Quantcast
Channel: Yati Magazine
Viewing all articles
Browse latest Browse all 1097

ချစ်သူနဲ့လက်ထပ်ဖို့အစီအစဉ် မဆွဲရသေးတဲ့ ဘေယောင်ဂျွန်း

$
0
0

အသက် ၄၁ နှစ်ရှိပြီဖြစ်ပေမဲ့ ပရိသတ်များစွာရဲ့နှလုံးသားကိုသိမ်းပိုက်ထားနိုင်ဆဲဖြစ်ကာစီးပွားရေးလုပ်ငန်းများကိုလည်း ကြိုးကြိုးစားစားလုပ်ကိုင်လျက်ရှိတဲ့ မင်းသားေ ဘယောင်ဂျွန်း ချစ်သူမရှိတဲ့ နှစ်အတော်ကြာပြီးတဲ့နောက် LS လို့ အမည်ရတဲ့ လျှပ်စစ်ကော်ပိုရေးရှင်းကြီးတစ်ခုက ဒုဥက္ကဋ္ဌရဲ့သမီးဖြစ်သူ ဂိုဆိုဟီးနဲ့ချစ်ကြို က်နေေ ကြာင်းကို ၂ဝ၁၃ ခုနှစ်ကုန်သတင်းများမှာ ဖော်ပြခံခဲ့ရပြီးတဲ့ နောက် တစ်ဆက်တည်းမှာပဲ သူတို့နှစ်ယောက်ဟာ ဒီနှစ် ဧပြီလမှာ လက်ထပ် ဖြစ်မယ်ဆိုတဲ့ သတင်း များ လည်း ထွက်ပေါ်လာပါ တယ်။

ချစ်သူရှိနေတဲ့သတင်းက အမှန်ဖြစ်ပေမဲ့ သူတို့ အဲဒီလမှာလက်ထပ်မယ်ဆိုတာကတော့မဟုတ်ပါဘူးလို့ ဘေယောင်ဂျွန်းရဲ့ အေဂျင်စီ Key East  က ငြင်းဆိုခဲ့ပါ တယ်။  ဘေယောင်းဂျွန်းရဲ့ချစ်သူ ဂိုဆိုဟီးဟာ ဘေယောင်ဂျွန်းထက် အသက်များစွာငယ်ပြီး ဘေယောင်းဂျွန်းရဲ့ သူငယ်ချင်းတစ်ယောက်မင်္ဂလာပွဲ မှာဆုံတွေ့ခဲ့ကြ ပြီး တဲ့နောက် အတူတွေ့ဆုံလည်ပတ်ခြင်းများပြုလုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဆိုဟီးဟာ နယူး ယောက်မှာ မားကက်တင်းဘာသာရပ်ကိုသင် ယူခဲ့ပြီး မဟာဘွဲ့ကိုတော့ ကိုရီးယားမှာ ရယူနိုင် ခဲ့ပါတယ်။ ဘေယောင်ဂျွန်းကတော့ Film, TV & Multi meadia ဘာသာရပ်ကို ဆောင်ကြာ ကွမ်တက္ကသိုလ်မှာ သင်ယူခဲ့သူဖြစ် ပါ တယ်။ ဘေယောင်ဂျွန်းဟာဆိုးလ်မှာ Gorilla in The Kitchen  လို့နာမည်ပေးထားတဲ့ အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်ကိုဖွင့်လှစ်ခဲ့ပြီး “Gorilla in The Café”  ကို ထပ်မံ ဖွင့်လှစ်ခဲ့ပါတယ်။ ဟာဝိုင်အီ မှာလည်း Waikiki ဆိုတဲ့ လုပ်ငန်းတစ်ခု ဖွင့်လှစ်ထားပြီး East Entertainment  ရဲ့ ရှယ်ယာရှင် တစ်ဦး လည်း ဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲ ၁၂ တွဲ၊ ရုပ်ရှင် ၃ ကားရှိပြီး ကိုရီးယားမှာရရှိတဲ့အနုပညာ ထူးချွန်ဆု၊ ပေါ်ပြူလာအဖြစ် ဆုံးဆုများနဲ့တင်ဆု ၁၄ ဆု ရရှိခဲ့ သူ ဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်ကားများ အနက် Winter Sonata နဲ့  The Legend တို့ဟာ နာမည်အကြီးဆုံးလို့ ဆိုနိုင်ပါတယ်။


Viewing all articles
Browse latest Browse all 1097

Trending Articles