Quantcast
Channel: Yati Magazine
Viewing all articles
Browse latest Browse all 1097

ကစားဖော်ရွယ်ငယ်ကတည်းက စွဲတဲ့အချစ်

$
0
0

မိုးစပါးများ ရိတ်သိမ်းပြီးလို့ နွေသီးနှံမတ်ပဲများကို ကြဲပက်ထား ခဲ့ကြသည်မှာ သာပေါင်းကွင်းကြီး တစ်ကွင်းလုံးမြကမ္ဗလာကြီးဖြန့်ခင်း ထားသလားထင်မှတ် မှား ရလော က် အောင်ကို တပြန့်တပြူးနှင့် စိမ်းစိမ်း စိုစိုရှိလှသည်။ မတ်ပဲပင်များက လည်း တောင်လေသုတ် ငုတ်တုတ် ထိုင်ဆိုက်ကားနှင့်အညီ တောင်လေတိုက်တိုင်း တစ်နေ့ တခြားကြီးထွား ချင်တိုင်းကြီးထွားလာနေကြသည်။ ယခုလိုအချိန်မျိုးက ရွှေမောင်တို့ ဝါးတီးရွာကာလသားတွေအတွက် အားလပ်ချိန်ပင်ဖြစ်သည်။ မည်မည် ရရ အလုပ် ဆိုမတ်ပဲအခင်း နွားစောင့်တာကလွဲလို့ဘာမျှမရှိ။ မတ်ပဲများသိမ်းချိန်ရောက်မှ အလုပ်ကပြန်စရမည်။

ထို့ကြောင့် ရွှေမောင်က အဖော်အပေါင်းများနှင့်ထန်းတော သွားရမည့် အရေးကိုသာ တွေးနေမိ သည်။ ညနေစောင်းပြီဆိုလျှင်တော့ ရွှေမောင်းတို့ကာလသားတစ်သိုက် က ဝက်ဖြူကုန်းရွာ ကိုအေးမောင် ထန်းတောကိုခြေဦးလှည့်ကြမည်။ ကိုအေးမောင်ထန်းတောက ဝေးလှသည်မဟုတ်။ ရွာမြောက်ဖျားရှိစစ် တောင်းမြစ် လျှပ်စစ်မြစ်ရေ တင် ဆည်မြောင်းကြီးကို ကျော်လိုက် သည်နှင့် ရောက်သွားသည်။

”ဟဲ့ ရွှေမောင်၊ နင် ဒီနေ့ မတ် ပဲခင်းနွားသွားစောင့်ရမယ်နော်”
အမေ့စကားကြောင့် ကိုယ့် အတွေးနှင့် ကိုယ်စစ်တောင်မြစ် ပြင်ဆီငေးကြည့်နေသော ရွှေမောင် ကွန့်ခနဲဖြစ်သွားသည်။
”ဟာ အမေကလည်း အဖေ သွားစောင့်မှာပေါ့ဗျ”
”နင့်အဖေက ပဲကြီးကိုင်းရွာ အလှူသွားရမှာမို့ နင့်ကိုခိုင်းနေတာ ပေါ့ဟဲ့”

မတ်ပဲကနွားတော့ စောင့်ရ သည်။ နွားဝင်စားလို့ အညွန့်အဖျား ပါသွားလျှင်တော့ သွားပြီ၊ အသီး သီးဖို့ မပြောနှင့် မြေကြီးထဲပြန်ပြီး ခွဲဝင်တော့မလား မှတ်ရသည်။ သို့သော် မြေပဲစိုက်တာလောက်တော့ ကရိကထမများပေ။ မြေပဲကမြေမှုန့် အောင်ထယ်သုံးပြန်၊ထွန်းသုံးပြန်နှင့် ကြမ်းတုံးသုံးပြန်ရိုက်ရသည်။ ပြီးတော့ ပေါင်းမြ က်ေ ကာက်၊ နောက်ထယ်ထိုးမြောင်း ဖော်ကာ အစေ့လိုက်ချ၊ ပြီးတော့ ကြမ်းတုံးနှင့်လိုက်ဖုံးရပြန်သေးသည်။ လူ အားငွေအားအကုန်အကျ များသော သီးနှံဖြစ်သည်။ မတ် ပဲ ကတော့ ထယ်တစ်ပြန်၊ ထွန်တစ်ပြန်ဝင်ပြီး မတ်ပဲကြဲပက်ကာ ကြမ်းတုံးကြီးနှင့် မရိုက်ဘဲ ထွန်တုံးမှအသွားများ ကိုဖြုတ်လျက် ထွန်တုံးနှင့်ပင် လိုက်၍ ရွရွလေး ဖုံး လိုက်လျှင် ပြီးပြီ။လူမပင်ပန်းသလောက်ဝင် ငွေကျ တော့ မြေပဲထက်တွက်ချေကိုက်သည်။ သို့သော် မြေပဲလို ရွက်ဖျား နွားစားသွားလို့ကတော့ မဖြစ်၊ နွားကိုတော့ ဂရုစိုက် ရသည်။

”ဒါဆိုလည်းသွားရမှာပေါ့ အမေ ရာ”
”သွားရမှာပေါ့ လုပ်မနေနဲ့၊ နင်မသွားလို့ ဘယ်သူသွားမှာလဲ တစ်နေ့တလေလေး မတ်ပဲခင်း စောင့်တာများတီးစားနဲ့ တို့သလို ဖြစ်နေလိုက်တာ”
”ဟာဗျာ အမေကလည်း သွားပါမယ်ဆိုမှ ဗုံတီးနေပြန်ပါပြီ”
”အေး နင့်အချိုးကထန်းတော ပဲ မျက်စောင်းထိုးနေတာဆိုတော့ ဗုံတီးရုံမကသံဗုံးပါတီးဆားဖို့ ကောင်းနေတာ ဟဲ့”

ဒေါ်အေးမိက ရွှေမောင့်ကို မျက်စောင်းတစ်ချက်ထိုးလျက်မီးဖိုခန်းထဲပြန်ဝင်သွားသည်။ ရွှေ မောင်းလည်း မတ်ပဲခင်းစောင့်မည် ဆိုမှ ထန်းရေအတွေးတွေ ပျောက် ကာစိမ်းမြမြအတွေးက ဝင်ရောက် လာသည်။ စိမ်းမြမြက ရွှေမောင်နှင့် တစ်ရွာတည်းနေ၊ တစ်ရေတည်း သောက်၊ တစ်ကျောင်းတည်းထွက် ငယ်သူငယ်ချင်း များဖြစ် သည်။ သို့ သော် စိမ်းမြမြကနောက်နှစ် ဆိုလျှင် တောင်ငူမြို့ညောင်ကိုင်းတက္ကသိုလ် က အဝေးသင်နှင့်ဘွဲ့ရတော့မည်။ ရွှေမောင် တစ်ယောက် သာ ပေလွန်း တေ လွန်း လို့ ဆယ်တန်းကို အကြိမ် ကြိမ်က ရှုံးကာနေနိုင်ပါလျက် ကျောင်းထွက်ထားရသူ ဖြစ်သည်။

မည်သို့ဆိုစေ စိမ်းမြမြကိုတော့ ရွှေမောင်းကငယ်စဉ်ကတည်းက စွဲစွဲမက်မက်ရှိခဲ့သူဖြစ်သည်။ ထို့ ကြောင့် လယ်နီးချင်းလည်း ဖြစ် သော စိမ်းမြမြကိုလွန်ခဲ့သော အပတ်က မတ်ပဲခင်းစောင့်ရင်း ရည်းစားစာပေးထားခဲ့သည်။ သည် ကနေ့တော့ တစ်ချက်ခုတ်နှစ်ချက် ပြတ်ဆိုသလို မတ်ပဲခင်းစောင့်ရင်း စိမ်းမြမြဆီမှ အဖြေကိုတောင်းရ မည်။ စိမ်းမြမြကလည်း သူ့ဆိုးပုံဆိုး လက်ကိုကြည့်ပြီး နောက်ဆံငယ်မယ် မတင်းချင်လို့ ငယ်စာရင်းဖျက်ကြပါ စိုလို့တော့ အကြောက်အကန်ငြင်း ဆန်မည် မဟုတ်ဟု သူ့ဘ က်က သာသာထိုးထိုးလေး တွေးထားလိုက် သည်။ အဲ့သည်အတွေးလေးနှင့် ရွှေ မောင်တစ်ယောက်အူမြူးကာ မတ်ပဲခင်း ရှိရာထွက်ခဲ့သည်။ မတ်ပဲ ခင်းစောင့်တဲ ကို ရောက်တော့ စိမ်းမြမြတို့တဲကို ချောင်းကြည့် လိုက်သည်။ စိမ်းမြမြ တစ်ယောက် တည်းကိုသာ တွေ့ရသည်။ ခါတိုင်း က သူ့အဖေကြီးပါလျှင်ပါ၊ မပါလျှင် သူ့ မောင်ေ လးတော့ ပါလေသည်။

”ပွတာပဲ၊ စိမ်းမြမြတစ် ယောက်တည်းဟ၊ ငါသိချင်တဲ့ အဖြေကို သွားတောင်းရမယ်”
ရွှေမောင်က တစ်ကိုယ် တည်းပြောပြီး မတ်ပဲခင်း ကို တစ်ချက်ဝေ့ဝဲ ကြည့်လျက်စိမ်းမြမြ တို့တဲကို အလျင်အမြန်ကူးသွားခဲ့သည်။
”ဟေ့ စိမ်းမြမြ စိမ်းမြမြရေ”
”ဘာလဲ”

စိမ်းမြမြ၏ ငေါက်ဆတ်ဆတ် ထူးသံကြောင့် ရွှေမောင်တွန့်ခနဲ ဖြစ်ကာ တဲတံစက်မြိတ်အနားမှာပင် ခြေစုံရပ်မိသွားသည်။ အဲဒီထူးသံ ကြီးကိုတော့ ရွှေမောင်းဘဝင်မကျ သည်မှာ အမှန်၊ ငါ့ကိုများနင်ပဲငဆ တွေ ပြောလွှတ်လိုက်လေမလားဆို သည့် အတွေးကြောင့် ရင်တစ်ခုလုံး တဒိန်းဒိန်းခုန်လာသည်။

”ဒီနေ့မတ်ပဲခင်းစောင့် နေတာ နင်တစ်ယောက်တည်းလားလို့ မေး မလို့ပါဟာ”
”မဟုတ်ဘူး၊ အဖေလည်းပါ တယ်”
”ငါ့ကိုမလိမ်ပါနဲ့ စိမ်းမြမြရာ၊ နင့်အဖေပါတယ်ဆိုရင်ဘယ်မှာ လဲ”
”ငါ့ကို ရေနွေးအိုးတည်ခိုင်းခဲ့ ပြီး လက်ဖက်ခြောက်ပါမလားလို့ ရွာထဲသွားပြီး ပြန်ယူနေတယ်”
”ဒါဆိုရင်တော့ အတော်ပဲ”
”မတော်နဲ့ဟိုမှာ အဖေပြန်လာ နေပြီ”

စိမ်းမြမြစကားကြောင့် ရွှေ မောင်နောက်ပြန်လှည့်ကြည့် လိုက် တော့ ဦးဖိုးထူးကိုလယ်သုံးလေး ကွက်အကျော်တွင် ခြေလှမ်းကျဲကြီး နှင့် ပြန်လာနေသည်ကို တွေ့ရသည်။ အရေးကောင်းဒိန်းဒေါင်းတော့ ဖျက်ပြီ။

”ဟာ ဒုက္ခပါပဲဟာ၊ ဒါဆိုရင် ငါတောင်းထားတဲ့ အဖြေက ဘယ် လိုလုပ်မလဲဟ”
”အဲ့ဒီအတွက်တော့ မပူနဲ့ ရွှေမောင်၊ ရော့ဒီမှာ နင်တောင်း ထားတဲ့အဖြေ၊ နင့်တဲရောက်မှဖတ် ကြည့်၊ အဖေမရိပ်မိအောင် မြန်မြန် ပြန်တော့”
”နင့်အဖြေက ငါ့အတွက် ဝမ်းသာရမယ့် အဖြေလားဟင် စိမ်းမြမြ”
ရွှေမောင်က စိမ်းမြမြကမ်းပေး လာသောစာခေါက်ကလေးကို ယူရင်း လူနာအမဲခြောက်တောင်း သလို ညောင်နာနာနှင့်ပြန်မေး နေပြန်သည်။
”ဒါကတော့ စာထဲမှာ ပါတဲ့ အတိုင်း ဝမ်းသာစရာလား၊ ဝမ်း နည်းစရာလားဆိုတာ နင့်အပေါ် မှာပဲ မူတည်နေတယ် ရွှေမောင်၊ ကဲ ကဲ ပြန်တော့ ဟိုမှာ အဖေရောက် လာတော့မယ်”

ရွှေမောင်မှာ စိမ်းမြမြတို့တဲ အတွင်းပင် မဝင်လိုက်ရတော့ဘဲ ဦး ဖိုးထူးကြီးမရိပ်မိခင်အလျင်အမြန် ပြန်ခဲ့ရသည်။ တဲနားပြန်ရောက် တော့ မတ်ပဲခင်းထဲနွားဝင်မဝင်တစ် ချက်တော့ကြည့်လိုက်သေးသည်။ ထို့နောက်မှာတော့ တဲအတွင်းရှိ ကွပ်ပျစ်ပေါ်ပစ်လှဲကာ စိမ်းမြမြ၏ ပြန်စာကို ဖြန့်ဖတ်လိုက်သည်။

သို့

ရွှေမောင် ငါက နင့်လိုတော့ ဖွဲ့နွဲ့ပြီး မရေးတတ်ဘူး၊ ငါက သင်္ချာ သမားဆိုတော့ အဖြေမှန်ဖို့ဆိုတာ ပုစ္ဆာကလည်း မှန်ဖို့တော့ လိုတယ် လေ။ နင်က သူငယ်ချင်းအချစ်မျိုး ထက်ပိုတဲ့အချစ်မျိုးနဲ့ တိုးပြီး ချစ် ချင်တယ်စိမ်းမြမြ ရယ်တဲ့၊ ဟုတ် လား၊ အဲဒီလိုအချစ်မျိုးနဲ့တိုးပြီး ချစ်ချင်ရင် တော့ နင့်အချိုးတွေ ကို ပြင်ပါရွှေမောင်။ စိမ်းမြမြ စာက ရှည်ရှည်ဝေးဝေး မဟုတ်၊ လိုရင်းတိုရှင်းကလေးပင်ဖြစ်သည်။ စာအဆုံးမှာတော့ ချစ်ဖော်ကြင်ဖက် ရှာပါတယ်ဆိုမှ သင်တန်းနည်းပြနှင့် တိုးနေ သဖြင့် ရွှေမောင် ငိုင် ကျသွား သည်။ နင့်အချိုးတွေကို ပြင်ပါတဲ့ လား စိမ်းမြမြရယ်။ အဖေအမေ တွေကတောင် မင်းအရက်မသောက် နဲ့နော်၊ ထန်းရေမသော က်နဲ့နော်ဟု သာတားမြစ်ခဲ့သည်။ အရက် သောက်ရင်၊ ထန်းရေသောက်ရင် မုန်းလိုက်မှာ မေ့လိုက်မှာဟု မပြော ခဲ့ပေ။ စိမ်းမြမြ ၏အချစ်ရဖို့ အရေး ကျမှ ရာဇသံက ပျော့ပျော့လေးနှင့် ပြင်းလွန်းလှသည်။

”အေးလေ၊ ငါကြိုးစားရမှာပေါ့ စိမ်းမြမြရယ်၊ ငါက နင့်ကိုမှချစ်နေမိ ခဲ့ပြီကိုး ဝှူး”
ရွှေမောင် ကလေပူကြီးတစ် ချက်ကို မှုတ်ထုတ်ကာ ကွပ်ပျစ်ပေါ် လှဲနေရာမှကုန်းထသည်။ ထို့နောက် စိမ်းမြမြတို့တဲဆီကို ငဲ့စောင်းကြည့် ကာ ခေါင်းတဆတ်ဆတ် ညိတ်နေမိ လေသည်။

ထိုနေ့ညနေစောင်းတွင်ဖြစ် သည်။ ကြွက်နီနှင့် ဗိုလ်လှိုင်တို့ နှစ်ယောက်ထန်းတောသွားရန် ရွှေမောင်တို့အိမ်ကို ပေါက်ချလာ သည်။
”ဟာ ကြွက်နီနဲ့ ဗိုလ်လှိုင်တို့ ပါလားဟေ့၊ မင်းတို့ဘယ်သွားကြ မလို့လဲ၊ ထန်းတောကိုလား”

ခရီးရောက်မဆိုက်ရွှေမောင့် အဖေဦးဘချစ်က ကောက်ကာငင် ကာမေးလိုက်သဖြင့် ကြွက်နီနှင့် ဗိုလ်လှိုင်တို့မှာ တစ်ယောက်မျက် နှာတစ်ယောက်ကြည့်ကာ ဆွံ့အ ကုန်ကြသည်။

”အဟဲ ဟို ဟိုလေ”
”ဘာလဲထန်းတောသွားဖို့ ရွှေ မောင်ကို လာခေါ်တာပေါ့ ဟုတ် လား”
”ဟုတ်ပါတယ် အဲ လာခေါ် တာတော့ဟုတ်ပါတယ်။ ဒါပေမဲ့ ထန်းတောကိုသွားမှာတော့ မဟုတ် ပါဘူး၊ ဆည်မြောင်းက ကိုလှထွန်း နဲ့ချိန်းထားတာလေးရှိလို့ပါ”
”သြော် ဒါဆိုရင်တော့ မင်းတို့ လေးယောက် အေးမောင်ထန်းတော နဲ့တင်မလောက်လို့ ရှမ်းကြီးထန်း တောနဲ့ ခပေါင်းကျောင်းရှစ်ဆယ် က ခွေးကြီးထန်းတော အထိ ရောက်ကြ ဦးမှာပေါ့ဟုတ်လား။

”မဟုတ်ပါဘူး ဦးလေးဘချစ် ရယ်၊ ကျွန်တော်တို့ကိစ္စလေးတစ်ခု ရှိလို့ကိုလှထွန်းနဲ့ ချိန်းထားတာပါ၊ ဟေ့ကောင်ရွှေမောင်းတို့သွားကြ မယ်လေ”
ကြွက်နီဦးဘချစ်ကိုရှင်းပြရင်း သူခိုးလူမိဖြစ်နေသော သူတို့နှစ် ယောက်ကို ပြုံးသလိုလိုမဲ့သလိုလို နှင့်စိုက်ကြည့်နေသော ရွှေမောင် ကိုပြောလိုက်သည်။
”ငါမလိုက်တော့ပါဘူး ကြွက်နီရာ၊ မင်းတို့ပဲသွားလိုက်ကြပါ တော့၊ မနက်ကမတ်ပဲခင်းနွားစောင့် ရင်းနေပူမိသွားလို့ဖျားချင်သလိုဖြစ်နေလို့ပါ”

ရွှေမောင်၏ စကားကြောင့် ကြွက်နီနှင့် ဗိုလ်လှိုင်တို့တစ်ယောက် မျက်နှာတစ်ယောက်ကြည့်မိကြပြန် သည်။ ခါတိုင်းက သူကပင်အိမ်ကို ဦးစွာရောက်လာ တတ်ေ သာ ရွှေ မောင်လိုလူမျိုးက ယခုလို ခေါင်းရမ်း နေတော့ သူတို့တအံ့တသြ ဖြစ်သွားရသည်။

”အေးလေ ဒါဆိုရင်လည်း နေကောင်းအောင်နေခဲ့ပါကွာ၊ ငါတို့သွားမယ်ဟေ့”
”အေး အေး”

ရွှေမောင်က သူငယ်ချင်းများ ကို လိမ်ညာလိုက်ရသဖြင့်အားနာ ဟန်ဖြင့်ကြွက်နီတို့ကို မလုံမလဲကြည့်ကာ ကျန်ရစ်လေသည်။ ဦးဘချစ်နှင့် ဒေါ်အေးမိ တို့ကတော့ သည် ကနေ့ မှ ထူးခြားနေသော ရွှေမောင့်ကို ကြည့်ကာအဖြေရှာ မရအောင် ဖြစ်နေကြလေ သည်။ နောက်တစ်နေ့ ညနေစောင်း မှာတော့ ရွှေမောင် က မြစ် ကမ်းပါး တွင်ထိုင် ကာ ကြွက်နီတို့အိမ်ကထွက်အလာကို စောင့်နေသည်။ ခဏအကြာမှာ ကြွက်နီနှင့် ဗိုလ်လှိုင်တို့ ထန်းရေသောက်ရန် မြစ် ကမ်းပါးလမ်းအတိုင်း လျှောက်လာ ကြ သည်ကို မြင်ရသည်။  ရွှေမောင့်ကို တွေ့တော့ဗိုလ်လှိုင်က တအံ့တသြနှင့်မေးသည်။

”ဟေ့ကောင်ရွှေမောင်၊ ဒါနဲ့ မင်းကနေမကောင်းဘူးဆို၊ အခု ပျောက်သွားပြီလား”
”အေးကွာ၊ ငါက မင်းတို့ကို လိမ်ညာသလိုဖြစ်သွားလို့တောင်း ပန်ပါတယ်။ ငါဘာမှမဖြစ်ပါဘူး”
”ဟင် ဒါဖြင့် မနေ့ကတော့”
”ဟုတ်ပါတယ်၊မနေ့ကတော့ အဖေတို့ရှေ့မှာမို့ ဘာတွေညာတွေ ပြောမနေတော့ပဲနေမကောင်းဘူး လို့ပဲ လိမ်ညာလိုက်ရတာပါ”
”ဒါဆိုရင် မင်းကဘာလို့လိမ် ညာလိုက်ရသလဲဆိုတာရှင်းစမ်းပါ ဦး”
”ကြွက်နီကအလိမ်ခံလိုက်ရ ကြောင်း သိလိုက်ရသဖြင့် မကျေမနပ်နှင့်ဝင်မေးလိုက်သည်။
”အေးကွာ၊ အဲဒါကတော့ ငါဘယ်တော့မှ အရက်မသောက်၊ ထန်းရေမသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်လို့ပဲ”
”ဟေ အဲဒီစကားကိုမင်း တကယ်ဆုံးဖြတ်ပြီးမှ ပြောလိုက်တာ ပေါ့လေ ဟုတ်လား”
ဗိုလ်လှိုင်ကမျက်လုံးကြီးပြူး ကာမယုံကြည်နိုင်စွာနှင့် မေးလိုက် ပြန်သည်။
”အေး ဟုတ်တယ်ဗိုလ်လှိုင်၊ အဲဒီဆုံးဖြတ်ချက်ကို ငါမတ်ပဲခင်း နွားစောင့်ရင်းက ဆုံးဖြတ်လိုက်တာ ပဲ၊ ရှင်းရှင်းပြောရရင်တော့ကွာ စိမ်းမြမြကြောင့်ပဲကွ”
”ဘာ စိမ်းမြမြကြောင့်ဟုတ် လား”
”အေး ဟုတ်တယ်၊ စိမ်းမြမြ ကြောင့် ငါ့စိတ်ပြောင်းသွားတာပဲ”

ထို့နောက်ရွှေမောင်က သူစိမ်း မြမြကိုချစ်စာလွှာပါးခဲ့သည်မှစ၍ စိမ်းမြမြကပြန်လည်၍ အဖြေလွှာ ပေးခဲ့သည်အထိကို ရှင်းပြလိုက်လေ သည်။

”သြော် ဒါကြောင့် မင်းအချိုး တွေကိုပြင်တော့မယ်ဆိုပါတော့ ဟုတ်လား ရွှေမောင်”
”အေး ဟုတ်တယ်ကြွက်နီ၊ ငါက စိမ်းမြမြကိုအသည်းတုန်အူတုန်ချစ်ခဲ့မိပြီကိုးကွ”
”အင်း မင်းကရည်းစားတောင် မဖြစ်ရသေးတဲ့ မိန်းကလေးရဲ့ စကားအတွက် မင်းရဲ့ပျော်ရွှင်မှု တွေကို စတေးပြီး တစ်သဝေမတိမ်း လိုက်နာတော့မယ်ဆိုတော့ ရည်းစား သာဖြစ်လာခဲ့ရင် မင်းရဲ့ပျော်ရွှင်မှု တွေအားလုံး ဆိတ်သုဉ်းသွားတော့ မှာ သေချာနေပြီကွ”

”အေး၊ ဟုတ်တယ် ဒါကတော့ မင်းရဲ့ အခွင့်အရေးတွေကို စိမ်းမြမြက အခုကတည်းက ပိတ်ပင်နေတာပဲကွ”
ဗိုလ်လှိုင်ကကြွက်နီ၏ စကားကို ထပ်လောင်းဖြည့်စွက်ကာ အပြစ်တင်လိုက်ပြန်သည်။

”မတတ်နိုင်ဘူးပေါ့ကွာ အေး စိမ်းမြမြကို ငါကချစ်နေလို့လား တော့ မသိဘူးပေါ့၊ ငါတို့ရဲ့ ပျော် ရွှင်မှုဆိုတာတွေဟာ ကောင်းတဲ့ ပျော်ရွှင်မှုမဟုတ်ဘူးလို့ ငါကိုယ် တိုင်ကလည်း ထင်မြင်လာလို့ စွန့် လွှတ်လိုက်တာလည်း ပါပါတယ် သူ ငယ်ချင်းတို့ရာ”

”အေးပေါ့ကွာ၊ ငါတို့ကတော့ မင်းလို အသည်းတုန်အူတုန်ချစ်ရ မယ့်သူမရှိသေးတော့လည်း ပျော် ရွှင်မှုဆိုတာ ဒါပဲရှိလို့ ကိုအေးမောင် ထန်းတော ဆီပြေးလိုက်ဦးမယ်ဟေ့ ရွှေမောင်ရေ”

ကြွက်နီနှင့်ဗိုလ်လှိုင်တို့လည်း ခနဲ့သလိုရွဲ့သလို စကားဆိုပြီး ကို အေးမောင်ထန်းတောဆီ နောက် ပြန်လှည့်မကြည့်စတမ်းခြေကုန် သုတ်သွားကြလေ သည်။မတ်ပဲ များနု တ်သိမ်းချိန်တွင် ဖြစ်လေသည်။ ဝါးတီးရွာသူရွာ သားများသာမက စာမေးပွဲဖြေဆို ပြီးသူ ကျောင်းသူ၊ ကျောင်းသားများ ပါ မိဘများကို ကူညီသည့်အနေနှင့် သာပေါင်း ကွင်းထဲတွင်သူ့အခင်း၊ ကိုယ့်အခင်းမတ်ပဲများ နုတ်သိမ်း နေကြသည်။ စိမ်းမြမြတို့မတ်ပဲခင်း မှာလည်း စိမ်းမြမြကိုယ်တိုင်သူ ငယ်ချင်း အလုပ်သမားများနှင့်အတူ မတ် ပဲများနုတ်သိမ်းနေသည်။

”ဟဲ့ ရွှေမိ ငါမနေ့ကညနေ ခင်းမှာ ရွာလယ်ကကစားကြည့်တိုက် ကိုသွားတော့ အထူးအဆန်းတွေ့ခဲ့ တယ်တော်”
”ဟင် ဟုတ်လား၊ ညည်းက ဘာလို့ စာကြည့်တိုက်ကိုသွားတာ လည်းအေးခင်ရဲ့”

အေးခင်ကမတ်ပဲနုတ်ရင်း သူကြုံတွေ့ခဲ့ရတာလေးကို ဖောက်သည်ချသဖြင့် ရွှေမိကိုစကားခေါ်လိုက်ရာ ရွှေမိကပြန်မေးလိုက်ခြင်း ဖြစ်သည်။”သြော် ရွှေမိရယ်စာကြည့် တိုက်သွားမှတော့ စာဖတ်ဖို့နဲ့ စာအုပ်ငှားဖို့ပေါ့ဟဲ့ ငတုံးမရဲ့၊ ငါက အိမ်အခြေနေကြောင့် ကျောင်းဆက် မနေရတော့ပြင်ပဗဟုသုတရဖို့ အတွက်ဆိုရင် စာအုပ်စာတမ်းတွေ ရှိတဲ့ စာကြည့်တိုက်ပဲ အားကိုးစရာ ရှိတော့တယ်လေ”

”အေးပါအေး ငါမေ့သွားလို့ပါ၊ ဒါကြောင့်လည်း ညည်းက မြန်မာ့ အရေး သာမကာ ကမ္ဘာ့အရေးကိုပါ နှံ့စပ်အောင်သိနေခဲ့တာပေါ့၊ ဒါနဲ့ စာကြည့်တိုက်မှာ အထူးအ ဆန်း တွေ့ခဲ့တယ်ဆိုတာက ဘာတဲ့လဲဟဲ့ ”
”တောင်ပေါ်မှာကြာပေါက်ပြီး အနောက်မှာ နေထွက်တာလေ”
”ညည်းစကားကဘာစကား ကြီးလဲ အေးခင်ရယ်၊ စကားလိမ်၊ စကားဝှက်တွေနဲ့ ငါတို့ကိုပြောလို့ ငါကဘာသိမှာလဲဟဲ့”
ရွှေမိကအေးခင်ကို မျက်စောင်း ခဲကာ ပြောလိုက်တော့ အေးခင်က ဟက်ဟက်ပက်ပက်ရယ်လျက် ပြန် ပြောလာသည်။

”အေးပေါ့ ဘယ်သိပါ့မလဲ။ ညည်းတို့ကစာတတ်ပြီး စာကြည့်  တိုက်ရှိရက်နဲ့စာမှ မဖတ်ချင်ကြတာ၊ စာကြည့်တဲ့လူဆိုရင်တော့ သိတာ ပေါ့၊ အခုတော့ ညည်းတို့ ဦးနှော က် တွေက ဓားရှိရဲ့သားနဲ့ မသွေးဘဲ မိုးရေထဲပစ်ထားလို့သံချေးတက် ဓားလို ဖြစ်နေကြပြီဟဲ့၊ ဒါကြောင့် စာ တတ်ရဲ့နဲ့ ဆွံအနားမကြားဘဝ မရောက်ရအောင်”

”အမလေးရှည်လျားပေများပါ့ မိချောင်းသမီးနှယ်၊ ကဲ ကဲ ဗဟုသုတ တွေတိုးပွားအောင် အားတဲ့အချိန် ကိုမဖြုန်းဘဲ စာကြည့်တိုက်ကိုသွား ပါ့မယ်ရှင်၊ သွားပါ့မယ်၊ အခုတော့ လည်း တွေ့ခဲ့တာလေး ပြောပါဦး ဟဲ့ အေးခင်ရဲ့”

ရွှေမိကစိတ်မရှည်တော့သဖြင့် အေးခင်၏ ဆုံးမစာသံပေါက်မဆုံး မီ ပြောလိုက်သည်။

”ဘာတွေ့ခဲ့ရမလဲ၊ ရွှေမောင့်ကို တွေ့ခဲ့ရတာပေါ့”

ရွှေမောင်ဆိုသည့် စကား ကြောင့် စိမ်းမြမြခေါင်းထောင်ကြည့် ကာ နားစွင့်နေမိသည်။ ရွှေမိကတော့ နှာခေါင်းရှုံ့သွားသည်။

”ညည်းနှယ်အေးရွှေမောင့်ကို တွေ့ခဲ့ရတာများ အထူးအဆန်းလုပ် လို့၊ သူက ငါ့တို့ရွာသားပဲဟဲ့ တွေ့ မှာပေါ့၊ ဒါကိုများ အထူးအဆန်းလုပ် လို့တော်”

”မဟုတ်ဘူး၊ ငါပြောချင်တာက ရွှေမောင်ကအလကားလာတာမ ဟုတ်ဘဲ စာကြည့်ရင်း အချိန်ပိုင်း စာကြည့်တိုက်မှူးအနေနဲ့ စာအုပ် စာတမ်းတွေကိုလာငှားပေးနေတာ ဟဲ့ ကောင်မရဲ့”
”ဟယ် ရွှေမောင်က အဲဒီ လောက်တောင်ပြောင်းလဲသွားပြီ လား”
”ညည်းက အဲဒီလောက်ပဲ သိတာကိုး၊ အရက်တို့ ထန်းရေတို့ ပါ မသောက်တော့တာသိရင် ပိုအံ့ သြသွားဦးမယ်”
တစ်ချိန်လုံးနာထောင်သူ အဖြစ်နေခဲ့သော စန်းမြင့်ဝင်ပြော လာသည်။
”ဟယ် ဟုတ်လား၊ ဒါဆိုရင် လွတ်ချင်တိုင်းလွတ်နေတဲ့ ရွှေမောင့် ကို ကြိုးကိုင်သူရှိနေပြီနဲ့ တူတယ် ဟဲ့”

ရွှေမိက မှတ်ချက်ပြုလိုက်တော့ မလုံသည့်အိုးတုတ်မိုးရုံနှင့် အားဆို သလို စိမ်းမြမြတစ်ယောက်မလုံမလဲ ဖြစ်လျက်လက်ထဲမှ မတ်ပဲပင်များ ပင်လွတ်ကျသွားသည်။

”အင်း ဒါလည်းကောင်းတာပါ ပဲ၊ အလုပ်အားတိုင်းတစ်နေကုန်မူး နေတဲ့ ကြွက်နီတို့ ဗိုလ်လှိုင်တို့ တစ်တွေလည်းရှိသေးတယ်”
”အေးခင်ကလည်းဟယ်၊ သူ့ အသက်ကြီးရှေ့ထားပြီး ကြွက်နီ ကို မကောင်းကြောင်းပြောနေပြန်ပြီ”
”အမလေးပြောစမ်းပါစေအေ၊ ဟုတ်တယ်ပြောတာပဲမနာပါဘူး၊ ငါကလည်းကြွက်နီကို ပြောထားပါတယ်၊ နင့်အချိုးတွေ မပြင်သေးရင်တော့ နင်နဲ့ငါနဲ့ကတော့ ပြဒါးတစ်

လမ်းသံတစ်လမ်းပဲလို့”
”ဟေး ဒါမှတို့စန်းမြင့်ကွ”

စန်းမြင့်က ပွင့်ပွင့်လင်းလင်း ပြောချလိုက်တော့အားလုံးက လက်ခုပ်လက်ဝါးတီးကာ သြဘာ ပေးလိုက်ကြသည်။ စိမ်းမြမြကတော့ မသိကျိုးကျွန်ပြုကာ နေနေရသော် လည်း ရင်ထဲမှာတော့ ပီတိဖြာနေ မိသည်။ သြော် ရွှေမောင် ရွှေမောင်၊ သူက ငါ့ကို တကယ်ချစ်နေခဲ့လို့ သူ့အမူအကျင့်တွေကို ပြုပြင်ခဲ့ပြီကိုး၊ ငါကလည်း နင့်ကို ငယ်စဉ် ကတည်း က စွဲလမ်းနှစ်သက်ခဲ့ရသူပါပဲ ရွှေမောင်ရယ်။ စိမ်းမြမြက စိတ်ထဲမှရေရွတ်ရင်း ရှက်ပြုံးလေးပြုံးလိုက်မိ သည်။

”ဟဲ့ စိမ်းမြမြ၊ စိမ်းမြမြ၊ အမလေး ခေါ်မကြားအော်မကြားနဲ့ ဘယ်လိုများဖြစ်သွားပါလိမ့်”
ရွှေမီက စိမ်းမြမြအနီးပြေးကပ် သွားပြီ မချိုမချဉ်မျက်နှာပေးနှင့် ပခုံးကို ကိုင်လှုပ်နေသည်။
”ဟဲ့ သူကကြိုးကိုင်ထားသူ ဆို တော့ စိတ်ကူးတွေယဉ်နေလို့ဖြစ်မှာ ပေါ့ဟဲ့ ရွှေမိရဲ့”

ရွှေမိ၏ အပြုအမူကိုကြည့်ကာ အေးခင်ကပါ မီးလောင်ရာလေပင့် လျက် အရွန်းဖောက်လိုက်ပြန်သည်။ စိမ်းမြမြမှာ မျက်နှာတစ်ပြင်လုံး နှင်းဆီနီရောင်သန်းသွားကာ အရှ က်ပြေစကားဆိုလာသည်။

”မဟုတ်ရပါဘူး အေတို့ရယ်”
”ဘာမဟုတ်ရမှာလဲ၊ ညည်း

မျက်နှာပြုံးဖြီးဖြီးကြီးဖြစ်နေတာကို ငါမြင်လို့တမင် ခေါ်ကြည့်တာ ညည်းမှမကြားတဲ့ နောက်ညည်း စိတ်ကူးယဉ်နေလို့ပေါ့ အေ့၊ မဟုတ် ဘူးလား၊ ပြောလေ၊ ဒါပေါ့အေ ဟုတ်ရင်ကျော်ပုပ်ရင်ပေါ်ဆိုတာ” စိမ်းမြမြမှာ ရွှေမိ၏ ရေပက်မဝင်နိုင်အောင် အချက်တူတူပြော လာသောစကားကြောင့် သူခိုးလူမိ၊ ကျီးကြည့်ကြောင်ကြည့် ဖြစ်လျက် ဆိတ်ဆိတ်ပင်နေလိုက်ရလေသည်။

ယခုတော့လည်း လူပေလူတေ လေးဘဝကလူကောင်းသူကောင်း လေးဖြစ်လာသော ရွှေမောင်နှင့် စိမ်းမြမြတို့မှာ အပေးအယူမျှလို့ ချစ်သူတို့ဘဝရောက်ခဲ့သည်ပင် တစ်နှစ်ရှိခဲ့လေပြီ။ ထိုနေ့ညက တော့ ချစ်သူတို့ဘဝ နောင်ရေး ဆွေးနွေးရန်အတွက်ချိန်းတွေ့ရန် ရွှေမောင်ကတောင်းဆို ထားသော ညဖြစ်လေသည်။ လပြည့်ညဖြစ် သဖြင့် လမင်းကြီးကအစွမ်းကုန် သာလျက်ရှိနေသည်။ ရွှေမောင်က တော့ စိမ်းမြမြတို့ စပါးကျီကြီး ဘေးတွင် မှောင်ရိပ်ခိုကာ စိမ်းမြမြ ဆင်း လာမည့်အိမ်ကြီး ဆီမျှော်ေ ငးကြည့် နေသည်။

မကြာမီစိမ်းမြမြဆင်းလာသည် ကိုမြင်ရသည်။ ရွှေမောင်က စိမ်းမြမြ မိမိအနီးရောက်သည်နှင့် ဆီးဖက် မည်လုပ်သည်။ သို့သော်  စိမ်းမြမြ ကအကင်းပါးစွာလက်နှစ် ဖက်ကို ဖမ်းဆုပ်လျက်တွန်းထိုးလေး လုပ် ထားလိုက်သည်။ ထိုနောက်မှာတော့ ရှေးရေးအတွက်သူ့စည်းကိုယ့် စည်းစောင့်ကာ ဆွေးနွေးကြ သည်။ ရွှေမောင်း ကလာ သည့်မတ်ပဲ ပေါ် ချိန်တွင် လူကြီးစုံရာနှင့်တောင်းရမ်း လက်ထပ်ချင်ပြီဆိုသည်ကိုလည်း စိမ်းမြမြက သဘောတူခဲ့သဖြင့် ချစ်သူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လျက် ရွှင်မြူးသွားကြသည်။

”ဒါနဲ့စိမ်းမြလက်ထပ်ပြီး ရင် ကိုယ့်ကို ရွှေမောင်လို့ပဲ ခေါ်နေဦးမှာ လား၊ နင်ပဲငါပဲပြောနေဦးမှာလား”
ရွှေမောင်က စိမ်းမြမြ၏ လက် ကလေးကို တင်းတင်းကျပ်ကျပ် ကိုင်ဆုပ်ကာ မေးလိုက်သည်။

”အမလေးဒါများ ရေးကြီး ခွင့်ကျယ်လုပ်လို့ ရွှေမောင်ရယ်၊ စိမ်းမြတို့နှစ်ယောက်က ကစားဖော် ရွယ်ကတည်းက တွဲလာခဲ့ကြတဲ့ သူ တွေပဲလေ၊ ဘယ်လိုခေါ်ခေါ် အရေး မကြီးသလို အဓိကမကျပါဘူး”
”ဒါဖြင့် ဘယ်ဟာက အရေး ကြီးပြီး အဓိကကျနေလို့လဲ”

အရေးကြီးတာရှိတာပေါ့ ရွှေမောင်၊ ငယ်ကချစ်တော့ အနှစ် တစ်ရာမမေ့သာ ငယ်ကပေါင်းတော့ အနှစ်တစ်သောင်းမမေ့ကောင်းဆို စကားနဲ့အညီ တစ်ယောက်နဲ့ တစ် ယောက်ချစ်ချစ်ခင်ခင် ကြင်ကြင် နာနာနဲ့အပေးအယူမျှဖို့က အရေး ကြီးသလို အဓိကလည်း အကျဆုံးပဲ လေ၊ မဟုတ်ဘူးလား”
”ဟုတ်ပါ့ဗျာ၊ ဟုတ်ပါ့၊ သြော် ဒါနဲ့ စိမ်းမြရေကောင်းကင်က လမင်းကြီးကို ကြည့်လိုက်စမ်းပါဦး၊ စိမ်းမြမြကြီးသာနေလိုက်တာ”

ရွှေမောင်က စိမ်းမြမြတစ် ယောက်ကောင်းကင်က လမင်းကြီး ကို မော်ကြည့်ချိန် အလစ်အငိုက်မှာ နဖူးပြင်လေးကို ခိုးနမ်းမည်အလုပ်၊ စိမ်းမြမြက ရင်ဘတ်ကိုဆီးတွန်း ထားလျက်။

”ဟင် တော်တော်ဥာဏ်များတဲ့ လူဆိုး၊ လမင်းကြီးက ရွှန်းမြမြကြီးမသာဘဲ စိမ်းမြမြကြီးသာတယ်လို့ ဘယ်မြန်မာစာဆရာက သင်ထား လဲ”
”အဟီး ကောင်းကင်က လမင်းကြီးက ရွှန်းမြမြကြီးသာ နေ တယ်လို့ ပြောရမှာလား၊ သိပါ ဘူး၊ ကိုယ့်ဘေးမှာ စိမ်းမြမြဆိုတဲ့ မင်းကြီးတစ်စင်းကသာနေတော့

ဝမ်းသာလုံးဆို့ပြီး စိမ်းမြမြကြီးသာ နေတယ်လို့ အပြောမှားသွားတာပါ စိမ်းမြရာ”
”ဟင်း သူတော်တော်တတ်နေတယ်”
”အဲ့ဒါတွေဟာ အချစ်ဆိုတဲ့ အရာက သင်ပေးတာတွေပဲလေ”

ရွှေမောင်က ရွှင်ရွှင်မြူးမြူးလေး ပြန်ပြောလာတော့ စိမ်းမြမြက ချစ် မျက်စောင်းလေးထိုးကာမခို့တခို့ လေးကြည့်လိုက်လေသည်။ ထိုနေ့ ညကချစ်သူနှစ်ဦး ရွှင်မြူးနေပုံ က တော့ ကောင်းကင်ထက်တွင် သာ နေသော လမင်းကြီးထက်ပင် ကိုး ဆယ်ဆသာကာကြည်နူးစရာ ကောင်းနေလေတော့သည်။

ကေတုမောင်ညိုလင်း


Viewing all articles
Browse latest Browse all 1097

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


တရုတ်နိုင်ငံသား နှင့် လက်ထပ်ရန် အဓမ္မခိုင်းစေသူကို အရေးယူ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......