Quantcast
Channel: Yati Magazine
Viewing all articles
Browse latest Browse all 1097

The Greatest Hits of Nawaratt

$
0
0

ပရိသတ် မြင်ကွင်း က အတန်ကြာ ပျောက် ကွယ်နေခဲ့တဲ့ နဝရတ် က အကယ်ဒမီ ဆန်ခါတင် ဇာတ်ကား နှစ်ကား နဲ့ မြင်ကွင်းရှေ့ ကို ရောက်လာ ခဲ့သလို မလေး၊ မြန်မာ ဖက်စပ် ရိုက်ခဲ့တဲ့ မလေး ရောက် မြန်မာ လုပ်သားတွေရဲ့အကြောင်း ဇာတ် ကားကလည်း လှုပ်လှုပ် ခတ်ခတ် ရှိခဲ့တာဖြစ်ပါ တယ်။ ၂ဝ၁၃ ခုနှစ်ဟာ နဝရတ် အတွက် ထူးခြား တဲ့ နှစ်တစ်နှစ်လည်း ဖြစ်တဲ့ အတွက် သူမရဲ့ အနုပညာ ခံယူချက်နဲ့ ခံစားချက် တချို့ကို ဒီအင်တာဗျူး ကတစ်ဆင့် ထင်ဟပ် တင်ပြလိုက် ရပါတယ်။

နဝရတ်က ဇာတ်ရုပ်တွေကို အသေအချာ ရွေးချယ် စီစစ်လေ့ရှိတာ တွေ့ရတယ်။ အနုပညာနဲ့ ပတ်သက်ရင် ပရိသတ်ကို ဘယ်လိုယုံကြည်မှု နဲ့ ပေးဆပ် တတ်သူလဲ ဆိုတာ သိပါရစေ။

သေချာတာ တစ်ခုက ပရိသတ် ရင်ထဲမှာ ကျန်ခဲ့ရမယ့် ဝိတ်လျှော့တာမျိုး မလုပ်ဘူး။ သူများ ကားရိုက်ရင်တောင် အိမ်မကောင်းရင် ကျွန်မအိမ်မှာ လာရိုက်၊ ဒီဇာတ် ဒီရုပ် က ဒီလို အိမ် နဲ့မှ ဖြစ်မှာ။ တချို့က မြန်မြန်ပြီး ပြီးရောဆိုပြီး တစ်အိမ်ထဲမှာ မင်းသား၊ မင်းသမီးကို အပေါ် ထပ် အောက်ထပ် ရိုက်ကြတယ်။ အဲဒါမျိုးတွေ ပြောရင် နဝရတ် က ရစ်တယ်ဆိုပြီး ဖြစ်လာကြ ရော။ ကာရိုက်တာ အရ လုပ်ငန်းတွေ ပြရမယ်ဆို ရင် အဲဒီ လုပ်ငန်းကို နဝရတ်က ရှာပေးရတယ်။ ကိုယ့်အနုပညာ စိတ်က ဘယ်လိုမျိုး လဲဆိုတော့ ကိုယ် ကြည့်မယ် ဆိုရင်လည်း အကောင်းပဲ ကြည့် ချင်တယ်။ အဲဒါကြောင့် ဘာလိုအပ်လဲ ဆိုတာကို အလကား ပိုက်ဆံမယူဘဲ လိုက်ဖြည့်ပေးတာ။

ကိုယ်ပိုင်ငွေလမင်း ရုပ်ရှင်၊ ဗီဒီယိုက ရိုက်ကူး ထုတ်လုပ်လာတဲ့ အခါကျတော့ရော ဒီသဘော ထားအတိုင်းပဲလား

ကိုယ့်ကားရိုက်တော့ ပိုဆိုးတာပေါ့။ နှစ်ဆ တွေကုန် သုံးဆတွေ ကုန်တွေ ဖြစ်ကုန်တာပေါ့။ နှစ်ကားရိုက်ဖို့ သွားရင် တစ်ကားပဲ ရိုက်ဖြစ်တယ်။ အဲဒီလိုမျိုးပေါ့။

ငွေလမင်းထုတ်လုပ်ရေးရဲ့ ရှေ့လုပ်ငန်းစဉ် လေးလည်း ပြောပါဦး။

မောချယ်ရီ ဆိုတဲ့ ကားလေး ထွက်မယ်။ မြင့်မြတ်နဲ့က ၆ ကားတော့ ချုပ်ထားတယ်။ ပြီးရင် ခဏနားပြီး ကားကြီးတွေပဲ ရိုက်မယ်။ ကားကြီး တွေကို ဘယ်လိုမျိုး ရိုက်ချင်လဲ ဆိုတော့ နိုင်ငံခြား နဲ့ ဖက်စပ် ရိုက်ချင်တယ်။ သူတို့ရဲ့ စိတ်ကူးတွေနဲ့ ရိုက်ချင်တယ်။ နဝရတ်တို့ ဟိုမှာ သွားရိုက်တော့ ပေါ်ပေါ်တင်တင် ရိုက်လို့ မရဘူး။ ခိုးရိုက် ရတယ်။ သူတို့ကျတော့ တကယ့် ပရော်ဖက်ရှင်နယ် လေယာဉ် ကွင်းတွေမှာ ရိုက်လို့ရတယ်။ ကင်မရာ ခိုးရိုက်ပြီးရင် ကိုယ့်အထုပ်ကို ကိုယ်ဆွဲပြီးပြန်။ အဲဒါမျိုးကို မကြိုက်ဘူး။ ရိုက်စရာရှိ ခိုးရိုက်ပြီး ရဲလာတော့ ထွက်ပြေး။ စိတ်ညစ်စရာကောင်း တယ်။ အဲဒါတွေ ဝါသနာ မပါဘူး။ ကောင်းကောင်း ပဲ ရိုက်ချင်တယ်။

ရုပ်ရှင်လောကသား တစ်ဦး အနေနဲ့ မြန်မာ့ ရုပ်ရှင်ကို ကမ္ဘာကသိဖို့ ဘာတွေလိုအပ်မလဲ။

ကိုယ်က ဖောက်ထွက်ရမှာ။ ဖောက်မထွက် ရင် ဘယ်တော့မှ မရဘူး။ အဓိကက ရုပ်ရှင် လောကက ပိုက်ဆံမှ မသုံးနိုင်တာ။ မင်းသားတွေ ကိုယ်တိုင် ကလည်း ဒီလိုမျိုး စိတ်ရှိရမယ်။ မင်းသား နဲ့ ပရိုဂျူဆာ ပေါင်းရင် ကားတစ်ကားရဲ့ သုံးပုံ နှစ်ပုံ က ဖြစ် သွားပြီ။ မြန်မာပြည် မှာက မင်းသား ခေတ်ဆိုတော့ မင်းသား နဲ့ ပရိုဂျူဆာပေါင်း မှ ဗီဒီယိုဈေးကွက် တိုးတက်လာမှာ။ မဟုတ် ရင် တော့ ခုနပြောသလို မြန်မာ့ ရုပ်ရှင် ကမ္ဘာကို ဘယ်လို ထိုးဖောက်မလဲ။

လက်ရှိ ဗီဒီယိုလောက အခြေအနေကရော။

ဗီဒီယိုက အခြေအနေ မကောင်းဘူးလေ။ ငွေလမင်း ထုတ်လုပ်ရေးတောင် ဖြုတ်တော့မှာ။ ရုပ်ရှင်ပဲ ရိုက်တော့မှာ။ အခု မြန်မာ ၊ မြန်မာ ဆိုပြီး နယ်တွေပဲ ပြိုင်နေတယ်။ နယ်က မကြိုက်လို့ ဆံပင်လေး လုပ်ပေးပါဦး။ နယ်က မကြိုက်လို့ အင်္ကျီလေး လုပ်ပေး ပါဦး။ နယ်က ပရိသတ် အကြိုက် ကို ဗီဒီယိုတွေက သွားနေရတယ်။ ဒါက နယ် ကို စော်ကားတာတော့ မဟုတ်ဘူး။ နယ်က လည်း ကိုရီးယား ကားတွေနဲ့ယှဉ်ရင် ကိုရီးယား ကားပဲ ကြည့်မှာပေါ့။ မြန်မာမင်းသမီး ဆိုရင်လည်း ဟိုးနောက်ဆုံး ကကြည့် ရင်တောင် ဒါ ဘယ်သူလဲ လို့ သိတယ်။ မင်းသားလည်း ထပ်နေပြီ။ ဆံပင် ပုံစံကအစ မပြောင်းရဲဘူး။ အနှစ်နှစ်ဆယ် လည်း ဒီပုံစံပဲ။ ဆံပင် ပုံစံပြောင်းလိုက်ရင် ပရိသတ် မကြိုက် မှာစိုးလို့၊ အဲဒါတွေက လွဲတာလေ။

အနုပညာရှင်က ပရိသတ်အကြိုက် လိုက် သင့်လား။ ပရိသတ်ကြိုက်လာအောင် လုပ်သင့် တာလား။

နဝရတ်တို့ ရုပ်ရှင်လောကမှာ ပရိသတ် ကြိုက်အောင် လုပ်တာက မှန်ပါတယ်။ ကိုယ်လုပ် တာကို ပရိသတ်က ကြိုက်ရမှာ။ ပရိသတ်ကို ကိုယ်က ချပြရမှာ။ ကိုယ်ချပြတာ ကို ပရိသတ်က ကြည့်ရမှာလေ။ ကိုယ်က ဒါပဲချပြရင် ပရိသတ်က လည်း ဒါပဲသိမှာ။ ဒီမှာ မြန်မာရုပ်ရှင် ဆိုရင် နဝရတ် သူငယ်ချင်းတွေ မကြည့်ကြဘူး။ နဝရတ် လည်း ကိုယ် ပါတဲ့ အခန်းပဲ ကျော်ကြည့်တာ။

နဝရတ်ကိုယ်တိုင်ကရော ကာရိုက်တာချိန်းဖို့ ဘာတွေပြင်ဆင်လဲ။

အဓိက ကတော့ ဆံပင်ပေါ့။ လူတစ်ယောက် မှာ ဆံပင် အပြောင်းအလဲက ကာရိုက်တာကို အချိန်းနိုင်ဆုံးပဲလေ။ ဆံပင်ပြောင်းရင် အားလုံး ပြောင်းလို့ ရသွားပြီ။ ဖက်ရှင် ဒီဇိုင်းလည်း ပြောင်း လို့ရတယ်။ မိတ်ကပ် ဆိုရင်လည်း ပြောင်းရမှာပဲ လေ။ ရှူတင် မသွားခင်ကတည်းက ကာရိုက်တာ အရ လက်သည်း၊ ခြေသည်း ကအစ ပြင်တယ်။ ဇာတ်ဝင်ခန်းရဲ့ ကာရိုက်တာမိ မှ သွားတယ်။ ဖြစ်ကတတ်ဆန်း ရိုက်တဲ့ထဲမှာ နဝရတ်မပါဘူး။ အဲဒါကြောင့်ပဲ နဝရတ်ကို ရစ်တယ်တို့၊ ဘာတို့ ဖြစ်ကုန်တာ။

နောက်ပိုင်း ဗီဒီယိုတွေ အရိုက်ကျဲသွားတာ။ အဲဒါကြောင့်လား။

ပါတာပေါ့လေ။ သူတို့က မြန်မြန် ရိုက်ချင်တာ ကိုး။ ငါးရက်နဲ့ အပြီးတို့၊ ဘာတို့။ ကိုယ်လည်း ရှေ့မှာ လုပ်ခဲ့ပြီးပါပြီ။ တော်ပြီပေါ့နော်။ ဒီတိုင်း ဆက်သွားနေလို့ မဖြစ်တော့ ဘူးလို့ မြင်တယ်။ နောက်ပိုင်းမှာ ဇာတ်တွေက ထပ်ကုန်တယ်။ မျိုးမျိုးခိုင် တို့ဆိုရင်လည်း သူငယ်ချင်းတွေပဲ ခင်ပါ တယ်။ ကားရိုက်ရင် ကိုယ် တစ်ယောက်တည်း လှနေ လို့ မရဘူး။ ကိုယ်က အကုန်လုံး လုပ်ပေး တာ။ အကုန်လုံးပေါ့။ သူတို့တစ်တွေက ကိုယ့် အုပ်စုနဲ့ ကိုယ် ဆိုတော့ သူငယ်ချင်း ဆိုရင်လည်း ဒါပဲ။ ကြာတော့ စိတ်ပျက် လာတယ်။ မရိုက်ချင် တော့ဘူး။ အခုရိုက်ခဲ့တဲ့ တိမ်မင်းသမီး လို ဇာတ် ကားမျိုး စိတ်ဝင်စားလို့ ရိုက်ဖြစ်ခဲ့တာပဲ။

နဝရတ်ကို ပရိသတ် အမြဲစိတ်ဝင်စားနေ အောင် ဘာလုပ်သလဲ။

ပရိသတ်က နဝရတ် ဘာလုပ်မလဲ ဆိုတာ ကြည့်နေသလို ဖြစ်နေတယ်။ နဝရတ် ကလည်း နားနေခဲ့တဲ့ ၂ နှစ်မှာ ဘာတွေ လုပ်ခဲ့လဲ ဆိုတော့ ရှေ့ကို တိုးဖို့ နောက်နှစ် လှမ်း ဆုတ်တယ်။ ဦးကျော် ဟိန်းက ပြောဖူးတယ်။ နင်တို့တစ်တွေ တစ်ကား ပြီး တစ်ကားရိုက်ရင် ဝမ်းစာကုန်ပြီ။ ထပ်လုပ်ဖို့ ဝမ်းစာ လိုတယ်။ အဲဒီတော့ ဘာလုပ်လဲ ဆိုတော့ ခရီးတွေ သွား၊ အပန်းဖြေပြီးတော့မှ စိတ်က ဘာလုပ်မယ် ဆိုတာ ထွက်လာတာပေါ့။ မနက်ဆို လည်း ရှူတင်၊ ညနေ ဆိုလည်း ရှူတင်၊ အဲဒီတော့ ဦးနှောက်က ဘာမှ ထွက်မလာဘူးပေါ့။ အနုပညာ ဝမ်းစာပြန်ပြီး ထည့်ရတယ်လို့ ဦးကျော်က ပြော တယ်။ အဲဒါမှန်တယ်။ အဲဒါကြောင့် ကားတွေကို နှစ်နှစ်လောက် မရိုက်ဘဲ ဘာ လုပ်ရင်ကောင်းမလဲ ဆိုတာ အေးရာအေးကြောင်း စဉ်းစားတယ်။ ပန်းပင်တွေ စိုက်တယ်။ အိမ်ပြင်တယ်။ အဲဒါတွေ လုပ်နေတော့ ခေါင်းအေးပြီး အိုင်ဒီယာ အသစ်တွေ ထွက်လာတယ်။ အခု မှန်သွားတာပေါ့။

အနားယူတဲ့ အချိန်မှာ ဇာတ်လမ်းတွေ၊ ဝတ္ထု တွေရော ဖတ်ဖြစ်နေ တာလား။

လာပြတဲ့ ဇာတ်တွေက အများကြီးပဲ။ လုပ်ဖူး တာတွေ ကလည်း အများကြီးပဲ။ စိန်ခလုတ်  ကို ပြန်ရိုက်ရအောင် လာပြောတယ်။ စိန်ခလုတ် က ရိုက်ပြီး သွားပြီလေ။ စိတ်မ ဝင်စားဘူး။ လုပ်ပြီး သားကို ထပ်မလုပ်ဘူး။ စိန် ခလုတ် ထပ်မလုပ်ရ သေးတဲ့ ဟာကိုပဲ စိတ်ဝင်စားတယ်။ နဝရတ်လုပ် တာတွေက ပရိသတ်အတွက် ပဲ ဖြစ် ရမယ်လေ။

နဝရတ် ပြောသလို အနုပညာဟာ ပြည်သူ့ အတွက်ပဲ ဖြစ်တယ်။ ခေတ် အဆက်ဆက် မှာလည်း အနုပညာ က ပြည်သူ့ အတွက်ပဲ ဖြစ်တာက အမှန်တရားတစ်ခုပါ။ အဲဒီလို အနုပညာ ရှင်တွေကိုပဲ ပြည်သူတွေ က အမှန် တကယ် ချစ်ခင် လေးစားကြတာပဲ မဟုတ်ပါလား။

နဝရတ် နဲ့ အင်တာဗျူးကို အကယ်ဒမီ ပေးပွဲ မတိုင်ခင် ရက်ပိုင်း အလိုမှာ သူမ နေအိမ်မှာ သွားရောက် ပြု လုပ် ခဲ့တာ ဖြစ်ပါတယ်။ နဝရတ် အကယ်ဒမီ ရသည်ဖြစ်စေ၊ မရ သည်ဖြစ်စေ သရုပ်ဆောင် အနုပညာသည် တစ်ဦး အနေ နဲ့ မေးသင့်မေးထိုက်တဲ့ မေးခွန်းများ ကိုသာ ကျွန်မ မေးမြန်း တင်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။

တိမ်မင်းသမီး ဇာတ်ကားနဲ့ ပတ်သက်လို့ အားရ ကျေနပ်မှု အပြည့်၊ အနုပညာ စိုက်ထုတ်မှု အပြည့်၊ ငွေ ကုန်ကြေး ကျခံ ရမှုတွေ အပြည့်၊ ပရိသတ် အားပေးမှုတွေ အပြည့် နဲ့ မျှော်လင့်ချက် တွေ ပြည့်ခဲ့တဲ့ နဝရတ် အ တွက် ကျွန်မနှင့်တကွ သူ့ပရိသတ် များက စိတ် မကောင်းဖြစ်ခဲ့ကြပါတယ်။

ဘဝ ဆိုတာ လမ်းတွေသာ ဖြစ်တဲ့ အတွက် အောင်မြင်သည် ဖြစ်စေ၊ ကျရှုံးသည် ဖြစ်စေ ဆက်လျှောက်ကြ ရဦးမှာပါ။ ဘာသာတရား၊ အဆုံး အမတွေ အောက်က စိတ်နှ လုံး သား ကို ထားတတ်ခဲ့ပြီ လို့ပြောတဲ့ နဝရတ် က အနုပညာ လမ်းကို အားမာန် အပြည့်နဲ့ လျှောက်လှမ်းဦးမယ် လို့ ကျွန်မ ယုံကြည်မိ ပါတယ်။ တစ်ခါလဲ တာဟာ အပြီး တိုင် လဲဖို့ မဟုတ်ဘူး ဆိုတာကို သူမက လက်ခံပြီး ဖြစ်ပါလိမ့်မယ်။ အဲဒီ အတွက်လည်း နဝရတ်က ပရိသတ် ရဲ့ကရုဏာနဲ့ အကောင်းဆုံး အကယ်ဒမီ ဆုကို ရခဲ့တယ်လို့ ထင်မြင်မိကြောင်း ပါ။

အေးမွန်


Viewing all articles
Browse latest Browse all 1097

Trending Articles


လုလုအောင် HD အသစ်


မြန်မာမာရီယိုဂိမ်း


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။