ဒေါ်စန္ဒာခင် ( ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး )
အများကို ဦးဆောင်မယ့်သူ တစ်ဦးမှာ ရှိသင့်တဲ့ အချက်တွေကို ပြောပြနိုင် မလား။
အများကို ဦးဆောင်မည့်သူ တစ်ဦးမှာ ရှိသင့်တဲ့ အချက်တွေ ကတော့ အများကြီးပါပဲ။ အဓိက ကတော့
(၁) ကိုယ်ကိုယ်တိုင် က အရည်အချင်း ရှိရမယ်၊ ရှိအောင် လည်းလေ့လာ သင်ယူ အားထုတ်နေရမယ် ၊ကောင်းရင် စံနမူနာ၊ ညံ့ရင် သင်ခန်းစာ ဆိုတဲ့ အတိုင်းပေါ့ ၊ ကောင်းတာ မှန်သမျှ အတုယူတတ် ရမယ်။
(၂)အများရဲ့ဆန္ဒတွေ၊ အသံတွေကို နားထောင်ပေးရမယ်၊ အလွှာစုံ၊ ကဏ္ဍစုံကနေ ရယူရမယ် ၊ဒီ့အပေါ်ချင့်ချိန်၊ သုံးသတ်နိုင်စွမ်း ရှိရမယ်။
(၃)အမြော်အမြင်ရှိရမယ်။
(၄)ခေါင်းမမာသင့်ဘူး၊ တစ်ယူသန် မဖြစ်သင့်ဘူး၊အခြေအနေ ၊အချိန်အခါပေါ် မူတည်ပြီးပြောင်းလွယ် ၊ပြင်လွယ် ရှိရမယ်။ (flexible ဖြစ်ရမယ်။)
(၅) အမှန်တွေးပြီး အမှန် လုပ်ရဲရမယ်၊ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက် ရှိရမယ်။ (decisive ဖြစ်ရမယ်)
(၆) ကိုယ့်အဖွဲ့၊ ကိုယ့်ဝန်ထမ်းတွေ အပေါ်နား လည်နိုင် အောင်ကြိုးစားရမယ်၊ကိုယ်ချင်းစာတတ် ရမယ်၊ အနစ်နာခံတတ်ရမယ်။
(၇) သမာသမတ်ရှိ ရမယ်။
(၈) ဆွဲဆောင် စည်းရုံးနိုင်တဲ့ စွမ်းရည် ရှိရ မယ်။
(၉)အများစုသော လုပ်ဖော်ကိုင်ဖက်တွေ နဲ့မိမိလက်အောက်ငယ်သားတွေ အသိအမှတ် ပြုတဲ့သူဖြစ်ရမယ်။
အသက် ၁၈ နှစ်လောက်က ကိုယ့်ကိုယ် ကိုယ် ဘယ်လိုတွေးခဲ့မိသလဲ။
အသက်၁၈နှစ် အရွယ်က တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူပဲ ရှိပါသေးတယ်၊ အဲဒီအချိန်က အတွေး နဲ့စိတ်ကူး ကတော့ဘွဲ့တစ်ခု ရပြီးရင် နောက်ထပ် ဘွဲ့တစ်ခုရ ဖို့ကြိုးစားမယ်၊ ပြီးအစိုးရ အလုပ်လုပ်မယ်၊ ဝါသနာပါတဲ့ သင်တန်းတွေ တက်မယ်၊အလုပ်ရပြီးအချိန်တန်ရင် အိမ်ထောင်ပြုမယ်၊ မိဘကို စိတ်ချမ်းသာအောင် ထားမယ်၊ တစ်ချိန်ချိန် မှာတော့အဘိုး၊အဘွားစောင့်ရှောက်တဲ့ လူမှုရေး အလုပ်မျိုး လုပ်မယ်၊ ဒီလောက်ပဲ တွေးခဲ့မိပါတယ်။
ခက်ခဲကြမ်းတမ်းတဲ့ ကိစ္စတွေနဲ့ရင်ဆိုင် ရတဲ့အခါ ဘယ်လိုဖြတ်သန်းခဲ့ပါသလဲ။
ခက်ခဲ ကြမ်းတမ်းတဲ့ ကိစ္စတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဘယ်လို ဖြတ်သန်းခဲ့သလဲ ဆိုတော့ နှစ်ပိုင်း ခွဲပြီး ဖြေရလိမ့်မယ်။ ခက်ခဲတဲ့ ကိစ္စတွေ ရင်ဆိုင်ရတဲ့အခါ ဒီအခက် အခဲကို ဘယ်လိုဖြေရှင်း ရမလဲလို့ကိုယ့်ဘာသာ နည်းလမ်းတွေ ရှာတယ်၊ တစ်ခါတလေ မိဘကို တိုင်ပင်တယ်၊ နောက် ဝါရင့်သဘာရင့်တဲ့ ဆရာ သမားတွေ ထံက အကြံဥာဏ် ရယူဖြေရှင်းတတ် ပါတယ်။
ကြမ်းတမ်းတဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင်တော့ ငယ်စဉ်က မကြုံဖူးပါဘူး၊ လုပ်ငန်းခွင်ထဲ ရောက်တော့ ကြုံတွေ့ရတာပေါ့၊ စိတ် တည်ငြိမ်နိုင်ဖို့ ဘာသာရေးပို လုပ်လိုက် တယ်။ ဂီတ၊ ပန်းချီနဲ့ စာရေးသားခြင်း စတာတွေနဲ့ relax လုပ်ပါတယ်၊ ပိုခက်တဲ့ ဘဝတွေ၊ ပိုဆိုးတဲ့ အခြေအနေတွေနဲ့ ယှဉ်ပြီး ဖြေနိုင်ခဲ့တယ်၊ အလုပ်ထဲမှာ အချိန်ကို ပိုကုန် သွားစေခဲ့တယ်၊ အဖွဲ့အစည်း နဲ့ အလုပ်တွေ ပိုလုပ်ရင်းနဲ့ ဖြတ်သန်း သွားနိုင်ခဲ့ပါတယ်၊ ကြာ တော့လည်း ထုသားပေသား ခံနိုင်ရည် ရှိလာပါ တယ်၊ အချိန်က ကုစားပေးသလို အခြေအနေတွေ ကလည်း လူကိုပိုပြီး ရင့်ကျက်လာစေပါတယ်။
ဘယ်လို ဦးဆောင်မှုအရည်အသွေးမျိုးကို လေးစားအားကျမိပါသလဲ။
ဘယ်လို ဦးဆောင်မှု အရည် အသွေးမျိုးကို လေးစား၊ အားကျမိသလဲ ဆိုရင် ခုန ပြောခဲ့တဲ့ အတိုင်း ဦးဆောင်မယ့်သူ တစ်ဦးမှာ ရှိသင့်တဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ သူကို လေးစားမိပါတယ်၊ နောက် ဘယ်လို အခက်အခဲ မျိုးပဲရှိရှိ ခံနိုင်ရည် ရှိပြီး အပြုံးမပျက် ဆက်လက် ဆောင်ရွက်နိုင်တာ ကလည်း လေးစားစရာ ကောင်းတဲ့ အရည် အသွေး တစ်ခုပါပဲ။
ဘဝမှာ ဟန်ချက်ညီအောင် ဘယ်လိုကြိုး စားခဲ့သလဲ။
ဘဝမှာ ဟန်ချက် ညီအောင်ဘယ်လို ကြိုးစား ခဲ့သလဲဆိုတော့ ဘုရားဟော အတိုင်းပဲပေါ့၊ မဇ္ဈိမပဋိပဒါ ကျဖို့ ကြိုးစားတယ်။ အစွန်းရောက် မသွားဖို့ ဆင်ခြင်တယ်။ ဘယ်နေရာ မဆို Balance ဖြစ်ဖို့ အရေးကြီးတယ် ဆိုတာကို ခေါင်းထဲမှာ အမြဲ ထည့်ထားတယ်။ ပရနဲ့ အတ္တကို ချင့်ချိန်ပြီး လုပ်တယ်။ လုပ်ငန်းခွင် မှာအထက် လူကြီး အပေါ် တပည့်ဝတ် နဲ့အညီ နေထိုင်သလို လက်အောက်ငယ်သားတွေ အပေါ်လည်း ဆရာ့ ဝတ္တရား မပျက်အောင် သတိထားပါတယ်။ အလုပ် ကို ဖိဖိစီးစီး အသေးစိတ် လုပ် သလို နားချိန် နား၊ စားချိန်စားဖို့ကျန်းမာရေး ဂရုစိုက်ဖို့ လူမှုရေး မလစ်ဟင်းဖို့ ကဏ္ဍ အသီးသီးကို ခေါင်းထဲ အမြဲထည့်ပြီး ဆောင်ရွက်လေ့ ရှိပါတယ်၊ မိမိ ဘက် က မိသားစု၊ ခင်ပွန်းဘက်က မိသားစုကိုလည်း မျှတအောင် အချိန်ပေးစောင့်ရှောက်ပါတယ်။ ရငွေနဲ့ သုံးငွေကို ချင့်ချိန်နိုင်တဲ့ အလေ့အကျင့် ကို လုပ်ထားတယ်၊ အဓိက ကတော့ Total Managementကို စဉ်းစားပြီး လုပ်တာပါဘဲ။
ဘယ်လို စည်းမျဉ်းစည်းကမ်းတွေ ချမှတ် ပြီး ဘဝကိုဖြတ်သန်းသလဲ။
ဘဝမှာ ဘယ်လို စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ခဲ့သလဲ ဆိုရင် ” မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမယ်၊ မိမိ ပတ်ဝန်းကျင်ကို ကောင်းအောင် ကြိုးစားမယ်” ဆို တဲ့ ဆောင်ပုဒ်ကို တတ်နိုင် သလောက် လိုက်နာဆောင်ရွက်ပါတယ်၊ အပြော အဆို၊ အပြုအမူ၊ စိတ်နေ သဘောထား ဆိုတဲ့ ကံသုံးပါးကို အတတ်နိုင်ဆုံး ထိန်းရမယ်၊ မိမိ ကိုယ် ကိုလည်း အမြဲတမ်း ဆန်းစစ်နေပါတယ်၊ (Monitor လုပ်ပါတယ်) ရင့်ကျက်သူများ ရဲ့ဝေဖန် အကြံပြု ချက် များကိုလည်း ရယူပါတယ်၊ မသိမတတ်သေး တာကို သိချင် တတ်ချင်ယောင် မဆောင်ဘဲ ပိုသိ ပိုတတ်တဲ့ သူတွေဆီက နာယူပါတယ်၊ နောက်ပြီး ဘယ်ကဏ္ဍ ကိုမဆို အတတ်နိုင်ဆုံး မျှတမှု ရှိအောင် ဆောင်ရွက်ပါတယ်။
ဦးဆောင်သူ အမျိုးသမီးတစ်ဦးအတွက် သတိပြုရမယ့် အရေးကြီးဆုံး အချက် ၃ ချက်လောက် ပြောပြနိုင်မလား။
ဦးဆောင်သူ အမျိုးသမီး တစ်ဦး အတွက် သတိပြုရမယ့် အရေးကြီးတဲ့ အချက် ၃ ချက် လောက် ဆိုရင်တော့
- မိမိကိုယ်ကို ယုံကြည်မှုရှိဖို့လိုသော်လည်း ယုံကြည်မှုမလွန်ကဲစေရန် သတိပြုဖို့လိုတယ်။
- စိတ်ခံစားချက် နာသအငသည တစ်ခုတည်းနဲ့ မဆုံးဖြတ်ရန်၊ စိတ်အတက်အကျ မမြန်ဖို့ မများ ဖို့လိုတယ်။
- ဘယ်လောက်ပဲ ပညာတတ်တတ် ဘယ်လောက် ပဲ အောင်မြင်မှုရသည်ဖြစ်စေ အမျိုးသမီးတွေရဲ့ ဝတ္တရားနဲ့ ကျင့်ဝတ်ကို မပျက်ကွက်အောင် သတိ ရှိဖို့လိုပါတယ်။