Quantcast
Channel: Yati Magazine
Viewing all articles
Browse latest Browse all 1097

၂ဝ၁၃ ကိုဆုတွေများစွာနဲ့ကျော်ဖြတ်ခဲ့တဲ့ လီမင်ဟို

$
0
0

၂ဝ၁၃ ခုနှစ်ကုန်နဲ့ ၂ဝ၁၄ ခုနှစ်ဆန်းရဲ့ တောင်ကိုရီးယားနိုင်ငံမှာ စတားအဖြစ်ဆုံး၊ အအောင်မြင်ဆုံးမင်းသားကိုပြပါဆိုရင်တော့ လီမင်ဟိုက ထိပ်ဆုံးကရှိနေမှာပါ။ သူ ဟာပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကကျင်းပခဲ့တဲ့ပြည်တွင်းအနုပညာထူး ချွန်ဆုပေးပွဲများစွာ ဆုများစွာသိမ်းပိုက် နိုင်ခဲ့သလို ပြည်ပမှာလည်းသွားရောက်ဆုယူခဲ့ရပါတယ်။

သူဟာ Boys Over Flowers (၂ဝဝ၉)  ဇာတ်ကားက ဂူဂျွန်ဖြိုး ခေါ်  F4  မင်းသားအဖြစ် နဲ့အာရှတစ်လွှားနာမည်ကြီးခဲ့ပြီးတဲ့နောက် City Hunter  (၂ဝ၁၁) အက်ရှင် ဇာတ်ကား၊ comedy drama The Heirs (၂ဝ၁၃) ဆိုတဲ့အချစ်ဟာသ ဇာတ်ကားများနဲ့ ဆက်ကာ ဆက်ကာ အောင်မြင် လျက်ရှိသူဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ် အထိ ထူး ချွန်ဆု၊ လူကြိုက် အများဆုံးစတဲ့ ဆုပေါင်း ၁ဝ ဆုကျော်ဆွတ်ခူးခဲ့တဲ့ အပြင် ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်တစ်နှစ်ထဲမှာတင်  အကောင်းဆုံး အာရှ အမျိုးသား ဇာတ်ဆောင်ဆု၊ အကောင်းဆုံး မင်း သားဆု၊ အကောင်း ဆုံးစုံတွဲဆု (မင်းသမီး ကင်မ် ဟီဆန်းနှင့်)၊ ပေါ်ပြူ လာအဖြစ် ဆုံးနိုင်ငံတကာ မင်းသားဆု၊ အကောင်းဆုံး အာရှမင်းသားဆု၊ အကောင်းဆုံး ဝတ်စား ဆင်ယင်မှုဆုစတဲ့ ပြည် တွင်းပြည်ပ ဆုပေါင်း ၁ဝ ဆုကို ရရှိခဲ့ပါတယ်။ နောက်ပြီး The Heirs”   ဇာတ်လမ်းတွဲတစ်ခုလုံး မှာ သူဝတ် ဆင် ခဲ့တဲ့အဝတ်အားလုံးကို လေလံ တင် ရောင်းချပြီး ကုသိုလ်ဖြစ် လှူဒါန်းမယ့်နေရာ တွေမှာသုံးဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာတော့ သူက ”သရုပ်ဆောင် ဆိုတာ လူတွေကို မျှော်လင့်ချက်နဲ့သတ္တိတွေပေး ရတဲ့ အလုပ်အကိုင်မျိုး”လို့ သူကပြောခဲ့ပြီး ၂ဝဝ၆ ခုနှစ်က သူကား မတော်တဆမှုနဲ့ တစ်နှစ်လောက် အနားယူခဲ့ရပုံ၊ ဘဝရဲ့ အနိမ့်အမြင့်တွေကို သူ ဘယ်လိုကျော်ဖြတ်ခဲ့ပုံတွေကို ဂရပ်ပုံဆွဲပြသခဲ့ပါ တယ်။ ”ပေါ်ပြူလာပိုဖြစ်လာ တယ်ဆို တာ ပရိသတ်တွေပိုများလာလို့၊ ဒါက ကျွန်တော့်အနေ နဲ့ မျှော်လင့်ချက်နဲ့သတ္တိတွေပေးနိုင်တဲ့သူပိုများလာတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီအချက်က သူတို့ မျှော်လင့်ချက် နဲ့ညီအောင် ကျွန်တော့်ကို အကောင်းဆုံးလုပ်နိုင်စေပါတယ်”လို့ လီမင်ဟိုက ဆိုပါတယ်။


Viewing all articles
Browse latest Browse all 1097

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း