Model – Phyu Phyu Kyaw Thein
Photo -Aye Zaw Moe (Setthmu)
Arranged by Thida Soe
အနုပညာလောကကို စတင်ဝင်ရောက်စဉ်မှာတွေ့ကြုံခဲ့ရတဲ့ အခက်အခဲများ
အခက်အခဲဆိုတာရှိမှ တိုးတက်ပြောင်းလဲတာမို့ နေ့တိုင်းရှိနေရင်လည်း သဘောကျပါတယ်။ အခက်အခဲတွေ့ရင် ဘုရားကို ပိုအားကိုးဖြစ်တယ်။ အဲဒီအခါဘုရားက ဥာ ဏ်ပေးတယ်။ ဥာဏ်ရှိတဲ့သူတွေ ကိုယ့်အနားမှာ ပေါ်လာပေးတယ်။ အဲဒီ တော့ ကိုယ့်အတွက် အကျိုးရှိတယ်။
ပရိသတ်နဲ့ ကိုယ်နဲ့တစ်သားတည်း ဖြစ်သွားခဲ့တဲ့ အောင်မြင်မှု
လက်ရှိလတ်တလော တစ်သားတည်း ဖြစ်ထားတဲ့အရာဆိုရင်တော့ ”မိန်းကလေး တစ်ယောက်အသည်းကွဲနေတယ်” ကိုယ်ပိုင်သံစဉ်တစ်ကိုယ်တော် အခွေပေါ့။
Fashion နဲ့ Performance တွေနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းရဲ့ အမြင်…
အနုပညာရှင်တစ်ယောက်၊ အထူးသဖြင့် ဖျော်ဖြေရေးသမားတစ်ယောက်အတွက် Fashion ကအရေးကြီးပါတယ်။ ဒါပေမဲ့ဘဝရဲ့ တန်ဖိုးတွေနဲ့ လဲလိုက်ရလော က်အော င်တော့ ဘယ်တော့မှ ပိုအရေးမကြီးပါဘူး။ မဖြူPerformance တွေလုပ်တာကို ပရိသတ်က ကြိုက်နှစ်သက်ပြီးလက်ခံတဲ့အတွက် ကျေနပ် ပျော်ရွှင်ကျေးဇူးတင်ပါတယ်။
သီချင်းဆိုတာအပြင် အလှဓာတ်ပုံရိုက်တာတွေနဲ့ VCD တွေမှာ သရုပ်ဆောင်ဖြစ်တာက။
ကိုယ့်ကိုယ်ကိုယ် အဆိုတော်ဖြူဖြူကျော်သိန်းလို့ပဲခံယူပြီး လုပ်ခဲ့တာပါ။
ဖြူဖြူကျော်သိန်းရဲ့ ပျော်ရွှင်ခဲ့ရတဲ့ အချိန်များ
အများစုကတော့ စင်ပေါ်မှာ သီဆိုဖျော်ဖြေ နေရတဲ့ အချိန်တွေပါပဲ။
ဖြူဖြူကျော်သိန်းသည်းခံမပေးနိုင်တဲ့ လုပ်ရပ်
လိမ်တာ၊ မရိုးသားတာ အလုပ်ကိုအလုပ်လို မလုပ်တာ၊ တခြားအရာတွေလည်း ရှိသေးတယ်။
ဖြူဖြူကျော်သိန်းရဲ့ အကြည်ညိုဆုံးစံပြပုဂ္ဂိုလ်
တစ်ဘဝလုံးအတွက် အကြည်ညိုဆုံး စံပြ ပုဂ္ဂိုလ်ရယ်လို့ မရှိပါဘူး။ဘုရားကို ယုံကြည်တယ်။ ရိုးသားဖြောင့်မှန်တဲ့သူကို ကြည်ညိုတယ်။ လူတော်လူကောင်းကို စံထား တယ်။
ဖြူဖြူကျော်သိန်းရဲ့ မိဘအပေါ်ထားတဲ့ စိတ်သဘောထား
ဖေဖေနဲ့မေမေ ကိုချစ်တယ်။ သူတို့ရဲ့ ရိုးသားဖြောင့်မတ်မှုကို လေးစားအတုယူတယ်။ ကိုယ့်အပေါ်ထားတဲ့ သူတို့ရဲ့မေတ္တာအတွက် ကျေးဇူးတင်တယ်။တစ်ချိန်မှာ ကိုယ့် သမိုင်းကြောင်းကို ဒီလို ကျန်ခဲ့စေချင်တယ်။နာမည်ကျန်ရစ်နေခဲ့စေချင်တယ်။ ဘယ်ပုံ ဘယ်နည်းနဲ့ ကျန်ချင်လည်း ဆိုတာကိုတော့ အသက်ရှင်တဲ့ နေ့တိုင်းမှာ ကိုယ် တိုင်ရွေးချယ် ဆုံးဖြတ်ရပ်တည်ရပါတယ်။
ပရဟိတလှုပ်ရှားမှုတွေအပေါ် ဖြူဖြူကျော်သိန်းရဲ့အမြင်
ကိုယ်နားလည်သလောက်တော့ ပရဟိတဆိုတာ လိုနေတဲ့သူကို ကူညီချင်တဲ့သူက ကူညီ နိုင်သလောက် ကူညီတာပါပဲ။ ခုနောက်ပိုင်းမှာတော့ ဒါဟာ ခေတ်ပေါ် Fashion တစ်ခုလို ဖြစ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဘာရယ် ရည်ရွယ်ချက်ပဲရှိရှိလေ…လိုနေတဲ့သူတွေကို ကူညီတဲ့သူတွေများလာတယ်ဆိုတာ လိုနေသူတွေ အတွက် ကောင်း တာပေါ့။
အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အနေနဲ့ လူငယ်ဝါသနာရှင်တွေကို Judge လုပ် ပေးရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှု
သူတို့ရဲ့အရည်အသွေးကို မြင်တွေ့ရတာကိုက ကျေနပ်အားရဝမ်းသာစရာကောင်းပါတယ်။ ကိုယ်ပြောပြပေးလိုက်တဲ့ Comment လေးတစ်ခုက သူတို့ရဲ့ လမ်းကြောင်း မှာ အထောက်အကူ ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ ပြောချင်တဲ့စကားဆို ရင်တော့ ကိုယ့်ထက်အများကြီးပိုတော်တဲ့သူတွေ ဖြစ်စေချင်တယ်။ ကမ္ဘာကျော်ေ တွ ဖြစ် လာစေ ချင်တယ်။
အချစ်နဲ့ပတ်သက်ပြီး ဖြူဖြူကျော်သိန်းခံယူထားတဲ့ ခံယူချက်နဲ့ ရွေးချယ်မှုပုံစံက
ကိုယ့်စိတ်ထဲမှာ ဘယ်လိုလူမျိုးကိုမှ ချစ်မယ်လို့ တစ်ခါမှ ဘောင်ခတ်မစဉ်းစားထားပါဘူး။ အပြင်လောကက ဖြစ်ရမယ်၊ သာမန်ယောက်ျား လေးဖြစ်ရမယ်၊ အနုပညာ သမားဖြစ်ရမယ်၊ ပညာတတ်ရမယ်၊ ချမ်းသာရမယ်၊ ဆရာဝန်ဖြစ်ရမယ်၊ အောင်မြင်ရမယ်၊ အာဏာရှိရမယ်၊ ရုပ်ချောရမယ်စသဖြင့် တစ်ခါမှ မတွေးထားပါဘူး။ အရေးကြီး တာက ကိုယ်သဘောကျတဲ့ ဥာဏ်ရည်နဲ့ စိတ်ရှိပြီး။ အပြန်အလှန်တူညီတဲ့ မေတ္တာထားနိုင်ဖို့ပါပဲ။ ဘဝတစ်လျှောက်အတူ လက်တွဲခွင့်ရတယ် မရဘူးဆို တာကတော့ ဘု ရားရဲ့အလိုတော်ပါပဲ။
ဖြူဖြူကျော်သိန်းရဲ့ အနာဂတ်အစီအစဉ်
လောလောဆယ် ကိုယ်ပိုင်သံစဉ်တစ်ကိုယ်တော် ၂ ခွေစီစဉ်နေပါတယ်။ တစ်ခွေက Lazy Club နဲ့ပါ။ နောက်တစ်ခွေကတော့ တေးရေးအသစ်၊ တီးဝိုင်းအ သစ်နဲ့ ရော့ခ် သီချင်းတွေချည်းပါပဲ။ အဲဒီအခွေကိုတော့ သင်္ကြန်ပြီးရင်အရင် ထွက်ချင်ပါတယ်။