‘သုံးပန်လှ’ ဆိုသောကျောက်သည် အမည်နှင့်လိုက်ဖက်အောင်ပင် တကယ်လှပ၍ စွဲမက်ဖွယ်ကောင်းသော ကျောက်မျက်တစ်မျိုးဖြစ်သလို ထူးဆန်း၍ ရှားပါးကာ တန် ဖိုးကြီးမားသော ကျောက်မျက်တစ်မျိုးလည်း ဖြစ်ပါသည်။ ယင်း ကျောက်ကို ‘သုံးပန်လှ’ ကျောက်ဟု အမည်ခေါ် တွင်ရခြင်းမှာလည်း ၎င်းကျောက် သည် နေ့ ခင်း နေရောင်ခြည်အောက်တွင် မြက်ခင်းစိမ်းရောင်ကိုပေး၍ ညမီးရောင်အောက်တွင် ရက်စ်ဗယ်ရီသီး အနီရောင်ကိုပေးသောကြောင့် ကျောက်၏ ထူးခြားသော အရော င်ပြောင်းခြင်းဆိုင်ရာ ဂုဏ်သတ္တိကိုအစွဲပြုကာ ခေါ်ဝေါ်ကြခြင်း ဖြစ်ပါ သည်။ အဖိုးတန်ကျောက်မျက် တော်တော်များများသည် သူ့အလှအပနှင့် သူ၊ သူ့ဂုဏ်သတ္တိနှင့်သူ သူ့ တန်ဖိုးနှင့်သူ ရှိကြသော်လည်း ထိုကဲ့သို့ ကျောက်မျက်တစ်ခုတည်းက အခြေအနေပ်ါမူတည်၍ လုံးဝမတူညီသော အရောင်နှစ်ခုအဖြစ် ပြောင်း လဲသွားသော ကျောက် မျက် ဆိုသည်မှာ ကျောက်မျက်လောကတွင် ထူးထူးခြားခြားနှင့် ရှားရှားပါးပါးကိစ္စပင် ဖြစ်ပါတော့သည်။
အခြားကျောက်မျက်များတွင် ထိုကဲ့သို့ အရောင်ပြောင်းခြင်းများရှိတတ်သော်လည်း အရောင်အနုမှအရင့်သို့ ပြောင်းလဲခြင်း၊ ခရမ်းရောင်မှ အပြာရောင်သို့ ပြောင်း လဲခြင်းစ သည့် နီးစပ်မှုရှိသော အရောင်ပြောင်းခြင်းမျိုးသာရှိပြီး ယခုကဲ့သို့ အစိမ်းရောင်မှ လုံးဝမတူညီသောအနီရောင် သို့ ပြောင်းလဲသွားခြင်းမျိုးကားမရှိပေ။
သမိုင်းကြောင်း
သုံးပန်လှကျောက်၏ အင်္ဂလိပ်အမည်မှာ ‘အလက်ဇန္ဒရိုက်’ (Alexandrit) ဟု ခေါ်ပါသည်။ အကောင်းဆုံးသော ‘အလက်ဇန္ဒရိုက်’ ကျောက်များကို ရုရှားနိုင်ငံ ယူရဲလ်ေ တာင်တန်းများတွင် ပထမဦးဆုံး စတင်တွေ့ရှိခဲ့သည့် ၁၈၃ဝ ခုနှစ်များက ရုရှားနိုင်ငံ၏ ဒုတိယမြောက် အလက်ဇန္ဒားဘုရင်ကြီးအုပ်စိုးနေစဉ် ကာလအတွင်း ဘုရင်ကြီး ၏မွေးနေ့တွင် ရှာဖွေတွေ့ရှိခဲ့သော ကြောင့် ဘုရင်ကြီး၏ မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် ယင်းကျောက်မျက်ကို ‘အလက်ဇန္ဒရိုက်ဟု အမည်ပေး ခဲ့ခြင်းဖြစ်ပြီး မြန်မာ တို့က ‘သုံးပန်လှ’ ကျောက်ဟု ခေါ်တွင်ခြင်း ဖြစ်ပါသည်။ သုံးပန်လှကျောက်များကို ဆိုဗီယက်ပြည်ထောင်စု၊ သီရိလင်္ကာနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ အာဖရိ ကနှင့် မြန်မာနိုင်ငံ မိုး ကုတ်ရတနာမြေတို့ မှလည်း ထွက်ရှိသည်ကို တွေ့ရှိရပါသည်။ သုံးပန်လှကျောက်သည် ခရိုင်ဆိုဗယ်ရယ် (Chrysoberyl) အုပ်စုဝင်ကျောက် မျက်တစ်မျိုးဖြစ်ကာ ခရိုင် ဆိုဗယ်ရယ်ဟူသော အမည်သည် ဂရိဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်ပြီး ‘ရွှေရောင်’ ဟု အဓိပ္ပာယ်ရ၍
ခရိုင်ဆိုဗယ်ရယ်ကျောက်၏ အရောင်သည် လှပ၍ နှစ်လိုဖွယ် ကောင်းသော ရွှေဝါရောင်ရှိပါသည်။ ၎င်းကျောက်မျက်သည် ရှေးယခင်ကတည်းက လူသိများ ကျော်ကြား ခဲ့ကြောင်းကို ရောမစာရေးဆရာ ပလင်နီ (အေဒီ ၂၃-၇၉) မှ မှတ်တမ်းတင်ခဲ့ပါ သည်။
တစ်ပွင့်တည်းနှင့် နှစ်မျိုးဝတ်ရ
ထို့ကြောင့် ‘သုံးပန်လှ’ ကျောက်တစ်ပွင့်ကို ဝယ်ယူလိုက်ပါက နေ့အခါတွင် အရောင်တစ်မျိုး၊ ညအခါတွင် အရောင်တစ်မျိုးနှင့် ကျောက်တစ်ပွင့် တည်းနှင့် ကျောက်နှစ်မျိုး ဝတ်ဆင်သည်ဟုလည်း ဆိုစမှတ် ပြုကြပါသည်။ ထိုကဲ့သို့ နေ့နှင့်ညမတူ ဘဲ အရောင်ပြောင်းသွားခြင်းသည်ပင်လျှင် သုံးပန်လှကျောက်၏ လျှို့ဝှက်သော စွမ်းအင် သတ္တိနှင့် သဘာဝလွန်ကဲသော ဂမ္ဘီရအရည် အသွေးများဟုပင် ဆိုနိုင်ပါသည်။ ရှေးအခါက အိန္ဒိယကျောက်မျက် ကုန်သည်တို့သည် သုံးပန်လှ ကျောက်ကို နေရောင်ခြည်ထဲတွင် တစ် လှည့်၊ မီးခြစ်ဖြင့်တစ်လှည့် ခြစ်ကြည့်ကာ အစိမ်းရောင်မှ အနီရောင်သို့ ပြောင်းသွားပုံကိုကြည့်၍ သဘာကျ အံ့သြခဲ့ကြပြီး ပညာရှိသတိဖြစ်ခဲသော ကျောက် မျက်ကုန်သည်တို့၏ အဆောင်ကျောက်ဟုလည်း ဆိုနိုင်ပါသည်။ ထို့အပြင် သုံးပန်လှကျောက်သည် ရုရှားတော်ဝင်မိသားစုတို့အကြား မြတ်မြတ်နိုးနိုး တန်ဖိုးထား ဝတ်ဆင်ခဲ့သော တော်ဝင်နန်းထိုက် ရတနာတစ်ပါး ဖြစ်ခဲ့ပြီး ရုရှားကျောက်မျက် ဈေးကွက်ထဲတွင် ပထမဦးစွာနေရာယူခဲ့သော ကျောက်မျက်လည်း ဖြစ်ပါသည်။
အနောက်တိုင်း ဗေဒင်ပညာတွင်လည်း ဇွန်လဖွားနှင့် ဇူလိုင်လဖွားတို့က သုံးပန်လှကျောက်ကို အဆောင်ကျောက်အဖြစ် ဝတ်ဆင်ကြသည်ဟု ဆိုပါသည်။ ၎င်းအပြင် သုံးပန်လှကျောက်သည် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ပြန်လည်ဖြည့်ဆည်းပေးနိုင် ခြင်း၊ ကိုယ်ခံအားကို တိုးတက်စေခြင်း၊ ပျော်ရွှင် ချမ်းမြေ့စေခြင်းနှင့် သဘာဝ တရားကြီးနှင့် အပြန် အလှန် ဆက်သွယ်မှုရရှိစေရန်အတွက် အကူအညီပေးခြင်း၊ ခန္ဓာကိုယ်နှင့် စိတ်ခံစားမှုအပိုင်း စိတ်လှုပ်ရှားမှုများကို ညီညွတ်မျှတအောင် ထိန်း သိမ်း စောင့်ရှောက် ဖန်တီးပေးနိုင်ခြင်းတို့ကို ပေးစွမ်း နိုင်သည်ဟု ဆိုပါသည်။
တွင်းထွက်ဗေဒနှင့် ဓာတုဖွဲ့စည်းပုံ
သုံးပန်လှကျောက်၏ မူရင်းအုပ်စုဖြစ်သော ‘ခရိုင်ဆိုဗယ်ရယ်’ တွင်းထွက်သည် ‘မှန်ကူစနစ် (Rhombic System) တွင် ပုံဆောင်ပါသည်။ သဘာဝတွင် ‘ခရိုင်ဆိုဗယ်ရယ်’ ပုံဆောင်ခဲများကို ‘အမြွှာပူးပုံဆောင်ခဲ’ (Twin Crystal) များနှင့် ‘ပေါင်းစပ်ပုံဆောင်ခဲ’ (Combination Form) များအနေနှင့်သာ အတွေ့ရများပါသည်။ ခရိုင် ဆိုဗယ် ရယ်ကျောက်၏ ဓာတုဖွဲ့စည်းပုံသည် ဗယ်ရီလီယယ်၊ အလူမီနီယမ်အောက်ဆိုဒ် (Beryllium Aluminium Oxide) ဖြစ်ပြီး အလူမီနီယမ် (၈ဝ.၂) ရာခိုင်နှုန်းနှင့် ဗယ်ရီ လီယမ် (၁၉.၈) ရာခိုင်နှုန်း ပါဝင်သည်။ ခရိုင် ဆိုဗယ်ရယ်ကို သဘာဝတွင် သန့်စင်သော အခြေ အနေဖြင့် မတွေ့ရပေ။ အများအားဖြင့် သံဓာတ် အနည်းငယ်ပါဝင်နေပြီး အလူမီနီယမ်ဒြပ်စင် အနည်းငယ်အစား ဖဲရစ်သံဒြပ်စင်နှင့် ခရိုမီယမ် ဒြပ်စင်တို့ ပါဝင်နေတတ်ပြီး ဗယ်ရီလီယမ်ဒြပ်စင် အစား ဖဲရစ်သံဒြပ်စင် ပါဝင်နေကြောင်း တွေ့ရ တတ်ပါသည်။ တစ်ခါတစ်ရံတွင် တိုင်တေနီယမ် ဒြပ်စင်များလည်း ပါဝင်နေတတ်ပါသည်။
ခရိုင်ဆိုဗယ်ရယ်သည် ယင်း၏ အခြေခံဓာတ် ဖွဲ့စည်းမှုတွင် သံ၊ ခရိုမီယမ်နှင့် ဗနေဒီယမ်စသည့် ဒြပ်စင်များ ရောနှောပါဝင်နေမှုကြောင့် အရောင် အမျိုးမျိုးရှိပါသည်။ အများ အားဖြင့် အစိမ်းရောင် သန်းသောအဝါနှင့် အညိုရောင်များ ဖြစ်တတ်ပါ သည်။ သုံးပန်လှကျောက်၏ အရောင်ပြောင်းခြင်း ဂုဏ်သတ္တိသည် ခရိုမီယမ်နှင့် ဗနေဒီယမ်ဒြပ်စင် တို့ ပါဝင်နေမှုကြောင့်ဖြစ်သော အရောင်များ ဖြစ်ပါသည်။ ထို့ကြောင့် ယင်းတို့၏ ထူးခြားသော အလင်းဂုဏ်သတ္တိနှင့် ရှားပါးမှုတို့ကြောင့် တန်ဖိုး ကြီး မားသော ကျော က်မျက်ရတနာများ ဖြစ်လာ ရပါသည်။
ခရိုင်ဆိုဗယ်ရယ်ကျောက်သည် တတိယ အမာဆုံး သဘာဝတွင်းထွက်ဖြစ်၍ ‘မိုး’ ၏ မာဆင့်စကေး (Mohr’s Hardness Scale) အရ ၈.၅ ရှိပါသည်။ ခရိုင်ဆိုဗယ်ရယ် တွင်းထွက်တွင် ‘ကွဲအင်’ (Cleavage) သုံးစုံရှိပြီး ယင်းတို့ကို ထင်ရှားစွာမမြင်ရသော်လည်း ‘ခရုပတ်အက်ရာ’ ကိုမူ ထင်ရှားစွာ တွေ့မြင်ရပါသည်။ ‘ရောင်လက်’ (Lust re) မှာ ‘ဖန်ရောင်လက်’ (Vitreous Lustre) ဖြစ်ပြီး သဘာဝတွင်အလင်းပေါက် (Transparent) ၊ အလင်းမှုန် (Translucent) နှင့် အလင်းပိတ် (Opague) သုံးမျိုး စလုံးကို တွေ့ရှိနိုင်ပါသည်။ ခရိုင်ဆိုဗယ်ရယ် တွင်းထွက်၏သိပ်သည်းဆမှာ (၃.၇၁) မှ (၃.၇၂) ကြားတွင် အမြဲရှိတတ်ပြီး အလင်းယိုင်ညွှန်းကိန်းမှာလည်း အလင်း ဝင်ရိုးများအပေါ် မူတည်၍ (၁.၇၄၄) မှ (၁.၇၇ဝ) အထိရှိပြီးထွက်ရှိရာဒေသနှင့် ကျောက်၏အရောင်ပေါ်မူတည်၍ အနည်းငယ်ကွဲပြားမှုရှိနိုင်ပါသည်။ ထို့အပြင် ခရိုင်ဆို ဗယ်ရယ် တွင်းထွက်တွင် အပ်ချောင်းပုံအောင်းဝင် (Inclusion) များ၊ အမျှင်နှင့် ငှက်မွေးပုံအောင်း ဝင်များအပြင် အရည်ဖြင့်ပြည့်နေသော အပေါက်ကလေးများနှင့် အရည် ထဲတွင် လေပူဖောင်းလေးများကိုပါ တွေ့ရှိရတတ်ပါသည်။
သုံးပန်လှ၏ မျိုးကွဲကျောက်
သုံးပန်လှကျောက်၏ နောက်ထပ်မျိုးကွဲ ကျောက်တစ်မျိုးမှာ ‘သီလဂုတ်ကြောင်ကျောက်’ (Cat’s eye) ဖြစ်ပြီး ဒုတိယတန်ဖိုးအမြင့်ဆုံးခရိုင်ဆိုဗယ်ရယ်တွင်းထွက်ဖြစ်ကာ အဝါရောင်သန်းသော ခပ်စိမ်းစိမ်းအရောင်နှင့် အညိုရောင်သန်းသော အဝါရောင်ရှိသည့် ကျောက်မျက်တစ်မျိုးဖြစ်ပါသည်။ တော်ဝင်နန်းထိုက် မြန်မာ့ရိုးရာအစဉ်အလာ နဝ ရတ်ကိုးပါးတွင် ထည့်သွင်းအသုံးပြုသော ‘ကြောင်ကျောက်သည်’ ‘သီလဂုတ်’ အမျိုးအစား ‘ကြောင်ကျောက်’ ဖြစ်မှသာလျှင် နဝရတ်ကိုးပါး၏ စာဆိုနှင့်အညီ ‘သိဒ္ဓိ ဝင်သော ကြောင်ကျောက်’ ဖြစ်ပြီး မြန်မာတို့က ‘သီလဂုတ် ကြောင်၊ ပြည်ပုပ်ရောင်’ ဟုပင် ‘သီလဂုတ် ကြောင်ကျောက်’ ၏ သဒ္ဓိဝင်အရောင်ကို ‘စာချိုး’ ထားရှိခဲ့ပေ သည်။ (အခြားသော ‘ကြောင်ကျောက်’ အမျိုးအစား အမျိုးမျိုးရှိသော်လည်း နဝရတ်ကိုးပါးတွင် ထည့်သွင်းအသုံးပြုပါက စာဆိုနှင့်မညီတော့ဘဲ သဒ္ဓိဝင် ‘ကြောင်ကျောက်’ လည်း မဖြစ်တော့ ပါ)
‘ကြောင်ကျောက်’ ဟု ခေါ်ဆိုရခြင်းမှာ ယင်းကျောက်ကို လုံးချောသွေးပြီး အလင်းရောင် အောက်တွင် ကြည့်သောအခါ (သို့) လုံးချော ကျောက်၏ အပေါ်ဘက် မျက်နှာပြင် တည့် တည့် မှ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သောအခါ ခုံးနေသော ကျောက်၏ မျက်နှာပြင်ပေါ်တွင် အဖြူရောင်အလင်းတန်း အစင်းကြောင်းတစ်ခုကို မြင် ရပြီး ကြောင်မျက်လုံးနှင့် ဆင်တူသဖြင့် ကြောင်မျက်လုံး (သို့) ကြောင်ကျောက်ဟု ခေါ် ဝေါ်ခြင်းဖြစ်ပါသည်။ ကြောင်ကျောက်သည်လည်း သုံးပန်လှကျောက်ကဲ့သို့ပင် ဂမ္ဘီရ အစွမ်း သတ္တိများ ကိန်းအောင်းနေသည်ဟု ယုံကြည်ကြပြီး ရှေးခေတ် အာဆီရီးယန်းလူမျိုးတို့သည် သူတို့၏ နတ်ဘုရား ရုပ်တုများတွင် ကြောင်ကျောက်မျိုးစုံ ကို အသုံးပြု ခဲ့ကြပြီး သမိုင်းတစ်လျှောက် လူအမျိုး မျိုးတို့က ကြောင်ကျောက်တွင် စုန်း၊ ကဝေများကို ညှို့ယူဖမ်းစားပြီး ခြောက်လှန့်နိုင်သည့် အစွမ်းသတ္တိများ ကိန်းအောင်နေ သည်ဟု ယုံကြည်ကြပါသည်။
အိန္ဒိယနိုင်ငံတွင်လည်း ကြောင်ကျောက်သည် ချမ်းသာခြင်းများကို ဆောင်ကြဉ်းလာသူအဖြစ် အလွန်တန်ဖိုးထားပြီး ငွေကြေးဓနများ ဆုံးရှုံးပျက်စီးသွားခြင်းမှ အကာ အ ကွယ်ပေးသော ကျောက်အဖြစ် ဆောင်လေ့ရှိကြပါသည်။ ကြောင်ကျောက်သည် ဟာသဥာဏ်ကို ရွှင်စေရုံမက အာရှတိုက်တွင် အထူးသဖြင့် အိန္ဒိယနိုင် ငံ၌ ကြောင်ေ ကျာက်သည် ကလေးမွေးဖွားရခက်သူများအတွက် လွယ်လွယ်ကူကူနှင့်လျင်လျင်မြန်မြန် မွေးဖွားစေနိုင်သည်ဟု ယုံကြည်ကြပြီး ကြောင်ကျောက် ကို မိခင်လောင်းများ၏ ဆံပင်တွင် ချည်နှောင်ထားလေ့ရှိသည်ဟု ဆိုပါသည်။ ချောင်းခြောက် တဟွပ်ဟွပ်ဆိုးနေသော ကလေး များ၏ လည်ပင်းတွင် လည်း ကြောင်ကျောက် ကို ဆွဲပေး ထားခြင်းဖြင့် သလိပ်ပျော်၍ ချောင်းဆိုးခြင်းကို သက်သာစေသည်ဟု ဆိုပါသည်။ ကြောင်ကျောက်သည် ကလေးများအား မကောင်းမှု ဒုစရိုက်များမှ အကာအ ကွယ်ေ ပးပြီးကြောင် ကျောက်ကို မီးရှို့ပြာချပြီး အမှုန့်ထောင်း၍ တိုက်ကျွေးပါက နှာရည်ယိုခြင်း၊ မျက်ရည်ယိုခြင်းတို့ကို ကုသနိုင်သလို ‘သွား’ များကို ယင်းအမှုန့်များဖြင့် တိုက်ပေး ပါကလည်း သန့်ရှင်းစင်ကြယ်စေပြီး ‘သွား’ များကို ခိုင်မာစေသည်ဟု ဆိုပါသည်။ အနာဟောင်း၊ အနာဆွေးများကိုလည်း ယင်းအမှုန့်ဖြင့် သိပ်ပေးခြင်းအားဖြင့် အသားနု တက်ကာ အနာများကို ပျောက်ကင်းစေသည်ဟု ပြောပါသည်။
သိန်းပိုင် (M,Engg.Geol)