Retire ဆိုတာ ဘဝတစ်ခု ကနေ အနားယူ တာကို ပြောတာပေါ့။ အများအားဖြင့် ဘယ် လုပ်ငန်း ကမဆို အနား ယူတာကို ပြောတာပေါ့။ ဘဘဆို ငယ်ငယ် ကတည်းက စစ်ထဲ ဝင်တယ်။ သာမန် အားဖြင့်တော့ ဝန်ထမ်း လုပ်သက်နှစ် ၃ဝ အသက် အားဖြင့် အသက် ၆ဝ မှာ Retire ပေး လေ့ရှိတယ်။ နိုင်ငံ့ တာဝန်ကို ထမ်းဆောင်တယ်။ ဘဘ ကနိုင်ငံရဲ့ တာဝန်ကို အသက် ၇ဝ ကျော်မှ ရပ်နားတယ်။ အစိုးရ တာဝန်ကို သံအမတ် လုပ်တယ်။ ဒုတိယ ဝန်ကြီးလုပ်တယ်။ အစိုးရ တာဝန်ကို လုပ်သက် ၅၂ နှစ်ကျော် မှ အနားယူ တာ။ ကောင်းသော အနားယူခြင်း နဲ့ဆိုတော့ ပင်စင် အပြည့် ရတယ်။ ဘဘက လခစား အလုပ် က အနားယူ လိုက်ပေမဲ့လည်း ဘဘက ဒီဘက် မှာ စာရေးတဲ့ အလုပ်ကို ဆက်လုပ်တယ်။ ဘဘက ဝန်ထမ်းကနေ Retire လုပ်လိုက်ပေမဲ့ ကိုယ့်ဘဝ မှာတော့ Retire မလုပ်သေးဘူး။ စာပေ အလုပ် တွေလုပ်တယ် Popular News မှာ အကြံပေး လုပ်တယ်။ မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင် ဒေးရှင်းမှာ ဒုတိယဥက္ကဋ္ဌ လုပ်တယ်။ မြန်မာထိုင်း ချစ်ကြည်ရေး အသင်းမှာ ဥက္ကဋ္ဌ လုပ်တယ်။ မွေးမြူ ရေးနှင့် ရေလုပ်ငန်းဘဏ်မှာ Board of Director လုပ်တယ်။ ကိုယ်လုပ်နိုင်တဲ့ စေတနာ့ ဝန်ထမ်း အလုပ်တွေ အားလုံး လုပ်နေတယ်။ စာရေးတယ် ဆိုတဲ့ အလုပ်က လုပ်သက်နှစ် ၃ဝပြည့်လို့ Retire လုပ်တယ်ဆိုတာ မရှိဘူး။ သေတဲ့အထိ လုပ်လို့ ရတယ်။ ကိုယ့် ပရိသတ်က လက်ခံတဲ့ အချိန်ထိ ကိုယ်က တာဝန် ထမ်းဆောင် လို့ရတယ်။ အခု တော့ ဘဘက အဲဒီ အလုပ်ကို ဆုပ်ကိုင်ထားတယ် ပေါ့။ မျက်စိနဲ့ လက်နဲ့ကောင်းရင် စာရေးလို့ ရတယ်။ မျက်စိ မကောင်းရင်တောင် ပါးစပ် ကပြောပြီး တခြား တစ်ယောက်ကို ရေးခိုင်း လို့ရတယ်။ ဦးနှောက် မကောင်းရင်တော့ ရေးလို့ မရတော့ဘူး ပေါ့။ ဘဘက စာရေးရင်တော့ ကိုယ့်အတွေ့ အကြုံ တွေကို နောက် မျိုးဆက်တွေ သိရအောင် Sharing လုပ်တဲ့ အနေနဲ့ အများဆုံး ရေးဖြစ်တယ်။ အခုချိန်မှာ ဘဘ ဘာကို ကြိုးစားနေလဲ ဆိုရင်တော့ လူဆိုတာ လူ့ဘဝ ကနေအပြီး Retire လုပ်ကို လုပ်ရမယ့် အချိန် ရှိတယ်။ လူဆိုတာ သေရမှာပဲ လေ။ အဲဒီလို အချိန် ရောက်ရင်သာ ဘယ်လို ပုံစံ မျိုးနဲ့ အကောင်းဆုံး Retire ဖြစ်အောင် လုပ်ရ မလဲ ဆိုတာကြိုပြီး ပြင်ဆင်နေတယ်။ ကိုယ်သေတဲ့ အချိန် ကိုယ့်ရဲ့သား၊သမီး၊ ဆွေမျိုးတွေ ဆီမှာ ကိုယ့်ရဲ့နောက်ဆုံး ထွက်သက်ကို ညင်ညင်သာသာ လေးနဲ့ Retire လုပ်သွားချင်တယ်။ တရားလေး မှတ်ပြီး သေတာကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်နေတယ်။ လူအများက Retire လုပ်ပြီး သွား ရင် စိတ်ဓာတ်တွေ ကျသွားတတ်တယ်။ ဒါက ပတ်ဝန်းကျင် နဲ့ဆိုင်တယ်။ ပင်စင်ယူတယ် ဆိုတာ ဘဝ တစ်ခုကနေ နားလိုက်တာပါပဲ။ နောက်ဘဝကို ထပ်ရှာလို့ ရတယ်။ ဘဘ ဆို ကိုယ် ဝါသနာပါတဲ့ စာရေးတဲ့ဘဝကို ထပ်ရှာတယ်။ စာမရေးတတ် လည်း ဘာဖြစ်လဲ သစ်ပင် စိုက်တတ်ရင် စိုက်မယ်။ နောက်ဆုံး ကိုယ့်အိမ်ရှေ့က လမ်းကို တံမြက်စည်း လှည်းနေရင်လည်း ဒါအလုပ် တစ်ခုလုပ်နေတာ ပါပဲ။ တစ်ကမ္ဘာလုံးမှာ လက်ဝဲဝါဒတွေ ကြီးစိုးနေတဲ့ အချိန်မှာ ဘဘက အစ္စရေးနိုင်ငံကို လေ့လာဖို့ သွားရ ဖူးတယ်။ အစ္စရေးမှာ စုပေါင်း ကျေးရွာတွေ ရှိတယ်။ အဲဒီ ရွာတွေ ရဲ့ ဂိတ်ဝမှာ အဘိုးကြီး၊ အဘွား ကြီးတွေ ထိုင်ပြီး တံခါးဖွင့်ပိတ် တာဝန်ကို ယူကြတယ်။ နောက်ပြီး သူ တို့ စုပေါင်း ကျေးရွာရဲ့ မွေးမြူရေးခြံက ကြက်ဥ၊ ဘဲဥတွေကို အဝတ်စိုနဲ့ သုတ်တဲ့ အလုပ်ကို သက်ကြီး ရွယ်အိုတွေ လုပ်ကြ ရတယ်။ လက်လှုပ်နိုင်၊ ခြေလှုပ်နိုင် တဲ့ အချိန်ထိ ကိုယ့် ပတ်ဝန်းကျင်ကို အကျိုးပြုလို့ ရပါတယ်။ လူဆိုတာ ကိုယ်ရှိတဲ့ Society မှာ ပတ်ဝန်းကျင်နဲ့ ဝင်ဆန့်ရမယ်။ လူတိုင်းမသေမချင်းအသုံးဝင်ပါ တယ်။
Reunion
Reunion ဆိုတာ စာလုံးနှစ်လုံး ပေါင်းထား တာ။ Re နဲ့ Union ကို ပေါင်းထားတာ။ union ဆိုတာ ပေါင်းစည်းခြင်း၊ ညီညွတ်ခြင်းပေါ့။ Reunion ဆိုတော့ တစ်စု တစ်ဝေး တည်း မရှိတဲ့ အရာကို ပြန်လည် ပေါင်းစည်းလိုက်တာကို ပြောတာပါ။ ဒီနေ့ အချိန်မှာReunion ကပိုပြီး အရေး ကြီးလာပြီ။ ဘဘလည်း စစ်သား လုပ်လာ တာပါ။ စစ်ဆင်ရေးတွေ ဝင်လာရတာ။ ဘဘတို့ စစ်ထဲ ဝင်ချိန်တုန်းက မြန်မာပြည်ကြီးက အကွဲကွဲ အပြားပြားနဲ့ သောင်းကျန်းသူ မျိုးစုံတဲ့ အချိန်ပါ။ ဒီနေ့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့က Reunion လုပ်တယ်။ အရင် အစိုးရတွေ တုန်းကလည်း လုပ်ပါတယ်။ ဒါပေမဲ့ သမ္မတကြီး ဦးသိန်းစိန် လက်ထက် မှာတော့ ပိုပြီး လုပ်ဖြစ်တယ် ပေါ့။ အရင်တုန်းက နိုင်ငံရေး အားဖြင့် အယူအဆ ကင်းကွာတဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့တယ်။ မတူတာတွေကို ပယ်ပြီး တူတာတွေ ကို ပေါင်း လုပ်မယ် ဆိုပြီးတွေးကြတယ်။ ဒါက Reunion ပဲပေါ့။ ဒါပေမဲ့ အခုကစပြီး ပေါင်းစ ဆိုတော့ တစ်စိတ် တစ်ဝမ်းတည်းတော့ မဖြစ်သေး ဘူး။ တိုင်းရင်းသား အဖွဲ့ အစည်းတွေ၊ အလွှာ ပေါင်းစုံက ခေါင်းဆောင်တွေ နဲ့ တွေ့တယ်။ အရင်က မတွေ့တာကို အခုတွေ့တာ ဆိုတော့ ကောင်းတဲ့ Reunion ပဲပေါ့။ တစ်ယောက်နဲ့ တစ်ယောက် သဘောထားချင်း မတူတာကို ညှိရ တာက ချက်ချင်းကြီးတော့ ထပ်တူ မကျဘူးပေါ့။ ဒါပေမဲ့ အမြန်ဆုံးတော့ ဖြစ်စေချင်တာပေါ့။ ဒီလို နှစ်သစ်ကူး သင်္ကြန် မှာဆို သီချင်း တစ်ပုဒ်ဆိုကြပါ တယ်။ ”နောင်နှစ်ခါလည်း ဆီးလို့ကြိုမယ် မောင် ကြီးလာပါမယ်” ဆိုတာ ဒါ Reunion ပါပဲ။ နောင်နှစ်လည်း ပြန်တွေ့ကြမယ် ဆိုတာ Reunion ကို ညွှန်းတာပဲ။ ဒါပေမဲ့ ဘဘတို့က တစ်ပေါင်း တစ်စည်း မဖြစ်တာကို ပေါင်းစည်းဖို့ အတွက် Reunion လုပ်ပြီးရင်တော့ ထာဝစဉ် United ဖြစ်နေဖို့ လိုတယ်။ နောက်တစ်ချိန် Reunion ပြန်မပေါ်အောင် နောက်မျိုးဆက်တွေက စိတ်ဝမ်း မကွဲဘဲ United ဖြစ်နေဖို့ ဘဘပြောချင်ပါ တယ်။
Restrict
Restrict ဆိုတာက ကန့်သတ်တယ်ပေါ့။ ကန့်သတ်တယ် ဆိုတာ ဘာကို ကန့်သတ်တာလဲ ပေါ့။ ဘဘနားလည်တဲ့ Restrict ကတော့ သတ်မှတ်ထားတဲ့ ဘောင် တစ်ခု၊ စည်းတစ်ခု နယ်နိမိတ် တစ်ခုကို ကျော်မသွားအောင် ကန့်သတ် ထားတာကို ပြောတာပဲ။ ကျောင်းသား အတွက် ကျောင်းစည်းကမ်း ရှိတယ်။ အချိန်မှန် ကျောင်း တက်ရမယ်။ စာကျက်ရမယ်။ စစ်သားမှာ လည်း စစ်စည်းကမ်း ရှိတယ်။ နိုင်ငံသား အားလုံး မှာ လိုက်နာရမယ့် တရားဥပဒေ ဆိုတာရှိတယ်။ တရားဥပဒေ ဆိုတာ တရား သဖြင့် ထုတ်ပြန်ထား တာပဲ။ လူတိုင်းက ဆိုင်ရာဘောင်တွေ စည်းတွေ ကို မကျော်ရင် Restrict လုပ်စရာကို မလိုဘူး။ Media သမားတွေ ဆိုရင်လည်း ဆိုင်ရာ Ethics တွေရှိတယ်။ သင့်တင့်တဲ့ အတိုင်းအတာ ဘောင် မကျော်သွားအောင် ကန့်သတ်ရတာ တွေရှိတယ်။ အခုဆိုရင် ဂျာနယ်တွေ သတင်းစာ တွေ အတွက် Media Law ဆိုတာတွေ ဆွေးနွေး နေကြပြီ။ လူတိုင်းကတော့ ကိုယ့်နေရာ မှာ သတ်မှတ်ထားတဲ့ စည်းတွေဘောင်တွေ မကျော်အောင်တော့ ထိန်း သိမ်းသင့်တယ်။ ဘယ်သူ မှ Restrict ကိုမကြိုက် ကြဘူး။ Strict ဆိုတာ တည့်မတ်တာ။ Restrict ဆိုတာ ပြန်ပြီး တည့်မတ်စေချင်လို့ ကန့်သတ် ရတယ် ဆိုတော့ သူက မတည့်မတ်ဘဲ လမ်းချော် နေလို့ပေါ့။ လူဆို တာ ကိုယ့်တာဝန် ကိုယ်ကျေ ရမယ်။ မိဘတာဝန်၊ သား၊ သမီးတာဝန်၊ ကျောင်း သားတာဝန်၊ နိုင်ငံ သား တာဝန်ကျေရင် Restrict ဆိုတာ မရှိပါဘူး။ မလိုလားဘဲ ချုပ်ချယ်တာ လူ့ ပတ်ဝန်းကျင် မှာ မရှိပါဘူး။
ဖြိုးစုပိုပို