Quantcast
Channel: Yati Magazine
Viewing all articles
Browse latest Browse all 1097

“ခရိုနီ”

$
0
0

ရထားခုန်တော့ လိုက်ခုန်သလိုပေါ့
ရထားယိမ်းတော့ လိုက်ယိမ်းသလိုပေါ့ . . .။
ပျော်စရာကြီး
တင်းခံမနေနဲ့

ဘာ . . .ကြံကြီးစည်ရာ
ခေတ်ကို ထမ်းရမတဲ့
သေလိုက်
ဒီမယ် . . .
ခေတ်အငိုက်ကိုချောင်း
ခေတ်အရှိုက်ကို အားကုန်တွယ်
ခေတ်အလိုက်မှာ မျောချ
ဇယားအစောင်းဟာ ပေါင်းတတ်ရင်
ကိုယ့် နင်းကြမ်းချည့်ပဲ
မှတ်ထား . . .။ ။

ရန်လင်းအောင်


Viewing all articles
Browse latest Browse all 1097

Trending Articles