Quantcast
Channel: Yati Magazine
Viewing all articles
Browse latest Browse all 1097

Music Plus Yati

$
0
0

“လင်းမီးထက်  ( သို့ ) မီးလျှံဒိုင်နိုဆောကြီး”

‘ လင်းမီးထက်’ သူဟာ ၉ဝပြည့်လွန် နှစ်တွေတုန်း က ‘နာရီဆိုး များအောက်’ ဆိုပြီး အခွေ ထွက်ဖူးတယ် တိတ်ခွေကို စဖွင့်ပြီး ၃ပုဒ်လောက် နားထောင်မိတာ နဲ့ ခင်ဗျား နားထဲ သံရည်ကျို စက်ရုံက အသံတွေ မီးဟုန်တွေလို ပူထူပြီး ကြက်သီးမွှေးညှင်းတွေ ထောင်လာလိမ့်မယ်

Oh ဘုရားသခင် ဘယ့်နှယ့် ဂီတမျိုးပါလိမ့် အဲဒီခေတ်က ဒီလို တစ်ခွေလုံး Heavy အဖြစ်ဆုံးနဲ့ Metal ဆန်တာမျိုးမရှိဘူး လုံးဝ မရှိဘူး ( ချမ့်ခိုင် နဲ့ နိုင်းအာရာ တို့လည်း Metal ဆန်ဆန်တွေ ထွက်ခဲ့ဖူးပေမယ့် သူ့လောက် Vocal မပီပြင်ဘူး၊  ဒါက ကျနော့် အမြင်သက်သက်ပါ)

တကယ်ပါ ခင်ဗျား တို့ကို နားထောင် စေချင်တယ် နားထောင် ပြီးသွားရင် ခင်ဗျား အခု ဒီမှာ Hi-Pitch တွေ ဖြဲနိုင်ဆုံး အအော်နိုင်ဆုံး လို့ ထင်ထားတဲ့ အဆိုတော် ဟာ ဒုတိယနေရာ ကို တန်း ရောက်သွား လိမ့်မယ် (ဒီစကားက ဂီတဂုရု များကို မဆိုလိုပါဘူး သီချင်း Crazy  ခံစားနှစ်သက် သူများအတွက်သာ) Metal Guitarist ဆရာ ညီညီထွေး ကလည်း ပြောပါတယ်

“ငါ ပိုက်ဆံရှိရင် ဒီဘဲကြီးကို အခွေထုတ်ပေးချင်တာကွ” ဒါဆို ခင်ဗျား သူ့အရည်အချင်းကို ခန့်မှန်းလို့ ရပါတယ်။ မီးလျှံဒိုင်နိုဆောကြီး ‘လင်းမီးထက်’

ဒါဆို ခင်ဗျား သူ့အရည်အချင်းကို ခန့်မှန်းလို့ ရပါတယ်။

သူ့ခွေထဲက Original Band တွေလည်း ကြည့်လိုက်ဦး
Motor Headç  Alcatrazzç Anthrax
Judas Priestç  Massç Cinderella  . . .

တကယ်ပါ လက်ကုန်တယ်။

၁၉၉ဝ ပြည့်လွန်နှစ်တွေမှာ မန္တလေး အောင် ပင်လယ်ကန်ဘက် ဆံပင် ရှည်ကြီးနဲ့ ပြိုင်ဘီး လေးစီးပြီး ညနေတိုင်း လွင့်လာတဲ့ လူကို ခင်ဗျား မြင်ဖူးရင် သေချာတယ်။ အဲဒါ လင်းမီးထက်ပဲ။ အဲဒီမှာ ညနေတိုင်းသူ ဘာလုပ်မယ်ထင်လဲ။ လေကောင်းလေသန့် ရတဲ့ အောင်ပင်လယ်ကန် နံဘေး ကို အဆို သွားကျင့်တာ။ မင်းတုန်းမင်း ခေတ် ဆိုရင် တော့ ဒီလူ မင်းပြ စ်မင်းဒဏ် သင့်မှာ သေချာပါ တယ်။ ဘာလို့ဆို ညနေတိုင်း အောင်ပင်လယ်မှာ လေကြီး မိုးကြီး တိုက်သလို၊ လက်နက် မိုင်းဗုံးတွေ ဖောက်ခွဲ စမ်းသပ် သလို သူ့အသံတွေ နဲ့ မြို့ကြီးကို တဝုန်းဝုန်း မြည်ဟည်းနေစေလို့ပါ။

ဘယ်လောက် အထိ အသံ အဆိုရင်ကို လေ့ ကျင့်ခဲ့သလဲ ဆိုရင် လည်ချောင်း ကွဲရှ သွားပြီး တံတွေးထွေးတိုင်း သွေးစတွေ ထွက်လာတဲ့ အထိ! သူက အဆိုသမားတွေ ကို နည်းကောင်းလေး ပေးခဲ့ပါသေးတယ်။ ရွှေမန်း ဦးတင်မောင်နည်း မြန်မာ့ ရှေးထုံးနည်း စစ်စစ်ပါ။ အဲဒီလို အဆိုကျင့် ရင်း မတော်တဆ လည်ချောင်း ကွဲသွားခဲ့ရင် ‘ထမင်းရည်’ သောက်ဖို့ပါ။ ထမင်းရည်ဟာ လည်ချောင်း ဆဲလ်တွေကို ပြန်လည် အားဖြည့်ရင်း ကောင်းမွန် လာစေတယ်လို့ သူယုံကြည်တဲ့ အကြောင်း မကြာ ခဏ ပြောဖူး တယ်။ ဒီနည်းဟာ ခင်ဗျားအိမ် က မားသားကြီး လေဒီကြီးတွေကို အနည်းငယ် ခေါင်းစားစေနိုင်ပေမဲ့ Ok မှာပါ။

သူ့ရဲ့ Music အပေါ် ရူးသွပ်မှုတွေဟာ ကြောက်စရာ ကောင်းလှတယ်။ မန္တလေး ရုပ်သေး ရုပ်ပွဲတွေမှာ ဂစ်တာ လိုက်တီးဖူးတယ်။ ဒါ ဘယ် လိုမှ မလွယ်တဲ့ အလုပ်ပါ။ ရုပ်သေးရုပ် ရဲ့ လှုပ်ရှား မှုဟန်တိုင်းကို ဂစ်တာနဲ့ လိုက် သရုပ်ဖော်ပေးဖို့ ဆိုတာ…။ အဆောင်တွေ ရှေ့မှာလည်း နှစ်ပေါက်အောင် ဟယ်ရီလင်း သီချင်းတွေ ဂစ်တာ တီးပြီး အော်ဆိုတာ များတော့ တစ်ရက်မှာ သူတို့ ဘော်ဒါတွေ အဆောင် ကနေ ဂစ်တာတီးပြီး အပြန် ဆံပင် အရှည်နဲ့ ဘဲကြီး တစ်ပွေဟာ သူတို့နောက် ကို ဆိုင်ကယ်နဲ့ လိုက် လာသတဲ့ . . .နောက်နေ့ မနက် မှာ အဲဒီလူကြီးဟာ သူ့အိမ်ကို ပေါက်ချလာပြီး

”ညီလေး ငါ မင်းအသံကို ကြိုက်တယ်။ မင်းကို အခွေ ထုတ်ပေးမယ်။ မင်း အထုပ်အပိုးတွေ ပြင်ပြီး ရန်ကုန်လိုက်ခဲ့” အဲဒီလို ပြောသတဲ့။ အဲဒီလူဟာ အဆိုတော် ‘ဟယ်ရီလင်း’ ပါပဲ။ အဲဒီလို ဒဏ္ဍာရီက လည်း ဆန်လိုက်သေးတဲ့ ကျွန်တော် တို့ရဲ့ လင်းမီးထက်ပါ။

ရန်ကုန် Oasis Studio မှာ တစ်ခွေလုံး ၁၂ပုဒ်ကို ၂ရက် တည်းနဲ့ အပြီးဆိုခဲ့ သွင်းယူခဲ့လို့ အားလုံး မျက်လုံး မျက်ဆန်ပြူးပြီး အံ့ဖွယ်သရဲ ဖြစ်ခဲ့ ရပါသေးတယ်။ သူဟာ ဂီတ အပေါ် လေးနက် ပီပြင်စွာ ရူးသွပ်သလို လက်တွေ့ ကျကျလည်း ကျင့်ကြံ ပြောဆိုတတ်တဲ့ သူပါ။ အနုပညာနဲ့ ပတ်သက်လို့ တခြား ဖောင်ဒေးရှင်းတွေ ရှိပေမဲ့ Music Department တွေလည်း ဒီနိုင်ငံမှာ ရှိစေချင်တာ ဖြစ်ထွန်းစေ ချင်တာ သူ့စေတနာပါ။ အဆို တော်တဲ့ သူတွေ၊ အတီးသမား အသစ်တွေကို ပရိသတ်နဲ့ ထိတွေ့ပေးမယ့်၊ အခွေ ထုတ်ပေးမယ့် ပရိုဂျူဆာကြီးတွေပေါ့။ အခုတော့ ကမ္ဘာ့ အဆင့်အတန်း မီတဲ့ အဆို သမားတွေ၊ အတီးသမားတွေ၊ Band တွေ ရှိရက်နဲ့ Underground ပဲ ဖြစ်နေရတဲ့ လူငယ်တွေကို မြေပေါ် ကိုရောက်ဖို့ ဆွဲတင်ပေး ကြဖို့ Underground Band တွေ ရှေ့မရောက် ရခြင်းဟာ ပရို ဂျူဆာ တွေကြောင့် မို့ဆိုပြီး ရဲရင့် ပြတ်သားစွာ အကြံပေး စကားတွေ ဆိုတတ်တဲ့ သူ။

အခုအချိန်ထိ သူဟာ Music ရေစီးကို မျက်ခြည်ပြတ် မခံသလို သူကိုယ်တိုင်လည်း Vocal ကို ပါဝါ ကျမသွားအောင်၊ သက်လုံကောင်း အောင် လေ့ကျင့် သီဆိုရင်း၊ သီချင်းတွေ ရေးရင်း သူ Home Studio ထဲမှာ သီချင်းတွေကို နေ့စဉ် Creation လုပ်နေတဲ့ ဂီတသမား တစ်ယောက် ဖြစ်တယ်။ မတ်လ ၃ ရက်နေ့ က ကျင်းပပြုလုပ် ခဲ့တဲ့ Mandalay Guitar Workshop မှာ ဆရာ ညီညီ ထွေးနဲ့ အပေးအယူ မျှတစွာ ချိတ်ဆက်ရင်း စဖြဲ တဲ့ သီချင်း ကလည်း ကြည့်ဦး . . .

Yngwie Malmsteen ရဲ့ Rising Force ..။ သီချင်း Ending ရောက်ခါနီးမှာ Vocal ကို Pitch အနိမ့်အမြင့်တွေ လူးလွန့် တုန်ခါရင်း ကစား သွားလိုက်တာများ မိုးပေါ်က ကျီးကန်းတွေ လင်းနို့တွေတောင် ပြုတ်ကျတယ်။ ဆရာ ညီညီထွေး လက်တွေကလည်း သီချင်း Tempo အလိုက် ယိမ်းနွဲ့ပြေးလွှားနေ လိုက်တာ မီး ထတောက် မလား အောက်မေ့ရ။ နောက်ထပ် Speed တွေ Thrash ဆက်ဆို ဆက်တီးကြတော့ ကျွန်တော်တို့ လည်း ပေါက်မြောက် သွားပြီး သူတို့စည်းချက် နရီ အတိုင်း ဦးခေါင်းကြီးကို နတ်ဝင်သည်တွေလို ခါယမ်းနေ လိုက်တာ ပွဲပြီးချိန်ထိ မမောတမ်းပဲ ဗျာ။

သူ့ရဲ့ ရှေ့ဆက်မယ့် ဂီတ ခရီးလမ်းကြောင်းကို မေးမြန်း တီးခေါက်ကြည့် မိတဲ့အခါမှာတော့ . . သိပ်ကို ခမ်းနား ဆန်းသစ်တဲ့ Speed Metal တေး အယ်လ်ဘမ် တစ်ချပ် ဆရာ ညီညီထွေး နဲ့အတူ ဖန်တီးပြီးပြီ ဖြစ်တဲ့ အကြောင်း၊ ဒီနှစ်ထဲ အတွင်း ပရိသတ် လက်ထဲ အရောက် နှင်းအပ် ပေးဆပ်နိုင် ဖို့ ကြိုးစားနေတယ် ဆိုတဲ့ အကြောင်း၊ တေးအယ်လ် ဘမ် Title က”နတ်ဝင်သည် စကြဝဠာစီး ကြောင်း”

Woo! အရှိန်ပြင်းပြင်း  နတ်မြင်းပျံရိုင်းကြီး စီးနေရသလို ခံစားမှု အသစ်တွေ သူ ခင်ဗျားတို့ကို ပေးဆပ်မှာ အသေအချာ။
Okay!  ဒါ ကျွန်တော်သိထားတဲ့၊ လေးစား တဲ့၊ သိပ်ပြင်းထန်တဲ့ မီးလျှံဒိုင်နိုဆောကြီး…
လင်းမီးထက်  . .။

ဂျွန်


Viewing all articles
Browse latest Browse all 1097

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ကရဝေး စိုက်ပျိုးနည်း


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ချစ်စရာ့ မြန်မာ့ဓလေ့


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


မင်္ဂလာတောင်ညွန့် မြို့နယ် မီးလောင်မှုမှာ မီးငြိမ်းသတ်ရင်း အသက်စွန့်သွားကြတဲ့...


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်