ဒီတစ်လ မှာတော့ အကျိုးကျေးဇူး လည်း များ၊ ဟင်းလျာ တိုင်းနဲ့လည်း မပါ မဖြစ် တွဲဖက်ရ တဲ့ အသီး တစ်မျိုးကို တင်ပြ လိုပါသည်။ အသီး နီနီ ရဲရဲလေးတွေ ဆိုရင် ဟင်းချက် တဲ့ နေရာမှာပဲ ထည့် သုံးသုံး၊ အသီး ခပ်စိမ်းစိမ်းလေးတွေ ဆိုရင် အသုပ်လေး သုပ်စား လို့ အရမ်းကောင်းတဲ့ ခရမ်းချဉ်သီး ပဲ ဖြစ်ပါသည်။
သက်သေ အနေ နဲ့ ခရမ်းချဉ်သီး တစ်လုံးမှာ ပါဝင်တဲ့ အာဟာရ တန်ဖိုးတွေကို ဦးစွာတင်ပြလို ပါသည်။ 180 gram ရှိတဲ့ ခရမ်းချဉ်သီး တစ်လုံး၊ ခရမ်းချဉ်သီး ကြိတ် ရည် တစ်ခွက် မှာ -
Calorie – 32
Vit A – 49.9 %
Vit C – 32.8 %
Vit B6 – 8.2 %
Vit E – 6.4 %
Vit B3 – 6.6 %
Vit B1 – 5.8 %
Vit K – 15.8 % တို့အပြင် အခြားသတ္တု ဓာတ်များဖြစ်ကြသော
Molybdenum – 20 %
Copper – 12.2 %
Potassium – 12.1 %
Manganese – 10.5 %
Zinc – 2.8 %
Iron – 2.7 %
တို့ စုံလင်စွာ ပါဝင်နေကြောင်း ကို ကမ္ဘာ အနှံ့အပြားမှ အာဟာရသုတေသီ များက စာတမ်း အမျိုးမျိုးဖြင့် သက်သေပြပြီးဖြစ်ပါ သည်။
ခရမ်းချဉ်သီး ကို မြန်မာတို့ ဓလေ့အရ သုပ်စားခြင်း၊ ဟင်းချက်ရာမှ အနှစ်အဖြစ် ထည့်ချက် ခြင်း၊ ချဉ်ရည်ဟင်း တွင် အချဉ် ဓာတ်လေး ပိုကဲ အောင်ချက် စားခြင်း တို့ဖြင့် နှစ်ပေါင်း များစွာ ကတည်းက အသုံးပြုခဲ့ပါသည်။ အကျိုးကျေးဇူး များကို လက်လှမ်း မီသမျှ တင်ပြပေးချင် မိသဖြင့် ဒီဆောင်းပါးကို ရေးသားခဲ့မိပါသည်။
ပထမဆုံး အနေဖြင့် ခရမ်းချဉ်သီးဟာ anti oxidant ဒြပ်ပေါင်း များစွာ ပါဝင်နေကြောင်း သက်သေပြပြီး ဖြစ်ပါသည်။ Vitamin A သည် ထူးချွန် ထက်မြက် လှသော ကင်ဆာ ကာကွယ် သည့် သက်စောင့် ဓာတ်ဖြစ်သလို ခရမ်းချဉ်သီး မှာလည်း ပေါများစွာ ပါဝင်နေပါသည်။ ထို့ကြောင့် ခရမ်းချဉ်သီး နီနီရဲရဲ တစ်လုံးမှာ ကင်ဆာကို အပြည့် အဝ ကာကွယ်နိုင်ပါသည်။ ထို့ပြင် Vitamin C လည်း ကြွယ်ဝစွာ ပါဝင်သည့် အတွက် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း အဖြစ် အရေး ပါသကဲ့ သို့ ဆဲလ်များ ကို ပြန် လည် ပြုပြင် ပေးနိုင်ခြင်း ကြောင့် ဒဏ်ရာ အကျက် မြန်စေနိုင်ပါသည်။
ခရမ်းချဉ်သီး နီနီ တစ်လုံးရဲ့ နောက်ထပ် ထူးခြားတဲ့ စွမ်းအင် တစ်ခုမှာ နှလုံးရောဂါ ဖြစ်နိုင်ချေကို လျော့ကျနိုင်ပါသည်။ Niacin, Folate နှင့် Vit B6 တို့ ကြွယ်ဝစွာ ပါဝင်သည့် အတွက် နှလုံးရောဂါ ဖြစ်နိုင်ချေကို လျော့ချနိုင်ပါ သည်။ လေ့လာတွေ့ရှိချက် အရ ခရမ်းချဉ်သီးနှင့် ခရမ်းချဉ်သီးဖြင့် ပြုလုပ်ထားသော စားသောက် ဖွယ်ရာ များကို တစ်ပတ်တွင် ၁ဝ လုံးပမာဏ စားသော အမျိုးသမီး များသည် ၅ လုံးမျှသာ စားသော အမျိုးသမီး များထက် နှလုံးရောဂါ ဖြစ်နိုင်ချေ ၂၉ ရာခိုင်နှုန်း လျှော့ ချပေးနိုင် ပါ သည်။
ခရမ်းချဉ်သီး ဖျော်ရည် တစ်ခွက်ဟာ နာကျင် ရောင်ရမ်းမှုကို ဖြစ်စေတတ်သော TNF – alpha ဓာတ်ကို ၃၄ ရာခိုင်နှုန်းမျှ လျှော့ချပေးနိုင်သည်။ ထို့ကြောင့် နာတာရှည် အဆစ်ရောင် ရောဂါ၊ လေးဖက်နာ ရောဂါများကို သက်သာစေရုံမျှမက ထပ်မဖြစ်အောင်လည်း ကာကွယ်နိုင်ပါသည်။ ခရမ်းချဉ်သီး တစ်နေ့ တစ်လုံး ပုံမှန် စားသုံးသူများ သည် Alzheimer’s ဟုခေါ်သော သတိမေ့ရောဂါ ကို ကာကွယ်နိုင်ပါသည်။
အသားအရေကို ကြည်လင် လှပစေရုံမျှမက ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းချင် သူများ အတွက် ခရမ်းချဉ်သီးဟာ သဘာဝ ကပေးသော လက်ဆောင်တစ်ခု ပဲ ဖြစ်ပါ သည်။ Vit E အများ အပြား ပါဝင်သည့် အတွက် အလှအပကို တန်ဖိုး ထားသော ပျိုမေတို့ အတွက် နတ်ဆေး တစ်ပါးပဲ ဖြစ်ပါသည်။ သို့သော် ခရမ်းချဉ်သီး နှင့် ဓာတ် မတည့်သူများ၊ အစာချေ စနစ် အားနည်းသူများ အတွက်မူ အနည်းငယ် ဘေးဥပဒ် ဖြစ်စေတတ် သည့်အတွက် အလွန်အကျွံ စားသုံးရန် မသင့်ပါ။ ခရမ်းချဉ်သီး အစေ့ သည် Uric Acid ဟုခေါ်သော ဂေါက်အဆစ်ရောင် ရောဂါကို ဖြစ်စေနိုင်သော ဓာတ်များစွာ ပါဝင်သဖြင့် ဟင်းချက်ရာ တွင် အစေ့များကို မမေ့မလျော့ ဖယ်ထုတ်သင့်ပါ သည်။
နိဂုံးချုပ် အားဖြင့် ဆိုရသော် ခရမ်းချဉ်သီး သည် ဘေးဥပဒ် အနည်းငယ် ပေးနိုင်သည် ဖြစ်သော်လည်း အဖိုးတန်သော အာဟာရ ဓာတ် များစွာ ပါဝင်သော အဖိုး တန်မြန်မာ့ အစားအစာ တစ်မျိုးဖြစ်ပါသည်။
ဒေါက်တာဇာနည်ဝင်း