Quantcast
Channel: Yati Magazine
Viewing all 1097 articles
Browse latest View live
ပြက်လုံးနဲ့လွဲနေတဲ့ ရယ်သံတွေ
$
0
0
ပြက်လုံးနဲ့လွဲနေတဲ့ ရယ်သံတွေ
ခွန်းသစ်
မျက်နှာတစ်ခု
မျက်နှာဖုံးတစ်ထောင် အရံဆောင်ထားသူများ
ပြဿနာတွေက မျိုးရိုးနဲ့ဆိုင်ပြီး
တိမ်ရာကနက် နက်ရာကတိမ်
အမှားတွေက အမှန်ဖြစ်သွားတဲ့
ကြယ်တစ်ပွင့်နဲ့ မလင်းတဲ့ကောင်းကင်မှာ
ကိုယ်ပိုင်အလင်းနဲ့ စွမ်းသလောက်ပဲလင်းခဲ့တယ်
ကိုယ့်အလင်းရောင်မှ တစ်ပါး
အခြားသောအလင်းမှန်သမျှ
မှိန်ပျပျပဲ မြင်ကြသူများ
အမျိုးအစား အကောင်းဆုံးသစ်သားပေါ်မှာ
အညံ့ဆုံးသောလက်ရာကို ထုဆစ်ပြပြီး
ပန်းပုဆရာလို့ ဟစ်အော်ခဲ့တယ်…
တစ်ယောက်က အကောင်းဆုံးသော
လက်ရာကို ငှက်ပျောတုံးပေါ်ထုဆစ်ခဲ့
တန်ဖိုးသတ်မှတ်ချက်က
ထုဆစ်ခံလား၊ ထုဆစ်သူလက်ရာလား
တိုင်ပင်မကိုက်တဲ့ ဇာတ်ကိုပဲ
ပြက်လုံးထင်တဲ့လက်ခုပ်မိုးတွေ
ကိုယ့်ပုံရိပ်တာရိုးပေါ်မှာ
သမုဒယရေခက်တွေအဖြစ်မြင်ခွင့်မရကြတော့ဘူး…။
ဘဝ ခရီးအဆုံးမှာ …
$
0
0
”ပူး … ပေါ်”
အမြင့်သံမှ အနိမ့်သံသို့ တဖြည်းဖြည်း တိုး၍ သွားသော မော်တော်ဟွန်းသံ ရှည်ရှည်ကို ကြား လိုက်တာနဲ့ သွားကြပြီ ဟု စိတ်ထဲမှာ ဖွဖွလေး ရေရွတ် လိုက်တယ်။ မျက်ခွံ များကို မှိတ်လိုက်တော့ မျက်ရည် နှစ်စက်က ပေါက်ခနဲ လွင့်ကျသွား တယ်။
ကျွန်တော်တို့ ဗုဒ္ဓအရှင်မြတ် ကတော့ သူ့သြဝါဒရဲ့ အခြေခံ သဘော တရားမှာ သူ့ရဲ့သား ရဟန်း တွေကို ခရီး နဲ့ပတ်သက်ပြီး ဒီလို မိန့်ကြားခဲ့တယ်။
”ရဟန်းတို့ လူများစွာ တို့၏ အကျိုးရှိမှုနဲ့ စိတ်ချမ်းသာမှု အတွက် ခရီး လှည့်လည်ကြ ကုန်လော့” တဲ့။
ခရီးဆိုတာမျိုးက တစ်ရပ် တစ်ကျေးကို ရည်ရွယ်ချက် တစ်ခုခု နဲ့ သွားတာမျိုးကို ဆိုလိုတာ။
ကျွန်တော့်ဘဝမှာ ခရီးထွက်လို့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့ ခံစားမှုမျိုးကို ဘယ် အရွယ်မှာများ စတင် ခံစားဖူးပါလိမ့်။ အသက် တစ်ဆယ့်သုံးနှစ် ၈ တန်းကျောင်း သား အရွယ်လို့ ထင်ပါတယ်။
ဗေဒင် လက္ခဏာ ကြည့်တာ ဝါသနာပါ လွန်းသော ကျွန်တော့် မေမေကြောင့် ဧရာရွှေလီ မြစ်ဆုံ ကမ်းနံဘေးက ရွာလေး တစ်ရွာမှာ မွေးဖွားခဲ့တဲ့ ကျွန်တော် ဟာ မြန် မာ နိုင်ငံရဲ့ ဒုတိယ မြို့ကြီးဖြစ်တဲ့မန္တလေး ရွှေမြို့တော်မှာ ပညာရည်နို့ သောက် စို့ဖို့ အကြောင်းဖန်လာတယ်။
”လူထွက်ကိန်းရှိနေတယ်။ တောင်စူးစူးကိုသွားမှ သင့်တော် မယ်”
မွေးကင်းစ ကတည်းက ထစ်ခနဲဆို အအေးပတ်လိုက် ဖျား လိုက်ရှိတတ်တဲ့ ကျွန်တော့်ကြောင့် ဗေဒင်ပြေးပြေး ကြည့်ရာက ဘာပဲ လုပ်လုပ် ဗေဒင် ကြည့်ပြီးမှ လုပ် တတ်တဲ့ အကျင့် ကျွန်တော့်မေမေကို ရသွားစေတယ် ထင်ပါရဲ့။ အဲဒီနှစ် ကျွန်တော် ခုနစ်တန်းနှစ်က စာမေးပွဲကြီး စစ်အပြီးမှာ ပြင်းပြင်း ထန်ထန် ဖျားလိုက်ရာ ထုံးစံ အတိုင်း ဗေဒင်ပြေး ကြည့်တော့ ဗေဒင်ဆရာ ရဲ့ ‘လူထွက်ကိန်း ရှိသည်’ လို့ ဟော လိုက်ရာမှ မန္တလေးမြို့ကို ကျွန်တော် ရောက်ရှိ လာရခြင်း ဖြစ်ပါတယ်။
တချို့ အိမ်နီးချင်းတွေ ပြောကြ တာကတော့ ကျွန်တော့်ကိုမွေးခါစ က ဆန်ကောဝိုင်း ထဲမှာ ချက်ကနေ သွေးတွေ ထွက်နေတာများ အပြည့် ပဲတဲ့။ အချိန်မီတယ် ဆို ရုံလေး သိလိုက်ကြတာတဲ့။ ဒါကြောင့်မို့ သွေးအားတွေ နည်းသွားပြီး မကြာ ခဏ အအေးပတ်တယ်ဆိုပဲ။
မန္တလေးမှာ ကျောင်းနေစဉ် ပထမနှစ် (ရှစ်တန်းနှစ်) ကတော့ သူများအိမ်မှာ နေပါတယ်။ ကျွန်တော့် ဖေဖေ သစ်စက်မှ ပျဉ် ဝယ်သော ပျဉ်ကုန်သည် တစ် ယောက် အိမ် မှာ နေရတယ်။ အဖော်အဖြစ် ဆယ်တန်း သုံးကြိမ် ကျ ကျွန်တော့် အစ်မကြီးက လိုက်ပါ ခဲ့ပြီး သူမကို အလှပြင် သင်တန်း တက်စေခဲ့တယ်။
အဲဒီခေတ်က ပျဉ် တစ်တန် (တန်ဖိုး) နှစ်သောင်းကို အကြွေးနဲ့ ပေးပြီး မန္တလေးရောက်တော့ လေးသောင်းကျော် ရောင်းရတာ တောင် စားစရိတ် လခနဲ့ ရေဖိုး၊ မီးဖိုး တွက်ပြီး အခပေးနေ ရတော့ ကျွန်တော့်ကို ခပ်တည်တည်နေဖြစ် စေခဲ့တယ်။ အဲဒီအိမ်မှာ ကျွန်တော် နဲ့ သက်တူ ရွယ်တူ ကောင်လေး တစ်ယောက် ရှိရာ ကျွန်တော်နဲ့ ဘယ်တော့ မှမတည့်။ တစ်လကို အနည်းဆုံး နှစ်ကြိမ်လောက်တော့ ရန်ဖြစ် တတ်တယ်။ နောက်နှစ်ကျ တော့ အဲဒီ ရပ်ကွက်မှာ ပဲ အိမ်ဝိုင်း လေး ဝယ်ဖြစ်လိုက်ပါတယ်။
မှတ်မှတ်ရရ အဲဒီနှစ်က ၈၈ ခုနှစ်။ အရေးအခင်းဖြစ်သည့်နှစ်။ ကျွန်တော် ရှစ်တန်းနှစ်ပေါ့။
ကျောင်းတက်တာ ၆ လ လောက် ကြာတော့ ကျွန်တော့် အစ်မ ကြီးရဲ့ အလှပြင် သင်တန်း ပြီးသွား ခဲ့ တယ်။ အစ်မကြီးက ရွာမှာ ဆိုင်ဖွင့် တော့ အဒေါ် အပျိုကြီးက လူ စား ထိုး ရောက်လာတယ်။ သိပ်မကြာပါဘူး။ တစ်လလား နှစ်လလား ပဲ ကြာတယ်၊ ၈၈ ခုနှစ် အရေး အခင်းကြီး ဖြစ်ပါ တော့တယ်။
အဲဒီတုန်းကတော့ ဘာမှနား မလည်။ နာရီစင်ကြီးအောက်မှာ ဟောကြပြောကြ၊ ကျုံးကြီးနံဘေးမှာ ယောက်ျားရော၊ မိန်းမတွေပါ လက်ချင်း တွဲပြီး အော်ကြ ဟစ်ကြ တာတွေ ကို အထူးအဆန်း အဖြစ် ဝမ်းသာအားရ လိုက်ကြည့်ကြတယ်။ နောက် ထူးဆန်းတာ တစ်ခု ကလည်း ကျွန်တော်နဲ့ မကြာခဏ ရန်ဖြစ်လေ့ ရှိတဲ့ အဲဒီအိမ် က ကောင်လေး နဲ့ အဲဒီတုန်းက လက်ချင်း တွဲထားတာ များ အိမ်ပြန်ရောက် တဲ့ထိ မြဲလို့။
အရေးအခင်းကြီး ပြီးတော့ ကျွန်တော် တို့ကျောင်းတွေ ပိတ်သွား တယ်။ အဲဒီခေတ်က ခုလို တယ်လီ ဖုန်းတွေ မပေါသေးတော့ ရွာမှာ ဖုန်းများ မရှိသလို၊ ကားနဲ့ တိုက်နဲ့ နေတဲ့ အဲဒီပျဉ်ကုန်သည် အိမ်မှာ လည်း ဖုန်း မရှိသေးဘူး။ အဲဒီအိမ်နဲ့ သုံးလေး အိမ်ကျော်က အိမ်မှာပဲရှိ တယ်။ အဲဒီတော့ အကျိုး အကြောင်း အဖြစ် အပျက် များကို လျင်လျင်မြန် မြန်မသိနိုင်။ နောက်တစ်ပတ် ကြာမှ ပြေးပြေးလွှားလွှား ဖေဖေ နဲ့မေမေ ရောက်လာကြတယ်။
‘ရှည်လျားထွေပြား မနေမနား တသွားတည်း သွားရမှာ ဘဝ သံသရာ’
ဒီသီချင်းလေးက ကျွန်တော့် မေမေ မကြာခဏ ဆိုနေကျ၊ ညည်းနေကျ သီချင်းလေးပေါ့။ ဘယ်အချိန် မှာလဲဆိုတော့ ရွာက အိမ်နဲ့ မန္တလေးအိမ် အကူးအပြောင်း သွား ခါနီးမှာပါ။
ကျွန်တော့်မေမေ က ခရီးသွား မယ်လို့ စိတ်ပိုင်းဖြတ် လိုက်ရင် နှစ်ရက်၊ သုံးရက်လောက် ကစပြီး စီစဉ်နေ တတ်တယ်။ ဟိုမှာ ဘယ် နှရက်နေမယ်၊ ဝတ်စုံက ဘယ်နှစုံ ယူသွားမယ် နဲ့ အိမ်သုံးဆေးဝါး များ ထည့်တတ်တဲ့ ကြိမ်ခြင်းလေး ထဲမှာ လည်း  ဆေးဘူးတွေ၊ ဆေးထုပ်တွေ များ အထပ် လိုက်။ ကျန်နေခဲ့မည့် အိမ်သားတွေ ကိုလည်း စားရေး သောက်တာက အစ ကျန်းမာရေး အဆုံး တတွတ်တွတ် နဲ့ မှာလို့မဆုံး တော့။ ဟိုနားသည်နား လည်တာ ပတ်တာ များလည်း မရှိတော့။ လက် ကြားမှာ စီးကရက် တစ်လိပ်ညှပ်ပြီး (မေမေက စီးကရက်ကို တော်တော် ကြိုက်ခဲ့ပါတယ်) အဝေးကို ငေးနေ တတ်ပါတယ်။ အဲဒီ အချိန်မှာ ကျွန်တော့် မေမေ ဘာတွေ များ တွေး နေခဲ့တာပါလိမ့်။
မေမေက အသက်တစ်ဆယ့် ရှစ်နှစ် အရွယ်ကစပြီး လေးဆယ့် ခြောက်နှစ် အထိ အစိုးရ ဝန်ထမ်း လုပ်ခဲ့သူမို့ ကျွန်တော် တို့မောင်နှမ သုံးယောက် စလုံး အမေ့ညီမ အဒေါ် အပျိုကြီး လက်မှာ ကြီးပြင်းခဲ့ရ တယ်။
”နင်တို့ အမေက နင်တို့ကို ကျွေးဖို့၊ မွေးဖို့၊ ထိန်းကျောင်း ဖို့ ငါ့ကို အပျိုကြီး ဖြစ်အောင် လုပ်ခဲ့ တာ”
ကျွန်တော်တို့ အဒေါ်အပျိုကြီး မကြာခဏ စိတ်မထင်ရင် ပြောတတ် တဲ့စကား။
ကျွန်တော့် အဒေါ် ငယ်ရွယ်စဉ် မှာ ချစ်သူ ရည်းစားနှစ်ယောက် လောက် ထားခဲ့ဖူးသတဲ့။ နှစ်ယောက် စလုံးရဲ့ နောက်ကြောင်း ရာဇဝင်များ ကို စေ့စေ့စပ်စပ် လိုက်စုံစမ်း ပြီး ကျွန်တော် တို့မေမေက ဖျက်ခဲ့တာ တဲ့။
”သားတို့ အဒေါ်ကို စိတ်ချမ်း သာအောင် ထားကြကွယ်၊ သားတို့ ကို အမေက မွေးရုံ မွေးပေးခဲ့တာ၊ သားတို့အဒေါ်ပဲ ချေးသေးကအစ ထိန်းကျောင်းခဲ့တာ” လို့ မေမေ မကြာခဏ ပြောတတ်တယ်။
”ငါ့ညီမလေး လည်း သနားပါ တယ်။ ချစ်သူ ရည်းစားနှစ်ယောက် လောက် ထား ဖူးပေမဲ့ နှစ်ယောက် စလုံး ရောဂါသည်တွေ မို့ ကံဆိုးရှာ တယ်ကွယ်” လို့လည်း မြည် တမ်း တတ်တယ်။
ကျွန်တော်တို့ အဒေါ် ရည်းစား နှစ်ယောက်မှာ တစ်ယောက်က ချိုင်းအောက်နားမှာ သမင်ဖြူ အကွက်ကလေး ရှိနေတယ်လို့ စုံစမ်း သိရှိ ရပြီး နောက် တစ်ယောက်က တော့ အတွင်းရောဂါ (ဘာရောဂါ တော့ မသိရဘူး) ရှိတယ်လို့ သိရ တယ်တဲ့။ တကယ်လည်း နောင်နှစ် ပေါင်းနှစ်ဆယ်လောက် ကြာတော့ ချိုင်းအောက် မှာတင် မကတော့ဘဲ တစ်ကိုယ်လုံး တဖြည်းဖြည်း ပေါ်လာ ခဲ့တယ်တဲ့။ နောက် တစ်ယောက်က တော့ ရွာက ပျောက် သွားလိုက်တာ နောက်ပိုင်း ဘာသတင်း မှ မကြား ရ တော့ဘူးတဲ့။
ဒီလိုနဲ့ ကျွန်တော်တို့ အဒေါ်က အပျိုကြီး ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ မောင်နှမ သုံးယောက် ကို ထိန်းသိမ်း စောင့်ရှောက်ရင်း အချိန်တွေ ကုန်ခဲ့ တယ်။ ကျွန်တော့် အသက် တစ်ဆယ့် သုံးနှစ် မှာတော့ ကျွန်တော့် ကျန်းမာ ရေးကြောင့် မိသားစု ကွဲထွက်သွားပါ တယ်။
အဲဒီလို မိသားစုတွေ ကို တကွဲ တပြားစီဖြစ်စေခဲ့ပြီး ကျွန်တော့် မေမေကို ဘဝ တစ်လျှောက်လုံး ပူပန်မှုတွေကို ဖြစ်သွားစေသူ ဟာ ကျွန်တော် များလား မေမေ။ အစ ပထမ ဗေဒင် ဆရာရဲ့ ဟောကြား ချက်အရ ပူပန်မှု များစွာနဲ့ အဝေးကို ပို့ခဲ့ရတယ်။ ဒုတိယ ခေတ္တနေထိုင်ရာ သူစိမ်း အိမ်မှာ စားရေးသောက်တာ အဆင်မပြေဘူး။ ရွယ်တူ လူငယ်ချင်း မသင့်မြတ်ဘူး ဆိုတဲ့ ကျွန်တော့် ကြောင့် မန္တလေးမြို့မှာ ကိုယ်ပိုင် အိမ်လေး မဖြစ်ဖြစ်အောင် ကြံဆောင်ကာ ဝယ်ဖြစ် သွားပြီး ကျွန်တော် တို့ မိသားစုတွေကို ဘဝ တစ်လျှောက် လုံး ကွဲကွာစေခဲ့တဲ့ တရားခံဟာ ကျွန်တော် များလား မေမေ။
”ခေါင်းရှိလို့ ခေါင်းကိုက်တာ ဘယ်သူ့မှ အားမကိုးဘူး”
ကျွန်တော့်မေမေ ကိုယ့်ကိုယ် ကိုယ် အားယူပြီး မာန်တင်း လိုက်တဲ့ အသံ။
မန္တလေးမြို့မှာ ကိုယ့် အိမ်ကိုယ့် ရာလေးနဲ့ တစ်နှစ်ကျော်လောက်ပဲ နေရသေးတယ် ကံဆိုးမှု တစ်ခုက မဖိတ်ခေါ်ဘဲနဲ့ ရောက်လာပြန် တယ်။ အဲဒီနှစ်က ကျွန်တော် ဆယ်တန်း ပထမနှစ်။ ပထမ အစမ်း စာမေးပွဲပြီးလို့ ကျောင်းပိတ် ထားချိန် မှာ ကျွန်တော့်ဖေဖေ ထောင်ထဲ ရောက် သွားတယ်။ အမှုက သစ်မှု၊ တရားမဝင် ကျွန်းသစ် များ သုံးစွဲမှု၊ ခွင့်ပြုချက် ယူမထားသော ကျွန်းသစ် အလုံးရေ ၅ဝ ခန့် သက်ဆိုင်ရာ က တွေ့ရှိသွားတယ်။
အဲဒီနှစ်က ကျွန်တော်တို့ စစ်ကိုင်းတိုင်း ကသာမြို့နယ်က သစ်စက်ပိုင် များအားလုံး ကသာ ထောင်ကြီး ချုပ်ထဲမှာ ၈ လကျော် လောက် နေလိုက် ရတယ်။ တစ်နည်း အားဖြင့် ထီးချိုင့် မြို့နယ်မှာ ရှိတဲ့ သစ်သမားများ ရက်ရက်စက်စက် ထောသွားကြချိန်ပေါ့။
နှစ်ပေါင်း ၃ဝ နီးပါးလုပ်ခဲ့တဲ့ အစိုးရ အလုပ်က ကျွန်တော့် မေမေ ထွက်ပြီး မန္တလေးမြို့ကို ရောက်လာ တယ်။ ရွာမှာ ရှိတဲ့သစ်စက် အပိတ်ခံ ရပြီး ပစ္စည်းတွေ အသိမ်းခံရ။ မန္တလေး မြို့မှာရှိတဲ့ ဝင်းပြည့် အိမ် ပြည့် ခြံဝင်းသေးသေးလေး နဲ့ နေလို့ မလောက်လို့ အနောက်ဘက် တစ်ဆက်တည်း ခြံဝင်းလေးကို ဝယ် ပြီး အဆောက် အဦလေး ဆောက် မယ့်ဆဲဆဲ မှာ ဒီလိုဖြစ်လိုက်တော့ ကျွန်တော့်မေမေ ပျာယာ ခတ်သွား တယ်။
”အခြွေအရံဆိုတာ ခြွေမှရံ တယ်” ၊ ”ဒီနေ့ ကျေးဇူးရှင် နောက် နေ့”
မြန်မာ စကားပုံတွေ ဆိုရိုးတွေ ကို ရေးသားပြုစု မှတ်ကျောက်တင် သွားတဲ့ ရှေးပညာ ရှိတွေများ တော် လိုက်၊ မှန်လိုက်တာလို့ ပြောရမှာ။
တစ်ချိန်က ပေးခဲ့ကျွေးခဲ့ အလုပ်ပေးခဲ့ တဲ့ နှစ်ဖက်ဆွေမျိုးများ အားလုံး ပစ္စည်းတွေ သိမ်း အလုပ် ရပ်၊ ထောင်ကျ သွားတော့ ဝေးဝေး ရှောင် ဝေါင်ဝေါင်ရှေး ဖြစ်သွားကြ တယ်။ ချေးမှာ ငှားမှာ ပူရ၊ အကူအညီ ပေးရမှာ စိုးရနဲ့ကြိုပြီး ညည်းပြကြ ကုန်တယ်။ မခြွေနိုင် တော့ လို့ မရံကြတော့တာ သဘာဝ ကျပေမဲ့ ခြွေဖူးခဲ့ သူများက မခြွေနိုင် တော့ချိန်မှာ ခြွေခဲ့တာတွေကို သတိ မရကြတော့ တာက ဆိုးလွန်း လှပါ တယ်။
မထင်မှတ်ဘဲ အကူအညီ ပေးလာသူက မယုံနိုင်စရာ။
သစ်စက် စမလုပ်ခင်မှာ ဖေဖေက ကျွန်တော်တို့ အင်းရွာ အုပ်စုရဲ့ ကောင်စီ ဥက္ကဋ္ဌ။ အဲဒီအချိန် မှာ ကသာမြို့နယ် ကောင်စီ ဥက္ကဋ္ဌက ဗိုလ်မှူး တစ်ယောက်။ သူက မြန်မာ လူမျိုး မဟုတ်ဘူး။ အစ္စလာမ် ဘာသာ ဝင်လူမျိုးခြား တစ်ယောက်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် တတိယ အကြိမ်မြောက် ကောင်စီ သက်တမ်းမှာ ဖေဖေက ‘အင်းရွာ’ အုပ်စုရဲ့ ကောင်စီ ဥက္ကဋ္ဌ။ ကသာ မြို့နယ်မှာ ‘အင်းရွာ’ အုပ်စု လို အုပ်စု ကျေးရွာပေါင်း ၃၂ အုပ်စု ရှိတယ်။ အင်းရွာ အုပ်စုက ကျေးရွာပေါင်း ၁ဝ ရွာကို အုပ်ချုပ်ရ တယ်။ ဘဘက (အဲဒီ ဗိုလ်မှူးကို ဘဘလို့ခေါ်ပါတယ်) ကသာ မြို့နယ် တစ်ခုလုံးရဲ့ ဥက္ကဋ္ဌ။ ကောင်စီသက် တမ်းလေးနှစ်မှာ ဖေဖေက ဘဘ ရဲ့ လက်အောက်မှာ အလုပ် လုပ်ခဲ့ တယ်။
သစ်မှုနဲ့ ထောင်ကြီးချုပ်မှာ ဖေဖေ အချုပ်ကျစဉ် ဘဘက မန္တလေး တပ်ရင်းတစ်ခုမှာ တာဝန် ကျနေတယ်။ ဘယ်က ဘယ်လို သတင်းကြားသည် မသိ။ တစ်နေ့ တော့ ဘဘက အပြာရောင် ဆန်နီ ပစ်ကပ် ကားလေးတစ်စီးနဲ့ ကျွန်တော်တို့ အိမ် ရောက်လာတယ်။ ဘဘ နဲ့အတူ ဘဘ ရဲ့သားအကြီး ဆုံး ပါ ပါလာတယ်။
”ဟောဒီမှာ ကျွန်တော့် သားကြီး မနှစ်ကပဲ ကျောင်းပြီး ထားတယ်၊ ငါ့ညီမ လိုအပ် တာတွေ သူ့ကို ပြော”
ဘဘက လူတစ်ယောက်နဲ့ ကားတစ်စီး ပေးထားပြီး ကြိုက်တဲ့ အကူအညီ တောင်းရန် ပြောသွားတယ်။ ကျွန်တော် မှတ်မိနေတာ က မေမေနဲ့ ဘဘ ရဲ့ သားကြီးတို့ ရက် တော်တော် ကြာသည်ထိ မြို့ထဲသို့ နေ့စဉ် ထွက်နေကြတယ်။ နောက်မှ သိရတာက ရွှေရောင်း ထွက်နေကြ တာတဲ့။ လုပ်ငန်းက ရပ်လိုက်တော့ ဝင်ငွေ မရှိချိန် အဆောက် အဦက တန်းလန်း။ မေမေ စုဆောင်း ခဲ့တဲ့ ရွှေများက အများအားဖြင့် ရွှေဝယ် ဘောက်ချာ မပါတော့ ရောင်းရခက် နေတာ။
အဆောက်အဦ ပြီးတော့ ဘဘ က လုပ်ငန်းတစ်ခု ကမ်းလှမ်း လာခဲ့ တယ်။ ကျွန်တော် တို့က မြေနေရာ စိုက်၊ ဘဘတို့က ငွေစိုက်၊ ပွဲရုံ လုပ်ငန်း။ ဖေဖေ့ မျက်နှာ မေမေ မျက်နှာ နဲ့ ရွာကတောင်သူတွေ လည်း ကုန်တွေ ပို့ကြတယ်။ ငွေတွေထုတ် တယ်။ ဖြစ်လိုက်တဲ့ အလုပ်။ အဲဒီ အချိန်က ကျွန်တော် တို့ရွှေလီနယ် မှာ သီးခြမ်းထက် ကြံ လုပ်ငန်းကို ပိုပြီး လုပ်ကြတော့ ကျွန်တော်တို့ ပွဲရုံက ကြံသကာရည် ပွဲရုံ အဖြစ် နာမည် ပေါက်တယ်။ မန္တလေးမြို့မှာ လည်း ပေါင်း သကြားစက်ကြီး ဆိုတာ လေးငါး စက်ထက် မပိုသေးတဲ့ အချိန်။
ကသာ ထောင်ကြီးချုပ် ကနေ ၈ လ ကျော် အကြာမှာ ဖေဖေ ထွက်လာ ပြီးတော့ သစ်စက် လုပ်ငန်း ဆက် မလုပ်တော့ဘူး။ ကြံစိုက်ခင်း စိုက်တယ်။ မြို့မှာ ဘဘ ရဲ့သား နဲ့ အစ်မ ငယ်က ပွဲရုံ လုပ်တယ်။ အဆင်ပြေ ပါတယ်။ အဲဒီ ရပ်ကွက်ထဲ လမ်းမ ကြီး ကနေ ကုန်ကားတစ်စီး ဝင်လာ ရင် ဘယ်ပွဲရုံ ကားလဲ မေးစရာ မလို ဘူး။ ‘ခိုင်ရွှေလီ’ ပွဲရုံပဲ။ ဒါပေမဲ့ ဒါက အလွန်ဆုံးကြာလှ လေးငါးနှစ် ပေါ့။
ဟိုပုံပြင်လေး တစ်ပုဒ်လိုပါပဲ။ ကြားဖူးမှာပါ။ သဲကန္တာရ ထဲက ကုလားအုပ် ပုံပြင်လေ။ ခုက ကုလား အုပ် မဟုတ်ဘူး။ လူသား …။ ရွက်ဖျင်တဲထဲ က လူသားက အပြင် ကို ထွက်ပေးလိုက် ရသလို ကျွန်တော် တို့ကလည်း အိမ်ပေါ်က ဆင်းပေး လိုက်ရတဲ့ အဖြစ်။
ဒီလူသားက စောစောကပြော တဲ့ အစ္စလာမ် လူမျိုးမဟုတ်ဘူး။ သူတို့က စိနတိုင်းသား တရုတ် လူမျိုး။ သူတို့က လည်း မန္တလေးသား အစစ် တွေ မဟုတ်ဘူး။ အထက် အညာမြို့ လေး တစ်မြို့က ပြောင်းလာတာ။ ဖေဖေ သစ်စက်လုပ်ချိန် မှာ သူတို့က မော်တော်ပိုင်။ သစ်ကုန်သည်တွေ  ကျွန်တော်တို့ သစ်စက်က သစ်ဝယ် စဉ်မှာ သူ တို့မော်တော်က အငှား လိုက်တာ။ အဲဒီမှာ ဖေဖေ နဲ့ ရင်းနှီး ခဲ့တာပေါ့။
”ကိုဘမှန်ရေ … ကျွန်တော့် ကို တစ်ခု ကူညီပါဗျာ။ ကျွန်တော့် သား တစ်ယောက် တက္ကသိုလ် တက် တုန်း ပျက်စီးနေလို့ ငြိမ်သွားအောင် ခင်ဗျား ပွဲရုံမှာ အလုပ် သွင်းချင်တယ် ဗျာ။ နှစ်စဉ် ကုန်သည် ထုတ်ငွေကို ကျုပ် တစ်ဝက်တိတိ စိုက်မယ်၊ ကျုပ် သား ငြိမ်သွားရင် ပြီးရော။ ပွဲရုံ အလုပ် လည်း သင်ရင်းနဲ့ပေါ့”
ဒီလိုပြောရင်း နဲ့ ဝင်လာခဲ့တာ။ အဲဒီတုန်းက သူ့သားက သူဌေးသား ကလေကချေလေး လို့ ပြောရမှာပေါ့။ ဆေးပြားတွေ လည်း ချနေတာလို့ သိရတယ်။
ပထမနှစ်ကတော့ ပညာသင် ရင်း ပွဲရုံကို လာတစ်ချက်၊ မလာ တစ်ချက်နဲ့ပါ။ ပြောခဲ့တဲ့ အတိုင်း ကုန်သည် ထုတ်ငွေတွေကိုတော့ တစ်ဝက် စိုက်ထုတ်ခဲ့ပါရဲ့။ ဒုတိယ နှစ်ရောက်တော့ စကားပြောလာ ပြီ။ ဒိုင်ဆင်း လာတယ်။ အလုပ်ကိစ္စ အဝဝကို တစ်ယောက် တစ်လှည့် တာဝန်ယူဖို့ ပြောလာတယ်။ အဲဒီ အချိန်မှာ ဘဘရဲ့ သားက အစော ပိုင်းပွဲရုံ အလုပ်ဖြစ်စဉ်မှာ အမြတ် ထွက်ခဲ့တဲ့ငွေ ကို တခြားအလုပ် တစ်ခုမှာ ရင်းနှီးမြှုပ်နှံ ထားတယ်။ လမ်း ၃ဝ က GTI ကျောင်း၊ (ယခု ဗဟို အမျိုး သမီးဆေးရုံ) နားမှာ မြို့ပေါ်က တခြား သူငယ်ချင်း တစ်ယောက် နဲ့ ဗီဒီယို အခွေအငှား၊ အရောင်းဆိုင် ဖွင့်ထားတယ်။ အိမ် မှာလည်း ဗီဒီယိုရုံ ဖွင့်ပြီး ပြစားတယ်။ အခွေ ကူးတယ်။ အဲဒီခေတ်က CD ချပ်တွေ မပေါ်သေးဘူး။ အဲ့ဒီအလုပ် ကလည်း အရမ်းဖြစ်တယ် ဆိုတော့ တရုတ်က ပွဲရုံ အလုပ်ကို တစ်နှစ် တစ်ကြိမ် အလှည့်ကျ တာဝန် ယူပြီး လုပ်ရန်ပြော လာတာကို ကုလားက လည်း အလွယ်တကူ လက်ခံလိုက် တယ်။ တစ်နှစ် လုပ်လို့ မြတ်တဲ့ အမြတ်ငွေကို နှစ်ကုန်မှ စာရင်းရှင်း ပြီး ခွဲယူကြတယ်။ အဲဒီ အချိန်မှာ ကျွန်တော်က ကျောင်းတက်နေ တုန်း။ အိမ်အလုပ်ကို ဘာမှ မသိဘူး။ ကျွန်တော့် အစ်မက အိမ်မှာ တောင် သူ၊ ကုန်သည်တွေနဲ့ တိုက်ရိုက် ဆက်ဆံ ချက်ပြုတ် ကျွေးမွေး။ တောင်သူနဲ့ ပွဲစားကို ကြားက ဆက် သွယ်ပေးရတဲ့ အလုပ်ကို လုပ်ရတယ် ပေါ့။ ကုန်ဝင်၊ ကုန်ထွက် စာရင်းကို အစ်မက ကိုင်ရတယ်။ ကားခ ၊ မော်တော်ခ၊ ချိန်ခ၊ ချခ (တန်ဆာခ) တွေကိုလည်း အစ်မက ကြိုရှင်းပေး ထားရတယ်။
ကျွန်တော့်အစ်မပြောတဲ့ စကားလေး တစ်ခွန်းကိုတော့ အမှတ် ရမိတယ်။
”တရုတ်ရော၊ ကုလားရော ဘာမှ မထူးပါဘူး။ တစ်ယောက်က လူပါးဝတယ်။ တစ်ယောက်က အချိန် မလေးစားဘူး။ အမြဲတမ်း ငါ့မှာ ငွေမလောက်လို့ အရေးဆို ဟို ကချေးရ၊ ဒီကငှားရနဲ့” တဲ့။
နောက်ပိုင်း မှာတော့ နှစ်စဉ် တရုတ်နဲ့ကုလားက တစ်လှည့်စီ ပွဲစား အလုပ်ကို လုပ်ကြတယ်။ တောင်သူတွေ ပွဲရုံရောက် လာရင် ကြိုသုံးငွေပေးရတဲ့ ကိစ္စ၊ ကုန်ရောက် လာ လို့ တန်ဆာခတွေ ရှင်းရမယ့် ငွေနဲ့ ချက်ပြုတ် ကျွေးမွေးရမယ့် ငွေတွေ အတွက် တစ်ပတ်တစ်ခါ အစ်မကို ငွေကြိုပေး ထားတယ်။ အဲဒီမှာ တွေ့တဲ့ အခက်အခဲကို အစ်မ က ပြောချင်တာ။
ကုလားက တစ်ပတ်ကို ခန့်မှန်းခြေ တစ်သောင်း (သဘော က) ကုန်မယ်ဆို တစ်သောင်းခွဲ လောက် ကြိုပေးထား တတ်ပေမဲ့ အရေးဆို သူ့ကို ဆက်သွယ် ရတာက မလွယ်။ ကုန်တွေ ရောက်ပြီ၊ ကုန်သည်တွေက တွေ့ချင်နေပြီ ဆို ဖုန်းကို အကြိမ်ကြိမ် လှမ်းဆက်ရ တယ်။ မနက်ဖြန် ၁ဝ နာရီ လာမယ် ဆို ၁၂ နာရီလောက် မှ ရောက် လာ တတ်တယ်။ ဒီကြားထဲ ဖုန်းကို နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြေးဆက် ရသေးတယ်။ (အဲ့ဒီတုန်းက ဖုန်းက အိမ်မှာ မရှိ။ တစ်ပြနီးနီး သို့ ပြေး ဆက်ရသည်။)
တရုတ်ကျ ပြန်တော့လည်း အမြဲတမ်းငွေကို စေ့ပြီးပေးတယ်။ တစ်သောင်းခွဲလောက် ကုန်မယ်ဆို တစ်သောင်းလောက် ပဲ ပေးထားပြီး ”နင်တို့ကော စိုက်သင့်တယ် … ရှယ်ယာတွေပဲ” ဆိုတဲ့သဘော။ စိုက်ထားငွေ ကိုလည်း နှစ်ကုန်မှ ရှင်းတမ်း ထဲက ပြန်နုတ်ယူရတယ်။ စိုက်ငွေ အတွက် အတိုးကတော့ မရ။ တောင်သူ ရှင်းတမ်းငွေ ကိုလည်း တောင်သူ မနက်ဖြန်လို ရွာပြန်မယ် ဆိုမှ ဒီနေ့ညမှာ လာရှင်းပေးတယ်။ သူ့အတွေး က ငွေကို ကြိုပေးထား လိုက်ရင် မလိုအပ်တာတွေ ဝယ်ပြီး ကုန်သွား မှာစိုး လို့တဲ့။ အဲဒီတော့ အစ်မက တောင်သူ ကြိုသုံးချင်တဲ့ ငွေကို စိုက်စိုက်ပြီး ပေးထား ရတယ်။ ကိုယ့်လက်ထဲမှာ များမရှိရင် အိမ်နီး နားချင်းတွေ ဆီက တိုးတိုး တိတ် တိတ် ပြေးပြီး ချေးထားပေတော့။ အဲဒီလို တွေ …။
ကျွန်တော်တို့ အတွက် နည်း နည်းခံသာ ခဲ့တာက ရွာမှာရှိတဲ့ အစ်မကြီး ရဲ့အလှပြင်ဆိုင် က အလုပ် ဖြစ်နေလို့။ သက္ကရာဇ် ၂ဝဝဝ အရှေ့ဘက် ၉ဝ ခုနှစ် ဝန်းကျင် မှာ ကျွန်တော် တို့ ဧရာရွှေလီမြစ်ဝ တစ် ကြောမှာ အလှပြင်ဆိုင် ဆိုတာ ရှာ မှရှား။ အနီးနား ရွာတွေကဆို နွားလှည်း နဲ့ကို ဆံပင် လာကောက် ကြတာ။ (အဲဒီတုန်း က ခုခေတ်လို ဆံပင်ဖြောင့်တဲ့ခေတ် မဟုတ်ဘူး။ အကောက်ခေတ်)
ဖေဖေ ကတော့ ရွာနဲ့ ဆယ်မိုင် ကျော်လောက် ဝေးတဲ့ တောထဲမှာ ကြံခင်း စိုက်နေတယ်။ အဲဒီတော့ မိသားစုက သုံးနေရာ ကွဲနေတယ် လို့ ပြောလို့ရတယ်။ ကျွန်တော့်မေမေ အတွက်လည်း သုံးအပူ ပူရတာပေါ့။ မြို့မှာရှိတဲ့ သားနဲ့ သမီးကို ပူလိုက်၊ ရွာက သမီးကြီးအတွက် ပူလိုက်၊ နောက် တောထဲက ခင်ပွန်းသည် အတွက် ပူလိုက် နဲ့ပေါ့။ အဝတ်အစား ကလည်း သူ့နေရာ နဲ့ သူဝတ်ဖို့ သုံးနေရာလုံး မှာ ထားရတယ်။ အမြဲ တမ်း သယ်ရတာကတော့ အင်္ဂလိပ် ဆေး၊ ဗမာဆေး ဆေးပေါင်းစုံ ထည့် ထားတတ်တဲ့ ကြိမ်ခြင်း ကလေး။ တစ်နေရာက တစ်နေရာ ကို သွား တော့မယ် ဆို သုံးလေး ရက်လောက် ကတည်းက ကြိုပြီး စီစဉ်နေတတ် တယ်။ နှုတ်ကလည်း ‘ဘဝသံသရာ’ သီချင်းလေးကို ညည်းရင်းနဲ့ပေါ့။
ပွဲရုံ အလုပ်ကို ပွဲစား အဖြစ် တရုတ်နဲ့ ကုလားက တစ်လှည့်စီလုပ် တာ နှစ်ကြိမ်စီ လားပဲ ရှိသေးတယ်။ တတိယ အကြိမ်မြောက်မှာ ကုလား က ထွက် သွားတယ်။ ကုလား ထွက် သွားတော့ စကား တစ်ခွန်း ပြောသွား ခဲ့တယ်။
”တော်တော်လူပါးဝတဲ့ တရုတ်” တဲ့။
တရုတ် လူပါးဝ တာကို အစော ကတည်းက ကျွန်တော်တို့ သိပြီးသား။ ကုလား တာဝန်ယူတဲ့နှစ်မှာ အလုပ် ချိန်တွေကို မလေးစားတာက တစ်နည်း အားဖြင့် ကျွန်တော် တို့ကို ယုံကြည် လို့လို့ ပြောလို့ရတယ်။ ကုန်လာ သိမ်းပြီဆို ကျွန်တော်တို့ကို အပ်သာ အပ်လိုက်လို့ ပြောတတ်ပြီး ကုန်ချိန် စာရင်းကိုလည်း ကျွန်တော် တို့ကို ယုံကြည်စွာ မှတ်ခိုင်း တတ် တယ်။ တရုတ် ကတော့ အဲဒီလို မဟုတ်ဘူး။ ကုန်သိမ်း လာပြီဆို သူ့ဆီ ဖုန်းဆက် ရတယ်။ သူကလည်း ဘယ်ဆီ ရောက်နေနေ ချက်ချင်း အပြေးရောက် လာ တတ်ပြီး သူကိုယ် တိုင် ကုန်အပ်တယ်။ အလုပ်လုပ်နိုင် ချည်လို့ ထင်စရာပါ။ မဟုတ်ဘူး။ ကျွန်တော် တို့ကို မယုံကြည် လို့လည်း မဟုတ်ဘူး၊ လိမ်မလို့။ ကုန်ချိန် စာရင်း ကို သူပဲမှတ်တော့ သူပဲသိပြီး ကောင်းကောင်း လိမ်ပြီး ဘောက်ချာ ဆွဲလို့ ရတာကိုး။
ကုလား နဲ့တရုတ် အဆင်မပြေ တာက သုံးဦး စပ်ဖြစ်ပြီး လေးငါးနှစ် ကြာတော့ တောင်သူ ထုတ်ငွေကို တရုတ်ကပဲ တစ်ဦးတည်း ထုတ်တော့ တယ်။ အဲဒီအချိန် မှာ ကုလားက ဟိုဘက်မှာ ဗီဒီယို အငှား/အရောင်း၊ အကူး/အပြတင်မက ထုတ်လုပ်ရေး ကိုပါ ခြေလှမ်း လှမ်းလာတယ်။ ဒီဘက် ပွဲရုံဘက်ကို ငွေအား မစိုက် ချင်တော့ဘူး။ တရုတ် တစ်ဦးတည်း တောင်သူချေးငွေ ထုတ်တော့ ကုလား တာဝန်ယူတဲ့နှစ်မှာ တောင်သူတွေ ငွေထုတ်ပြီ ဆို ကုလားက တရုတ်အိမ် ကို ငွေသွား သွားယူ ရတယ်။ အဲဒီမှာ တရုတ်က  အကြိမ်ကြိမ် ပညာပြတော့တာပေါ့။ ဥပမာ … မနက်ဖြန် (၁ဝ) နာရီ လာယူပါဆို အိမ်မှာ အရန်သင့်မရှိ။ အကြောင်း အမျိုးမျိုး ပြပြီး ၁ နာရီ ကျော် ကြာမှ ပြန်လာတယ်။ ကုလား မှာ ဧည့်ခန်း ကုလားထိုင်မှာ တစ်ရေး ကိုရလို့။ အိပ်စောင့်ရတာ။ ဒါမျိုးတွေ အကြိမ်ကြိမ် ဖြစ်လာတော့ ကုလားက သုံးဦးစပ် ပွဲရုံက ထွက် သွားရော။ သူ့မှာလည်း ဟိုဘက်က အဆင်ပြေ ပြီးတာပဲဟာကို။
ကြားက ညပ် သွားတာက ကျွန်တော်တို့။ ရပ်ကွက်ထဲမှာ ”ခိုင်ရွှေလီ” က ကုန်ဝင် ကြမ်းတယ် ဟေ့နဲ့ ပွက်ရေလောက မှာ နာမည် ကြီးလိုက်ပေမဲ့ တကယ်တမ်း ချမ်းသာ သွားတာ က တရုတ်နဲ့ ကုလား။ ကုလားက ဒုက္ခရောက်စဉ် မှာ ကူညီ ခဲ့ပြီး အလုပ်ဖြစ် သွားတာ မုဒိတာ ပွားလို့ရပေမဲ့ တရုတ် လူလည် ကျသွားတာ ကတော့ ကျွန်တော် တို့ ညံ့လွန်း အားကြီးလို့လို့ ပြောရမှာပါ။ အထူးသဖြင့် ကျွန်တော် လို့ ပြောရ မှာပါ။
အသက်နှစ်ဆယ်ကျော် တက္ကသိုလ် ကျောင်းသား တစ် ယောက်ပဲ ကိုယ့်အိမ် စီးပွားရေးကို နည်းနည်းတော့ စိတ်ဝင်စားရမှာ ပေါ့။ မဟုတ်ဘူး …၊ ဆိုင်ကယ် တစ်စီး နဲ့ လျှောက်ဝေ့၊ ပြန်လာရင်  အိပ်ခန်းထဲက မထွက်၊ စာယောင် ယောင်၊ ဘာမှ ဟုတ်တိပတ်တိ မဟုတ်။ နောက်ဆုံးနှစ်လည်း ရောက်ရော အိမ်ပေါ်က ဆင်းပြီး အဆောင် မှာ သွားနေရတော့မှ ဟ … ဘာဖြစ်တာလဲ ဟနဲ့ မျက်ကလဲ ဆန်ပျာ ဖြစ်တော့တာ။
ဇာတ်လမ်း စတာကတော့ ဖေဖေရဲ့ ကြံခင်းစိုက်တဲ့ လုပ်ငန်းက။ သစ်မှုနဲ့ ထောင်ကျ ပြီး ပြန်ထွက်ခဲ့ တော့ သစ်စက် မလည်တော့ဘဲ ကြံခင်း စိုက်တာ မြေဧက နည်းနည်း နဲ့ တစ်နိုင် တစ်ပိုင်လေးပါပဲ။ ပွဲရုံ လုပ်ငန်းကို တရုတ်ဝင် လာတော့ တရုတ်က  သဘောကောင်းကောင်း နဲ့ ငွေအတင်း ချေးတယ်။ မြေဧကများ များဝယ်၊ များများ စိုက်၊ ငွေ အတွက် ဘာ မှမပူနဲ့ပေါ့။ စိုက်တယ်၊ ယူတယ်။ ဧက လေး ငါးခြောက်ဆယ်၊ ဒါ ပထမ။
အခြေအနေလေး နည်းနည်း ကောင်းချင် လာတော့ တရုတ်က သူတို့ အတွက်ပါ ဧကငါးဆယ် လောက် တာဝန်ယူ စိုက်ပေးပါဦးဆို တော့ အိုကေပေါ့။ စာရင်း စာအုပ် ကိုတော့ ၂ အုပ် ထားရတယ်။ ကိုယ့် အခင်း အတွက် ချေးငွေနဲ့ စာရင်းက ၁ အုပ်။ သူတို့ဧက ငါးဆယ်အတွက် စာအုပ် ၁ အုပ်။ ပထမတော့ ဟုတ် သလိုလိုနဲ့ ထွက်သမျှ ကုန်တွေကို လည်း သူတို့ပဲ ကိုင်ထားပြီး နှစ်ကုန် လို့ စာရင်း ရှင်းတော့ အမြီးနုတ်၊ ခေါင်းနုတ်နဲ့ ဆင့်ပါးစပ် နှမ်းပက် သလောက်။ စာရင်း ဇယားတွေ နိုင်သွား ပုံများ။ ကိုယ့် အခင်းက ထွက်တဲ့ကုန် အိမ်အောက်မှာ ကုန် ချိန်လို့အော်တဲ့ အသံကို အပေါ်ထပ် ကနေ တိတ်တဆိတ် ခိုးပြီး မှတ်ခဲ့ရ တယ်။
တစ်ခုသော နှစ်။ ကြံတောင်သူ တွေ ခွက်ခွက် လန်အောင် ရှုံးတဲ့နှစ်။ တချို့ဆို ကြံပင်တွေ မကြိတ်ချက် တော့ဘဲ (ကြိတ်ရင်လည်း ကုန်ကျ စရိတ်နဲ့ ပြန်ရငွေက အီကွဲ(လ်) တူပဲ ဆိုတော့) မီးရှို့ လိုက်ကြတဲ့နှစ်။ အဲဒီနှစ်မှာ နင့်ခနဲ နေအောင် ရလိုက် တာက အကြွေးတွေ။ နောက်နှစ်ကျ တော့ လှပတဲ့ စကားလေး တစ်ခွန်းနဲ့ ကြံခင်း ရှင်ကြီး ဖြစ်သွားပါတယ်။
”ကိုဘမှန်ရယ် .. ခင်ဗျား လည်း အသက် ကြီးလာပြီ၊ တစ်နှစ် ကုန်တိုင်း စာရင်း စာအုပ် ကလေး ကိုင်ကိုင်ပြီး လာလာ ရှင်းရှင်းနေရ တာ ပင်ပန်းပါတယ်။ အဲဒီ ကြံခင်း တွေအကုန် (ဧက ၁ဝဝ ကျော်) ခင်ဗျားပဲ ယူလိုက်ပါတော့ဗျာ” တဲ့။
လှလိုက်တဲ့ စကားနော်။ မသိ ရင်တော့ ကောင်းလိုက် တဲ့စေတနာ လို့ ထင်စရာ။ အဲဒီ အချိုနောက်မှာ အခါးတွေ ပါလာမှန်း သိသိကြီးနဲ့ မျိုချ လိုက်ရတယ်။ အဲဒီတုန်း က ရွှေလီ နယ်မှာတော့ ကျွန်တော်တို့ ဖေဖေက နာမည်ကြီးပေါ့။ မြို့မှာ လည်း ပွဲရုံ နဲ့တောမှာလည်း ဧရာမ ကြံခင်း ပိုင်ရှင်ကြီးပေါ့။
နောက်ထပ် တစ်နှစ် လည်း တိုးရော မြို့ပေါ်က အိမ် တရုတ်ကို ထိုးအပ် လိုက်တာပဲ။ ဖေဖေပြောတာ ကတော့ ပိုင်ဆိုင်မှု ချင်း လဲလိုက် တာပါတဲ့။ အဲဒီနှစ်က ကျွန်တော် နောက်ဆုံးနှစ်။ အဆောင်မှာ ပြောင်းနေလိုက် ရတဲ့နှစ်။ ကျွန်တော့် အစ်မ ငယ် ရွာပြန်ပြီး ဈေးပြန်ရောင်း ရတဲ့နှစ်ပေါ့။
ကျွန်တော့်မေမေ ကတော့ သူဆိုနေကျ ‘ဘဝသံသရာ’ သီချင်း လေးကိုပဲ တညည်းညည်းနဲ့။
”ပူလို့ ခုန်ဆင်းပါတယ်၊ မီးပုံ ထဲ ကျသွားတယ်”
ဒီစကားကို ပြောလာတာက ကျွန်တော့် ဖေဖေ။
တကယ်တော့ ဘဝ ဆိုတာ ဖြစ်ချင်တာတွေ မဖြစ်ရတာ ကိုများ ခေါ်ဆိုလေသလား မသိ။ ဒီခရီးကို သွားရင် ဒီဟာတွေ နဲ့ တွေ့မယ် ဆို တာ ကြိုသိထားပေမဲ့ ဟိုဟာတွေ နဲ့ လည်း ဆုံရသ လိုမျိုးပေါ့။
”တကယ်ဖြစ်ချင် တကယ် လုပ် အဟုတ် ဖြစ်ရမည်” ဆိုတဲ့ ဆောင်ပုဒ် လေးကလည်း စာနဲ့ရေး၊ စိတ်နဲ့ဖတ် ရတာ အားရှိလိုက်တာ၊ တက်ကြွမှု ရှိလိုက်တာ။ တကယ်တမ်း ပန်းတိုင် ကို ရောက်ဖို့တော့ သိပ်မလွယ်ကူ။ ဘဝ တစ်ခုမှာ ကိုယ်ဖြစ်ချင်တာ ကို လွယ်လင့်တကူ ရရှိ ပိုင်ဆိုင်သွားကြ တာ ဘယ်နှယောက် များရှိလို့လဲ။ ပိုင်ဆိုင် သွားကြတဲ့ လူတွေ ကရော ဘယ်လို အခက်အခဲ၊ ဘယ်လို အတား အဆီးတွေကို၊ ဘယ်လောက်တောင် များ ကျော်ဖြတ်ခဲ့ ရသလဲ။ ကျွန်တော် မသိသလို ဘယ်သူမှ လည်း သိနိုင် မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဘဝ ရဲ့ ခရီးကိုတော့ ကိုယ်တိုင် ကျော်ဖြတ် မှ ကိုယ့် ကိုယ်ကိုယ် အားကိုးနိုင်မှ ခရီး အဆုံးထိ ရောက်နိုင်မှာပါ။ ဘယ်နေရာ မှာ ခရီး ဆုံးပြီလို့ သတ် မှတ်ဖို့ကတော့ တစ်ဦးနဲ့ တစ်ဦး ထပ် တူညီနိုင်ဖို့ မလွယ်ကူလှပါ။
တရုတ်ကို အိမ်လေးအပ်ပြီး တောထဲက ကြံခင်းမှာ အောင်းလိုက် တာ အတိအကျဆို တစ်နှစ်ခွဲလောက် ကြာတယ်။ ကုန်ပေါ်ချိန်ရောက် တော့ စဉ်းစားရတော့တယ်။
ဘယ်သူ့ ပွဲရုံကို ပို့ရမလဲ၊ ဘယ်လို ရောင်းမလဲပေါ့။ နောက်ဆုံးတော့ အိမ်ရှိ လူကုန် လက်ဝတ် လက်စား လေးတွေ ထုခွဲပြီး မြို့ပေါ်ပြန် တက် လိုက်တယ်။ ကိုယ့်ရှိ တာလေး နဲ့ သင့်တော် တဲ့မြေနေရာလေး ကမန်း ကတန်း ဝယ်လိုက်တဲ့အိမ်က အမွေမှု ရင်ဆိုင်နေ ရတဲ့အိမ်တဲ့။ နောက်မှ သိရတာပါ။ ဖေဖေ ကတော့ ”ပူလို့ ခုန်ဆင်း ပါတယ် မီးပုံ ထဲကျသွား တယ်” လို့ ညည်းတာပေါ့။
ကဲ … မတတ်နိုင်ဘူး။ ရင်ဆိုင်နေ တုန်း ဆိုလည်း ရင်ဆိုင်ရုံ ပေါ့။ လောလောဆယ် လူအတွက် ကျော တစ်နေရာစာ ဆိုတာ ထက် တစ်နှစ်ကျော်လောက် တော ထဲ အောင်း ထား ရတဲ့ ကိုယ့်ချွေးနှဲစာ လေးများ ကိုယ့်စိတ် နဲ့ကိုယ် ရောင်းချ နိုင်ဖို့ အတွက် ဆိုပြီး မျက်စိကို စုံမှိတ် ပြီး မြို့ပေါ်ကို ပြန်တက်လာခဲ့ တယ်။
စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနဲ့ ကွေကွင်း ရပါလို ၏လို့များ ဆုတောင်း မှားခဲ့လေ သလား။ နှစ်ပေါင်း သုံးဆယ်ကျော် ဖြစ်ပျက် ခဲ့ပြီး သွေးအေးနေ တဲ့အမွေ အမှုက ကျွန်တော်တို့ ဝယ်ပြီး ကြည့် ကောင်းရုံလေး ပြင်ဆင် လိုက်တော့ မှ အုန်းအုန်း ကျွက်မျှ တစ်စခန်း ထလာ လိုက်တာ။ ဘယ်နေ့ ထွက်ပေး ရမ လဲ၊ နို့ တစ်စာ လာကပ်မယ်တဲ့။ မောင်းထုပြီး ထွက်ပေးရ မှာတဲ့နဲ့။ စိတ်တွေ တထိတ်ထိတ် နဲ့ အိပ်ရေး ပျက်ခဲ့ရတယ်။
အမှုရင်ဆိုင်နေ ရတဲ့ မြေနေရာ ဆိုတော့ နေဖို့ထိုင်ဖို့ အဆောက်အဦ ကိုလည်း ခိုးကြောင် ခိုးဝှက် နဲ့ နေဖြစ် ရုံလေး ဆောက်လိုက် ရတော့ လေပြင်း တိုက်ရင်လည်း စိုးရိမ် ရ၊ မိုးသည်းရင် လည်း အိပ်မရ ဆိုတာမျိုး ကို လေးငါးခြောက်နှစ်လောက် ရင်ဆိုင် ခဲ့ရတယ်။
ပြီးခဲ့တဲ့ မိုးတွင်းကြီး ထဲမှာ ကျွန်တော့်မေမေ ရောက်လာတယ်။ ကုန်စုံဆိုင် နဲ့ စာအုပ်ဆိုင်လေး ကြား မှာ ခြားထားတဲ့ ရေတံလျှောက် က မလုံတော့ (အိမ် လည်း ပြင် မဆောက် နိုင်သေးချိန်) ခါတိုင်းနှစ်တွေမှာ ဆို ဆောင်းတွင်း လောက်မှာပဲ လာတတ် တယ်။ ခုတော့ နှစ်ပေါင်း သုံးဆယ် ကျော် ရင်ဆိုင်နေ ရတဲ့ အမှုကြီးလည်း ပြီးသွား ပြီဆိုတော့ ဝမ်းသာ အားရ ရောက်လာတယ်။ ပျော်ရွှင်စွာ မိသားစု တွေ့ဆုံကြတယ်။
လအနည်းငယ် ကြာတော့ လက်ရှိ မန္တလေးမှာ နေထိုင်တဲ့ ကျွန်တော် တို့မောင်နှမ နှစ်ယောက် ရဲ့ ဘဝကို အနီးကပ်တွေ့မြင်သွား တယ်။
”သားလေးရယ်၊ အမေက သားကို ကြီးကျယ် ခမ်းနားတဲ့ ထိုင်ခုံ ကြီး တစ်လုံးမှာ ခန့်ခန့်ကြီး ထိုင်စေ ချင်ခဲ့တာ၊ ခုတော့ … ကွယ်”
ကျွန်တော့်မေမေ တိုးတိုးဖွဖွ လေးရေရွတ်ရင်း မျက်ရည်တွေ ဝဲပြီး ပြောတယ်။ ကျွန်တော့် စာအုပ်ဆိုင် လေးနဲ့ အစ်မရဲ့ကုန်စုံဆိုင် အပြင် ဘက် ဆိုင်ခန်းနှစ်ခု အစပ်မှာ မတ်တတ် ကလေးရပ်ရင်း ကျွန်တော် စာအုပ် ငှားနေစဉ် ငှားသူများနဲ့ ပြောဆို ဆက်ဆံနေတာ များကို ငေးမောရင်း ကြေကွဲနေရှာတယ်။
သြော် … မေမေရယ်၊ ထိုင်ခုံဆိုတာ ကြီးတယ် ငယ်တယ်၊ ခမ်းနားတယ်၊ သေးသိမ်တယ် အဓိက မကျပါဘူး။ လိပ်ပြာလုံဖို့ သာ လိုတာပါ မေမေ၊ ဖိအားနည်း ပြီး စိတ်ပျော် ဖို့သာ အဓိကပါ။ သား ပျော်ပါတယ် မေမေ၊ လက်ရှိရောက် နေတဲ့ ကိုယ့်ဘဝ ကိုယ် ကျေနပ်ပါ တယ်။ ခုချိန်မှာ သားအလိုချင် အတောင့်တဆုံး အရာဟာ ဘယ် အရာ လို့ မေမေ ထင်ပါသလဲ။
အောင်မြင် ထင်ရှားတဲ့ အနုပညာရှင် ကြီးလည်း မဟုတ်ဘူး။ သိန်းထောင်ချီအောင် ချမ်းသာတဲ့ စီးပွားရေး သမားကြီးလည်း မဟုတ် ပါဘူး။ သားအတွက် နဲ့ သားတို့ မိသားစု ကြီး တကွဲတပြား စီဖြစ်သွား ခဲ့တာ ခုဆို နှစ်ပေါင်းနှစ်ဆယ်ကျော် ခဲ့ပြီနော်။ ဖေဖေတို့ မေမေ တို့လည်း ခုနစ်ဆယ်ကျော် လာပြီပဲ။ ပြီးတော့ သား တို့မောင်နှမ သုံးယောက်လုံး လည်း ဘဝ ခရီးလမ်းကို ခံစားမှု မျိုးစုံနဲ့ ဖြတ်သန်းနေ ရတာမို့ နောက် ဘဝတစ်ခု အသစ်ကို မစဉ်းစားရဲခဲ့ ဘူး။ ဒါကြောင့် သူစိမ်း ဆိုတာ လည်း သားတို့ ဘဝထဲမှာ မရှိခဲ့ဘူးလေ။
ခု လာမယ့်နှစ်လောက် ဆိုရင် တော့ သားတို့ မိသားစု တစ်စု တစ်စည်းတည်း နေနိုင်တော့မှာပါ။ အဲဒီ အရာကိုပဲ (အဲဒီဆု) ကိုပဲ သား လိုချင်ပါတယ်။ တစ်နှစ် တည်း ပါ နော် … မေမေ။ ရွာမှာ မေမေ ရှိစဉ် ဖုန်းလှမ်းဆက်တဲ့ အခါ ဖုန်းထဲ မှာ သားပြောပြော တတ်တဲ့ စကား တစ်ခွန်း ကိုပဲ ထပ်ပြောပါရစေ မေမေ။
”မေမေရေ … ကျန်းမာရေး ဂရုစိုက်ပါနော်၊ သိပ်မကြာတော့ပါ ဘူး။ သားတို့ အတူနေနိုင်တော့မှာ ပါ။ သားတို့ မိသားစုရဲ့ ဘဝ ခရီးလမ်း က ဆူးတောတွေ ပျောက်ပြီး ပန်းခင်း တဲ့လမ်းကို မကြာခင် ရောက်တော့ မှာပါ။ အဲဒီတော့မှ သားတို့ မိသားစု တစ်ယောက်ချင်း ကမ္ဘာမြေကြီးကို နှုတ်ဆက် ထွက်ခွာသွား ကြမယ်လေ နော်”
လွန်းမောင်မောင်
၁၃၇၅ ခုနှစ်၊ ပြာသိုလတွင် အသက် ၇၁ နှစ်ပြည့်ခဲ့သော မေမေသို့
ဘာမှမထူးတဲ့ဇာတ်
$
0
0
ဘာမှမထူးတဲ့ဇာတ်
အသံတွေ ပိုပြီးကျယ်လောင်မြင့်မားလာတယ်
လေကွယ်ရာကို အသေအချာရွေးထိုင်ခဲ့ပေမဲ့
ခဏတိုင်းလာလာမှန်နေတဲ့ စကားလုံးတွေက
ဒဏ်ရာတွေဗရပွနဲ့
ကြေးအထပ်ထပ် ပုပ်အဲ့အဲ့အာခံတွင်းထဲ
နေနေရမယ့်အစား
တံတွေးခွက်ထဲ ပက်လက်မျောနေတာမှ
ရုန်းထွက်ခွင့်ရှိသေးတယ်
ထိတွေ့သမျှကလည်း မပျော်ဝင်ဘူး
စိတ်ကူးနဲ့လည်း ထပ်တူမကျဘူး
အဟောင်းတွေက အသစ်ဖြစ်နေပြီး
အတုတွေက အစစ်နေရာယူ
ဘာမှထူးမလာတဲ့ ဇာတ်လမ်းတွေထဲ
ခေါက်ရိုးကျိုးခဲ့ရနှစ်များ
မြစ်အိုကြီးက ပိုပိုအိုလာတယ်
မြို့ဟောင်းကြီးက ပိုပြီးဟောင်းလာတာပဲ အဖတ်တင်
မသေချာမှုတွေက တဖြည်းဖြည်းဖုံးလွှမ်း
ငတ်မွတ်မှုဝေဒနာတွေသာ ထွန်းကားလာခဲ့
မှောင်လွန်းလို့ ရပ်လိုက်တာလား
ရပ်လိုက်မှ ပိုမှောင်လာတာလား
လေးလွန်းလို့ လွှတ်ချလိုက်တာလား
လွှတ်ချမှ လေးမှန်းသိတာလား
မောပန်းလွန်းလို့ ရေတစ်ပေါက်လောက်
တမ်းတမိတာလား
တမ်းတလိုက်မှ ပိုပိုမောလာတာလား
အပွဲပွဲနွှဲခဲ့ပေမဲ့
နွှဲခဲ့တဲ့ ပွဲတိုင်းမှာ ဘယ်တော့မှ
အမှန်တရားက ငါ့ဘက်ပါမလာဘူး။    ။
မောင်ဇော်ဝင်း(မန္တလေး)
ဖြောင့်ချက်
$
0
0
 ဖြောင့်ချက်
မြေကြီးလက်ခတ်မလွဲခဲ့တာတောင်
မသဲကွဲတော့ဘူး။
အခု….
တစ္ဆေရိပ်တို့ရဲ့ အမှောင်ဟာ
တစ်ချိန်က…
ငါတို့ မိုက်မဲစွာ ဖွက်ပစ်ခဲ့သောအလင်း။
မင်းနဲ့ငါ…
အဓိပ္ပာယ်ကောက်မှားခဲ့သော ချစ်ခြင်းမေတ္တာ
ဓားစာခံမြေစာပင် ကလေးရဲ့
စိတ်ဒဏ်ရာ အနက်အရှိုင်းက ဘယ်လောက်လဲ။
တွေးတိုင်း…
နောင်တတရားရဲ့ ဒီရေလှိုင်းဟာ
ငါ့စိတ်ကမ်းပါးကို တရိရိတိုက်စားတိုင်း
ငါတို့နှလုံးသားတွေဟာ…
လူသားဖြစ်ကြောင်းမှ နှုတ်ထွက်သင့်ပါသလား။
ကိုယ်တိုင်မကျူးလွန်ဘဲ
စွန်းထင်းခဲ့ရ မြေစာပင်လေး
မင်းလိုပုံပြင်ရယ်လေ…
ကမ္ဘာကြီးထဲမှာ နောက်ထပ်ဘယ်နှပုဒ်လောက် ရှိဦးလေမလဲ။
သဲဖြူဆောင်း
မနက်ဖြန်ဟာ စတင်ပြီး
$
0
0
 မနက်ဖြန်ဟာ စတင်ပြီး
အလင်းတစ်ခု ချေဖျက်မိသလို
ခွက်ထဲပျော်ဝင်မှုဟာ
သင်ယူခြင်းများစွာနှင့်
မနက်ဖြန်ဟာ
အကြောင်းရာကို တစ်ဆင့်တက်ပြီး
အကြောင်းနှင့်အရာကြား
ပိုင်းဖြတ်ခဲ့သမျှ….
စိတ်လွတ်လက်လွတ်
ပေါ့ပေါ့ပါးပါး စီးမျောလိုက်ကြ။        ။
လင်းမြတ်အိမ်
မြစ်ကျိုးအင်းရဲ့လှိုင်းပုတ်သံ
$
0
0
 မြစ်ကျိုးအင်းရဲ့ လှိုင်းပုတ်သံ
ပြာဖုံးနေတဲ့  မီးခဲဘဝ
တံတွေးစတွေနဲ့ ပက်ဖျန်း
အထက်တန်းမကျတဲ့ စိတ်ဓာတ်တွေ
ကောက်ကျစ်မှုတွေဝေဖြာလို့
စေတနာ…
ဝါသနာ…
အနစ်နာ…တဲ့
ရင်မှာ တဆစ်ဆစ် နာနေတုန်းပဲ။
ပီတိကိုစားမှာလား
အဝီစိကို သွားမှာလား
ပြောင်းပြန်စီးမြစ်ရဲ့လားရာဟာ
သမုဒ္ဒရာတော့ မဟုတ်
အဲဒီထက် အနက်ရှိုင်းဆုံးတစ်နေရာ။
သူ့ဂါထာ မန္တရားတွေနဲ့
ငါ့ပစ္စုပ္ပန်တွေကို အိပ်မွေ့ချ
တစ်ရေးနိုးလို့ ထအကြည့်မှာ
အနာဂတ်တွေက
နေဝန်းနီနဲ့အတူ
တောင်စွယ်မှာ မေးတင်လို့
နပိုလီယံကို ပြေးမြင်မိတယ်။    ။
အကွက်ချစီမံထားတဲ့ ပုံစံခွက်ထဲမှာ
ငါဟာ အဖြည့်ခံ မှန်တစ်ချပ်
ကိုယ့်ဘဝကိုယ်တောင် မမြင်တတ်ခဲ့ဘူး
ဒါပေမဲ့…
တူညီတဲ့ တုံ့ပြန်မှုတော့ ပေးတတ်တယ်။
အမြင့်ဆုံးထိတက်ဖို့
ဘယ်မှာလဲ ငါ့လှေကား
သူတို့တွေ ဖွက်ထားခဲ့ကြတယ်…
အတောင်တွေ ရိုက်ချိုးပြီးပြီပဲ
ဘာ့ကြောင့်လှောင်အိမ်ထဲ
ထည့်ချင်သေးတာလဲ
လက်ချောင်းတွေ အဖြတ်ခံရပြီးမှတော့
လက်စောင်းဆိုတာလည်း
မထက်နိုင်တော့ပါဘူး…
မျက်မှန်စိမ်းတစ်လက်အောက်မှာ
ကျွေးခဲ့တဲ့ မြက်ခြောက်တွေအတွက်
တစ်ဘဝလုံးနဲ့ စတေးခဲ့တယ်။
ဟောဒီမှာ…လက်ညှိုးတစ်ထောင်။
နန္ဒာနောင်မိုး(ဆင်ဖြူကျွန်း)
ရဲမင်းထိုက်၊ ရဲရင့်လင်္ကာ တစ်ယောက်တစ်ခွက် အရှုပ်အရှင်း Link များ
$
0
0
 ရဲမင်းထိုက်၊ ရဲရင့်လင်္ကာ တစ်ယောက်တစ်ခွက် အရှုပ်အရှင်း Link များ
ကိုယ်တို့မပျော်ရွှင်ခဲ့ပါဘူး…ပျော်ရွှင်မှုကို အရစ်ကျပေးဝယ်မှုနဲ့ တနင်္ဂနွေနေ့ညတိုင်း
ဂုဏ်ပုဒ်တစ်ခုကို တပ်ဆင်လို့ရအောင် … ဖြတ်သန်းခဲ့ပါတယ်…
အများအမြင်မှာ ဆိုးသွမ်းမှုတစ်ခုအနေနဲ့ပေါ့…
တချို့က ရယ်မောတယ်…တချို့က သာယာတယ်
တချို့က လှောင်ပိတ်မှုတွေကနေ လွတ်ထွက်ချင်တယ်…
အခု
အခြေအနေပေးရင် စိတ်ခံစားမှုတွေကို
တစ်ခုပြီးတစ်ခု လှန်လှောရှာဖွေကြရင်း
ကိုယ်တို့ရဲ့ ပျက်နေတဲ့အကြောင်းတွေ…ပြင်နေရတဲ့အချိန်
ဘဝရဲ့ ကျောရိုးလေးတွေ တဆစ်ဆစ်ကိုက်တယ်…
နောက်မလှည့်ချင်ဘူး…ဘဝက သူရေးတဲ့စာရွက်ကို
သူကိုယ်တိုင်ဝှက်ဝှက်ထားတဲ့အခါ ….ကိုယ်တို့
အနိုင်ဖဲကို မကြည့်နိုင်ခဲ့ဘူး
သူလည်း သူ့အရွယ်နဲ့…ကိုယ်လည်းကိုယ့်ခံစားချက်နဲ့…
ငယ်ဘဝအကြောင်းတွေကို ပြန်မပြောကြေး
လမ်းလျှောက်တဲ့အခါ ဂီယာထိုးမှထွက်
စတင်လျှောက်လှမ်းတယ်ဆိုတဲ့အကြောင်းတွေလည်း မပြောကြေး…
လွယ်အိတ်နဲ့အရွယ် လိုချင်တာဟာ ဒါပါလို့လည်း မပြောကြေး
အခု ရောစပ်မှုနဲ့စတင်မယ်… အရောင်မရင့်နဲ့
အကြော်အလှော်တွေလည်း နည်းနည်းပါးပါး
အစပ်အဟပ်မတည့်မှုနဲ့ စတင်ဖွင့်လှစ်လိုက်မယ်…
ဒါဟာ ပျော်ရွှင်မှုကို အရစ်ကျပေးဝယ်မှုပေါ့။    ။
ရဲရင့်လင်္ကာ
ကြက်ခြေခတ်ဘဝများ
$
0
0
 ကြက်ခြေခတ်ဘဝများ
စက်သေနတ်သံတွေ ရပ်စဲသွားချိန်
ယမ်းငွေ့တွေပျောက်ကွယ်သွားချိန်
ကျွန်တော့်ဘေးမှာ အဖေမရှိတော့ဘူး
ညီမလေးဘေးမှာ အမေမရှိတော့ဘူး
ညီမလေးရဲ့ စူးစူးဝါးဝါးအော်ငိုသံအောက်မှာ
ကောင်းကင်တစ်ခုပြိုကျသွားပြီဆိုတဲ့ အကြောင်း
ကျွန်တော့်နှလုံးသားက အချက်ပေးတယ်
ကျွန်တော်တို့နေခဲ့တဲ့ အိမ်လေးကအဝေးမှာ
တောင်ယာခင်းလေးက အဝေးမှာ
ခုဆို…
အဖေနဲ့အမေကလည်း
အဝေးဆုံးကို ထွက်ခွာသွားကြပေါ့
ဝမ်းနည်းစရာတွေကို ချရေးလိုက်တိုင်း
မျက်ရည်က အလိုလို သွန်ကျလာတယ်
ညီမလေးရဲ့ပုံဆွဲစာအုပ်ထဲမှာ
အဖေအမေတို့ရဲ့ပုံတွေနဲ့ ပြည့်နှက်လို့
တစ်ခါက မိသားစုထမင်းဝိုင်းလေးဟာ
ကျွန်တော့်အိပ်မက်ထဲကို
အကြိမ်ကြိမ်ရောက်ရောက်လာတယ်
‘စစ်’တဲ့…
ကျွန်တော်တို့ဘဝတွေကို
အမှောင်ချသွားခဲ့ပြီ။    ။
ဒွန်သီဟ(ငဖဲ)
ဒီနှစ်တော့ လှူဖြစ်ပြီ
$
0
0
မောင်မြင့်လည်း ဒီရွာသားပါပဲ။ ဒွေးလေးတို့ ဒီနှစ် လှူဖြစ်တယ်ဆို လို့ သူ့ဆရာကို ခွင့်တောင်းပြီး ရွာ ကို ကြိုလာခဲ့တာ။ အခုလို သံဃာ စင်ပေါ် ထင်တိုင်း ကြဲနေကြ တေ တာ့ သူမြင်ဖူးကြုံဖူးဟန်မတူ။ ထင်တိုင်းကြဲတယ်ဆိုတာ မတရားတဲ့ စကားတွေပြောနေတာကို နားကြား ပြင်းကပ်တာပေါ့။ ဒီစကားဝိုင်းကို ဘိုးတော်က ခပ်ထောင်ထော င် ပြောနေကတည်းက ဘယ်ကောင်း နိုင်တော့မှာလဲ။ ပထမတစ်ခါတော့ ဒွေးလေးတို့စိတ်တိုင်းကျ ပြင်ဆင် ပေးလိုက်တဲ့ ရေနွေးကြမ်းနဲ့ လက်ဖက်ပွဲတွေကို သူကော င်း ကောင်းမွန်မွန် ပို့ပါတယ်။ ဒုတိယ တစ်ခါလည်း ဒွေးလေးက” မောင်မြင့်ရေ စင်ပေါ်ကဆရာ တွေ ရေနွေးနည်းရော့မယ်” ဆိုလို့ သူပဲ လေးလေးစားစား ပို့ပေး လိုက် ပါသေးတယ်။ ဒီတစ်ခါ တော့ မောင်မြင့် မယောင်မလည်နဲ့ စကားဝိုင်း နောက်နားမှာ တင်ပလွှဲ ဝင်ထိုင်ရင်း စနည်းနာမိတယ်။ ထိပ် ကထိုင်ပြီး ခန့်ခန့်ညားညား အာပေါင်အာရ=င်းသန်သန်နဲ့ ပြော နေတာ ဘိုးတော်ဆိုပါလား။ သူ့စားကျက်ဖြစ်တဲ့ ဘယ်ဒေသကို ရည်ရွယ်ပြီး ပြောနေတာလဲဆိုတာ ကိုတော့ ခန့်မှန်းမရသေးဘူး။ ဒါပေမဲ့ သူ့စကားထဲမှာ သူ့ဓာတ်နန်း က ပရိသတ်စည်ကားတဲ့အကြောင်း၊ ဓာတ်စီးအကြိမ်ရေ ပြည့်ဝသွားတဲ့ နှစ်ဦး၊ သုံးဦး ချမ်းသာသွားကြတဲ့ အကြောင်းတွေ ရွှန်းရွှ န်းေ ဝအောင် ပြောနေလေရဲ့။
သူ့အနားက တစ်ယောက်ကလည်း”ဟိုတစ်ယောက် ကျန်သေးတယ်လေ ဘိုးတော်” ဆိုတာရော ”ဒေါ်မြ ချစ်ကြီးကလည်းသူ့ရွှေတွေ နှစ်ဆတိုးသွားလို့ နတ်ကနားကြီးပေးတာရော” ဆိုတာတွေနဲ့ ဘေးတီးပေးနေ တယ်။သူတို့အနားမှာ ခေါင်းကြီးငုံ့ပြီး နားထောင်နေတဲ့ ဆရာတောက်က ဘိုးတော်ကို မေးခွန်းတစ်ခုမေး တယ်။”စိတ်ကြောင့် ရုပ်က ပြောင်းလဲ တယ်ဆိုတာ ဟုတ်ပါသလား ဘိုး တော်” တဲ့။ ဘိုးတော်က သူ့ဒူးကို လက်ဝါးနဲ့ ပုတ်လိုက်ရင်း” သိပ်ဟုတ်တာပေါ့ ဆရာ တောက်ရာ ကျုပ်ရဲ့ကျန်းမာမှုကိုပဲ ကြည့်လေ။ ကျုပ်ရဲ့စိတ်ဓာတ်က ခန့်ညားမြင့်မြတ်နေလို့ပေါ့ဗျာ” လို့ ဝင့်ကြွားစွာပြောတယ်။”ဒါဖြင့်ရင် ဘိုးတော်အခုလို စိတ်ချမ်းသာနေတာ စိတ်ကြောင့် လား၊ ရုပ်ကြောင့်လား” လို့ ထပ်မေးတော့” ဒါကတော့ ဆရာတောက်က လည်းဗျာ စိတ်နဲ့ရုပ်ကိုချည့် ပြောနေ လို့ ဘယ်ရပါ့မလဲ၊ မိမိရဲ့ လုပ်ရဲ ကိုင်ရဲတဲ့ စွမ်းရည်သတ္တိလည်း လို တာပေါ့။ အဲဒီပေါ်မှာ တည်ပြီး ချမ်း သာမယ်။ ကိုယ်ချမ်းသာမှုပေါ်မှီပြီး စိတ်လည်းချမ်းသာလာတယ်။ အပြန်အလှန်ပေါ့” တဲ့။မောင်မြင့် စဉ်းစားမိတာက တော့ မေးတဲ့မေးခွန်းက ချွန်တွန်း လုပ်သလိုလို မြှောက်ပင့်ပေးသလိုလို ချည်းဖြစ်နေတာရယ်၊ ဖြေတဲ့ ဘိုးတော်ကလည်း ကံ၊ စိတ်၊ ဥတု၊ အာဟာရလေးပါး မျှဖြေရမှာကို ကိုယ်ရည်သွေးပတ်မကြီး ဇောင်းပေး တီးသလို ဖြစ်နေတယ်။
မောင်မြင့် သိထားတာက ဆရာတောက်ဆိုတာ ရွာနားပတ်လည် ဘယ်ဘုန်းကြီးနဲ့မှ မတည့်တဲ့ ရုပ်ကြမ်းဝါဒီသမားကြီးပါ။ ဒီပွဲမှာ သူ့လေသံတွေဟာ နူးညံ့လို့ပါ လား။ ဆရာတောက်နောက်က နှစ်ယောက်ကလည်း ခေါင်းကြီးတွေ ငုံ့လို့ နှုတ်ဆိတ်နေတယ်။အခုမှ သစ္စာဝါဒီဆရာနီက ခေါင်းမော့လာတယ်။” ဘိုးတော်ကို ကျွန်တော် တစ်ခုလောက်မေးပါရစေ ခင်ဗျား””မေးပါ မေးပါ ဆွေးနွေးကြ တာပေါ့””ဘိုးတော်ဟာ မြန်မာဗုဒ္ဓ ဘာသာပီပီ ကံကို ယုံပါတယ်နော်”” ယုံပါသော်ကောဗျာ”” ရှေးဘဝက ကံတွေကြောင့် အခုဘဝခံစားရတယ်၊ အခုဘဝကံ တွေကြောင့် နောက်ဘဝမှာ ခံစား ရမယ်ဆိုတာရော””ဒါလည်း ဘုရားဟောပါပဲ””ဟုတ်ကဲ့ ကောင်းပါပြီ အဲဒါ ဆိုရင် ကံဆိုးနေတယ်ဆိုရင်လည်း ပပျောက်အောင် ကံကောင်းနေတယ် ထင်ရင်လည်း ဆက်မိအောင် ကုသိုလ်ရမယ့် ကောင်းမှုကိုပဲ လုပ်သင့်တာေ ပါ့””ဟုတ်ပါတယ်””အဲဒီလိုမဟုတ်တဲ့ ရှေးကံ အကြွင်းအကျန်ငွေ့ငွေ့လေးကို အားကိုးပြီး ထင်တိုင်းကြဲနေမယ် ဆိုရင် ဘုရားကြိုက် တဲ့အလုပ်လို့ ခေါ်နိုင်ပါ့မလား ဗျာ”မေးခွန်းအရှိန်ကြောင့် ဘိုး တော်ခန္ဓာကိုယ်ကြီး နည်းနည်းမတ် သွားတယ်။
ပါးစပ်ထဲက ကွမ်းကို တစ်ချက်ထွေးလိုက်ပြီး”ဒါကတော့ ဆရာနီရယ် လုပ်တဲ့လူကလည်း သူကောင်းတယ် ထင်လို့လုပ်တယ်၊ အလုပ်ခံရတဲ့ သူကလည်း သူကောင်းတယ်ထင် လို့ ခံတယ်ဒါဆိုရင် ဘယ်မှာအပြစ် လို့ ခေါ်နိုင်ပါ့မလဲ ဟဲဟဲ”” အင်းဗျ အဲဒါက တစ်ပိုင်းပေါ့။ ဒါပေမဲ့ အဲဒီလိုကိစ္စတွေမှာ အပြုခံ ရသူတွေဘက်မှာ အားနည်းချက်တွေ ရှိနေတတ်တယ်။ ဥပမာ အကြောက် တရားတွေ အသိÓဏ်နည်းတာ တွေပေါ့၊ ပြုတဲ့သူက အဲဒီလိုခွင်တွေ ဖန်ပြီး အဲဒီအားနည်းချက်တွေပေါ် ကို နင်းတတ်တယ်ဆိုရင်ကော”” ဟာ..ဆရာနီကလည်းရှင်း နေတာကို ရှုပ်နေပြန်ပြီ။ အဲဒါကံ ကံ၏ အကျိုးအတိုင်း ဖြစ်နေကြတာ လေ””မဟုတ်ဘူး ဘိုးတော် လူဟာ လူအတိုင်း၊ ခွေးဟာခွေးအတိုင်း ဆိုရင်တော့ ဘိုးတော်ပြောတဲ့ ကံ ပေါ့၊ အဲဒီအဆင့်ကျော်ပြီး ခွေးကို လူက ကြိုးတုပ်ရိုက်ပြီဆိုရင် ဒါဟာ ကံမဟုတ်တော့ဘူး။ ခွင်ဖန်ပြီး အပြစ်ကျူးလွန်တာ ဖြစ်သွားပြီ”ဘိုးတော်ထိသွားတာ သိသာတယ်။ ကွမ်းကိုပျစ်ခနဲ ထွေးပြန်ပြီ။ စကားဝိုင်းက တင်းသွားလိုက် လျော့သွားလိုက် နဲ့ကြာေ တာ့ မောင် မြင့်လည်း ပျင်းလာတယ်။ သံဃာ စင်ဆိုတာ ဒီလိုပဲ တရားဟောစကား ပြောရာ သက်သက်ဆိုရင်တော့ ရေနွေးကုန်ရုံ ရှိတော့မှာပေါ့။ မနက်ဖြန် လုပ်စရာတွေက အပုံကြီး ဆိုတော့ မောင်မြင့်လည်း နောက် ထပ် ရေနွေးမတောင်းခင် လစ် လာ ခဲ့တော့တယ်။
ဒီနေ့က အလှူအဝင်နေ့။လူတိုင်း တာဝန်ကိုယ်စီနဲ့အ လုပ်ရှုပ်နေကြပြီ ။ရေစည်တိုက်ရေး၊ ဆိုင်းလှည်း ကြိုရေးကအစ၊ ညနေစာချက်ပြုတ် ရေး၊ ရှင်လောင်းလှည့်ရေး အဆုံး သူ့ကဏ္ဍနဲ့သူ လှုပ်ရှားနေကြလေရဲ့။ မောင်မြင့်ကတော့ မနေ့ညကသံဃာ စင်ပေါ်က ပုဂ္ဂိုလ်ကြီးတွေ ဒီနေ့ ဘယ်လိုများ ပါဝင်ပတ်သက်ကြမှာ ပါလိမ့်ဆိုတာ စိတ်ဝင်စားနေမိ တယ်။ရွာတွေမှာတော့ မြန်မာမှု၊ မြန်မာစရိုက်ကလေးတွေ တော်တော် များများ ကျန်ပါသေးတယ်။ ထင်း တိုက်၊ ရေစည်တိုက်ဆိုလည်း ကာလ သားခေါင်းတာဝန်ပေးတဲ့အတိုင်း မညည်းမညူ လုပ်ကြသား။ ဆိုင်းကြို အဖွဲ့ကလည်း ‘သပြေဝ’ လမ်းဆုံကို သွားကြပြီ။ ချက်ပြုတ်ရေးအဖွဲ့က တော့ ညနေအလှူဝတ်လှည့်အပြန် ကျွေးမွေးဖို့ သြ>ွပန်းဟင်း၊ အချဉ် သုပ်၊ ငရုတ်သီးကျော် သုံးမျိုးအတွက် တရုန်းရုန်းနဲ့ပေါ့။ တစ်ခုတော့ ရှိလေရဲ့ သူတို့တစ်တွေ တောင်းဆို တဲ့ နေပူခံ၊ မီးပူခံဆိုတာလေးတွေ ကိုတော့ အလှူ့ဒကာက လိုက်လျော ပေးရတာပေါ့။ ဖိုသူကြီးကိုကံထူး ဆိုတာကလည်း ချက်ရေးပြုတ်ရေး မှာ ပါရမီကိုပါတာ။ လုပ်ငန်းစပြီ ဆိုရင်လည်း တစ်ညလုံးအိပ်တော့ တာ မဟုတ်ဘူး။ ပက်လက်ကုလား ထိုင်ဘေး ပုလင်းနဲ့ခွက်ချပြီးသောက် လိုက်၊ ထမင်းအိုး၊ ဟင်းအိုး ထကြည့် လိုက်၊ မီးအလျှော့အတင်းလုပ်လိုက် နဲ့ တောက်လျှောက်မောင်းတော့ တာ။ တစ်ခါတလေ ဘုန်းကြီးတွေကို တရုတ်ဟင်းနဲ့ ကပ်ချင်သပဆိုရင် လည်း ရှယ်ဗျာ။ အဲ.. အလှူကြီးနေ့ ရောက်လို့ မဏ္ဍပ်ထဲ ရှင်လောင်း အသွင်းမှာတော့ မဏ္ဍပ်ပေါက်မှာ သူ့ယောင်းမကြီး ထိုးထားပြီး ပျော်ပွဲ စရိတ်တောင်းပြပါလိမ့်မယ်။
ဒီနေ့ အလှူဝတ်လှည့်အစီ အစဉ်မှာ ခရီးနည်းနည်းဝေးတာ ဆိုလို့ ရွာကတစ်မိုင် ခွဲလောက်ဝေးတဲ့ ညောင်တောနတ်ကွန်းကို မောင်ရင် လောင်းတွေ နတ်ပြသွားရမှာ”အရှေ့ကိုလျှောက်ပါလို့xx အနောက်ကိုတဲ့ မျှော်လိုက်ရင်xx တံခွန်တိုင် ရွှေကုက္ကားနဲ့xx ဘုရား လေးကိုမြင်xxx””ဗြုံး… ချမ် … ချမ်”ဒါပါပဲ။ ဒီအစီအစဉ်မှာတော့  ရွာဗျောနှဲကြီးက တတော်တော်အ ဖွဲ့၊ ရွာစက်လော်ကြီးက တအော် အော်အဖွဲ့နဲ့ပဲ သွားလိုက်ကြမယ်။ တကယ်တမ်းလူစုံပြီ ထွက်ကြစို့ဆို တော့ ဆရာတောက်နဲ့ အဖွဲ့ပြောပါ တယ်။ တကယ်နေနိုင်တဲ့လူတွေ သံဃာစင်ပေါ် လက်ဖက်ပွဲနားက မထကြဘူး။ တော်ကြာဘယ်ဟာက ဘယ်လို၊ ဘယ်ချမ်းသာနဲ့ သောက် တင်းပြောကြလိမ့်ဦးမယ်။ ဘိုးတော်နဲ့ အဖွဲ့ကရော ဘာများလုပ်မှာပါလိမ့် ကြည့်မိတယ်။ သူကတော့ ယောဂီ ရောင်ဝတ်စုံအထက်အောက် အပြည့်အစုံအပြင် ခေါင်းပေါင်းလေး ပါ အကျအနပေါင်းလို့ပါပဲ။ အလှူ ဝတ်အဖွဲ့ ရွာထိပ်ဘုရားဆီသွားကြဖို့ ရွာကထွက်တော့ ရွာတံ ခါးမကြီးက စောင့်ပြီး လူတစ်ယောက်သောက် ရေသန့်တစ်ပုလင်းစီ ကမ်းတယ်။ အလှူ့ဒကာက သူ့ကို ကိုးကွယ်တဲ့ သူဌေးလေးကိုဘဇံပေါ့။ နောက် တစ်ခါ ဘုရားပြပြီး ဘုန်းကြီးကျောင်း သွားကြတယ်။ ဘုန်းကြီးကျောင်းက အထွက်မှာ လူတစ်ယောက်ကို စနိုးတာဝါတစ်ထည်စီ ကမ်းတယ်။ အခုတစ်ခါ ဒကာက သူဌေးလေး ကိုအောင်လှပေါ့။
ဘိုးတော် စည်းရုံး ရေးကောင်းပါပေ့လို့ အောက်မေ့ရ တယ်။ဆရာနီတို့အဖွဲ့ကတော့ ထမင်းကျွေးရုံမှာ ကျန်ခဲ့တာ နှစ်ယောက်၊ ဒီမှာ အလှူဝတ်လှည့်ရာ ပါလာတဲ့ နှစ်ယောက်ကတော့ မောင်ရင်လောင်းနှစ်ပါးကို ရွာခံ လူငယ်တွေနဲ့ အလှည့်ကျဝင် ဝင်ပြီး ထမ်းကြရှာတယ်။ ရှင်လောင်းငယ် လေးတွေဆိုတော့ လမ်းလျှောက်တာ မတွင်ကြဘူး။ လည်ကုပ်ပေါ်တင် ခွစီးခိုင်းပြီး ဒီခရီးနဲ့ဒီခရီးကို ထမ်းကြ ရတာပါ။ ဆရာနီတို့အဖွဲ့သာမက အလှူ့ဒကာရဲ့ ဆွေရင်းမျိုးရင်းတွေ (မောင်ရင်လောင်းတွေရဲ့ ဦးလေး၊ ဦးကြီးတွေ) အကုန်ဝင်ထမ်းကြတာ ဆိုတော့ ပျော်စရာကြည်နူးစရာကြီး ပါပဲ။မောင်ရှင်လောင်း ‘ရှိုး’ လိုက် အဖွဲ့မှာတော့ ဘုန်းကြီးကျောင်းသား လေးတွေများတယ်။ မောင်မြင့်တို့ ငယ်ငယ်ကလို စာသံပေသံနဲ့ ဌာန် ကရိုဏ်းကျကျ မဟုတ်တော့ပါဘူး။” မောင်ရှင့် အမေ နို့ပျဉ်းရှည် ..ရွှဲ”
”မောင့်ရှင့်အစ်မ ငါနဲ့ရ.. ရွှဲ” ဆိုတာမျိုးတွေ အော်ချင်သလို အော်နေကြတော့တယ်။ ထားပါ လေ။ အလှူပွဲကြီးမှာ တချို့ကလွဲလို့ ကျရာတာဝန်ကို အသီးသီးပျော်ပျော် ကြီး ထမ်းဆောင်နေကြတာ အားရ ဂုဏ်ယူစရာ ကောင်းပါဘိ။ သူ တကာတွေ တာဝန်ကျေကြသလို မောင်မြင့်လည်း ” ငါ့တာဝန်ကျေရ မကွ” လို့ မောင်းတင်လိုက်တယ်။
မောင်မြင့်က ဒီအလှူမှာ ဒီည ဧည့်ခံမယ့် ဆိုင်းအဖွဲ့ထဲကပါ။ သူ့ တာဝန်အရေးကြီးမှန်း သိတယ်။ သူကောင်းမှ ပရိသတ်ရော ရွာစားပါ ကျေနပ်မယ်။ ဒါကြောင့် အဝင် အထွက်အားလုံး ချိန်သားကိုက် အောင် လုပ်ရမယ်။ အားလုံးကျေနပ် အောင် နားဝင်ပီယံဖြစ်အောင် ကြိုးစားရမယ်။ မောင်မြင့်ကလည်း သူ့ရွာစရိုက် ဘာကြိုက်တတ်တယ် ဆိုတာ သိပ်သိသပေါ့။ ဒါကြောင့် ရွာစားဆရာကိုလည်း ရွာသဘောကို ပြောပြထားခဲ့ပါတယ်။ ကိုယ့်ဆရာ လက်စွမ်းကိုလည်း ယုံကြည်ပြီးသား ပါ။ ရှေ့ပိုင်းလူငယ်ကြိုက် အဆူတွေ တီးပြီးလို့ နောက်ပိုင်းဆိုင်းအဖွဲ့ရဲ့ တကယ့်ပညာခန်းမှာ ဆရာကိုယ် တိုင် အပြောရော အတီးပါ ပုံအော မှာလေ။ ဘုရားအလောင်း ”တော ထွက်ခန်း” ကိုပန္နက်ရိုက်ပြီး အပျော် အလွမ်း သံဝေဂတွေနဲ့ တခမ်းတနား တီးတတ်တယ်။” ယသော်ဓရာ” မှာအလွမ်း ”စန္ဒကိန္ဒရီ”မှာ အဆွေးလေးတွေကို ချွဲချွဲနွဲ့နွဲ့တီးပြီး ”တေဘုမ္မာ”နဲ့ သက် ပြင်းအမောတွေချကာ ကျန်ရစ် အောင် တီးတတ်တယ်။ အဖွဲ့ရဲ့ ပင် တိုင်အဆိုရှင် ” ရွှေခြံမြင့်မြင့်အေး” ရဲ့ ကရုဏာသံလေးဟာ ပရိသတ်ကို
ဖမ်းစားနိုင်လွန်းတယ်။ ရွာစားဆရာ ရဲ့ ထူးခြားချက်ကလည်း ဇာတ်ကွက် လည်အောင် ‘ကွက်စိပ်’ ဆရာတစ် ယောက်လို အာပေါက်တဲ့အပြင် ပြောနေစဉ်မှာ လက်ကလည်း သီ ချင်းပိုဒ်ကို ဖျော့ဖျော့လေး တီးနေ တတ်တယ်။ ဒါကြောင့် ဒီဆိုင်းအဖွဲ့ နဲ့ ဒီကဏ္ဍဖြေဖျော်ခန်းဟာ အမြဲ တမ်း လမိုင်းကပ်ပြီး လွမ်းကျန်ခဲ့ တာချည့်ပါပဲ။
ဆိုင်းပွဲကို သံဃာစင်ပေါ်က အခန့်သားထိုင်ပြီး”အိပ်ချင်ပြေ လက်ဖက်ကလေး ယူခဲ့ပါဦးဟဲ့””ကော်ဖီမစ်လေး လုပ်ပါဦးဟ” နဲ့ တစ်မျိုးပြီးတစ်မျိုး လက်ညှိုးထိုး ခိုင်းကာ အလှူရှင်ဘဒွေးလေးကို နှိပ်စက်ကြဦးမယ့် ဘိုးတော်နဲ့ ဆရာ တောက်တို့အဖွဲ့ကို မြင်ယောင်ပါ သေးရဲ့။မောင်မြင့်က ဒီဆိုင်းအဖွဲ့ရဲ့ မီးတာဝန်ခံ၊ အသံတာဝန်ခံလေ။ ကိုယ့်ရပ်ကိုယ့်ရွာမှာ အိုးနင်းခွက် နင်းဖြစ်ရင် သောက်ရှက်ကွဲရချည်ရဲ့။ အဖွဲ့နဲ့ တစ်ပါးတည်းပါလာမယ့် မီး စက်၊ ဆောင်းဘောက်၊ အမ်ပလီဖိုင် ယာ၊ မိုက်တွေနဲ့ ဒီပွဲမှာ အစွမ်းပြ လိုက်ဦးမယ်။
ထိန်းသိမ်းဆန်းသစ် မြန်မာ့အလှစစ်
$
0
0
Photo                :Candlerose
Designer          :SHAYI Fashion
Model               :Actress Mone
MUA                 :Lvory Make up arts
Assistance        :Ei Pwint Rhi Zan
ကျီးမနိုး
$
0
0
ကျီးမနိုး
ခင်ခင်ထူး
(၁ဝ)
ပြောကြကြေးဆိုရင် သည်တိုက် ကြီးထဲကလူတွေအကြောင်း ကျီးမနိုး အူမချေးခါး မသိရိုးအမှန်ပါ။ ညည်း အေ သည်တိုက်ကြီးထဲ နှစ်နဲ့ လနဲ့ ချီပြီးနေလာသာ မသိဘူး များ ဖြစ်ရ သေးသယ်လို့ ပြောလာရင် မသိဘူး ဖြေရမှာပဲ။ သိမှမသိဘဲနဲ့။သည်တိုက်ကြီးက လူတွေလို့ သာပြောရသာ။ တကယ်တော့ ဒက်ဒီဆိုတဲ့မာမီ့ယောက်ျားရယ်၊ မာမီရယ်၊ သူ့သမီးခြူးခြူးရယ် သုံးယောက်သာရှိတဲ့တိုက်ကြီးမှာ သိစရာဆိုတာကလည်း သိပ်များများ မရှိဘူးရယ်။ သူတို့နဲ့ ကျီးမနိုးတို့နဲ့က အဝေးကြီးရယ်။ကျီးမနိုးတို့က အခိုင်းခံ၊ အစေခံတွေလေ။ ဒရိုင်ဘာခေါ်ကြ တဲ့ ကားမောင်းသမားနှစ်ယောက်၊ တောက်တိုမယ်ရ စပ်စပ်စပ်စပ် ပါရတဲ့ ဦးသန်းမောင်၊ ဒေါ်ကြီးလှ။ နောက်ရှိသာက တစ်ခါ တစ်ခါမှ ရောက်လာတတ်တဲ့ ဦးလေးအောင် မြတ်။ ဦးလေးအောင်မြတ်ကိုယ်တိုင် က မာမီတို့အကြောင်း သိပ်များများ မသိဘူးထင်ပါရဲ့။ တစ်ခါတလေကျီးမနိုးက မေးတဲ့ အခါ မပြောတတ် ပေါင်ဟာ ဆိုတာကများများ။ ကျီးမနိုး သည်တိုက်ကြီးကထွက် မလာခင်မှာ ဖြစ်ခဲ့သာတွေတော့ ရှိသာပေါ့လေ။ အဲသာတွေကိုလည်း မမေ့နိုင်ပါဘူး။
ဘယ်ကပြန်လာပြန်လာ သူ့သမီးကလေးကို အောက်ထပ်ဆီ က ခြူးခြူး သည်ကိုလာခဲ့စမ်းတို့၊ အောက်ကို ဆင်းခဲ့စမ်းတို့ဆိုတဲ့ အမိန့်သံနဲ့ အော်ခေါ်တတ်တဲ့ မာမီ့ ကို ခြူးခြူး ကမုန်းသလို ကျီးမနိုးက လည်း မကြိုက်လေ့ဘူး။ မာမီက အမြဲတမ်းဒေါသကြီး နေတတ်သလို အေးအေးသက်သာဘယ်တော့မှ မရှိသာကိုမကြိုက်သာပါ။ ကျီးမနိုး ကိုတော့ ထားပါတော့။ ပိုက်ဆံပေး ခေါ်ထားတဲ့ အိမ်အကူဆိုတော့ စိတ်ထဲမထင်ရင် ငေါက်ချင်လည်း ငေါက်ပေမပေါ့။ ခေါက်ချင်လည်း ခေါက်ပေမပေါ့။ ခြူးခြူးကျတော့ သမီးလေ။ ဝမ်းနဲ့လွယ်မွေးထားတဲ့ သမီးလေ။ ပြီးတော့ရှားရှားပါးပါး တစ်ဦးတည်းသောသမီး။ အဲသလို သမီးကိုလည်း ကျီးမနိုးကို ဆက်ဆံ သလို ဆက်ဆံနေသာကို နားမလည် နိုင် ဘူး။ မချစ်သာလည်း မဟုတ်ဘူး။ ခြူးခြူးအဖို့ရာ လိုအပ်သာရယ်လို့ မရှိရအောင် ဖြည့်ဆည်းပေးသာ လည်း အမှန်ပဲ။ ပြောဖူးသားပဲ။ အဝတ်အစား ဆိုသာများ ဆန်းေ ပ့ ကောင်းပေ့ ညွန့်ပေ့ဆိုသာတွေချည်း ဝယ်ပေးသာ။ ကစားစရာဆိုသာက ကော။ ခြူးခြူး အခန်းထဲမှာ ပြည့် ရုံမကဘူး ဧည့်ခန်းမှာ၊ အောက်ထပ် မှာ၊ အိမ်ရှေ့မှာ၊ ပန်းခြံထဲ မှာ ခလုတ်မတိုက်ရင်သာရှိမယ်။ ပိုးလိုး ပက်လက်တွေသိမ်းမနိုင်ဘူး။ အစား အသောက်ဆိုသာတော့ မပြောပါနဲ့ တော့။
ဘူးတွေ၊ ပုလင်းတွေ၊ အထုပ် တွေအပိုးတွေနဲ့။ တစ်ခါတစ်ခါ ဝယ် လာရင်တစ်ပွေ့ကြီး။ တခြားမကြည့် နဲ့။ ခြူးခြူးတို့စားတဲ့ ထမင်းပဲကြည့်။ ထမင်းတစ်စေ့ ကျီးမနိုးစိတ်ထင် လက်သန်းလက် ဆစ်လောက် ရှည် မယ်ထင်ပါရဲ့။ ပျောင်းသွယ်ပြီး စင်းဖြောင့်နေတဲ့ထမင်းက အိုးဖွင့် လိုက်သာနဲ့ အမေတို့ပြောတဲ့ နတ် သုဓာအိုးများလို ကြိုင်သွားတော့ သာ။ အဆီတွေပြန်ပြီးနူးနပ်နေတဲ့ ထမင်းကို ကျီးမနိုးဖြင့် ဟင်းမပါဘဲ စားရင်တောင် နှစ်ဇလုံလောက်ကုန် လိမ့်မယ်ထင်ပါရဲ့။အဲသလို လိုလေသေးမရှိ အောင် ထားသာ လည်းဟုတ်ပါရဲ့။ ချစ်လည်းချစ်ရှာပါရဲ့။ ဒါပေသိ ဘာလိုနေသလဲမပြောတတ်ဘူး။ ခြူးခြူးက မအေကိုပြန်မချစ်သလိုပဲ။ ကျီးမနိုးကပြောပြသာများလှပေါ့။ အမေဆိုသာ ကိုယ့် ကိုဝမ်းနဲ့လွယ်မွေး ထားသာ၊ ခြူးခြူးကိုယ်ဝန်ဆောင် တုန်းက မအေ့ခမျာ တစ်နေ့သင်္ချိုင်း ကုန်းမျက်စောင်း သုံးခါထိုးရသာ၊ ဝမ်းထဲမှာ သားသမီးကို ဆယ်လ လုံးလုံးလွယ် ပိုက်ထားရတဲ့ ဒုက္ခက မသေးဘူးဆိုသာကအစ သိသလောက်ပြောပြသယ်။
”တစ်နေ့ သင်္ချိုင်းကုန်း မျက် စောင်း သုံးခါထိုးရသယ်ဆိုသာ ဘာကိုပြောသာလဲ…မျက်စောင်း ကို ဘယ်လိုထိုးသာလဲ။ မျက်စောင်း ထိုးတော့ သင်္ချိုင်းကဘာဖြစ်သွား သလဲ”
ခြူးခြူးက အဲသလိုရယ်။ စကားပြောရင်လိုရင်း မရောက်ရသာ ထား။ မျက်လုံးပြူးကလေးနဲ့မေးလို့ ဘဝင်ကျအောင် မဖြေနိုင်ရင် နောက်ထပ်မေးခွန်းတွေ ဆက်တော့ သာေ လ။ အသက်ဆယ့်နှစ်နှစ်သာသာကလေးတစ်ယောက်အဖို့ရာ သိသင့်သိထိုက်သာ၊ သုံးသင့် သုံးထိုက်သာ၊ သဘောပေါက်သင့် ပေါက်ထိုက်သာထက်ကျော်ပြီး မသိသာ ကိုအပြစ်မတင်ပါဘူး။ ဒါကို ကျီးမနိုးနားလည်ပါသယ်။ ကျီးမနိုး တို့လို ကျယ်ပြန့်တဲ့စိုက်ခင်းတွေထဲမရောက်ဖူးဘူး။ လူတွေနဲ့ ထွေးကာ ယှက်ကာ၊ ပြောကာ၊ ဆိုကာ၊ ငြင်း ကာခုန်ကာ၊ သတ်ကာ၊ ပုတ်ကာ ဆိုသာမျိုးတော့ဝေးရော့။ နေရသာ ပဲကြည့်လေ။ တိုက်ကြီးပေါ်မှာ တစ်ယောက်တည်း။ အခန်းနံရံမှာ ချိတ်ထားတဲ့ တိရစ္ဆာန်ပုံတွေနဲ့။ အ င်္ဂလိပ်လိုရေးထားတဲ့ ပုံပြင်စာ အုပ်တွေနဲ့။ ရှေးကရိုက်ထားကြတဲ့ ဓာတ်ပုံညိုညစ်ညစ်တွေနဲ့။
”ကိုယ်ဝန်လွယ်ထားတဲ့ မအေ က သင်္ချိုင်းကုန်းကို တစ်နေ့သုံးခါ မျက်စောင်းထိုးသယ်ဆိုသာ တကယ် မျက်စောင်းထိုးသာတော့ ဘယ်ဟုတ် ပါ့မလဲခြူးခြူးရဲ့။ ကိုယ်ဝန် လွယ်ထား ရတဲ့ မအေတွေဆိုသာ အချိန်အခါ မရွေးဒုက္ခရောက်သွားနိုင်သယ်လို့ ပြောသာ၊ လူသေးသေးလေး တစ်ယောက် ဗိုက်ထဲထည့်ထားရ သာလေ။ မအေ့ ခ မျာ ရေအေးအေး သောက်ချင်ပေမဲ့ ဝမ်းထဲက ငါ့ကလေးများ ဖြန်းခနဲလန့်သွား လေမလား၊ ရေနွေးပူပူကလေး သောက်ချင်ပြန်တော့ အထဲက ရင်သွေးကလေး ပူများသွားေ လ မလား၊ အပူအစပ်စားချင်ပေသိ ကလေးများအနေရခက်လေမလား၊ မွေးဖွားရပြန်တော့လည်း ကလေး တစ်ယောက်ဝမ်းကကျွတ်ဖို့ အင်မတန်နာကျင်တဲ့ဝေဒနာ ခံရရှာ သယ်၊ အဲသလို ဂရုစိုက်တဲ့ကြားက မီးတွင်းမီးဖွားပြီးစမှာ သွေးလန့်လို့ သွေးတက်လို့စသဖြင့် ဒုက္ခရောက် ကြရတဲ့ မအေတွေ တို့တောမှာ ပုံလို့ ပေါ့အေ”
”ကလေးကို အမေတွေက ဘာလို့ဗိုက်ထဲ ထည့်လိုက်ကြသာလဲ …ခြူးခြူးစဉ်းစားလို့ မရဘူး”
”ညည်းဝက်ဝံရုပ် ကလေးတွေ ထဲ ဓာတ်ခဲထည့်သလိုပေါ့အေ…ဇစ်ကြယ်သီးဖြုတ်ပြီးထည့်…ပြီးတော့ ဇစ်ကြယ်သီးပြန်တပ်”
”ခြူးခြူးနားမလည်ဘူး”
”ငါလည်းမလည်ပါဘူးအေ၊ ငါထင်သာပြောရသာ”
ခြူးခြူးကရယ်လည်းရယ်ရရဲ့။ ချစ်စရာလည်းကောင်းပါရဲ့။ သနား စရာလည်းကောင်းပါရဲ့။ သည်တိုက် ကြီးမှာ ကျီးမနိုးသံယောဇဉ်အဖြစ် ရဆုံးဆိုတော့လည်းသူပါပဲ။ ခြူးခြူး နဲ့ ကျီးမနိုးဆုံရသခိုက် ပျော်ပါစေ၊ စိတ်ချမ်းသာပါစေဆိုတဲ့ စိတ်ထား လို့ပဲလားတော့ မပြောတတ်ဘူး။ ခြူးခြူးကလည်း ကျီးမနိုးကို ချစ်ရှာ ပါရဲ့။ တစ်ခါတလေ ကျီးမနိုးခေါင်း က ဆံပင်တွေကို သူလိမ်းတဲ့အဖိုးတန် ဆီတွေလူးပေးပြီး ဘီးအမျိုးမျိုးနဲ့ ခေါင်းဖြီးချင် ဖြီးပေးနေသေးသာ။ တစ်ခါတစ်ခါ မိတ်ကပ်တွေပျစ်နေ အောင် လိမ်းပေးနေလို့ စိတ် ညစ်ရ သာလည်းရှိရဲ့။ ညောင်သီးလည်းစား လေးသံလည်း နားထောင်ဆိုသာ လိုပဲ ခြူးခြူးလုပ်ချင်ရာလုပ်ပါစေ ရယ်လို့ မျက်နှာလေးမော့ ပေးထား ရသာကတစ်ဖက်၊ အြ ပင်ကဝင်လာ မယ့် ကားသံနားစွင့်ထားရသာက တစ်ဖက်ကိုး။
”ကျီးမနိုးကတတ်သယ်ပေါ့၊ သီချင်းဆိုတတ်သယ်ပေါ့” ”ငယ်ငယ်ကတော့ ကစမ်းပေါ့ အေ…သီချင်းတော့ ကြားဖူးသာဆိုကြသာပဲ…ဓာတ်စက်ဖွင့်တော့ လည်း နားထောင်ကြသာပဲ” ”ဆိုပြလေ” ”မေ့ပါပြီအေ…ရွာမှာဇာတ် ကရင်နေ့လယ်ဘက် ဇာတ်ခုံကို လက်ဖက်ပို့ကြ ရေနွေးပို့ကြ…ပြီးခဲ့တဲ့ညကပွဲထဲမှာ မင်းသား၊ မင်းသမီးဆိုကြတဲ့ သီချင်းတွေ ရေးပေးပါ။ ဒါမှမ ဟုတ်ကူးပါရစေလို့ အပျိုကြီးတွေက တောင်းတတ်ကြ သာ တို့ရွာဓလေ့ရယ်…တို့က ငယ်တော့ မရဘူးရယ်…ဇာတ်ပွဲ ပြီးရင် စိုက်ခင်းတွေထဲမှာ အပျိုတွေ က အဲ သည့် သီ ချင်းတွေပြန်ဆိုကြ သာပဲ…ကြာတော့ တို့လည်းရက ရော…ပွဲတွေမှာ သီချင်းစာရွက် ရိုက်ရောင်းသာလည်း ရှိသယ်”
”ဘာသီချင်းတွေလဲ” ”အစုံပေါ့…ရည်းစားမျှော်တဲ့သီချင်းတို့…သူများနှိပ်စက်လို့ ငိုတဲ့သီချင်းတို့…ငိုချင်းချသယ် ခေါ်သာပေါ့” ”ငိုချင်းချသယ်ဆိုသာ ဘယ်လို ဟာလဲကျီးမနိုး”
”ငိုရင်းက သီချင်းဆိုသာပေါ့ အေ့ ညည်းကလည်း” ”ငိုရင်းက ဘယ်လိုသီချင်းဆိုလို့ ရမှာလဲ ကျီးမနိုးကလည်း” ”ဟဲ့…မင်းသမီးက အဆို ကလေးနဲ့ငိုမှ ပရိသတ်က ကြည့်မှာ ပေါ့…ငုတ်တုတ်ထိုင်ပြီး အိမ်း အိမ်းနဲ့ ငိုနေလို့ ဘယ်သူက ကြည့်မှာ တုံး” ”ဆိုပြစမ်းပါ့” ”နေပါဦးအေ… ဘာတဲ့ …ရွှေနန်းရှင် ဆင်ခြင်ပါ့တနဲ xxx  အမိန့်တော် ထုတ်ပြန်တမ်းရယ် xxx အမယ်လေး … လမ်းက တလွဲ အဲ ဟဲ” ”ခြူးခြူးလည်း ငိုချင်းချချင် သယ်””မဟုတ်သာအေ”တစ်ခါတော့ ခြူးခြူးဆီက စကားဆန်းကြားရဖူးသယ်။ ကျီးမနိုးက အသက်သာဆယ့်ငါးနှစ် ပြည့်ပြီးသယ်ဆိုသယ်နားပေါက် မှာနားကပ်ကောင်းကောင်းပန်နိုင်သာမဟုတ်ေ တာ့ နဖားပွင့်ကလေးနဲ့ ရွှေအပ်ကို နားပေါက်ထဲ ထည့် လိမ်ထားရသာပေါ့။ နားပေါက် မပိတ်အောင်ရယ်လို့ တန်ဖိုးသိပ် မကြီးတဲ့ ရွှေအပ်ကလေးကို တစ်ရက်တော့ ခြူးခြူး က ကိုင်ကြည့် သယ်။ ကျီးမနိုးနားရွက်ကို အပ်စူးနေ သလိုပဲတဲ့။ ဒါနဲ့ ကျီးမနိုးက ရွှေအပ် ကလေးထိုးထည့်ထားသာကို အလိမ် ဖြေပြီး နားပေါက်ထဲက ထုတ်ပြသယ်။ ခြူးခြူး ကကိုင်ကြည့်လေရဲ့။ ပြီးတော့ ရွှေအပ်ကိုနားပေါက်ထဲ ပြန်ထည့်ပြီး လိမ်ခိုင်းသယ်။ ကျီးမနိုးကလည်း လုပ်ပြရသာပေါ့။
”အဲဒါ ဘာဖြစ်လို့ စွပ်ထား သာလဲ…မနာဘူးလား” ”စွပ်ထားသာမဟုတ်ဘူး၊ ပန်ထားသာလို့ပြောရသယ်၊ နားကျ တော့ပန်သယ်…လည်ပင်းမှာ ကျတော့ ဆွဲသယ်ပေါ့အေ…မနာပါဘူး အပေါက်ထဲ သူ့ဟာသူ နေသာ” ”အဲဒါကိုမပန်နဲ့…ခြူးခြူး စိန်တစ်ပွင့် အဲ… မဟုတ်ဘူး…နားရွက်က နှစ်ဖက်ဆိုတော့ စိန် နှစ်ပွင့်ပေးမယ်” ”အလိုလေး… ညည်းလုပ် လိုက်မှ မိုးကြိုးပစ်နေပါ့မအေ၊ ညည်းသာပန်ပါ” ”ခြူးခြူးမှ မပန်ချင်သာ၊ ခြူးခြူးမှာ စိန်တွေရှိသယ်၊ အဘွား ရှိတုန်းကပြသယ်၊ ဒါတွေ ခြူးခြူး ပိုင်သာတွေတဲ့…အများကြီးပဲ” ”အခု ဘယ်မှာလဲ စိန်တွေ က” ”မာမီသိမ်းထားသာ နေမှာပေါ့၊ ခြူးခြူး မာမီ့ဆီကတောင်းပေးမယ်” ”အမယ်လေး…မလုပ်လိုက် ပါနဲ့ မစိန်ပေါရယ်…မလိုချင်ပါ ဘူး” ”မစိန်ပေါက ဘယ်သူလဲ” ”ညည်းလေ…စိန်တွေ ပေါ သယ်ဆိုလို့ မစိန်ပေါခေါ်သာပေါ့” ”အဲသလိုခေါ်လည်း ရသယ် ပေါ့””ကိုင်း…တော်ပါပြီ မလေ ပေါရယ်””မလေပေါက ဘယ်သူလဲ”ကျီးမနိုးက စကားကို ရပ်ထား လိုက်ရသယ်။ ချစ်စရာကောင်း လိုက်တဲ့ ကလေးမလေးပါတော်။ ကြည်စင်နေတဲ့ မျက်နှာလေးနဲ့ ဖြူစင်တဲ့စိတ်နှလုံးဟာ မျက်နှာပေါ် မှာကွင်း ကွင်းကြီးပေါ်လို့။ ပါးကလေးနှစ်ဖက်ညှစ်လိုက်တော့ ခြူးခြူးကလည်း ကျီးမနိုးပါးတွေကို ပြန်ဖျစ်လေရဲ့။ ခြူးခြူးရယ်…ညည်းနဲ့ ငါ့ဘဝတွေခြားလွန်းလို့ ပါအေ။ အတူတူ ချင်း ဆို ရင် ငါ့ရွာကို ခေါ်ပါရဲ့။ ပေးသာ မပေးသာထား။ စိန်နှစ်ပွင့်ပေးမယ်ဆိုတဲ့ ညည်း စိတ်ကိုငါယုံပါသယ်။ နို့ပေမယ့်အေ။  ငါကကောယူပါ့မလား။ ညဘက်အိပ်ရာ ထဲ ရောက် တော့မှ ပြောဖြစ်တဲ့စကားတွေကို ကျီးမနိုးလျှောက်တွေးမိသယ်။ ဘွားအေက ခြူးခြူးကို စိန်တွေ ပြဖူးသယ်တဲ့။ ဘယ်လိုကြောင့် ခြူးခြူးရဲ့ စိန်တွေဖြစ်ရသာတုံး။ တကယ်လို့ဆို မာမီပိုင်သာတွေ ဖြစ်ရမှာမဟုတ်လား။
သည်လိုဖြစ်နိုင်ပါရဲ့။ အဘွား ကအသက်ကြီးပြီ၊ ညည်းမာမီက လည်းအရွယ်ရပြီ၊ နောက်ဆုံးတော့ ငါ့မြေးရမယ့်စိန်တွေပဲလို့ ပြောသာ နေမှာပေါ့။တစ်ခါတော့ ကျီးမနိုးတို့ စကား တွေပြောဖြစ်ကြသယ်။ တစ်ခါတော့ လို့ပြောသာက ခြူးခြူးက စာသင်ရ တဲ့အချိန်တွေများတော့ သူစာသင် နေရင် ကျီးမနိုးကအောက်ထပ် ဆင်းနေရသယ်။ ဆရာ မတွေက အလှည့်ကျလာသင်ကြသာလေ။ အင်္ဂလိပ်လို သင်သာများသယ်ထင် သာပဲ။ ဆရာမတစ်ယောက်ကပဲ ဗမာစာသင်သယ်ပြော သာကြားဖူး သယ်။ စကားတြွေေ ပာဖြစ်တဲ့နေ့က  တိုက်ကြီးမှာ ဘယ်သူမှမရှိကြဘူး။ ဒက်ဒီလို့ ခေါ်ကြတဲ့လူကြီးဆိုရင် ပျောက်နေသာကြာပေါ့။ ခြူးခြူးကို မေးဖူးလို့သိရသာတော့ မရှိဘူးတဲ့။ ဘယ်လိုမရှိ သာလဲဆိုတော့ ခြူးခြူး မသိဘူးတဲ့။ တစ်ခါတလေကျတော့ ရှေ့နေဆိုတဲ့ ဘကြီးတစ်ယောက်
ရောက်လာတတ်သယ်။ ဘယ်လို ကြောင့်ရယ် မပြောတတ်ပါဘူး။ အခုနောက်ပိုင်းမှာ တိုက်ကြီးက ခြောက်ကပ်နေသာများသယ်။”ခြူးခြူး… တိုက်ကြီးက အရင်ကလို မ ဟုတ်တော့ဘူးနော်၊ ဧည့်သည်တွေ လည်းသိပ်မလာ တော့သလိုပဲ””မာမီက သည်တိုက်ကြီးကို ရောင်းတော့မှာလို့ ခြူးခြူးကိုပြောသယ်…ရောင်းပြီးရင် မာမီက ပြောင်းတော့မှာ၊ တောင်ကြီးမှာတိုက်ဝယ်ထားသယ်၊ ခြူးခြူး နိုင်ငံ ခြားမှာ ကျောင်းသွားနေဖို့လည်း ပြောသယ်၊ ကျီးမနိုး လိုက်ခဲ့ပေါ့၊ ကျီးမနိုးလိုက်ရင် နိုင်ငံခြားက လရောင်ထဲမှာစကားပြောလို့ရသာ ပေါ့နော်””ခြူးခြူးက ဘယ်ကိုသွားမှာတုံး …ဘယ်တော့သွားမှာတုံး””နေဦး…ခြူးခြူးပြမယ်”ခြူးခြူးက သူ့အခန်းထဲဝင်သွား သယ်။ စာအုပ်အကြီးကြီးတစ်အုပ် မလာသယ်။ စာအုပ်ကြီးရဲ့အတွင်း မှာ ခေါက်ထည့်ထားတဲ့စာရွက်ပြန့် ကြီးကိုဖြန့်လေရဲ့။ စာရွက်ပြန့်ကြီးနဲ့ အပြည့် ရောင်စုံပုံနှိပ်ထားတဲ့ပုံကြီးတစ်ပုံကိုပြသယ်။လိမ္မော်သီးကြီး တစ်လုံးချထား သာနဲ့တောင်တူသေးပါ့။
”ဟောဒါတွေက ပင်လယ်ရေ တွေ၊ ဒါက ကျွန်း ခေါ်တယ်မဟုတ် လား၊ရေထဲက ကျွန်းကြီးလေ…သြစတြေး လျားတဲ့” ”အောစလား” ”သြ…စထရေး…လျား””အောစလား””ဟုတ်သယ် ဟုတ်သယ်…အောစလား…တွေ့လား ခြူးခြူး ချစ်တဲ့အကောင်ကလေးတွေ … ဒါက ကိုအားလားလို့ခေါ်တဲ့ အကောင်လေးတွေ…ဒါက ကန်းဂရူး…ကန်းဂရူးလေးတွေက သူတို့သားလေးတွေ သမီးလေးတွေ ကို ရင်ဘတ်မှာရှိတဲ့ အိတ်ထဲ ထည့် ထားသာလေ…မအေသွားလေ ရာလိုက်ရသယ်…သားပိုက် ကောင်…ဟုတ်တယ် သားပိုက် ကောင်…သားလေးကို ပိုက်ထား တဲ့ အကောင်…ခြူးခြူး သားပိုက် ကောင်တွေ ဆီသွားတော့မယ်” ”ဘယ်တော့လဲ””မသိသေးဘူး၊ သြစတြေးလျား မှာ အန်ကယ်တိုနီရှိသယ်လေ…ခြူးခြူးဒက်ဒီရဲ့ အစ်ကိုကြီးလေ…အန်ကယ်တိုနီတို့ဖင်မလီနဲ့ သွားနေ မှာ …ခြူးခြူးရေ လာခဲ့တော့ဆိုရင် သွားရုံပဲ…မာမီလိုက်ပို့မယ် ပြော သယ်…ပြီးရင် မာမီကပြန်လာပြီး တောင်ကြီးမှာနေတော့မှာ” ”ခြူးခြူး ဘယ်တော့ပြန်လာ မှာလဲ…ကြာမှာပေါ့””ဘယ်တော့မှ ပြန်မလာတော့ ဘူး””ဟင်”ကျီးမနိုးက ခြူးခြူးစကားကို ယုံဖို့တော့ ခက်သား။ ခြူးခြူးက လူကြီးတစ်ယောက်ပြောသလို ပြောနေသာပါ။
အောစလားတဲ့။ ပင်လယ်ထဲက ကျွန်းကြီးတဲ့။ သားပိုက်ကောင်တွေ ရှိတဲ့ ကျွန်းကြီးနေမှာပေါ့။ ကျီးမနိုး လိုက်ခဲ့မလားတဲ့။
မလိုက်ဝံ့ပေါင်တော်။ ကျုပ်တို့ ခလောက်ဆွဲပဲ ကောင်းပါသယ်။ ခြူးခြူးပြောသလောက်ဆိုရင် ဟုတ် သယ်ပဲထားပါဦး။ သည်တိုက်ကြီးကို ရောင်းတော့မှာတဲ့။ မာမီက တောင် ကြီးမှာတိုက်ဝယ်ထားပြီတဲ့။ တောင် ကြီးဆိုသာကကော အဝေးကြီး လား။ကျီးမနိုးတို့၊ ဒေါ်ကြီးလှတို့၊ ဦးသန်းမောင်တို့ကကော တောင်ကြီး ဆိုတဲ့နေရာကို လိုက်ရမှာလား။ ဒါမှမဟုတ် အောစလားလိုက်ရမှာ လား။ အဲသာထက်အရေးကြီးသာက အမေကြိုယူထားတဲ့ ပိုက်ဆံတွေ ကကော ခုနှိမ်ပြီးဆပ်ခဲ့ရဦးမှာ လား။ဟုတ်ရင်တော့ တစ်ရက်ရက် မာမီကပြောမှာပေါ့လေ။ ညဘက် တန်းလျားပြန်ရောက်တော့ ဒေါ်ကြီး လှကို ကြားလာတဲ့သတင်း ပြောပြမိ သယ်။”ဟုတ်မထင်ပေါင် ကျီးမနိုး ရယ်၊ ငါတို့လူကြီးတွေပဲ…သူဌေးမက အကျိုးအကြောင်းတော့ ပြောမှာပါ၊ တောင်ကြီးကိုပြောင်းဖြစ် လိမ့်မယ်ဆိုသာတော့ တစ်ခါသား ကြားမိပါရဲ့၊ တို့ကတော့အေ လိုက်ခဲ့ ဆိုတော့ လိုက်ကြရုံပေါ့…နေခဲ့ဆို ပြန်တော့နေခဲ့ကြရုံပေါ့၊ မင်းခစား ကမ်းနားသစ်ပင် သူ့အြေ<ွကးမှမကင်း သာ” ”ကျုပ်က ခြူးခြူးလေး သနား သာပါဒေါ်ကြီးလှရယ်၊ ကလေးက မအေနဲ့ခွဲပြီး ပင်လယ်ထဲကကျွန်းကြီး ထဲ သွားနေ ရမှာတဲ့…မရွှေခြူးက နေမှာတဲ့တော် အံ့ရော””သည်မှာနေတော့ကော ဘာထူးလို့တုံး ကျီးမနိုးရယ်၊ မအေနဲ့ သမီး ဘယ်မှာ ပွေ့ပွေ့ပိုက်ပိုက် ရှိကြလို့လဲ၊ မအေဆိုသာ ကိုယ့်သား သမီးနဲ့ တိုးတိုးခွေ့ခွေ့နေ ကြရသာ အေ့…ငါ့မြေးကလေးတွေဆို ငါလွမ်းပါ့…ညဘက်တွေမှာ ငိုခဲ့ရ သာများပေါ့ဟာ၊ တစ်ခါတလေများ တန်းလျားရှေ့ကနေ ရွာရှိမယ့်ဘက် လှည့်ငိုသာပဲ””ကျုပ်လည်းမထူးပါဘူး တော် …ကျုပ်အမေနဲ့အဖေကို စိတ် ရောက်ရင်ငိုသာပဲ…မောင်လေး တွေ ညီမလေးတွေလည်း လွမ်းသာ ပဲ၊ လွမ်းသာမှ ရွာလယ်က ဘိုးÓဏ် အိမ်က သီးပင်ကြီးကိုလွမ်းသယ်၊ အမေကြီးစောအိမ်က မမီမကမ်း နင်းခဲ့ရတဲ့ နင်းမောင်းကိုလွမ်းသယ် …ရွာ့တောင်ဖျားက သရဲခြောက် တဲ့ထိန်ပင်ကိုတောင် ကြောက် ကြောက်နဲ့ လွမ်းမိသေးသယ်…လူတွေတော့မပြောနဲ့တော့”
”ဟုတ်ပါရဲ့အေ…ညည်းမို့ ပြောတတ်သယ်…ငါက ဘာကို လွမ်းသယ်မှတ်တုံး၊ ကြံကြံစည်စည် ရွာဘုရားပွဲမှာ လုပ်ကြတဲ့ စလူမုန့်ကို လွမ်းသာ…ဘယ်လို ခံတွင်း တောင်းမှန်းမသိဘူး”ခြူးခြူးဆီက သတင်းကြား ပြီးပေသိ နောက်ထပ်နှစ်လလောက် အထိ ဘာသံမှမကြားပါဘူး။ မာမီက တော့ ခရီးတွေ သွားလိုက်ပြန်လိုက် လုပ်နေသာများသယ်။ မာမီခရီးသွား တဲ့အခိုက်ဆိုရင် ကျီးမနိုးအိမ် အောက် နေရသာများသယ်။
ဆရာမတွေလောက်ပဲ အပေါ်ထပ် မှာ စာတက်သင်ခွင့်ရသယ်။ မာမီ ခရီးသွားရင် ဖာသာဂျော်နီခေါ်တဲ့ ဦးလေးကြီးတစ်ယောက်က ခြူးခြူးနဲ့ တိုက်ကြီးကို လာစောင့်ရှောက်လေ့ ရှိသယ်။ ဖာသာဂျော်နီက အသက် သိပ်မကြီးသေးဘူး။ လူဝဝကြီး။ မျက်မှန်ဝိုင်းကလေးနဲ့ စာဖတ်နေ သာများသယ်။ ပျော်ပျော်နေတတ်ပုံ လည်း ရသယ်။ ကျီးမနိုးကို ကျိုးမနီး တဲ့။ ဒေါ်ကြီးလှကို ဒါကြီးလှော့်တဲ့။ မာမီပြန်ရောက်ရင်တော့ ပြန်သာပဲ။ ဘယ်မှာနေလို့ ဘယ်ပြန်သယ် မသိ ဘူး။ မာမီတို့ကိုစောင့်ရှောက်နေကျ အသင်းတော်ကဖာသာတဲ့။ခရီးတွေကပြန်ရောက် ရောက် လာရင် မာမီ့အရိပ်အကဲကြည့်ရသာ အရင်ကထက်မျက်နှာ ပိုတင်းသယ် မှတ်သာပဲ။ တစ်ခါတော့ အိမ်က လူတွေအားလုံးကို ခေါ်သယ်။ ဧည့်ခန်းမှာစုကြရသယ်။ မာမီက စီးကရက်တစ်လိပ်နဲ့။”ကျွန်မပြောမယ်…စိတ် တော့ မကောင်းဘူး…ကျွန်မ သည်တိုက်ကြီးကိုရောင်းဖို့ စီစဉ်ပြီး ပြီ…တောင်ကြီးက တိုက်လည်း ပြီးပြီ…ကျွန်မနဲ့နေရတဲ့ရက်တွေ မှာ စိတ်မချမ်းသာတာရှိရင်လည်း ခွင့်လွှတ်ကြပါ…ကျွန်မ ဒီလို စဉ်း စားထားတယ်…ရှင်တို့ကိုထုတ် ပယ်ရင် အခုရှင်တို့ရတဲ့လခတွေရဲ့ သုံးဆပေးရတဲ့ထုံးစံရှိပေမဲ့ ကျွန်မက တစ်ယောက်ကိုခြောက်လစာ ပေးခဲ့ မယ်။ ယူထားတဲ့ပိုက်ဆံတွေ မကျေ သေးသူတွေလည်း ရှိတယ်။ ဒါပေမဲ့ ထားလိုက်တော့…လခခြောက် လစာ ထပ်ပေးမယ်…လကုန်ရင် ပြန်ဖို့ပြင်ကြပေါ့ … ဒါပါပဲ”နှစ်တွေအကြာကြီးအလုပ်လုပ် ခဲ့ကြတဲ့ အိမ်က အလုပ်သမားတွေကို ပြောတဲ့စကားက အဲသလောက်ပဲ။ ဟုတ်တော့လည်းဟုတ်ပါရဲ့။ သူဌေးမက အိမ့်အခိုင်းအစေတွေကို နတ်ကတော်များ နတ်သံပစ်သလို မပြီးနိုင်မစီးနိုင် ဘယ်ပြောနေပါ့ မလဲ။
ကျီးမနိုးတို့သုံးရွာပေါင်းအလှူမှာ ရွာရောက်လာတုန်းက ကျီးမနိုး တို့ အိမ်ကလေးထဲ မဝင်သလိုပေါ့။ ချမ်းသာတဲ့လူတွေမှာ သံယောဇဉ် မရှိကြဘူးလား၊ ခံစားမှုမရှိကြဘူး လား။ လူတွေကို သူတို့လိုသလောက် သုံးပြီး မလိုတော့လှည့် မကြည့်ဘူး ဆိုတဲ့ စိတ်နှလုံးမျိုးက ဘယ်လိုစိတ် နှလုံးမျိုးပါလိမ့်လို့ ကျီးမနိုး တစ်ခါ တစ်ခါ တွေးကြည့်ဖူးသယ်။ အခု တော့ သည်စိတ်နှလုံးမျိုးကို ကျီးမနိုး သဘောပေါက်သလို ဖြစ်နေပါပြီ။ လူတိုင်းတော့ ဟုတ်ချင်မှဟုတ်မှာ ပေါ့။ ဘာပဲပြောပြောလေ ကျီးမနိုး ကတော့ ဝမ်းတောင် သာပါသေး သယ်။ အြေ<ွကးတွေလည်း လျှော် သတဲ့။ နောက်ထပ်လည်း ခြောက် လစာပေးမတဲ့။ တော်ပြီပေါ့။တွေ့ဆုံပွဲက အဲသလောက်ပဲ။ ခြူးခြူးအကြောင်းမပါဘူး။ ထည့် မပြောဘူး။ သည်ကလေးကို အိမ်သားအားလုံးကချစ်ကြသာ မအေပဲ မသိဘဲရှိပါ့မလား။ ဒါပေသိ လက်ဖက်တစ်ရိုးစာတောင် ထည့် မပြောသာတော့ လွန်ပါ့။ လကုန်ဖို့ အရက်နှစ်ဆယ်လောက် လိုသေး တော့ ခြူးခြူးနဲ့တွေ့ရဖို့ရက်တော့ရှိပါသေးရဲ့။ တစ်ရက်မှာ ခြူးခြူးနဲ့ စကားတွေပြောရပြန်သယ်။”ခြူးခြူး…လကုန်ရင် ကျီးမနိုး ရွာပြန်ရတော့မယ်၊ ညည်းကို ငါဖြင့်လွမ်းရသေးပေါ့အေ၊ ညည်းက မျက်နှာကြီး၊ ငါက မျက်နှာငယ် …ဒါပေသိ ငါလေ ညည်းကိုချစ်သယ်…ညည်းက သားပိုက်ကောင်တွေရှိတဲ့ ကျွန်းကြီး ကို သွားတော့မှာပေါ့…စာတွေ သင်ပြီးရင်ပြန်ခဲ့ပေါ့၊ ကျီးမနိုးတို့ရွာ ကိုလည်း လာလည်ပေါ့’ခြူးခြူးက ကျီးမနိုးကို ဘာတွေ ပြောနေတာလဲဆိုတဲ့မျက်နှာနဲ့ ငေး နေသယ်။ အပျိုဖော်ဝင်စအရွယ် ရောက်နေပြီဆိုတော့ ဆုံလှည့်ရာက ထွက်လာတဲ့ဆီဦးရည်လိုပဲ အသား အရေကလေးတွေကဝင်းလို့၊ ဝါလို့။
အဝတ်အစားကလည်း ထိန်နေတဲ့ အဝါရောင်ကလေးနဲ့ဆိုတော့ ဘယ်လိုလိုက်ဖက်မှန်းမသိဘူး။ ခြူးခြူးက ကျီးမနိုးကိုကြည့်ရင်း ခေါင်းခါသယ်။”ခြူးခြူးပြောပြီးပြီလေ… ဘယ်တော့မှ ပြန်မလာတော့ဘူး လို့””အေးပါအေ၊ ညည်းသဘော ပါ၊ ညည်းမလာတော့ ညည်းရှိတဲ့ အောစလားကို ငါလာမှာပေါ့” ကျီးမနိုးက အဲသလိုပြောတော့ လာခဲ့လေတဲ့။ ဒါပါပဲ။ နှစ်ရက် လောက်ရှိတော့ ခြူးခြူးနဲ့မာမီတို့ ရန်ကုန်သွားကြသယ်။တိုင်းပြည်ချင်းသွားလို့ရတဲ့ လက်မှတ်သွားလုပ်ကြသာလို့ ဦးသန်းမောင်ကတော့ ပြောသာပဲ။ တစ်ပတ်လောက်ကြာမယ် ထင်ပါရဲ့။ ကျီးမနိုးတို့လည်း သည်တိုက်ကြီးကခွာရမယ့်ရက်နီးလာပြီပေါ့။ ရွာမပြန် ခင် ခြူးခြူးနဲ့တွေ့ချင်လို့ သူတို့ သားအမိကို မျှော်သယ်။တစ်ရက် တစ်ရက်သာကုန် သွားသယ်။ ပေါ်မလာဘူး။ တစ်ရက် တော့ရောက်လာကြသယ်။ ကျီးမနိုး တို့ ပြန်ကာနီးရက်တွေဆိုတော့ ကိုယ့်အထုပ်ကိုယ်ပြင်ကြရပြီ။ အဲသည်ရက်တွေက လသာရက် တွေဆိုတော့ ခြူးခြူးများဆင်းလာ မလားလို့ ကျီးမနိုး လရောင်ထဲ ထွက်ထွက်ထိုင်သယ်။ ခါတိုင်းလို ချိုချဉ်ခဲကလေးတွေ လိမ့်လာမလား လို့ကြည့်သေးသယ်။ ခြူးခြူးက လရောင်ကိုမေ့သွားပြီထင်ပါရဲ့။ ခြူးခြူးတို့တိုက်ကြီးက ပိုပြီးတော့ တောင်တိတ်ဆိတ်သွားသလိုပဲ။ ပိုပြီးတော့ငြိမ်သက်သွားသလိုပဲ။
မနက်ဖျင်ရွာကိုပြန်ကြရတော့မယ်ဆိုတဲ့ တိုက်ကြီးရဲ့ နောက်ဆုံးည မှာတော့ ခြူးခြူးကို ခဏကလေး ဖျတ်ခနဲတွေ့ခွင့်ရခဲ့သယ်။ အဲသည် ညက တိုက်တိုက်ဆိုင်ဆိုင်လပြည့်ည ကြီး။ ကျီးမနိုးနဲ့ဒေါ်ကြီးလှတို့က ကိုယ့်အထုပ်ကိုယ် ပြင်ပြီးကြပါပြီ။ကိုယ့်ပိုက်ဆံထုပ်ကလေးကိုယ် ကျစ်ကျစ်ဆုပ်ပြီး နောင်ဘယ်တော့မှ ပတ်သက်စရာမရှိတော့တဲ့ တိုက်ကြီး ရဲ့ နောက်ဖေးတန်းလျားထဲမှာ ငြိမ် ကုပ်နေကြသယ်။ ကျီးမနိုးက ဒေါ်ကြီးလှကို ကာယကံ၊ ဝစီကံ၊ မနောကံသုံးပါးနဲ့ ပြစ်မှားမိသာတွေ များရှိခဲ့ရင် ကျေပါအေးပါရယ်လို့ ရည်မှတ်ပြီး နှုတ်ဆက်ကန်တော့ သာမျိုးနဲ့ကန်တော့သယ်။ ဒေါ်ကြီး လှကလည်း မျက်ရည်တွေနဲ့ ဆုတွေ ပေးလေရဲ့။”တခြားမကန်တော့ပါနဲ့အေ …မနက်မနက် နှစ်နဲ့ချီပြီး ညည်း ကို ကန်ကျောက်နှိုးခဲ့ရတဲ့ကျေးဇူးကို သာ ကန်တော့ပါ ကျီးမနိုးရယ်…အသက်အရွယ်သာကွာသယ်…တို့နှစ်ယောက်ရဲ့ဘဝကံက အကျိုး ပေးအတူတူပါပဲ။ ငါ့ရွာလည်း ညည်း သိပြီပဲ လာပေါ့…ညည်းတို့ရွာ လည်း ငါရောက်ချင်ရောက်လာမှာ ပေါ့။ အေး အေး… ငါ့မြေး ငါ့တူမ ဘေးကင်းပါစီ ရန်ကင်းပါစီ မိဘနှစ်ပါးစောင့်ရှောက်နိုင်ပါစီ”ကန်တော့ခန်းပြီးတော့လည်း စကားတွေပြောဖြစ်ကြသာပါပဲ။ ခပ်များများကတော့ သည်တိုက်ကြီး အကြောင်းပေါ့။
တစ်ညသားတုန်းက ကျီးမနိုးက မေးလို့ ဒေါ်ကြီးလှက ညဥ့်နက် ပါပြီအေ နောက်တော့ပြောသာ ပေါ့လို့ စကားဖြတ်ခဲ့တဲ့အကြောင်းက လည်း ပြန်ရတော့မယ့်ညကျမှ ပြန်ဆက်ဖြစ်သယ်။”သူတို့ဟာတွေက ဘာက ဘယ်လိုရယ် ငါမသိပါဘူးအေ…သည်တိုက်ကြီးမှာတစ်ခါကအလုပ်လုပ်ဖူးတဲ့ မတောကြီးပြောဖူးသာဖြင့် ခြူးခြူးရဲ့ဘွားအေက ဘိုးစဉ်ဘောင် ဆက် အင်မတန်ချမ်းသာသယ်တဲ့။ အရင်က နယ်မြို့တစ်မြို့မှာ မထင် မရှားနေလာကြရာက မြို့ခံတွေက အဘွားကြီးချမ်းသာေ ကြာင်းသိလာ လို့ မဖြစ်ချေဘူးဆိုပြီး အခု သည်မြို့ က တိုက်ကြီးကိုရောက်လာကြသယ် ပြောသာပဲ…မတောကြီးကလည်း ခပ်ဝါးဝါးလောက်သိသာပါ။ ငါက လည်း ရောက်စဆိုတော့ လူတတ် လုပ်ပြောသာ လည်းပါမှာပေါ့…ပြောပုံတော့ ခြူးခြူးက သူဌေးမရဲ့ တူမတဲ့။ တို့သူဌေးမနဲ့ ခြူးခြူးမအေ နဲ့က အမြွှာမွေးတဲ့…သူဌေးမက အရင်မွေး ခြူးခြူးအမေက နောက် မွေး…လက်ရှိသူဌေးမက မိဘ စည်းစိမ်အင်မတန် ဖြုန်းတီးသ လောက် ခြူးခြူးအမေက ရိုးရိုး ကုပ်ကုပ်ထဲကတဲ့…ခြူးခြူးအမေ က ရေနံဌာနကလူကြီးတစ်ယောက် နဲ့ အိမ်ထောင်ကျသယ်…ချောက် မြို့မှာဆိုတော့ လင်ကမယားဆီ လာလိုက် မယားကလင်ဆီ သွား လိုက် နေမှာပေါ့အေ။ နောက်တော့ ခြူးခြူးအဖေ ရေနံလူကြီးဆုံးသယ်။ ဘွားအေကြီးခမျာ အဲသည်ကတည်း က ဖတဆိုးကလေးခြူးခြူးကို သနား ချစ်ချစ်ရှာမှာပေါ့…ရှိသမျှ စည်းစိမ်ကို သူတို့ဘာသာထုံးစံနဲ့ သမီးနှစ်ယောက်ကို စောစောစီးစီး ခွဲဝေပေးပြီး သည်တိုက်ကြီးမှာ နေခဲ့ကြသာ လို့ပြောသယ်…တို့သူဌေးမက အိမ်ထောင်မမြဲဘူး တဲ့အေ့။ ယောက်ျားတွေနဲ့ ခပ်ရှုပ်ရှုပ် ထင်ပါရဲ့အေ…ဘယ်နှယောက် ရှိမှန်းတောင်မသိဘူး…ညည်း ရောက်လာတော့ ပေါင်းနေတဲ့ ဒက်ဒီဆိုသာနဲ့က ရသာမကြာသေး ဘူး။
မယားကြီးသားကြီးတွေလည်း ရှိထင်ပါရဲ့…သူကလည်း ဝင်ချင် ဝင်လာသာပဲ ထွက်ချင်ထွက်သွား သာပဲ။ သည်ဘက်လတွေထဲ မတွေ့ တော့ပြန်ဘူးလေ။ ခြူးခြူး နှစ်နှစ် သမီးကလေး အမေဆုံးရှာပြန်တော့ ဘွားအေက မြေးကလေးအပေါ် ဘွားအေလည်း ဘွားအေ မအေ လည်း မအေဖြစ်ရသာပဲ…သည် ကလေးအဖို့ရာရယ်လို့မအေရတဲ့ အမွေကို စာချုပ်နဲ့မြေးလေးကို လွှဲသယ်၊ အမွေထိန်းကတော့ လောလောဆယ်အဒေါ် ဖြစ်သူပေါ့ …ခြူးခြူးအရွယ်ရောက်ရင် ပြန် အပ်ရမှာ…အဒေါ်အရင်းဆို တော့ အပ်စရာသူပဲရှိသာကိုး။အဘွားကြီးကလည်း ကြီးရှာပြီဆို တော့ သမီးကြီးစရိုက်မကြိုက်ပေ သိ သည်နည်းရှိထင်ပါရဲ့””ကျုပ်တို့ သူဌေးမက ခြူးခြူးကို မချစ်သလိုဘဲ…ခြူးခြူးကလည်း ချစ်ပုံမရဘူး…သမီးမဟုတ်ဘူးပဲ ထားပါဦး ကိုယ့်တူမလေးဟာကို””သူဌေးမက အတ္တ၊ မာနကြီး သယ်၊ ငါသိသလောက်ဖြင့် ဘယ်သူ့ မှ မချစ်ဘူး၊ ဘယ်သူ့မှမယုံဘူး၊ ဘယ်သူ့မှလည်း သံယောဇဉ် မရှိဘူး၊ အသုံးအဖြုန်းကလည်း ကြီး ပါ့၊ ဖဲရိုက်၊ ဂျင်ထိုးများ ယောက်ျား တွေနဲ့ဒူးတင်ပေါင်တင်တဲ့၊ ကြားသာ ပါအေ ဟုတ်မဟုတ်တော့ ဘုရားမှ သိမှာပဲ””ခြူးခြူးအမွေတွေတောင် ရှိမှရှိသေးရဲ့လား””ဆန်စဉ်ရာ ကျည်ပွေ့မလိုက် နဲ့၊ ကိုယ့်အကုသိုလ် အဖြစ်မခံနဲ့၊ ကိုင်း အိပ်တော့ မနက်ထပြန်ကြရမှာ၊ မနက်ကျရင် ငါကန်ကျောက်နှိုးရ ဦးမှာပေါ့အေ”ဒေါ်ကြီးလှက အိပ်ကြရအောင် ဆိုပေသိ မအိပ်နိုင်ကြပါဘူး။ ရွာဘက်ပြန်မယ့် လိုင်းကားပေါ် ငိုက်လိုက်ရုံပေါ့။ အပြင်မှာ လရောင် ကမှည့်လို့။ သည်မှာတင် ချိုချဉ်ခဲ တွေ အခန်းထဲလိမ့်ဝင်လာသယ်။ တန်းလျားရှေ့မှာ လူရိပ်တစ်ရိပ်ပေါ် လာခဲ့သယ်။
ဘယ်သူရှိရမှာတုံး ခြူးခြူးပေါ့။ မီးပိတ်ထားပေသိ စကားသံတိုးတိုး ကို ကြားနေရလို့ ဒေါ်ကြီးလှအခန်း ထဲ စွပ်ခနဲ ဝင်လာပါရော။ကျီးမနိုးကတော့ မပြန်ခင် တွေ့ရသကောရယ်လို့ ခြူးခြူးကို ကျုံးဖက်ထားမိသယ်။ ကိုယ်နံ့ ကလေးက မွှေးလိုက်သာ။”ညည်းအေ… ကျီးမနိုးဖြင့် ညတိုင်းမျှော်ရသာ””ခြူးခြူး ခရေပန်းနံ့ရလို့ ဆင်း လာသာ၊ ရော့ …ဒါတွေယူလိုက် တော့၊ ခြူးခြူးစုထားတဲ့ပိုက်ဆံ တွေ…နိုင်ငံခြားမှာလည်း သုံးလို့ မရဘူးလေ…ခြူးခြူးပေးသာ ယူပါ…ဒါက ဒေါ်ကြီးလှယူ၊ ဒါက ကျီးမနိုးယူ…ကျီးမနိုးရဲ့ မောင်လေးဟုတ်လား …သူက ဘာဖြစ်သယ်… ဘယ်လိုခေါ် သယ်” ”ကိုရင်” ”အင်း… ဟုတ်သယ်…ကိုရင်ပါပေးလိုက်နော်” ”လှူလိုက်ပါ့မယ်အေ”
”ဟုတ်သယ်…လှူလိုက်”ခြူးခြူးက လှစ်ခနဲပြန်ထွက် သွားလိုက်သာများ လှမ်းဆွဲချိန်မရ လိုက်ဘူး။ ခြူးခြူးပြန်မှ မီးလုံးကလေး ဖွင့်ပြီးကြည့်ကြတော့ သားရေပင်နဲ့ စည်းထားတဲ့ ပိုက်ဆံတွေဆိုတာ မနည်းဘူး။ ကျီးမနိုးကို ပေးတဲ့ အစည်းက ပိုပြီးကြီးသယ်။ ဝမ်း မသာနိုင်ကြပါဘူး။ ဒေါ်ကြီးလှက ငိုလိုက်သာ။ ကျီးမနိုးလည်း ငိုမိသာ ပါပဲလေ။ တစ်ယောက်တည်း ငိုချင် လို့ လရောင်ထဲထွက်ပြီးတော့တောင် ငိုမိသယ်။
(၁၁)
ကျီးမနိုးရွာပြန်ရောက်သာ ငါးနှစ်ကျော်ပြီ။လေအေးစက်၊ ရေအေးစက်၊ လေပန်ကာ၊ တီဗီ၊ ဆန်ကောင်း ထမင်း၊ သားကောင်းဟင်းတွေနဲ့ ဝေးခဲ့သာကြာပေါ့။ရွာရောက်တော့ လည်း ရွာ အသွေးရွာအဆင်ပေါ့။ ပူပူလောင် လောင် ဒရောသောပါးပေါ့။ သည် ငါးနှစ်အတွင်းမှာ ကိုယ့်မိ၊ ကိုယ့်ဖနဲ့ တကွ ကိုယ့်မွေးချင်းသွေးရင်းတွေနဲ့ ပြန်ဆုံရလို့၊ လုပ် ကိုင်ကျွေးမွေးရလို့၊ ရပ်ရေးရွာရေးမှာပါခွင့်ရလို့ ကျီးမနိုး အဖို့ ဝမ်းသာရသာလည်း အမှန်ပါ။ ကျီးမနိုးအလုပ်လုပ်တဲ့သူဌေးမ မာမီ့ဆီက ပိုက်ဆံတွေကြိုယူထားတဲ့ အမေက အိမ်မှာ စက်ရေတွင်း ကလေးတူး၊ ဘုန်းကြီးကျောင်းလှူ သင့်သာလှူ၊ အိမ်ကလေးပြင်၊ မြေကလေးဝယ်လုပ်ထားလို့လည်း စိတ်ချမ်းသာရပါရဲ့။ မာမီနဲ့ ခြူးခြူး ပေး လိုက်တဲ့ ပိုက်ဆံနဲ့ မြေတစ်ကွက် ထပ်ဝယ်လိုက်တော့ ကိုယ့်ယာ ကိုယ်စိုက်နိုင်ပြီ။ ကျီးမနိုးတောင် အသက် နှစ်ဆယ်ကျော်ပေါ့။
ပိတ်စွယ်ကလည်း အလုပ်များ လောဘတကြီးရှိလိုက်သာ။ ရောဂါ သည်အဖေ့ခမျာလည်း နားရပါပြီ။ အမေကတော့ ထမင်းအိုးချောင် ဟင်းအိုးချောင်ပေါ့။ ကိုယ့်ဘဝနဲ့ ကိုယ်ဖြစ်လာတော့လည်း လယ်ကြီး ကို စိုက်မယ်ဆင်းသယ် နေမင်းကပူ ဆိုတဲ့အထဲကပါပဲ။ တောင်သူကို လင်မလုပ်ချင်ဘု မိုးတိမ်တောင်ရင် မှာ စူးစေတော့လို့ ကျိန်မိ တဲ့ဘဝတွေ ပါပဲ။ ကိုယ့်ဘဝနဲ့ ကိုယ်ဆိုတော့ တစ်ခါက မြို့မှာနေခဲ့ရတဲ့ ဘဝ တစ်ကန့်ကို စိတ်ရောက်တဲ့အခါ ရောက်၊ မရောက်တဲ့အခါမရောက်။ တအောက်မေ့မေ့ဖြစ် ရတဲ့အခါ ဖြစ်၊ တစ်မေ့ပျောက်ပျောက်ဖြစ်ရတာ တွေလည်းရှိ။ အတူနေကြတုန်းက တစ်ခါသား ခြူးခြူးက တစ်ခါ တည်းဓာတ်ပုံထွက်လာတဲ့ ကင်မရာ နဲ့  စိတ်လိုလက် ရ ရိုက်ပေးလိုက်တဲ့ သူ့ပုံတစ်ပုံနဲ့ ကျီးမနိုးနဲ့တွဲရိုက်ထား တဲ့ပုံကလည်း ထန်းခေါက်ဖာထဲမှာအိပ်နေသာကြာပေါ့။ သတိရတဲ့အခါ လည်း ထုတ်ကြည့်မိပါရဲ့။
”ခြူးခြူးလည်း ရှိရော့ပေါ့လေ၊ ဆယ့်ရှစ်နှစ်သမီးလောက် … သားပိုက်ကောင်တွေရှိတဲ့ ကျွန်းကြီး မှာ လိပ်ပြာဖြူဖြူတစ်ကောင်လိုဝဲ နေရောပေါ့…မိန်းမချောဆိုတော့ ချစ်သူရှိေ လာက်ရောပေါ့။ သမီးနဲ့ မအေ အပြန်အလှန် သွားချည်ပြန် လှည့်ရှိကြရော့ပေါ့။ မာမီကလည်း အသက်ရပြီ ခြူးခြူးကလည်း နားလည်တတ်တဲ့အရွယ်ရောက်ပြီ ဆိုမှတော့ …ရွာဦးဆရာတော်မိန့် သလို မေတ္တာဆိုသာ နှောင်ဖွဲ့တတ် သော သဘောရှိမြဲပါလေ”တစ်ခါတစ်ခါတွေးမိသာပါ။ တစ်ခါတစ်ခါဆိုပေမဲ့ သတိရမိတိုင်း ကျီးမနိုး ရင်မှာ ခြူးခြူး ကို နာနာ ကျင်ကျင်လွမ်းနေမိရတုန်း။ ပြီးတော့ လည်း ဘဝအမောတွေထဲမှာ ပျောက်ရသာပါပဲ။ ခြူးခြူးကလည်း ကျီးမနိုးဆိုတဲ့ အိမ့်အခိုင်းအစေတစ်ယောက် ကို မေ့ သွားေ လာက် ရောပေါ့။ယာအလုပ်တွေသိမ်းပြီးစ နွေလယ်ခေါင်ခေါင်ကြီးတစ်ရက်မှာ ဦးလေးအောင်မြတ်ရွာ ရောက်လာ ခဲ့သယ်။ ဦးလေးအောင်မြတ် ရွာကို ရောက်မလာသာေ တာင် ကြာပြီ။ တစ်ခါတစ်ခါတော့ အကြောင်းကိစ္စ ရှိရင် ဒါမှမဟုတ်လို့ မလာမဖြစ်တဲ့ အလှူ မင်္ဂလာဆောင်ရှိရင်တော့ ရောက်လာတတ်သယ်။ ကျီးမနိုး လည်း နောက်ထပ် ဘယ်မြို့ဘယ် အိမ်မှာမှ သွားအလုပ်မလုပ်ဖြစ် တော့ပါဘူး။ မြို့ကပြန်ကတည်းက ရွာမှာတင်အထိုင်နဲ့နေသာဆိုတော့ ဦးလေးအောင်မြတ် ရွာရောက်တိုင်း ကျီးမနိုးတို့ အိမ် ကို ဝင်လာနေကျပါ။ သည်တစ်ခေါက်တော့ အိမ်ကို အရင်ဦးတိုက်ဝင်လေရဲ့။
”ကျီးမနိုးရေ… စိတ် မကောင်းစရာပါဟာ။ ပြောတောင် မထွက်ချင်ပါဘူး။ သည်လို… တစ်ရက်မှာတောင်ကြီးက ငါ့မိတ် ဆွေတစ်ယောက်နဲ့ ဆုံလို့ သူဌေးမမ လူစီ တို့ အ ကြောင်းကြားခဲ့ရ သယ်။ ငါ့မိတ်ဆွေက ဒေါ်လူစီနဲ့ အလုပ် လုပ်ဖက်ဆိုတော့ ဒေါ်လူစီ တို့အတွင်းရေးတွေ သိသင့် သလောက် သိနေသာပေါ့ဟာ … ဖြစ်ရပုံတော့…”
ဦးလေးအောင်မြတ်က သည် လောက်ပဲပြောပြီး ရပ်သွားသယ်။ မျက်နှာလည်းမကောင်းဘူး။ ပြီးတော့မှ တောက်ခနဲ ပြောချလိုက် တော့သာပါ။”ခြူးခြူးကလေး ဆုံးရှာပြီတဲ့ ဟ…ငါ့မိတ်ဆွေပြောသာတော့ ပင်လယ်ကမ်းခြေမှာ သူငယ်ချင်း တွေနဲ့ ကားမောင်းကြရင်း လမ်းဘေး တစ်ဖက်အောက်က ချောက်ထဲ ကျသာတဲ့…ဟိုကလူတွေပြောကြ သာတော့ လမ်းနဲ့ချောက်က တစ်ဖက်စီတဲ့…ကျစရာ အကြောင်း မရှိဘူးတဲ့…ဒါပေမဲ့ ခြူးခြူးက သူ့ကားကို ချောက်ဖက်ကို တမင်ထိုးချလိုက်သာလို့ ပြောကြသတဲ့…ပြီးေ တာ့…””အို… ဖြစ်ရလေတော်…ဖြစ်ရလေ ခြူးခြူးရယ်”ခြူးခြူးစိတ်ကို ကျီးမနိုး သိသယ်။ ကျီးမနိုးနဲ့အတူနေခဲ့ရသမျှ ခြူးခြူးမှာ စိတ်ခံစားချက်ပြင်းလာရင် အဲသလို ထိုးတိ ထိုး ကန်းလုပ်ချင်တဲ့စိတ်ကလေးရှိသာ ကျီးမနိုး ရိပ်မိခဲ့ သယ်။ စိတ်ထဲမထင်ရင် စိန်လက်စွပ် ကြီးကို ပုစွန်ကျစ်စာကျင်းထဲ ချပစ် လိုက်သာမျိုးပေါ့။”ပြီးတော့ ခြူးခြူး ရဲ့ နေ့စဉ် မှတ်တမ်းစာအုပ်ကို ဒေါ်လူစီက ပြန်ယူလာ ခဲ့သာေ လ…စာ အုပ်ထဲ မှာ ရေးထားသာ နင့်နာမည်နဲ့တဲ့…သူပြောချင်သာတွေ နင့်ကို တိုင် တည်ပြီး ရေးထားသာမျိုးပေါ့ဟာ …ငါ့မိတ်ဆွေကတောင် ကျီးမနိုး ဆိုသာ ဘယ်သူတုံးလို့ မေးေ သး သယ်”ခြူးခြူးခမျာ ကျီးမနိုးဆိုတဲ့ ကျေးတောက အထိန်းတော်မအူမအ တစ်ယောက်ကို မမေ့မလျော့ စာတွေထဲထည့်ရေးသတဲ့လား။ ကျီးမနိုးကို မမေ့ရှာဘူးတဲ့ လား တော်။
”ခြူးခြူးဆုံးသာ ငါ့မိတ်ဆွေ ပြောပုံဖြင့် မှတ်မှတ်ရရ ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့် ညကမှ တဲ့ဗျ…အဲသည်ညက တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ညဆိုတော့ ငါ့မိတ်ေ ဆွက ဒေါ်လူစီတို့နဲ့ ညစာ အတူစားနေကြတုန်း ဖုန်းဝင်လာ သာတဲ့။ ဒေါ်လူစီလည်း ချက်ချင်း ထလိုက်ဖို့ပြင်ရသတဲ့”မှတ်မှတ်ရရ တန်ဆောင်မုန်း လပြည့်နေ့က ကျီးမနိုး တို့ရွာမှာ အရပ်ပြဇာတ်ကမယ့်ပွဲညလေ။ တစ်ရွာလုံး ပွဲခင်းဘက် ရောက်ကုန် ကြပြီ။ ညနေနေဝင်ရိုးရီအချိန် ကလေး ကျီးမနိုးအိမ်ရှေ့မှာ ပုဆိုး ဟောင်းကလေး တစ်ထည် ခင်းပြီး ဆန်ပြာနေချိန်။အိမ်ရှေ့ တာလမ်းဆီက လှည်း တစ်စီးဖြတ်သွားသာကလွဲလို့ လူသူ လေးပါး သွေ့သွေ့ကြီးခြောက်နေတဲ့ အချိန်ပေါ့။ နားထဲ’ကျီးမနိုး’ လို့ခေါ် သံကြားသယ် ထင်လို့ လှည့်ကြည့်မိသယ်။ လှည်းပေါ်ပါသွားတဲ့ မိန်းမကများ ခေါ်လိုက်သာလားထင်မိလို့ လမ်း ဘက်ထွက်ကြည့်တော့ လှည်းပေါ်မှာ မိန်းမသားမပါဘူး။ လှည်းသမားကြီး တစ်ယောက်တည်းရယ်။
”အေး… ငါလည်း နင်သိပါ စေတော့ ရယ်လို့ ဝင်ပြောသာ…စိတ်ထဲမကောင်းချက်တော့ဟာ …ကိုင်း…ငါပြန်မယ်၊ နှမတွေ အိမ် ဝင်ချေဦးမယ်” ”ဟုတ်ဟုတ်ကဲ့ …ဦးေ လး အောင်မြတ်”ဦးလေးအောင်မြတ်ပြန်တော့ ဆန်ဗန်းတစ်ချပ်ရှေ့ချပြီး မျက်ရည် ကျမိသယ်။ စိတ်ထဲ တစ်ခုခုကို သိနေသလို စလုံးစခုကြီးနဲ့။ သားပိုက်ကောင်တွေရှိတဲ့ ပင်လယ် ကျွန်းကြီး မှာ ညည်း အပြီးနေရပြီပေါ့။ ခြူးခြူးက ပြန်မလာဘူးဆိုသာ တကယ်ဟုတ်နေပြီပေါ့။ ညည်း ရင်ထဲက ညည်းပြောချင်သမျှ စကား တွေ ငါကြား ချင်ပါ ရဲ့ခြူးခြူးရယ် …။ ညည်း ငါ့ ကို ဘာတွေပြော ခဲ့ချင်သာတုံး။ညည်း နေထိုင်ခဲ့ရသမျှ အကုသိုလ်ကင်းပါ့တော်။ ညည်း ကုသိုလ်တွေ မနည်းပါဘူး။ ကိုရင်ကို လှူပါဆိုလို့ ဆ ရာတော်ရော ကိုရင် ပါ နဝက မ္မသုံးနိုင်အောင် ငါလှူခဲ့သာ ရွာရောက်ကတည်းကပါ။ သာဓုခေါ် ပါအေ။ ညည်းကို ရည်မှတ်ပြီး ငါ ဆွမ်းကပ်ဦးမှာပါ။ခြူးခြူးရေ…။ လပြည့် ညတွေမှာ ခရေပန်းနံ့တွေပေးပါဦး ။ ညည်းနဲ့ငါ တွေ့ကြရအောင်ပါ…။ ညည်းမေးသမျှ ငါဖြေမယ်လေ။
ဆန်ဗန်းထဲမှာ ကျီးမနိုး နင့်နင့် ပါအောင်ငိုနေမိလို့ ကျတဲ့မျက်ရည် တွေ တပေါက်ပေါက်…။
ခြူးခြူးရေ…ညည်းသာ အနားရှိရင် ခြူးခြူးလည်းငိုချင်းချ ချင်သယ်လို့ ပြောနေဦးမှာထင်ပါရဲ့ အေ…။
ခင်ခင်ထူး
Air Angels
$
0
0
 သြဂုတ် ၂ဝ ရက်နေ့ကိုNational Radio Day အဖြစ် သတ်မှတ်ထားပါတယ်။ ရေဒီယို ကြေးနန်းတီထွင်မှုကို စတင်ခဲ့တဲ့ အီတလီလူမျိုး Guglielmo Marconi ကို ဂုဏ်ပြု ပြီး သတ်မှတ် ခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရေဒီယိုလိုင်း အသီးသီးမှာ အသံချိုချိုလေးတွေနဲ့ သာယာချမ်း မြေ့ဖွယ်အစီအစဉ်တွေကို စီစဉ်တင်ဆက်နေကြ တဲ့ Radio Announcer များနဲ့ ရတီက တွေ့ဆုံပြီး ‘Air Angels’ ကဏ္ဍကို တင်ဆက်လိုက်ပါတယ်။ ရတီစာဖတ်ပရိသတ်တွေထဲမှ FM ချစ်သူတွေ လည်း ရေဒီယိုထဲမှာ ကြားနေရေ လ့ရှိတဲ့ အသံပိုင် ရှင်လေးများရဲ့ ပုံရိပ်များကိုကြည့်ရင်း ကျေနပ် နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရင်း ..
မြနန်းနွယ်
ညီမလေးနာမည်နဲ့ အခုအလုပ်လုပ်နေတဲ့ ရေဒီယိုလိုင်းလေးကို ပြောပြပေးပါလား။
ညီမနာမည်က မြနန်းနွယ်ပါ။ ရခိုင်တိုင်းရင်း သူပါ။ ညီမက ပဉ္စဝတီ FM မှာ လုပ်နေပါ တယ်။
ပဉ္စဝတီ FM ဆိုတော့ ညီမလေးက ရခိုင် ဘာသာနဲ့ပါ တင်ဆက်ရမှာပေါ့နော်။ ညီမလေး တာဝန်ယူတင်ဆက်နေတဲ့ အစီအစဉ်တွေ အကြောင်း ပြောပြပေးပါဦး။
ရခိုင်ဘာသာနဲ့လည်း တင်ဆက်ပါတယ်။ Radio Postcard ဆိုတဲ့ အစီအစဉ်မှာ Announcer လုပ်တယ်။ ဘုန်းမင်းထင်ဆိုတဲ့ သူငယ်ချင်းနဲ့တွဲပြီး လုပ်တာပါ။ Radio Postcard က ပရိသတ်တွေဆီက စာတွေဖတ်ပြရတာပါ။ နောက်တစ်ခုက ”သို့ သီချင်းလက်ဆောင်” ဆိုတဲ့ ကဏ္ဍပါ။ အဲဒါကလည်း ပရိသတ်ဆီကစာတွေ ဖတ်ပြပြီး သီ ချင်းလေးတွေ ဖွင့်ပြရတာပါ။ နောက် ပြီး မြန်မာဘာသာစကားနဲ့လည်း လွှင့်တာရှိတယ်။ အဲဒါက ‘ပဉ္စဝတီBill Board ‘ ဆိုတဲ့ကဏ္ဍပါ။ အဲဒါက Hits ဖြစ်နေတဲ့ သီချင်း ၁ဝ ပုဒ်ကို ဖွင့်ပြတဲ့ အစီအစဉ်ပါ။ နောက်ပြီး ရခိုင်သီချင်း ကဏ္ဍလည်း လုပ်ပါတယ်။ အပတ်စဉ် စနေနေ့မှာ ‘လခြမ်းမြေမှ အနုပညာရှင်များနှင့် တွေ့ဆုံခြင်း’ ဆိုတဲ့အစီအစဉ် လုပ်တယ်။ အဲဒါကကျတော့ ရခိုင်တိုင်းရင်းသား အနုပညာရှင်တွေနဲ့ တွေ့ဆုံ အင်တာဗျူး လုပ်တာပါ။ ဥပမာ – နေတိုး၊ မင်းသွေး၊ ရတနာမိုင်တို့လို အနုပညာရှင်ေ တွ  ပေါ့။ နောက်ပြီး ‘Music Update’ တို့၊ ‘Arts Garden’ တို့မှာလည်း ညီမလုပ်ပါတယ်။ Arts Garden ကကျတော့ အနုပညာရပ်ဝန်းက သတင်းလေးတွေကို တင် ဆက်ပေးတာပါ။ ပဉ္စဝတီ င်္FM မှာက ရခိုင်ဘာသာစကားတတ်တာ ညီမရယ်၊ နောက်ထပ် သူငယ်ချင်းတစ်ယောက် ရယ်ပဲရှိတော့ အစီအစဉ်တော်တော်များများကို ညီမ တာဝန်ယူရပါတယ်။ဒါဆို ပဉ္စဝတီFM ပရိသတ်က ညီမလေးကို ကောင်းကောင်းသိပြီးထားပြီပေါ့။ဟုတ်ကဲ့။ ရခိုင်ပြည်နယ်ဘက်ကို အဓိက လွှင့်တာဆိုတော့ အဲဒီဘက်က ပရိသတ်ကတော့ မြနန်းနွယ်ဆိုရင် သိကြမှာပါရှင့်။
ဇွန်ပန်းဖွေး
ညီမလေးနာမည်နဲ့ ညီမလေးအလုပ်လုပ်နေ တဲ့FM နာမည်လေး ပြောပြပေးပါ။
ညီမနာမည်က ဇွန်ပန်းဖွေးပါ။ ညီမက ‘လူငယ့်ဥယျာဉ်’ အစီအစဉ်ရဲ့ စီစဉ်တင်ဆက်သူ လုပ်ပါတယ်။ ‘လူငယ့်ဥယျာဉ်’ ဆိုတဲ့အစီအစဉ် က ရွှေFMမှာ ပုံမှန်လွှင့်နေတဲ့ အစီ အစဉ်ပါ။ ညီမက ရွှေ FM ရဲ့ ဝန်ထမ်းတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ဆရာဝန်အသင်းလူငယ်ဖွံ့ဖြိုးမှု အစီအစဉ်က အဖွဲ့ဝင်တစ်ဦးပါ။ ‘လူငယ့်ဥယျာဉ်’ က လူငယ်ဖွံ့ဖြိုး မှုအစီအစဉ်က စီစဉ်တာပါ။
‘လူငယ့်ဥယျာဉ်’ က ရွှေFM မှာ ပုံမှန်လွှင့် တာဆိုတော့ ဘယ်အချိန် ဘယ်နေ့တွေမှာ လွှင့် နေတာလဲ။
နောက်ပြီး အစီအစဉ်ရဲ့ ရည်ရွယ်ချက် လည်း ပြောပြပေးပါဦး။ ‘လူငယ့်ဥယျာဉ်’ ဆိုတဲ့အတိုင်း လူငယ်တွေ အတွက် ရည်ရွယ်ပြီး တင်ဆက်တာပါ။ လွှင့်တာ ကတော့အ ပတ်စဉ် ကြာသပတေးနေ့ ည ၇း၃ဝ နဲ့ တနင်္လာနေ့ ညနေ ၆းဝဝ နာရီတို့မှာ လွှင့်ပါ တယ်။ ရည်ရွယ်ချက်ကတော့ လူငယ်တွေအတွက် Edu – Entertainment အနေနဲ့ လုပ်တာပါ။ စီစဉ်တင်ဆက်တာမှာလည်း တင်ဆက်မှုပုံစံကို ညီမတို့က ဇာတ်လမ်း၊ သီချင်း၊ စကားရည်လု၊ သံချပ်အပြင် အမျိုးမျိုးပုံစံတွေနဲ့ တင်ဆက် ပါတယ် ။ ခေါင်းစဉ်ေ တွကလည်း ဥပမာ – သုတသံစဉ်များ နဲ့လူငယ်၊ ဘာသာစကားနဲ့ လူငယ်၊ တာဝန်ယူမှု နဲ့ လူငယ်စသဖြင့် ခေါင်းစဉ်တွေနဲ့ တင်ဆက်ပါ တယ်။ ခေါင်းစဉ်တွေပေါ် မူတည်ပြီး အကြောင်း အရာ ပြောင်းတာပေါ့။
စာဖတ်ပရိသတ်ကိုရော ညီမလေး ဘာများ ပြောချင်သေးလဲ။
ရတီ စာဖတ်ပရိသတ် ကျန်းမာကြပါစေလို့ ပြောချင်ပါတယ်။ ရတီပရိသတ်တွေထဲမှာ ရွှေFMပရိသတ်တွေပါခဲ့ရင်လည်း ဇွန်ပန်းတို့ရဲ့ ‘လူငယ့်ဥယျာဉ်’ ကိုနားဆင်ပေး ကြ ပါဦးလို့ ပြော ချင်ပါတယ်။
စမ်းသီတာ
ညီမလေးနာမည်နဲ့ ညီမလေးအလုပ်လုပ်နေ တဲ့ ရေဒီယိုလိုင်းအမည်လေးကို အရင်ပြောပြ ပေးပါလား။
ညီမနာမည်အပြည့်အစုံက စမ်းသီတာလှိုင် ပါ။ အခု ညီမက Mandalay FM မှာ Announcer လုပ်နေပါတယ်။ Mandalay FM နံနက်ခင်း တိုက်ရိုက်ထုတ်လွှင့် တင် ဆက်မှု အစီအစဉ်မှာ လုပ်ပါတယ်။ Announcer လုပ်ရင်တော့ စမ်းသီတာဆိုတဲ့ နာမည်နဲ့ လုပ်ပါတယ်။
Mandalay FM တိုက်ရိုက်ထုတ်လွှင့်မှု တွေ လုပ်တာများတယ်နော်။ ဘယ်လိုရည်ရွယ် ချက်နဲ့ လုပ်တယ်ဆိုတာ ညီမလေးက ပြောပြ ပေးပါဦး။
ဟုတ်ပါတယ်။ Mandalay FM ကအခု တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွေကို တိုးချဲ့ နေပါတယ်။ ဘာလို့လဲဆိုတော့ Public Service ပေါ့။ ပြည်သူတွေကို ပိုပြီးအကျိုြး ပုချင်တယ်။ အချိန်နဲ့တစ်ပြေးညီ သတင်းတွေကို တင်ဆက် ချင်တယ်။ ညီမတင်ဆက်နေတဲ့ Mandalay FM တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုမှာကျတော့ ပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့မှု ကဏ္ဍတွေ ပိုပါတယ်။ အစီအစဉ်ကတော့ နေ့စဉ် ၉ နာရီက နေ ၁၂ နာရီအထိ တင်ဆက်နေပါတယ်။ ဒီအစီအစဉ်မှာ ကိုယ်ချစ်သူ၊ ခင်သူတွေအတွက် ဆုတောင်းပေးလို့ရတယ်။ တိုက်ရိုက်သီချင်း တောင်းကဏ္ဍလည်းပါတယ်။ အောင်မြင်ကျော် ကြားတဲ့ နယ်ပယ်အသီးသီးကသူတွေကို ဖိတ်ပြီး သူတို့ရဲ့ Life Style တွေ အကြောင်းကို Interview လုပ်တတ်တယ်။ ဥပမာ – မတင်မိုးလွင်၊ ဆရာ လင်းသိုက်ညွန့်၊ ဆရာမပုညခင်တို့လို လူတွေ ပေါ့။ တခြားရော ညီမလေးက ဘယ်ကဏ္ဍတွေ လုပ်နေသေးလဲ။ ညီမက Announcer ဆိုပေမဲ့ ကိုယ်လုပ်ရမဲ့ အစီအစဉ်အတွက် အားလုံးတာဝန်ယူပြီး လုပ်ပေး ရတယ်။ သီချင်းစုတာ၊ ရှာတာ၊ ကိုယ်ဖိတ်မယ့်လူ ချိတ် တာ ၊ run down စီတာ အားလုံးလုပ်ရပါ တယ်။ ညီမက Mandalay FM မှာ ၂ဝဝ၉ ကတည်းက အလုပ်ဝင်တာဆိုတော့ အရင်တုန်းက တိုက်ရိုက်လွှင့်တာတွေ ဒီေ လာက် မလုပ်ခင် Pre recorded တွေပဲ လုပ်တုန်းကတော့ VCD အညွှန်း၊ ကလေးလေးတွေအတွက်လွှင့်တဲ့ ‘ကလေးတို့အတွက် Mandalay FM တို့မှာ လုပ် တယ်။ တီတီစမ်းသီတာဆိုပြီးတော့ပေါ့။
စံပယ်နှင်း
ညီမလေးရဲ့နာမည်နဲ့ အခု အလုပ်လုပ်နေတဲ့ ရေဒီယိုလိုင်းအမည်လေးကို အရင်ပြောပြပေးပါ လား။
ညီမနာမည်က စံပယ်နှင်းပါ။Cherry FM မှာ Announcer လုပ်နေပါတယ်။
အဲဒီမှာ ညီမလေးက ဘယ်အစီအစဉ်တွေကို တာဝန်ယူတင်ဆက်ပေးနေရတာပါလဲ။
ညီမက Newest Collection ဆိုတာရယ်၊ Newest က သီချင်းခွေအသစ်တွေကို မိတ်ဆက် ပေးရတာပါ။ အဆိုတော်နဲ့တွေ့ပြီး အင်တာဗျူး လုပ်တယ်။ သီချင်းလေးတွေ ဖွင့်ပြတယ်။ နောက်ပြီး Romeo & Julietဆိုတဲ့အစီအစဉ် ရယ်ပေါ့။ Romeo & Juliet က အချစ်သီချင်းလေး တွေ လူငယ်တွေအတွက် အဓိကရည်ရွယ်ပြီး ကဗျာလေး ဖတ်ပြပြီး အဲဒီကဗျာနဲ့ လိုက်ဖက်တဲ့ သီချင်းလေးတွေ ဖွင့်ပြတာပေါ့။ ကဗျာကတော့ ကဗျာဆရာတွေရဲ့ ကဗျာတွေကိုပဲ ညီမတို့က ရွေးပြီး ဖတ်တာပါ။ Newest Collection က ကြာသပတေးနဲ့ တနင်္ဂနွေလွှင့်တယ်။ Romeo & Juliet က ဗုဒ္ဓဟူးနဲ့တနင်္ဂနွေတွေမှာ လွှင့်ပါ တယ်။ နောက် Evening Music ဆိုတာလည်း လုပ်ပါတယ်။ 50 Songs to Gold ဆိုတာလည်း လုပ်ပါတယ်။
အဲဒီအစီအစဉ်တွေကို ဘယ်လိုရည်ရွယ်ချက် တွေနဲ့ တင်ဆက်ဖြစ်တာပါလဲ။
Newest Collection က အသစ်ထွက်တဲ့ သီချင်းခွေတွေကို ပရိသတ်က အရင်သိမယ်။ အဆိုတော်အနေနဲ့လည်း သူ့သီချင်းအကြောင်း လေးတွေကို ပရိသတ် ကို ပြောပြ ခွင့်ရမယ်။ သီချင်းလည်း ဖွင့်ပြတော့ ပရိသတ်ကလည်း သီချင်းတွေကို ဘယ်သူမှ နားမထောင်ရခင် နားထောင်ခွင့်ရမယ်။ ဒီလို ရည်ရွယ်ချက်နဲ့ပါ။ Romeo & Juliet ကတော့ လူငယ်တွေပျော်အောင် လုပ်တာပါပဲ။Romeo နဲ့ Juliet ပြဇာတ်ထဲကလို အချစ်မျိုးနဲ့ပေါ့။ အဓိကကတော့ ခံစားချက်ကို ဦးစားပေးတဲ့ Entertainment အနေနဲ့ပဲ တင် ဆက်တာပါ။ Evening Music က ညနေဘက်မှာ ဘာလုပ်ရမလဲ စဉ်းစားနေတဲ့သူတွေအတွက် ရည်ရွယ်တာပါ။ ညီမတို့က စားသောက်ဆိုင် အညွှန်းလေးတွေ၊ ဘယ်ရုပ်ရှင်ရုံမှာ ဘာကားတွေ ပြနေတယ်ဆိုတာတွေ ပြောပြပေးတယ်။ 50 Songs to Gold က ညီမတို့ရဲ့ Cherry FM Facebook ကပရိသတ်တွေ ရဲ့Commen t လေးတွေဖတ်ပြပြီး သီချင်းဖွင့်ပေးတာပေါ့။ င်္ခေနဘသသု ပရိသတ်တွေ စိတ်ကျေနပ်အောင် လို့ပါ။ ရေဒီယိုလိုင်းမှာ လာအလုပ်လုပ်နေတဲ့ Announcer တစ်ယောက်မှာ ဘယ်လိုတာဝန်တွေ နဲ့ စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ ရှိပါသလဲ။ ညီမတို့က အသံနဲ့သရုပ်ဖော်တင်ဆက်ရတာ ဆိုတော့ စကားလုံးသုံးနှုန်းတာက အဓိကကျတယ်။ ကိုယ် ပြောလိုက်တဲ့စကားက နားထောင်သူတွေ အတွက် အေးချမ်းသွားရမယ်။ ပျော်ရွှင်သွားရ မယ်။ ပြီးတော့ တစ်ဖက်စွန်းရောက်စေမယ့် စကားမျိုး၊ သူတစ်ပါးကို ထိခို က်စေမယ့်စကားမျိုး ကို အထူးဂရုစိုက်ပြီး ရှောင်သုံးတတ်ရမယ်။
အိဖြူဇင်ဝင်း
ညီမလေးရဲ့နာမည်နဲ့ အခုအလုပ်လုပ်နေတဲ့ ရေဒီယိုလိုင်းအမည်လေးကို အရင်ပြောပြပေးပါ လား။
ညီမနာမည်က အိဖြူဇင်ဝင်းပါ။ City FM Radio Station မှာ အလုပ်လုပ်နေပါတယ်။
ညီမလေးတာဝန်ယူနေရတဲ့ ကဏ္ဍလေးတွေ ကိုလည်း ပြောပြပေးပါ။
ညီမက Post နှစ်မျိုးနဲ့ လုပ်နေပါတယ်။ ‘နံနက်ခင်းမင်္ဂလာတေးများ’ အစီအစဉ်မှာ စီစဉ် တင်ဆက်သူ လုပ်ပါတယ်။ ဒီအစီအစဉ်က နေ့ တစ်နေ့ရဲ့အစကို ကြိုတဲ့အနေနဲ့ သီ ချင်းလေးတွေ ကို ရွေးချယ်တင်ဆက်ပေးတာပါ။ ဗုဒ္ဓဝင်တေး၊ မိဘမေတ္တာဖွဲ့၊ မြန်မာ့ကျေးလက်မြင်ကွင်း၊ ဒီလို သီချင်းလေးတွေကို ရွေးဖွင့်ပါတယ်။ သီချင်း ၈ ပုဒ်ရွေးပြီး တင် ဆက်ပါတယ်။ နောက်ပြီး Reporter အနေနဲ့ သတင်းတွေလိုက်ယူရပါတယ်။ ညီမတို့ စုဆောင်းထားတဲ့ သတင်းတွေကို မနက် ၉ နာရီနဲ့ ညနေ ၅ နာရီမှာ သတင်း လွှင့်ပေးပါ တယ်။ ညီမက သတင်းရေးသားတယ်။ သတင်း တင်ဆက်ပေးတယ်။
ညီမလေးတို့ရဲ့City FM မှာ ပရိသတ် အကြိုက်ဆုံးအစီအစဉ်ဆိုရင် ဘယ်အစီအစဉ် ပါလဲ။
အခုထိ အအောင်မြင်ဆုံး အစီအစဉ်ဆိုရင်Lost & Found အစီအစဉ်ပါ။ ညီမတို့က ဘူတာရုံတို့၊ လေဆိပ်တို့မှာ သတင်းပို့တဲ့ စက်ခန်းသဘောမျိုးလေးလုပ်ထားပြီး ပစ္စည်း ပျောက်တဲ့သူတွေကလာပြီး Report လုပ်တာပေါ့။ ညီမတို့က အစီအစဉ်ကနေ ၂ နှစ်အတွင်းမှာ သိန်းတစ်ရာကျော်ဖိုးလောက် ပိုင်ရှင်ကို ရှာပေး နိုင်ခဲ့ တယ် ။ နောက်ပြီး Radio Request ပေါ့။ ဒါက Englishသီချင်းတွေပဲ တောင်းရတဲ့ အစီအစဉ်ပါ။ ဒါလည်း လူကြိုက်များတယ်။ ပြီးတော့For Youth အစီအစဉ်ပေါ့။ လူ ငယ် တွေအားလုံးအတွက် အတွေးအခေါ်၊ ရည်မှန်း ချက်တိုးတက်လာအောင် ရည်ရွယ်ပြီး လူငယ်ဂီတ ဆရာ၊ လူငယ်ဆရာဝန်၊ လူငယ်စာရေးဆရာတွေ နဲ့ တွေ့ ဆုံပြီးအင်တာဗျူးလုပ်တာကိုလည်း ကြိုက် ကြတယ်။
Announcer တစ်ယောက်ရဲ့ တာဝန်တွေနဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ပြောပြပေးပါ လား။
ညီမအနေနဲ့ပြောရရင် Announcer တစ်ယောက်က အသိပေးမယ်။ ဖျော်ဖြေပေးမယ်။ ပညာပေးမယ်ပေါ့။ အသိပေးတာမှာ ကိုယ်က သတင်းအမှားမျိုးကို မပေးရဘူး။ နားထောင်သူ တွေက မှားယွင်းပြီး တွေးတောသွားတာ မဖြစ်ရ အောင် စကားလုံးတွေကအစ သေသေချာချာ တိတိကျကျတင်ဆက်ပေးရမယ်။
အိဆု
ညီမလေးရဲ့နာမည်နဲ့ အခုအလုပ်လုပ်နေတဲ့ ရေဒီယိုလိုင်းအမည်လေးကို အရင်ပြောပြပေးပါ လား။
ညီမနာမည်က အိဆုပါရှင့်။ ပတ္တမြား FM ပါ။
အဲဒီမှာ ညီမလေးတာဝန်ယူတင်ဆက်နေရ တဲ့ အစီအစဉ်တွေက ဘယ်လိုအစီအစဉ်တွေပါ လဲ။
အနုပညာရှင်တွေနဲ့ interview အစီအစဉ် တွေဖြစ်တဲ့ သူ့အကြိုက် သူ့သီချင်း၊Like & Choice ၊ ပတ္တမြား album ၊ VCD ထဲက သီချင်း ကောင်းလေးများ၊ ဖုန်းနဲ့ သီချင်းေ တာင်းတဲ့ အစီအစဉ်ဖြစ်တဲ့Listener’s Choiceစာနဲ့ သီချင်းတောင်းတဲ့အစီအစဉ်၊ လေလှိုင်းထဲက တေးလက်ဆောင်၊ ကျန်းမာရေးဗဟုသုတတွေကို တင်ဆက်ပေးနေတဲ့ အာရောဂျံပရမံလာဘံ။ ကိုရီးယား သီချင်းအစီအစဉ်တွေဖြစ်တဲ့ Songs on Screen & Korea Hits ၊ ကြွေလွင့်သွားပြီ ဖြစ်တဲ့ ငွေကြယ်ပွင့်တွေရဲ့ အကြောင်းတွေကို အမှ တ်တရတင်ဆက်ပေးနေတဲ့ အစီအစဉ်တွေကို တင်ဆက်ပေးနေပါတယ်ရှင့်။
အဲဒီအစီအစဉ်တွေကို ဘယ်လိုရည်ရွယ်ချက် တွေနဲ့ တင်ဆက်ထားတာပါလဲ။
ပရိသတ်တွေစိတ်ပျော်ရွှင်ဖို့ ဖျော်ဖြေရေး အဖြစ် နားထောင်ရင်း စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးတစ်ခုခုမှာ အထောက်အပံ့ဖြစ်ဖို့၊ ဗဟုသုတရရှိစေဖို့ ရည်ရွယ်ပြီး တင်ဆ က်ပေးပါ တယ်။ ညီမလေးတို့ရဲ့ FM လိုင်းမှ ပရိသတ်အကြိုက် ဆုံး အစီအစဉ်ဆိုရင် ဘယ်အစီအစဉ်ပါလဲ။ အင်း … ဒါကတော့ Choice လုပ်ရတာ နည်းနည်းတော့ ခက် တယ်အစ်မ။ ညီမတို့ ပတ္တမြား FM က Information, Infotainment, Entertainment, Education, Edutainment တွေကို မျှတအောင် ထုတ်လွှင့်ပေးနေ တာဆိုေ တာ့ လေ ပရိသတ်အမျိုးမျိုး၊ အကြိုက်အမျိုးမျိုးပေါ့ နော်။ အဲဒီထဲမှာမှ Choice လုပ်ရမယ်ဆိုရင် Entertainment အစီအစဉ် လေလှိုင်းထဲက တေးလက်ဆောင်၊ Listener’s Choice ? Flying Melody ? Your’s Favourite တွေက ပရိသတ် တွေ တောင်းဆိုတဲ့သီချင်းတွေကို ထုတ်လွှင့်ပေး တာဆိုတော့ တောင်းဆိုသူကလည်းများ၊ နားဆင် သူကလည်း များတယ်။ Edutainment အစီ အစဉ်၊ ခေတ်လူငယ်၊ ခေတ်အတွေး၊ နိဗ္ဗာန်လမ်း ဆီသို့၊ ဒီနေ့အတွက် စကားအစီအစဉ်တွေကတော့ နားဆင်သူ ပရိသတ်ေ တွအတွက် တွေးစရာ မှတ် သားစရာနဲ့ အတုယူစရာ ပညာပေး လေးတွေပါတဲ့ Edutainmentအစီအစဉ်တွေကိုလည်း ကြိုက် ကြတယ်။ သတင်းအစုံနားဆင်ချင်တဲ့ ပရိသ တ် တွေကတော့ Variety Variety ၊ ပတ္တမြား FM နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖြေကြား ပေးနေတဲ့ ပတ္တမြား Mailbox နဲ့ အနုပညာရှင် တွေရဲ့ အကြောင်းေ တွကို တင်ဆက်ပေးနေတဲ့ ငွေကြယ်ပွင့်တို့လင်းလက်ရာ အများကြီးပဲ အစ်မ။
ရေဒီယိုလိုင်းမှာ လာအလုပ်လုပ်နေတဲ့ Announcer မှာ တစ်ယောက်မှာ ဘယ်လိုတာဝန်တွေ နဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေရှိပါသလဲ။
Announcer တစ်ယောက်ရဲ့ အဓိကတာဝန် တွေက ကိုယ်တင်ဆက်တဲ့ သတင်းနဲ့ဖျော်ဖြေရေး အစီအစဉ်တွေကို ရှင်းလင်းကောင်းမွန်စွာ တင် ဆက်နိုင်ရမယ်။ ကိုယ်တင် ဆက်ထုတ်လုပ်တဲ့ သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးအစီအစဉ် တွေက အဆိပ်အတောက်မဖြစ်ရဘူး။ ရေဒီယို ဆိုတာက တစ်ခါနားထောင်လိုက်တာနဲ့ သောတ ရှင် ရဲ့ စိတ်ထဲမှာ မရှင်းလို့ ချက်ချင်းပြန်နားထောင် လို့ ရတာမဟုတ်ဘူးလေ။ နောက်တစ်ခုက အရုပ် နဲ့ ဆက်စပ်ကြည့်ရတာလည်းမဟုတ်တော့ တစ်ခါ နားထောင်လိုက်တာနဲ့ နားလည်လွယ်အောင် တင်ဆက်နိုင်ရမည်။ ကိုယ်ပြောမယ့် topic နဲ့ ပတ်သက်တဲ့အကြောင်းရဲ့ တိကျတဲ့အချက် အလက်တွေကို စုဆောင်းရမယ်။ Script ရေးရ မယ်။ Outline preparation တွေ ထုတ် ထားရမယ်။ Interview အစီအစဉ်တွေအတွက် မေးခွန်းတွေကို ပရိသတ်လည်း စိတ်ဝင်စားပြီး အမေးခံရတဲ့သူအတွက်လည်း စိတ်   အနှောင့် အယှက်မဖြစ်အောင် ပြင်ဆင်ရမယ်။ သောတရှင် တွေ လိုချင်တဲ့ရသမျိုးစုံကို ပေးနိုင်ရမယ်။ Media သမားတစ်ယောက်ဆိုတာ တိကျပြီး အချိန်နဲ့ တစ်ပြေးညီ လုပ် ကိုင်နိုင်ရပါမယ်ရှင့်။
ဇွန်ဦးခိုင်
ညီမလေးရဲ့နာမည်နဲ့ အခု အလုပ်လုပ်နေတဲ့ ရေဒီယိုလိုင်း အမည်လေးကို အရင်ပြောပြပေးပါ လား။
ညီမနာမည်က ဇွန်ဦးခိုင်ပါ။ FM Pagan မှာ Announcer လုပ်နေတာ လေးနှစ်ကျော် ပါပြီ။
FM ပုဂံမှာ ညီမလေးက ဘယ်လိုအစီအစဉ် တွေကို လုပ်နေရတာပါလဲ။
ညီမ တာဝန်ယူပြီး တင်ဆက်နေတာတော့ သီချင်းအစီအစဉ်ပါ။ သီချင်းနဲ့ပတ်သက်တဲ့ အကြောင်းလေးတွေကို ပြောပြတယ်။ ပြီးတော့ သီချင်းဖွင့်ပြတာပေါ့။ ‘အရောင်စုံလ င်သောသီချင်း များ’ အစီအစဉ်ပေါ့။ နောက်ပြီး တင်ဆက်တာ တော့ ကျန်းမာရေးတို့၊ ခရီးသွားတို့၊ ဆောင်းပါး အစီအစဉ်တို့လည်း လုပ်ပါတယ်။ ဒါတွေကတော့ ညီမတာ ဝန်ယူတာမဟုတ်ဘဲ Announcer အနေ နဲ့ပဲ တင်ဆက်နေတာပါ။ ဇွန်ဦးတို့ FM ပုဂံက နယ်ကိုအဓိကလွှင့်တာဆိုတော့ အစီ အစဉ်တွေက နယ်ကပရိသတ်အတွက် အဓိ က ရည်ရွယ်ပါတယ်။ ညီမလေးတင်ဆက်တဲ့ အရောင်စုံလင်သော သီချင်းများက ဘယ်လိုရည်ရွယ်ချက်နဲ့ တင်ဆက် တာပါလဲ။ အရောင်စုံလင်သောဆိုတဲ့အတိုင်း သီချင်း အမျိုးအစား စုံစုံလင်လင်ပေါ့။ Hip Hop ရော၊ Rock ၊ Popသီချင်းတွေရော သီချင်းအမျိုး အစားအစုံကို တင်ဆက်တာပါ။ သီချင်းချစ်သူ အတွက် ရည်ရွယ်တာ ပါ။ ရေဒီယို လိုင်းမှာ အလုပ်လုပ်နေတဲ့ Announcer တစ်ယောက်မှာ ဘယ်လိုတာဝန် တွေနဲ့ စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ ရှိပါ သလဲ။ Announcer ရဲ့ တာဝန်ကတော့ သတင်း အမှားတွေ ပါမသွားဖို့က အဓိကပါပဲ။ နားထောင် သူတွေမှာ အကျိုးမရှိသွားရင်တောင် အကျိုး မယုတ်စေရဘူး။ နောက်ပြီး အသံထွက်ပီပီသသနဲ့ ချိုမြနေရမယ်။ အသံထွက်ရှင်းလင်းရမယ်။
ဖြိုးစုပိုပို
Zon Pan Phway
San Thida
Mya Nan Nwe
Dress – Pretty Girl Fashion
Makeup- Gucci Aung
Photo – Ko Naing (Escape)
Zon Pan Phway San Thida Mya Nan Nwe Dress – Pretty Girl Fashion
တောသူမ
$
0
0
တောသူမ
မဂေါ်ဇီ
(၁)
အိမ်ရှေ့လမ်းမပေါ်တွင် ခြေသလုံးသား တုတ်တုတ်ပေါ် အောင် ဆိုင်ကယ် တဖုန်းဖုန်း စီးသွားသောဝင်းမာကို တောသူမ တစ်ယောက် မျက်တောင်မခတ် ကြည့်နေသည်။ ဆိုင်ကယ်နောက် ကလိုက်ပါသွားသော ဖုန်လုံးများကို ကြည့်၍ မထင်မှတ်ဘဲ သက်ပြင်းချမိ သွား၏။ချက်ချင်းလက်ငင်း သူ့ခြေ ထောက်၏ ပြောင်းလဲလာသော ခံစားမှု ကို သိလိုက် ရပြန်သည်။ ဟယ် … ခြေဖဝါးတွေက ဘာလို့ ဒီလောက် ယားနေပါလိမ့်။ စိတ်တို တိုနှင့် ဖိနပ်ချွတ်ပြီး သဲကြမ်းနှင့် ခပ်နာနာပွတ်လိုက်ပေမဲ့ အယားက ပျောက်မ သွား။ ဘယ်လိုဖြစ်ပါလိမ့် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်လိုက်တော့ အဖြေက ရေးရေးပေါ်လာပြီ။အခုတလော လမ်းမကြီးနှင့် လမ်းကြိုလမ်းကြားတွင် တဖုန်းဖုန်း၊ တဘူးဘူး၊ တဖောင်းဖောင်းနှင့် သံစုံတေးဂီတသံပေးပြီး လမ်းဘေးမှ အေးအေးဆေးဆေး လမ်းလျှောက် လာသူအပေါင်းကို နှလုံးတုန်ရင်ခုန် စေသော ထိုအရာကြီးကို အမြင် ကပ်စိ တ်နှင့်အတူ စီးချင်စိတ်များ တောသူမရင်တွင်းတဘွားဘွား ပေါ် လာမိခဲ့ချေပြီရော။ သည်ရောဂါ ဝင်ကတည်းက သူ့ဖဝါးတွင် အလိုလို ယားလာတတ် သည့်ဝေဒနာစွဲခဲ့ ၏ ။သည်ရောဂါကုဖို့က ဒင်္ဂါးလို သည်။ ဒင်္ဂါးကလည်း ရှာရခက် သည့်အပြင် စုမိဖို့က ပိုဝေး၏။ တစ် လတစ်လ အလျဉ်မီအောင် ပေါင်း နုတ်မြှောက်စား လုပ်ရသည်မှာ အေ မာ။ ဒင်္ဂါးအကြောင်းတွေးမိ လျှင် စိတ်နာသလိုလို၊ မခံချင် သလိုလို။စဉ်းစားဆင်ခြင်ကြည့်ပါ လော့။ ကြက်သားသည် ဝင်းမာက နေ့တိုင်း အသားဟင်းစားပြီး (အမဲသား၊ ဝက်သား၊ ငါး) တောသူမ တို့က ငါးပိချက်နှင့် ဟင်းရွက်ကြော် စားရသည်။ သည်လိုချွေတာစား၍ လည်း ဘက်ဂျက်တွင် ပိုငွေမပြ။ အနုတ်လက္ခဏာသာ တွေ့ရမြဲ။ဒါတော့ ဝင်းမာက ဝင် ငွေရှိလို့ ဝယ်နိုင်တာ။ ညည်းလည်း ဝင်ငွေရ အောင် ရှာလို့ပြောမှာပေါ့။ နော့။ ဘောဂဗေဒ စကားလုံးနဲ့ ပြောရရင် ဝင်းမာက စုဆောင်းမှုရှိ၍ ပိုင်ဆိုင်မှု ရှိ သည်။ စုဆောင်းမှု မပြုနိုင်ဘဲနှင့် ပိုင်ဆိုင်ချင်သည်ဆိုခြင်းက သဘာဝ ဓမ္မလုံးဝမကျ။ မရှိဘဲနဲ့ ဝယ်ချင်နေ သည်ကိုက ပုံမှန်ဦးနှောက် မဖြစ် နိုင်။သူမဦးနှောက် ပုံမှန် မဟုတ် တာ သူများတွေ ရိပ်မိမလား တော့မသိ။ သူမသိနေတာတော့ ကြာပြီ။ ဒါပေမဲ့ ဟန်ဆောင်ကောင်းကောင်းနှင့် ပရိယာယ်ဆင် နေလာမိခဲ့သည် ရော။
(၂)
”မမညိုရယ်၊ ကျွန်မအလုပ်က အချိန်လုလုပ်ရတာ။ ဒီစီးတော်ယာဉ် လေးရှိတော့ ညနေကြက်ဝယ်သွား ရင် အချိန်မစားတော့ဘူး။ နို့မို့သူများ ဆိုင်ကယ်နောက်လိုက် ရဖို့ အရေး မျက်နှာချိုသွေးနေရတာ” ”အေးပေါ့ဟယ်၊ နင် ညနေ ကြက်ဝယ်သွားရင် အရင်လို မိုး မချုပ်တော့ဘူးပေါ့။ ဘယ်လောက် ပေးရလဲဟင်”တောသူမက နဂိုကမှ ဆိုင် ကယ် ရူး၊ ရူးနေပါသည်ဆိုမှ သူက အိမ် တိုင်ရာရောက် လာသတင်းပေးနေ ပြန်သည်။ ဘယ်သူရှိရဦးမှာလဲ။ ဝင်းမာရယ်၊ တောသူမ တစ်ယောက် နေမြင့်လေ အရူး ရင့်ေ လ ဖြစ်နေတာ ကို သိပုံမပေါ်။”မမညိုရယ် အသစ်ဝယ်မစီး နိုင်ပါဘူး၊ တစ်ပတ်ရစ်လေ။ သုံးသိန်းလေ။ လိုင်စင်ရောအပြီး၊ အသစ်မဟုတ်တော့ ကစ်တင်မှ ထွက်လို့ရတာ။ စက်ကတော့ မဆိုး ပါဘူး” ”ပြောတော့ မရှိဘူး မရှိဘူးနဲ့၊ အခု ဒါဝယ်ဖို့ ဒင်္ဂါးက ဘယ်က ထွက်လာလဲ။ ရှင်းဦး” ”သြော်…  အဲဒါပြောဖို့လာခဲ့ တာ။ကျွန်မမျက်နှာေ သချာ ကြည့်။ ဘာထူးခြားလဲ”ဝင်းမာမျက်နှာကို တောသူမ သေချာကြည့်သည်။ တင်းတိပ်လေး တွေပဲ ပိုများလာသလိုလို။ ဆား ဝက်ခြံလေးတွေ နည်းနည်းပိုထွက် လာသလိုလို။ အင်း အဲဒါတွေနဲ့ ဆိုင်ကယ်ဝယ်တာနဲ့ မဆိုင်ဘူးထင် တယ်။ ကိုယ်ပြောတာမဟုတ်ရင် ဝင်းမာရှက်သွားမှာ။ မဖြစ်သေးဘူး။ ကိုယ်ပြောလိုက်ရင် တလွဲဖြစ်တာ က များ တယ်။”ဟဲ့..နင်ကဘာကိုပြောတာ လဲ။ နေပူထဲသွားလို့ အသားမည်းတာ လား။ နေပူခံကရင်(မ်)ဝယ်လိမ်း လေ။ နေဗီယာတံဆိပ်ကောင်း တယ်” ”မမညိုပြောလိုက်ရင် ဒီလို တလွဲမှ ဖြစ်ပါ့မလားလို့ စိုးရိမ်နေ တာ”အင်း…အဲဒါကြောင့် ပြော တာ။ ငါ့မှာဂေါက်ရောဂါ ဝင်နေတာ သူတောင်ရိပ်မိနေပြီ။”ညည်းကလည်း ငါ့အကြောင်း သိရက်နဲ့။ ဒါဆိုလည်း လိုရင်းပြော လိုက်ပါလား။ သူမေးလို့လည်း ဖြေရသေးတယ်” ”နားကပ်မရှိတော့ဘူးလေ မမညိုရဲ့။ ရောင်းလိုက်တာ ၂ သိန်း နီးပါးရတယ်။ လိုတာ ကို ဈေး ထဲက ၁၅ ကျပ်တိုးနဲ့ ဆွဲလိုက်ရတယ်” ”သြော် … ဂလိုကိုး။ နင့် ဝင်ငွေက ကောင်းလို့ မြန်မြန်ကျေမှာ ပါ။ စားတာသောက်တာမှာ နည်း နည်းချွေပြီး မြန်မြန်ဆပ်လိုက်။ လူ သာ အိပ်တာ။ အတိုးက အိပ်တာ မဟုတ်ဘူးရယ်” ”နောက် ပြန်စုပြီးမှပဲ နားကပ် ပြန်ဝယ်တော့မယ်။ လောလောဆယ် တော့ အလုပ်ဖြစ်တာ၊ ခရီးတွင်တာ ပဲ ဦးစားပေး လိုက်တယ် မမညို ရေ့” ”နင့်အိုင်ဒီယာလေး မဆိုးဘူး ဟ”
(၃)
ဝင်းမာပြန်သွားတော့ တောသူမ အတွေးများနှင့် နပန်းလုံး ရပြီ။ ဝင်းမာယောက်ျား သန်းတိုး အောင်က အရင်တော့ မီးသတ်ဝန် ထမ်း၊ ကားအက်ဆီးဒင့်ဖြစ်ပြီး ဒဏ်ရာပြင်း ၍ ချိုင်းထောက်နှင့်သာ သွားနိုင်သည့် ပင်စင်စားတစ်ဦး။သမီးလေးတစ်ယောက်ရှိ သည်။ ဝင်းမာ၏ ဈေးဝင်ငွေက သူတို့မိသားစု၏ အဓိကဒေါက်တိုင် ကြီး။ လစာမတိုး ခင် ရှေးပင်စင်မို့ သန်းတိုးအောင်ပင်စင်က တစ်လမှ နှစ်ထောင့်ငါးရာ။ သို့ပေတည့် မိသားစု ၃ ယောက် ကောင်းကောင်း ဝတ် ကောင်းကောင်းစားနို င်သည် ။ ပြောရရင်ေ တာ့ ဈေးသည်မို့ အူစို သည်။အင်း … ဝင်းမာတို့က အူစိုတယ်ဆိုတော့ ငါတို့က အူခြောက်တွေများလား။ တောသူမ သည် လူသာ အူကြောင်ကျားမဟုတ် အတွေးကလည်း အဲလို။ အင်း … အူခြောက်တာက သေသည်ထိ မဖြစ်လို့ တော်သေးရဲ့လို့ ဖော့တွေး ပြန်၏။ နောက်ဆုံးတွင် တောသူမ မတွေးချင်ဆုံးအရာကြီးကို တွေးမိ တော့ ရှိရင်း စွဲေ ဂါက်ရောဂါက နည်းနည်းလေးတိုးလာသည်။ဝင်းမာက ၈ တန်းတော့အောင် သည်။ ၉ တန်း နှစ်နှစ်ကျဆိုလား။  ငါက … ငါက … ပြီးတော့ ငါ့ရဲ့ ရဲဘော်ကိုကြယ်ကြီးက … ကိုကိုကြယ်က … ကိုယ့်ကိုယ် ကိုယ် ယူကျုံးမရစိတ်၊ အားမလို အားမရစိတ်တို့ ဝင်ခဲ့လေပြီကော။တောသူမတို့ရဲ့ အဖြစ်မှန်ကို ပြောလျှင် လူတွေက မယုံသင်္ကာ ဖြစ်မည်။ ပြီးတော့ အဓိပ္ပာယ်ခွဲခြား မရသည့် အကြည့်နှင့်ကြည့်မည်။ နောက် စုတ်သပ်မည်။ နောက်တော့ သနားမည်။ ဒါကို တောသူမစိတ် ထဲ ခံပြင်းဆုံး။ကိုယ့်ဘဝမှန်ကို လူသိမှာ ကြောက်သည်ဆိုတာကိုက ပုံမှန် မဟုတ်။ အမှန်တရားနှင့် ပတ်သက် ၍ လူတွေပြောသည့်စကားကိုလည်း ကြည့်ဦး။ အမှန်တရားအမှားတစ်ရံ တဲ့။ မှန်ရင် ကန်ခံရတတ်တယ်တဲ့။ ဒီလိုတွေပြောနေတော့ နဂိုကမှ ဂေါက်တောက်တောက် ဖြစ်ချင်နေ သော တောသူမအတွက် ဘယ်ဟာ က အမှန်တရားလဲ၊ ဘယ်အမှန် တရားကို လက်ခံကိုးကွယ်ရမည် မသိတော့။တကယ်တော့ တောသူမရော ကိုကြယ်ကြီးရော ဘွဲ့ ၂ ဘွဲ့ ပိုင်ရှင် တွေ။ ကဲ ဒီလို ဝန်ခံလိုက်တော့ တောသူမကို မယုံလို့ မျက်မှောင် ကြုတ်သွားပြီမဟုတ်လား။ နောက် နေတာ ဟုတ်ဘူးရယ်။ ရှေ့နေတာ။ အယ် အတည်ပြောတာ။ ပထမ ရိုးရိုးဝိဇ္ဇာ ပထဝီဝင်ဘွဲ့က လေးနှစ်၊ နောက် စစ်ကိုင်းပညာရေး တက္ကသိုလ်မှာက နှစ်နှစ် (နှစ်နွေ)။ ရိုးရိုးပထဝီဝင်တုန်းက ကျောင်းအိပ် ကျောင်းစားနေခဲ့တာဆိုတော့ (ယခု အခေါ် ဒေးပေါ့) ကုန်ကျငွေက လည်း နည်းနည်းနောနော မ ဟုတ်။  ဒါပေသိ သည်တုန်းက အဖေတို့၊ အမေတို့ ကုန်ကျခံခဲ့သည်မို့ (ကိုယ် ရှာသည့်ငွေမဟုတ်၍) ခံစားချက်က သိပ်မပြင်း။ စစ်ကိုင်းပညာရေး တက္ကသိုလ်တက်ချိန် သားသမီးက သုံးယောက်၊ ကိုယ့်လစာနှင့်ကိုယ် သုံးခဲ့ရတော့ (ကိုယ်ရှာသည့်ငွေမို့) ခံစားချက်ပြင်းခဲ့ပြီ။ အနုပညာ စကားလုံးနှင့်ပြောရလျှင် သြသိ ဝင်ပြီသြသိ ဝင်တာ လည်း မပြော နှင့်။ တောသူမရော၊ ကိုကြယ်ကြီး ရော နှစ်ယောက်အတူတက်ခွင့်ရ သည်မို့ ပျော်ပျော်ကြီးနှင့်ပင် ငွေကို ခြစ်ခြုတ်ချွေတာသုံးစွဲခဲ့ရသည်။ ကိုကြယ်ကြီး တို့ရွာ တွင် မွေးဘက် ပေးထားသော နွားထီးလေးများမှာ ဈေးကောင်းရအောင် ထားချိန်မရ လိုက်။ သင်တန်းကိစ္စနှင့် (ပညာရေးတက္ကသိုလ်) ဟောတစ်ကောင် ၊ ဟောတစ်ကော င် နွားမျိုးပြောင်ခဲ့ပြီ ဆိုရသည်ထိ။ ထိုစဉ်က တောသူမ တို့လစာက တစ်လ ငါးထောင်၊ နှစ်ယောက်ပေါင်း တစ်သောင်း၊ သင်တန်းကာလက တစ်လကျော် ပေမဲ့ စရိတ် က နှစ်ယောက်ပေါင်း လေးသောင်းခန့်ဆိုတော့ကာ စားလို့ ရတာ အကုန်စား၍ ရောင်းလို့ရတာ အကုန်ရောင်းခဲ့လေသတည်းပေါ့။သည်ကိစ္စနှင့် ပတ်သက် ၍ တောသူမကို မဏ္ဍပ်တိုင်အနည်း ငယ် တက်ခွင့်ပြုပါ။  ကလေးသုံး ယောက်ရပြီး ဆရာလုပ်သက် ၁၅ နှစ်ကြာြ.နိ ဝင်ခွင့်စာမေးပွဲကို တစ်နှစ်တည်းဖြေ၊ တစ်ခါတည်း အောင်ခဲ့ကြသည့်
တောသူမတို့၏ ကံတရားနှင့် ကြိုးစားမှုက ဆန်းပြား သား။ အသက်တွေကြည့်ဦး။ ၃၇၊ ၃၈ မကြီးမငယ်တွေ။ြ.နိ တက် ခွင့်ရလို့ ပျော်သည်တစ်မျိုး၊ နှစ်ယောက်စရိတ်မို့ ဝမ်းနည်းရမလို လိုနှင့်။ ဝမ်းသာရမှာလား၊ ဝမ်းနည်း ရမှာလား မိသိန်းကြည်တို့၊ ငို၍ ရယ်၍မရသောမျက်နှာ ရုပ်ရှင်ကား တွေမှာ တောသူမတို့ နှစ်ယောက် သရုပ်ဆောင် ခိုင်းကြည့်။ အကယ်ဒမီ ရမှာပဲ။
(၄)
ဆိုတော့ကာ ၁၆ တန်းအောင် ပြီးသားသူ နှစ်ယောက် (စုစုပေါင်း ၃၂ တန်း) ရှိသော တောသူမတို့ ဝင်ငွေနှင့် ၉ တန်း တိုးလိုးတန်းလန်း ဝင်းမာ၏ဝင်ငွေ လွန်ဆွဲပွဲတွင် သူမ တို့ မရှုမလှအရေးနိမ့်ခဲ့၍ ကိုယ့်အဖြစ်ကို တွေးတိုင်း မခံချိ မခံသာခံစားရမြဲ။ ပြီးဒီခံစားချက်ကို လည်း လူသိမှာ ကြောက်သည်။ ငယ်စဉ်ကတည်းက ပညာကို တရှိုက် မက် မက် တန်ဖိုးထားခဲ့သော သူမ၏စိတ်လေးကို ဂေါက်ရုံလေး သာ ဖြစ်ခွင့်ပေးပြီး လုံးဝရူးကြောင် ကြောင်ဖြစ်မသွားအောင် ထိန်းချုပ် နိုင်ခဲ့သည်က ကျေးဇူးတင်စရာ။ သာမန် လူ ရူးကြောင်ကြောင်ဖြစ် လျှင် လူတွေက သနားစိတ်အနည်း ငယ်သာဖြစ်၍ ပညာတတ် တစ်ယောက် ငကြောင်ဖြစ်ခဲ့သော်ကြင်နာသနားပြီး ကရုဏာသက် မဆုံး။ တော သူမ သည်ထိမရောက် အောင် ကြိုးစားနေခဲ့ရသည်။ပညာရေးတက္ကသိုလ်တက်စဉ် က နှစ်ဖက်မိဘအသိုင်းအဝိုင်းဘက် မှ ငွေကြေးအထောက်အပံ့မရခဲ့ သလို ကိုယ့်အား ကိုယ်ကိုးစိတ်ဖြင့် အကူအညီလည်း မတောင်းခံခဲ့ကြ။ ဆိုတော့ သည်တော့ တောသူမတို့ အဖွဲ့ နှပ်ချေးငါးပိလုပ်မစားရုံတမယ် ရယ်။ သည်ကြား ထဲ ဂေါက်ေ တာက် တော က်တောသူမက မဟာပညာ ရေးတက်ရန် အမှတ်မီခဲ့သော်ငြား ဦးနှောက်ထဲ ဆီ၊ ဆား၊ ငါးပိ အရေးတွေးရသည်က တစ်မျိုး၊ ဒင်္ဂါးလည်းတူးရန် တွင်းမရှိတော့ပြီ မို့ ဤအရေး ကား နိဋ္ဌိတံခဲ့လေ သတည်း။ စာဂျပိုးတောသူမတို့၏ မျိုးဆက်သစ်တို့ကလည်း မခေ။ စာသရဲများဖြစ်ခဲ့ကြပြန်ပြီ။ တောသူမ ဆိုင်ကယ်ရူး ရူးနေချိန် သမီးကြီးမနှင်းပွင့်က နည်းပညာ တက္ကသိုလ် ပဉ္စမနှစ်၊ သမီးလတ် မဲတူလေးက ရေကြောင်းတက္ကသိုလ် ဒုတိယနှစ်၊ သားသားအငယ်ဆုံးလေး က ၉ တန်း။ သူတို့လေးတွေ၏ ပညာရေးတွေက ကြက်ယက်သလို  မရှာနိုင်လျှင် တာ့တာပြသွားမည်မို့ တောသူမတို့နှစ်ယောက်မှာ ဧဝရတ် တောင်ထိပ်ကို မည်သည့်အကူ ပစ္စည်းမှမပါဘဲ တက်သလို၊ ကပ္ပလီ ပင်လယ် ကို လက်ပစ်ကူးသလိုမျိုး ဖုတ်လှိုက်ဖုတ်လှိုက်နှင့် ကြိုးစား ရှာခဲ့ရသည်။သူတို့နှစ်ယောက်သည် သမာ အာဇီဝကျသော အလုပ်မှန်သမျှ ငါး ပြားရရ၊ တစ်ဆယ်ပြားဝင်ဝင် ရှာ ကြ သည်။ ကျောင်းမုန့်ဆိုင်တွင် မုန့်ဖက် ထုပ်၊ ကောက်ညှင်းရွှေကြည်၊ ငှက်ပျောကြော်လုပ်ပြီး ဖောက်သည် သွင်း၊ ပိုလျှင် ပါးစပ်ထဲထည့်၊ တောရွာအနှံ့ ငါးခြောက်ရောင်း။ ကိုကြယ်ကြီးက သူတို့မြို့လေးနှင့် မိုင် ၄ဝ ခန့်ဝေးသော တောမြို့လေး သို့ စက်ဘီးလေးအားကိုးဖြင့် အရောင်းအဝယ် လုပ်ခဲ့ဖူးသည်။ (အသွားကားဖြင့် အပြန် စက်ဘီး)။ ထင်းဖိုးသက်သာစေရန် ကိုယ်တိုင် ထင်းခုတ်သည်။ကိုကြယ်ကြီးကတောင် သူ့မျိုးရိုးတောသားမို့ ထင်းခုတ် ထင်းထမ်းခြင်းက သာမန်ကိစ္စ ဆိုပေမဲ့ ထင်းအစိုမို့ ပခုံးသား များ ပေါက်ပြဲပြီး အညိုအမည်းစွဲကုန် သည်။ ဝန်ထမ်းမိဘများမှ ပေါက် ဖွားလာသော တောသူမမှာ တက္ကသိုလ်ကောလိပ်ရောက်သည် ထိ အဖေတို့ အမေတို့က ပိုးမွေး သ လို ဂရုစိုက်ခံခဲ့ရသူမို့ ထင်းရှာ ထင်းထမ်းခြင်းတွင် ခြေထောက်များ လက်များ၌ ဆူးခြစ်ရာဗရပွနှင့် ပခုံးသားနုနုလေးပေါ်ရှိ အသားများ အရိုးများမှာလည်း နာကျင်ခဲ့ရ သည်။မိဘဝတ္တရား ကျေပွန်ချင်သော ဆန္ဒမီးများတောက်လောင်ခဲ့၍ သူတို့လေးတွေအတွက် အရာရာကို ပေးဆပ်ချင်နေသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ် ခဲ့ပါ။ အထက်တန်းပြဆရာမကြီး တစ်ယောက် ထင်းရှာ ထင်းထမ်း ရသည်ကို အဖေနှင့်အမေတို့ သိမသွားခြင်းကိုတော့ တောသူမ ရှာကြံဝမ်းသာရသေးသည်။ နို့မို့ သူတို့ သမီးလေးအတွက် ဝမ်းနည်း နေရမည်။တောသူမတို့ ဝန်ထမ်းလစာနှင့် သူတို့လေးတွေ၏ ပညာသင်စရိတ် က မိုးနှင့်မြေကမှ နီးစပ်သည် ဆိုရ ချိမ့်မည်။ မမီသောပန်းကို တုံးအမျိုး မျိုး ခုရုံမက တံချူအဆင့်ဆင့်နှင့်ပါ ရအောင် ချူကြသည်။ ပညာဟူသည် မြတ်ရွှေအိုးစကားနှင့်ကလည်း ညီမှ ညီ။ ရှိသမျှ ရွှေတိုရွှေစလေးများမှာ အပေါင်ဆိုင်အ လည်ရောက်သွား လိုက်၊ ပန်းထိမ်ဖိုပြန်ရောက်သွားလို သွားနှင့်။ ပညာရွှေအိုးလူမခိုးဆို သည်က ပိုမှန်၏။ ခိုးစရာရွှေအိုးမပြောနှင့်၊ ကြေးအိုးပင်မ ရှိ။သည်လိုအခြေအေ နမျိုးနှင့် ဆိုင်ကယ်ကို ချင်ခြင်းတပ်ခဲ့သည်မို့ တောသူမစိတ် ပုံမှန်မဟုတ်သည်က မြေကြီးလက်ခတ်မလွဲတည်း။ကိုကြယ်ကြီးက သူများဖုန်းကိုင် လျှင် ဖုန်းပူဆာပြီး သူများ ဆိုင်ကယ် စီးလျှင် ဆိုင်ကယ်ရူး ရူးနေသော သူမကို (အကျွေးအမွေး မပါဘဲနှင့်) ကဗျာဆန်ဆန်လေး အမည်ပေး ကင်ပွန်းတပ်သည်။ တောသူမတဲ့။
(၅)
ပါရမီဖြည့်ဖက် ကိုကြယ်ကြီး ကလည်း တောသူမနှင့် စိတ်တူ ကိုယ်တူချစ်တဲ့သူမို့ သူကလည်း ဓာတ်ကူးသည်ထင့်။ ပေါ့ခေခေ မဟုတ်ပါ။ဆရာမအားလုံးနီးပါး ဆွဲကြိုး နှင့် ဆိုင်ကယ်ကို ကြိုက်ရာရွေးခိုင်း လျှင် လူရိုသေရှင်ရိုသေ ဆွဲကြိုးသာ ဝတ်ကြမည်။ တောသူမအတွေးက ဆွဲကြိုးက ငွေရှိလျှင် အချိန်မရွေး ဝယ်ဝတ်နိုင်သည်။ ဆိုင်ကယ် စီးဖို့ က သူ့ခေတ်နှင့်သူ့အရွယ် လိုက်လျော ညီထွေမှုရှိမှ။ အသက်ကြီးကာမှ ဆွဲကြိုးဝတ်တာ ဘယ်သူမှ မကဲ့ရဲ့။ အသက်ကြီးကာမှ ဆိုင်ကယ်ပေါ် တဘူးဘူးလုပ် ခဲ့ေ သာ် သေ ခါနီး ဖလန်းဖလန်းထသူ၊ သေပန်းပွင့်ချင် သူအဖြစ် တထစ်ချစွပ်စွဲကြလတ္တံ့။တောသူမက အကြံကြီးသည်။ လက်ကျန်ဆွဲကြိုးလေးကို ပန်းထိမ် ဆိုင် ပြန်အပ်ဖို့ တိုင်ပင်ေ တာ့ ချစ်ဇနီးချောလေး၏ ဆန္ဒကိုလည်း မပယ်ရှားချင်၊ သူကိုယ်တိုင်လည်း ဓာတ်ကူးပြီး ခြေဖဝါးအနည်းငယ် ယားနေ၍ (ကန့်ကွက်မဲမရှိ) ကိုကြယ်ကြီးက သဘောတူလိုက် သည်။ ဆိုင်ကယ်က ပါကင်ပိတ်၊ လိုင်စင်နှင့် ၅ သိန်းနီးပါး။ ဆွဲကြိုးက ၃ သိန်းသာရသည်။ ကျောင်းငွေ စုငွေချေးအားကိုးဖြင့် အထမြောက် ခဲ့သည်။ဆိုင် ကယ်ဝယ်ပြီးေ နာက်နေ့ မှာပင် တောသူမကျောင်းကို စတိုင် အပြည့်စီးသွားသည်။ ဆိုင်ကယ် စီးချင်သည့်ဇောဖြင့် မဝယ်ခင် ကတည်းက တပည့်တစ်ယောက်၏ ဆိုင်ကယ်ကို ၃ ရက်ခန့် (နေ့စဉ် နာရီဝက်) လေ့ကျင့်ရုံနှင့် စီးရဲသွား ၏။ ကိုကြယ်ကြီးက မစီးတတ်သေး။ တောသူမကို အထင်သေးပြီး သူ နောက်က လိုက်မစီးရဲ။ (သူလည်း သူ့အသက် ကို နှမြော မှာပေါ့)အိမ်မှ ကျောင်းရောက်အောင် အရှေ့အနောက် လမ်းမကြီးကို ကန့်လန့်ဖြတ် နှစ်ခါကူး။ ကျောင်း အဝင်လမ်းမကြီးပေါ် ကန့်လန့်ဖြတ် ထပ်ကူး။ (၇ မိနစ်ခန့် ) ကျောင်းဝန်း ထဲ ချောချောမောမောရောက်သွား သည်။ (သရဏဂုံအာဂုံဆောင်သည့် အကျိုးအားဖြင့်) ဘာလုပ်လုပ် အမြဲ ကိုးရိုးကားရားဖြစ်နေကျ တောသူမ တစ်ေ ယာက် ဆိုင်ကယ်ပထမဆုံး စီးသည့်နေ့ လမ်းတွင် ဘာပြဿနာ မှ မတက်ခဲ့သည်မို့ ကျေနပ်ပြုံးလေး နှင့် ကျောင်းဝန်းထဲ ဆိုင်ကယ်ထား သည့်နေရာသို့ ခပ်ကြွားကြွားကားေ လး စီးသွားသည်ပေါ့။ကျောင်းဂိတ်ပေါက်ဝ တာဝန်ကျ ဆရာမများက တောသူမ ဆိုင်ကယ်စီးဝင်လာသည်ကိုမြင် လျှင် ဖုတ်သရဲဘီလူးကို တွေ့လိုက် ရသလို လမ်းဘေးသို့ ဆင်းပြေးသွား ကြသည်။ ဒါကိုပင် သူတို့ ကြောက်ရွံ့ သွားသည့်သဏ္ဌာန်လေးများနှင့် ကိုယ့်အရည်အချင်းကို ကိုယ်လေး စားသွားမိပြီး အသံထွက်အောင်ပင် ရယ်မိပြန် သည်။ နှယ်နှယ်ရရ တောသူမမဟုတ်။ဆိုင်ကယ်ရပ်သည့် သစ်ပင် အောက်တွင် ပက်လက်ကုလားထိုင် ပေါ် ဆရာဦးမောင်မောင်ဝေထိုင် နေသည်။ ဒီမှာတင် ပြဿနာက ဝင် ပြီ။”ဟ ဟ ဟ”တောသူမ ဆိုင်ကယ်စီးလာ သည်ကို တမင်လှောင်သံ။ သည်မှာ တင် ဆိုင်ကယ်ဘရိတ်ကို မိမိရရ နင်းရမည့်အစား ဖိလိုက်၊ ဖော့လိုက် လုပ်မိပြီး ရပ်မလို လို သွားသလိုလို နှင့်။ ညာဘက်လက်ကိုင်လီဗာ တင်မိသွားပြီး”ဝူး … ဘူး… ဒုတ်”တစ်တောင်ခန့်အကွာ ရေကန် နံရံဆောင့်မိပြီး ရပ်သွားသည်။ ဆရာက ”ဘယ် လိုဖြစ် တာလဲဟ” ”ဘယ်လိုဖြစ်ရမှာလဲ။ တစ်လမ်းလုံး အဆင်ပြေလာတာကို ဆရာက ဟဟနဲ့ ပြောလိုက်တာကိုး။ ဒီမှာ ရပ်မလို့လုပ်နေတာဟာ သူ ဟတာနဲ့ ဘာတွေလုပ်မိလို့ လုပ်မိ မှန်းမသိဘူး”တောသူမ နှုတ်ခမ်းလေးချွန်ပြီး ရန်ထောင်သည်။ လူက ဘာမှ မထိခိုက်လို့ တော်သေး၏။”သြော်… ဆရာမဆိုင်ကယ် စီးလာတာစတိုင်ကျလို့ သဘော ကျ ပြီး ဟမိတာပါဗျာ။ နေရင်းထိုင်ရင်း အမှုပတ်ပြန်ပြီ”ဦးမောင်မောင်ဝေကို စိတ်ထဲ က မေတ္တာပို့ပြီး ခြေထောက်လေး ဆောင့် ဆောင့် ထွက်သွားမိသည်။ တကယ်တော့ ဆရာ ဘာပြောပြော ကိုယ့်ဘရိတ်ကိုယ် မိအောင်နင်းရ မှာ။ ဒါပေမဲ့ သိတယ်မှုတ်လား။ တောသူမက ကိုယ်အသုံးမကျတာ ကိုလည်း သူများကြောင့်လို့ အပြစ် ပြောချင်ေ သးတာ။
(၆)
တောသူမတို့ ရပ်ကွက်က ဖုန်ထူသည်။ ပြီး ဘုရားစူးမိုးကြိုးပစ် မြေသားလမ်းသက်သက် အဆိုးဆုံး က အိမ်ရှေ့ဖုန်ထူလမ်းသည် တစ်ဆစ်ချိုးကွေ့။ ကျောင်းသွားလျှင် အ တက်၊ ကျောင်းပြန်အဆင်း။ဆိုင်ကယ်စီးခါစတော့ အတက် ရော အဆင်းပါ မစီးရဲ။ တစ်ဆစ် ချိုးကွေ့ကျော်မှ စီးရဲသည်။ ၁ဝ ရက်လောက်စီးမိတော့ သူများတွေ တောင် ဒီလိုပဲ စီးနေကြတာ။ ကိုယ် လည်း စီးရင် ရလောက်ပြီပေါ့ တွေး သည်။တစ်နေ့ ကျောင်းအပြန် ဆင်း တွန်းနေကျကွေ့ ရောက်လာသည်။ ဆင်းတွန်းမနေချင်၊ ဒီအတိုင်း ဘရိတ်နင်းပြီး ဖြည်းဖြည်းဆင်းမယ် ပေါ့။ ကွေ့အနီးရှိ အိမ်ကို ကျော် လာပြီ။ ကိုယ့်အိမ်ရှေ့ရောက်တော့ ရပ်ဖို့ ဘရိတ်ကို နာနာနင်းရမည့် အစား ဘရိတ်ကို ဖိလို က်ဖော့ လိုက် လုပ်မိသွားပြီး ဆိုင်ကယ်က ရပ်မရ။ တစ်လိမ့်ချင်း အဆင်းလမ်းအတိုင်း တရွေ့ရွေ့နှင့်။ သမီးကြီးမနှင်းပွင့်က အိမ်ဝင်းထဲရှိ ထမင်းစားစားပွဲမှာ ထိုင်ရင်း က တော သူမကို ကြည့်နေ သည်။”ဟဲ့ … ဟဲ့ … ဟဲ့”ပါးစပ်က နွားခြောက်သလို အော်နေသော်ငြား လူက ဆိုင်ကယ် ပေါ်မှာ ပတိနှင့်။ မနှင်းပွင့်လည်း ဝင်းထရံကြားမှ အမေ့အဖြစ် ကို ပဟေဠိဖြစ်နေ၏။တောသူမက အိမ်ဝန်းဘေး ညာဘက်ကပ်ပြီး ဖြည်းဖြည်းချင်း သွားနေစဉ် လမ်းဘယ်ဘက်ခြမ်းတွင် အေးအေးဆေးဆေးလမ်း လျှောက်လာေ သာ  တောသူမ၏ ဝါတွင်းဥပုသ်စောင့်ဖက် မမာချိုက ပြူးတူးပြဲတဲ ထလုပ်တော့သည်။ တောသူမအိမ်ရှေ့တွင် ဆိုင်ကယ် ရပ်မရ၍ အဆင်းအတိုင်းသွားနေ သည်ကို သိသွားပြီး လမ်းဘေး အရှေ့အနောက် ခွေးလိုက်ခံရသလို ခုန်ပေါက်ပြေးလွှားရင်း”ဟဲ့… ဟဲ့ … လုပ်ကြပါ ဦး။ လုပ်ကြပါဦး”ရပ်လို့မရဖြစ်နေသည့် ကာယကံ ရှင်တော သူမ ကတော့ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ဆိုင် ကယ်ကိုယ်စီးသည့် ဣနြေ္ဒတခွဲသား နှင့်။ သို့ပေသိ ဟဲ့… ဟဲ့ ဆိုသည့် အသံလေးကတော့ ဆိုင်ကယ်နှင့် အတူ လိုက်ပါဆဲ။ မမာချိုက သူလာရာလမ်း အတိုင်း ပြန်ပြေးပြီး အော်ပြန် သည်။”ဟဲ့ ဟဲ့ လုပ်ကြဦး၊ လုပ်ကြပါ ဦး။ ဒီမှာ ဆရာမ ဆရာမ””လာပါဦးဟဲ့၊ လုပ်ကြပါဦး၊ အောင်အောင် … ဟေး အောင် အောင်”တောသူမခြံက ပေ ၆ဝ၊ ပေ ၈ဝ နှစ်ဝိုင်းတွဲ။ (အဖေ့အမွေ) ဝိုင်း ကိုလွန်သွားပြီး သူများအိမ်ရှေ့ထိ ရောက်နေပြီ။ လမ်းဘယ်ဘက်ခြမ်း မှ အောင်အောင်ပြေးထွက်လာ သည်။”မမာချို ခင်ဗျားကလည်း အထိတ်တလန့်နဲ့၊ ဘာတုံး””ဟဲ့… ဟိုဟာ ဆရာမ ဆရာမ”အောင်အောင်က ဣနြေ္ဒရှင် တောသူမကို ကြည့်သည်။ ဆရာမ သူ့ဟာသူစီးလာတဲ့ ဥစ္စာ။ ဘာတုံး ဟ ဆိုသည့်အကြည့်နှင့် မမာချိုကို ကြည့်ပြန်သည်။သည်အချိန်သမယတွင် တေမိ လို ပါးစပ်ပိတ်နေပါက ဒုက္ခလှလှ တွေ့ရန် နီးကပ်လာပြီမှန်း တောသူမ ဦးနှောက်က တွေးမိသွားပြီ။ စက္ကန့် အနည်းငယ်အတွင်း ရှေ့က ဗွက် အိုင်ထဲ ခွေးကျဝက်ကျ ကျမည့်ကိန်း ရှိနေပြီ။ အခုဖြစ်နေသည့်ကိစ္စက လူက ဆိုင်ကယ်ကိုစီးနေခြင်း မဟုတ်။ ဆိုင်ကယ်သွားရာနောက် လူက ပါနေခြင်း။ ရှက်ရှက်နှင့်ပင်”အောင်အောင်ရေ၊ ဆရာမ ဆိုင်ကယ် ကို နောက်ကနေ ဆွဲထား လိုက်စမ်းပါ”တောသူမ စကားကြားတော့ အောင်အောင် သဘောပေါက်သွား ပြီ။ ဆိုင်ကယ်နောက်ခုံက လက်ကိုင် ကွင်းကို ခြေစုံ ကန် ပြီး တောင့်ဆွဲ ထားလိုက်သည်။ သည်တော့မှပဲ ဆိုင်ကယ် တုံ့ခနဲရပ်သွားပြီး လိမ့် ခြင်းကိစ္စ ပြီးဆုံးသွားတော့သည်။ မနီးမဝေး အကြော်ဆိုင်ရှိ အမျိုးသမီး တစ်စုကေ တာ့ တောသူမဖြစ်အင်ကို အုံးအုံးထအောင် ရယ်ကြပြီ။သည့်နောက်ပိုင်း ရပ်ကွက်ထဲ တွင် တောသူမနာမည်ကျော် ဖြစ် သွား၏။ သက်မွန်မြင့်တဲ့။ ကျောက် သင်ပုန်းနဲ့ မိုးတဲ့အိမ်ထဲက ဇာတ်ဝင် ခန်းနှင့် နှိုင်းကြသည်။ လူကိုများ နှိုင်းစရာနဲ့ ရှားရှား သက်မွန်မြင့်တဲ့။ ဒီက တောသူမက သက်မွန်မြင့် လှတာလောက်တော့ ပျင်းသေး တယ်။ ပျင်းသေးတယ်။ ပျင်းတောင် ပျင်းသေးတယ်။
(၇)
တောသူမတို့ မြို့လေးနှင့် ချောက်မြို့ကို အနော်ရထာမြစ်ကူး တံတားကြီးနှင့် ဆက်သွယ်ပေးထား သည်။ တစ်နေ့လယ် ချောက်မြို့က အပြန် ဆိပ်ဖြူဘက် ချဉ်းကပ်လမ်း နား အရောက် လမ်းကို ပြန်လည် ပြင်ဆင်မွမ်းမံနေ၍ လမ်းပြင်နေ သည် စာတန်းပါ သံဆူးကြိုးနှင့် တြိဂံပုံသစ်သားတုံးကို ညာဘက် လမ်းကြောတွင် ပိတ်ထားသည်။ လမ်း ဘယ်ဘက်ခြမ်းတွင်လည်း သုံးဘီးဆိုင်ကယ်လာနေ၍ လမ်း ပိတ်ထားသည့် သစ်သားတုံးနား အရှိန်လျှော့ကပ်လိုက်စဉ် ရှေ့တွင် ရှိနေသော ဆိုင်ကယ်ကို ရှောင် လိုက်ရာ ထင်မှတ်မထားဘဲ လမ်း ပိတ်တုံးကို ဝင်အောင်းမိသွားသည်။ ဆိုင်ကယ်ပေါ်မှ ပြုတ်မကျ၊ ခွလျက် အနေအထားနှင့် ဘေးကို လဲကျ သွားသည်။”ဝုန်း … ဒုန်း … ကျွီ”လမ်းပြင် လုပ်သားများက ဆိုင်ကယ်ကို ကူညီညာဆွဲပြီး ပြန် ထိန်းမတ်ပေးသည်။”ဆရာမ ဘာဖြစ်သွားသေးလဲဟင်””ဆရာမဆိုင်ကယ်စီးလို့ရော ဖြစ်ေ သးရဲ့လား”အရှိန်အနည်း ငယ်ပါသည်မို့ သူတို့က စိုးရိမ်ပြီး မေးကြသည်။ခြေထောက်မျက်သွားခြင်း၊ နာသွားခြင်း၊ ကျိုးသွားခြင်းမရှိ၍ တောသူမ အံ့သြသည့်နည်းတူ သူတို့ကလည်း အံ့ဘနန်းဖြစ်နေ သည်။ဘေးနားရှိ လမ်းပြင်တာဝန်ခံ ကမှတ်ချက်ပေးပြန်သည်။”ဒီလမ်းပိတ်ထားတဲ့တုံးကို ညဘက်မှာ မမြင်ရလို့ တိုက်တယ် မှတ်နေတာ။ နေ့ခင်းကြောင်တောင် လည်း တိုက်တဲ့သူ ရှိတာပဲနော်” တဲ့။တောသူမ ရှက်လိုက်သည့် ဖြစ်ခြင်း။ အဲဒီနေရာက အမြန်ဆုံး ထွက်ခဲ့ပြီး လမ်းရောက်တော့ ညာဘက်ဖိနပ်စေးကပ်ကပ်ဖြစ်နေ လို့ ကြည့် လို က်တော့ ခြေသည်းခွံ ခိုက်မိသွား၍ ကွဲပြီး သွေးထွက်နေ သည်။ကျောင်းရောက်လို့ နာရီဝက် ခန့်အကြာ ညာဘက်ခြေသလုံးသား ထူပူနေ၍ ကြည့်လိုက်တော့ ဆိုင်ကယ် အိတ်ဇောပိုက်နှင့် ထိမိပြီး အပူလောင်နေရာ လက်နှစ်လုံးခန့် အရှည် ကန့်လန့်ဖြတ်နီနီရဲရဲနှင့် တံဆိပ်ကပ်ထားသည့်အလား။ စဖြစ်ဖြစ်ချင်း ထူထူပူပူမို့ သတိ မထားမိခြင်း။ တစ်ပတ်လောက် ဆေးလိမ်းဆေးသောက်မှ ပျောက် သည်။ ပျောက်သွားတော့လည်း အမာရွတ်က ပလာစတာကပ်ထား သလို ထင်ကျန်ခဲ့၏။သူမ၏ ရူးသွပ်မှုကြောင့် ရ ခဲ့ သော ဒဏ်ရာဒဏ်ချက်များမို့ နာကျင်သော်ငြား မုန်းစိတ်မဝင်မိ။ တော်ရုံမိန်းမသာဆိုလျှင် ဆိုင်ကယ် စီးရမှာ ကြောက်သွားနိုင်ပေမဲ့ တောသူမအတွက်တော့ အတွေ့ အကြုံဗဟုသုတပြို<ွကယ်ပြီး စိတ်က ပိုရဲလာခဲ့မိပြီရော။ တောသူမက သူများထက် နည်းနည်းကို ပိုရဲရမှ၊ ပိုရူးရမှ နေပျော်သည်လေ။
(၈)
ခုဆို တောသူမတစ်ယောက် ဆိုင်ကယ်စီးသက်တမ်း ၂ နှစ် ပြည့် တော့မည်။သူက တောသူမကို ဒဏ်ရာ ဒဏ်ချက်များ ပေးခဲ့သလို အလုပ် ကိစ္စတော်တော်များများ ကို လည်း ပြီးမြောက်စေခဲ့ပါသည်။ ဆိပ်ဖြူမြို့ နှင့် မိုင် ၂ဝ၊ ၃ဝ ကွာ ရွာနီးချုပ်စပ် များကို နေ့ချင်းပြန် ငါးခြောက် ရောင်းသွားသည်။ ငွေလွှဲရန် (သမီး အလတ်မ အတွက် ) ချောက်ရှေ့ ဆောင်ဘဏ်ကို သွားရသည်။ပြီးအစားအသောက်ကောင်းများစုံလင်သောေ ချာက်ဈေးသို့တစ်ပတ်၊ နှစ်ခါလောက် ရောက်သည်။ တော သူမတို အိမ်သား များက အယူအဆကွဲပြားမှုရှိသလို တူညီ တာလည်း များသည်။ စည်းလုံးခြင်း၊ ခရီးသွားခြင်းနှင့် အစားကြီးခြင်း။တောသူမ ဆိုင်ကယ်စီးလျှင် ဂျက်လိုစီးသွား တတ် ၍ နောက်ကျော ပေးထိုင်နေသော ဆရာမများမှာ တောသူမဖြတ်စီးသွားချိန် အသည်း တုန် အူတုန်ဖြစ်ကြသည်ဟု သတင်း ပေးသည် ။ တောသူမစတိုင် ကတော့ ကောင်း ဘွိုင်ဆန်ဆန်၊ နောက်က သေနတ်သမားဆိုင်ကယ်နှင့် တရကြမ်းလိုက်လာသည်ကို ထွက် ပြေးသနည်းမျိုး။ အသိမိတ်ဆွေများ က တောသူမဆိုင်ကယ်စီးကြမ်း သည်ဟု ဆုံးမလျှင် လိမ္မာချင်ယောင် ဆောင်ပြီး ဆိုင်ကယ်ပေါ်ရောက် သည်နှင့် အရင်လိုကြမ်းဆဲ။အို … အသင်ချစ်မိတ်ဆွေ … အကယ်၍ မိတ်ဆွေသည် ဆိပ်ဖြူ – ချောက်မြစ် ကူး အနော် ရထာတံတားကြီးပေါ်တွင် ပြူးတူး ပြဲတဲ၊ ပျာယီးပျာယာနှင့် ဆိုင်ကယ်ကို တရကြမ်းစီးသွားသော (စိုးမြတ် သူဇာနှင့် သက်မွန်မြင့်ကြားရုပ်မျိုး) ကမ္ဘာ့နိုင်ငံတကာ အ ဆင့်မီအရပ် အမောင်းနှင့် ကိုယ်လုံးလှလှ အလန်းဇယားဝင် အမျိုးသမီးတစ်ဦး ကို တွေ့ငြားအံ့။သားသမီးကိစ္စ၊ စာသင်ကြား ခြင်းကိစ္စ၊ ဈေးဝယ်ခြင်းကိစ္စ၊ ဘဏ် ကိစ္စ၊ ငါးခြောက်အရောင်းအဝယ် ကိစ္စ၊ အလှူမင်္ဂလာဆောင် သာရေး နာရေးကိစ္စ၊ စာမူကိစ္စများနှင့်လုံးချာလိုက်ပြီး ဂေါက်တောက် တောက် ကြော င်တောင်တောင် ဖြစ်နေ ရှာေ သာ လူသားစင်စစ် ဧကန်ဖြစ်သည့် တောသူမဖြစ် ကြောင်း (ဝေးဝေးရှောင်နိုင်ကြစေ ရန်) ဝန်ခံသတိပေးအပ်ပါသည်။
မဂေါ်ဇီ
လှပစိုပြည် ရတီမေ
$
0
0
သံလွင်ဆီမှ ရရှိနိုင်တဲ့ မျှော်လင့်ထားသည် ထက်ပိုသော အလှတရားများ
ကျန်းမာလှပမှုကို ထိန်းသိမ်းအားဖြည့်ပေးတဲ့ အရာတွေထဲမှာ အဆီတွေဟာလည်း မပါမဖြစ် တဲ့အရာပါ။ ဒီဆီကို စားသုံးရင် ကျန်းမာရေး အတွက် ကောင်းကျိုးများ စွာရှိ တာကြောင့် ရှေးခေတ်ကတည်းက အသုံးပြုခဲ့တဲ့ အဖိုးတန် စားသုံးဆီ၊ အလှဆီတွေထဲမှာ သံလွင်ဆီဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ဗီတာမင်အီးနဲ့ ဓာတ်တိုး ဆန့် ကျင်ပစ္စည်းတွေ သဘာဝအတိုင်းကြွယ်ဝစွာ ပါဝင်နေပြီး ရေဓာတ် ဖြည့်ပေးတာကြောင့် စားသောက်ဖွယ်ရာတွေ ပြင်ဆင်ရာမှာ ထည့်သွင်းနိုင်ရုံမက ဆံကေသာ၊ အသား အရေနဲ့ ခြေသည်း၊ လက်သည်းတို့ပါမကျန် သုံးစွဲနိုင်တဲ့ သံလွင်ဆီကရနိုင်တဲ့ သင် မျှော်လင့် ထားတာထက် ပိုတဲ့ အလှတရားတွေက ဘာတွေ လဲ၊ ဘယ်လိုရနိုင်မလဲ လေ့ လာကြည့်လိုက်ရအောင် နော် ။
၁။ ခေါင်းမလျှော်ခင် ဆံကေသာကို အားဖြည့်မှု
ရှေးအီဂျစ်တို့ရဲ့ အမြတ်တနိုး ဆံကေသာ အလှဆီဖြစ်ခဲ့ရတဲ့ သံလွင်ဆီကို သင်ခေါင်းမလျှော် ခင် ဆံကေသာကိုအားဖြည့်ဖို့ သုံးနိုင်ပါတယ်။အသုံးပြုနည်းကတော့ မိုက်ခ ရိုဝေ့ဖ်မီးဖိုပေါ် မှာ သံလွင်ဆီအနည်းငယ် ထည့်ထားတဲ့ခွက်ကို အပူငွေ့ပေးပါ။ ဒါမှမဟုတ် ရေနွေးခွက်ထဲ သံလွင်ဆီ သင့်တော်ရုံထည့်ပြီး ရလာတဲ့ဆီကို ဆံပင်အဖျားေ ရာ အရင်းပါ လိမ်းပေးပါ။ ပြီးရင် ၁ဝ မိနစ်ကနေ မိနစ် ၂ဝ လောက်တော့ ထား လိုက်ပါဦး။ ပြီးရင်တော့ မူလထက် နူးညံ့တောက် ပြောင်သွား တဲ့ကေသာလေးရရှိအော င် ခေါင်း လျှော်လို့ ရပါပြီ။
၂။ နှုတ်ခမ်းကြေးချွတ်
ကျွန်မတို့တစ်တွေလုပ်ဆောင်ခဲတဲ့ အလှအပ ထိန်းသိမ်းမှုတစ်ခုဖြစ်တဲ့ နှုတ်ခမ်းကြေးချွတ်ခြင်း ကိုလည်း တစ်ခါတစ်ရံမှာ လုပ်သင့်ပါတယ်။  ဒါကိုတော့လက်ဖက် ရည် ဇွန်းတစ်ဇွန်းစာ သံလွင်ဆီကို သကြားနည်းနည်း၊ သံပရာရည် နည်းနည်းနဲ့ ရောစပ်ပြီး သကြားလေးတွေ မပျော် ခင်မှာပဲ နှုတ်ခမ်းလေး များကို သေချာပွတ် တိုက် ပေး ပြီး ရေဆေးလိုက်ပါ။ ချောမွေ့ပြီး ပိုကြည့် ကောင်းတဲ့ သင့်နှုတ်ခမ်းသွေးရောင်ကို သင်ကိုယ် တိုင် ကြေးမုံပြင်မှာ ခံစားလို့ရပါပြီ။
၃။ မျက်လုံးမိတ်ကပ်ချွတ်ဆေး
Eye-Makeup သုံးတဲ့သူတွေအတွက် သံလွင်ဆီကို မိတ်ကပ်တွေဖယ်ရှားဖို့ သုံးနိုင်ပါ တယ်။ အကြောင်းကတော့ သံလွင်ဆီက တခြား အမျိုးအစားဆီကို စုပ်ယူနိုင်လို့ပါ။ ဒါ့ကြောင့် သံလွင်ဆီကို မျက်လုံးတစ်ဝိုက်မှာလိမ်းပြီး ဂွမ်းစ၊  စက္ကူတစ်သျှူးတို့နဲ့ သုတ်ပြီးမှ မျက်နှာသစ်လိုက်ပါ။ အဲဒီ နောက် ရေနွေးနွေးလေး ဒါမှမဟုတ်  PH  မျှခြေ ရှိတဲ့ေ ရအမျိုးအစားနဲ့ သစ်ပစ်ပါ။
၎။ တောက်ပတဲ့ Serum
ဆံကေသာတောက်ပဖို့ တချို့က Hair Serum ထပ်ဝယ်သုံးကြပါတယ်။ တကယ်တော့ သံလွင်ဆီရှိနေရင် Serum ထပ်ဝယ်ဖို့ မလိုတော့ ပါဘူး။ လက်ထဲကို သံလွင်ဆီ ၃ စက်လောက် ထည့်ပြီး လက်ဖဝါးနှစ်ဖက်မှာ ပွတ်ပြီး ဆံပင်ပေါ် သပ်ပေးလိုက်ရင် တောက်ပြောင်လိုက်တာမှ အံ့သြသွားဦးမှာ။
၅။ အမွေးရိတ် ခရင်မ်
တချို့မိန်းကလေးတွေက ခြေမွေး၊ လက်မွေး ကစလို့ ခန္ဓာကိုယ်က အမွေးတွေကို ပုံမှန်ရိတ် လေ့ရှိပါတယ်။ ဒါက မတော်တဆဓားရှ တတ်ပါ တယ်။ ဒီလိုမရှအောင် ဆပ်ပြာ သုံးကြရပါတယ်။ Shaving Cream  တွေလည်း ဝယ်သုံးလို့ရပါတယ်။ တကယ်လို့ သင့်မှာ သံလွင်ဆီရှိပြီးသားဆိုရင်တော့ အဲဒီခရင်မ် မဝယ်ပါနဲ့ တော့ ။သံလွင် ဆီကို လိမ်းပြီး ခြေသလုံးမွေးလေး တွေ ရိတ်ချလိုက်ရင် ဓားလည်းမရှ၊ အသားအရေ လည်း စိုပြည်ဖို့ လုပ်ဆောင်ပြီးသွားတာပေါ့။
၆။ လက်သည်းလှ၊ ခိုင်၊ အရှည်မြန်စေတဲ့အဆီ
လက်သည်းလေးတွေ ရှည်တာမြန်ဖို့၊ ကျိုးပဲ့ မလွယ်ဖို့၊ ချောမွတ်နေဖို့ဆိုတာ လက်သည်းရှည် ထားတတ်ကြတဲ့ မိန်းကလေးတို့ရဲ့ ဖြစ်တတ်တဲ့ ဆန္ဒပါ။ ဒါအတွက်လည်း သံ လွင်ဆီကို ခြေသည်း၊ လက်သည်းလေးတွေပေါ် လိမ်းပေးရင် ထိရောက် တာကို တွေ့ရမှာပါ။
၇။ သဘာဝ Moisturizer
အစိုဓာတ်ထိန်းဖို့ သဘာဝပစ္စည်းကို ကြိုက် ရင်တော့ သံလွင်ဆီလေး နှစ်စက်၊ သုံးစက်လောက် ကို သင့်လက်ထဲထည့်ပြီး  ခြောက်သွေ့တဲ့အသား အရေမှာ လိမ်းလိုက် တာနဲ့ တစ်မုဟုတ်ချင်း ဝင်း လက်သွားမှာပါ။ နောက်ပြီး ဒီအဆီက သင့်ကို အရေပြားကင်ဆာဖြစ်ခြင်းကလည်း ကာကွယ် ပေးနိုင်ပါတယ်။
၈။ အရွယ်စုံ၊ ခန္ဓာကိုယ်ရဲ့ နေရာစုံသုံးနိုင်တဲ့ ဆေး
သဘာဝအဆီဖြစ်လို့ ဘယ်အရွယ်မဆို၊ ဘယ်သူမဆို ဆံကေသာဦးရေပြားကနေ ခြေသည်းလေးတွေအထိ သုံးနိုင်တဲ့အဆီဖြစ်လို့ ဘေးကင်း ပါတယ်။ ခြောက်သွေ့မှုေ ကြာင့် ယားယံ လို့ နေရခက်မှာမပူရအောင် အလှမပျက်အောင် ခြောက်သွေ့လွယ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တွေကို သံလွင်ဆီလူးပေးလိုက်ပါ။
၉။ ဖနောင့်လေးချောမွေ့လှပဖို့
ဖနောင့်လေးတွေကွဲနေရင် ဖနောင့်မြင်ရတဲ့ ဖိနပ်တွေ သင်စီးဝံ့မှာမဟုတ်ပါဘူး။ဒါ့ကြောင့် ရေချိုးတိုင်း ဖနောင့်ကဆဲလ်သေ တွေကို ကျောက်ခဲနဲ့ပွတ်တိုက်ပစ်ပြီး ရေချိုးပြီး လို့ ခြောက်အောင်သုတ်ပြီးတဲ့အခါမှာ သံလွင်ဆီ လေးလူးပြီး ခြေအိတ်စွပ်တာ၊ အဝတ်နဲ့ပတ်ထား တာမျိုးလုပ်ပေးပါ။ အိပ်ရာမဝင်ခင်လည်း ဖနောင့်မှာ လူးအိပ်နိုင်ပါတယ်။
၁ဝ။ မိတ်ကပ် ဘရွပ်ရှ်သန့်ဆေး
မိတ်ကပ်လူးတဲ့၊ လိုင်နာခြယ်တဲ့ ဘရွပ်ရှ်လေး တွေကို လျှော်ပစ်ဖို့ မမေ့ပါနဲ့။ လျှော်တဲ့အခါမှာ ပိုးမွှားသန့်စင်တဲ့ ဆပ်ပြာနဲ့တစ်ခါလျှော်၊ ခြောက် သွားတဲ့အခါ  သံလွင်ဆီနဲ့ တစ်ခါပွတ်တိုက်ပေးခြင်း အားဖြင့် မိတ်ကပ်လူးတဲ့ဘရွပ်ရှ်လေးတွေ သန့်စင်တောက်ပြောင်နေပါလိမ့်မယ်။သတိထားရမှာက အသုံးပြုတိုင်းမှာ အများ ကြီး အလွန်အကျွံ မသုံးမိဖို့ပါပဲ။ အထူးသဖြင့် ကေသာကို လိမ်းတဲ့အခါ ဆီတွေများသွားရင် ကြည့်မကောင်းတတ်သလို ခေါင်းမြန်မြန်လျှော် ပစ်ရပါလိမ့်မယ်။ ဒါ့ကြောင့် သင့်တင့်ရုံ ချိန်ဆပြီး ခွက်ထဲ၊ လက်ထဲ ထည့်ပြီးမှ လိုအပ်တဲ့နေရာကို ထည့်ကြ၊ လိမ်းကြဖို့ အကြံပြုချင်ပါတယ်။ တစ်မျိုး တည်းရှိရုံနဲ့ စွယ်စုံလှဖို့ သုံးနိုင်တဲ့ သံလွင်ဆီကို ကောင်းကောင်း အသုံး ချနိုင်ကြောင်း တင်ဆက် ပေးရင်း ရတီစာချစ်သူ ပျိုမေတိုင်း လှပစိုပြည်ကြပါ စေ။
မာဦး
အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာထဲက အနာဂတ်ကမ္ဘာ
$
0
0
အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာ က ၂ဝ၃ဝခုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွား  ရေးအင်အား အကြီးဆုံးနိုင်ငံအဖြစ် ရောက်ရှိမည်။ ရာသီဥတု ပြောင်း လြဲ ခင်းကြောင့် ရေကောင်းရေ သန့်နှင့် အစားအစာရှားပါးလာမည်။ လူလတ် တန်းဦးရေများလာမှုကြောင့် ကမ္ဘာတွင် ကြီးကျယ် သောအပြောင်းအလဲများ ဖြစ်မည်ဟု ခန့် မှ န်း ဖော်ပြလိုက်သည်။
အမေရိကန် အမျိုးသားထောက်လှမ်းရေး ကောင်စီက ၅နှစ်တစ်ကြိမ် ထုတ်ပြန်သော ကမ္ဘာ့ ဦးတည်ချက် အစီရင်ခံစာ ( Global Trends Report) တွင် ယခုအချိန်သည် လူ့သမိုင်း၌ အရေးကြီးသော လမ်းဆုံသို့ ရောက်နေသည်ဟု သုံးသပ်ထားသည်။ နိုင်ငံ ၂ဝ နီးပါးတွင် အစည်း အဝေးများ ပြုလုပ်၍ ပြည်ပပညာရှင်များ၏ ထင်မြင်ချက်ကိုပါ ရယူစိစစ် ရေးသားထားသော ယင်းအစီရင်ခံစာတွင် အမေရိကန်၏ သြဇာသည် ယုတ်လျော့လာမည် ဖြစ်သော်လည်း ယင်း၏နေရာတွင်ဝင်ရောက် အစားထိုး နေရာ ယူနို င်သည့် နိုင်ငံရှိမည်မဟုတ်ဟု ဖော်ပြထားသည်။ တစ်နိုင်ငံ တည်းက စိုးမိုးထားသောအခြေအနေ ပျောက် ကွယ်သွားပြီး သြဇာအာဏာသည် ကွန်ရက်သဖွယ် ပြန့်ကျဲ သွား ကာ သြဇာကြီးနိုင်ငံများ အချင်းချင်း စုစည်းလုပ်ဆောင်ကြသည့် အခြေအနေဖြစ်ပေါ် လာမည်။
ယင်းအစီရင်ခံစာတွင် ဖြစ်လာနိုင်ခြေ အမျိုးမျိုးကို ဖော်ပြထားရာ အကောင်းဆုံးမှာ တရုတ်နှင့် အမေရိကန်တို့ စည်းလုံးမိ၍ ကျယ် ပြန့်သော ပူးပေါင်းဆောင်ရွက်မှု များ ပေါ် လာနိုင် သည်။ အဆိုးဆုံးမှာ အမေရိကန်သည် အများနှင့် မပူးပေါင်းတော့သဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း ခေါ် ကမ္ဘာပြုဖြစ်စဉ် တန့်သွားနိုင်သည်။ အမေ ရိကန်က ဦးေ ဆာင်ကဏ္ဍတွင် မပါဝင်တော့ခြင်း ကြောင့် ကမ္ဘာ့မင်းမဲ့စရိုက် ပေါက်ဖွားလာပြီး အချိန်ကြာရှည်စွာ တည်တံ့လာနိုင်သည်။အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းလုံးတွင် လူလတ် တန်းစားများ ဝင်ငွေကောင်း ချမ်းသာ လာပြီး ယင်းတို့သည် ဆိုင်ရာနိုင်ငံများ၏ လူမှု ရေးနှင့် စီးပွားရေးကဏ္ဍတို့တွင် အရေးပါသူများ ဖြစ်လာရန် အလားအလာ အထူးေ ကာင်းနေ သည်။
ချမ်းသာကြွယ်ဝမှု ပျံ့နှံ့သွားခြင်းကြောင့် အာရှနိုင်ငံများသည် မြောက်အမေရိကနှင့်ဥရောပ နိုင်ငံများ အုပ်စုနှစ်ခုပေါင်းထက် ‘အင်အား’ပိုကောင်းမည်။ ‘အင်အား’ ကို တွက် ရာတွင် ဂျီဒီပီ၊ လူဦးရေ၊ စစ်ဘက်အသုံးစရိတ်နှင့် နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပါဝင် သည်။ တရုတ်နိုင်ငံသည် ၂ဝ၃ဝ ခုနှစ်မတိုင် မီ အမေရိကန်ကိုကျော်၍ စီး ပွားရေးအတောင့်တင်း ဆုံးနိုင်ငံဘဝသို့ရောက်မည်။ယင်းဖြစ်စဉ်၏ အကျိုးဆက်ကြောင့် တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ ကိုလံဘီယာ၊ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယား၊ တောင်အာ ဖ ရိကနှင့် တူရကီတို့ သည် ကမ္ဘာ့အရေးအခင်းများကို ဖြေရှင်းရာတွင် ပို၍ အရေးပါသောကဏ္ဍမှ ပါလာမည်။
ရေရရှိရေး၊ အစားအစာ လုံလောက်ရေး၊ စွမ်းအင်ထုတ်လုပ်ရေး စသည့်ကဏ္ဍတို့သည် လက်ရှိတွင်ပင် အခက်အခဲနှင့် ရင်ဆိုင်နေရရာ ရာသီဥတုပြောင်းလဲမှုကြောင့် အြေ ခအနေပို၍ ဆိုးလာကာ မငြိမ်မသက်မှုများ တိုးတက်များပြား လာနိုင်သည်။ လူဦးရေ များလာသည့်အပြင် ဝင်ငွေကောင်းသော လူလတ်တန်းစား ပိုများလာ သည့် အ တွက် အစားအစာကို ယခုထက် ၃၅ ရာခိုင်နှုန်းပို၍ လိုလာပြီး ရေကောင်းရေသန့်နှင့် စွမ်းအင်တို့ကိုလည်း ၄ဝ ရာခိုင်နှုန်းနှင့် ၅ဝ ရာခိုင်နှုန်းအသီးသီး ပို၍လိုလာမည်။ ယင်းလို အပ် ချက်များကို ဖြည့်ဆည်းမည့် ကြိုးပမ်းချက်များ သည် ရာသီဥတုပြောင်းလဲနေခြင်းကြောင့် အခက် အခဲများစွာ တွေ့ရန်ရှိနေသည်။
ရာသီဥတုပြောင်းမှုကြောင့် မိုးကောင်းသည့် ဒေသများတွင် မိုးပိုလာ၍ ရေပိုကြီးလာကာ မိုး နည်းနေသည့် နေရာများသည် မိုးခေါင်မှုကို ပို၍ ကြုံတွေ့လာရန် ရှိနေသည်။ အရှေ့အလယ်ပိုင်း နိုင်ငံများ၊ အာဖရိကတိုက်မြောက်ပိုင်း၊ ဗဟိုအာ ရှတိုက်၊ အာဖရိကတိုက်တောင်ပိုင်းနှင့် အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းတို့တွင် မိုးနည်း သွား မည်။အမျိုးသားထောက်လှမ်းရေးကောင်စီ၏ အဆိုအရ အခက်အခဲများသည် ရှောင်လွှဲ၍ မရနိုင်သည့် ဖြစ်စဉ်များမဟုတ်ကြောင်း၊ မူဝါဒ ချမှတ်သူများနှင့် ပုဂ္ဂလိက ကဏ္ဍ တို့ ပူးတွဲလုပ် ဆောင်ခြင်းဖြင့် အနာဂတ်မှေးမှိန်ခြင်းကို အတန် အသင့် ကာကွယ်ရှောင်လွှဲနိုင်သည်ဟုဆိုသည်။
တတ်နိုင်သောနိုင်ငံများက ချို့ငဲ့သော နိုင်ငံများကို ကူညီဖို့လိုအပ်သည်။ရေရှားပါးမှုကို ကာကွယ်ရန် ရေချွေတာသော စိုက်ပျိုးစနစ်များကို ဖော်ထုတ်ရန် လိုအပ်ပြီး စွမ်းအင် မလုံလောက်မှုကို ဖြေရှင်းရန် ပြန်ပြည့် မြဲစွမ်းအင်များကို သက်သာသောဈေးနှုန်းဖြင့် ထုတ်လုပ်ရန် ကြိုးစားဖို့လိုသည်။ဖြစ်နိုင်ခြေ နည်းသော်လည်းဖြစ်မလာဟု မဆိုနိုင် သည့် ဖြစ်စဉ်များတွင် ယူရိုငွေကြေးစနစ် ပြိုလဲခြင်း၊ ကပ်ရောဂါများ အကြီးအကျယ် ပျံ့နှံ့ ဖြစ်ပွားခြင်း၊ ပါကစ္စတန်နှင့် မြောက်ကိုးရီးယား တို့က ရန်သူနိုင်ငံများကို အနုမြူ ဗုံးဖြင့် တိုက်ခိုက် ခြင်းတို့ ပါဝင်သည်။ တရုတ်နိုင်ငံ ဒီမိုကရေစီနိုင်ငံ ဖြစ်လာနိုင်ခြင်း သို့မဟုတ် ယင်းနိုင်ငံပြိုကွဲခြင်း၊ အီရန်နိုင်ငံတွင် ပျော့ပျောင်းသော အစိုး ရတက် လာ ခြင်းတို့သည်လည်း ကမ္ဘာ့အခြေအနေတည်ငြိမ်မှု ကို ဟန်ချက်ပြောင်းလဲစေနိုင်သည့် အခြင်းအရာ များပင် ဖြစ်ကြသည်။
အမေရိကန် အမျိုးသားထောက်လှမ်းရေး ကောင်စီ၏ အစီရင်ခံစာတွင် ၂ဝ၃ဝ ခုနှစ်တွင် ပျက်သုဉ်းသွားနိုင်ခြေရှိသည့် နိုင်ငံများကိုလည်း ဆန်းစစ်ဖော်ပြထားသည်။ ယင်း တို့မှာ အာရှတိုက် တွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်၊ အာဖရိက တိုက်တွင် ရဝမ်ဒါ၊ ယူဂန်ဒါနှင့် ဘူရွန်ဒီတို့ ဖြစ်ကြ သည်။အစီရင်ခံစာတွင် အာရပ်အစ္စရေးပြဿနာ ကို ဦး စားပေးကိုင်တွယ်ဖြေရှင်းရန် သမ္မတ အိုဘားမားအား တိုက်တွန်းထားသည်။
ကျော်ဦး
ပွင့်လင်းပေါ်တင် မစောရင်
$
0
0
အခုတလော ကိုကြိုးကြာ တစ်ယောက် စကားတွေ အရမ်းပြော နေသည်။ လက်ဖက်ရည်ဆိုင် ထိုင် သည့်အခါတိုင်း တစ်ဖက်လူ၏ မျက်နှာကိုတံတွေးစဉ် မတတ် ပြောနေ သည်။ ကိုကြိုးကြာတွင်တွင်ပြော နေသော အကြောင်းအရာများမှာ လည်း အပတ်စဉ်ထွက်ဂျာနယ်များ ထဲမှ အကြောင်းအရာများဖြစ်၏။ ကိုကြိုးကြာ၏ စကားများကို ပင် တိုင် နားထောင်ကြသူများမှာ ဆိုက်ကား သမားလှမောင်၊ မြင်းလှည်းသမား ထွန်းတင်နှင့် ဘူတာရုံကုန်တင် ကုန်ချ အလုပ်သမားချက်ကြီးတို့ ဖြစ်ကြ၏။ သူတို့သုံးယောက် မှာ တစ်နေ့လုပ်မှ တစ်နေ့စားရသော အခြေခံလူတန်းစားများ ဖြစ်သဖြင့် ဂျာနယ်များ၊ စာစောင်များနှင့် အလှမ်းဝေးကြသည်။ သို့ဖြစ်၍ ကိုကြိုးကြာကို အလွန်သိ၊ အလွန် တတ်သော ဆရာကြီးတစ်ပါးနှယ် လေးစားနေကြ၏။
ကိုကြိုးကြာက လည်း လက်ရှိခေတ်အပြောင်းအလဲ ကာလတွင် နိုင်ငံရေးလောက၌ ရေပန်းစားနေသော ‘ပွင့် လင်း မြင်သာမှု’ တို့၊ ‘အကြောက်တရား ကင်းစင်ရေး’ တို့ဆိုသည့် စကားလုံး များသာ တွင်တွင်ပြောနေတော့ သည်။ လက်လုပ်လက်စား သုံးယောက်ကတော့ ကိုကြိုး ကြာ ပြောသမျှ အဟောတဝလုပ်၍ နား ထောင်နေရ၏။ သိပ်တော့နားလည် ၍မဟုတ်၊ သို့သော် ‘နားမလည်ဘူး’ ဟု ပြောလျှင်လည်း မရှိသည့် သိက္ခာလေး ဘုတ်ခနဲပြုတ် ကျမှာ စိုးသေးသည်။ ထို့ကြောင့် ခေတ် ပေါ်ကဗျာလို နားမလည်ခြင်း၊ နားလည်ခြင်းအဓိကမဟုတ် ကိုကြိုး ကြာ၏ သတ အပေါ် ဖောရှောလုပ် နေလိုက်ရုံဖြစ်သည်။
”ဒီနေ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတဲ့ ကမ္ဘာဟာ တစ်စုတစ်ဝေး တည်းနေတဲ့ ရွာကြီးတစ်ရွာလို ဖြစ် သွားပြီ၊ ဒီတော့ ဆက်သွယ်မှု ကွန်ရက်တွေ မြန်ဆန်လာတယ်၊ ကမ္ဘာ့ အရှေ့ခြမ်းက သတင်းကို ကမ္ဘာ့အနောက်ခြမ်းက ချက်ချင်း သိလာတယ်၊ ပြောရရင်တော့ကွာ အရာရာဟာ ပွင့်လင်းမြင်သာတဲ့ ခေတ်ကို ရောက်လာပြီ။ ပြောစရာ ရှိရင် ရဲရဲ ဝံ့ဝံ့ပြော၊ ရေးစရာရှိရင် သတ္တိရှိရှိရေးလို့ရပြီ။ အကြောက် တရား ကင်းမဲ့ဇုန်ဖြစ်လာတဲ့ တို့နိုင်ငံ မှာ သမ္မတကိုတောင် မကြိုက်ရင် မကြိုက်ဘူး ဖြေလို့ရတယ်။ ဟုတ် ပလား။ ဒါဟာ ဒီမိုကရေစီခေါ် တယ်ကွဲ့”ကိုကြိုးကြာပြောသော ‘ပွင့်လင်း မြင်သာမှု’ တို့၊ ‘အကြောက် တရားကင်းမဲ့ဇုန်’ တို့၊ ‘ဒီမိုကရေစီ’ ဆိုသည့် စကားများကို ဆိုက်ကား သမား လှမောင်၊ မြင်းလှည်းသမား  ထွန်းတင်နှင့် ဘူတာရုံအလုပ်သမား ချက်ကြီးတို့ ရေရေရာရာ နားမလည် ပါ။
သို့သော် သူတို့စိတ်ထဲတွင် နားလည်ချင်ယောင် ဆောင်ရသည် ကို အရသာတွေ့နေ၏။ ထိုနည်းတူ ပင် ကိုကြိုးကြာကလည်း ဆရာကြီး လုပ်ရသည် ကိုအရသာတွေ့နေ။ သို့သော် အခြေခံလူတန်းစားများ ဖြစ်သောမြင်းလှည်းသမားထွန်း တင်၊ ဆိုက်ကားသမားလှမောင်နှင့် ဘူတာရုံအလုပ်သမား ချက်ကြီး တို့မှာ ကိုကြိုးကြာလို အားအားယား ယားမဟုတ်သဖြင့် အချိန်ကုန် မခံနိုင်၊ ခဏသာနားထောင်ပြီး အလျှိုလျှိုပြန်ကုန်ကြသည်။ ကိုကြိုးကြာခမျာမှာလည်း သည်လို ပြောခွင့်ရရန်အရေးကို လက်ဖက် ရည်သုံး ခွက် ရင်းနှီးရ၏။ ဟိုလူများ ကလည်း လက်ဖက်ရည်အလကား သောက်ရ၍ နားထောင်ကြခြင်းဖြစ် ၏။ လက်ဖက်ရည်ဆိုင်ရှင် ကိုဘလှ ကိုယ်တိုင် ဂျာနယ်များကို အများ ဖတ်ရန် ဆိုင်တွင် ဝယ်ထားသော် လည်း သူကိုယ်တိုင် မဖတ်သဖြင့် ဘာမျှမသိချေ။ သို့ဖြစ်၍ ကိုကြိုးကြာ ကို မေးရ၏။
”နေစမ်းပါဦး ကိုကြိုးကြာရယ်၊ ခင်ဗျားပြောပြောနေတဲ့ အကြောက် တရားကင်းမဲ့ရေးဆိုတာ ဘာကို မကြောက်ရမှာလဲဗျ”အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်း ဆို သည့် အရိပ်အယောင်တွေ ကိုကြိုးကြာ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွား သည်။ ဆိုင်ရှင်၏ မေးခွန်းကို ချက်ချင်းမဖြေသေးဘဲ ဂိုက်ပေးကြမ်း ကြမ်းဖြင့် လန်ဒန်စီး ကရက် တစ်လိပ် ကို အရင်မီးညှိလိုက်သည်။ တစ်ဖွာ လောက် ရှိုက်ပြီးမှ ”အား ဒီလိုရှိတယ် ကိုဘလှ၊ အကြောက်တရားကင်းစင်ရေးဆို တာ…””ကို … ကြိုး … ကြာ”Rocker အ ဆိုတော်မျိုးကြီး၏ အမြင့်ဆုံးကီးထက် နှစ်ဆခန့်ပိုမြင့် သော အသံကြီးက လက်ဖက်ရည် ဆိုင်တစ်ဆိုင်လုံးပင် သိမ့်သိမ့်ခါသွား သည်။ ကိုကြိုးကြာ ဆရာကြီးလေသံ လုပ် မည့်ကိစ္စက တိခနဲပြတ်တောက် သွားသည်။ ‘ကိုကြိုးကြာ’ ဟု ခေါ် လိုက်သော Hight Key မှာ သူ့မိန်းမ မစောရင်ဆီမှ ပျံ့လွင့်လာခြင်းဖြစ် သည်။ မစောရင်မှာ သုံးဆင့်ချိုင့် တစ်လုံးကို ကိုင်၍ လက်ဖက်ရည် ဆိုင်ထဲသို့ ဝင်လာခြင်းဖြစ်၏။
”ဟင် မစောရင် ဘာကိစ္စရှိလို့ လဲဟင်””ဘာကိစ္စရှိလို့လဲ ဟုတ်လား ကိုကြိုးကြာ၊ တော်မို့လို့ မေးရက် တယ်၊ လူဆိုတာ အလုပ်ရှိတယ်လေ၊ ကျုပ် အခု အကြွေးသွားတောင်း မလို့၊ ရော့ ချိုင့် ဟင်းဝယ်ထား၊ နောက်ပြီး အိမ်သွားစောင့်၊ ဘယ့် နှယ်တော်၊ အားအားယားယား၊ အချိန်ပြည့် လက်ဖက်ရည်ဆိုင် လာထိုင်နေတယ်၊ သွား သွား အခု ဟင်း သွားဝယ်တော့”လက်ဖက်ရည်ဆိုင်ရှင်ကိုဘလှ ရှေ့တွင် အကြောက်တရားကင်းစင် ရေး မဟာဒဿနကြီးကို မပြောရဘဲ ချိုင့်ကလေးဆွဲ၍ ခပ်သုတ်သုတ် ထွက် ဟန်ပြင်နေေ သာ ကိုကြိုးကြာ ကို ကိုဘလှက ”သိပြီ သိပြီ ကိုကြိုးကြာ၊ ခင်ဗျားပြောတဲ့ အကြောက်တရား ကိစ္စ၊ ပိုလို့တောင် ပွင့်လင်းမြင်သာမှု ရှိသဗျာ၊ ဟား ဟားဟား”ကိုကြိုး ကြာ နောက်သို့ လည်ပြန်ပင် လှည့်မကြည့်တော့ပဲ သုတ်သုတ်၊ သုတ်သုတ်၊ ကုပ်ကုပ်၊ ကုပ်ကုပ်နှင့် ချီတက်သွားလေတော့ ၏။တကယ်တော့ ကိုကြိုးကြာ သည် အိမ်ေ ထာင်ဦးစီးဟု ပြောမရ၊ အလုပ်မရှိ ၁ဝ၉ – ၁၁ဝ ဖြစ်၏။ မစောရင်က နတ်ကတော်ဖြစ်၏။ နတ်ပွဲများတွင် ကနားစီးလုပ်၏။ နတ်ဟော၏။ အိမ်တွင်လည်း တုတ်ထမ်း၊ ဓား ထမ်း၊ မြင်းစီး၊ ဆင်စီး နတ်ရုပ်တွေနှင့် ပြည့်နေ၏။ ကိုကြိုးကြာအလုပ်က ထိုနတ်ရုပ်များ ကို ဖုန်သုတ်ရ၏၊ ဖုန်ခါရ၏။ နတ် ဆက်သော အရက်ပုလင်းများ ဝယ် ခိုင်းလျှင် ဝယ်ပေးရ၏။ ထိုသို့ အရက်ဝယ်ရသည့်အခါတိုင်း
အရက်ပုလင်း ပါကင်ကိုဖွင့်၍ တစ်ပုလင်း၊ နှစ်ပုလင်းပွား၍ ရေဖြည့်လာတတ်သည်။ ထိုအခါ တစ်ပုလင်းဖိုး အောက်ဆိုက်ရ၏။ နတ်ကို ကြက်ကြော်ဆက်ဖို့ ကြက်သား ဝယ်ခိုင်းလျှင်လည်း တစ်ပိဿာဖိုးပေးလျှင် ရှစ်ဆယ်သား ကောင်ကိုသာ ဝယ်တတ်၏။ သို့ဖြင့် ဘတ်ငွေလေးများရလာသောအခါ ကိုဘလှ၏ လက်ဖက်ရည်ဆိုင်တွင် ထိုင် ၍ လေပစ်တော့၏။ ထို့အပြင် စာပေဟောပြောပွဲများရှိလျှင် လိုက် နားထောင်တတ်၏။ ကိုကြိုးကြာ စာပေအကြောင်း ဘာမျှ နားမလည် ပါ။ စာပေစင်မြင့်ပေါ်မှ စာရေးဆရာ တချို့၏ နိုင်ငံရေးဟောပြောချက် များကို နားထောင်ချင်၍ဖြစ်၏။ ကျူရှင်ဆရာတစ်ယောက်ဆိုလျှင် စာအကြောင်း၊ ပေအကြောင်းမဟော ပြောဘဲ စင်ပေါ်မှ လက်သီး လက် မောင်းတန်း၍ နိုင်ငံရေးစကားလုံး များကို ရင်ခေါင်းသံကြီးနှင့် ဟော လေ့ရှိ၏။ ပရိသတ်က လက်ခုပ်တီး လျှင် ကိုကြိုးကြာလိုက်တီး၏။
စာရေးဆရာတစ်ယောက်ဆိုလျှင် စင်ပေါ်တက်လာပြီး မဟောပြောခင် စင်ထောင့်ဝဲယာကို ဟိုရှာသည်ရှာ လုပ်ပြီး ”ဗုံးတွေဘာတွေ ထောင်ထား သလားလို့” ဟု ပါဖောင်း မင့်ခင်းပြ၏။ ထိုသို့သောစတိုင်မျိုးကို ကိုကြိုးကြာ အရမ်းသဘောကျ၏။ စာရေးဆရာ များ ဟောပြောသော နိုင်ငံရေး စကားလုံးများကို ကိုကြိုးကြာ သေချာလိုက်မှတ်ပြီး ကို ဘလှ၏ လက်ဖက်ရည်ဆိုင်တွင် လူအထင် ကြီးအောင် အကျယ်ကြီးပြောလေ့ ရှိ၏။ စာရေးဆရာများကလည်း မိမိချစ်ခင်စုံမက်၍ ပေါင်းသင်းခဲ့ သော သုတ၊ ရသစာပေ ဟူသော မယားကြီးကို နယ်နှင်ဒဏ်ပေး၍ နိုင်ငံရေးစကားများကို မယားငယ် လို ပေါင်းသင်းလာသောခေတ်တွင် ”ဟိုဆရာဟောတာ သိပ် ကောင်းတာပဲ””ဟိုဆရာက လည်း ဒဲ့(တည့်) တွေချည်းသိပ်တာ ငါ့လူရေ”သုတ၊ ရသစာပေဆိုသည်မှာ အလုံးလား၊ အပြားလားမသိသော ပရိသတ်ကလည်း စာပေဟောပြော ပွဲခေါင်းစ ဉ်အောက် မှ နိုင်ငံရေး စကားလုံး အတုံးလိုက် အတစ်လိုက် တွေကို လက်ခုပ်တီးကြိုဆို၍ မြိန်ရေ ရှက်ရေ စားသုံးကြ၏။ ထိုအထဲ တွင် အလုပ်မရှိ၊ အကိုင်မရှိ ကိုကြိုးကြာထိပ် ဆုံး က ဖြစ်၏။
ကိုကြိုးကြာဦးနှောက်ထဲတွင် ခေတ် ပေါ်နိုင်ငံရေးစကားလုံးများ မည်မျှ ထိ စူးနစ်နေသနည်း။ ဆိုရသော် မိမိအိမ်တွင် ဆေးလိပ်မီးညှိရန် မီးခြစ်ရှာမတွေ့လျှင်ပင် …”တော က် … မီးခြစ်က ဘယ်များခြေထောက်ပေါက်သွားလို့ ရှာမရတာလဲ၊ ငါ ထားတဲ့နေရာမရှိ ရင် အလွန်ဒေါသထွက်တယ်၊ ဟိတ် မစောရင် မင်း ငါ့မီးခြစ်ယူသေး လား”” ယူ တယ်တော်ရေ၊ စောစော က ထမင်းအိုးတည်မလို့၊ မီးမွှေးလို့ ခဏယူတာ ပြတင်းပေါက်ဘောင် ပေါ် တင်ထားလိုက်တယ်လေ”ထိုကဲ့သို့ ပြဿနာအသေးအဖွဲ့ ကလေး များက အစ ကိုကြိုးကြာပါး စပ်က မည်သို့မည်ပုံ စကားလုံးထွက် လာသနည်းဆိုသော် … ”မင်းတို့ အဲဒါမျိုးတွေ ခက်တာ ပဲ မစောရင်ရ၊ ဘာကိစ္စဖြစ်ဖြစ် ပွင့်လင်းမြင် သာမှုရှိအော င် နေထိုင် ပြောဆိုစမ်းပါကွ၊ အခု မီးခြစ်ကို မမြင်သာအောင် ထားတာမျိုး ငါ မကြိုက်ဘူးကွ””မကြိုက်ရင် လဲသေလိုက် ကိုကြိုးကြာ၊ ထမင်းဟင်းချက်တော့ ကျုပ်၊ မျိုဖို့ ဆို့ဖို့ ကျတော့ တော်က ထိပ်ဆုံးက ဟင်း…””လူ့အခွင့်အရေးကို မပိတ်ပင် စမ်းပါနဲ့ မစောရင်ရာ”ကိုကြိုးကြာက ထိုကဲ့သို့ ဖြစ်နေ ၏။
နေရာတကာတွင် နိုင်ငံရေး စ ကားလုံးများနှ င့် ဆွဲစေ့တတ်သူ ဖြစ်၏။ ကြာတော့ အရပ်ထဲမှ လူများက ကိုကြိုးကြာအား ‘ပွင့်လင်း မြင်သာ ကိုကြိုးကြာ’ ဟု တစ်မျိုး၊ ‘အေ ကြာက်တရား Blocker ကိုကြိုး ကြာ’ ဟုတစ်ဖုံ၊ ‘လူ့အခွင့်အရေး မာစတာကိုကြိုးကြာ’ ဟု တစ်လီ ဝိသေသအစီအရီဖြင့် နာမည်ကြီးနေ တော့သည်။ သို့သော် ကိုကြိုးကြာ ၏ မဟေသီ၊ ဧကရီ၊ နတ်ဒေဝီမစောရင် ကတော့ အလွန်အမြင်ကပ်နေသည် မှာ ကြာပြီဖြစ်သည်။ ကိုဘလှ၏ လက်ဖက်ရည်ဆိုင်တွင်လည်း လက်ဖက်ရည် တစ်ခွက်စီတို က်ပြီး ဟောရပြောရသော ဆိုက်ကား လှမောင်၊ မြင်းလှည်းထွန်းတင်၊ ဘူတာရုံအလုပ်သမား ချက်ကြီးတို့ မှာလည်း ကိုကြိုးကြာ၏ ပါးစပ်မှ ဒလဟောကျလာသော ဒီမို ကေ ရစီ ဆိုတာကြီး ပိနေသည်မှာလည်း ကာလ အတော်ကြာလာပြီဖြစ်သည်။ ဒီမိုကရေစီဆိုသည်ကို မြင်းလှည်း လာငှားသော ပါစင်ဂျာလောက်
ကိုထွန်းတင် စိတ်မဝင်စား၊ ခရီးသည် အပါအဝင် ကုန်စည်များ များစားစားနှင့် ဆိုက်ကားလာငှား သော ခရီးသည်လောက် လှမောင် အလေးမမူ၊ ဒီမိုကရေစီဆိုသည်ကို ချက်ကြီး ရထားအဝင်အထွက် လောက် နားမလည်၊ သို့သော် လက်ဖက်ရည်တစ်ခွက် အလကား သောက်ရ၍ လာပြီးနားငြီးခံခြင်းသာ ဖြစ်သည်။ ထမင်းတစ် လုတ် ကိုနေ ထွက်မှ နေဝင်အထိ ပျာနေ အောင် ရှာရသူများအဖို့ ဒီမိုကရေစီ လည်းမသိ၊ အကြောက်တရားကင်း စင်ရေးလည်း နားမလည်၊ ပွင့်လင်း မြင်သာမှုဆိုတာအမောက် ကေ လး နှင့်လားဟု မေးယူရမည့်သူများ ဖြစ် ၏။”ဒီမယ် ချက်ကြီး၊ မင်းတို့ ဘာလို့ဆင်းရဲနေသလဲဆိုတာ သိလား””ပိုက်ဆံမချမ်းသာလို့ ဆင်းရဲ တာပေါ့ဗျ၊ ကိုကြိုးကြာကလည်း”
ကိုကြိုးကြာက ‘ဆင်းရဲခြင်း’ ကိစ္စကို နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး နက်နက်ရှိုင်းရှိုင်းပြောချင်၍ ချက်ကြီးကိုမေးလိုက်သော်လည်း ချက်ကြီးက သူညဏ်ရည်မီ သလောက်ပဲ ဖြေလိုက်သည်။
အလွန်ပြောချင် ဟောချင်နေသော ကိုကြိုးကြာ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်သွား၏။ သို့နှင့် ကိုကြိုးကြာက ဆက်၍”တို့နိုင်ငံရဲ့ ဒီမိုကရေစီအရွေ့ မှာ လူ့အခွင့်အရေးတွေ ပီ ပီပြင်ပြင် ရလာပြီး ပွင့်လင်းမြင်သာမှုတွေ တွေ့လာရပြီကွ” ”ဟုတ်တယ်ဗျ၊ ခုခေတ်က ယောက်ျားလေးတွေထက် ကောင် မလေးတွေက ပိုပြီးပွင့်လင်းမြင်သာမှု ရှိလာတ ယ် ကိုကြိုးကြာ၊ ဘောင်းဘီ တိုနဲ့ ပေါင်တံကလေးတွေကို ဖွေးလို့၊ ခင်ဗျားပြောတဲ့ လူ့အခွင့်အရေးအရ ဆိုရင် အဲဒီပေါင်တံလေးတွေကို ကိုက်စားပစ်ချင်တာဗျ ဟီးဟီး ”လက်ဖက်ရည်ဝိုင်းတွင် ဘာသာစကားများ ခါးတောင်းကျိုက် တခြား ဖင်တခြားဖြစ်ကုန်၏။ ဆိုက်ကားလှမောင်ပြောသော လူ့အခွင့်အရေးက ရဲနှင့်တရားရုံး အကြိုက်ဖြစ် ၏။ ရှေ့နေအကြိုက် ဖြစ်၏။ လှမောင်ပြောသော ပွင့်လင်းမြင်သာမှုက ရာဇဝတ်မှုကို လက်ယပ်ခေါ်ခြင်းဖြစ်၏။
ဒါကို မတိမ်းစောင်းအောင် ထိန်းကျောင်း ဖို့ ကိုကြိုးကြာက”မဟုတ်သေးဘူး လှမောင်၊ တကယ်တမ်း လူ့အခွင့်အရေးစစ်စစ် ဆိုတာ … ””ကိုကြိုးကြာ”B-52 ဗုံးကြဲလေ ယာဉ်ပေါ်မှ ကြဲချလိုက်သော ဗုံးတစ်လုံး၏ ပေါက်ကွဲသံထက်မြည်ဟည်းသော မစောရင်၏ အသံက ကိုကြိုးကြာ လိပ်ပြာလွင့်မတတ် ဖြစ်သွားသည်။”ဟာ အလန့်တကြား ပါလား၊ မစောရင်ရယ်””သြ … တော်က တော်ကိုယ် တိုင် အကြောက်တရား မကင်းစင် သေးပဲနဲ့ သူများကို အကြောက် တရား ကင်းစင်ရေးလက်ချာတွေ၊ လူ့အခွင့် အေ ရးတွေ၊ ပွင့်လင်း မြင်သာမှုတွေ ဟောနေတာလား၊ တော့်ဟာတော် သေရွာသွားလို့ နောက်ကြောင်း ပြန်မလှည့်ချင်နေ၊ ကျုပ်အိမ်ကိုတော့ အခု နောက် ကြောင်းပြန်လှည့်ခဲ့၊ ကျုပ်နတ်ပွဲ ထွက်ရမယ်၊ ကားပေါ်ကို ကိုယ်တော် တွေ တင်ရမယ်၊ ပစ္စည်းတွေ တင်ရ မယ် လာလိုက်ခဲ့၊ ဘယ့်နှယ်တော်၊ မိန်းမလုပ်စာ ထိုင်စားနေပြီးတော့ လက်ကြောမ တင်းဘဲ ပါးစပ်ကြော တင်းပြီး ဒီမိုကရေစီတွေ၊ ဟိုမိုကရေစီတွေကြွေးကြော်နေတာ၊ ကိုယ်လည်း နိုင်ငံရေး နကန်းတစ်လုံး မသိဘဲနဲ့၊ ကျုပ်ကြာရင် တော့်ကို စိတ်ကုန် လာ ပြီနော် ဟင်းဟင်း”ဒေါသတရားမကင်းတဲ့ မစောရင်ရဲ့ စကားလုံးတွေကို အကြောက်တရားမကင်းသေးတဲ့ ကိုကြိုးကြာတစ်ယောက် မချေဖျက် နိုင်ပဲ ကုပ်ကုပ်ကုပ်ကုပ်နှင့် မစောရင်နောက်မှ လိုက်ပါသွား တော့သည်။
ကိုကြိုးကြာတို့ရပ်ကွက်ထဲမှ သော်ခင်ဆိုသည့် ကောင်လေးမှာ မြန်မာပြည်လွတ်လပ်ရေးရပြီး နှစ် ၅ဝ အကြာမှ လူ့လောကထဲသို့ ရောက်လာသူဖြစ်သည်။ အလွန်ရှိ ၁၆   နှစ်၊ ၁၇ နှစ်လောက်ပင် ရှိလိမ့် မည်။ သို့သော် သော်ခင်သည် နိုင်ငံရေးအခမ်းအနားမှန်သမျှ ရှေ့ဆုံးမှ တက်ကြစွာ လုပ်ကိုင်နေ သည်။လက်ရှည်လည်ကတုံး အ င်္ကျီ နှင့် ယောပုဆိုးကို ထာဝရဝတ်ဆင် ရင်း စမတ်ကျကျနှင့် နေတတ်ပြီး အခမ်းအနားတိုင်း၏ လက်ချာ ဘောက်(စ်)ရှေ့တွင် သော်ခင်ကို တွေ့ရမည်ဖြစ်၏။ သူ့ကိုယ်သူ ဗမာ ပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေး ခေတ်မှသည် ယနေ့ခေတ်နိုင်ငံရေး နယ်ပယ်ထိ ဖြတ်သန်းလာသလိုလို ဒီဇိုင်းဖြစ်၏။ သူ့အဖေလောက် အရွယ်ကြီးများကလည်း ဘုမသိ၊ ဘမသိနှင့် သော်ခင့်ကို နေရာပေး ကြ၏။ အထင်ကြီးကြ၏။ သော်ခင် ကလည်း ဘာအခမ်းအနား၊ ညာ အခမ်းအနားမှန်သမျှ သူမပါလျှင် မပြီးသည့်ပုံစံ။
မည်သည့်ပါတီ အစည်းအဝေးဖြစ်ဖြစ် သော်ခင် ရောက်၏။ ကိုယ်နှင့်မဆိုင်သည့် အခမ်းအနားတွင်လျှင်ပင် ပရိသတ် ရှေ့ထွက်၍ လတ်လျားလတ်လျား လုပ်ပြတတ်၏။ အ လကားနေရင်း လည်း ဟန်းဖုန်းက နားနှင့်မခွာ၊ ဘေးမှာရှိသောလူက သော်ခင် ဖုန်းပြောနေသည်ကို နားစွင့်ကြည့် လျှင် ”ဟာ အဲဒါခက်တာပဲ ဦးထွဋ် ခေါင်၊ ခင်ဗျားတို့ အ တွက် လုပ်ပေး နေတာတောင် ခင်ဗျားတို့ဘက်က တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိဘူး၊ ဘာလဲ ခင်ဗျားက ခရိုနီနာမည်ခံချင် တာလား ဟင်း”ဦးထွဋ်ခေါင်ဆိုသည်မှာ မြို့ မျက်နှာ ဖုံးတစ်ယောက်၊ ကုမ္ပဏီ ပိုင်ရှင်သူဌေးတစ်ယောက်လည်း ဖြစ်၏။ ထိုလိုပုဂ္ဂိုလ်မျိုးကို သော်ခင် က အထက်စီးမှ ပြောနေသည်ကို လူတွေ အံ့သြနေကြ၏။ တချို့ကလ ည်း သော်ခင့်အသံသာ ကြားနေရ ၍ တကယ်ရော ဦးထွဋ်ခေါင်နှင့် ဖုန်းပြောနေသည်ကို ဟုတ်သလား မဟုတ်သလား သံသယများနှင့် ဖြစ် ၏။
ထို့ပြင် …”ဟဲလို ရှေ့နေချုပ်ကြီးလား၊ ကျွန်တော် သော်ခင်ပါ၊ ပြောထားတဲ့ ရက်ကို ဆန္ဒထုတ်ဖော်ကြဖို့ ရှေ့နေ ချုပ်ကြီးရဲ့ လူတွေ အဆင်သင့်ဖြစ် ပလား၊ ဒါဆိုရင် စုရပ် ကိုလည်း သိပြီးပြီနော်၊ ဟုတ်ပြီ အိုကေ အိုကေ”သော်ခင်၏ ဖုန်းပြောသံကို ကြားရသူတိုင်း တအံ့တသြဖြစ်ကြ သလို ကိုယ့်တူကိုယ့်သားအရွယ် ကောင်လေးကို အထင် ကြီးရတော့ မလို၊ အားကိုးအားထား ဆုပ်ကိုင်ရ တော့မလို ဖြစ်နေကြ၏။ ရပ်ကွက် ထဲ မီးမလာလျှင် သော်ခင့်အား သွားတိုင်၏။ ရေမလာလျှင်လည်း သော်ခင့်အား သွား တိုင်၏။ နောက် ဆုံး လင်မယားကွာရှင်းပြတ်စဲမှုတွေ လည်း သော်ခင့်ဆီသို့သာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ရုံးသည် အပိုသက်သက်ဖြစ်နေတော့၏။ ထိုအထဲ တွင် ကိုကြိုးကြာလည်း သော်ခင့်ကို အတော်အထင်ကြီး၏။ လေးစား၏။ သော်ခင်၏်ူသတ တွေ အောက် ကိုကြိုးကြာ ပိသွား၏။
”ဒီမယ် ကိုကြိုးကြာ၊ ဒီမိုကရေစီရဲ့ အနှစ်သာရကိုသိမှ လူ့အခွင့်အရေးဆိုတာကို နားလည် မှာဗျ။ ဒါကြောင့် အရာရာမှာ ပွင့်လင်းမြင်သာမှုတွေ လိုလာပြီ”အသက်က (၁၆ ) နှစ်၊ (၁၇) နှစ်အပြင် ပိုမရှိသေးဘဲ နို့နံ့တောင်မစင်ချင်သေးတဲ့ သော်ခင့်ပါးစပ်က ထွက်လာတဲ့အလုံးကြီးက ကုလသမ္မဂထက် ပိုကြီးနေသည်။ ကိုကြိုးကြာ ကိုလည်း ” ခင် ဗျားတို့ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာက ပါဝင်သင့် ပြီဗျ။ ပါတီမဝင်ချင်နေ၊နိုင်ငံရေး၊ လူမှုရေးလုပ်တယ်ဆိုတာ ခင်ဗျားလို အားအားယားယားသမားတွေ ပို ကိုက် တယ် ကိုကြိုးကြာ၊ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ လုပ်မလား၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ အစည်းနဲ့ လုပ်မလား၊ လုပ်စရာ တွေ အများကြီးဗျ””အေး လုပ်တော့ လုပ် ချင်သား ကွ၊ ငါက မိန်းမလုပ်စာ ထိုင်စားနေ ရတဲ့ ကောင်ဆိုတော့ နိုင်ငံရေးလုပ် ရင် ဘယ်သူက ထမင်းကျွေးမှာလဲ သော်ခင်ရ’ကိုကြိုးကြာ၏၊
မေးခွန်းကို သော်ခင့်ပုံစံက မနှစ်မျို့သည့်စတိုင် နှင့်”ဟာဗျာ ခင်ဗျားကလည်း ဒီအချိန်မှာ မစားရမှာ၊ မဝတ်ရမှာ ပူရမယ့်အချိန် မဟုတ်ဘူးဗျ၊ အလုပ် လုပ်ဖို့က အဓိက၊ မိသား စုတွေ၊ဇနီးသားမ ယားေ တွထည့်မတွက်နဲ့၊ ဗိုလ်ချုပ်တောင် အဆင်းရဲခံ၊ အငတ်ခံ လုပ်သွားသေးတာပဲ၊ တစ်ချိန်မှာ ပန်းတိုင်ရောက်ရင် ဒီမိုကရေစီရဲ့ အသီးအ ပွင့်တွေကို စားသုံးရမှာပဲဗျ မဟုတ်ဘူးလား”ဘုန်းကြီးရူးနှင့်လှေလူး တွေ့ သည်ဟု ဆိုရမည်မသိ၊ ကိုယ့်သား လောက် ကောင်လေးရဲ့ အပြော အဆိုတွေအောက် ညွတ်ကျသွား သော ကိုကြိုးကြာမှာ နောက်နေ့မှ စ၍ မစားရမှာ မပူပင်၊ မဝတ်ရမှာ မပူပင်၊ မိန်းမငြိုငြင်မှာကို ဂရုမစိုက်၊ လည်ကတုံးအင်္ကျီကလေးဝတ်၍ သော်ခင်နှင့် ဟိုလိုက်သည်လိုက် လုပ်နေသည်မှာ နှစ်ပတ်ခန့်ရှိပြီ ဖြစ်တော့သည်။”မစောရင်””ဘာလဲ ကိုကြိုးကြာ ပြော”မစောရင်၏ ကီးက မာမာ ထန်ထန်ဖြစ်နေသည်။ မာထန်သည် လည်း မပြောနှင့်၊ အိမ်၏ ဗာဟီရ အလုပ်ကို ကူညီမလုပ်ကိုင်သည်မှာ ကြာပြီဖြစ်နေသော ကိုကြိုးကြာကို မစောရင် တင်းနေသည်။
”ဒီမိုကရေစီသာရရင် မင်းတို့ ငါတို့ ချမ်းချမ်းသာသာနဲ့ နေရမှာ ကွ””ဒီမှာ ကိုကြိုးကြာ ကျုပ်ကို ဒီမိုကရေစီတွေ၊ ဟိုမိုကရေစီတွေ လာမပြောနဲ့ ကျုပ်နားမလည် ဘူး၊ လောေ လာဆယ် ကျုပ်ကို ထမင်း နပ်မှန်အောင် ကျွေးထားတဲ့ ကျေးဇူး ရှင်တွေက ဟောဒီ ၃၇ မင်းကိုယ် တော်တွေပဲ၊ ဒီအလု ပ်နဲ့ တော့်ကို ကျွေးမွေးလာ တာ၊ တော့် အသ က် တောင်သေခါနီးနေပြီ၊ အခုတလော တော့်အိမ်အလုပ် ဘာမှမလုပ်ဘဲ နိုင်ငံရေးသမားယောင်ယောင် လုပ်နေတာ ကြာပြီ၊ ကျုပ် တော့်ကို ကြည့်မရတော့ ဘူး”မစော ရင် ပြောမည်ဆိုလည်း ပြောစရာပင်၊ ဘာမျှနိုင်ငံရေး ခံယူချက်မရှိ၊ နိုင်ငံရေးလည်းမသိဘဲ၊ အတွေ့အကြုံဖြတ်သန်းမှုမရှိဘဲ ကိုယ့်သားအ ရွယ် သော်ခင့်စ ကား တွေ ပိ ပြီး နောက် တကောက် ကောက် လိုက်နေခြင်းဖြစ်သည်။ ယခင်နှစ်ပတ်လောက်က ဆန္ဒထုတ် ဖော်သူတွေကြား ဘုမသိ၊ ဘမသိ ဝင်ပြီး လက်သီးလက်မောင်းတန်း မိ၍ ၁၈ (စ) နှင့် ညားကာ အချုပ် ထဲ တစ်ပတ်လောက် အိပ်ခဲ့ရ၏။ အချုပ်ထဲ ရောက်ခဲ့သည်ကိုပင် သာယာဝတီထောင်ထဲရောက်ခဲ့ သော ဝါရင့်နိုင်ငံရေးသမားကြီး ဒီဇိုင်း ဖမ်းေ န၏။
”ဒီမယ် မစောရင်၊ နိုင်ငံရေး ဆိုတာ ပြည်သူတစ်ရပ်လုံးတင် မကဘဲ သူတောင်းစားအထိ သက် ဆိုင်တယ်ကွ၊ ကိုယ့်မိသားစု ကွက် ကွက်ကလေးကို ကြည့်နေလို့ မရ ဘူး ။ နိုင်ငံအတွက် ကြည့်ရမယ် ကွ၊ (၈၈) အရေးအခင်းလို အိပ်မက် ဆိုးကြီးဆီ နောက်ကြောင်းပြန် မလှည့်ဘူး မစောရင်၊ လူ့အခွင့် အရေးတွေ ပွင့်လင်းမြင် သာလာ တဲ့ခေ တ်မှာ မင်းတို့ငါတို့လည်း ပါဝင် ရမယ်ကွ၊ မောလိုက်တာကွ၊ ညစာ ဘာဟင်းချက်ထားလဲ မစောရင်”ကိုကြိုးကြာ၏ နိုင်ငံရေး စကားလုံးတွေကို နတ်ပွဲတစ်ပွဲ လောက် စိတ်မဝင်စားသည့် မစော ရင်က ”ဘာမှ ချက်မထားဘူး၊ တော့် အစာအိမ်ထဲမှာ နိုင်ငံရေးကိစ္စတွေနဲ့ ဝလင်နေမှတော့ အိမ်မှာထမင်းစား ဖို့ နော က်ကြောင်း ပြန်လှည့် မ လာနဲ့၊ ဆာရင် ရေသောက် ဗိုက်မှောက်နေ လိုက်၊ ဗိုလ်ချုပ်တောင် လွတ်လပ်ရေး ရဖို့ အငတ်ခံလုပ်လာသေးတာပဲ၊ တော့်ဟာက လွတ်လပ်ရေးလောက် မကြီး ကျယ်သေး ပါဘူး ကိုကြိုးကြာ ရယ်၊ ဟင်းဟင်းဟင်း”အခုမှ ကိုယ့်ရှူးကိုယ်ပတ် ဖြစ် ကုန်၏။ ကိုယ်ပက်လိုက်သည့်ရေ ကိုယ့်မျက်နှာ ပြန်စဉ်ခြင်းဖြစ်၏။ ကိုယ့် စကားလုံးတွေ ကိုယ့်ပြန် စိုက် ဝင်ကုန်၏။ သေချာသည်ကတော့ ယနေ့ည ထမင်းငတ်ပြီဖြစ်၏။
ကိုကြိုးကြာ မစောရင်ကို ဒေါသလည်း ဖြစ်သွား၏။ ထိုင်နေ ရာမှ ရုတ်တရက်ကြီး ‘ဝုန်း’ ခနဲ မတ်တတ်ထရပ်ပြီး”အေး ကြိုက်တယ် မစောရင်၊ ငါကလည်း ရပ်ကွက်ထဲမှာ ‘ပွင့် လင်းမြင်သာ ကိုကြိုးကြာ’ ဆိုတဲ့ နာမည်တစ်လုံးနဲ့ နေတာ၊ ထမင်း တစ်နပ်မစားရတာကို ဂရုမစိုက်ဘူး မစောရင်၊ တစ်နေ့ ကြိုးကြာဆိုတဲ့ ကောင် ဘာကောင် လဲဆို တာ မင်း မြင်သာလာရမယ်ကွ”မစောရင်က ကိုကြိုးကြာ၏ ပေါက်ကွဲသံစဉ်ကို ဥပေက္ခာပြုရင်း အတွင်းခန်းထဲသို့ လှည့်ဝင်သွား သည်၊ စိတ်တိုနေသော ကိုကြိုးကြာ က တဂွီဂွီ၊ တဂွမ်ဂွမ်မြည်နေသော အစာအိမ်ထဲသို့ သောက်ရေအိုးမှ ရေခပ်ကာ အကြိမ်ကြိမ်သောက်ပစ် လိုက်သည်။ ထို့နောက် ဆက်တီ စားပွဲပေါ်မှ သော်ခင်ပေးထားသော ဂျာနယ်တစ်ထပ်ကြီးကို တစ်စောင် ပြီးတစ်စောင် ဆက်ဖတ်နေမိသည်။ ဂျာနယ်ဖတ်ရင်းဖြင့် ဆာလောင် မွတ်သိပ်ခြင်း အာရုံကို လမ်းလွှဲနေ ခြင်းဖြစ်သည်။
ရပ်ကွက်မီးကင်းတဲ မှ သံချောင်းခေါက်သံ ၉ ချက်တိတိ ခေါက်သံကိုပင် ကိုကြိုးကြာမကြား တော့၊ ဂျာနယ်ထဲမှ နိုင်ငံရေး ဆောင်းပါးများ၊ ဆန္ဒထုတ်ဖော်မှု များ၊ ၂ဝဝ၈ အြေ ခခံဥပဒေကို ပြင်ဆင်ခြင်း၊ မပြင်ဆင်ခြင်းကိစ္စ များ၊ သန်းခေါင်စာရင်းကိစ္စများကို စိတ်ဝင်တစား ဖတ်နေသော ကိုကြိုးကြာတစ်ယောက် ည ၁ဝ နာရီကျော်သွားသည်ကိုပင် သတိ မထားမိတော့။ ထိုစဉ် လူရိပ်တစ်ခု သူ့အနားမှ ဖြတ်သွားရင်း”အစ်ကိုကြီး ပြန်ပါဦးမယ် ခင်ဗျ””သြော် အေးအေး”ဂျာနယ်ဖတ်နေရာမှ ကိုကြိုး ကြာ ဖြေလိုက် သည် ။ နောက်မှ မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားပြီး သူ့ကို နှုတ်ဆက်သွားသူကို ထကြည့် တော့ အရိပ်ပင် မမြင်လိုက်ရချေ။ ကိုကြိုးကြာ ရုတ်တရက် စဉ်းစား လိုက် သည်။”ဒီအိ မ်မှာ ငါနဲ့မစောရင် လင်ကိုယ်မယားနှစ်ယောက်တည်း နေတာပါ၊ လူပိုလည်း မရှိဘူး၊ ခုလို အချိန်မတော်ကြီးကျမှ အိမ်ပေါ်က ဆင်းသွားတာ သူခိုးသူဝှက် များ လား ၊ နောက်ပြီး မခန့်လေးစားနဲ့ ငါ့ကို တောင် နှုတ်ဆက်သွားသေးတယ်၊ ဒီကောင် ဘာလဲဟ”ထိုသို့စဉ်းစားလိုက်ပြီးမှ မစောရင်ရှိရာ အခန်းဘက်သို့ လှည့်ပြီး”ဟေ့ မစောရင်၊ မစောရင် အိပ်ပြီလားဟ၊ မြန်မြန်လာစမ်းပါဦး ဟ”မစောရင် အိပ်ခန်းထဲမှ ထွက် လာပြီး ကပိုကရိုဖြစ်နေသော ဆံပင် များကို ပြန်ထုံးလိုက်ရင်း”ဘာလဲ ပြော”အရာရှိက ရုံးခ န်းထဲ ဝင်လာ သော အထွေထွေလုပ်သားကို မေး လိုက်သော လေသံဖြင့် မစောရင်က မေးလိုက်သည်။
”ခုနက အိမ်ပေါ်က လူ တစ်ယောက်ဆင်းသွားတာ မင်း မသိ လိုက် ဘူးလား””သိသားပဲ”မစောရင်က ဘာမျှမဖြစ်သလို လေသံဖြင့် ပြောသောကြောင့် ကိုကြိုးကြာ အေ တာ် ဒေါသဖြစ်သွား ပြီး”ဘာကွ သိရင် သူခိုးလား၊ ဓားပြလား၊ ထ မကြည့်တော့ဘူးလား ကွ၊ နောက်ပြီး ညကြီးအချိန်မတော် လာသွားတာ မင့်အမျိုးလည်း ဟုတ် မယ် မထင်ဘူး၊ အတော်သောက်သုံး မကျတဲ့ မိန်းမပဲ ဟင်း”ကိုကြိုးကြာ၏ ဒေါသစကား တွေကြားတွင် မစောရင်က ရင်ကော့ ခါးထောက်လိုက်ပြီး”ဒီမှာ ကိုကြိုးကြာ ၊ တော် က တော့်ကိုယ်တော် ပွင့်လင်းမြင်သာ ကိုကြိုးကြာဆိုတော့ ကျုပ်က မြင်သာရုံလောက်တော့ မကြိုက်ဘူး၊ စောရင်က တည့်(ဒဲ့) ပဲ၊ ပေါ်တင်ပဲ၊ မှတ်ထား ပွင့်လင်းပေါ်တင် မစောရင်တဲ့၊ ဟင်းဟင်း၊ ခုနက တော့်ဘေးက ဖြတ်သွားတာ သူခိုး လည်း မဟုတ်ဘူး၊ အမျိုးလည်း မဟုတ်ဘူး၊ အဲဒါ ပွင့်လင်းပေါ်တင် မစောရင်ရဲ့ ကိုယ်ပိုင်ဒီမိုကရေစီ၊ ကိုယ်ပိုင်လူ့အခွင့်အရေး၊ ကိုယ်ပိုင် လွတ်လပ်ခွင့်၊ အဲဒါ ကျုပ် လင်ငယ် တော်ရေ့၊ မသိရင် မှတ်ထား လိုက်””ဟိုက်”ကိုကြိုးကြာ၏ ပါးစပ်မှ ‘ဟိုက်’ ဟူသော အာမေဍိတ် တစ်ခု နေဝင် မိုးချုပ်ပြီးနောက်၊ နောက်တစ်နေ့မှ စ၍ ကိုကြိုးကြာ အိမ်ထဲမှ အိမ်ပြင် သို့ လုံးဝမထွက်တော့ချေ။ သူ့နှုတ်ဖျားမှ အလိုလို ဆွံ့အသွား သောဘာသာစကား များမှာ နိုင်ငံ ရေးစကားများပင် ဖြစ်တော့ သတည်း။
မောင်သစ်လှိုင်း
မေရီမြင့်နဲ့ ခပ်ဆင်ဆင်
$
0
0
ထိုညနေ က ရှင်သေမင်းသည် ကျွန်တော့် အိမ်တံခါးကို ဖနောင့် ကြမ်းဖြင့် ဒုတိယ အချီပေါက်၍ ခံပြင်းစွာ လှည့်ထွက် သွားလေ သတည်း။
လွန်ခဲ့သော သုံးပတ်ကျော်က တစ်ချီ ဝင်လာခဲ့သေးသည်။ ‘အေး’ သည် အလွန် ဖျားနာခဲသော ဇနီး ဖြစ်၍ ရုတ်တရက် သူမခံမရပ်နိုင် အောင် ဗိုက်အောင့်ချိန် မှာ၊ ကျွန်တော် ဘာမှ မလုပ်တတ်။ ဝမ်းပျော့ ဆေးစားထားပြီး ဝမ်းမသွားနိုင်လို့ ဗိုက်အောင့်တာ သက်သက် ဟု ခပ်ပေါ့ပေါ့ပင် ကျွန်တော် တွေးပြီး သူ့ ဗိုက်လေးပွတ် ကာ ချော့ သိပ်ခဲ့သည်။ ညတစ်နာရီခွဲ မှာတော့ သူချွေးစေး များပြန်ကာ လူးလွန့် လာပါတော့ သည်။ ဝမ်းထ သွားပြီး ပြန်အိပ်တော့ ပိုပို ဆိုးလာပါရော။
စောင်း အိပ်တော့လည်း မသက်သာ၊ ပက်လက် လှန်လျှင် အသက်ပင် ရှူ၍မဝ၊ တတိယ အချီ နောက်ဖေးခန်း သွားဖို့ ကျွန်တော် လိုက်အပို့ မှာ ကျွန်တော့်လက်ထဲ ‘မြော့ခနဲ’ ပျော့ခွေ၍ သတိလစ်သွား သည်။ နှုတ်ခမ်းများ ဖြူဆွတ်၍ ခြေ နှစ်ချောင်း အကြောဆန့်ကာ လှုပ်ခါ နေတော့သည်။ ထပ်ခိုးမှ ကျွန်တော့် ညီဝမ်းကွဲ လင်မယား ကို ဟစ်ခေါ် တော့ သူတို့ပြေးဆင်း လာပြီး နှိပ်ကြ ပြုကြဖြင့် သုံးမိနစ် အကြာမှာ သတိ ပြန် ရလာသည်။ သို့သော် ဗိုက်က တိုး၍ နာလာသည်ဟုဆို၏။
ကျွန်တော် သူ့ကို ခဏထားခဲ့ပြီး သူငယ်ချင်း ကိုအောင်ထံသို့ ပြေးကာ ကားခေါ်ခဲ့ပြီး၊ သူ့ကို ပွေ့ကာ ရွှေ ဘုံသာလမ်း မှ အထူးကု ဆေးခန်း သို့ပြေးရတော့သည်။ ထိုအခါ မှာ တော့ အတော် သက်သာနေပါပြီ။ ပထမတော့ ဆေးရုံကြီး သွားဖို့ စဉ်းစားကြသည်။ သူကိုယ်တိုင် က သက်သာပါသည် ဆိုတော့ ရွှေဘုံ သာလမ်းမှ အထူး ကုဆေးခန်း သို့ သာ ဦးတည် လိုက်သည်။ ဆေးခန်း ရောက်တော့ ဆရာဝန်မက စိုးရိမ် စရာ မရှိကြောင်း၊ အစားမှားပြီး ဝမ်းပျက် တာဖြစ်ကြောင်း၊ ဒရစ်ပ် တစ်လုံး ချိတ်ပေး ပြီး စားဆေး သုံးရက်စာပေးလိုက် သည်။
 နောက် တစ်နေ့ မနက်မှာ ဗိုက် ပြန်အောင့်လာသဖြင့် ရပ်ကွက် ထဲ မှ ဆရာမကိုပင့်၍ ဆေးထိုး ရပြန် သည်။ ဆေးထိုးရင်း သတိလစ်သလို ဖြစ်သွားပြန်တော့ ကျွန်တော် မသင်္ကာတော့ပြီ။ ‘အေး’သည် ဆေးထိုး ရမှာ ကြောက်သူ မဟုတ်။ တော်ရုံတန်ရုံ ဖျားနာတာကို ဥပေက္ခာ ပြုနိုင်သူ။ ကရင်သွေး ပါသူ ဖြစ် သည်။ သူ့ကိုကြည့် ရသည်မှာ ဘယ် နည်းနဲ့မှ သာမန်ဖျားနာတာ ဟု ကျွန် တော် မဆုံးဖြတ်ဝံ့တော့။ ညနေဖက် မှာ အမျိုးသမီး အထူးကု ဆရာသမား တစ်ဦးနှင့် သွားပြ၍ ရောဂါဖြစ်စဉ် ကိုပြောပြ သည်။ ဆရာမက အက် ထရာဆောင်း ရိုက်ခိုင်းသည်။ နောက်နေ့မှာ အဖြေကို သွားပြတော့ အလုံး တစ်ခုတွေ့ရကြောင်း သိရပြီ။ စားဆေးလေး ရက်စာပေးပြီး အခြေ အနေ ကို စောင့်ကြည့်ကြမည်။
သို့သော် ဆယ်ရက်ကျော် မှ နောက်တစ်ခါ သွားပြန်ပြ ဖြစ်သည်။ ဗိုက်ကအောင့် လာပြန်၍ ဆီးမကြာ ခဏ သွားနေကြောင်း ပြောပြတော့၊ နောက်ထပ် အက် ထ ရာဆောင်း ရိုက် ခိုင်းသည်။ အဖြေမှာပို၍ပင် ဆိုးပါသည်။ နေရာလွဲမှား သန္ဓေ သားဟု ဆိုလေပြီ။ ပါမောက္ခနှင့် ပြ ပါ ဟုညွှန်ကြား လာပါတော့သည်။
ပါမောက္ခနှင့် ပြတော့ အရေးပေါ် ခွဲစိတ်ရုံ မှတစ်ပါး တခြားရွေး စရာလမ်း မရှိကြောင်း ပြောပြသည်။ သွေးအိတ် သည် ဆီးအိမ် အပေါ်တွင် ပြည့်တင်း ကာ အချိန် မရွေးပေါက် ထွက်နိုင်၍ အသက် ထိခိုက်နိုင် ကြောင်း သိရပြီ။ ပထမဖြစ်ချိန်က ပင် အသက် ဆုံးမည်ဆိုလျှင် ဆုံးနိုင် ကြောင်း၊ မင်းသမီး မေရီမြင့်မှာ ထို ဖြစ်ရပ် မျိုးဖြင့် အသက် ဆုံးခဲ့ရ ကြောင်းပြောပြသည်။ ယခု ဒုတိယ အကြိမ်တွင် အမြန်ဆုံး ခွဲစိတ်ကုသပါ မှ အသက်အန္တရာယ် ကင်းမည်ဖြစ် ကြောင်း၊ ကံကောင်း ထောက်မ၍ ယခုထိ မပေါက်ကွဲဘဲ ရှိနေခြင်းဖြစ် ကြောင်း.. .စသည်ဖြင့် ကိုသေမင်း ၏ ဖနောင့်ချက် ပြင်းပြင်းကို ခံယူ လိုက်ရသည်။
ထို့နောက်ပိုင်း ကာလများတွင် ကျွန်တော့်နား၌ မေရီမြင့် ဟူသော ခေတ်ဟောင်း မင်းသမီးကြီး၏ နာမည်ကို ဆက်ကာ ဆက်ကာကြား နေရတော့ သည်။ လူနာ လာမေးကြ သူတွေထဲ မှာလည်း ‘မင်းသမီး မေရီမြင့် လိုပေါ့’ ဟူသော စကားကို ပြောသူရှိသလို၊ ‘အေး’နှုတ်ဖျားက လည်း ထပ်ခါ ထပ်ခါဆို စကားပင် ပြောနေတော့ သည်။
 ငွေနှစ်သိန်းခွဲ နီးပါးဖြင့် အသက်လု ခဲ့ရသော ကျွန်တော့် မေရီမြင့်မှာ ဆေးခန်းမှ ဆင်းလာပြီး သက်သာစွာ ခံစားခွင့် ရနေတော့ သည်။ ဈေးသို့ ကျွန်တော်ပြေးရ သည်။ ကိုယ့် အဝတ် ကိုယ်လျှော်ရ သည်။ သမီးကို ထိန်းရသည်။ ချက် ရပြုတ် ရသည်။ အချိန် မှန်မှန် အိမ် ပြန်ကပ်ရသည်။ ငါးနှစ်နီးပါး သူပြုစု ယုယခဲ့သမျှ ဒိုင်ခံ လုပ်ခဲ့သမျှ အိမ်မှု ကိစ္စများ တတ်သလောက်မှတ် သလောက် လုပ်ရပါတော့သည်။
ကြာတော့၊ ကျွန်တော့် နားထဲမှာ ‘မေရီမြင့်’ ဆိုသော စကား သုံးနှုန်း၍ ဧည့်သည်များကို သူရှင်းပြလေ တိုင်း၊ ပါးစပ်ကို မဲ့ရွဲ့လိုက်ဖြစ်သည်။ ‘ဟွန်း..မေရီအေး’ လို့ ပြောင်းခေါ် ရတော့မယ် ဟု စိတ် အချဉ်ပေါက် လာသည်။ သို့သော် သူ ဝမ်းဗိုက် ကလေးကို လက်ဖြင့် ဖိ၍ မှောက်လျက် အနေအထား ရဖို့ဖြည်းညင်း စွာ စောင်း အိပ် ရန် ပြင်နေသည်ကို မြင်လျှင် ဖြစ်စေ၊ ညနေခင်းလမ်း လျှောက်သည့် အခါ သူ့ဗိုက်လေးကို လက်ဖြင့် ထိန်း၍ လျှောက်နေသည် ကို မြင်ရသည့် အခါဖြစ်စေ၊ ကျွန်တော့် အား လက်အုပ်လေး ချီ၍ ‘ဖေကြီး… ကန်တော့ပါတယ်’ ဟု ဦးချဟန်လေး ပြုလာလျှင် ဖြစ်စေ၊ ကျွန်တော် မောသမျှ ပြေ၍ စိတ်မှာ လည်း လန်းဆန်း ကာ စာနာသနား မိ ပြန်သည်။
ဝန်ခံရလျှင် ကျွန်တော်သည် ပင်ကိုအားဖြင့် သံယောဇဉ် ခေါင်းပါးသူ ဖြစ်သည်။ အလုပ် ကိစ္စများ ပြားသူမို့ ဤသို့ဖြစ်ရခြင်း ဟု ကိုယ့် ကိုယ်ကိုယ် ကာကွယ်တွေးထား သူ ဖြစ်သည်။ ပျော့ညံ့သောစိတ်၊ မခိုင် ခံ့သောစိတ်၊ ဝမ်းနည်းကြေကွဲ စိတ် တို့ကို ဆုံးမနှိပ်ကွပ် ထားသူဟု ထင် တစ်လုံးဖြင့် နေလာသူဖြစ်သည်။
‘အေး’နှင့် လက်တွဲခဲ့ကြသော ကာလ အတွင်း ဟိုးအစမှာ ကျွန်တော် သူ့ကို လက်ထပ်ခွင့် တောင်းခဲ့စဉ်က ပြောခဲ့သည့် အတိုင်း အများ အတွက် ဦးစားပေးမယ်။ ပါရ မီဖြည့်နိုင်ရင် လက်တွဲပါဟု ဆိုခဲ့သလိုပင် ကျွန် တော့်မှာ လူမှုရေးဝေယျာဝစ္စ များလှ ပါသည်။
ထို့ကြောင့် သူရုတ်တရက် သေမင်းနှင့် စစ်ခင်းရသောအခါ ကျွန်တော် သူ့အတွက် အဆင်သင့် ဖြစ်မနေ။ ဖြစ်ရပ်ကြီးက ကျွန်တော့် အတွက် စိမ်းကား ကြမ်းရှလှသည်။ သို့သော် တစ်ထောင့်ငါးရာ ဟူသော ချစ်မေတ္တာသည် ကျွန်တော့်ကို သင်ကြားခဲ့လေပြီ။ သူ့ကို ဆုံးရှုံးရ မှာ ဘယ်လောက် ကြောက်သည် ကို သေမင်း ဖနောင့်သံကြောင့် ကျွန် တော် သိခဲ့ရပြီ။ တုန်လှုပ် မျက် ရည်ဝဲ ခဲ့ရသည်။ ပစ်စလက်ခတ် မဖြစ်စေဖို့ ဘုရားမှာ ဝပ်တွားဆု တောင်းမိ သည်။ ထို့အတူ အိမ်ထောင်စု တစ်စု အတွင်း ဇနီး မယား၏ ထိန်း ချုပ် လည်ပတ်မှုကို ပက်ပင်း တွေ့ရ တော့သည်။ မနက် မိုးလင်းလျှင် သွားပွတ်တံ သုံးချောင်းမှာ သွား တိုက်ဆေးဖြည့် ထားသည်က အစ ဈေးကိစ္စ အပါအဝင် ချက်ပြုတ်ရေး၊ လျှော်ဖွပ်ရေး၊ သန့်ရှင်းရေး၊ သိမ်း ဆည်းရေး၊ ငွေသုံးစွဲရေး၊ အိမ်နီး ချင်း ဆက်ဆံရေး စသည့် ကျွန် တော် မြင်လျက် မသိခဲ့သော နေ့စဉ် လည် ပတ်မှု လုပ်ငန်းကြီး၏ ကြီးမား လေး နက်မှုကို သိရလေလေ၊ သူ့ကို ပို၍ စာနာ သနားမိလေ ဖြစ်ရတော့သည်။ ဆရာ ဦးအောင်သင်း ရေးသော ဆောင်းပါး တချို့ကြောင့် လည်း ဇနီးမယားတို့၏ တာဝန်ကို ကိုယ် ချင်း စာမိလာသည်။
ကျွန်တော့် အဖို့ မီးပူတိုက်ပြီး သား အဝတ်အစားကို ယူဝတ်၍ ဘယ်အချိန် ပြန်လာမယ်ဟေ့ဟု ပြောကာ ထွက်ခဲ့သောနှစ် ကာလများ တွင်သူသည် ကျွန်တော့် ထက်ကြီး မားသော လုပ်ငန်းကြီးများ ထဲမှာ လှုပ်ရှားနေခဲ့ပါပကော။ သမီး တာဝန်လည်း မသေးလှ။ ကျောင်း မနေသေးသည့် အရွယ်မို့ ပို၍ တာဝန် များသည်။ တယ် တာဝန်ကြီး လှသော ကျေးဇူးရှင် ဇနီးဖြစ်နေ ပါရောလား။
‘သက်သာပြီလား’ဟု အန်တီ ခင်က ကျွန်တော့်ကို မေးခွန်းထုတ် သည်။ တစ်ဆက်တည်းမှာပင်
‘ဘယ်လိုစဖြစ်တာလဲ’ဟု ထပ်ဆင့် မေးလာ၏။
‘ကျွန်တော်လည်း ဖြစ်စက သူဘာဖြစ်မှန်း မသိဘူး အထူးကုနဲ့ ပြ ကြည့်တော့…ဟို၊ အန်တီခင် ကြားဖူးမှာပါ…မင်းသမီး မေရီမြင့် ဖြစ်သလိုဖြစ်တာတဲ့ ဟုတ်ကဲ့.. အခုတော့ အနားယူနေရတယ်’
‘ကွယ်ဖြစ်မှ ဖြစ်ရလေ အန်တီ က သူ့ကို ဒီလကစပြီး လက်တွေ့ လှုပ်ရှားမှု ထဲခေါ်တော့ မလို့။ အေး လေ…ဘာတတ်နိုင်မှာလဲ…’
‘ဟုတ်ကဲ့၊ ခြောက်လလောက် တော့ နားနားနေနေနေရမယ်လို့ ဆရာဝန်ကမှာထားတယ်’
‘အေးကွယ်၊ နားမှဖြစ်မှာပေါ့’
တော်သေးတယ်ဗျို့။
အန်တီခင် ဆိုတာ ကျွန်တော် တို့မိသားစုနဲ့ မိဘနဲ့ သားသမီးလို နေကြသူတွေ။ သူက’အေး’ ကို ရပ်ကွက် အဖွဲ့အစည်း တစ်ခုနှင့် ဝတ် အဖွဲ့ထဲ ဝင်ခိုင်းထားလို့ ကျွန်တော့် မှာ အကျပ်ကြီး ရိုက်နေရတာ ကြာပေါ့။ ‘အေး’ ကလည်း ဝင်ချင်  တယ်။ ကျွန်တော် သူ့ကို ဘယ်သွား သွားလူရာ မသွင်းဘူး ဆိုတဲ့ အစွဲနဲ့ ‘ကြည့်နေ..ဝင်ပြလိုက်မယ်’ လို့ ကြိမ်း ထားပါရောလား။ သူ့သူငယ် ချင်းတွေလည်း တော်တော်များ ပါ ဝင် လှုပ်ရှားနေကြပြီ။ အိမ်ကိုတော့ ကျွန်တော် မရှိတဲ့ အချိန်မှ လာလည် ကြတယ်။ ကျွန်တော် ရှိရင် မျက် ထောင့်နီကြီး နဲ့ လှမ်းလှမ်းကြည့် လို့ဆိုပြီး မလာကြဘူး။ ကျွန်တော့်မှာ ‘အေး’သာ ပါဝင်သွားရင် အိမ်မှု ကိစ္စ တွေ ကျွန်တော့် အပေါ် ပိကျလာမှာ မြင်နေတယ်။ သူက လက်မထောင် တော့မှာ မဟုတ်လား။ ဒါကြောင့် မဝင်ဖြစ်အောင် နည်းအမျိုးမျိုး နဲ့ တားနေရပါတယ်။ အန်တီခင် သိ အောင် စကားတောင် သိပ်မများရဲ တာ ကြာ ကြာ လှပါပြီ။
အခုတော့ မေရီမြင့်က ကျွန်တော့်ကို ကယ်လိုက်ပါပြီလေ။ စောစောက အန်တီခင်ကို ပြောပြ သလိုပဲ သူ့ကို လာခေါ်တဲ့ သူ့ သူငယ်ချင်းတွေ ကိုတွေ့ရင် မအေးဖြစ် တာ မေရီမြင့် လိုဖြစ်တာနော်။ လျှောက် သွားလို့ မရဘူး နင်တို့ သိရဲ့လားလို့ ခပ်ကျယ်ကျယ် လေး ပြောလို့ ရပါပြီ။ အနည်းဆုံး ခြောက်လလောက်တော့ လက်ကိုင် စွဲသုံး လို့ရတဲ့ စကားပေါ့ ဗျာ၊ တကယ် မှာလည်း သူ့အဖြစ် က မေရီမြင့်နဲ့ ခပ်ဆင်ဆင် မဟုတ် လား။
မာန်(တောင်လုံးပြန်)
အပြောကျယ်တဲ့ မိတ်ကပ်ကမ္ဘာဝယ်
$
0
0
အပြောကျယ်တဲ့ မိတ်ကပ်ကမ္ဘာလို့ ပြောရတာက ဒီလိုပါ။ အချို့က မိတ်ကပ် (Make up)  အချို့က Cosmetics လို့ခေါ်ကြတဲ့ အလှပြင် ပစ္စည်းလေးတွေကို လူတွေအသုံးပြု လာ ကြတာ အနည်းဆုံးနှစ်ပေါင်းခြောက်ထောင် ကျော်ရှိနေ လို့ပဲ ဖြစ်ပါတယ်။ အချို့ပညာရှင်တွေ က မျက်နှာ မှာ ခြယ်သတဲ့ မိတ်ကပ်ပညာမဟုတ်သေးဘဲ ခန္ဓာကိုယ်မှာ body Art  သဖွယ်ပြင်ဆင်တဲ့ ပြုပြင် မှုကို ပြုလုပ်တာက ကျောက်ခေတ်အလယ် လောက်ကတည်းကလို့ ပြောကြတဲ့အတွက် တွက်ကြည့်မယ်ဆို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ် သိန်း လောက်ကတည်းက အသုံးပြုလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလောက်နှစ်တွေများစွာ ကြာမြင့်တဲ့ ကာလတွေကနေ အခုလက်ရှိအထိဆိုတော့ တကယ်ကို အပြောကျယ် တဲ့ ကမ္ဘာတစ်ခုဖြစ်သွား ရတဲ့ မိတ်ကပ်(Make up) ကို သမိုင်းပညာရှင် တွေက ဒီလိုကာလသတ်မှတ်ပြီး ဖော်ပြပေးထား ပါတယ်။
ရှေးကျတဲ့ အီဂျစ်များ
ရှေးဟောင်းသုတေသနပညာရပ်ကနေ သက်သေပြနေတာက မိတ်ကပ်ရဲ့အစဟာ အီဂျစ်နဲ့ ဂရိလူမျိုးတွေပဲ ဖြစ်ပါတယ်။ အီဂျစ်လို့ ပြောလိုက်ရင် အလှဘုရင်မ ကလီ ယို ပတ်ထရာ ရဲ့ အလှပြင်နည်းတွေကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ကလီယိုပတ်ထရာတို့ခေတ်မတိုင် မီ ခရစ်မပေါ်မီနှစ်ပေါင်း ၄ဝဝဝ (4,000 BC) ကျော်ကတည်းက မိတ်ကပ်ကို အီဂျစ်တွေက အသုံးပြုလာကြတာပဲ ဖြစ်ပါတယ်။ ရှေးဦးအီဂျစ် တွေရဲ့ ထင်ရှားတဲ့ မိတ်ကပ်ပညာကတော့ မျက်ခုံးနဲ့ မျက်လုံးကို သိုးကရတဲ့ အဆီနဲ့ ခဲကို အမှုန့် ပြုထားတဲ့ ကာခြယ်အသုံးပြုပြီး ခြယ်သကြ တာပဲ ဖြစ်ပါတယ်။ ဒါအပြင်နွားနို့နဲ့ ရေချိုးတဲ့ ကလီယိုပတ်ထရာရဲ့ နည်းဟာ အသစ်အဆန်း တစ်ခု မဟုတ်ပါ ဘူး။ ရှေးဦး အီ ဂျစ် တွေဟာ ရေချိုးရင်အသားအရေ နူးညံ့မှုရှိအောင် နွားနို့နဲ့ ပျားရည်ကို ထည့်ပြီး ချိုးကြပါသေးတယ်။
 ရောမနဲ့ ဂရိများ
အေဒီ (၁ဝဝ) နားရောက်လာတဲ့အခါမှာ တော့ ရောမတွေဟာ ဝိုင်အရက်ကိုပါးနီအဖြစ် အသုံးပြုပြီး ညိုမှောင်တဲ့ သူတို့အသားအရေကို ဖြူဖို့အတွက် မြေဖြူမှုန့်နဲ့ပွတ် လိမ်း ကြပါတယ်။ ဝက်ခြံကုထုံးအဖြစ် မုယောစပါးနဲ့ ထောပတ်ကို ရောပြီး တီထွင်အသုံးပြုတတ်နေပါပြီ။ ဒါအပြင် ရောမတွေဟာ ဆံပင်ကိုလည်း အရောင်ဆိုးလာ ကြပါပြီ။ သူ တို့ရဲ့ ဆံပင်ဆိုးဆေးဟာ ရေမှာ ပျော် ဝင်တဲ့ပိုတက်စီယမ်ကာဘို နိတ်တစ်နည်း ပိုတက်ရှ်ကို အခြေခံကာ ဖော်စပ်တာဖြစ်တာ ကြောင့် အများစုဟာ ဆံပင်တွေ ကျွတ် ကုန် ကြပြီး ဒီလိုလူတွေကို ဆံပင်တုတွေတပ်ထားကြဖို့ အများ က ဖိအားပေးကြပါတယ်။ ဂရိတွေကတော့ သူတို့ ပါးနဲ့နှုတ်ခမ်းကို ဘယ်ရီသီးမှရတဲ့ တောက်ပတဲ့ အနီရည်ကို ဆိုးကြပြီး မျက်တောင်တွေကိုတော့ အမည်းရောင် အမွှေးတိုင်လိုအရာနဲ့ ပွတ်ပြီးမည်း အောင် ပြင်လာခဲ့ကြပါတယ်။
အလယ်ခေတ်များ
အလယ်ခေတ်တွေမှာ ကတော့ အသားရောင် ဟာညိုဆဲဖြစ်တာကြောင့် အသားဖြူဖို့ကသာ အဓိက ပြင်ဆင်မှုဖြစ်ခဲ့ပါတယ်။ အမျိုးသမီးတွေ ဟာ ဖြူဖျော့တဲ့ အသွင်ရဖို့ ဆေးခြယ်လာကြသလို နောက်ဆုံးဖြူဖျော့တဲ့အသွင်ဖြစ်ဖို့ ခန္ဓာကိုယ်ထဲ က သွေးတောင်ဖောက်ထုတ်ကြပါတယ်။ တက်တူး ထိုးတာ၊ ခြယ်သတာတွေ အဲဒီခေတ်မှာ အ လွန် ခေတ်စားပြီး အရောင်ပါတဲ့ မျက်လုံးခြယ်သ မှုအတွက် အပြာ၊ အစိမ်း၊ မီးခိုးနဲ့ အညိုရောင်တွေ ထွက်ပေါ်လာပါပြီ။
၁၅ ရာစုမှ ၁၆ ရာစုအတွင်း
ဒီအချိန်တွေမှာတော့ မိတ်ကပ်ခြယ်သမှုကို တော်ဝင်တွေနဲ့ မြို့စား၊ နယ်စားတွေသာ အသုံးပြု ရပါတယ်။ ပြင်သစ်ပြည်မှာ ရေမွှေးဟာ အလွန် ခေတ်စားလာပြီး မျက်နှာအ တွက် အောက်ခံ မိတ် ကပ်ရဲ့ အစလို့ပြောရမယ့် ဖြူဖွေးစေတဲ့ မျက်နှာ ချေတွေသုံးတတ်လာပါပြီ။ ဖြူဖွေးစေတဲ့ အမျိုး အမည်တွေကို ကာဗွန်နိတ်၊ ဟိုက်ဒရောဆိုက်နဲ့ လိဒ်ေ အာက်ဆိုဒ်တို့ကနေ ယူတာဖြစ်ပြီး ဒီ အဆိပ်ဖြစ်စေတဲ့ ပစ္စည်းတွေ ခန္ဓာကိုယ်မှာ စုလာ တဲ့အတွက် ရေရှည်သုံးလာတဲ့အခါကြွက်သား တွေကစဥ့်ကလျားဖြစ် ကာ လြေ ဖတ်ခြင်း၊ သွက်ချာပါဒလိုက်ခြင်းတွေ ဖြစ်ခဲ့ကြပြီး ဒီထက် ပြင်းထန်လာတဲ့အခါ လူသေဆုံးတာတွေ ဖြစ်လာ ခဲ့ပါတယ်။
၁၈ ရာစု
၁၈ ရာစုရောက်တဲ့အခါမှာတော့ အထက် တန်းစားတွေအားလုံး မိတ်ကပ်လိမ်းကြ ပြီး အသုံးပြုတဲ့ ပစ္စည်းတွေမှာတော့ အဆိပ် အတောက်တွေ ပါနေဆဲပါပဲ။ ဒီကာလတွေ မှာ မျက်လုံးခြယ်တဲ့ ကာခြယ်ပြားတွေ၊ နှုတ်ခမ်း ဆိုးဆီတွေ ပေါ်လာပြီဖြစ်သလိုဒီပစ္စည်းတွေမှာ အဆိပ်ဖြစ်စေတဲ့ မာကျူရီဓာတ်တွေပါနေပါ တယ်။ ဒီအချိန်ကစပြီး အခု ထက်ထိ အသုံးပြုလာ တဲ့ မျက်နှာလိမ်းပေါင်ဒါဟာ အဲဒီတုန်းကတော့ အာဆင်းနစ်တွေ ပါနေပြီး နောက်ပိုင်းခေတ်တွေမှာ တော့ ဇင့်အောက်ဆိုဒ်ကို ပြောင်းပြီး အသုံးပြုခဲ့ ကြပါတယ်။
၁၉ ရာစု
၁၉ ရာစုမှာတော့ မိတ်ကပ်ဟာ ရောင်း ကုန်အဖြစ် ဈေးကွက်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါ တယ်။ ၁၉၁၃ ခုနှစ်မှာ မျက်တောင်ကော့ဆေး (Mascara) ကိုပြင်သစ်ဓာ တုဗေဒ ပ ညာရှင် ရေမွှေး တီထွင်သူတစ်ဦးဖြစ်တဲ့ Euge’ne Rimmel  က စတင်ဖော်ထုတ်ခဲ့ပါတယ်။ ပျစ်ခဲပြီး ဆိုးရမလွယ်လှပေမဲ့ အဆိပ်အတောက်ကင်း တဲ့အတွက် ဥရောပ တစ်လွှား လူကြိုက်များခဲ့ပါ တယ်။ တစ်ကမ္ဘာလုံးအနှံ့ကိုတော့ ဒီအမျိုးအစား နဲ့တူညီပေမဲ့ ပိုပြီးကောင်းမွန်တဲ့ ပစ္စည်းအဖြစ် T.L.Williams က တီထွင်ခဲ့ပါတယ်။ သူဟာ ကုမ္ပဏီတစ်ခုထောင်ခဲ့ပြီး အမှတ်တံဆိပ် တစ်ခု အနေနဲ့ ယနေ့အထိ ကမ္ဘာ့အကောင်းဆုံး မိတ်ကပ်အဖြစ် စာရင်းဝင်တဲ့Maybelline ကို ထုတ်လုပ်ခဲ့ပါတယ်။ ၁၉ ရာ စုနှောင်းပိုင်းတွေမှာ တော့ မိတ်ကပ်ဟာ အမျိုးသမီးတွေအဖို့ ကိုယ် ဘာလဲဆိုတာကို ဖော်ထုတ်ပေးနိုင်တဲ့ ပစ္စည်း တစ်ခု ဖြစ်လာပြီး အမျိုးသမီးတွေဟာ မိမိရဲ့ စိတ် ခံစား မှု အလိုက်၊ ပြင်ဆင်ခြယ်သပုံအလိုက် ပုံစံ မျိုးစုံပြောင်းပြီး ခြယ်သလာနိုင်ပါတယ်။
ယနေ့ခေတ်
ယနေ့ခေတ်မှာတော့ မိတ်ကပ်ဈေးကွက်ဟာ နှစ်စဉ် သန်းပေါင်း ကုဋေနှစ်ဆယ်ကျော်တဲ့အထိ ဝယ်လိုအားရှိပြီး ရောင်းအားကောင်းတဲ့ ကုန် ပစ္စည်းဖြစ်လာပါတယ်။ ကနေ့ ခေတ်မိတ်ကပ်မှာ တော့ အိုမင်းမှုကို ဆန့်ကျင်နိုင်ဖို့နဲ့ နုပျိုတဲ့အလှ ဖြစ် ဖို့က အဓိကဖြစ်ပါတယ်။ ဒါအပြင် အမျိုး အစား များစွာရှိနေပြီဖြစ်သလို သဘာဝဆန်တဲ့  ခြယ်သ မှု က စကာထင်ရှားလွန်းတဲ့ ပြင်ဆင်မှုဖြစ်တဲ့ ပြဇာတ်နဲ့ရုပ်ရှင်မှာသုံးတဲ့ ပြင်ဆင်မှုအသွင်အပြင် အထိ လိုက်လျောညီထွေ ပစ္စည်းတွေများစွာရှိနေ ပါပြီ။ခေတ်အစားဆုံး ကေ တာ့ သဘာဝပစ္စည်း တွေကနေ အရင်းအမြစ်ရယူထားတဲ့ Mineral Make up ကစ ဖြစ်ပြီး အဓိကအားဖြင့် တိုင်တေနီယမ် ဒိုင်အောက်ဆိုဒ်ပါဝင်ပြီး SPF လည်းထည့် သွင်း ပေးထားပါတယ်။ ဒါကြောင့် အသားအရေကို သဘာဝအတိုင်းနုပျိုပြီး အပြစ်အနာအဆာကင်း အောင်ကူညီပေးနိုင်သလို မိတ်ကပ်တွေမှာ ပါနေ ကျ အဆီအစားရေ ဓာတ်ကိုပိုမိုဖြည့်သွင်းပေးတဲ့ အတွက် အသားအရေအတွင်းပိုင်းအထိ ရေဓာတ် ရောက်ရှိပြီး အသားအရေမှာ အရေးကြောင်းနဲ့ အတွန့်တွေမဖြစ်အောင် ကာကွယ်ပေးနိုင် ပါ တယ်။ Mineral Make up လို့ ပြောလိုက်တဲ့ အတွက် Foundation သို့ base တစ်ခုပဲ ရှိတာ မဟုတ်ပါဘူး။ မျက်တောင်ကော့ ဆေး၊ လိုင်နာ၊ ဆံပင်ဟိုက် လိုက်ဖော က်ဆေး၊လက်သည်း ဆိုး ဆေး၊ ပါးနီ၊ မျက်လုံးခြယ်ဆေးနဲ့ ခန္ဓာကိုယ် တောက်ပစေတဲ့ အဆီ(Body Shimmer) အထိ ငြညနမေူ အမျိုးအစားတွေ ရှိပါတယ်။မိတ်ကပ်တွေ မှာ အဓိကပါဝင်တဲ့ ပစ္စည်းတွေကမိတ်ကပ်တွေမှာ ပါတဲ့ပစ္စည်းတွေနဲ့ ပတ် သက်ရင် အလှကုန်ပစ္စည်းကုမ္ပဏီတွေက လျှို့ဝှက် ချက်တစ်ခုအနေ နဲ့ထားရှိကာထုတ်ဖော်  မပြော ကြပါဘူး။ အမျိုးအစားနဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ပြီး ပစ္စည်းတွေပြောင်းသွားနိုင်ပေမဲ့ အားလုံးဟာ အခြေခံအားဖြင့်တော့ ထပ်တူညီတဲ့ ပစ္စည်းတွေကိုပဲ အ သုံးပြုကြတာပဲ ဖြစ်ပါတယ်။
အောက်ခံမိတ်ကပ်(foundation) တွေမှာ အစိုဓာတ်ရစေဖို့ အခြေခံအားဖြင့် ရေနဲ့အတူ အဆီ(သို့) ဖယောင်းကို ချောမွေ့တဲ့အထိ စစ် ထုတ်ပြီး အသုံးပြုကြပါတယ်။ အ သားရောင်အနု အရင့်ပေါ်မူတည်ပြီး အိုင်းယွန်းအောက်ဆိုဒ်ကို အတိုးအလျှော့ လုပ်ကာထည့်ကြပါတယ်။ ဒါအပြင် အသားအရေလိုအပ်ချက်အရ ဂျိုဂျို ဘားဆီ (Jojoba Oil) အသားခြောက်ခြင်း သက် သာစေဖို့ ထည့်သွင်းသလို ဝက်ခြံအတွက် ဆယ်လီဆိုင်လစ်အက်စစ်ကို ဖြည့်ကာ ပေါင်းစပ် ကြပါတယ်။ မျက်တောင်ကော့ဆေးမှာလည်း အနက် ရောင်တွေ ကာဗွန်နဲ့ အိုင်းယွန်းအောက်ဆိုဒ်ကို သုံးပြီးမျက်တောင်တွေဆီမှာ ကပ်နေစေဖို့ ဖယောင်းနဲ့ သိုးမှရတဲ့ အဆီ  (Loatin)၊ ရနံ (Petroleum)  စတာတွေ ကို အခြေခံအဖြစ် ယူကြ တာချည်းပါပဲ။ နှုတ်ခမ်းနီမှာဆိုလည်း အဆီ ဖယောင်း၊ အစိုဓာတ်ဖြည့်သွင်းဆေးနဲ့ ရောင် ခြယ်ပစ္စည်းစတာတွေကို မပါမဖြစ် ထည့်သွင်း ရပါ တယ်။ ဖယောင်းအတွက် ပျားမှရတဲ့ ဖယောင်း ဘရာဇီးမှာပေါက်တဲ့ ဆီးပင်မှရတဲ့  ဖယောင်း(Carnauba wax) နဲ့ ချုံကပ်နွယ်ပင် Candelilla မှရတဲ့ Candelilla wax ကို အများဆုံးသုံးကြပါတယ်။ အဆီကတော့ ကြက် ဆူ၊ သံလွင်၊ သိုး အဆီစတာကိုသုံးကြပါတယ်။အစိုဓာတ်အတွက် ရှားစောင်းလက်ပပ်နဲ့ ဗီတာမင် အီးကို သုံးကြပါတယ်။
နှစ်ပေါင်းထောင်နဲ့ချီကာ ဖြတ်သန်းလာတဲ့ မိတ်ကပ်သမိုင်းမှာ မကောင်းတာတွေဖယ်ပြီး ကောင်းတာတွေထည့်သွင်းကြပေမဲ့ အပြိုင်အဆိုင် ဈေးကွက်ဖြစ်လာတဲ့အခါ အ စွန်းရောက်တဲ့ ယှဉ် ပြိုင်မှုတွေနဲ့အတူ အလှကုန်ကုမ္ပဏီတွေဟာ မလုပ်သင့်တဲ့အမှားတွေကို ပြုလုပ်လာကြပါတယ်။ ဥပမာ – နှုတ်ခမ်းနီနဲ့ ကာခြယ်တွေမှာ ခဲ (Lead)  ပါနေ တာမျိုး တာပင်တိုင်နဲ့ ဆံပင်ဆိုးဆေးလို ဓာတုပစ္စည်းအထည့်များတဲ့အတွက် အချို့ Mascara  တွေဟာ သုံးစွဲသူကို မျက်စိကွယ် လာစေခြင်းစတဲ့ ဆိုးကျိုးတွေပေါ် လာ ပါတယ်။ ဒါကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးစီမံမှု(FDA)  အဖွဲ့အစည်းက စိစစ်မှုတွေ ပြုလုပ်ပြီး စိတ်ချ ယုံကြည်ရမှ ဈေးကွက်သို့ ဖြန့်ချိခွင့်ကို ပေးပါတော့ တယ်။ ဒါေ ကြာင့် မိတ်ကပ်ဝယ်တဲ့အခါ FDA  စစ်ဆေးပြီး စာတမ်းပါတာကို သတိထားပြီး ကြည့် ကာသုံးစွဲပါ။
ယနေ့ခေတ်ရဲ့ ဖက်ရှင်လောကမှာ နာမည် အကြီးဆုံး မိတ်ကပ်ပညာရှင်များ
ဖက်ရှင်ရှိုးလို့ပြောလိုက်တာနဲ့ ပထမဆုံး တွေးတာက မော်ဒယ်တွေနဲ့ အဝတ်အစားဒီဇိုင်နာ တွေပါပဲ။ ဒါပေမဲ့ သူတို့တွေရဲ့ နောက်မှာ မိတ်ကပ်ပညာရှင်တွေရှိနေပါတယ်။ မိတ်ကပ် ပညာရှင်တွေဟာ မော်ဒယ်ရဲ့ သဘာဝအလှကို ပေါ်လွင်အောင်ပြင်ပေးနိုင်သလို ဒီဇိုင်နာရဲ့ စိတ်ကူးကိုလည်း အပြည့်အဝပုံဖော်ပေးနိုင်သူများ ဖြစ်တာကြောင့် Make up Artist တွေဟာ လက်ဖျားငွေသီးကြသူများပဲ ဖြစ်ပါတယ်။ ဒီလို Artist ပေါင်းများစွာအနက် ကမ္ဘာကျော်ဖက်ရှင် Brand  များစွာရဲ့ လက်စွဲဖြစ်သလို ယနေ့ခေတ် ရဲ့ အတော်ဆုံး Artist အဖြစ် အလှကုန်ကုမ္ပဏီ များစွာရဲ့ ကမ်းလှမ်းမှုကို ခံနေရတဲ့ Top Five တွေကို ဖော်ပြပေးချင်ပါတယ်။
Sam Fine
အာဖရိကန် -အမေရိကန်လူမျိုး Sam Fine  ဟာ ယနေ့ကမ္ဘာမှာ ပညာခအမြင့်ဆုံးမိတ်ကပ် ပညာရှင်ဖြစ်ပြီး တစ်နေ့ကို အချိန်ပိုနဲ့ ခရီးသွား လာကြေးမပါဘဲ အသား တ  င်ဒေါ်လာ ၃၅ဝဝ ခန့် ပေးရသူပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပြင်ဆင်မှုနဲ့ နာမည် ကျော်ခဲ့ရသူများကတော့ နာအိုမီကင်းဘဲလ်၊ အိုင်မန်နဲ့ တာရာဘန့်တို့ပဲ ဖြစ်ပါတယ်။ ဗနက် ဆာဝီ လျံ၊ ကွင်းလာတီဖာနဲ့ ပတ်တီလေဗယ်တို့ ဟာလည်း သူ့ရဲ့ ဖောက်သည်တွေပဲ ဖြစ်ပါတယ်။ Fine ရဲ့အားသာချက်က အရောင်နိုင်နင်းတာ ဖြစ်ပြီး အခြေခံအသားရောင်ကို ညှိပြီးပြင်ဆင် ပေးတာဟာ ဘယ်သူမှလိုက်တုလို့မမီပါဘူး။ ဒါကြောင့် သူဟာ Revlon Cosmetics  မှာ ပထမဆုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် A trican -American လူမျိုးဖြစ် လာခဲ့ပါတယ်။ သူရဲ့ ပညာ နဲ့ပတ်သက်ပြီး စာအုပ်ထွက် ထားသလို သူ ဟာ အသားအရောင်ကို ဂရုစိုက်စရာမလိုဘဲ စိတ် ကြိုက်Toundation နဲ့ Powderတွေသုံးနိုင်တဲ့ င်္Fashion Fair Cosmetics မှာလည်းတီထွင်မှု ဒါရိုက်တာအဖြစ် တာဝန်ယူထားပါတယ်။ ဒီက နေ အမျိုးသမီးတွေအနေနဲ့ အဖြူသာမက အမည်းရော အဝါပါမကျန် အဆ င်ပြေပြေနဲ့ အသုံးပြုနိုင်တဲ့ Make up Series တွေကို ထုတ် လုပ်ပေးနေပါတယ်။
Charline Green
သူမကို မိတ်ကပ်လောကက Betsey Johnson လို့တင်စားကြပါတယ်။ သူမရဲ့ မိတ်ကပ်ပညာက တစ်မျိုးတစ်ဘာသာဆန်းပြား နေပြီး မိတ်ကပ်ပြင်နေချိန်မှာ ပြင်ဆင်သူရဲ့ မျက်နှာကို ကင်းဗတ်စလို့ သဘောထားကာ မိတ်ကပ်လိမ်းနေချိန်တွေမှာ မိတ်ကပ်လိမ်းနေချိန် တွေမှာ သူမကိုဘယ်လိုလုပ်ပေး ပါဆို တဲ့ တောင်းဆို ချက်ကိုလုံးဝလက် မ ခံသူပဲ ဖြစ်ပါတယ်။ သူမပြင်ဆင်တဲ့အခါ ပြင်ရမယ့် သူ့ရဲ့ မျက်နှာကို တစ်ချက်လောက်သာ ကြည့်လိုက်ပြီးနောက် သူမ နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ပုံစံကိုဇယ်ဆက် သ လို ပြင်ပြနိုင်သူပဲဖြစ်ပါတယ်။ သူမနဲ့ လက်တွဲ လုပ်နေတဲ့ Fashion နဲ့ မိတ်ကပ် Lines တွေ ကတော့ Ann TayLor , Esprit, Estee Lauder  ကစပြီး Revlon  အဆုံး ပြဲ ဖစ်ပါတယ်။ Celebrities  အနေနဲ့ အယ်လီရှာကီးလ်၊ ဂျိုလီ၊ စလင်းဒီယွန်၊ ရှားလိစ်သီရွန်၊ ကိတ်ဘက်ကင်ဆေး၊ ကေတီဟုမ်း၊ ဂွင်းစတတ်ဖနီ၊ ပဲရစ်ဟီတန်၊ ပင်နီလို ပီခရုဇ်၊ ဆယ်မာဟဒ်နဲ့ ရှားနိုင်းယားတွိုင်းတို့ကို တာဝန် ယူပေးနေပါတယ်။
MCGrath
Vogue မဂ္ဂဇင်းကတော့ သူမကို ယနေ့ မိတ်ကပ်ကမ္ဘာရဲ့ သြဇာတိက္ကမအကြီးဆုံးပညာရှင် အဖြစ်အမည်ပေးထားပါတယ်။ သူမရဲ့ထူးခြား ချက်က ဖက်ရှင်သာမက မိတ် ကပ်မှာပါ သင်တန်း တွေတက်ပြီး အခြေခံဆည်းပူးမှုဘာမှ မရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမမိခင်နဲ့အတူ Classic Movie  တွေကြည့်ပြီး အမေညွှန်ကြားပေးတဲ့ အလှ အပ ဆိုင်ရာ အချက်အလက်တွေက သူမရဲ့ Training  ပဲ ဖြစ်ပါတယ်။ သူမဟာ အင်္ဂလန်နိုင်ငံ၊ Northampton မှာရှိတဲ့ School ကနေ Art Foundation Course  ကိုပြီး ဆုံး သွားပြီး နောက် ပိုင်း ပဲရစ်၊ မီလန်နဲ့ နယူးယောက်က Fashion Runways တွေမှာ ကျင်လည်ခဲ့သူပဲ ဖြစ်ပါတယ်။ သူမဟာ Armani ရဲ့ Cosmetic Line မှာ အကောင်းဆုံး၊ လုပ်ပြနိုင်ခဲ့သလိုMax Factor  နဲ့ Cover Girl Cosmetic Line မှာ အကောင်း ဆုံးလုပ်ပြိုင်ခဲ့သလို Max Factor  နဲ့ Cover Girl Cosmetic  မှာလည်း Beauty Director အဖြစ် တာဝန်ယူထားပါတယ်။
Tom Pecheux
သူ့ဘဝကို စားဖိုမှူးအဖြစ် စတင်ရာကနေ Make up Artist  ဖြစ်လာရသူပဲ ဖြစ်ပါတယ်။  ဆယ်ကျော်သက်အရွယ်မှာ ပဲရစ်ကိုပြောင်းခဲ့ပြီး Night Club  တစ်ခုမှာ Le Palace လို့ ခေါ်တဲ့ မိတ်ကပ်ပညာရှင်နဲ့ ခင်မင်ခဲ့ရပြီး နောက်ပိုင်း မိတ်ကပ်လိုင်းထဲဝင်လာပြီး အဲဒီကတည်းက နာမည်ကြီးခဲ့တာ အခုထိပါပဲ။ သူဟာ ၁၉၉၇ ခုနှစ်အတွက် Vanity Fair မဂ္ဂဇင်းရဲ့ Cover မှာ တော်ဝင်မင်းသမီးဒိုင်ယာနာကို မိတ်ကပ်လိမ်းပေး ပြီး နောက်ပိုင်း ဂျူလီယာရောဘတ်နဲ့ ရှားလိစ် သီရွန်တို့က သူရဲ့ပြင် ဆင်ပေးမှု ကို တောင်းဆိုခဲ့တဲ့ အတွက် သူမတို့ရဲ့ အရေးကြီးတဲ့ ပွဲတိုင်းကို လိမ်း ပေးရပါတယ်။ သူဟာ L’oreal မှာ ပညာရှင် အဖြစ် တာဝန်မယူသေးခင် ဂျပန်ကုမ္ပဏီ Shiseido  အတွက် Make up image Creator  အဖြစ် ၂ဝဝ၁ ခုနှစ်အတွက် Shiseido ရဲ့ နိုင်ငံတကာလိုင်းဖြစ်တဲ့ The Make up ကိုတီထွင် ပေးခဲ့ပါတယ်။ သူရွေးပေးခဲ့တဲ့ အေ ရာင်အတွဲ အစပ်တွေဟာ အခုထက် ထိ ခေတ်စားနေဆဲပဲ ဖြစ်ပါတယ်။ သူနဲ့အတူ အခုချိန်ထိ ပုံမှန်လက်တွဲ ပြီး အလုပ်လုပ်နေတာကPrada နဲ့ Gucci ပဲဖြစ်ပါတယ်။ သူ့ ရဲ့လက်ရာတွေကိုတော့ vogue  ရဲ့ Covers တွေမှာ မကြာခဏမြင်ရပါတယ်။ လက်ရှိမှာတော့ သူဟာ Estee Lauder နဲ့ လက်တွဲပြီး Creative Director အဖြစ်တာ ဝန် ယူနေပါတယ်။
Gucci Westmen
သူမက ကယ်လီဖိုးနီးယား (အမေရိကန် ပြည်ထောင်စု) နဲ့ဆွီဒင်နိုင်ငံမှာ တစ်လှည့်စီကြီး ပြင်းခဲတဲ့အတွက် သူမရဲ့ ဖန်တီးမှုက မတူညီတဲ့ယဉ်ကျေးမှုကြား ကရလာ တာဖြစ်တဲ့အခါ ဆန်းကြယ်ပါတယ်။ အမျိုးသမီးတစ်ယောက်ကို အလှဆုံး ဖြစ်အောင်ပြင်ပေးနိုင်သလို အမျိုးသမီး တစ် ယောက်ရဲ့ အလှကိုအမျိုးသားတွေ ခံစားရရုံ မက မိန်းမသားချင်းပါ ငေးကြည့်ရသည်အထိ ပြင်ဆင် ပေးနိုင်ပါတယ်။ သာဓကအဖြစ် နာတလတ်လီပေါ့မန်းနဲ့ ဒရူးဘယ်ရီမိုးကို ထုတ်ပြ ရပါမယ်။ သူမဟာ Lancome အ တွက်International Artistic Director အဖြစ် တာဝန် ယူပြီး ကုမ္ပဏီအတွက် အရောင်အတွဲ အစပ်ကို တီထွင်ပေးရသလို မော်ဒယ်တွေ ကြော်ငြာ မိတ်ကပ်အတွက် လိမ်းခြယ်မှုလည်း လုပ်ပေးရ ပါတယ်။ ဒါအပြင် Lancome နဲ့ တွဲဖက် တင်ဆက်တဲ့ Beauty & Fashion Events တွေမှာလည်း ကိုယ်စားပြုအဖြစ် မျက်နှာပြပေး ရပါတယ် ။ ၂ဝဝ၈ ခုနှစ်မှာတော့ သူမဟာ Lancome မှာထွက်ခွာပြီး Revlon မှာ Global Artistic Director အဖြစ် တာဝန်ယူပြီး  Daydreamer နဲ့ Suede Rhapsody ဟာ သူမ ရဲ့ စွမ်းဆောင်မှုကို ဖော်ပြမှုအဖြစ် မှတ်တမ်းဝင် ပါတယ်။ဒါကတော့ မျက်မှောက်မိတ်ကပ်ကမ္ဘာမှာ အောင်မြင်မှု အရှိဆုံးနဲ့ တီထွင်ဆန်းသစ်မှုအပြု နိုင်ဆုံး Artist  ၅ ဦး ပဲ ဖြစ်ပါတယ်။ Artist  တွေ ပြီးတဲ့နောက်မှာတော့ ၂ဝ၁၃ ခုနှစ် စစ်တမ်းအရ အချိန်တိုင်းအတွက် အကောင်းဆုံးစာရင်းဝင်တဲ့ Product 10  မျိုးကို ဖော်ပြပေးပါ့မယ်။
Top Ten Make up Brands
မိတ်ကပ်ဈေးကွက်နဲ့ ပတ်သက်ပြီး Global Cosmetics Industry Magazine ရဲ့ ဖော်ပြ ပေးချက်အရ သိရတာက ၂ဝ၁၃ ခုနှစ်အတွက် ကမ္ဘာအနှံ့ ၂၃ဝကုဋေအထိေ ရာင်းအားရှိပြီး အဆင့်မြင့်နည်းပညာသုံးသာမက သဘာဝအရင်း အမြစ်သုံးမိတ်ကပ်ပစ္စည်းပါမကျန်ရောင်းရကြောင်း ဖော်ပြပေးထားပါတယ်။ ဒီလိုရောင်း အားမြင့် လာရ တာဟာ ရုရှားနဲ့အာရှကို အရောင်း ဈေးကွက်ချဲ့ထွင်နိုင်ခဲ့တာကြောင့်လို့ သိရပါတယ်။ အာရှက  Celebrities တွေ ဥရောပကို ထိုး ဖောက်နိုင်မှုက တစ်ဆင့် သူတို့  ရဲ့ အောင်မြင်မှု နဲ့အတူ Make up labels တွေ ကပ်ပါသွားတာ ကြောင့် ဈေးကွက်အသစ်ရခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူထုထဲကျယ်ကျယ်ပြန့်ပြန့်ရောက် သလို Celebrity နဲ့ Show တွေအထိပါ ထိုးဖောက်နိုင်တဲ့ top 10 Cosmetics Brand 10 ခုကို အခုလို စစ်တမ်းကောက်ထားနိုင်ခဲ့ပါ တယ်။
Clinique  (ကလင်းနစ်)
ပြင်သစ်အခြေစိုက် Clinique ရဲ့ အကျော် ကြားဆုံးအချက်က Allergy Tested ပြုလုပ်ထားပြီး Allergy -free product ဆိုတာပါ ပဲ။ သူဟာ အသားအရေ ပညာရှင်အား လုံးရဲ့ လမ်းညွှန်ပေးမှုအတွက် သုံးစွဲသူများရဲ့ ယုံကြည် မှုကို ရရှိနေတာပဲ ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက တစ်ကမ္ဘာလုံး အတွက် တူညီတဲ့ product  ကို မထုတ်တာပဲ ဖြစ် ပါတယ်။ ကမ္ဘာအနှံ့ရာသီဥတုနဲ့ နေထိုင် မှီတင်း တဲ့ လူတွေရဲ့ လိုအပ်ချက်အရသာ မိတ်ကပ် ပစ္စည်းကို ထုတ်လုပ်ထားခြင်းကြောင့်လည်း ကမ္ဘာ့နဲ့တစ်ဝန်းသုံးစွဲနိုင်ပြီး နံပါတ်၁ဝ နေရာကို အချိန်တိုင်းအတွက် ရရှိထားပါတယ်။
MAC (အမ်အေစီ(သို့) မက်)
MAC ဆိုတာMake up Art Cosmetics ကို အတိုကောက်ယူထားတဲ့နာမည်ပဲ ဖြစ်ပါတယ်။ MAC ဟာထူးခြားပြီးဈေးနှုန်းမြင့်မားတဲ့ products တွေ ထုတ်လုပ်ခဲ့ တာေ ကြာင့် Celebrities တို့အကြား နာမည်ကြီးတဲ့ တံဆိပ် ဖြစ်လာပါတယ်။ ဒီလိုနဲ့နေရင်းကနေ လူအတန်း အစားမရွေး မိန်းမသားတို့ လိုအပ်တဲ့ အလှကုန် တွေ မှန်သမျှ ထုတ်လုပ်နိုင်တဲ့အတွက် MAC ဟာ ရောင်းအားကောင်းသလို စွမ်းရည်အမြင့်ဆုံး နံပါတ် ၉ ဖြစ်ခဲ့တာပါ။
မေဘလင်းန် (Maybelline)
မိတ်ကပ်ဘိုးအေကြီးလို့ ပြောရလောက်တဲ့ အထိ နှစ်ပေါင်းများစွာကြာမြင့်နေပြီ ဖြစ်သလို ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ်ပြုလုပ်နိုင် တဲ့ Brand တစ်ခုပဲ ဖြစ် ပါ တယ်။ Maybelline  ဟာ ပါတီမိတ်ကပ်အတွက် နာမည်ကြီးပါတယ်။ သူဟာ အမျိုးသမီးတွေကို ချစ်ဖွယ်သောအလှ တရားဆီခေါ်ဆောင်ပေးနိုင်တဲ့ brand တစ်ခု ပဲ ဖြစ်ပါတယ်။ သူဟာ လိမ်းခြယ်ရလွယ်ကူတဲ့ ဖော်မြူလာကို အသားပေးတာကြောင့် မတူညီတဲ့ အသားအရေတိုင်းမှာ အဆင်ပြေပြေ အသုံးပြုနိုင် တဲ့ အတွက် နံပါတ် ၈ နေရာမှာ ရပ်တည်နေတာ ပဲ ဖြစ်ပါတယ်။
Urban Decay (အာဘန်ဒီကေး)
မိတ်ကပ်သက်တမ်းအရ ၁၉၉၆ မှစတင်ပြီး ထုတ်လုပ်ခဲ့တာဖြစ်တဲ့အတွက် သက်တမ်းအတော်နုပါသေးတယ်။ ဒါပေမဲ့ ဒီအမေရိကန်မိတ် ကပ်ဟာ အလွန်ကို အသုံး တည့် တဲ့ Product  တွေကို စဉ်ဆက်မပြတ်ထုတ်လုပ်ထားနိုင်မကြောင့် အချိန်တိုအတွင်း ဈေးကွက်အကြီးကြီးကို ပိုင်ဆိုင်ထားနိုင်တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ နာမည်ကျော် product  တွေက မျက်လုံးအတွက် များပြီး Naked Collection  ကတော့ အားလုံးကို အဆွဲဆောင်နိုင်ဆုံးပဲ ဖြစ်တာကြောင့် နံပါတ် (၇) နေရာမှာရပ်တည်မှုခိုင်ခံ့နေတာ ပဲဖြစ်ပါတယ်။
Oriflame(အိုရီဖလိန်းမ်)
ဆွီဒင်နိုင်ငံသားညီအစ်ကိုနှစ်ဦးက ၁၉၆၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Oriflame ဟာ အချိန်တိုပေမဲ့ ထိရောက်အကျိုးရှိတဲ့ Product  တွေကို စဉ်ဆက်မပြတ် ထုတ် လုပ်ပြီး နိုင်ငံပေါင်း ၆ဝ ကျော်မှာ သူတို့ရဲ့ Brand ကိုသုံးစွဲနေကြပါ တယ်။ အကောင်းဆုံး အရည်အသွေးကို မိတ်ကပ်မှာထက် Skincare ပိုင်းမှာ ပိုပြနိုင်တာ ကြောင့် ကမ္ဘာ့ဈေးကွက်ကို အချိန်တိုအတွင်း ကြီးမားကျယ်ပြန့်စွာ ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ စီးပွားရေးတစ်ခုတည်းကိုမကြည့်ဘဲ ပရဟိတလုပ် ငန်းတွေနဲ့ ချိတ်ဆက်ထားကာ ပစ္စည်းတစ်ခု ရောင်းရတိုင်း ဒီပစ္စည်းရဲ့ တန်ဖိုးတစ်စိတ် တစ်ဒေသဟာ ဒီလုပ်ငန်းတွေရဲ့ ရန်ပုံငွေထဲကို ရောက် သွားပါတယ်။ ဒါကြောင့် အတွင်းပိုင်းစိတ် အလှကို ပါ ဖြည့် ဆည်းပေးနိုင်တဲ့ Oriflame ဟာ အမျိုးသမီးတို့ရဲ့ အသည်းစိုင်ကို ဆွဲကိုင်နိုင်တဲ့ နံပါတ် ၆ ပဲ ဖြစ်ပါတယ်။
Cover Girl (ကာဗာဂဲလ်)
အမေရိကန်ထုတ် Cover Girl  ဟာ ကမ္ဘာ နဲ့ တစ်ဝန်းနာမည်ကြီးတဲ့ တံဆိပ်ဖြစ်ပါတယ်။ Cover Girl ဟာ ကြော်ငြာအားကို အထူးအားပြုပြီး သူတို့ Product အတွက် ကမ္ဘာ့ဈေးအကြီးဆုံး မော်ဒယ်တွေဖြစ်တဲ့ Christie Brinkley နဲ့ Tyra Banks တို့ကို သုံးခဲ့တဲ့အထိ ငွေဖြုန်းနိုင်ပါတယ်။ ဒီလို ဖြုန်းအားကောင်း တာဟာ ရောင်း အား ကောင်းတာကြောင့်လည်း ဖြစ်ပါတယ်။ သူတို့ဟာ သာမန်ပြည်သူတွေ အသုံးပြုနိုင်တဲ့ အမျိုးအစား တွေသာမက Celebrities တွေပဲ သီးသန့် အသုံးပြုနိုင်တဲ့ အမျိုးအ စားတွေကိုပါ ထုတ်လုပ် ထားနိုင်ပါတယ်။
Avon  (အေဗွန်)
Avon ဟာ Door to Doo ရောင်းချမှု ဈေးကွက်မှာ ဒုတိယအကြီးဆုံး ဈေးကွက်ရထား တဲ့ ကုမ္ပဏီပါ။ နိုင်ငံပေါင်း ၁၄ဝ ထက်မနည်းမှာ သူတို့ Product ကို ကျယ်ပြန့်စွာေ ရာင်းချနိုင်တဲ့ Brand တစ်ခုလည်း ဖြစ်ပါတယ်။ Door to Door  စနစ်ဖြစ်တာကြောင့် ရောင်းအားကောင်းပေမဲ့ အမျိုးအစားအများကြီးကို တန်းဝင်အနေအထား မထား ရှိ တာကြောင့်နံပါတ် ၄ နေရာပဲ ရရှိတာ ဖြစ်ပါတယ်။ သူတို့ရဲ့ထူးခြားချက်က Avon ရဲ့ ပစ္စည်းတိုင်းဟာ ကမ္ဘာတစ်ဝန်းလုံးမှာ hot sale ဖြစ်နေတာပဲ ဖြစ်ပါတယ်။
Revlon (ရက်ဗလွန်)    
အချိန်တိုင်းအတွက် အယုံကြည်ရဆုံးနဲ့ နှစ် ပေါင်းကြာမြင့်စွာ ဈေးကွက်တွင်းရှိနေမှုတို့ကြောင့် Revlon  ဟာ မျိုးဆက်တွေ တစ်ဆက်ပြီး တစ် ဆက် လက်ဆင့်ကမ်း လာရ တဲ့ Product တစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ နာမည်ကြီးမှုက Founda-tion လိုင်းထက်Lipstick နဲ့ Lip gloss  တို့မှာ ပိုပြီး အားသာတာကြောင့် Lipcare ပိုင်းမှာတော့ ဆ ရာကြီးပဲ ဖြစ်ပါတယ်။ ဒီဘက်နောက်ပိုင်းမှာ skincare Line  ကိုထပ်မံ တိုးချဲ့လာပြီး ဒီလိုင်းမှာ လည်း သုံးစွဲသူများရဲ့ ယုံကြည်မှုကို အပြည့်အဝ ရထားပါတယ်။
Etude(အကျူ့ဒ်)
Top Ten စာရင်းမှာ သက်တမ်းအနုဆုံး Product  ဖြစ်ပါတယ်။ ဒါအပြင် အာရှတိုက်က ထွက်လာတဲ့ တစ်ခုတည်းသော Brand  ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံထုတ် အ မှတ်တံဆိပ်ပဲ ဖြစ်ပါတယ်။ သုံးစွဲရတာ အဆင်ပြေလှပမှု၊ အသားအရေအမျိုးအစားအလိုက် အဆင်ပြေပြီး မိတ်ကပ်သားစွဲမြဲမှုရှိစေမှုနဲ့ ယုံကြည်စိတ်ချ ရမှုစတာတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ နာမည် ချက်ချင်းရလာတာပဲ ဖြစ်ပါတယ်။ Etude ဟာအရောင်နဲ့ ပတ်သက်ရင် ရွေးစရာများပြီး ထွက်သမျှ၊ တင်သမျှ၊ အရောင်တွေဟာ သုံးစွဲသူ များရဲ့ စိတ်ကို ညှို့ယူနိုင်ပါတယ်။ ဒါကြောင့်လည်း အချိန်တို အတွင် Best Make up Brand ဖြစ်ခဲ့ ရတာပဲ ဖြစ်ပါတယ်။
L’oreal Group (လော်ရီယယ်လ်)
L’oreal  ကတော့ ရေမွှေး၊ skincare၊ ဆံပင်စတာနဲ့ ပတ်သက်ပြီး Product   ၅ဝဝ ကျော်ထွက်ရှိနေတာကြောင့် Group စာရင်းသွင်း ထားရတာပဲဖြစ်ပါတယ်။ L’oreal ဟာ သူတို့ Product  ရဲ့အစကို Hair Color နဲ့ ဆက်စပ် ပစ္စည်းတွေထုတ်လုပ်ခြင်းကနေစခဲ့ပါတယ်။ ဒီကနေ တစ်ဆင့် ဈေးကွက်ကို ချဲ့ထွင်ပြီး အသား အရေသန့် စင် မှုပေး Product (Cleasing Line)  နဲ့ တကွ မိတ်ကပ်ပိုင်းမှာပါ နာမည်ထပ်ရလာတာပဲ ဖြစ်ပါတယ်။ L’oreal ရဲ့ အကောင်းဆုံးက ဆံပင်၊ ဒုတိယအကောင်းဆုံး က Make up နဲ့ Skincare  လိုင်းပဲဖြစ်ပါတယ်။ ဒါကြောင့် L’oreal ဟာ ၂ဝ၁၃ ခုနှစ်အတွက် အချိန်တိုင်းအတွက် အကောင်းဆုံး Brand နံပါတ်တစ်အဖြစ်ရပ် တည် နေနိုင် တာ ပဲ ဖြစ်ပါတယ်။ ဒီစာရင်းကို ပြုစုပေးသူ ကတော့ Sonia Kashuk ဖြစ်ပြီး ဒီစာရင်းပါတဲ့ စာအုပ်အမည်က ‘Real Beauty’ ပဲ ဖြစ်ပါ တယ်။Brand  တွေပြီးတဲ့အခါမှာတော့ လက်ရှိဟော့နေတဲ့ မိတ်ကပ်အသစ်အဆန်းပြင်ဆင်မှုနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ မိတ်ကပ်ပြင်ဆင်မှုတွေကတော့ နှစ်အလိုက်အသစ်အဆန်းပေါ်နေပြီး ဒီအသစ် အဆ န်းနောက်ကို အမျိုးသမီးတို့ အဆင်ပြေပြေ လိုက်နိုင်တာရှိသလို မလိုက်နိုင်ဘဲ ငေးမောကြည့်ရုံ လောက်ပဲ တတ်နိုင်ခဲ့တာလည်း ရှိပါတယ်။ ဒါပေမဲ့  အခုခေတ်စားနေတဲ့ Make up Trend  တွေကတော့ အလွယ်တကူလိုက်ပြီး လုပ်လို့ရတာမို့ ကြည့်ကြည့်လိုက်ပါဦး။
Nude Make up
Nude  ဟာ လက်တလောမှာတော့ အဟော့ ဆုံးပါပဲ။ ပြင်ဆင်ရတာမြန်ဆန်သလို လွယ်ကူပြီး သဘာဝလည်းကျပါတယ်။ ထူထဲတဲ့ အောက်ခံ မိတ်ကပ်နဲ့ ပါးနီတွေ ကို မေ့ ထားလို့ရပါပြီ။ လိုအပ် တာကပေါ့ပါးတဲ့ အောက်ခံမိတ်ကပ်နဲ့ အရောင် မပါတဲ့  Eye Shadow နဲ့ Mascara ကောင်း ကောင်းပဲ လိုအပ်ပါတယ်။
Vampire Lips
ဒါကတော့ သွေးစုပ်ဖုတ်ကောင်ကားတွေဖြစ် Twilight Saga နဲ့ True Blood ရုပ်သံ ဇာတ်လမ်းတွဲတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုနီရဲတွတ်နေတဲ့ နှုတ်ခမ်းအစုံအ တွက် တောက်ပတဲ့ အနီရောင်ကို Matte Type (အမှိန်) ကိုရွေးဆိုး ကြပါတယ်။ အနီရောင်အစစ်မဟုတ်တဲ့ ဆီးသီး ရောင်နဲ့ လိမ္မော်နီရောင်တွေဟာလည်း ခေတ်စား ပါတယ်။
Full Eyebrows
မျက်ခုံးကို သေးသေးမျှင်မျှင်မဟုတ်ဘဲ အပြားလိုက်ကြီးပြန်ဆွဲတာ အခုခေတ်စားနေပါ တယ်။ အချို့က အမည်းရောင်ဆိုးပြီး အချို့က အရောင်ထည့်ဆိုးကြပါတယ်။ ဒါေ ကြာင့် မျက်ခုံး မွေးနုတ်ပြီး စင်ရော်တောင်ဖော်တာမျိုးကို မေ့ပစ် ပြီး Jumbo Brow  လို့အမည်ပြောင်ပေးထားတဲ့ မျက်ခုံးထူထူကိုပြောင်းဆွဲကြည့်လိုက်ပါ။
Colored Smokey Eyes
Smokey Eye က ပေါ်တာကြာလှပါပြီ။ ဘယ်နှယ့်အသစ်အဆန်းဖြစ်ရမှာလဲလို့ အပြစ်တင် မစောပါနဲ့နော်။ အရင်က ပေါ်ခဲ့တဲ့ Smokey Eyes အနက်ရောင်နဲ့ အညိုရောင် ကို သုံးကြ ပြီးအခု Smokey Eyes မှာကတော့ ခရမ်း၊ အနီနဲ့ အစိမ်းလိုအရောင်တွေကို အနက်ရောင် နဲ့ရောပြီး သုံးလာကြတာပဲ ဖြစ်ပါတယ်။
Eyeliner
Eyeliner ဟာ ၂ဝ၁၃ အကုန်ကတည်းက Fashion Runway တွေမှာ ပြန်ခေတ်စားလာပြီး အခုနောက်ပိုင်းပိုပြီး နေရာယူလာပါတယ်။ ထူထူ ဆိုးမလား၊ ကြောင်မျက်လုံးပုံ အဖျားလေးပဲ ကော့မလား၊ မျက်ခွံတစ်ဝက်လောက် ဖုံးအောင် ဆွဲကြည့်မလား အမျိုးစုံလုပ်ကြည့်လို့ရပါတယ်။
Orange
ပုံမှန်အားဖြင့် လိမ္မော်ရောင်ဟာ ဆောင်းဦး မှာသုံးတဲ့ အရောင်ဖြစ်ပေမဲ့ ၂ဝ၁၄ ခုနှစ်မှာ တော့ အရမ်းဟော့တဲ့ Make up Trend ဖြစ်လာ ပါတယ်။ လိမ္မောရောင် ရှဲဒိုး ၊ နှုတ် ခမ်းနီသာမက လိမ္မော်ရောင်လက်သည်းနီအထိ ၂ဝ၁၄ ခုနှစ်မှာ အလွန်ကိုဟော့ပါတယ်။ လိမ္မော်ရဲ့ တောက်ပတဲ့ အရောင်ကို ပန်းရောင်အပျော့လေးနဲ့တွဲပြီး ထိန်း ပေး ထားတာဟာ တောက်ပစူးရှမှုလျော့သွားပြီး သဘာဝဆန်သွားစေပါတယ်။
Blue  
အပြာရောင်ဟာလည်း လိမ္မော်ရောင်နဲ့တွဲပြီး အရောင်ဆန်းတစ်ခုအနေနဲ့ ၂ဝ၁၄ ခုနှစ်မှာ ဟော့ပါတယ်။ အပြာရောင်ကိုEye Shadow နဲ့ Mascara လိုင်းမှာ အသုံးပြု သ လိုအပြာရောင် လက်သည်းနီကိုလည်း ဆိုးလို့ရပါတယ်။ Eye Liner  လိုက်တဲ့အခါ အညို၊ အမည်းစတဲ့အရောင် တွေ မလိုက်တော့ပဲ အပြာရောင်ကို အစားထိုး ကြည့် လိုက်ပါ။အမျိုးသမီးတို့ကမ္ဘာမှာ မိတ်ကပ်ဟာ အရေးကြီးတဲ့ အဆောင်အယောင်တစ်ခုပဲ ဖြစ်ပါ တယ်။ မိတ်ကပ်မလိမ်း၊ နှုတ်ခမ်းနီမဆိုးတဲ့ မိန်းမ ကို ”တစ်ခုခု လိုနေသလို ပဲနော်” လို့ ဝေဖန်တဲ့ အထိ မိတ်ကပ်ဟာ အမျိုးသမီးတို့အာရုံကို ဆွဲ ဆောင်နေပါပြီ။ ဒါကြောင့် အပြောကျယ်တဲ့ မိတ်ကပ်ကမ္ဘာမှာ ကူးခပ်နေရတဲ့ ကျွန်မတို့ မိန်းမသား ထု အတွက် ဒီဆောင်းပါးလေးက အထောက်အကူပြုမှာပါလို့ ပြောကြားရင်း…။
ငွေရောင်လှိုင်း
တောက်တီးတောက်တဲ့
$
0
0
ဖြီးကြမယ်ဟေ့ကောင်းကောင်း
တောက်တီးတို့နုစဉ်က အဆိုတော်L ခွန်းရီရဲ့ သီချင်းတစ်ပုဒ်ကို ခုတလောအမှတ် ရနေမိသဗျာ။ စာသားလေးတော့ နည်းနည်းလွဲနိုင်တယ်။ မှတ်မိသလောက် ရေးပြရရင် …နင်လိုချင်ရင် မြင့်မိုရ်တောင်ကို အမှတ်တရပေး မလို့တဲ့။ဓူဝံကြယ်ကို လိုချင်ရင်တောင် ဖမ်းဆုပ်ပေး မတဲ့လား ။နေရောင်ခြည်တွေ ကမ္ဘာမှာ လုံးဝမပူအောင် အမိုးလုပ်ပေး မယ်ဆိုသူရေမိုးသားထက် ဝတိံဖျားမေသွားချင်ရင် လမ်းခင်းပေး ပါ့မတဲ့ အကြင်နာဆုံးရဲ့ အကြင်နာဆုံးက ချစ်သူ သူရဲကောင်း …ဆိုတဲ့ သီချင်းလေးဗျာ။ အဲဒီကတည်း ကယော က်ျားမှန်ရင် ပိုပိုသာသာ ပြောရတယ်။ အလေးမှန်ချင်ရင် ပိုပိုသာသာ ချိန်ရတယ်လို့ပဲ နားလည်ထား တယ်။ ခုခေတ်တော့ ပိုကြောင်းကျိုး ဆီလျော်ဖြစ်နိုင်ခြေရှိတဲ့ စကားတွေ ကို ပြောရတော့ မယ်။အချစ်ကလေး နဲ့ လကမ္ဘာကို မင်္ဂလာနှစ်ပတ် လည်သွားချင်တာ။ ဒါပေမဲ့ အာကာသခရီးသွား အစီအစဉ်တွေက ၁၉၇၂ ကတည်းက ရပ်သွား တာ ကိုယ် မသိလိုက် ဘူးကွာတို့ ဘာတို့ပေါ့။ အသည်းလေးက A 380 လေ ယာဉ်ကြီးရဲ့ first class အထက်တန်း လက်မှတ်တွေဖြတ်ပြီး ကမ္ဘာအနှံ့လိုက် ပို့ပေးချင်တာ၊ မတော် MH 370 လေယာဉ်လို ဘယ်ပျောက်လို့ ဘယ် ရောက်မှန်းမသိရင် အသည်းနဲ့ ကြာကြာ မပေါင်းရမှာ စိုးလို့တို့။ ဒါကြောင့် အုန်းလက် တံမြက်စည်းကို မြင်းလုပ်ပြီး တက်ကလုပ်၊ တက်ကလုတ်နဲ့ စီးရင်း ပျော်ကြရအောင်တို့။မီးမီးလုံးတုံး ပူတူးတူးလေးအတွက် တယ်လီနောနဲ့ အူရီဒူး ဆက်သွယ် ရေး ကုမ္ပဏီတွေ ဝယ်ပေးချင်တာ ဟိုနိုင် ငံခြားအကောင်တွေနဲ့ ပူတူးလေးကို သဝန်တိုတာရယ်၊ ပူတူးလေး management တွေ ဝင်ပါချင်ရင် ပင်ပန်းနေ မှာ စိုးတာရယ်ကြောင့် ဝယ်မပေးတာနော်တို့ ဘာညာ ကွိ ကွ ရွှီးတတ်အောင် ကျင့်ကြပါရောင်းရင်းတို့ …
ဇွန်လအတင်းချုပ်
ကတ်သီးကတ် သတ်ချန်နယ်မှ တောက်တဲ့မဖြစ်ပါတယ်ရှင်။ အခု ကျွန်မ တင်ဆက်မယ့် ဝါးလုံးနင်း ဝါးခြမ်း နင်း သတင်းများ ဟာပြီးခဲ့တဲ့ ဇွန်လ ရဲ့အတင်း မှတ်တမ်းများဖြစ်ကြောင်း ကြိုတင်အစီရင် ခံပါတယ်ရှင် ။ဘရာဇီး အသင်းအနိုင်ရ၍ ဘရာဇီယာချွတ်ပြီး ဗရာဘိုလုပ်ကြတဲ့ပုံကို မဟာပုရိသ များက ဘောပွဲအပြင် ကန်မရပြုမရသောထို စေ နနှစ်လုံးကို ပြုံး၍အားပေး ခဲ့ကြပါကြောင်း သိရပါ တယ်ရှင့် ။ဘောသမား များအကြိုက်၊ ဘောလုံးရာသီစာ အဖြစ် ပြည်တွင်း ထုတ် ဂျာနယ် အဖုံးတစ် ခုတွင် ဘောလုံးအပြင် လှပေ အာင် ပြုလုပ်ထားသော စနေနှစ်လုံးကို ခုံးခုံးကြီးဓာတ်စာ အဖြစ်ထည့် သွင်း ဖော်ပြထားတာ တွေ့ရပါ တယ်ရှင် ။ နောက်ဆက်တွဲ သတင်းက အဲဒီဘရာဇီး သူလေးများ ချွတ်ပစ်ထားသော ဘရာဇီယာ ကိုဘော အယ်ဒီတာက မျက်မှန်အိတ်ပြုလုပ်၍ သိမ်းဆည်းထား ကြောင်း သိရပါ တယ်ရှင်။Miss Universe Myanmar  ပြိုင်ပွဲဝင်လောင်း လျာ များ ပြင်ဦးလွင် တွင် လေ့ကျင့် ခန်းပြုလုပ်နေသော ဓာတ်ပုံညှပ်စိတွင်  (ဓာတ်ပုံ သေးသေးလေးမို့ပါ) ညှပ်ဖိနပ်များဖြင့် ပြေးသူ၊ ခုန်သူက ပိုများခဲ့သည့်အတွက် မြန်မာ့ ညှပ်စိကမ္ဘာ ကသိ၊ (အဲလေ မှားသွားပါတယ်ရှင်) မြန်မာ့ညှပ်ဖိနပ် ကမ္ဘာပတ်လေ တော့ မလားရယ်လို့ အားလုံးက စိတ်ဝင် စားနေကြပါတယ်။ အသက်မပြည့်သေးသော မင်းသမီးငယ်လေး၏ ဆေးလိပ် သောက်နေ သော ဓာတ်ပုံမှာ ကာယကံရှင်၊ အုပ်ထိန်းသူနှင့် ဓာတ်ပုံဆရာတို့ အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း သူသောက် တဲ့ ဆေးလိပ်ကို ဘယ်သူကများ ဝယ်ပေးတယ်ရယ် လို့လည်း သိချင်သူ များပြားခဲ့ ပါတယ်ရှင့်။ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အနိုင် အရှုံးကို ခန့်မှန်းပေးသူ ဗေဒင်ဆရာ၊ နတ် ကတော်များ အပြင် ရေဘဝဲပါ အလုပ်ရှုပ် ကြပါပြီ။ ပြီးခဲ့တဲ့လေးနှစ် ကမ္ဘာ့ဖလားပွဲမှာ ဘယ်ဗေဒင်ဆရာ၊ နတ် ဆရာတို့၏ ခန့်မှန်း ချက်မှမမှန်ဘဲ စားသောက် ဆိုင်တစ်ခု ရှိ ရေဘဝဲ ပေါလ် တစ်ကောင်သာ ပွဲစဉ်အစအဆုံး ခန့်မှန်းမှု မှန်ကန် ခဲ့၍ ယခုနှစ်ကမ္ဘာ့ ဖလား ဘောလုံးပွဲတွင် ဗေဒင် ဆရာများ၊ နတ်ဆရာများ လည်း သူတို့ခန့်မှန်းချက် ဒက်ထိမှန် အောင် တိရစ္ဆာန်ခဏဖြစ်ချင်ကြောင်းလည်း သိရပါတယ်ရှင့်။မြန်မာ့မော်ဒယ်ထိပ်ခေါင်၊ ကလေး နှစ်ယောက်အမေ၊ ကြော်ငြာ မင်းသမီး လည်း သူနှင့်ကော လာ ဟလ ထွက်နေ သော ပုဂ္ဂိုလ်၏ အသိုင်းအဝိုင်းနှင့် ပွဲထွက် စိပ်လာနေ ပါတယ်။ အရှေ့တောင် အာရှ၏ Body Building Champion-ships ပွဲကြီး တွင် ကြွက် သားတောင့် တင်းလှပမှု၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့ကို ပြသ ခဲ့သော အမျိုး သမီးများကို အား ကျသဖြင့် မိန်းကလေးများ အလှမပြင်ဘဲ အလေး မနေကြ၍ အလေးမ အားကစား ခန်းမမှာ အမျိုးသားကြွက်သားရှင်များ နေရာပင် လုလုပ်နေရကြောင်း မိန်းမလျာရပ်ကွက် ကတော့ ဒါမျိုးမကြောက်လို့ ရွာရိုး လျှောက်နေသော မြန်မာမျိုး အခြောက်များဖြင့် သာ ပြ ည့်နေပြီလို့ သိရပါတယ်။နေ့လယ်ခင်းပိုင်းတွင် တစ်ကမ္ဘာလုံး ဖေ့ဘွတ်ခေတ္တရပ်သွား၍ ကမ္ဘာ ပေါ်တွင် ပွက်လောရိုက်ခဲ့ရသော်လည်း တစ်ချိန်လုံး အဝိုင်းလည်ေ နတာ သာ တွေ့နေရသော မြန်မာ့ဖေ့ဘွတ် Fan  များမှာ အင်တာနက်လိုင်း ပြတ် သည်ကို လုံးဝမသိရှိလိုက်ရဘဲ လိုင်းတက်လာနိုး တက်လာနိုးဖြင့် ကိုယ့်ဖုန်း ကိုယ်ပွတ် ပြီး အေးချမ်းနေခဲ့ကြောင်း သိရပါတယ်။မိုးကြီးသည့် နံနက်ခင်းတစ်ခုတွင် တစ်ကိုယ်တော်ဆန္ဒပြခဲ့သော မိုးကြီး ဇွန်မှာ ယခုတစ်လအတွင်း စိတ်ဝင်စားစ ရာဖြစ်ခဲ့သည့် အပြင် ”သူ့ကို ကျ တော့ ဘာကြောင့်ဓာတ်ကြိုးပြုတ်မကျတာလဲ” ဆိုတာကိုလည်း စိတ်ဝင်စား နေကြပါတယ်။Night Club တစ်ခု၏ အိမ်သာခန်းတွင် အမူးလွန်ကာ အန်ရင်း အိပ် ပျော်သွားသော မင်းသမီးသတင်းကို သတင်း အမှောင်ချထားကြသော် လည်း ပြန်လည်ဖြေရှင်းလျှင်တောင် ထုံးစံအတိုင်း ”အမူးလွန်လို့ အန်တာ မဟုတ်။ ကိုယ်ဝန်ရှိလို့ အန်တာ”လို့ပဲလိမ်ပြောဦးမလားလို့ သိရှိချင်နေကြပြန်ပါတယ်။အွန်လိုင်း site တစ်ခုမှ တစ်ခုလပ် မင်းသမီးနှင့်တစ်ခုလပ်ဟု အတိ အလင်း မပြောသေးေ သာမင်းသားတို့၏ရင်းနှီးလွန်းနေတဲ့ ပုံကို အမိအရ တင်လိုက်ပြီး ကမ်းခြေတွင် မင်္ဂလာ ဧည့်ခံပွဲလုပ်ခဲ့သော အနုပညာရှင်၏ ပွဲ ၌ ၄င်းတို့နှစ်ဦး ၏ နေထိုင်ပြုမူပြပုံများ သည် ကောလာဟလကို  အတည်ပြုပေးခဲ့ သကဲ့သို့ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ် နေတယ် လို့သိရ ပါတယ်။ ဒီကြားထဲ နာမည်ကျော် ဟန်းနီး မွန်း ကြော်ငြာစာတမ်း တစ်ခုလည်း ထွက် ပေါ်လာပါတယ်။ကမ္ဘာတစ်လွှားမှ မယ်စကြဝဠာ ပြိုင်ပွဲဝင် များရဲ့ပုံများကိုကြည့်ပြှီး မြန်မာအတွက် အားမရှိ ကြောင်း ဝေဖန်မှုများထွက် ပေါ်နေပြီး မင်းသ မီး၊ မော်ဒယ်၊ Miss များ ၏နောက် ကွယ်မှအချို့သော မိခင်၊ နောက် လိုက်များမှာ ကြက်တူရွေးကတော်တော်မယ်တော်ကကဲကဲဖြစ်ကာ ရောဂါရေချိန်မြင့်တက် နေကြောင်း မခံနိုင်သူများ ရပ်ဝန်းက သတင်းပေးပို့ လာပါတယ်ရှင့်။
တိုးတက်လာချက်ကတော့
မြန်မာ ယောက်ျားလေးမှန်ရင် ရတနာဝင်းထိန် ကိုသိကြတာ ချည်းပဲလို့ မောင်တောက်တီးတော့ ထင်သဗျ။ ရန်ကုန်မှာသာမက မန္တလေး၊ မော်လမြိုင်၊ ပြည်အစရှိတဲ့ မြို့ကြီးေ တွမှာလည်း ရတနာဝင်းထိန် စာအုပ်တွေရှိသဗျ။ သူ့စာအုပ်တွေကို ရိုက်ကြသလောက်၊ မိတ္တူပွားကြ သလောက်သာ သူ့ကို စာမူခ မှန်မှန်ကန်ကန်ပေးကြမယ်ဆိုရင်ဖြင့် ရ တနာဝင်းထိန်တို့ သူဌေးဖြစ် တာကြာပေါ့လေ…။ မြန်မာနိုင်ငံရဲ့ ပြိုင်ဘက်မရှိ အပြာစာရေးသူကြီးပဲ ဥစ္စာ…။ သို့သော် ရတနာဝင်းထိန် ကိုယ်တိုင်ဟာ အဲဒီဂုဏ်ပုဒ် ကို ကျေကျေနပ်နပ်ကြီး လက်ခံခဲ့တယ်ဗျ။ အပြာ စာအုပ်ရေး ပြီး နိုင်ငံရေး လိုလို၊ တော်လှန် စာပေလိုလို တော်လှန် အနုပညာ လိုလို မလုပ်ခဲ့ဘူး။ သူကွယ်လွန် သွားတော့ နာရေးကြော်ငြာမှာလည်း ရတနာဝင်းထိန်ဆိုတဲ့ ကလောင်နာမည် ကို အတိအလင်းဖော်ပြခဲ့ပါသေးတယ်။ ကျန်ရစ် သူမိသား စုအနေနဲ့ လည်း ရတနာဝင်းထိန်ဆိုတဲ့ ကေ လာင်ကို ကျေကျေနပ်နပ် လက်ခံတယ်လို့ ထင်ရ ပါတယ်။ ဘယ်လိုပဲပြောပြော စာပေ လွတ်လပ်ခွင့်မရခဲ့တဲ့ ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာ ရတနာဝင်းထိန် စာအုပ်ေ တွ ပလူပျံခဲ့တာကိုတော့ ဘယ်သူမှ ငြင်းလို့မရပါဘူးလေ။ အဲ…ခုတော့ကာ စာပေလွတ်လပ် ခွင့်တွေရပြီ၊ စာပေစိစစ်ရေးလည်း မရှိတော့ဘူး ဆိုတဲ့ခေတ်ကိုရောက်တော့ မှ တော်လှန်စာပေ လိုလို၊ တော်လှန် အနုပညာလိုလို နိုင်ငံရေးလိုလိုနဲ့ အပြာစာအုပ် တစ်အုပ်ထွက် လာသဗျ။ မောင်တောက် တီးတို့လည်း အစကတော့မသိပါဘူး။ လူပြော သူပြောများ လာတော့မှရှာ ဖတ်ကြည့်တော့ လိင်ဆက်ဆံတဲ့ကိစ္စတွေကို ဗရမ်းပတာ ရေး ထားတာမှန်း သိရတော့တယ်။ ဒါပေမဲ့ နိုင်ငံတကာ စာရေး ဆရာကြီး တွေနဲ့ တန်းလိုက်ညှိလိုညှိ၊ နိုင်ငံရေး စာသားလေး ဟိုတစ်စသည်တစ်စ ထည့်လို ထည့်နဲ့ ဟိုလိုလိုသည်လိုလိုလုပ်ထားသဗျ။ မရဲဘဲနဲ့ ကျွဲပြဲစီးတဲ့ သဘောပေါ့ဗျာ။ အဲ…သိပ်မကြာပါဘူး။ အဲသည် စာအုပ်ဟာ လက်ရှိ ပုံနှိပ်/ထုတ်ဝေဥပဒေ၊ ရာဇသတ်ကြီးဥပဒေတွေနဲ့ ငြိနေတာကြောင့် သက်ဆိုင်ရာက အရေးယူဖို့ အမှုဖွင့်လိုက်တယ်ဆိုတာကို ကြားရတော့တာပါပဲဗျား။ သေသေချာချာစဉ်းစားကြည့်တော့ ရတနာ ဝင်းထိန်က သူ့ကိုယ်သူ အပြာစာရေးတဲ့သူဆိုတာကို ရဲရဲတင်းတင်း ဝန်ခံ ခဲ့ပေမဲ့ ခုတစ်ယောက် ကတော့ရတ နာဝင်းထိန်လောက်တောင် သတ္တိမရှိဘူး ဆိုတာကိုတွေ့ရသဗျ။ အင်း…ဆင်ဆာဘုတ်တွေမရှိတဲ့ခေတ် မြန်မာနိုင်ငံ မှာ တိုးတက်ပေါ်ထွက် လာချက်တွေ ကတော့ သရဲ ရုပ်ရှင်တွေနဲ့ အပြာ စာပေ တွေ လို့တောင် ပြော ရမလိုဖြစ်နေ ပါရောလားဗျာ။
လူ့ရဲ့ စိတ်ဟာဆန်းကြယ်
လူတစ်ယောက် ဟာစဉ်းစားဖို့ အချိန်မရှိရင် လိမ်မပြောနိုင်ဘူးလို့ စိတ်ပညာ ကဆိုထား တယ်ခင်ဗျ။စကာြးေ ပာရင် မြန်မြန်ထက်ထက် ပြောတတ် တဲ့သူတွေဟာ လိမ်ပြောတဲ့ ရာခိုင်နှုန်း နည်းပြီးတော့ အချိန်ဆွဲ ပြီး ပြောတတ်သူတွေဟာ အမှန်ကိုဖုံးကွယ်ဖို့အတွက် အချိန်ယူနေတာ ကြာတာလို့လည်း စိတ်ပညာ သုတေ သီတွေက ပြောကြပါတယ်။မောင်တောက်တီးတို့ စိတ်ပညာ သင်တုန်းကဆိုရင် ဆရာကကစား နည်းလေး တစ်ခုနဲ့ တစ်ဖက်လူရဲ့ အတွင်းစိတ်ကို သိနိုင်ကြောင်း သင်ပြပါသဗျ။ တစ်ဖက်လူ ကို မေး ခွန်းလေးတွေမေး ရမယ်။ မေးခွန်းဆိုတာကလည်း ရှည်ရှည်ဝေးဝေး မဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်က အရာ ဝတ္ထုတွေ ကိုပဲ ပြောရမှာ။ ဥပမာ ရေပုံး၊ ကွန်ပျူတာ၊ စာအုပ် ၊ ကြောင်၊ ခွေး၊ ကြွက် စသည်ဖြင့်ပေါ့ ။ ဖြေတဲ့သူကလည်း ချက်ချင်းပြန်ဖြေရတယ်။ ဆိုပါစို့….လူနှစ်ယောက် အမေးအဖြေ လုပ်ကြပြီဆိုပါစို့။မေး – ရေပုံး၊ ဖြေ – ရေ ခပ်မယ် ၊ မေး- ကွန်ပျူတာ၊ ဖြေ – ဂိမ်းကစားမယ်၊ စာအုပ် – မဖတ် ဘူး စသည်ဖြင့်ပေါ့ဗျ။ စဉ်းစားချိန်မရှိဘဲ ချက်ချင်းပြန်ဖြေရတာ ကြောင့် သူ့စိတ်ထဲမှာ ရှိတာကို အမှန်အ တိုင်းသိနို င်ပါတယ်။ မြန်မာလို လွှတ်ခနဲပြောလိုက် မိတယ်ဆိုတာကို တစ်ဖက်လူဆီက ထွက်လာအောင် လုပ်ယူတာပါပဲ။ အဲ…မေးခွန်းတွေဆင် တဲ့အခါမှာတော့ အတတ် ပညာေ လးလိုသဗျ။ ပတ်ဝန်းကျင် မှာရှိနေကျ သာမန်ပစ္စည်းတွေကိုပဲ ဆက်တိုက်မေးသွားပြီးမှ ကိုယ်သိချင်တဲ့ ကိစ္စ နဲ့ပတ်သက်တဲ့အရာ ကိုမေးရ တယ်။ဆိုပါစို့ လူတစ် ယောက်နဲ့ ပတ်သက်လို့ ခင်ဗျားမေး မယ့်သူ စိတ်ထဲမှာ ဘယ်လိုသဘောထား လဲ သိချင်တယ်ဆိုပါ စို့။ အရင်ဆုံး ပတ်ဝန်းကျင်မှာ ထိတွေ့ နေ ကျပစ္စည်းေ တွကိုမေးပြီးမှ အဲဒီလူနာမ ည်ကိုရုတ်တရက် မေးလိုက်ရတယ်။ ရေပုံး၊ ကွန်ပျူတာ၊ စီစီတီဗီ၊ ရေခဲသေတ္တာ၊ မုန့်ဟင်းခါးအစ ရှိသည် ဖြင့် မေးပြီးတော့မှ ‘တောက်တဲ့မ’ပေါ့ဗျာ..ဒီလိုရုတ်တ ရက် မေး လိုက်ရင် ဖြေတဲ့သူက သူ့စိတ် ထဲရှိနေ တဲ့အတိုင်း လွှတ်ခနဲပြောလိုက်မိမှာပဲ။ ကျွန်တော်တို့တစ်တွေ အဲသလိုမေးကြတဲ့အခါမှာ အတန်း ထဲက ကောင်မလေး တစ်ယောက် နာမည်ကိုဖြတ်မေး လိုက်တော့ ဖြေတဲ့သူက ‘အရမ်းချစ်တယ်’ လို့လွှတ်ခနဲပြန်ပြော လိုက်တာကစပြီး နောက်ပိုင်းမှာ ချစ်သူတွေ ဖြစ်သွားကြရာက ခုဆို သားသမီးတွေေ တာင် တော်တော်ရနေကြပါ ရောလားဗျာ။ အင်မတန် စိတ်ဝင်စား ဖို့ကောင်းတဲ့ နည်းလေးပါ။ စမ်းကြည့် တိုင်းလည်း တစ်ဖက်လူရဲ့ စိတ်ကို သိရတာချည်းပါပဲ။ အင်တာဗျူး လုပ်နေရတဲ့ သတင်းသမားေ တွသိထားသင့်တဲ့ နည်းလေးပါပဲ။ အဲသည်နည်းလေးကို ပြန်စဉ်းစားနေရင်းနဲ့မှ ဖေ့စ်ဘွတ်ကို ဖွင့်ကြည့် လိုက်တော့ ”ကျဆုံးတပ်မတော်  သားထောက်ပံ့ကြေးမှာ ဂျနီဖာလို ပက်ဇ်ရဲ့ တင်ပါးတစ်ခြမ်း အာမခံထားရှိမှု မျှသာရှိ” လို့ လွှတ်တော် ကိုယ်စားလှယ်ကြီး တစ်ယောက်က ဖြေထားတာကို တွေ့လိုက်ရတော့ စိတ်ထဲကနေကြိတ်ပြီး ပြုံးလိုက်မိသဗျ။
ဟီးဟီး….။ လူ့စိတ်ဟာ အင်မတန်ဆန်းကြယ်လှသနော်…။
အညောင်းထိုင်သူတွေပြုလုပ်နိုင်မယ့် ယောဂလေ့ကျင့်ခန်း
$
0
0
ဒီနေ့ခေတ် ကာလမှာ အညောင်းထိုင်ပြီး အလုပ်လုပ် နေရသူတွေ အများအပြား ရှိပါတယ်။ ဒါကြောင့် အညောင်းထိုင် ရသူတွေ အဆင်ပြေစေမယ့် ယောဂလေ့ကျင့်ခန်းပုံစံ များကို ဖော်ပြပေး လိုက်ပါတယ်။ ဒီလေ့ကျင့်ခန်း ပုံစံတွေက သင်တန်းအထိ သွားစရာမလိုဘဲ မိမိရဲ့အလုပ်စားပွဲ နေရာမှာတင် ပြုလုပ်လို့ရနိုင်ပါတယ်။ သင့်ရဲ့ အာ ရုံကြောတွေ အညောင်းအညာပြေစေဖို့ လေ့ကျင့်ကြည့်ကြပါစို့နော်။ ယောဂလေ့ကျင့်ခန်း များကို ကူညီပြသပေးသူကတော့ ယောဂဆရာမ ဂျင်းနီပဲ ဖြစ်ပါတယ်။
(၁) ခေါင်းလေ့ကျင့်ခန်း
  • ခန္ဓာကိုယ်ကို ခပ်မတ်မတ်အနေအထား ဖြင့် ထိုင်ခုံမှာ ထိုင်ပါ။
  • ပြီးရင် အသက်ရှူထုတ်မယ်။ ဦးခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်မယ်။ ရှူသွင်းမယ်။ ခေါင်း ကို မူလအတိုင်း ပြန်ထားမယ်။
  • ရှူထုတ်မယ်။ ခေါင်းကို အနောက်ကို ဖြည်းဖြည်းချင်း လှန်လိုက်မယ်။ ရှူသွင်းမယ်။ မူလအတိုင်း ပြန်ထားမယ်။
  • ရှူထုတ်မယ်။ ဘယ်ဘက်ကို စောင်း လိုက်ပါ။ ရှူသွင်းမယ်။ မူလအတိုင်း ထားလိုက် ပါ။
  • ရှူထုတ်မယ်။ ညာဘက်ကို စောင်းလိုက် မယ်။ ရှူသွင်းမယ်။ မူလအတိုင်း ထားလိုက် မယ်။
  • ရှူထုတ်မယ်။ ဘယ်ဘက်ကို လှည့် လိုက်ပါ။ ရှူသွင်းမယ်။ မူလအတိုင်း ပြန်ထား မယ်။
  • ရှူထုတ်မယ်။ ညာဘက်ကို လှည့်လိုက်ပါ။ ရှူသွင်းမယ်။ မူလအတိုင်း ပြန်ထားမယ်။
အကျိုးကျေးဇူး
ဒီလေ့ကျင့်ခန်းက လည်ပင်းနဲ့ပခုံးမှာရှိတဲ့ အကြောတွေကို ပျော့ပျောင်းလာစေပြီး သွေး လည်ပတ်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
(၂) ဘေးဘက်ကို ဆွဲဆန့်ခြင်းလေ့ကျင့်ခန်း
  • ထိုင်ခုံပေါ်မှာ ကျောဆန့်ဆန့်ထားပြီး ထိုင်ပါ။
  • အသက်ရှူသွင်းမယ်။ ဘယ်ဘက်လက်ကို မြှောက်လိုက်မယ်။
  • ရှူထုတ်မယ်။ ခန္ဓာကိုယ်ကို ညာဘက်သို့ စောင်းလိုက်ပါ။ (မိမိတတ်နိုင်သလောက် အနေ အထားလောက်ပဲ လေ့ကျင့်ပါ။) ပြီးရင် ပုံမှန် အတိုင်း ပြန်နေပြီး လက် ကို ပြန်ချပါ။
  • နောက်တစ်ဖက် လေ့ကျင့်ကြည့်ရအောင် ပါ။ ရှူသွင်းမယ်။ ညာဘက်လက်ကို မြှောက်လိုက် မယ်။ ရှူထုတ်မယ်။ ခန္ဓာကိုယ်ကို ဘယ်ဘက်သို့ စောင်းလိုက်ပါ။ ပြီး ရင် မူလအတိုင်း ပြန်နေပါ။
အကျိုးကျေးဇူး
ဒီလေ့ကျင့်ခန်းက ခါးဘေးတစ်လျှောက်မှာ ရှိတဲ့ အဆီတွေကို ကျစေပြီး ခန္ဓာကိုယ်ကို ပိုပြီး လှပစေပါတယ်။
ကျောရှေ့သို့ ကွေးညွတ်ပုံစံ
  • ထိုင်ခုံပေါ်မှာ ကျောဆန့်ဆန့်ထားပြီး ထိုင်ပါ။ ခြေထောက်နှစ်ချောင်းကို ရှေ့သို့ ဆန့် ထုတ်ထားပါ။ အသက်ရှူသွင်းပါ။
  • ပြီးနောက် အသက်ရှူထုတ်မယ်။ ခန္ဓာ ကိုယ်ကို အထက်ပိုင်းကို ရှေ့သို့ကွေးချပါ။ (မိမိ တတ်နိုင်သလောက် အနေအထားလောက်ပဲ လေ့ကျင့်ပါ။)
အကျိုးကျေးဇူး
ကျောကုန်းတစ်လျှောက် အကြောများကို ပျော့ပျောင်းစေပြီး ခန္ဓာကိုယ်ကို ပေါ့ပါးစေပါ တယ်။
ထောင့်မှန်ပုံလေ့ကျင့်ခန်း
  • ကြမ်းပြင်တွင် ခြေစုံရပ်ပြီး ဒူးစုထားပါ။ ကျောကိုလည်း မတ်မတ်ထားပါ။
  • အသက်ရှူသွင်းမယ်။ လက်နှစ်ဖက်ကို ဦးခေါင်းရဲ့ အထက်သို့မြှောက်ပါ။ တံတောင်နှစ်ခု ကို ဆန့်ဆန့်ထားပြီး ပခုံးနှစ်ဖက်ကို ဖွင့်ထားပါ။
  • အသက်ရှူထုတ်မယ်။ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ၉ဝ ဒီဂရီကွေးညွတ်လိုက်မယ်။ လက်ကို အရှေ့ခုံပေါ်သို့တင်လို့ရပါတယ်။ (ခုံကို အထောက်အကူပစ္စည်းအနေနဲ့ အသုံးပြုလို့ရပါ တယ်။)
အကျိုးကျေးဇူး
ဒီလေ့ကျင့်ခန်းက ဗိုက်မှာရှိတဲ့အဆီတွေကို ကျစေပြီး ကျောကုန်းတစ်လျှောက် အညောင်း အညာပြေစေပါတယ်။
ခြေတစ်ဖက် ကျောရှေ့သို့ ကွေးညွတ်ပုံစံ
  • ကြမ်းပြင်ပေါ်မှာ မတ်မတ်ရပ်ပါ။
  • ဘယ်ဘက်ခြေထောက်ကို ခုံပေါ်သို့ တင်ပါ။
  • အသက်ရှူသွင်းမယ်။ လက်နှစ်ဖက်ကို ခေါင်းအထက်ပိုင်းကို မြှောက်ထားပါ။
  • အသက်ရှူထုတ်မယ်။ ခါးကစပြီး ခန္ဓာ ကိုယ် အထက်ပိုင်းကို ဖြည်းဖြည်းချင်းကွေးညွတ် မယ်။ (မိမိတတ်နိုင်တဲ့ အနေအထားအထိပဲ ကွေးညွတ်ပါ။)
  • ယောဂလေ့ကျင့်တဲ့အခါမှာ အတင်းလုပ်ယူ တာမျိုးမလုပ်ဘဲ ကိုယ်တတ်နိုင်တဲ့အနေအထား အထိပဲ ဖြည်းဖြည်းချင်း လေ့ကျင့်သွားပါ။
အကျိုးကျေးဇူး
ဒီလေ့ကျင့်ခန်းကတော့ အထိုင်များလို့ ခြေသလုံြး<ွကက်သားကြီးမှာ စိုးရိမ်တဲ့သူတွေ ပြုလုပ်နိုင်ပါတယ်။ ခြေသလုံးကြွက်သားတွေ အတွက် ကောင်းမွန်သလို ပေါင်နှင့်ေ ကျာ တစ်လျှောက်မှာရှိတဲ့ အကြောတွေကို ပြေလျော့ စေပါတယ်။
အိအိထွေး
Viewing all 1097 articles
Browse latest View live