Retire
Retire ဆိုတာ အလွယ်ပြော ရရင်တော့ အငြိမ်းစားပေါ့။ ပုံမှန်အားဖြင့်တော့ အစိုးရ ဝန်ထမ်း တစ်ယောက်က အသက် ၆ဝ ပြည့်ရင် အငြိမ်းစား ဘဝအဖြစ် နဲ့ ပင်စင်ပေး တယ်။ အဲဒီ ဝန်ထမ်းက ပင်စင် ယူပြီးရင် နောက်ထပ် ၂ နှစ် လောက် အကြံပေးခန့်တယ်။ အများဆုံး နှစ်နှစ် ပါပဲ။ အဲဒါ ပြီးရင်တော့ လုံးဝကို အငြိမ်းစား ဘဝ ဖြစ်ပြီပေါ့။ ဆရာလည်း အသက် ၆ဝ မှာ အငြိမ်းစား ယူတယ်။ နောက်ထပ် နှစ်နှစ်ကို အကြံ ပေးလုပ်တယ်။ မူအရ ကိုက်ညီတယ်။ ဒါပေမဲ့ လည်း လောကကြီးမှာ အရှိန်ဆိုတာ ရှိတယ်။ အငြိမ်းစား ယူတဲ့ အချိန်နဲ့ ကိုယ်ရဲ့ လုပ်အား အရှိန်က ကိုက်ညီတဲ့ အခါရှိတယ်။ မကိုက်ညီတဲ့ အခါ ရှိတယ်။ တချို့က ကျတော့ အငြိမ်းစား တောင် မယူရသေး ဘူး။ သူ့ရဲ့ လုပ်အားက အရှိန် လျော့နေပြီ။ ဒီတော့ သူက အငြိမ်းစား ယူဖို့ စောင့် နေတာမျိုး ရှိတယ်။ ပင်စင် ယူပြီးရင် ဘာလုပ်မယ် ဆိုတာမျိုးတွေ ကြိုတွေးထားတဲ့ သူတွေလည်း ရှိတယ်။ ဆရာက ကျတော့ အလုပ်တွေ အရမ်းကို လုပ်နိုင်ပြီး အလုပ် အရှိန်ကောင်းမှာ အငြိမ်းစား ယူရတာ။ အလုပ် လုပ်ချင်သေး တယ်ပေါ့။ ဒါပေမဲ့ ဝမ်းနည်း တာတော့ မဖြစ်ပါဘူး။ လူ့ဘဝဆိုတာ ကန့်သတ်ချက် ရှိတယ်။ ဘောင်ရှိတယ်။ ဥပဒေ စနစ်နဲ့ နေရတယ်။ အငြိမ်းစား ဆိုတာက လူ တချို့ အတွက်တော့ အလှည့် အပြောင်း ဖြစ်သွား တတ်တယ်။ ဆရာ့အတွက် တော့ အလုပ်တွေပို များများ လုပ်လို့ ရသွားတယ်။ အချိန်တွေ ပိုထွက် လာတယ်။ မလိုအပ်တဲ့ အလုပ်တွေကို လုပ်စရာ မလိုတော့ဘူး။ အကောင်းဆုံး အချက်က ဆရာက လွတ်လပ် သွားတာပဲ။ လွတ်လပ်မှု ဆိုတာ လူတစ် ယောက်ရဲ့ နှလုံးသား အာဟာရ အတွက် အရမ်း အရေး ကြီးတယ်။ လွတ်လပ်မှု ရှိတဲ့ နေရာမှာ လုပ်ရတဲ့ အလုပ်နဲ့ လွတ်လပ်မှု မရှိတဲ့ နေရာမှာ လုပ်ရတဲ့ အလုပ်နဲ့က quality ချင်း ကွာတယ်။ ဒါကြောင့် ဆရာက အငြိမ်းစား ဘ ဝ ကို ပိုပြီး မက်မော သွားတယ်။ ဒါကြောင့် ဆရာအငြိမ်းစား ယူပြီးနောက်ပိုင်းမှာ NGO တွေ၊ INGO တွေ၊ နောက်တခြား အဖွဲ့အစည်းတွေ က အလုပ်လုပ်ဖို့ ကမ်းလှမ်း တာတောင် ဆရာ မလုပ်ဘူး။ အငြိမ်းစား ယူပြီးစမှာတော့ ခဏ ယောင်တောင်တောင်လေး ဖြစ်သွားတယ်။ ဆရာက ၂ဝဝ၉ မေလမှာ အငြိမ်းစား ယူတယ်။ အဲဒီလို အချိန် မှာ ဆရာ ဘာ လုပ်လဲဆိုတော့ IT သုံးတယ်။ ဆရာက Computer ကို 1972 / 73 ကတည်းက သုံးတယ်။ ရုံးမှာ အလုပ် လုပ်စရာ ရှိရင်လည်း DTP, Power Point တွေနဲ့ အားလုံး ကိုယ်တိုင်ပဲ လုပ်တယ်။ လက်အောက်ငယ်သား ကို ဘယ် တော့မှ မခိုင်းဘူး။ အဲဒါက ဆရာ့ကို အငြိမ်းစား ယူပြီးချိန်မှာ အကျိုးထူးစေတာပဲ။ ဆရာ Internet ကနေ Data တွေရှိတယ်။ ကိုယ်တိုင် Website လုပ်တယ်။ Foundation ထောင်တယ်။ မြန်မာ ပြည် ရဲ့ ပထမဆုံး ပုဂ္ဂလိက Weather Website ကို ဆရာစ လုပ်တယ်။ Information & Education ကို ဆရာ Website ကနေပေးတယ်။ ဆရာ့ရဲ့ စေတနာ အရ လူတွေ သဘောကျ ကြတယ်။ အကျိုး ရှိကြတယ်။ ဆရာ က ဝန်ထမ်း ဘဝမှာ ပညာဝမ်းစာကို ပြည့်အောင် ဖြည့်တယ်။ တကယ် တတ်အောင် သင်တယ်။ အခက်အခဲတွေ တွေ့ခဲ့ ရင်လည်း စိတ်မပျက်ဘဲ ပိုကြိုးစားတယ်။ အတွေ့ အကြုံတွေရယ် ဆရာရဲ့ ပညာရယ်ပေါင်းပြီး အငြိမ်းစား ယူပြီးချိန်မှာ ဆရာလုပ်တယ်။ ဆောင်းပါးတွေ ရေးတယ်။ ဆရာရဲ့ အအောင် မြင်ဆုံး ကတော့ Facebook ပဲ။ IT နဲ့ဆရာက လူတွေ အကျိုး များအောင် လုပ်တယ်။ အခုတော့ ဆရာက Retire ဆိုတာကို မေ့တောင် နေပြီ။ ဝန်ထမ်း ဘဝတုန်းက လုပ်ခွင့် မရခဲ့ တာတွေ အခုမှ လုပ်ရတယ်။ ဝန်ထမ်း ဘဝတုန်းကတော့ လုပ်ချင် တာတောင် ဘယ်သူ့ ခွင့်တောင်းဦး။ ဘယ်ကို ပြောဦး။ အခုတော့ ဒါတွေ မလုပ်ရတော့ဘူး။ အခု နောက်ထပ် ဆရာက စာပေဟောပြောပွဲတွေ လိုက် ဖြစ်တယ်။ စာပေ အကြောင်းတော့ မဟုတ်ဘူး ပေါ့။ သဘာဝ ပတ်ဝန်းကျင်တွေ ရာသီဥတုတွေ အကြောင်း ပဲ ပြောတာပါ။ အခုတော့ ဆရာက New Life တစ်ခုကို တော်တော် ကျေနပ်နေတာ ပါ။
Reunion
Reunion ဆိုတာက ပြန်လည် ပေါင်းစည်း တာပါ။ ပြန်လည် ပေါင်းစည်းဖို့ ဆိုတာ ပြိုကွဲရပြီး မှ လုပ်ရတာပေါ့။ ဆရာက ကိုယ်တိုင် ကလည်း နိုင်ငံရေး မလုပ်။ အိမ်ထောင်ရေး ကလည်း မပြိုကွဲ တော့ ဆရာ့ ကိုယ်တိုင် မှာတော့ Reunion ဆိုတာ မရှိပါဘူး။ ကွဲကွာနေတဲ့ အရာ၊ မတူညီတဲ့ အရာ နှစ်ခုကို ပူးပေါင်းတာ ကို Reunion လို့ခေါ်တာ ပေါ့။ တိုင်းပြည် တစ်ပြည်မှာ အစိုးရ ရှိတယ်။ ပြည်သူ ရှိတယ်။ ဆရာတို့ တိုင်းပြည်မှာ ဆိုရင် ပြည်သူ ဆိုရင်တောင် ၈၈ တုန်းက ကျောင်းသား အုပ်စု ရယ် နောက် တစ်စုရယ် ကွဲနေသေးတာ။ ရိုးရိုးပြောရရင် ရန်သူပေါ့ကွယ်။ ဘယ်လို ပဲဖြစ်ဖြစ် အစိုးရကလည်း နိုင်ငံတော် အတွက်၊ ကျောင်းသား တွေက လည်း နိုင်ငံတော် အတွက်ပဲလေ။ ဒီတော့ ရည်မှန်းချက် အရတော့ တူကြတယ်။ ရည်မှန်းချက် တူတဲ့ သူတွေမှာ ဆုံချက် ဆိုတာရှိတယ်။ ဘုံဆုံတဲ့နေရာလေး မှာ နှစ်ဖက် လုံးနေလို့ ရပါ တယ်။ အဲဒီလိုနေတာကို လက်တွဲတာ လို့ခေါ် တာ။ ဒါ Reunion လို့ပြောလို့ရတယ်။ ဘုံဧရိယာ လေးတဖြည်းဖြည်း ကျယ်အောင် လုပ်တာ ကောင်း တာပေါ့။ ဆရာတို့ မြန်မာနိုင်ငံက အစကတည်းက ဝိဝါဒ ကွဲခြင်းတွေနဲ့ပဲ စခဲ့တာ။ ပြည်တွင်း စစ်တွေက ဖြစ်နေတုန်း။ သဘောထားတွေ ဆန္ဒတွေက ကွဲ နေကြ တုန်း ပဲ။ Reunion ဆိုတဲ့ Concept မထွန်းကားသ၍ ဆရာတို့ နိုင်ငံ ရှေ့ဆက်ဖို့က နှောင့်နှေးမှာပဲ။ နိုင်ငံရေး ပါတီတွေ ဘယ်လောက် များများ အားလုံး ကတော့ နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်တာကို ရည်မှန်းကြတာပါပဲ။ ဒီတော့ ဘုံ ဧရိယာလေးမှာ နေနိုင်ဖို့ ကြိုးစားတာ အကောင်း ဆုံးပါပဲ။
Restrict
Restrict ဆိုတာ ကန့်သတ်ချက်ပေါ့။ ကန့်သတ်တာကို လူတိုင်း မကြိုက်ကြဘူး။ ဒါပေမဲ့ ကန့်သတ်မှုတွေ ကလည်း မရှိလို့ မရပြန်ဘူး။ ဆရာ့ သူငယ်ချင်း တစ်ယောက် ဆိုရင် Restrict ကို လုံးဝ မကြိုက်ဘူးတဲ့။ ဘယ်လောက်ထိ မကြိုက်လဲ ဆိုရင် ဗလာ စာအုပ်မှာ မျဉ်းကြောင်း ရှိတာတောင် မကြိုက်ဘူးတဲ့။ များသော အားဖြင့် Artist တွေ Restrict တွေကို မကြိုက်ကြဘူး။ ဒါပေမဲ့ စကားပုံ ရှိတယ်လေ အကွပ်မရှိတဲ့ ကြမ်း ပရမ်းပတာ ဆိုတာ ရှိတယ်လေ။ ယခင် အတွေ့အကြုံ အရ ပိုပြီး quality ကောင်းဖို့ Restrict လုပ်သင့်တယ် ဆိုပြီး လမ်းညွှန်ချက် ချတာမျိုးကျတော့ အရမ်း တန်ဖိုးရှိတဲ့ Restrict ပေါ့။ ဆရာတို့က Restrict ဆိုတိုင်း ပယ်ရငြင်းရ မှာ မဟုတ်ဘူး။ တိုးတက် အောင်လုပ်တဲ့ ဟာကျတော့ လက်ခံရမှာပေါ့။ မြန်မာဆိုရိုး ရှိတယ်။ ”လမ်းရိုးဟောင်းတွင် ဆင့် ကာထွင်၊ သုတ်သင် ကာမျှ လွယ် ကာရ” တဲ့။ လမ်းရိုးကို မပြင်ရဘူး။ လမ်းရိုးမှာပဲ နည်းနည်း လေးထွင်ပြီး လုပ်လိုက်တာ နဲ့ အောင်မြင်နိုင်တယ်။ လမ်းရိုး ဆိုတာ အစဉ်အလာပဲ။ အစဉ်အလာ ဆိုတာ တစ်နည်းအားဖြင့် ပြောရရင် သတ်မှတ်ချက်ပဲ။ သတ်မှတ်တာတွေ အားလုံးက Restrict ပဲ။ စည်း နဲ့ဘောင်နဲ့ အလုပ် လုပ်တာကောင်းပါတယ်။ ဒီလို မဟုတ်တဲ့ Restrict မျိုးတွေလည်း ရှိတယ်။ အရာရာကို လိုက်ပြီး ထိန်းချုပ်နေတာ ကျတော့ လည်း မကောင်းဘူး။ ဒါမျိုး Restrict ကျတော့ တိုင်းပြည် အတွက်ရော၊ နိုင်ငံ အတွက် ကိုယ်တိုင် အတွက် လုံးဝမကောင်းဘူး။ ဆရာ့ အနေနဲ့ ပြောရရင် Restrict ကို မီးလို သဘော ထားပါတယ်။ ရှိတာ ကောင်းသလို၊ မကောင်း တာလည်း ရှိတယ်။ အသုံး တတ် ဖို့ပဲ လိုတာပါ။