ယခုလအတွက် အာဟာရအရည်အသွေးပြည့်ဝသည့်အစားအစာများအနက် ဂျုံနှင့် တွဲ ဖက်အာဟာရ ထောပတ်အကြောင်းကို တင်ပြ ရန် ရွေးချယ်ထားပါသည်။ ဂျုံကို အနောက်နိုင်ငံ များတွင် အဓိကအစားအစာအဖြစ်ယနေ့ထက် တိုင်စားသုံးလျက်ရှိကြသည်။ ဂျုံဖြင့် ပြုလုပ်သော အစားအစာများအနက် ကိတ်မုန့်၊ ပေါင်မုန့်၊ ဘီစကွတ်၊ ကွတ်ကီးတို့သည် ထိပ်တန်း လူကြိုက် များအစား အစာများဖြစ်သည်။ ဂျုံကို ထော ပတ်နှင့်တွဲစပ်လိုက်သည့်အခါ စားချင်စဖွယ် ကိတ်မုန့်တစ်လုံး လည်း ဖြစ်လာနိုင်လေ သည်။ ဂျုံမကြိုက်သူများအဖို့ ကိတ်မုန့်သည် အရောင် အဆင်း၊ အနံ့အရသာတို့နှင့် လှည့်ဖြားကာ ဆွဲဆောင်နေသည့် သရေစာတစ်မျိုး ဖြစ်သလို ဂျုံတွင်ပါရှိ သည့် အာ ဟာရဓာတ်များကို ရရှိ နိုင်ရန်အတွက် အလွယ်ကူဆုံးရရှိနိုင်မည့်အစားအစာလည်းဖြစ်သည်။
ဂျုံသည် နှံစားသီးနှံများစွာတို့အနက် သက် တမ်းအရှည်ကြာဆုံး၊ စားသုံးမှုအများဆုံးသီးနှံ ဖြစ်သည့်အပြင်အာဟာရဓာတ်လည်းြ<ွကယ်ဝစွာ ပါဝင်နေပေသည်။ ဂျုံပင်မှရ လာသော ဂျုံစေ့သာမကကြိတ်ခွဲပြုပြင်ထားသောဂျုံမှုန့်အထိ အာဟာရဓာတ်များစွာပါဝင်နေဆဲဖြစ်သည်။ ဂျုံစေ့ မှရလာသော ဂျုံစေ့အဆီသည်လည်း ခွန်အား ကိုဖြစ်စေနိုင်ရုံမကလူတို့၏သက်တမ်းကိုလည်း ရှည်စေနိုင်ကြောင်း အမေရိကန် သုတေသနအဖွဲ့မှ စစ်ဆေးတွေ့ရှိထားပြီဖြစ်သည်။ ဂျုံမှ ခွန်အား နှင့်တကွ အလှအပကို ပါပံ့ပိုး ပေးသောဓာတ်များပါဝင်နေကြောင်းကိုလေ့လာချက်များက ခိုင်မာစွာဖော်ပြနေပြန်သည်။ LIK Women’s Cohort Study ၏လေ့လာချက်အရ ဂျုံစားသုံးသူသွေးမ ဆုံးမီအမျိုးသမီးများသည် အခြားအမျှင် ဓာတ်ကို စားသုံးသော အမျိုးသမီးများထက် ရင် သားကင်ဆာဖြစ်နှုန်းကို ၄၁ ရာခိုင်နှုန်းထိလျှော့ချ ပေးနိုင်သည်ဟုဆိုသည်။ သို့ရာတွင် ပြုပြင်ဖန်တီး ထားသောဂျုံမှုန့်များတွင်မူ အာဟာရဓာတ်များ ၏ ၄ဝရာခိုင်နှုန်းမျှသည် ဖန်တီးမှုအဆင့်တိုင်း တွင်လျော့ပါးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရ သည်။ အရာရာတိုင်းတွင်လည်း တန်ဆေးလွန် ဘေးရှိတတ်လေရာ ဂျုံအစားများလျှင် Xalate ဓာတ်များပြားစွာပါ ဝင်သောကြောင့် ကျောက် ကပ် ကျောက် တည်ခြင်းဖြစ် တတ်ကြောင်းလည်း သိရှိရ ပါသည်။
မည်သို့ပင်ဆိုစေ အသုံးချတတ်လျှင် ဆေးဖြစ်စေနိုင်သည့်အာဟာရဓာတ်တစ်မျိုးဖြစ်သော ဂျုံအကြောင်းရှာဖွေတွေ့ရှိသမျှ ရတီ ပရိသတ်များအတွက် ဖော်ပြလိုက်ပါ သည်။ထောပတ်သည်လည်း ကိုယ်ခန္ဓာကိုလှပစေမည့် ဓာတ်များအမြောက်အမြားပါဝင်သည့် အာဟာရတစ်မျိုးဖြစ်သည်။ အသားအရေကို လှပစေမည့် ဗီတာမင် အီးပါ ဝင်သကဲ့သို့ အရိုး အဆစ်ကိုလှပသန်မာစေသော Calcium ဓာတ်စုပ်ယူမှုကို အထောက်အကူပြုသော ဗီတာမင်ဒီ လည်းများစွာ ပါဝင်နေသည်။ ဦးနှောက်ကို ဖွံ့ဖြိုး စေ သဖြင့် ကလေးငယ်များအတွက် ဥာဏ်ရည် ဖွံ့ဖြိုး စေရန်အကောင်းဆုံးသော အာဟာရတစ် မျိုးဖြစ်သည်။ တစ်ဖန်ကျန်းမာရေး အထောက် အကူဓာတ် အေ နဖြင့် ထော ပတ်တွင် ပါဝင်သော Conjuhated Linoleic Acid သည် ကင်ဆာဆန့်ကျင်ပစ္စည်း ဖြစ်ရုံသာမက ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုလည်း အားပေးကြောင်းတွေ့ ရ သည်။ ထော ပတ်နှင့်ဂျုံကို ပေါင်းစပ်လိုက်သည့် အခါအရသာရှိပြီး အာဟာရပြည့်စုံကြွယ်ဝသော ထိပ်တန်းစားစရာတစ်မျိုးဖြစ်လာပါသည်။
ဂျုံစေ့တွင်ပါဝင်သောပစ္စည်းနှင့်အာဟာရဓာတ်များ
- သက်စောင့်ဗီတာမင်ဓာတ်များ
- Mineral ခေါ်ဓာတ်ဆားများ
- ဗီတာမင် E
- ဗီတာမင် B အုပ်စုများ
- Folic Acid , Manganese , Magmesium နှင့် Zine ဓာတ်များ
ဂျုံမှရမည့် အကျိုးကျေးဇူးများ
- သဘာဝအစွမ်းသတ္တိတစ်ရပ်အနေဖြင့် အဝလွန်ခြင်းကို ထိန်းသိမ်းနိုင်ပြီး အမျိုးသမီး များကို ပိုမိုအကျိုးသက်ရောက်စေခြင်း။
- ခန္ဓာကိုယ်၏ဇီဝကမ္မ ဖြစ်ပျက်မှုကို တိုးတက်စေနိုင်သောကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုစေခြင်း။
- Omega 3 fattt acid ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးခြင်း။
- အဝလွန်ခြင်းကို ကာကွယ်ပေးပြီးနောက်ဆက်တွဲဆိုးကျိုးဖြစ်သော သွေးချိုဆီးချိုနှင့်နှလုံးသွေးကြောကျဉ်းရောဂါများကိုကာကွယ်ပေးခြင်း။
- မဂ္ဂနီစီယမ်ဓာတ်ကြောင့်သွေးတွင်းသကြားဓာတ်ထိန်းညှိပေးခြင်း။
- အင်ဆူလင်ဟော်မုန်းထွက်စေနိုင်သည့်အတွက် ဆီးချိုသွေးချို Type 2 ကိုကာကွယ် ခြင်း။
- Betaine ဓာတ်သည် ရောင်ရမ်းခြင်းကို ကာကွယ်နိုင်သောကြောင့် အဆစ်အမြစ်ရောင် ရောဂါများ၊ လေးဖက်နာရောဂါရှိသူများအတွက် အသုံးဝင်ခြင်း။
- သည်းခြေကျောက်ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း။
ထောပတ်တွင်ပါဝင်သောပစ္စည်းနှင့် အာဟာရဓာတ်များ
- ဗီတာမင် A, E, K, D
- ကင်ဆာဆန့်ကျင်ပစ္စည်း Conjugated Linoleic Acid ဓာတ်
ထောပတ်တွင်ပါဝင်သောပစ္စည်းနှင့်အာဟာရဓာတ်များ။
- ဗီတာမင် အမြောက်အမြားပါဝင်သဖြင့် အားအင်ပြည့်ဖြိုးစေခြင်း။
- ဗီတာမင် A,E,K,D တို့ပါဝင်သဖြင့် အသားအရေကိုစိုပြည်စေခြင်း၊ အရိုးအဆစ် သန်မာလှပစေခြင်း
ဒေါက်တာဇာနည်ဝင်း