ရတီစာဖတ်ပရိသတ်များအတွက် ကျန်းမာ ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းများကို မေးချင်ရာ မေးနိုင်ဖို့အတွက် ဒီကဏ္ဍကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ ဒီကဏ္ဍ မှာ မေးလို သူများရဲ့ မေးခွန်းပါရောဂါဝေဒနာနဲ့ သက်ဆိုင်တဲ့ ဆရာဝန် ကြီးများက အလှည့်ကျဖြေဆိုပေးသွားမှာ ဖြစ်ပါတယ်။ ယခုလအ တွက်တော့ မေးမြန်းလာသူ ဦးမောင်ေ မာင်ဦးနဲ့ ဦးကျော်စိုးတို့ရဲ့ မေးခွန်းများကို ရတီပရိသတ်များပါ သိရအောင် စာမျက်နှာထက်မှာ ဖော်ပြပေးလိုက်ပါတယ်။
မင်္ဂလာပါ ဒေါက်တာ
ကျွန်တော့်နာမည် ဦးမောင်မောင်ဦးဖြစ်ပါသည်။ အသက်ငါးဆယ့်သုံးနှစ်ရှိပါပြီ။ ကျွန်တော်သည် first test မနက်ပိုင်းကဆီးချိုသွေးချိုချိန်ရာတွင် ၁၅၂ (ပထမပတ်)၊ ၁၄၄ (ဒုတိယပတ်)၊ ၁၄၂ (တတိယပတ်) ဟု စစ်ဆေး တွေ့ရှိပါသည်။ အစားဆင်ခြင်၍ ကိုယ်လက်လှုပ် ရှားမှုအနေဖြင့် လမ်းလျှောက်ခြင်းလည်း ပြုလုပ်ခဲ့ပါသည်။
သွေးပေါင်ကိုလည်းပုံမှန်ချိန်ရာ၌ ပုံမှန် ၁၁ဝ/၇ဝ ရှိနေရာမှ ၁၁ဝ/၆ဝ ဖြစ်နေ ပြီး နောက်ဆုံးပတ်တွင် ၉ဝ/၆ဝဖြစ်လာရာ ယခင်ကလည်း သီးစုံဓာတ် ဆားနှင့်မာတီဗိုက် တာမင် ရေဆူဆေးပြားရော၍ သောက်လျှင် သွေးပေါင် ပြန်တက်လာပြီး နေကောင်းတတ်ပါသည်။ ယခုလိုသွေးပေါင်ကျသည့်အခါတွင် ၎င်းဓာတ်ဆားသောက်သုံးရန် သင့်မသင့်ကို လည်းသိချင်ပါသည်။ ထို့အပြင် ဆီးချိုရှိနေသည့် အတွက် ထမင်းကိုလျှော့စားပြီး အသီးအရွက် များကို ပိုစားခဲ့ပါသည်။ တချို့ကလည်း သစ်ကြံပိုးမှုန်ပိုးမှုန့် ကို တစ်နေ့နည်းနည်းစီ စားသုံးရန် အကြံပေးကြပါသည်။ယင်းကို ကျွန်တော့်အနေဖြင့် စားသင့်မစားသင့်လည်း သိချင်ပါသည်။ ထို့အတူမလန်းဆန်း ဘဲ သွေးပေါင် ကျနေသည့်အတွက်လည်း အများပြော ကြသည့် Fourrts(Fourts B) (ရွှေရောင် ပတ် ဖြင့်အားဆေး ) ကိုလည်းသောက်သင့် မသောက် သင့်ဖြေကြားပေးပါခင်ဗျာ။
ဦးမောင်မောင်ဦးခင်ဗျာ ဆီးချိုသွေးချိုနှင့်ပတ်သက်၍လက်တွေ့ ကြုံတွေ့နေရသော ပြဿနာများကိုမေးမြန်းခဲ့သည့်အတွက် ကျေးဇူးအထူး တင်ပါတယ်။ ဦးမောင်မောင် ဦးရဲ့ မေးခွန်းများ ကိုဖြေပေးရင်းနဲ့ အခြားဆီးချိုသွေးချိုရောဂါရှင် များလည်း ဗဟုသုတရမှာဖြစ်လို့ဖြေဆိုခွင့်ရတာကိုများစွာ ဝမ်းသာပါတယ်။ဆီးချိုသွေး ချိုရောဂါရှင် များ မှာ ဆီးချိုသွေးချိုရောဂါထိန်းသိမ်းမှုကောင်းမကောင်းကိုအကဲဖြတ်ရာမှာ
(၁) မနက်စာမစားမီသွေးစစ်ဆေးခြင်း (Fasting Blood Glucose)70-130 mg/dl
(၂) အစာစားပြီး ၂နာရီကြာသွေးစစ်ဆေးခြင်း(Post Prandial Blood Glucose) 180mg/dl ထက်မများစေရပါ။
(၃) HbA1C ခေါ်သွေးနီဥအတွင်း သွေးရောင်ခြယ် ဓာတ်တွင်ဂလူးကို့စ်ပါဝင်မှုနှုန်းထား ၆.၅% ထက်နည်းရမည်။
အထက်ပါသက်မှတ်ချက်များအရ ဦးမောင် မောင်ဦး၏ မနက်အစာမစားမီသွေးချိုစစ်ဆေးချက်များသည် 130mg/dl ထက်များနေ၍ သွေး ချိုထိန်းသိမ်းမှုမကောင်းသေးပါဟု သတ်မှတ်နိုင်ပါသည်။
သွေးချိုထိန်းသိမ်းမှုမကောင်းခြင်း၏ အဓိကအချက်နှစ်ချက်မှာ ဆီးချိုသွေးချိုရောဂါရှင်များမစားသုံးသင့်သော အစားအသောက်များကို သိလျက်နှင့်ဖြစ်စေ၊ မသိ ဘဲနှ င့်ဖြစ်စေစားသုံးမိခြင်းကြောင့်လည်းကောင်း၊ သွေးချိုထိန်းဆေးများ သောက်သုံးမှုနှင့်ပတ်သက်၍ ပေးထားသည့်ဆေး အမျိုးအစားနှင့် ဆေးပမာဏ သင့်တော် မှုမရှိခြ င်းကြောင့်လည်းကောင်း ဖြစ်နိုင်ပါသည်။ အချုပ်အားဖြင့် အစားအစာနှင့်ပတ်သက်၍ လည်းကောင်း၊ သွေးချိုထိန်းဆေးများနှင့် ပတ် သက်၍ လည်းေ ကာင်း ပြန်လည်ဆန်းစစ်ပြီး ပြုပြင်ရန်လိုအပ်ပါမည်။ ဆီးချိုသွေးချိုရောဂါရှင်များတွင် အသင့်တော်ဆုံးသော သွေးပေါင်မှာ 120/70mmHg ဖြစ်ပါသည်။ အများဆုံး 130/80mmHg ထက်မပိုသင့်ပါ။ အနည်းဆုံး 90/60mmHg ထက် မနည်းသင့်ပါ။
သွေးပေါင်ကျ၍ဖြစ်စေ၊ ချွေးထွက်များ၍ဖြစ်စေ၊ ဆီးချိုသွေးချိုရောဂါရှင်များ ဓာတ်ဆားထည့်ဖျော်၍သောက်ခြင်းမှာ ဓလေ့တစ်ခု ဖြစ်နေပါ သည်။ သွေးပေါင် ကျ၍ဖြစ်ေ စ၊ ချွေးထွက်များ၍ဖြစ်၍ ဓာတ်ဆားဓာတ် ပြန်ဖြည့်ဆည်းရာတွင် ဓာတ်ဆားထုပ်များ အတွင်းပါသောဆားဓာတ် (ဆိုဒီယမ်ကလိုရိုက်ဓာတ်) သည် မလုံ လော က်ပါ။ ဓာတ်ဆားထုပ်ပါဆားဓာတ်သည် ဝမ်းသွားလျှင်၊ ဝမ်းလျှောလျှင် ဆုံးရှုံးနိုင်သော ဆားဓာတ်ပမာဏကို ပြန်ဖြည့်ဆည်းရန် သုတေသနပြု၍ဖော် စပ်ထားခြင်း သာ ဖြစ်ပါ သည်။ ထို့အပြင်ဓာတ်ဆားထုပ်များတွင် ဂလူးကို့စ်ဓာတ်များပါရာ ဓာတ်ဆားရည်သောက်ပြီး သွေးချိုဓာတ်များလာသည်မှာ တွေ့လေ့တွေ့ထ ရှိသော တွေ့ရှိ ချက်ဖြစ် ပါသည်။အချုပ်အားဖြင့် ဆီးချိုသွေးချိုရောဂါရှင်များ ဓာတ်ဆားထုပ်သောက်ခြင်းကိုယေဘုယျအား ဖြင့် မသင့်တော်ဟု ယူဆပါ သည်။ သွေးပေါင် ချိန်ကျနေခြင်း သည် နှလုံးမှသွေး ညှစ်အားမကောင်း၍လည်းကောင်း၊ သွေးလွှတ် ကြောများကျယ်နေ၍ လည်းကောင်း၊ သွေးတွင်း အရည်ဓာတ် များလျှော့နေ၍ လည်းကောင်း၊ အကြောင်းကြောင်းကြောင့် သောက်နေသော ဆေးဝါးများ၏ အာနိသင်ကြောင့်လည်းကောင်း ဖြစ်နိုင်ပါသည်။ နှလုံးရောဂါအထူးကု ဆရာဝန် ဖြစ်စေ၊ ဆီးချိုသွေး ချို ရော ဂါ အထူးကုဖြစ်စေ၊ အထွေထွေရောဂါကုသမားတော် တစ်ဦးဦးကို ဖြစ်စေ၊ လက်လှမ်းမီသူတစ်ဦးဦးနှင့်ပြသစစ် ဆေးမှုခံယူပြီး အကြံဥာဏ်ရယူသင့်ပါသည်။
ဆီးချိုသွေးချိုရောဂါရှင်များ၏ အစာအာဟာရ နှင့်ပတ်သက်၍ အချိုဓာတ်ပါသော အရည်များ (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည် အအေးပုလင်းများ၊ အချို ဓာတ်ပါသော မုန့်များ (ဥပမာ- ကိတ်မုန့်၊ နုလွန်းသောပေါင်မုန့်၊ ဘီစကစ်များ၊ သကြား၊ ထန်းလျက်၊ ကြံသကာ တို့ဖြင့်ပြုလုပ်ထားသောမြန်မာမုန့်များ)နှင့် အချို ဓာတ် များသော သစ်သီးများ ကိုရှောင်ကြဉ်သင့်ပါသည်။ မဝသူများထမင်းလျှော့စားရန်မလိုအပ်ပါ။ လူတိုင်းဟင်းသီးဟင်းရွက်များများစားသုံးသင့်ပါသည်။ အသား၊ ငါးများ စား သုံးနိုင်ပါသည်။ Fourts B ဆေးလုံးတွင် ဗိုက်တာမင်များ၊ အမိုင်နိုအက်စစ်များပါဝင်သော အားဆေးသာလျှင်ဖြစ်ပါသည်။ မဖြစ်မနေသောက်ရမည်ဟု မတိုက် တွန်း ပါ။ သောက်သုံးလျှင်လည်း မကန့်ကွက်ပါ။
သစ်ဂျပိုးတွင်ပါဝင်သော Cinnamon ဓာတ်သည်သွေးချိုထိန်းသိမ်းမှုကိုအထောက်အကူပြုသည်ဟု ယူဆကြပါသည်။အနောက်တိုင်းဆေးဝါးများကဲ့သို့ သုတေသနပေါင်း များစွာပြုလုပ်ထားသော ခိုင်မာသော တွေ့ရှိချက်များမရှိသေးပါ။ ဆေးကုမ္ပဏီများမှတိုက်တွန်းချက်သာရှိပါသည်။ သက်သေသာဓကများ မခိုင်လုံသေး ပါ။ ဦးမော င်မောင်ဦး၏ မေးမြန်းချက်များကို ကြိုးစား၍အားလုံးပါအောင်ဖြေထားပါသည်။ သိလိုတာများရှိပါ သေးက၊ မရှင်းတာများရှိပါသေးက ထပ်မံဖြေ ဆိုပေးပါ မည်။ကျေး ဇူး တင်ပါသည်။
ပါမောက္ခချုပ်ဒေါက်တာတင့်ဆွေလတ်(ဆေးတက္ကသိုလ် ၂)
ထိပ်ကပ်နာလို့ခေါ်တဲ့ နှာခေါင်းရောဂါက ဘယ်ကနေစဖြစ်တာလဲဆိုတာ သိချင်ပါတယ်။ ကျွန်တော်က အမြဲတမ်းလိုလို နှာစေးနေတတ်သူပါ။ ရာသီဥတုအေး ရင်ပို ဆိုးပါတယ်။ နှာပိတ်တာ၊ နှာပိတ်ပြီး တစ်ခုခုစားသောက်တဲ့အခါ လည်ချောင်းထဲ ရှင်းရှင်းလင်းလင်း မရှိဘဲအစား အသောက်ပျက်တာမျိုးတွေ အမြဲလို လိုဖြစ်နေ ေ တာ့ေ နရထိုင်ရမကောင်းပါဘူး။ လူတွေကတော့ အဲဒါကို ထိပ်ကပ်နာလို့ ခေါ်ကြပါတယ်။ အဲဒါကရော ဟုတ်ပါသလား။ အဲဒီ ထိပ်ကပ်နာနဲ့ ဆက်စပ်ပြီး ဘယ် လိုရောဂါတွေဖြစ် ပေါ်လာနိုင်သေးလဲ ဘယ်လိုကာကွယ်ရမလဲ ဆိုတာတွေ သိချင်ပါတယ်။
ကျော်စိုး၊ဗိုလ်တထောင်။
ဗိုလ်တထောင်က ကိုကျော်စိုးခင်ဗျာ . . .
ထိပ်ကပ်နာကိုသိရှိဖို့ နှာခေါင်းရဲ့ခန္ဓာဗေဒတည်ဆောက်ပုံကို အရင်ပြောပြပေးပါ့မယ်။ မျက်နှာပေါ်မှာရှိတဲ့ ပါးရိုးနှစ်ဖက်၊ နှာညွန့်ရိုး နှစ်ဖက်၊ မျက်ခုံးရိုးနှစ်ဖက်နဲ့ နဖူးရိုး ထဲက လေခို အိမ်တွေဟာ နှာခေါင်းအိမ်ထဲကို အပေါက်ပွင့်ပြီး နှပ်ချေးဖြစ်မယ့်အချွဲတွေကိုစွန့်ထုတ်ပေးရပါတယ်။ နှာခေါင်းပေါက်ကို ဖြဲကြည့်လိုက်မယ်ဆိုရင် အမွေး အမျှင်တွေရှိနေပြီး နှပ်ချေးဖတ်အချို့ တွယ်ကပ်နေတာကိုမြင်ရနိုင်ပါတယ်။ နှပ်ချေး ခြောက်ရှိနေတာဟာ နှာခေါင်းကျန်းမာနေတာ ကို ပြဆိုပါတယ်။
နှပ်ချေးခြောက်က နှာခေါင်းကို မပိတ်ဆို့နိုင်ပါဘူး။ မျက်နှာအရိုး အိမ်တွေထဲက နှပ်ချွဲတွေဟာ နှာခေါင်းအိမ်ထဲကို ကျဆင်းမလာရင်တော့ နှာခေါင်းပိတ်ဆို့လာနိုင်ပါတယ်။ အသက်ရှူလို့မရအောင် နှာခေါင်းတစ်ဖက်ဖက်မှာ နာတာရှည်ပိတ်စို့နေတာကို ထိပ်ကပ်နာလို့ အများကပြောဆိုကြလေ့ရှိပါတယ်။ဆေးပညာအရ ထိပ်ကပ်နာကို အဓိ ပ္ပာယ် ဖွင့်ဆိုထားတာကတော့ မျက်နှာရိုးလေခိုအိမ် တွေထဲမှာ လိုင်နင်အုပ်ပေးထားတဲ့ အမြှေးပါးတွေ ရောင်ရမ်းနေတဲ့ အခြေအနေ ကို ခေါ်ဆိုတာ ဖြစ်ပါ တယ် တဲ့။ ရောဂါပိုးမွှားကြောင့် ဖြစ်နိုင်သလို ဓာတုဓာတ်မတည့်မှုတွေကြောင့်လည်းဖြစ်နိုင်ခြေရှိပါတယ်။ အများစုက ဗိုင်းရပ်စ်ပိုးမွှားကြောင့် ဖြစ်ရပြီး ၁ဝ ရက်လောက် အတွင်း မှာပဲ သူ့အလိုလို ပျောက်ကင်းသက်သာ သွားလေ့ရှိပါတယ်။ ဓာတ်မတဲ့တာတွေကတော့ ဖုန်မှုန့်၊ ကြက်မွေး၊ ငှက်မွေး၊ ကြောင်မွေး၊ ပင်လယ် စာ၊ မြေပဲ၊ ခေါင်းအုံးစွပ်၊ အိပ် ရာခင်း၊ ကော်ဇောတွေဖြစ်တတ်ပါတယ်။
ထိတ်ကပ်နာဟာ အအေးမိရောဂါနဲ့ ပန်းနာရင် ကျပ်ရောဂါတွေနဲ့လည်းဆက်စပ်နေပါတယ်။ သွားကိုက်သွားနာရာကနေ ထိပ်ကပ်နာဖြစ်သွားတဲ့သူတွေလည်း ရှိနိုင်ပါ တယ်။ မွေးရာပါ နှာကန့်တိမ်းစောင်းနေတဲ့တွေသူနဲ့ နှာခေါင်းတွင်း နှာသီးထွက်နေတဲ့သူတွေမှာ ထိပ်ကပ်နာ ပိုဖြစ် တတ်ပါတယ်။ (အမေရိကန်နိုင်ငံမှာ တစ်နှစ်ကို လူပေါင်း ၂၄ သန်းလောက် ထိပ်ကပ်နာခံစား နေရတယ်လို့ဆိုပါတယ်)။
ထိပ်ကပ်နာမှာ ၄ ပတ်ကြာထိပ်ကပ်နာ၊ သုံးလကြာထိပ်ကပ်နာနဲ့၊ နာတာရှည်ထိပ်ကပ်နာ ဆိုပြီး ၃ မျိုးရှိပြန်တယ်။ တစ်နှစ်အတွင်းမှာ ၄ ခါထက် မနည်း ပြန် လည် ခံစားရတတ်တဲ့ ပြန် တလဲလဲထိပ်ကပ်နာ ဆိုတာလည်း ရှိပါသေးတယ်။ လူ၁ဝ ယောက်မှာ တစ်ယောက်က ဘဝတစ်သက်သာမှာ အနည်းဆုံး တစ်ကြိမ်တော့ ထိပ် ကပ်နာ ရောဂါ တစ်မျိုးမျိုးကို ခံစားရဖူးပါလိမ့်မယ်တဲ့။
ထိပ်ကပ်နာခံစားရရင် မျက်နှာရိုးတွေ နာကျင်ကိုက်ခဲနေတတ်ပါတယ်။ ခေါင်းကိုက် ဝေဒနာ ခံစားရနိုင်ပါတယ်။ နှာခေါင်းတွင်းက အကန့်တွေ ရောင် ကိုင်းနေတဲ့ အတွက် နှာခေါင်း ပိတ်သလိုခံစားရပါတယ်။ အနံ့ခံအာရုံလျော့ နည်းသွားရနိုင်ပါတယ်။ နှပ်ချေးဝါဝါစိမ်းစိမ်းတွေ ကို နှာခေါင်းပေါက်ကနေ ညှစ်မထုတ်နိုင်ဘဲ၊ လည်ချောင်း ထဲကနေဟပ်ပြီး အပြင်ကိုထွေး ထုတ်နေရလေ့ရှိပါတယ်။ ရောဂါပြင်းထန်တဲ့ သူ တွေမှာ ချောင်းဆိုးတာ၊ လည်ပင်းနာတာ၊ မော ပန်းတာနဲ့ အသက်ရှူရင် အပုပ် နံ့တွေတောင် ထွက်နေတတ်ပါတယ်။ ထိပ်ကပ်နာကို မကုသဘဲထားရင်ကြီး ကြီးကျယ်ကျယ်ဒုက္ခမပေးတတ်ပေမယ့် မျက်နှာ အရိုးအိမ်တွေဟာ ဦးနှောက်နဲ့ နီးစပ်နေတဲ့ အတွက် ဦးနှောက်အမြှေးရောင်ရောဂါနဲ့ ဦးနှောက်ပြည်တည်နာတွေအထိဖြစ်သွားနိုင် တယ်ဆိုတာကိုတော့ သတိချပ်သင့်ပါတယ်။
ဘယ်အမျိုးအစားထိပ်ကပ်နာပဲဖြစ်ဖြစ် နှစ်ပတ်ထက်ပိုကြာအောင် နှာခေါင်းပိတ်တာ ကိုခံစား နေရရင် မိသားစုဆရာဝန်တစ်ယောက် ယောက်နဲ့တိုင်ပင်ပြသင့်ပါတယ်။ ကာကွယ်ဖို့ ကတော့ အအေးမမိအောင်နေ၊ တစ်နေ့ကို ရေ နှစ်ပုလင်းသောက်၊ အသီးအနှံများများစား၊ စိတ်ဖိစီးမှုကိုရှောင်၊ လက်ကို စင်ကြယ်ေ အာင်ဆေး၊ ဆေး လိပ်နဲ့ အရက်မသောက်ပါနဲ့၊ ဓာတ်မတဲ့ တာတွေကို ရှောင်ရှားပါလို့ပဲ အကြံပေးလိုက်ပါ ရစေနော်။ သြော် နှာခေါင်းပိတ်နေတဲ့ အခါမျိုးမှာ နှာတွင်း ခပ်ဆေးရည်တွေ ထည့်ကြည့်လို့ရနိုင် ပါသေးတယ်လို့။ ကျန်းမာရွှင်လန်းပါစေ။
(ပါမောက္ခ၊Tuft University အမေရိကန်ပြည်ထောင်စု)
ဒေါက်တာမြင့်ဦး (ဂျီပီ)