟောင်း လေး မှိန်ပျပျ ထွန်းထားသည် ကိုတော့ သူမြင် သည်။ သေချာကြည့် မနေချင် တော့ ပစ္စည်းများ အားလုံးနီးနီး သူ ကြည့်ပြီး ဖြစ်နေသဖြင့် သူ ကတ်ထူ များထားရာ နေရာသို့ ပြန်ရန် ခြေ လှမ်းလိုက်သည်။
တစ်လှမ်း….
နှစ်လှမ်း….
သုံးလှမ်းမြောက်အရောက် …
ခြေလှမ်းတို့ ရပ်တန့်သွား သည်။
သူ့မသိစိတ်ထဲက အမည်မသိ သော အရာတစ်ခုခုလှုံ့ဆော်မှု ကြောင့်လားမသိ။ ရုတ်တရက် သူ့ခြေလှမ်းတို့ တုံ့ဆိုင်း ရပ်တန့်သွား သည်။
သူ့ မသိစိတ်ထဲက နိုးဆော်မှု ကြောင့်ဖြစ်မည်။ သူဆိုင်ထဲသို့ ရုတ် တရက် နောက်ပြန် လှည့်ကြည့်လိုက် သည်။ စိတ်ထဲမှာ လည်း တစ်စုံ တစ်ယောက်က သူ၏ လှုပ်ရှားမှု ကို လိုက်ကြည့်နေသည် ဟု ခံစားရ သည်။ သူ လှည့်ကြည့်လိုက်တော့ ကန့်လန့်ကာ နောက်ကွယ်မှ သူ့ကို ခိုးကြည့်နေသော မျက်ဝန်း တစ်စုံ။ ခိုးကြည့်နေသည် ဟု သူ့စိတ်က ထင် နေသော်လည်း မျက်ဝန်းတို့က စူးရှ လွန်းသည်။ ဆိုလိုသည်က မမှိတ် မသုန် သူမ စိုက်ကြည့်နေ ရှာသည်။ စုတ်စုတ်ပြတ်ပြတ် လူကို ဘာတွေ များ အံသြ စရာဖြစ်နေ ပါလိမ့်။ ပုံမှန် အားဖြင့် ဘယ်လိုလူ တစ်ယောက်က မှ အရေးတယူ သူ့အား စိုက်ကြည့် သည်ဟူ၍ မရှိခဲ့တာ နှစ်နှစ်ဆယ်ခန့် ကြာခဲ့ပြီ။
သြော်…သူကိုယ်တိုင် လည်း ဘယ်မိန်းမပျိုလေး ရဲ့ မျက်ဝန်းကိုမှ ကြည့်ရလောက်အောင် ထိ ယုံကြည် ချက်တို့ မရှိခဲ့ပါလား။ သူကိုယ်တိုင် မိန်းကလေး တို့၏ မျက်ဝန်း အစုံ ကို စိုက်မကြည့်ဖြစ်ခဲ့ သည်မှာ ကြာခဲ့ပြီပဲ လေ။
မျက်ဝန်းများကို သူရှာဖွေတွေ့ ရှိသွားသည့်နောက် သူကျေနပ်သွား သည်။ သူမြင်တွေ့လိုက် ရသည်က ခဏတာ လေးမျှသာ ဖြစ်သည်။ ဒါပေမဲ့ အနီးကပ် သွားပြီး နှုတ် မဆက် ချင်တော့။ သူမ ရှက်သွားမှာ သူကြောက်သည်။ ဇာပဝါနောက် ကွယ်မှ သူမ ဒီတိုင်းလည်း လှနေ သည်။ ရှိစေတော့။ ပိုးစုန်းကြူးလေး တစ်စုံ ဖမ်းမိသလိုပဲ ကိုယ် က သိမ်း ထားလို့ ရပေမဲ့ ကိုယ့် လက်ထဲရောက် မှ အလင်းမှိန် သွားမှာစိုးလို့ လိုက်ဖမ်း မထားတော့ပါဘူး။ ဒါပေမဲ့ ခုနက အခိုက်တန့်လေး ကိုတော့ သူသိမ်း ထားပါရစေ အရင် မကြည့်ဖြစ်ခဲ့တဲ့ နှစ်နှစ်ဆယ်စာ အတွက် ဖြစ်ဖြစ် နောင်လာမည့် နှစ်နှစ်ဆယ်ဖြစ်ဖြစ် ပေါ့။ နောက်ဆုံး စင်ပေါ်မှ မျက်လှည့် ဆရာတို့ လုပ်တတ်သည့် အမူအရာ အတိုင်း သူ့သိုးမွေးဦးထုပ်ကို ချွတ် ကာ ကိုယ်ကိုကိုင်းညွတ်၍ ပြုံးပြ နှုတ်ဆက်ပြီး သူထွက်လာခဲ့သည်။
သယ် လာသော ကတ်ထူများကို တံတားအောက်တွင် သေချာဖြန့်ခင်း လိုက်သည်။ ခုနက ဆိုင်နှင့် မလှမ်း မကမ်းနေရာကို သူထပ်ပြီး ရွေ့လာခဲ့ခြင်း ဖြစ်သည်။ သူ့စောင် အစုတ် ကြီးပါ ခင်းချလိုက်သည်။ ထိုနေရာ က အမိုးအောက်တွင် ဆိုသော်လည်း ကြမ်းပြင်ပေါ်ကို လှဲလိုက်လျှင် ကောင်းကင်ပြင်ကြီး ကို လှမ်းမြင်ရ သည်။ ပိတ် ဆို့နေသော မြင်ကွင်မျိုး မဟုတ် ။ နောက်ပြန်တင် ထားသော လက်ပေါ် သူ ခေါင်းတင် လိုက်ကာ ခုနက မြင်ခဲ့ရသော မျက်ဝန်း တစ်စုံ အကြောင်းကို သူစဉ်းစားနေ မိ သည်။ ပြီးတော့ လရောင်အောက်မှာ ဖြတ် ပြေးနေရတဲ့ တိမ်စိုင်တွေ။ အဲဒီ တိမ်စိုင်တွေလို လေနှင်ရာ ရွေ့နေရ သည့် အတွက် သူ့ကို လူတွေက တိမ်တွေလို ပဲဟု ခိုင်းနှိုင်း ပြောတတ် ကြသည်။ တကယ်တော့ ဒီနေ့ထိ သူ့ကိုယ်သူ တိမ်စိုင်တွေ လိုဟု မထင်ခဲ့။ တကယ်တမ်း ကျတော့ တိမ်တွေက သူ့ကို ဆွဲငင်ထားတဲ့ ကမ္ဘာမြေ ကြီး ကို ဗဟိုပြုပြီး ရွေ့လျား သက်ဝင်နေ ရတာပဲလေ။ ဘယ်မှာ သူတို့ လွတ်လပ်သလဲ။ သူတို့ကိုယ် တိုင် ဘယ်လောက်များ စကြဝဠာ အနှံ့ ခရီးဆန့် လိုက်ချင်မလဲ။ ဒါပေမဲ့ သူ့မှာ သွားခွင့်မရှိ ။ တကယ်တော့ တခြား လူတွေကသာ တိမ်တွေနဲ့ တူသည်ဟု သူတင်စား ချင်သည်။ သူတို့အား အရာ တစ်ခုခုက ဆွဲငင် ထားတတ်ပြီး ထိုအရာကို ပဲ ဗဟိုပြု ရှင်သန်နေရသည် မဟုတ်လား။ ထို့ကြောင့် ဘယ်တုန်းကမှ တိမ်တွေ လို သူမဖြစ်ချင်ခဲ့ ။ သူ စိတ်လိုရာ သာ မျောလွင့်နေချင်ခဲ့သည်။
သူအတွေးစ တို့ မဆုံးလိုက်နိုင်။ နှင်းမှုန်တို့က ကောင်းကင်ပေါ် မှာ အပြေးအလွှား ဆင်းချလာကြပြီ။ လှလိုက်တာ ဒီနှစ်ဆောင်း အတွက် ပထမဆုံး နှင်းကျတာ ပဲ ဖြစ်လိမ့် မည်။ သူလှဲနေရာမှ ထလျက် နှင်းမှုန် တို့ကို လက်ဖြင့်ခံသည်။ ပထမဆုံး နှင်းကျတဲ့နေ့မှာ နှင်းစက် တို့ တစ်စ ပြီးတစ်စ ထိလို့ လက်ဝါးပြင် အေးခနဲ တစ်ချက် တစ် ချက် ဖြစ်သွားတာ လည်း သူ ငယ်စဉ် ကပင် ကြိုက်နှစ် သက်ခဲ့သော ခံစားချက် ဖြစ်သည်။ အသက် ကြီးလာပြီ ဖြစ်၍ ပြေးပြီး ဆော့ခြင်း မျိုးတော့ မရှိတော့ ပြီ။ နှင်းစက် တို့ကို လက်ဖြင့်ခံနေရင်း ပစ္စည်းဟောင်း ဆိုင်ရှိရာ သူ စိတ် ရောက်သွားသည်။ ခုနက မျက်ဝန်း တစ်စုံ ရှိနေဦးမလား။ ရုတ်တရက် နှင်းတို့ ထူထပ်စွာ ကျလာ၍ ဇာပ ဝါ နောက်ကွယ်မှ မျက်ဝန်းတို့က ရှိမရှိ သေချာ မမြင်ရတော့။ မမြင်ရတော့ ဟုဆိုရသည့် တိုင် ခုနကမြင်လိုက်ရ သော အကြည့်များက လတ်လတ် ဆတ်ဆတ် ရှိနေသေး ၍ပဲ လားတော့ မပြောတတ်။ သူ့အား အခုထိ စိုက် ကြည့်နေသယောင် ခံစားရနေတုန်း။ သူ ခံစားမိသည့် အတွက် ကျေနပ်ကာ တစ်ကိုယ်တည်း ပြုံးလိုက်မိ သည်။ ခဏအကြာ ဆိုင်အတွင်း မှ ခပ်မှိန် မှိန်လင်းနေသော မီးပါ မှိတ်ငြိမ်းသွား သည်။ ဒီတော့ သူလည်း အိပ် သင့်ပြီ။
ဖြတ်သွားဖြတ်လာ များကြောင့် ဖိနပ်သံ တရှပ်ရှပ်ဖြင့် တစ်လောကလုံး ဆူညံနေသည်ဟု သူထင်သည်။ သူဆက် အိပ်မရတော့သည့် အဆုံး အိပ်နေရာမှ ထလိုက် သည်။ နေ ရောင်ကို ကြည့်ခြင်း အားဖြင့် အချိန် က မနက် ၁ဝ နာရီတော့ ကျော်နေ လောက်ပြီ။ သူအနီးနားမှ ရေပိုက် တစ်ခု ရှိရာသွားပြီး မျက်နှာသစ် သည်။ ဖြစ်သလို သစ် လိုက်ခြင်းသာ၊ ဆပ်ပြာ တို့မပါသည့်အပြင် မျက်နှာ ကြေးတောင် သူမတွန်းဖြစ်။ လိုချင် သည်က ရေထိ၍ လန်းသွားစေချင် သည်။ ဆောင်းမနက် ဖြစ်၍ ရေ တစ်ချက် ထိတိုင်း ချမ်းစိမ့် သွားသည်။ ဒါလည်းပဲ ဆောင်းရာသီ ၏ နှစ်လို ဖွယ်ရာ ဝိသေသ တစ်ခုအဖြစ် သူ သတ်မှတ်ထားသည်။
မျက်နှာသစ် အပြီးတွင် ဈေး တန်းတွင် ဈေးကူ ဝင်ရောင်းသည်။ ရသည့်ငွေ အကြွေဖြင့် ဗိုက်ဖြည့်လိုက် သည်။ ညနေစာ အတွက် ငွေအကြွေ ကျန်သေးသည်။ တစ်နေ့ စာတော့ အေးဆေးသွားပြီ။
တောက်တိုမယ်ရ အလုပ်မှန် သမျှ သူငွေ ပြတ်လျှင် ဝင်လုပ်နေကျ အလုပ် များဖြစ်သည်။ ဂီတာတီးလို့ ရတဲ့ငွေ များရင်တော့ သူ ငွေရှိ သလောက် အလုပ် မလုပ်ဘဲ နား တတ် သည်။ ဒီ့ထက်ပိုလျှင် စာအုပ် အဟောင်း ဆိုင်မှာ စာအုပ် ငှားဖတ် သည်။ စာအုပ် ငှားဖတ်ခြင်းသည် သူ စားဖို့ပြီးလျှင် သူ၏ ဒုတိယငွေ အသုံးဆုံး ကိစ္စတစ်ခု။
ညနေ အလုပ် (လမ်းဘေးမှာ ညနေတိုင်း ဂီတာ တီးရသည်က သူ့အတွက် အလုပ်တစ်ခုပဲ မဟုတ် လား) ထပ်မဆင်းမီ သူအားနေသေး သည်။ အားနေတုန်း ဖတ်စရာ စာအုပ် ငှားမယ့် ဆိုင်လည်း လောလောဆယ် သူရှာမတွေ့သေး။ ဒီတော့ ဟိုနား ဒီနားပဲ သူလျှောက် ကြည့်ဦးမည်။ အရေး အကြီးဆုံးက မနေ့က မျက် ဝန်းလေးကို သူရှာရ လိမ့်မည်။ မနေ့ က မျက်ဝန်းရှိရာ Terpsichore ဆိုင်လေးသို့ သူ့ခြေလှမ်းများ ဦးတည် လိုက်သည်။ ရုတ်တရက် သူသည် တိမ်စိုင် တစ်ခုလို ပေါ့ပါး သွားသည်။ သူ့အား ဆွဲငင်ညှို့ယူရာ မျက်ဝန်းရှိရာသို့ သူလွင့်ပါသွားတော့ သည်။
မနေ့ည ကတွေ့ခဲ့သော မျက် ဝန်းတစ်စုံရှိရာ ၄ ပေါက်မြောက် တံခါးရှေ့ အရောက် သူရပ်လိုက် သည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ကာ ထားသော ဇာကန့်လန့်ကာ တစ်ဖက် ဆီသို့ ကပ်သွားသည်။
တောက်ပစူးရှသော ထိုမျက် ဝန်း တစ်စုံ….
ထိုမျက်ဝန်းတစ်စုံအား ရင်ခုန် လှိုက်မောဖွယ်ရာ သူတွေ့လိုက်ရ သည်။
ဒါပေမဲ့ ထိုမျက်ဝန်းမှာ သူ အကြာကြီး မိန်းမောခွင့်မရလိုက်။
ဆိုင်ထဲမှ မုတ်ဆိတ်ဖြူ ကျင်စွယ် နဲ့ အဘိုးအိုတစ်ယောက် မျက်မှန် အောက်ကနေ သူ့ကို ထူးဆန်းစွာ ကြည့်နေသည်။ ထိုတွင်မှ သူ ပြန် သတိဝင် လာသည်။ အဘိုးအိုက ကာထားသော တံခါး တစ်ချပ်ကို တွန်းဟလိုက်ပြီး
”လူလေး… ဘာအလိုရှိလို့ လဲကွဲ့”
သူ့အဝတ်စား စုတ်ပြတ်နေ သော်လည်း လူကို အဆင်တန်း မခွဲဘဲ တစ်တန်းတည်း ဆက်ဆံပေးသော အဘိုးအိုအား သူ စိတ်ထဲမှ အရင် ကျေးဇူးတင်လိုက်သည်။
”ကျွန်တော် အထဲကို ဝင်ကြည့် လို့ရမလား အဘိုး”
အဘိုးအိုက ပြန်မဖြေဘဲ ဝင်ပေါက် တံခါးကို သွားဖွင့်သဖြင့် သူ ဆိုင်ထဲကို ဝင်လာလိုက်သည်။ တစ်ဆိုင်လုံး သည် ပစ္စည်းအဟောင်း များဖြင့် ရှုပ်ယှက် ခတ်နေသည်။ သို့သော် အရာဝတ္ထု တစ်ခုချင်းစီက သူ့ကို စိတ်ဝင်စားစေသည်။ ထပ်ပြီး သို့သော်ရလျှင် သူ စိတ်ဝင်စားပါ လျက် အာရုံမစိုက်နိုင်အား။ မျက် ဝန်း တစ်စုံရပ်နေရာ သို့သာ သူ စိုက် စိုက်မတ်မတ် ဝင်လာလိုက်သည်။
အခုလို အနီးကပ်မြင်ရတော့ သူ့ရင်တို့ အထပ်ထပ် ခုန်လာ သလား။ သူ့လိုပဲ သူခုံမင်ရာ မျက် ဝန်း တို့ကလည်း သူ့ကို စူးရှစွာ ပြန် ကြည့်နေသည်။ ပြီးတော့ ထိုမျက် ဝန်း ပိုင်ရှင် သူမထံမှ ရင်ခုန်သံတို့ သူကြားနေ ရသည်ဟု သူထင်သည်။ သူမလည်း သူ့လိုပဲ ထပ်တူ ခံစားနေ သည်လား။ သို့မဟုတ် သူ့ရင်ခုန်သံ ကို သူပြန်ကြားခြင်းလား မပြော တတ်။ သူ မနေနိုင်တော့ သူမရဲ့ နီစွေးစွေး ပါးရိုးလေးကို နမ်းလိုက် တော့သည်။ သို့ပေမဲ့ ပါးရိုး၏ မာကျော အေးစက်သော အထိ အတွေ့ က သူ့ရင်ခုန်သံ အီနားရှား ကို ပျက်ယွင်းသွားစေသည်။
”ဟဟဟဟ … လူလေး မင်း ခိုင်ယန်နိုကို သဘောကျလို့လား ကွ”
ဆိုင်နောက်ဘက် ဝင်သွားပြီး ဘယ်အချိန်ပြန် ထွက်လာမှန်း မသိ သော ဆိုင်ရှင်အဘိုးက သဘော ကျစွာရယ်ပြီး သူ့ကို နောက်သည်။ အင်း… သူနမ်းမိသည် က လူ အရွယ် အစား ထုထားသော အရုပ် တစ်ရုပ်ကိုး။
”ခိုင်ယန်နို..”
သူအံ့သြမေးလေး ပြန်မေး လိုက်သည်။
နောက်ဖေး ဝင်ပြီး ဆေးတံမှာ မီးသွားညှိသည် ထင်ပါရဲ့။ ခုနက မီးမညှိ ထားသော ဆေးတံက မီးခိုး ငွေ့များ ခုတော့ လေပေါ်သို့ ဝေ့ဝဲ နေပြီ။ အဘိုးအိုက ကိုက် ထားသော ဆေးတံကို ခပ်ဆဆ စုတ်လိုက်ပြီး ပြန်ဖြေသည်။
”ဟုတ်တယ် လူလေး.. chionodoxa ဆိုတဲ့ ပန်းကနေ ယူပြီး မှည့်ထားတာလေ။ chionodoxa ဆိုတာက glory of the snow တဲ့ကွ ဆောင်းရာသီ ရေခဲ မှုန်တွေ ကြားထဲ ပွင့်တဲ့ ပန်းနာမည် ပေါ့ကွာ။ ဒီအရုပ်မလေးက ဒီလိုပဲ နှင်းတွေ သဲကြီးမဲကြီးကျတဲ့ ဆောင်း ရက်တစ်ရက်မှာ အဘိုး လျှောက်သွား ရင်း အမှိုက်ပုံ တစ်ပုံ က နေရခဲ့ တာ ကွ။ ဒါနဲ့ပဲ ဒီနာမည်လေး ပေးလိုက် မိတာပဲ”
အဘိုးအိုက သူ့ကို ခြေဆုံး ခေါင်းဆုံး ကြည့်လိုက်ပြီး
”ရေနွေးကြမ်း သောက်ပါဦး” ဗိုက်ဆာနေတယ် မဟုတ်လား ရေနွေးတော့ အဘိုး ဧည့်ခံနိုင်တယ် ကွယ်”
သူ မဆာအားပါ သို့သော်လည်း အဘိုးအိုနှင့် စကားပြောချင်၍ သူ ထိုင်လိုက်သည်။ အသက် ကြီးသူတို့ ၏ ထုံးစံ အတိုင်း စကားကို ဖောင်ဖွဲ့ ပြောနေသော အဘိုးနှင့် စကားပြော နည်းသောသူ ခဏအကြာ မိတ်ဆွေ တွေဖြစ်သွားသည်။ အဘိုး နာမည်က ဂိုင်လန်အန်ဒါဆာ..။ ပြီးတော့ နာမည် အတည်တကျ မရှိသော သူ့ကို အဘိုးအို ဂိုင်လန်က ဂျစ်ပ်ဟု အမည်ပေးသည်။ Gypsy ကို အတို ကောက် ခေါ်ခြင်း ဖြစ်သည်။ နာမည် ကို အစွဲအလမ်း မရှိသော သူ့အတွက် အတွန့်တက် စရာမရှိ။ ဂိုင်လန် သည် လည်း အရင်က သူ့လိုပင် လမ်း တကာလည်ကာ လျှောက်သွားနေ သော လူမျိုး။ သို့သော် ဂိုင်လန်က ပစ္စည်းဟောင်း collector ဖြစ်သည်။ ထိုကြောင့် နေရာ အတည် တကျနှင့် ဆိုင်ဖွင့်ဖြစ်လာကာ ဂျစ်ပစီ ဘဝကို စွန့်လွှတ်ခဲ့ရသူဖြစ်သည်။
ကြုံခဲ့ဖူးသည့် အမျိုးမျိုးသော အကြောင်းတို့ကို ပြောဖြစ်ကြရင်း သူတို့ ရင်းနှီးလာသည်။
အဘိုးက သူ့ကို မေးခွန်းတစ်ခု ရုတ်တရက် မေးလာသည်။
”ဒါနဲ့ လူလေးက ခုနက အရုပ် ကို ဘာလို့နမ်းလိုက်တာတုံးကွ”
ပြောလိုက်ပြီးမှ အားနာသွား သည် ထင်ပါရဲ့။ အဘိုးအို သူ့ကို ပြုံးပြီး ပြန်ကြည့်နေသည်။
ဂျစ်ပ်က
”ဘာရယ်တော့ မဟုတ်ပါဘူး မနေ့တုန်းက သူ့ကို လူလို့ထင်နေ တာ။ ကျွန်တော် မနေ့က ပစ္စည်းတွေ လိုက်ကြည့်တော့ ခိုင်ယန်နိုရဲ့ မျက်လုံးလေးတွေ ကို မီးမှိန်မှိန်တွေ ကြားမှာ တွေ့လိုက်ရတယ်။ တခြား မိန်းကလေးတွေ လို နှိမ်တဲ့ အကြည့် တို့ စူးစမ်းတဲ့ အကြည့်တို့ ရှက်ရွံ့တဲ့ အကြည့်တို့ မရှိဘဲ ပကတိ ရိုးသားတဲ့ အကြည့်တွေ ပါတဲ့ မျက်ဝန်း တစ်စုံမို့ ကျွန်တော် စိတ်ဝင်စားခဲ့တာ။ ပြီး တော့ သက်ရှိလို့ ထင်နေခဲ့တာလေ”
သူ စကားပြောနေရင်း အရုပ် ရှိရာ လျှောက်လာ လိုက်ပြီး ပခုံးက နေ လှမ်းဖက် လိုက်သည်။ သူကပင် ဆက်၍
”ဒါပေမဲ့ ဒီနေ့မှ အရုပ် မလေး မှန်းသိလိုက်ရတော့ မနေ့က တစ်ရှိုက် မက်မက် မက်ခဲ့ရတဲ့ အိမ် မက်ကလေး ကျွန်တော် ပျောက် မသွားချင်ဘူး။ အရုပ် ကလေးမှန်း သိပေ မဲ့ ကျွန်တော် သူ့ကို စိတ်စား သွားတယ်။ ပြီးတော့ နမ်းလိုက်မိတာ ပဲ ဂိုင်…”
အဘိုးအိုက မှတ်ချက်မပေး။ ဆေးတံကို တစ်ချက် ထပ်ရှိုက်ကာ မီးခိုးတို့ ပြန်မှုတ် ထုတ်လိုက်သည်။
သူ့တို့နှစ်ယောက်ကြားက အပေါ် တည့်တည့်မှာ မီးအိမ်လေး လင်းနေသဖြင့် မီးခိုးတို့ လေထုထဲ ပျံ့လွင့်တက်သွားသည်ကို အထင်း သားမြင်နေရသည်။
အဘိုးအိုအမေးကို သူက ပြန် ဖြေသည်။
”ဒါလည်း ကောင်းတာပါပဲ နှလုံးသား မပါတော့ သံယောဇဉ်က နှစ်ဖက်လုံးကို မရှိတော့ဘူးပေါ့။ သူသာ သက်ရှိ မိန်းကလေး တစ်ယောက်ဆို ကျွန်တော့် အပေါ် ပြန်ပြီး သံယောဇဉ် မထားနိုင်တာမျိုး ဒါမှမဟုတ် ပုံမှန် လူတွေလို သူမဘဝ အတွက် ရုန်းကန် လှုပ်ရှားပေးဖို့ တောင်းဆို လာမယ့် မိန်းကလေး ဖြစ်မနေတော့ဘူးပေါ့”
သူ အဘိုးအိုကို စကားပြော ရင်း ခိုင်ယန်နို မျက်နှာဘက်ကို လှည့်ကာ ပါးပေါ် ဝဲကျနေသော ဆံပင်များကို တယုတယ သပ်တင် ပေးလိုက်သေးသည်။ ပြီးမှ ခုနက ထိုင် ခဲ့သော ထိုင်ခုံ ဆီသို့ ပြန်လာထိုင် လိုက်သည်။
”အေးကွ… ငါကိုယ်တိုင် လည်း သူ့ကို သံယောဇဉ်ဖြစ်ပြီး ခုထိ မရောင်းခဲ့ဘူးကွ… ဘာမှ ထူးဆန်းလို့တော့ မဟုတ်ပေမဲ့ ခိုင်ယန်နို အနားမှာ ရှိနေတဲ့ အခါ သက်ရှိ လူ တစ်ယောက် ကိုယ့်ဘေး မှာ ရှိနေသလို ခံစားရတယ်။ အဲဒီ ခံစားချက်က အဘိုးကို အထီးမကျန် စေဘူးကွဲ့ လူလေးရ… ဒါနဲ့ပဲ… မရောင်းဖြစ်ဘဲ ခုထိ နေလာတယ် ဆို ပါတော့လေ”
ဒီလိုနဲ့ ဂျစ်ပ်နဲ့ ဂိုင်လန် စကား တွေ ဆက်ပြောဖြစ်ကြသည်။
နေကျလာပြီ ဖြစ်၍ ဆိုင်ပြင်မှာ ဈေးသွားဈေးလာများ ရုံးပြန်လာ သော လူများ သွားလာ စည်ကားနေ ကြပြီ။ ထို့အတူ ဝယ်သူ ရှားပါးလှ သော ပစ္စည်း အဟောင်းဆိုင်လေး မှာလည်း ဝယ်သူ မရှိသော်လည်း စကား လက်ဆုံကျနေသူ နှစ်ဦးဖြင့် အသက်ဝင် လှုပ်ရှားလျက်ရှိသည်။
နှစ်ဦးသား မိတ်ဆွေဟောင်း များပမာ စကား လက်ဆုံကျနေသည် မှာ ဘယ်လောက် ကြာသွားပြီ သတိ မထားမိတော့။ အဘိုးကျွေးသော နေ့လယ်စာ ကို စကားပြောနေ စဉ် အတွင်း သူစားဖြစ်သည်။ နာရီ အနည်းငယ် မျှသာ တွေ့ရသေးသော် လည်း အတွေးမြင် နီစပ် သူများဖြစ်လို့ နဲ့တူပါရဲ့။ သူနဲ့ အဘိုးအို ဂိုင်လန် နှစ်များ စွာ ပေါင်းဖော် လာသော မိတ်ဆွေ များကဲ့သို့ ရင်းနှီး သွားသည်။ ပုံမှန် အားဖြင့် သူလှည့်လည်ရာ မြို့ များတွင် မိတ်ဆွေများ အခန့်သင့် သလို တွေ့ရတတ်သော် လည်း ဂိုင် လန်လောက်တော့ မရင်းနှီးဖြစ်။ အသက်ရွယ်ကြောင့် ထင်သည်။ အထူးသဖြင့် ဂိုင်လန့် ထံတွင် သူစိတ် ဝင်စားစရာ မှတ်သား ယူစရာ ဘဝ အတွေ့အကြုံ များရှိသည်။
ညနေ နေဝင်ခါနီးတော့ သူ ဆိုင်ထဲမှာ ပြန်ထွက် လာလိုက်သည်။ အချိန်ရှိတုန်း သူ ဂစ်တာ တီးတာ မနက်ဖြန် အတွက် စားစရာ ရအောင် ငွေရှာရဦးမည်။
ဂစ်တာဟောင်းလေးကို ဆွဲကာ ကတ်ထူ ခင်းထားသော မြေပေါ် သူ အကျအန ထိုင်ချလိုက်သည်။ သူ ထိုင်နေရာမှ ခိုင်ယန်နိုကို လှမ်းမြင် နေရ သည်။ ပြတ်ပြတ် သား သား မမြင် ရသည့်တိုင် အရုပ်မလေး ရပ်ကြည့် နေသည်ဟု သူ သေချာ ခံစား၍ ရလောက်သော အကွာအဝေး တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် မည်သူ တစ်ဦး တစ်ယောက် တည်းကိုမှ ဦးတည်ပြီး သူဖျော်ဖြေလေ့ မရှိခဲ့။ ဒီနေ့တော့ သူရဲ့ တစ်ဦး တည်းသော ပရိသတ်မှာ အရုပ်မလေး ခိုင်ယန်နို ဖြစ်လိမ့်မည်။ ရူးကြောင်ကြောင်နိုင် သည် ဟု ဘေးလူများ ပြောလာ လျှင် လည်း သူမငြင်းချင်။
တစ်ခါတလေ ကိုယ့်အလိုကျ စိတ်ကူး ယဉ်နိုင်သော သက်မဲ့အရာ များက တွေးတော ဆင်ခြင်ဥာဏ် အမျိုးမျိုးဖြင့် ခြယ်လှယ် လွှမ်းမိုးတတ် သော သက်ရှိ များထက်ပို၍ မက် မောစရာ ကောင်းသည်။ စွန့်ခဲ့ဖို့ မငဲ့ ကွက်ရသလို ခေါ်ယူ သွားဖို့လည်း မပူရသည်မှာ အားသာချက်။ ခံစား ချက် မပြောင်းလဲ တတ်သည်က လည်း သက်ရှိများထက် အားသာ ချက် တစ်ခုပဲ မဟုတ်လား။ ဘယ်သူ တစ်ယောက်က နာရီ အတော်ကြာ မမှတ်မသုန် စိုက်ကြည့်ပြီး နားထောင် နေနိုင်မှာလဲ။ ဘာမှကို မပြောဘဲ မပူဆာဘဲ ကိုယ့် ဂီတကိုပဲ တစ်စိုက် မတ်မတ် နားဆင် ပေးနိုင်မှာတဲ့လဲ။ ဒီလောက် ဆိုလျှင် သူ ခိုင်ယန်နိုအား ရင်ခုန် ခံစားဖို့ အကြောင်း လုံလောက် ပြီ။
ညနေစောင်းပြီ ဖြစ်၍ လမ်းမီး တို့ လင်းနေပြီ။ နေက အပြီးတိုင် မဝင်သေးသော် လည်း ဆည်းဆာချိန် ကို အတော် နောက်ကျ ရောက်နေပြီ ဖြစ်သည်။ လမ်းနီလေး သည် သူ့ မျက်လုံး ထဲတွင် မက်မန်းဝိုင် တစ်ခွက် အလား နီညိုရောင် သန်းနေကာ နှစ်လိုဖွယ် ကောင်းလှသည်။ ထိုမက် မန်းဝိုင်ကို သူ မွတ်သိပ်စွာ မော့ချ လိုက်သည်။
ခိုင်ယန်နို ရှိရာကိုသာ မော့ ကြည့်ကာ သူ သီချင်း တစ်ပုဒ်ပြီး တစ်ပုဒ်တီးသည်။ သူ့လက်ချောင်း များက ကချေသည်လေး များ ဂီတာကြိုများပေါ် ပြေးလွှား ကပြ နေ သလို နူးညွတ်ပျော့ပျောင်း လှ သည်။ အလွမ်း သီချင်းတစ်လှည့် အမြူးသီချင်း တစ်လှည့် သူတီးဖြစ် သည်။
သီချင်းမြူးလေး များ သူတီး သည့်အခါ ရပ်နေသော အရုပ်မလေး ခိုင်ယန်နိုမှာ ကချေသည်မလေး တစ်ယောက် အလား အသက်ဝင် လာ သည်ဟု သူမြင်ရသည်။ ပြီးတော့ ခိုင်ယန်နို ကသည်။ သူက ဂီတာ တီးသည်။ သူတီးနေ ကျဖြစ်သော bohemian music တီးလုံးအသွား လေးသည် ပတ်ဝန်းကျင်မှ လူများကို ပါ ပျော်ရွှင် အသက် ဝင်စေသည်။
လွမ်းမော ဖွယ်ရာ သီချင်းတို့ တီးပြန်သည့် အခါ ခိုင်ယန်နိုသည် ငြိမ်ငြိမ်လေး ရပ်ကာ နားထောင်ပေး သည့်အလား သူ စိတ်ကူး ယဉ်သည်။ ရီဝေစွာ လှမ်းကြည့်နေသော သူ့ မျက်လုံး များက အလွမ်း သီချင်းကို ပို၍ ဆို့နင့်စေသည်။
အနုပညာတို့ သက်ဝင် ပီပြင် လာသည့်အခါ လူများက အသိ အမှတ်ပြု တတ်ကြသည်။ ထိုနေ့က သူ ပေးကမ်းငွေ အတော်ရလိုက် သည်။ သူ့ဦးထုပ် ထဲမှာ အ တန်သေး ငွေ စက္ကူ များ အကြွေစေ့များ အပြည့်။ သာမန် သူရနေသည် ထက် ၄ ဆခန့် များသည်။
ဒီနေ့ သူပျော်သည်။ ငွေများ များရလို့ ချည်းရယ်တော့ မဟုတ်။ အင်း ခိုင်ယန်နိုကြောင့် ဖြစ်လိမ့်မည်။ သူဂီတာ တီးနေသမျှ သူမက အမြဲ တမ်း နားဆင် အားပေးနေသည် မဟုတ် လား။ ငွေများကို သေချာ သိမ်းလိုက်ပြီး မကြာလိုက်ခင် မှာပဲ ဂိုင်လန်က ဆိုင် အတွင်းမှ လက်ပြ ကာ နှုတ်ဆက်သည်။ ဆိုင်ပိတ် ခါနီး အချက်ပြတာ ပဲ ဖြစ်မည်။ လက်ပြ လို့ အပြီး ကန့်လန့်ကာကို ဆွဲချလိုက် သည်။ ခဏမျှ အကြာ မီးပါ ထပ်မှိတ် သွားသည်။
လုပ်စရာ မရှိတော့ပြီ ဖြစ်၍ တစ်နေ့တာ ပင်ပန်းသမျှ သူ ကျောချ နားရတော့မည်။ ခေါင်းကို ကတ်ထူ ပြားများပေါ် လို့ သူ ပက်လက် လှန်လှဲ ချလိုက်သည်။ ကောင်းကင်မှာ ကြယ်တို့ ဟိုတစ်စ သည်တစ်စ လင်းနေ၏ ။ ကြယ်လေးနှစ်လုံး က ပိုပြီး လင်းနေသည်။ သြော် ကြယ် တွေမှ ဟုတ်ပါရဲ့လား။ ခိုင်ယန်နိုရဲ့ မျက်လုံးလေးတွေ များလား။ ဟာ.. တကယ်ပဲ သူမက သူ့ကို ကောင်း ကင်ကနေ ငုံ့ကြည့်နေတာပဲ။ ဟော … သူမ ငုံ့ကြည့်နေရင်း က ပြုံးပြ သည်။ သူမ ပါးပြင်လေးကို သူ လက် နှင့် တို့ကစားချင် စိတ်ဖြစ်မိသည်။ သူ လက်တစ်ဖက်ကို ဆန့်ကာ သူမ ပါးပြင်ကို တို့ထိဖို့ ကြိုးစားသည်။ ပါးပြင်နှင့် မထိမီ သူ့မျက်နှာ တစ်ခုလုံး ကြယ်ပွင့် များစွာ အဖြစ်သို့ ပြန့်ကျဲ ကုန် သည်။ သူ ရှာမရတော့။ ခိုင်ယန်နိုကို သူ ရှာမရတော့။ ကောင်းကင် လွင်ပြင် ကျယ်ကြီးထဲမှာ ခုတော့ သူတစ် ယောက်တည်း။
စွဲလမ်း စိတ်ကြောင့် ဖြစ်မည်။ ခိုင်ယန်နိုအား သူမကြာခဏ အိပ် မက်မက်သည်။ ချစ်ခင်ဖွယ် အပြုံး တို့ဖြင့် ကလူကျီစယ် တတ်သော အိပ်မက်ထဲ မှ သူမသည် သူ့စိတ်ထဲ ပို၍ နေရာ ယူလာသည်။ သံယောဇဉ် မထားချင်သော သူ့အဖို့ စိတ်ကူး ယဉ်သက်သက် သာဖြစ်၍ သူ အထူး အထွေ မထိန်းချုပ်မိ။ အချိန်တော့ လည်း အရုပ်သည် အရုပ် သာ ဖြစ်၍ သူ့လည်း လုပ်နေကျ အတိုင်း ခရီး ထွက်ရမည် မဟုတ်လား။ သို့သော် သူခရီးဆက် ရမည့်အခါ သူမအား နောက်ဆံ တင်းနေဖို့ မလို။ ထို့အတွက် သူ့စိတ် တို့ကို မထိန်း ချုပ်ဘဲ သူပျော်ရွှင်ရာ သက်သက် စိတ်တို့ကို လွှတ်ထားမိသည်။
နေ့ခင်းဆိုလျှင် ဂိုင်လန် ဆိုင် ထဲဝင်ကာ စကား တို့ဖောင်ဖွဲ့ သည်။ ခိုင်ယန်နိုအား လူရုပ် တစ်ရုပ်နှယ်သူ ဆက်ဆံသည်။ (တကယ်တော့ မေးထူး ခေါ်ပြောမျိုးသာ။ ) သို့သော် ဂီတာ တီးသည့် အခါမျိုးမှာတော့ သူ လူတစ်ယောက်နှယ် သူမအား စိတ် ကူးယဉ်တတ်သည်။ ဒါကလည်း သူ့ အနုပညာ ထုတ်ကုန် အတွက် အသုံး ချခြင်း တစ်ခုဖြစ်လိမ့်မည်။
ဒီလိုနဲ့ ရက်တွေ ကြာလာခဲ့ သည်။ ဒီမြို့က တခြားမြို့များ နဲ့မတူ သူ ပိုကြာကြာနေဖြစ်သည်။ ထို့အတွက် ဂိုင်လန် နဲ့ပါမက တာဝန် ကျ မြို့ရဲ တချို့၊ သန့်ရှင်းရေး အလုပ် သမား တချို့နှင့် ဈေးသွားများ နဲ့ပါ သူ သိကျွမ်းခင်မင်လာသည်။ သူ ဂီတာ တီးပြတာကို နှစ်သက်လို့ ဖြစ်မည်။ တစ်နေ့မှ ငွေမပြတ်ခဲ့။ ထို့အတွက် လည်း ခိုင်ယန်နိုကို သူကျေးဇူး တင်သည်။ ညနေတိုင်း စိတ်ကူး ယဉ်ကာ ကြည့်လာရသော အရုပ်မလေး မို့ သူ့သံယောဇဉ် နည်း နည်းတော့ ဖြစ်မိသည်။
တစ်ခါတစ်ရံ အဘိုးအို ထံ သွား၍ သူမအား တောင်းရမ်းမည် ဖြစ်ကြောင်း စနောက်တတ် သည်။ အရုပ်မလေး အား သူ ပခုံးကိုဖက် ကာ ဘာရယ် မဟုတ် စနောက် တတ် သေးသည်။ ပြီးတော့ တစ်ခါတလေ နမ်းသည်။ ဒီလိုပဲ မငြင်းတတ်သော အရုပ် ကလေးမို့သာ သူပြုမူခြင်းဖြစ် သည်။ လူမလေး တစ်ယောက်သာ ဖြစ်နေပါက သူ လုပ်နေ လိမ့်မည် မဟုတ်။ ဂိုင်လန်ကလည်း သဘော ကျကာ သူ့အလိုအတိုင်း လွှတ်ထား သည်။
ဒီလိုနဲ့ သူ နေလာခဲ့ လိုက်တာ ၂ လခန့် တိုင်လာခဲ့ပြီ။ သူ ရူးကြောင်ကြောင် တစ်ခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုက အခြားမဟုတ် သူ့တွင် ရှိသော ငွေ အနည်း ငယ်အား စိုက်ပြီး ခိုင်ယန်နိုအား အဝတ် တစ်စုံ ဝယ် ပေးဖို့ ဆုံးဖြတ်ခြင်း ဖြစ်သည်။ ဘယ် သူမဆို မိမိအား အကျိုး ရှိစေသည် ထင်သော အရာများ ကို ပြင်ဆင် ချဲ့ကား တတ်သည် မဟုတ်လား။ အရုပ် မလေးမှန်း သူသိသော်လည်း အဝတ် တစ်စုံ အသစ် ဝယ်ပေးရန် ဆုံးဖြတ်လိုက်သည်။
အဘိုးအို ဂိုင်လန်ကလည်း သဘော တူသည်။ ဈေးထဲမှ သူလှ သည်ထင်သည့် bohemian ဂါဝန် တစ်ထည် ဝယ်လာလိုက်သည်။ ပြီးတော့ သူမ ဆံနွယ်လေး မှာဆင်ဖို့ အသည်း ပုံ ဆံညှပ် ကလေးတစ်ခု လည်း ဝယ် လာလိုက်သည်။ အဝတ် ဝယ်ပြီး ဝင်လာတော့ အဘိုးအိုက နောက်သည်။
”အိုး…ဂျစ်ပ် လူလေး မင်း တကယ်ဝယ်လာတာပဲ”
သူဘာမှ ပြန်မပြောဘဲ ပြုံးပြ ကာ ခိုင်ယန်နိုထံ လျှောက်လာလိုက် သည်။ သူမ ထံမှာ ဝတ်ထားသော အဝတ်စား များကို ချွတ်ချလိုက် သည်။ အချိုးစား ပြေပြစ် ကျနစွာ ထုထား သဖြင့် နတ်သမီး တစ်ပါး အလား ထင်မှတ် မှားစေလောက် သည်။ အနည်းဆုံးတော့ သူ့အတွက် ဆိုပါစို့။ ဟောင်းနွမ်းပြီ ဖြစ်၍ ကြေးများ တက်နေသည်က လွဲ၍ ခန္ဓာထု ဆစ်ထားပုံမှာ ပကတိ အတိုင်း ရှိ သေးသည်။ မိန်းမ တစ်ယောက်ရဲ့ အဝတ်မပါသော ခန္ဓာ တစ်ခုကို သူမ တွေ့ခဲ့သည်မှာ နှစ်နဲ့ ချီခဲ့ပြီ။ အတိ အကျမမှတ် မိသော် လည်း အချိန် အတော်ကြာခဲ့ပြီ။
သူမ၏ မာကျောအေးစက် သော ပါးပြင်ကို သူလက်နှင့် အသာ လေး စမ်းလိုက်သည်။ ဟောင်းနွမ်း နေပြီဖြစ်သော်လည်း တပ်ထားသော မျက်တောင်မွေးလေး များက မကျွတ် ပဲ ကျန်နေသေး သည်မှာ အံသြ လောက်စရာ။ ပြီးတော့ ပါးပြင်မှာ ရှက်သွေးလေးများ တင်းနေတာများ လား။ ဟင့်အင်း… အချိန်တွေ ကြာ လို့ ထွက်လာတဲ့ အက် ကွဲကြောင်း လေးတွေနေမှာပါ။ နောက်ပြီး လက် က အောက်ကို ဆင်းလာတော့ ကြော့ ရှင်းသော လည်တံ။ နတ်သမီး တစ်ပါး အလား ထုထားတာ ဆိုတော့လည်း အပြစ် အနာအဆာ ဘယ်ရှိပါ့မလဲ။ တဖြည်းဖြည်း ဆင်းလာသော သူ့ လက်တို့ ထုံကျင်လာသည်။
ဒီလို အရုပ်မျိုး အီတလီကို ရောက်ခဲ့စဉ်က အများကြီး တွေ့ဖူး သော်လည်း ဒီတစ်ခါ ဘာတွေ ထူးခြားနေလို့လဲ။ အချိန်အခါ အကြောင်း မျိုးစုံတို့ တိုက်ဆိုင်နေလို့ လား။ လက်က မရပ်လိုက်နိုင်သေး။ ပြီးတော့ တင်း မို့နေသော ရင်တစ်စုံ …။ အရုပ်မှန်း စိတ်ထဲမှ သိနေပေ မဲ့ သူ့စိတ်ထဲမှာ ကျေနပ်နေမိ တာပါ လား။ လက်က ရွေ့မ ရနိုင်တော့ …ပိုပြီး ထုံကျင် လာသလို ခံစား ရသည်။ ပြီးတော့ ချွေး တို့ ပြန်လာ သည်။ နောက် ရင်ခုန်မြန်လာသည်။ ခံတွင်းကို ခြောက်သွေ့လာသည်။
လက်က သူမ ရင်အုံပေါ်ကို ပွတ်သတ်နေရင်း…
ဘယ်လို…ရင်ထဲက လှုပ်နေ ပါလား။ သူအံသြတကြီး သူမ ရင်ဘတ်ကို နားနဲ့ကပ်ကာ နား ထောင်မိသည်။
ရင်ခုန်သံ ရင်ခုန်သံပါပဲ။ ဒုတိယ အကြိမ် ပြန်ကြားရခြင်းပဲ။
သူ ဂိုင်လန်ကိုပြောပြဖို့ ဂိုင်လန်ရှိရာ လှမ်းကြည့်လိုက်သည်။ စောစောက နေရာမှာ ဂိုင်လန် ရှိမနေ တော့။ အမူအရာ ပျက်နေသော သူ့ကို အားနာ လို့ ဆိုင် အပေါ်ရှိ သူ့ အိပ်ခန်း ဆီ တက်သွားပြီထင်ပါရဲ့။
သူ ပြန်ဖိကြည့်သည်။ ဟင် … ရင်ဘတ်က လှုပ်မနေတော့ နားနဲ့ ကပ်ကြည့်သည်. ရင်လည်း မခုန်တော့…။ သူ့ရင်ခုန်သံပြန် ကြားရင်း စိတ်ထဲ ထင်ယောင် ထင်မှား ဖြစ် တာမျိုး များလား။ သူ့စိတ်တို့ ညစ်ညူး သွားသည်။ ရူးသွပ်တယ် ဆိုပေမဲ့ ဒီလောက်ထိ ရူးသွပ်ဖို့ မကောင်းမှန်း သူယူဆသည်။ မရှိ သည့် အရာကို တကယ့် အဖြစ်ပျက် လို ထင် ရလောက်အောင်ထိ ဖြစ်ဖို့ မကောင်းဟု သူခံယူသည်။ ဘာမှ မဖြစ်လောက်ဟု ထင်၍ လွှတ်ထားခဲ့ သော်လည်း အခုလို ထင်ယောင် ထင်မှား လွန်ကျူးလာသည့် အတွက် သူ့စိတ်ကို သူ ထိန်းမှ ဖြစ်တော့မည်။ သူ ခုနကလို အထူးအထွေ ခံစား မနေတော့ပဲ ဝယ်လာသော အဝတ် အစား များကို ဝတ်ပေးလိုက်သည်။ ပြီးတော့ အသည်း ပုံ ဆံညှပ်ကလေး ကို သူမရဲ့ ရွှေအိုရောင် ဆံနွယ်လေး ပေါ်မှာ အလှဆင် ပေးလိုက်သည်။ အားလုံး ပြီးလို့ ကြည့်လိုက်တော့ လည်း အရုပ်မလေး ခိုင်ယန်နို က တော်တော်တော့ လှသည်။
နောက်ညတွေ မှာတော့ သူ ခိုင်ယန်နိုရဲ့ မျက်လုံးလေးတွေ ကို အရင်လို ခံစား မနေချင်တော့။ ဂီတာကိုလည်း အရင်လိုပဲ သာမန် သာတီးဖြစ်သည်။ တိုင်ဆိုင် တာပဲ လား ။ ဒါမှမဟုတ် ဒီမြို့က လူတွေ က သူ့ကို ရိုးအီးသွားလို့လား မပြော တတ် သူ့ကို ပေးကမ်းသည့်ငွေက နည်းနည်းလာသည်။ သူ့ရဲ့ဖျော်ဖြေမှု ကလည်း ပုံမှန် သာ ဖြစ် လာသဖြင့် ဆွဲဆောင်မှု လျော့သွားသည်က တော့ သေချာသည်။ အကြွေတစ်စေ့ ပင် မရသည့်နေ့ များ ရှိလာသည်။ ဂိုင်လန် ကိုယ်တိုင် ကလည်း ပုံမှန် ဝင်ငွေ မရှိသဖြင့် သူ့ကိုယ်သူ သာ အားကိုးလာရသည့် အတွက် အရင် လို ပြတ်တစ်လှည့် ငတ် တစ်လှည့် ပြန်ဖြစ်လာသည်။
သို့သော် ဒီမြို့ရောက် စကလို တော့ ခိုင်ယန်နိအား စိတ်ကူး မယဉ် ချင်တော့။ သက်ရှိများကို တွယ်ရ သော သံယောဇဉ်ကို စိတ်ကုန်နေ သောသူ့အဖို့ သက်မဲ့ အရုပ် တစ်ရုပ် အတွက် အလွန် အကျူး မဖြစ်ချင်၍ စိတ်ကူးယဉ်ပြီး ဂီတာ မတီးဖြစ် သည်မှာ ၁ လခန့် ရှိခဲ့ပြီ။
ပိုဆိုးသည်က ခုံးကျော် တံတား ရဲ့ ဟိုဘက်မှာ နယ်လှည့် စင်တင်ပွဲ ကျင်းပနေသဖြင့် ဒီလမ်းကျဉ်းမှာ ဈေးသွားများက လွဲပြီး တခြား လမ်း သွား မရှိသလောက် နည်းသွား သည်။ ထိုစင်တင်ပွဲ မှ အသံ များကြောင့် သူတီးသော ဂီတာသံလည်း သေချာ မကြား ရတော့သောကြောင့် ငွေ အကြွေပင် မရသော ရက်တို့ ဆက် လာသည်။ အစာ မဝယ် စားနိုင်တော့ ပဲ အရင်လို့ အမှိုက်ပုံ တချို့က ပြန် ရှာစားသည် က များလာသည်။ ဒီလို ဖြစ်လာတော့ သူ နောက် တစ်မြို့ကို ခရီးဆက်ဖို့ အချိန်တန်ပြီ ဟု သူသုံး သပ်မိ သည်။ ဒီတစ်ရက် နှစ်ရက် အတွင်း သူဒီမြို့ကို နှုတ်ဆက် ဖို့ ဆုံးဖြတ်လိုက်သည်။
အစာစား နည်းခြင်းကြောင့် လား ပိုအေးလာသော ဆောင်းတွင်း ရာသီဥတုကြောင့်လား မပြောတတ်။ သူ ကိုယ်ပူ နည်းနည်း ရှိနေသည်။ တကယ်တော့ ကိုယ်ပူ နည်းလား၊ များလား သူမသိ ။ ဒီလိုပဲ ဘဝကို သူကြုံသလို ဖြတ်သန်း လာခဲ့သည်။ နေမကောင်းခြင်းကို အချိန်ပေး တွေးမနေပါ။ အချိန် ရှိတုန်း အဘိုး အို ဂိုင်လန်ကို မနက်ဖြန် သူ ခရီး ထွက်တော့မည့်အကြောင်း ပြောရဦး မည်။
ဆိုင်ထဲသို့ ပုံမှန်အတိုင်း ဝင်လာပြီး ဂိုင်လန် အားနှုတ်ဆက် လိုက်သည်။ သူ ခရီးဆက်တော့မည့် အကြောင်း ပြောတော့ ဂိုင်လန်က စိတ်မကောင်း။ သူနဲ့ အတူနေ၍ အလုပ် လုပ်ဖို့ စည်းရုံးသေးသည်။ သူ တခြား အလုပ် မလုပ်လိုပါ။ ဂီတာ တီးခြင်းသည် သူ့ဝါသနာဖြစ် ၍ အချုပ်နှောင်မဲ့ သူနေနိုင်သည်။ ထိုမှလွဲ၍ တခြား လုပ်စရာသူ မတွေ့ သေးပါ။ ဂိုင်လန်အား ခင်သော်လည်း ခွဲရမည့်အချိန် ရောက်လာလျှင် နှုတ် ဆက်ရမည်။ အဘိုးအိုအား နှုတ်ဆက် စကားပြောရင် မရည်ရွယ်ဘဲ အရုပ်မလေးဆီ ကို သူမျက်လုံး ရောက်သွားသည်။ ဘာပဲဖြစ်ဖြစ် သူ့အား ပျော်ရွင်ဖွယ် အချိန် ၂ လ ဖန်တီးပေး ခဲ့သော အရုပ်မလေး ခိုင်ယန်နို ကိုလည်း သူနှုတ်ဆက်ရ မည်။ အရင်ကလို ပဲ သူက သက်ရှိ လူတစ်ဦး ကဲ့သို့ ဆက်ဆံ စကားပြော ပြီး ဖက်လိုက်သည်။ ပြီးတော့ နား ထင်စကို နမ်းလိုက်သည်။
ဟောဗျာ…ကြားရပြန်ပြီ ဒီရင်ခုန်သံ …
သူ ဒုတိယအကြိမ် ထပ်ပြီး နားထောင်ကြည့်တော့လည်း မကြား ပြန်တော့…
အင်း…. သူနဲ့ ခိုင်ယန်နို၏ ဆက်နွယ်မှုက ဘယ်လိုလဲ…
ဘာပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ ခိုင်ယန်နိုကိုလည်း သူနှုတ်ဆက်ရမှာ ပါပဲ။
သူသက်ပြင်း တစ်ချက်ချကာ သူမ၏ မျက်ဝန်းတစ်စုံအား နောက် ဆုံးအကြိမ် အနီးဆုံး ကြည့်လိုက် သည်။ မရည်ရွယ်ဘဲ သက်ပြင်း တစ်ချက် ချမိသည်။ ပြီးတော့ ဂိုင်လန် ကို ထပ်ပြီး နှုတ်ဆက်ကာ ဆိုင်ထဲမှ ထွက်လာလိုက်သည်။
နေမကောင်းလို့ပဲလား စိတ် မကောင်းလို့ပဲလား မသေချာပါပဲ ခြေလှမ်းတို့ တုံ့နှေးနေသည်။ တကယ်တော့ အဲလို ဖြစ်လိမ့်မှာကို အရင် ကတည်းက သူ မလိုလား ခဲ့ဘူး လေ။ ဒါပေမဲ့ ဒီနေ့ တစ်နေ့တော့ ဒီမြို့ကို ရောက်စကလို သူပြန်စိတ်ကူး ယဉ်ကြည့်ချင်မိသည်။ ဒီမြို့က မထွက်ခင် နောက်ဆုံး တစ်ကြိမ် ဖြစ် ဖြစ်ပေါ့။
ထူးထူးခြားခြား ရောက်စနေ့ ကလိုပင် ဝိုင်နီရောင် သန်းနေသော ညနေနေဝင်ခါနီး အချိန်လေးဖြစ် သည်။ တစ်ဖက်လမ်း ဆီမှလည်း တီးလုံးသံများ ဆူညံ စွာ ပေါ်ထွက်နေ သည်။ တကယ်တော့ သူ့ဂီတာသံ ကို ဘယ်သူ တစ်ယောက်မှ အနီးကပ် နားမထောင်လျှင် ကြားရမည် မဟုတ်။ ဒါပေမဲ့ သူ့မှာ တခြား လုပ် စရာမရှိ။ ဒီနေ့တော့ နေရာလည်း မပြောင်းချင်တော့ ခိုင်ယန်နိုကို နောက်ဆုံး တစ်ကြိမ်တော့ သူ ဂီတာ တီပြီး သီချင်း ဆိုပြချင်သည်။ သူမက သူ့တေးသွား နဲ့ အတူကလိမ့်မည်။
ညက တဖြည်းဖြည်း မှောင်လာ သည်။ အေးကလည်း ပို၍ အေးစိမ့် လာသည်။ ကိုယ်ပူနေသော ခန္ဓာကို လည်း သူဂရုမစိုက်အား။ သူမရှိရာ ကို လှမ်းငေး၍ ဂီတာကို တီး လိုက် သည်။ ဂိုင်လန်ကလည်း သူ ဂီတာ တီးနေသည် ကို သိလို့ဖြစ်မည်။ ပြတင်းပေါက် ကန့်လန့်ကာကို ညနက်သော် လည်း ဖွင့်ကာထား ဆဲ။
ရောက်စနေ့တွေကလိုပါပဲ သူမက သူ့တေးသွားများ နဲ့ အတူက သည်။ ဒီနေ့အတွက်တော့ သူဝယ် ဝတ်ပေးထားသော ဂါဝန်လေး ကား နေအောင် ကနေတာကတော့ အရင် နဲ့ မတူတော့ဘူးပေါ့။ အရင် လိုပဲ အမြူးရော အဆွေးပါ သူတီး ဖြစ်သည်။ ဘယ်လောက် ကြာကြာ သူတီးနေလိုက်သည် မသိ။ ညက ပို၍ နက်လာသည့် ဂိုင်လန် အခန်း မှ မီးပင် မှိတ်သွားပြီ။ ကန့်လန့်ကာ ကလေးကတော့ ဖွင့်လျက်ရှိဆဲ။
လမ်းသွား လမ်းလာများ လုံးဝ မရှိတော့။ အချိန်က ည ၂ နာရီ လောက် ရှိပြီဖြစ်သော်လည်း သူ ဂီတာကိုသာ တီးလျက်ရှိဆဲ။ ဘာ ကြောင့်များ သူမ ရပ်ချင်တာပါလဲ။ သူ့ စိတ်ကုးထဲမှာ ခိုင်ယန်နိုက သူ့ ပေါ်မှာ မေးတင်ပြီး သူဂီတာ တီးနေ တာကို နားဆင်နေ တယ်လေ။ မဟုတ်ဘူး မပြောပါနဲ့။ မဟုတ်မှန်း သိပါတယ်။ ဒါပေမဲ့ နောက်ဆုံး တစ်ညတော့ သူ့ကို ရူးသွပ်ခွင့် ပေး ပါလေ။
ဒီလိုနဲ့ နှင်းတွေလည်း ကျလာသည်။ သူလည်း ပိုပိုချမ်းလာသည်။ ကိုယ်အပူချိန် ပိုတက်တာပဲလား သူ မရိပ်မိနိုင်အား။ ပြီးတော့ နှင်းက ပိုပိုသည်းလာ သည်။ နှင်းတွေ ကြား မှာ သူမ မျက်ဝန်းလေး တစ်စုံက တောက်တောက် ပပလေး လင်းနေ သည်။ သူမက ပြုံးပြပြန်သည်။ အချိန်နှောင်းပြီဆိုတာ သိလို့များ လား။ သူမက တင်ထားသောမေးကို ခွာလိုက်သည်။ လှုပ်ရှားလာသော သူမကြောင့် သူလည်း ဂီတာတီးရပ် လိုက်သည်။ သူမက ထရပ်လိုက်ပြီး ကိုယ်ကို ကိုင်းညွတ်လိုက်သည်။ ပြီးတော့ သူ့ကိုယ်ကိုဖက်ပြီး သူ့နှုတ် ခမ်းကို ခပ်ဖွဖွနမ်းသည်။
”အိုး…နွေးထွေးလိုက်တာ။ တစ်ကိုယ်လုံးကို ဂွမ်းစောင် တစ်ထည်နဲ့ လွမ်းခြုံလိုက်သလိုပဲ။ ဘယ်လောက် နွေးထွေးလိုက်စေတဲ့ အနမ်းလဲ။ ပြီးတော့ ရင်ထဲမှာ တလှိုက်လှိုက် သူပျော်လာသည်။ တစ်ကိုယ်လုံး အကြောများ ပျော့ ဆင်းကျသွားပြီလား။ သွေးတို့ စီးဆင်းမှုအရှိန် မြင့်လာနေတာလား။ မရေရာသော အဲဒီခံစားချက်တွေနဲ့ အတူ သူ ပတ်ဝန်းကျင်ကို မေ့ ပျောက်သွားသည်။ သူဘယ်ရောက် နေတယ် ဘယ်အချိန်ရှိပြီ မစဉ်း စားချင်သေး။ သူ စိတ်ကူးထဲမှာ သူ ပျော်နေသည်။ ဒါကြောင့် သူ့စိတ် ကူးလေးကို မနက်ထိ ဆွဲထားချင် သည်။ သူဆွဲထားပါရစေ။ စိတ်ကူး ထဲကနေ သူမ ပျောက်ကွယ်သွား မှာကို သူမလိုလား။ ဒီတော့ သူ မျက်လုံးကို မှိတ်ထားလိုက်သည်။ သူ ဆက်၍ မှိတ်ထားလိုက်သည်။
à
မျက်လုံးများပြန်ဖွင့်လိုက်သည်။
မျက်လုံးရှေ့တည့်တည့်က အဖြူရောင် အမိုးကို သူရုတ်တရက် မခန့်မှန်းနိုင်။ သြော်… ဆေးဖြူ သုတ်ထားတဲ့ မျက်နှာကြက်ပဲ။ အင်း…ဘယ်ရောက်နေတာပါ လိမ့်။ သူဘေးကို တစ်ချက်ငဲ့စောင်း ကြည့်လိုက်သည်။
”ဂိုင်လန်”
စိုးရိမ်တကြီး စောင့်ကြည့်နေရှာ သော အဘိုးအို ဂိုင်လန်ကို သူတွေ့ သည်။
”သတိရလာပြီလား လူလေး”
သူ့ကို ကရုဏာသက်စွာ မေး ရှာသည်။
”ကျွန်တော် ဘယ်ရောက်နေ တာလဲ အဘိုး”
မနေ့ညက ဖျားနေလျက်က နှင်းတွေကြားမှာ ညနက်သည်အထိ ဂီတာတီးနေခဲ့မိလို့ နောက်ဆုံး အပူချိန် အလွန်တက်ပြီး သူ့မေ့လဲ သွားခဲ့ခြင်းဟု သူကပြန်ပြောပြ သည်။
”အဘိုး မအိပ်ခင်အထိတော့ လူလေးက တီးလက်စပဲကွဲ့။ နောက် ည ၂ နာရီလောက်ကျတော့ ဖောက် ထွင်းခံရရင် အလိုအလျောက် အချက်ပြပေးတဲ့ အဘိုးတို့ဈေးက အချက်ပေးေူမော က အသံမြည်မှ အဘိုး နိုးလာတာ။ သူခိုးလည်း အဘိုးမတွေ့ဘူး ဖောင်းထွင်းတဲ့ သူလည်း တစ်ယောက်မှမတွေ့ဘဲ ခိုင်ယန်နို အရုပ်က မှန်ရှိတဲ့ဘက်ကို လဲကျနေတာ တွေ့ရတာပဲ လူလေး။ သူလဲကျတဲ့ အားကြောင့်လား မပြောတတ်ဘူးကွဲ့။ ခိုင်ယန်နိုရော သူ့ရှေ့က မှန်ရော ကွဲသွားပြီး အချက်ပြစနစ်က အသံမြည်လာတာ ပဲ”
ထူးဆန်းတာက ခိုင်ယန်နိုမှာ လေမတိုက်ဘဲ ဘာကြောင့် လဲသွားရ တာလဲ။ တိုက်တိုက် ဆိုင်တိုင် သူ မေ့လဲသွားတဲ့ အချိန်ရောက်မှ ခိုင်ယန်နိုက မှန်ပေါ်ကို လဲကျရသ လား။ သူလည်း မတွေးတတ် တော့။
”အဲဒါ ဘယ်ဖောက်ထွင်းသမား မှ မတွေ့ရတော့ လူလေးရှိတဲ့ ဘက်ကို ကြည့်တော့မှ ဂီတာတီးနေ တဲ့ နေရာမှာ မေ့လဲနေတဲ့ လူလေးကို တွေ့တာပဲ။ အဲတော့မှ အဘိုး လူလေးကို ဆေးရုံခေါ်လာတာကွဲ့”
အဘိုးအိုက ရှည်လျားစွာ ရှင်းပြပြီးမှ ဆေးဝယ်ရန် ပြန်ထွက် သွားသည်။
သူတစ်ယောက်တည်း ကျန် နေခဲ့သည်။
မနေ့ညက သူ ယောင်းယမ်း စိတ်ကူးယဉ်လွန်နေခဲ့ခြင်းပဲ ဖြစ် မည်။ ဘာပဲဖြစ်ဖြစ် ခိုင်ယန်နို အရုပ်လေးကြောင့် သူအသက် ဆက် ခွင့်ရခဲ့သည်။ သို့မဟုတ်လျှင် မနက် လင်းသည့်အချိန်မှာ သူအေးခဲ၍ အသက်ပင် ရှိတော့မည်မဟုတ်။မနေ့က အကြောင်းရာတို့ သူပြန် တွေးရင်း မှေးနေလိုက်သည်။
ဆေးရုံက ဆင်းပြီး သူ နားမနေ ဖြစ်။ ဆေးရုံက ဆင်းသည့်နေ့ ညဘက်မှာပင် ဝယ်ထားပြီး ဖြစ်သည့် ရထား လက်မှတ်ကြောင့် အဘိုး ဂိုင်လန်အား နှုတ်ဆက်က သူ တခြား တစ်မြို့သို့ ခရီးဆက်ခဲ့သည်။ ရထားက စရွေ့ပြီ။ လက်နှစ်ဖက် ကိုပိုက်ပြီး ရထားပြတင်းပေါက်ကနေ အပြင်ကို လှမ်းငေး ကြည့်လိုက်သည်။ သူ့ဘေး အိတ်ကပ် တွင် တစ်ခုခု ခံနေသည်။ ဘာများပါလိမ့်။ သူ ညာလက်ဖြင့် နိုက်ကာ ဆွဲထုတ်ကြည့် လိုက်သည်။
”ဟင်…ဒါ… သူကိုယ် တိုင်… ခိုင်ယန်နို ဦးခေါင်းမှာ ပန်ပေးထားတဲ့ ဆံညှပ်လေးပဲ”
မနေ့က ညနေစောင်း သွား နှုတ်ဆက်တုန်း ခိုင်ယန်နိုကို ဖက် လိုက်ကတည်းက သူ့အိတ်ကပ် ထဲ ပြုတ်ကျနေတာ များလား။ ဒါမှ မဟုတ် မနေ့က ညက ခိုင်ယန်နို သူ့နဲ့ အတူ အသက်ဝင် လှုပ်ရှားစွာ ကပြီး သူ့အိတ်ကပ်ထဲ ထည့်ပေး လိုက်တာလား။ ဒါမှမဟုတ်… ကွဲသွားပြီးဖြစ်တဲ့ ခိုင်ယန်နို အရုပ်ဆီ ကနေ အဘိုးအို ဂိုင်လန် ပြန်ကောက် ထားပြီး သူမေ့နေတုန်း သူ့အိတ်ကပ် ထဲ ထည့်ပေးလိုက်ခြင်းလား။ ဘယ်အဖြေတစ်ခုကမှ မသေချာ။ ဒါပေမဲ့ ဘယ်အရာက အမှန် တရားလဲလို့ သူအဖြေမရှာချင်တော့။ တစ်ခါ တလေ အဖြေ မရှိသေးတဲ့ အခိုက်တန့်လေး က အဖြေသိလိုက်ရ တဲ့ အခိုက်တန့် ထက် စိတ်ကူး ပျော်ရွှင်မှု ပေးတတ်သည်။ အဖြေ မရေရာတဲ့ အခိုက်တန့်လေး ကိုပဲ သူ သယ်ဆောင်သွားတော့မည်။
သူ တစ်ကိုယ်တည်း ပြုံးကာ ဆံညှပ်လေးကို အိတ်ကပ်ထဲ ပြန် ထည့်ထားလိုက်သည်။ ရထားက ဆက်ရွေ့နေသည်။ လရောင် အောက်မှာ တိမ်လိပ်တို့က လည်း မြင့် လိုက်နိမ့်လိုက် သူ့မြင်ကွင်းထဲ လိုက်ပါနေသည်။ ကောင်းကင်ကို ငေး ကြည့်နေရင်း ကြယ်လေးနှစ်လုံး က ဖျတ်ခနဲ လက်သွားသည်။ မျက် ဝန်း တစ်စုံအလား စူးရှတောက်ပ လာ သည်။ သူကြည့်နေရင်း နောက် သဏ္ဌာန် တစ်ခု မပီပြင်မီ ကောင်း ကင်မှ နှင်းစက်တို့ သိပ်သည်းစွာ ကျဆင်းလာသည်။ ကောင်းကင်မှာ မျက်ဝန်း တစ်စုံ ကို မမြင်လိုက်ရ တော့။
နှင်းမှုန်များ ကျလာပြီ ဖြစ်၍ သူ ရထားပြတင်း တံခါးချပ်ကို ဆွဲပိတ် လိုက်သည်။ မနက်မှရောက်မည့် နောက် တစ်မြို့ အတွက် သူ အနားယူ ရဦးမည်။ ထိုကြောင့် ခေါင်း ကို ဘေးနံရံ တွင် မှီရင်း မျက်လုံးများကို မှိတ်ချလိုက်သည်။ အတွေးမှောင် ထဲမှာ ခုနက ကြယ်ပွင့်လေးနှစ်ပွင့် ဖျတ်ခနဲ လက်သွားသည်။ ပြီးတော့ …
ဘာပဲဖြစ်ဖြစ် သူ ခဏတော့ မျက်လုံး များကို ဆက်မှိတ်ထား ချင်သေးသည်။
ညီစု