အစ်ကိုကြီး၏ ချစ်ဒုက္ခ
ကျွန်တော့်တွင် ဘယ်ဝဋ်ကြွေး ပါသည်မသိ။ အစ်ကိုကြီးနှင့်တူ သောကံ ပါလာပြန်သည်။ ကိုယ့် အစ်ကိုကြီးနှင့်တူတာပဲ ဘာလို့ ဝမ်းသာအားရမဖြစ်တာလဲလို့ မေး စရာရှိပါ သည်။ တကယ်က ဂြိုဟ်ဆိုး ဝင်တာပဲဆိုတာကို ပြောချင်ပါသည်။ နောက်တော့ လိပ်ပတ်လည်ပါလိမ့် မယ်။အချစ်မှာ ပျိုသည်အိုသည် မရှိ တာတော့ ဟုတ်ပါသည်။ တကယ် တမ်း ကြုံတွေ့လာသောအခါ ဘယ် မိသားစုမှ ရှောရှောရှူရှူ လက်မခံ နိုင်ကြပါ။ ကန့်ကွက်ကြ၊ ငြင်းဆန် ကြ၊ သဘောမတူကြနှင့် ရက်အတန် ကြာ၊ လအ တန်ကြာနှင့် အတန်ကြာ တင်းခံနေတတ်ကြပါသည်။ သို့သော် တစ်စတစ်စ ကြာမြင့်လာသည်နှင့် အမျှ တင်းမာမှုများ လျော့ပါးလာ တတ်သည်မှာ ဓမ္မတာပင်။
အစ်ကိုကြီးကိုအောင်သိန်းနှင့် မရင်လှတို့ ခိုးပြေးသွားကြပြီဟူသော သတင်းများ ရပ်ကွက်အတွင်း ပျံ့နှံ့ သွားရာမှ အဖေ့နားသို့ ပေါက်ကြား သွားသည်။ ကြီးကြီးနား သို့ ရောက် သွားသည်။ ထိုမှ တစ်ဆွေလုံး တစ်မျိုးလုံး ဆွေ့ဆွေ့ခုန်နေကြတော့ သည်။ အဖေနှင့်ကြီးကြီးတို့က အစ်ကိုကြီးအား အိမ်ရိပ်မနင်းနဲ့၊ ဆွေမျိုး များကလည်း ငါတို့မျက်နှာ ကို အိုးမည်းသုတ်တဲ့ကောင်၊ သေခန်းပြတ်ပဲစသည်ဖြင့် အစ်ကို ကြီးအား ကြဉ်ထားကြပါတော့သည်။
ဖြစ်ပုံမှာ အစ်ကိုကြီးသည် မရင်လှနှင့် အနေနီးခဲ့သည်။ ညအခါ လသာသာ ထုပ်ဆီးတိုးတမ်း ကစားကြရာတွင်လည်းကောင်း၊ အပျော်တမ်း ဖဲရိုက်ကြရာ တွင် လည်း ကောင်း၊ အငြိမ့်၊ ရုပ်ရှင်နှင့်ဇာတ် ဗလာပွဲများ ညလုံးပေါက်ကြည့်ကြ ရာတွင်လည်းကောင်း တပူးတွဲတွဲ ရှိလှသည်။ ကြာတော့ အိုးချင်းထား တော့ အိုးချင်းထိ၊ ကြိုး ချင်းထား တော့ ကြိုးချင်းငြိဆိုသလို သူတို့ ဖြစ် သွားကြတော့သည်။
ဒါကို မရင်လှယောက်ျားဖြစ်သူ တရုတ်အဘိုးကြီးကိုညောင် သိသွား သောအခါ မရင်လှကို သေကောင် ပေါင်းလဲဖြစ်အောင် ရိုက်နှက်ပါ တော့သည်။ ထိုအခါ ထိုမြင်ကွင်း ကို မရှုဆိတ်နိုင်သော အစ်ကိုကြီး ကိုအောင်သိန်းသည် အိမ်ပေါ်သို့ ပြေးတက်ကာ ကိုညောင်အား ဝင်ရောက်ရိုက်နှက် ထိုးကြိတ်ပါ တော့သည်။ ထိုအခါ အုတ်ေ အာ် သောင်းတင်းဖြစ်သွားပြီး ရုံးရောက်၊ ဂတ်ရောက် ရောက်ပါလေတော့ သည်။ အစ်ကိုကြီးလည်း အဖမ်းမခံ ဘဲ ညတွင်းချင်း မရင်လှအား ရန်ကုန်တစ်နေရာသို့ ခိုးပြေး ပုန်း လျှိုး နေပါတော့သည်။
တိုတိုဆိုရလျှင် တရုတ်ကြီးမှာ တစ်ဖက်မှာ နိုင်ငံခြားသားဖြစ်သည့် အပြင် အဘိုးကြီးလည်း ဖြစ်နေပြီ ဖြစ်သဖြင့် အမှုမှာ တစ်စတစ်စ ပျက်ပြယ်လာပါတော့သည်။ အချိန် ကြာမြင့်လာသည်နှင့်အမျှ ထိုအမှု၊ ထိုအဖြစ်အပျက်မှာ လူတို့၏အမြင် တွင် မေ့လျော့ပျောက်ကွယ်စ ပြုလာပါတော့သည်။ ထိုနည်းတူပင် အဖေနှင့်ကြီးကြီးတို့မှာလည်း ယခင် ကလို စိတ်များမရှိကြတော့။ သား အား တွေ့ချင်၊ မြင်ချင်စိတ်များ ပြင်းပြလာပါတော့သည်။ ဆွေမျိုး များကလည်း ထိုအကြောင်းကို စကားထဲတွင်ပင် ထည့် မပြောကြ လောက်အောင် မေ့မေ့ပျောက် ပျောက် ရှိလာနေကြပါသည်။
ထိုကဲ့သို့ အစ်ကိုကြီးသည် သူများမယားအား ယူခဲ့သော်လည်း သူတို့နှစ်ဦးမှာ နေနှင့်လ၊ ရွှေနှင့်မြ လို လိုက်ဖက်သောအတွဲ ဖြစ်ပါ သည်။ မရင်လှသည် အစ်ကို့ထက် ပင် ငယ်ရွယ်နုပျိုလှပပြီး ထိုခေတ်က ရုပ်ရှင်မင်းသမီး မြင့်မြင့်ဌေးတို့၊ ဖျာပုံမယ်တင်တင်အေးတို့လို လုံးကြီးပေါက်လှ၊ မင်းကြိုက်စိုး ကြိုက် တန်းဝင်သူတစ်ဦးပင်။ မည် သည့်အကြောင်းကြောင့်များ သူမ အား တရုတ်အဘိုးကြီးက ဘယ်ကဲ့ သို့ သိမ်းပိုက်ခဲ့သနည်းဆိုတာကို စဉ်းစားမရအောင် ရှိခဲ့ပါသည်။ သည်နေရာမှာ အစ်ကိုကြီး ဘက်က လည်း ထည့်သွင်းစဉ်းစားစရာတွေ ရှိနေသေးသည်။ သူ့စိတ်ထဲတွင် သည်မိန်းကလေးအား ကယ်တင် လိုစိတ်များ ရှိနေပေလိမ့်မည်။ နောက် တစ်ကြောင်း ကလည်း အလွန်ချောမောလှပသော မိန်းကလေးတစ်ယောက် ဖြစ်နေ သောကြောင့်ပင်။ နောက်ပြီးတော့ ရှေးကရေစက် ဆုံစည်းသည်ဟုပင် လွယ်လွယ်ပြော ရပေတော့ မည်။
အစ်ကိုကြီးတို့ ဇနီးမောင်နှံ ရာသက် ပန်ရိုးမြေကျ သေတစ်ပန်သက်ဆုံး ပေါင်းသင်းနေထိုင်သွားကြသည်က သက်သေခံနေပေသည်။ သို့ရာတွင် သူတို့အိမ်ထောင် သက်တစ်လျှောက်လုံး အကြိမ် ခြောက်ဆယ် ခုနစ်ဆယ်ထက်မနည်း ကွဲကြ၊ ပြဲကြ အိမ်ပေါ်က ဆင်းသွား လိုက် ပြန်တက်လိုက်၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နှင့်။ ကျွန်တော် တို့ ညီအစ်ကို မောင်နှမများကြားတွင် မှတ်မှတ်ရရ ရှိခဲ့ပါသည်။ သူတို့၏ စံချိန်တင် အကွဲအပြဲဇာတ်လမ်းကို သြချလို့မကုန် ရှိခဲ့ရပါသည်။
အစ်ကိုကြီးနှင့်တူသောသား
နောင်နှစ်ပေါင်းများစွာ ကြာ မြင့်သောအခါ ကျွန်တော်လည်း သားနှင့်မယားနှင့် ဖြစ်လာရုံမက မိသားစုဝင် စုစုပေါင်း ၇ ယောက်၊ သား ၃ ယောက်နှင့် သမီး ၂ ယောက်တို့ ထွန်းကားခဲ့ပါသည်။ သားကြီး အောင်နိုင်လတ်၏ လျှောက်လှမ်း ကမောက်ကမ ဖြစ် နေချိန်တွင် ကျွန်တော် အိမ်မှာ မရှိ ပါ။ ယုံကြည်ချက်ကြောင့် ကျခံရ သော အပြစ်တ စ်ခုနှင့် ထောင်ဒဏ် နှစ်ရှည်ကျခံနေရပါသည်။ အိမ်တွင် ဇနီးနှင့်ကလေး ၅ ယောက် ကျန်ခဲ့ ပါသည်။ မိခင်က သူတို့ကို ဈေး ရောင်းပြီး ကျွေးမွေးရပါသည်။ သည်တော့ အစစအရာရာ မကြည့် ရှုနိုင်ပါ။ သူတို့ ကျောင်းစရိတ် စားစရိတ်များကို ရှာကြံနေရသည်မှာ ဖတ်ဖတ်မောနေပေတော့သည်။ တစ်ဖက်တွင် ကျွန်တော့်အတွက်
လည်း ထောင်ဝင်စာ ပို့ပေးနေရသေး သည်။
ထိုအခြေအနေများကြောင့် အရွယ်ရောက်လာသော သားသမီး များမှာ အချို့နေရာတွင် အုပ်ထိန်းမှု လစ်ဟင်းလျက်ရှိသည်မှာ မဆန်းပါ။ ထိုအခွင့်အကောင်းကိုယူ၍ သားကြီးသည် ထင်ရာစိုင်းလာပါ တော့သည်။ ဆယ်တန်းစာမေးပွဲကို လည်း တစ်ဘုန်းဘုန်းကျကာ ကျောင်းမှ ထွက်ရပါတော့သည်။ ထို့ကြောင့် သူ့အမေက သားအား အလုပ်ရှာပေးထားပါသည်။ သားကြီး အောင်နိုင်လတ်မှာ ပြည် တွင်းရေကြောင်းတွင် သင်္ဘောသား ဖြစ်လာပါသည်။ မကြာခင်မှာ သူ့ထက် အသက်တော်တော်များများ ကြီးပြီး ကျွန်တော်နှင့်မှ မတိမ်း မယိမ်းရှိသော မိန်းမတစ်ယောက်နှင့် ငြိစွန်းစပြုနေပါတော့သည်။ မခင်ကြည်မှာ တစ်ခုလပ်ဖြစ်ပြီး သူ့တွင် သမီးတစ်ယောက်နှင့် သား တစ်ယောက်တို့ ရှိပါသည်။ ထို အကြောင်းကို သိသိချင်း ကျွန်တော့် ဇနီးသည် ကျွန်တော့်အစ်ကိုကြီး ဦးအောင်သိန်းထံ သွားရောက်တိုင် တန်းပါသည်။ အစ်ကိုကြီးသည် သူ့တူအား အမျိုးမျိုးနားချပြီး ဖျက် ပါသည်။ သူ့အဖြစ်နှင့် နှိုင်းယှဉ် ပြောပြ၍ ပြဿနာများ တက်လာနိုင် ကြောင်း ဖျောင်းဖျသော်လည်း သား က လက်မခံချေ။ဘကြီးဖြစ် သူက သူ့တူအား နားချပုံမှာ ဖွဲ့ဖွဲ့နွဲ့နွဲ့ရှိလှပါသည်။
‘
‘ဒီမှာ ငါ့တူ၊ မင်း အဲဒီမိန်းမ ကို မယူပါနဲ့ကွာ၊ ငါ့လို အဖေအမေ တွေက သေခန်းပြတ်၊ ဆွေမျိုးတွေက မခေါ်မပြောနဲ့ အကြဉ်ရခံရမယ်ကွ၊ နောက်ပြီး ပတ်ဝန်းကျင်ကလည်း
ကဲ့ရဲ့ပြစ်တင်ကြလိမ့်မယ်”
”ဟာဗျာ၊ ဘယ်သူ ဘာပြော ပြော ကျွန်တော် ဂရုမစိုက်ဘူး။ သူတို့ ထမင်းစားနေတာမှ မဟုတ် တာ။ အဘလိုပေါ့ နောက်တော့ လည်း ပြန်ခေါ်ကြတာပဲ မဟုတ် လား”
”ဒီလိုလုပ်ကွာ၊ မင်း ဒီမိန်းမကို အဆက်ဖြတ်လိုက်ပါကွာ၊ မင်းနဲ့ လည်း အသက်တော်တော်ကွာ တယ်။ ခုနစ်အို ရှစ်အိုကြီးများကွာ၊ နောက်ပြီး အတွယ်အတာတွေက လည်း ပါသေး။ သူ့သားကြီးလာရင် တစ်နေ့ မင်းကို ဓားနဲ့လိုက်မှာကွ”
”လိုက် လိုက်ဗျာ၊ အခုကတည်း က သူတို့အပေါ် ကြင်ကြင်နာနာနဲ့ သူ့အဖေအရင်းထက်သာအောင် ပြုမူဆက်ဆံရင် ဘယ်ခံနိုင်မှာလဲ ဗျာ၊ ဒါတွေကို မမှုပါဘူးဗျာ”
”အေးကွာ… ထားပါတော့၊ ဒီလိုလုပ်ပါလား၊ အဲဒီမိန်းမထက် သာတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ သူ့မိဘတွေက ငါ့သူငယ် ချင်း။ သူတို့က သူတို့သမီးကို သင့်တော်တဲ့သူနဲ့ အိမ်ထောင်ရက် သား ချပေးချင်ကြတယ်။ ငါ့ကို လာ ပြောနေတာ ကြာပြီ။ ကောင်မလေး က မင်းကောင်မကြီးထက် အပြန် တစ်ရာမက ချောတယ်။ အသက်က လည်း မင်းထက်တောင် ငယ်သေး တယ်။ အဝေးသင်လည်း တက်နေ တယ်။ အဲဒါ မင်း လိုက်ကြည့်ပါလားကွ”
”ဟင့်အင်း၊ ကျွန်တော် မခင်ကြည်နဲ့ ငြိနေပြီဗျာ၊ သူက ဘကြီးပြောသလို မအိုသေးပါဘူး။ ကျွန်တော့်အပေါ်မှာလည်း ကြင်နာ တယ်။ အစစအရာရာ ကောင်းတယ် ဗျ။ သူ့ကို မဖြတ်နိုင်ဘူး”
”အေးကွာ၊ မင်းမှာ အညွန့် တလူလူနဲ့ သူ့ကိုယူရင် မင်း အညွန့် ကျိုးတော့မယ်။ လူလုံးမလှဖြစ်တော့ မယ်။ လူတွေရဲ့ တံတွေးခွက်ထဲမှာ ပက်လက်မျောတော့မယ်။ ဒါမှ မဟုတ်ရင်လည်း ကျောင်းပြန်တက် ပါလား၊ ငါ ထားပေးမယ်လေ”
”ဘကြီးရာ ကျွန်တော် ကျောင်းပြန်တက်မယ်ဆို အမေက အချိန်မရွေး ထားပေးနိုင်ပါတယ်။ ကျွန်တော် ကျောင်းတက်ဖို့ စိတ်မပါ တော့ဘူး။ နောက်ပြီး ဒီမိန်းမက ချမ်းသာတယ်။ ကျွန်တော် ဘာမှ မပူမပင်နဲ့ နေရမှာ၊ ကျွန်တော့်ကို ရွှေပေါ်မြတင်ထားမှာဗျ။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ယူကိုယူတော့ မယ်။ ဘကြီး တားမနေပါနဲ့တော့ဗျာ။ ဘကြီးလည်း ဘကြီးကြိုက်တဲ့သူ ဘကြီး ယူခဲ့တာပဲမဟုတ်လား”
”အချိန်တွေ ရှိသေးတယ်။ ပြင်လို့ ရသေးတယ်။ စဉ်းစားပါဦး သားရယ်။ ရှေ့ရေးအတွက် ဘကြီး ပြောရတာကွ”
”ဘကြီး မတရားဘူး။ ဘကြီး ကျတော့ ဘကြီးချစ်တဲ့သူကို မရ ရအောင် ယူခဲ့တယ်။ ကိုယ်ချင်းစာ ပါ ဘကြီးရာ။ နတ်သျှင်နောင်တောင် ခုနစ်အို ရှစ်အိုကြီး ဓာတုကလျာကို ယူခဲ့တာ ဥစ္စာ”
နောက်ဆုံးတွင် အစ်ကိုကြီး လည်း လက်လျှော့လိုက်ရတော့ သည်။ ထိုအကြောင်းတွေကို ခရေစေ့တွင်းကျ သိရသောအခါ ကျွန်တော်သည် ရာဇဝင်ထဲက အသံတစ်သံကို ကြားယောင်လာမိ သည်။ မွန်မြန်မာ အနှစ် ၄ဝ စစ်ပွဲ အတွင်းမှာ ဘကြီးတော်ရာဇဓိရာဇ် နှင့် တူတော်မောင်မင်းရဲကျော်စွာတို့ ဇာတ်လမ်း တစ်စိတ်တစ်ပိုင်းကို သွားသတိရသည်။ ဆွေမျိုးရင်းချာ တွေ ဖြစ်ပါလျက် ဘကြီးနှင့်တူတို့ စစ်ခင်းခဲ့ကြရသည်။ စီးချင်းထိုးကြ ရသည်။ သူသေကိုယ်ရှင် တိုက်ပွဲ ဆင်ခဲ့ကြရသည်။
သည်လိုနှင့် မင်းရဲကျော်စွာ သည် ဘကြီးတော်ရာဇဓိရာဇ်နှင့် တိုက်ပွဲမှာ ဆင်ထက်ကကျပြီး ဆင် နင်းမိပြီး ပေါင်မှာ ဒဏ်ရာရကာ သုံ့ပန်းဘဝကျရောက်ခဲ့ရသည်။ သည်တော့ ဘကြီးတော်ရာဇဓိရာဇ် က သူ့တူကို တိုင်းပြည်တစ်ဝက်ပေး ပြီး ကမ်းလှမ်းသည်။ မင်းရဲကျော်စွာ က တိုင်းပြည်မဲ့သူ မဟုတ်ပါလို့ဆိုပြီး ပယ်ချလိုက်သည်။ သမီးတော်နှင့် လက်ဆက်ပေးပြီး အိမ်ရှေ့အရာ အပ်နှင်းမယ်လို့ဆိုလည်း မယားမဲ့သူ မဟုတ်ပါဆိုပြီး ခါးခါးသီးသီးငြင်း သည်။ ငါ၏သားအရင်းအဖြစ် သူကောင်းပြုမယ်လို့ နားသွင်းလည်း ဖခင်မဲ့သူမဟုတ်ပါဆိုပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။ ဒါဆိုရင်လည်း ဆေးကုသပေးမယ်။ ကျန်းမာတဲ့ အခါကျတော့ ပြန်ပို့ပေးမယ် ချော့ လည်း ပျော့မသွားဘူး။အဲဒီလို အချီအချပြောသံတွေ ဟာ ကျွန်တော့်သားနှင့်ဘကြီးဖြစ်သူ ကျွန်တော့် အစ်ကိုတို့တွေ့ဆုံဆွေး နွေးကြပုံနှင့် ခပ်ဆင်ဆင် တူမနေ ဘူးလား။ ဟိုမှာလည်း ဘကြီးနှင့်တူ။ သည်မှာလည်း ဘကြီးနှင့်တူပဲလေ။ သို့ပေမဲ့ မင်းရဲကျော်စွာလည်း သူရဲကောင်းပီသစွာ ကျဆုံးသွား သည်။ ကျွန်တော့်သားကတော့ သူရဲဘောကြောင်စွာ ကျဆုံးသွား တော့သည်။ နောက်ဆုံးတွင် သားကြီးသည် သူ့သဘောနှင့်သူ ဟိုမိန်းမကို ကောက်ယူလိုက်တော့သည်။
ထိုကဲ့သို့ သားကြီးသည် သူ့ထက်အသက်ကြီးသော ကလေး နှစ်ယောက်အမေကို ယူသွားပြီဖြစ် ကြောင်း ထောင်ဝင်စာလာသော အခါ ဇနီးက ဖြစ်ကြောင်း ကုန် စင် ပြောပြသဖြင့် သိရစဉ်အခိုက် ချက် ချင်းပင် ကျွန်တော့်တစ်ကိုယ်လုံး တုန်လှုပ် ချောက်ချားသွားပါသည်။ ဒေါသထွက်လှသဖြင့် အသားများ တဆတ်ဆတ်တုန် ကျန် ခဲ့ပါသည်။မကြာခဏဆိုသလို ဇနီးဖြစ်သူ ထောင်ဝင်စာလာတွေ့တိုင်း သား၏ မကောင်းသတင်းများကို ကြားရ သဖြင့် စိတ်မချမ်းမသာ ဖြစ်ရပါ သည်။ သားတို့၏ အိမ်ထောင်ရေး အဆင်မပြေကြောင်း၊ ခဏခဏ ရန်ဖြစ်ကြကြောင်း၊ မိန်းမဖြစ်သူမှာ ဖဲသမားဖြစ်ကြောင်း၊ သားကြီးမှာ လည်း မယားဖဲဝိုင်းနောက်လိုက်ရင်း ဖဲသမားဖြစ် မှန်းမသိ ဖြစ်လာ ကြောင်း၊ မယားပါသားသမီးများနှင့် လည်း တကျက်ကျက်နှင့် မတည့် ကြောင်း၊ အိမ်ပေါ်မှ ခဏခဏဆင်း လာပြီး ခဏခဏပြန်တက် ကာ ပြန် ပေါင်း ကြကြောင်း စသည့်သတင်း စကားများက ကြားရကြားရ နားဝ မှာ မချမ်းသာ ဖြစ်ကျန်ခဲ့ပါတော့ သည်။စိတ်ထဲတွင်လည်း ကျွန်တော် ၏ မိသားစုမှာ အစ် ကိုကြီးနှင့် တူ သောသားပါလာခြင်းကို အံ့သြခြင်း ကြီးစွာ ဖြစ်မိပါသည်။ စိတ်မချမ်း မသာဖြစ်ရုံကလွဲ၍ ကျွန်တော်က ရော ဘာများတတ်နိုင်ပါမည်နည်း။
သားကြီး၏ ဖြစ်ထွေ
သည်လိုနှင့် ထောင်ထဲ၌ ၁ဝ နှစ်ခန့်နေ၍ ကျွန်တော် ပြန်လွတ် လာခဲ့ပါသည်။ တစ်အိမ်သားလုံး ဝမ်းသာနေကြပါသည်။ သားကြီးက တော့ ကျွန်တော့်ထံလာ၍ မျက်နှာ မပြဝံ့ဘဲ ရှိနေပါသည်။ ထို့ကြောင့် သားငယ်အား သွား၍ ခေါ်ခိုင်းရပါ သည်။ ခဏအကြာ၌ သားကြီး မဝံ့မရဲနှင့် ရောက်လာပါသည်။ ကျွန်တော်က သားကြီးဖြစ်သူ အနေ ကျပ်မှာစိုး၍ ဆီးကြိုနှုတ်ဆက်လိုက် ပါသည်။
”သားကြီး၊ နေကောင်းရဲ့လား၊ မင်းကွာ အဖေရောက်နေတာတောင် လာဖော်မရဘူး။ အဖေ့မှာတော့ ရောက်ရောက်ချင်း သားကြီးကို မတွေ့ရလို့ ရင်ထဲကို ဟာသွားတာပဲ ကွာ””ဟုတ်တယ် သားကြီး၊ မင်း အဖေက အိမ်ထဲတောင် မရောက် သေးဘူး။ သားကြီးရောလို့ တစ်မေး တည်း မေးနေတာ”
ဇနီးဖြစ်သူ ခင်အေးသိန်းကပါ သူ့သားကြီး အနေကျပ်မှာစိုး၍ လိုက်လိုက်လျောလျော ဝင်ပြော သည်။ ထိုအခါမှ သားကြီးမျက်နှာ ပျက်နေရာမှ ပြန် လည်ဣနြေ္ဒဆည် နိုင် သည်။ မဝံ့မရဲအမူအရာများ ပြေလျော့သွားပါသည်။ ကျွန်တော် ပြန်ရောက်ချိန်မှာ ညနေစောင်းလေး မို့ ထမင်းစားချိန်နှင့် ကြုံကြို က်နေ သဖြင့် သားကြီးကိုပါ ထမင်းဝိုင်းတွင် ဝင်စားစေပါသည်။အမှန်တော့ ကျွန်တော်တို့ဘက် က သားကြီးအား ကြိုးရှည်ရှည်နှင့် လှန်ထားလိုက်ခြင်းပင်။ ဘာပဲဖြစ် ဖြစ် သားကြီးအား ကျွန်တော်တို့ ရင်ခွင်ထဲ ပြန်ရောက်အောင် ကြိုး စားရပေမည်။ ထိုမိန်းမနှင့်ခွဲပစ်ရန် အချိန်နှင့်အမျှ အကွက်ကောင်းကို စောင့်ဆိုင်း၍ နေပါသည်။ တစ်နေ့ တွင် ကျွန်တော်စောင့် ဆိုင်းနေသော အချိန်ရောက်လာပါသည်။ သားကြီး သူ့မိန်းမနှင့် ရန်ဖြစ်၍ အိမ်က ဆင်း လာပါတော့သည်။
”သားကြီး၊ ဘယ်လိုဖြစ်လာ တာလဲ၊ ဘာတွေမှ တွေးမနေနဲ့၊ အိမ်မှာ မင်းကြိုက်သလို နေနော်။ ခုနစ်အိုရှစ်အိုကြီးများ မင်းမို့ကွာ၊ ဒါနဲ့ ဘယ်လိုဖြစ်လာကြတာလဲကွ”
”ဟာဗျာ အဖေရာ၊ သူ့ပိုက်ဆံ တွေပျောက်တာ သားကို စွပ်စွဲတယ်။ သားလည်း မယူရဘဲနဲ့။ သားက သူ့လုပ်စာ ထိုင်စားနေတော့ မိန်းမ များ အထင်သေးအမြင်သေးပေါ့ ဗျာ”ထိုအချိန်တွင် အနားမှာ ထိုင် နေသော သူ့အမေက ဝင်ရှင်းပြပါ သည်။
”ဒီလိုရှင့်၊ သူ့မိန်းမက သူနဲ့ တစ်ဌာနတည်းပဲ။ အလုပ်မှာ အထက်တန်းစာရေးမရှင့်။ လူကြီး တွေကိုလည်း အတော်အတန်ပိုင် တယ်။ အဲဒါ ရှင့်သားကို အလုပ် မသွားဘဲ လစာထုတ်နိုင်အောင် ပြောပြထားတယ်လို့ သိရတယ်ရှင့်”
”သြော်…တယ်ပိုင်ပါလား။ ဒါဆို သားကြီးက အိမ်မှာ ထမင်း ချက် ဟင်းချက်၊ ညဘက် ဖဲဝိုင်းသွား ရင် အဖော်လိုက်။ အလုပ်ပိတ်ရက် ဆို တစ်နေကုန် ပိုကာဒေါင်းကြ တာ ပေါ့နော်။ တယ်လည်း ဟန်ကျပါ လား ငါ့သားရ။ ဒါပေမဲ့ ဘဝဆိုတာ ဖဲဝိုင်းမှာတင် အချိန်ကုန်လို့ မဖြစ် ဘူး။ အရွယ်ရှိတုန်း ကိုယ့်တက်လမ်း ကိုယ်ရှာရမယ်။ ခုတော့ မင်းဘဝက အညွန့်တုံးနေပါရော့လား ငါ့သား ရယ်”
သားကြီးက ကျွန်တော့်စကား အပေါ်မှာတော့ ဘာမှမတုံ့ပြန်ပေ။ ခေါင်းကြီး အောက်စိုက်ပြီးသာ နေ ပါသည်။ ကျွန်တော်က သတိကြီးစွာ ထားပြီး စကားကိုဆက်ရသည်။
”ဒီမှာ သား… ကျိုးနေတဲ့ အညွန့်က အခက်အလက်တွေက လည်း အညွန့်တွေ ပြန်ထွက်နိုင်ပါ တယ်ကွာ။ လူဆိုတာ ပျက်အစဉ်၊ ပြင်ခဏပေါ့ကွာ။ သား ဒီဘဝထဲက ရုန်းထွက်ရမယ်”
ကျွန်တော်က စကားကို ရွေး ချယ်ပြောနေခြင်းဖြစ်သည်။ တိုက် ရိုက်ကြီး မင်းမိန်းမနဲ့ မပေါင်းနဲ့ဆို လျှင် နားမဝင်မှာစိုး၍ ဖြစ်သည်။ ဒါကိုလည်း ဒီကောင်သိပုံရသည်။ ချက်ချင်း ခေါင်းမော့လာပြီး အဖြေ ပေးပါသည်။ ထိုအဖြေက ကျွန်တော် လိုချင်သော အဖြေပင်။
”သား သိပါတယ် အဖေရာ၊ ကျွန်တော် ဒီမိန်းမကို ပြတ်ပါတယ်။ ပြတ်လို့လည်း အိမ်က တစ်ခါတည်း ဆင်းလာတာပါ”
ကျွန်တော်ကား သားစကား ကြောင့် ဇနီးဘက် မေးငေါ့ပြလိုက် သည်။ ဒါပေမဲ့ ဇနီးမျက်နှာက မချို မချဉ်နှင့်။ သူ့လိုပင် အနားတွင် ထိုင် နေကြသော သမီးနှင့်သားတို့ မျက်နှာ များကလည်း စပ်ဖြဲဖြဲနှင့်။ သူတို့ကို ကြည့်ရသည်မှာ မယုံရေးချ မယုံ။ သားကြီးစကားကို သုံးခွက်တစ်ခွက် တင်နေပုံရသည်။ ဒီလိုနှင့် သားကြီးအိမ်ပေါ်မှ ဆင်းလာသည်မှာ သုံးရက်မြောက် သောနေ့သို့ ရောက်လာပေပြီ။ အိမ်တွင်နေစဉ် သူ့အနေအထိုင် များမှာ တည်တည်ကြည်ကြည်ပင်။ ကျွန်တော်ကတော့ ဝမ်းမြောက်ဝမ်း သာဖြစ်နေပါသည်။ စိတ်ထဲတွင် ကြည်နူးနေသဖြင့် ည၌ စာတစ်ပုဒ် ရေးမိသည်။ စိတ်လက်ပေါ့ပါးစွာ ဈာန်ဝင်စားနေသဖြင့် အချိန်များ ကုန်မှန်းမသိ ကုန်သွားပါသည်။ အပြင်ဘက်တွင် အမှောင်ထုကြီး ကား ကြီးစိုးနေသည်။ ဆောင်းလေ က ခပ်ချမ်းချမ်းလေး တိုက်နေသည်။ နှင်းမြူများက ဝေ့ဆိုင်းလျက်။ အိမ် ဘေးမြက်ခင်းပြင်မှ ပုရစ်သံများ စီညံနေသည်။ တစ်ခါတစ်ရံညဥ့် ငှက်အော်သံက အလန့်တကြား။
ထိုစဉ်မှာပင် ”အဖေ၊ အဖေရေ၊ အစ်ကိုကြီး မရှိတော့ဘူးဗျ။ ခေါင်းရင်းဘက်က ပြတင်းပေါက်လည်း ပွင့်နေတယ်။ သူ့မိန်းမဆီ ပြန်သွားပြီနဲ့ တူတယ် ဗျ”
သားငယ်၏ ခပ်အုပ်အုပ်အော် သံက ညဥ့်ယံကို ထိုးဖောက်၍ ထွက်လာ၏။ တစ်အိမ်လုံးလည်း လန့်နိုးလာကြသည်။ တစ်ယောက် တစ်ပေါက် ပြောသံများက သားကြီး အား ထောပနာပြုသော အသံများ ပင်။ နောက်တော့ သူတို့တစ်တွေ ပြန်လည်အိပ်ရာဝင်သွားကြသည်။ ကျွန်တော်သာ တစ်ယောက်တည်း ငူငူကြီးကျန်ခဲ့သည်။ စာကို တစ်လုံး တစ်ပါဒမျှ ဆက်၍မရေးနိုင်တော့ ပါ။ ဘောပင်နှင့် စာရွက်များကို ထားခဲ့၍ အိပ်ရာထဲဝင်လိုက်သည်။ စိတ်ပျက်လက်ပျက် ဖြစ်မိသည်။ လူလည်း ခြေကုန် လက်ပန်းကျသလို ဖြစ်သွားသည်။ သက်ပြင်းများချရင်း လေပူများ မှုတ်ထုတ်ရင်း သား၏ နောင်ရေးအတွက် ရတက်မအေး ဖြစ်ရသည်။ ဘာလုပ်လို့ ဘာကိုင်ရ မှန်း မသိ။ အိပ်ရာထဲတွင် တလူးလူး တလိမ့်လိမ့်နှင့်။ ထိုညက အိပ် မပျော်ပါ။ မိုးစင်စင်လင်းသွားသည်။
မြေကြီးပေါ်သို့ အကြိမ်ကြိမ်ကျကွဲ သွားသော ဓာတ်ပြားဟောင်း
မိဘတိုင်း သားသမီးကို ဆင်စီးပြီး မြင်းရံတာကိုပဲ ကြည့်ချင် မြင်ချင်ကြသည်မှာ ဓမ္မတာပင်။ သားကြီးအတွက် မည်သို့ဆောင်ရွက် ရမည်ကို အဖြေရှာမရဘဲ ရှိနေ သည်။ စိတ်ကို အမျိုးမျိုးကြိုးစားဖြေ ကြည့်သည်။ အင်းလေ . . . အက်ဒွပ်ဘုရင်ကြီးတောင် မုဆိုးမ တစ်ယောက်အတွက် ထီးနန်းကို စွန့်ခဲ့တာပဲ။ နတ်သျှင်နောင်ရော ဘာထူးလဲ။ ခုနစ်အိုရှစ်အိုကြီး ရာဇဓာတုကလျာကို မိဖုရားမြှောက် ခဲ့တာပဲ။ အချစ်မှာ ပျိုတယ်အိုတယ် မရှိဘူးလေ။ ကြီးတာငယ်တာ ပဓာနမှ မဟုတ်ဘဲ။ အဲဒီလိုစိတ်ကို အမျိုး မျိုးဖြေသိမ့်ကြည်သော်လည်း မရ။ ဟိုက အက်ဒွပ်ဘုရင်ပဲ။ သားကြီးက အက်ဒွပ်ဘုရင်မှ မဟုတ်ဘဲ။ ဟိုက နတ်သျှင်နောင်ပဲ။ သားကြီးက နတ်သျှင်နောင်မှ မဟုတ် တာ။ နေ့စဉ်နှင့်အမျှ သားကြီးအတွက် ရတက်မအေးရ။ မည်သို့ပင်ဖြစ်စေ ကျွန်တော်၏ အခွင့်အခါကောင်းကို စောင့်ကြည့် ရေးပေါ်လစီကိုသာ ပြန်လည်ကိုင်စွဲ ထားရပေတော့မည်။
သားကြီးကတော့ အစ်ကိုကြီး နှင့် တစ်ချိုးတည်း။ တစ်ပုံစံတည်း ပင်။ သူ့အနေနဲ့ကတော့ ရန်ဖြစ် လိုက်၊ ပြန်ချစ်လိုက်ဆိုတာ အချစ်ကို အသစ်ပြန်လည် မွေးဖွားခြင်းများ လား။ ကျွန်တော် ထောင်က ပြန် လာပြီး တစ်နှစ်အတောအတွင်းမှာ ပင် သားကြီး သူ့အိမ်ပေါ်က ဆင်း လာတာ အကြိမ်ကြိမ်ပင်။ ဒီလိုပဲ သူ့အိမ်က သုံးလေးရက် ဆင်းလာ လိုက်၊ ပြန်တက်သွားလိုက်နှင့်။
တစ်ခါတွင် သားကြီးသည် သူ့မိန်းမနှင့် ရန်ဖြစ်ပြီး အရက်မူး ကာ သူတို့အိမ်ရှေ့မြောင်းထဲတွင် လူးလှိမ့်အော်ဟစ်နေပါသည်။
”မမရေ၊ မောင်လေးကို ကယ် ပါဦး၊ မမထူမှ ထမယ်ဗျ။ မမ သိပ် ရက်စက်တယ်။ ဟောဒီ ရေမရှိတဲ့ မြောင်းထဲမှာ နှာခေါင်းဖော်ပြီး သေပစ်လိုက်မယ်နော်၊ ဟား ဟား ဟား”
သား၏ ရူးသွပ်စွာ၊ အရှက်မဲ့စွာ အော်ဟစ်နေသော မူးသံကြီးကြောင့် ရပ်ကွက်ထဲမှ လူများ ထွက်ကြည့် ကြပြီး ပြုံးစိပြုံးစိဖြစ်နေကြသည်။ ရေစပ်စပ်သာရှိသော ကနဖော့ ပင် များ ကျိုးတိုးကျဲတဲရှိနေသောမြောင်း ထဲတွင် ကြည့်မကောင်း၊ မြင် မကောင်းအောင် လူးလှိမ့်နေသည်။ ထိုမြင်ကွင်းကို ကျွန်တော် မြင်နေရ သည်။ သူ့အတွက် ရင်ထု မနာ ဖြစ်ရုံ ကလွဲ၍ ဘာမှမတတ်နိုင်ပါ။
ဒီလိုနှင့် နောက်တစ်ခါ ဆယ် ကြိမ်မြောက် အလည်ရောက်လာ သော သားအား ဝမ်နင်ပေးရတော့ သည်။ ဖခင်တစ်ဦးအနေဖြင့် သူ့အား အလျှော့ပေး၍ ကြိုးရှည် ရှည်လှန် ထား၍ မရတော့။ ဒီတော့ အိမ်တွင် အမိန့်ထုတ်ရသည်။
”ဟေ့ကောင်၊ ဒီတစ်ခါ အိမ်ကို တက်လာတာ နောက်ဆုံးအကြိမ် ဖြစ်ပါစေ၊ ငါ့အိမ်က သာလာယံဇရပ် မဟုတ်ဘူး။ မင်း ထွေလီကာလီတွေ ပြောမနေနဲ့။ ငါ မယုံတော့ဘူး။ အေး … ဒီတစ်ခါတော့ မင်းကို နောက်ဆုံး စောင့်ကြည့်ခြင်းအနေနဲ့ လက်ခံလိုက်ဦးမယ်”သားကတော့ ကျွန်တော့်စကား ကို ဘာတစ်ခုမှ မတုံ့ပြန်ပါ။ သူက တော့ ဖွင့်နေကျ ဓာတ်ပြားဟောင်း ကြီးကိုသာ ဆက်ဖွင့်မြဲ။
‘
‘အဖေနဲ့အမေတို့၊ သား ဒီတစ်ခါ တကယ်ပြတ်ပါပြီဗျ။ ဒီကောင်မမျက်နှာကိုလည်း မကြည့် ချင်တော့ဘူး။ မယုံရင် အဖေတို့ အမေတို့ စောင့်ကြည့်ပါ။ သား ဘယ်တော့ မှ ပြန်မပေါင်းတော့ဘူး”
ဒီလိုနှင့် သားကြီး၏ ဓာတ်ပြား ဟောင်းကြီးသည် မြေကြီးပေါ်သို့ ကျကွဲသွားပြန်ပါတော့သည်။ ဒီတစ်ခေါက်တော့ တစ်ပတ်လောက် ခန့် ကြာသည်။ သို့သော် တစ်ပတ် မပြည့်ခင် ခြောက်ရက်မြောက်သော ညတွင် နောက်ဖေးပေါက်မှ မြေလျှိုး မိုးပျံသွားတော့သည်။
သားကြီး၏ လုပ်ရပ်နှင့်ဖြစ်စဉ် များက ကျွန်တော်တို့အဖို့ ရိုးစင်း သွားပြီမို့ သိပ်ပြီး ထွေထွေထူးထူး မခံစားရတော့ပါ။ သားသိအောင် သာ ကြေညာမောင်းခတ်ရတော့ သည်။
”ဟိတ် …အားလုံးကို ပြော ထားမယ်။ ဒီကောင် နောက်တစ်ခါ အိမ်ပေါ်တက်လာရင် ဘယ်သူမှ လက်မခံရဘူး။ ဒါက အိမ်ကွ။ သာလာယံဇရပ်မဟုတ်ဘူး”
ကျွန်တော်၏ ပေါ်လစီတစ်ခု ဖြစ်သော ကြိုးရှည်ရှည်နှင့် လှန်ထား ခြင်းကိုလည်း ရုပ်သိမ်းလိုက်ရတော့ သည်။ အိမ်မှာလည်း အမိန့်ထုတ်ရ တော့သည်။ ကြိုးစကိုဖြတ်၍ တင်း မာပြတ်သားသော လမ်းစဉ်ကို ပြောင်းလဲသတ်မှတ်ကြည့်မိသည်။ သို့သော် အခွင့်အခါကောင်းကို စောင့်ကြည့်ရေးပေါ်လစီကိုတော့ မသိမသာ ကိုင်စွဲထားဆဲ။
ဂြိုဟ်မွှေတဲ့ ဓာတ်ပုံ
နွေနေကား ချစ်ချစ်တောက် ပူပြင်းနေသည်။ တံလျှပ်တွေက တရှိန်းရှိန်း။ လေပွေများက ကတော့ ထိုးမွှေ့ရမ်းလျက်။ ရွက်ဝြါေ<ွကများ တလိမ့်ခေါက်ကွေး ပြေးလွှားနေ။ သစ်ပင်များက ရိုးတံပြိုင်း ပြိုင်းနှင့်။ နွေငှက်က ဥသြဥသြနှင့်။ နွေနေ့လယ်၏ အပူရှိန်ပြင်း ထန်မှုကြောင့် ပိတောက်ရိပ်ကွပ်ပျစ် တွင် အဖန်တစ်အိုးနှင့် စိုးမိုးနေ သော အပူ ဒဏ်ကို ကြံ့ကြံ့ခံရင်း လက်ဖက်ရည် အဖန်သောက်က ကျက်သရေအမှန်ရောက်လိမ့်ဆို သလို အားတက်စရာသတင်း ကောင်း တစ်ခုကို ကြားလာရသည်။ သတင်း ကို သယ်ဆောင်လာသူမှာ ကျွန်တော်၏မဟေသီ ဒေဝီဘုရင်မ မခင်အေးသိန်းပင်တည်း။
”ကိုငွေ၊ ရှင့်အတွက်တော့ အကွက်ဆိုက်ပြီတော့။ သူတို့လင် မယား အကြီးအကျယ် နောင်ဂျိန်ချ နေကြပြီတဲ့။ ဒီတစ်ခါ ရန်ဖြစ်တာ ခင်ခင်ကြည်ယောက်ျားကြီး ကိစ္စတဲ့။ အဲဒါ သားကြီးက မခံမရပ်နိုင်ဖြစ်နေတယ်”
ကျွန်တော်၏မဟေသီသည် ကျွန်တော့်အနားကွပ်ပျစ်ဘေးတွင် အမောတကော ဝင်ထိုင်လိုက်ရင်း ဆိုင်းမဆင့် ဗုံမဆင့် ပြောလိုက်ခြင်း ဖြစ်သည်။
”ဟဲ့…နင့်ဟာက အရင်းမရှိ အဖျားမရှိနဲ့၊ သေသေချာချာ ပြော ပြပါဟ၊ ငါ နားထောင်ရတာ အူလယ်လယ်နဲ့”ထိုအခါကျမှ သူ၏အလော တကြီး ပြောလိုက်ပုံကို သတိရ သွား သည်။ အနည်းငယ်တွေတွေလေး မျက်မှောင်ချီလိုက်ပြီးမှ ဖြစ်ကြောင်း ကုန်စင်ကို နတ်သံနှောပါတော့ သည်။
”ဒီလိုရှင့်၊ ခင်ခင်ကြည်ရဲ့သားနဲ့ သမီးက နွေရာသီကျောင်းပိတ်ရက် မှာ သူ့အဖေရှိရာ ပြည်မြို့ကို သွား လည်ကြတယ်”
”ဟ…ဒါနဲ့ နေပါဦး၊ ခင်ခင်ကြည်လင်ကြီးက ရှိနေတုန်းပဲ လား”
”အသာနားထောင်စမ်းပါရှင်၊ ဒီလိုရှင့်၊ သူ့အဖေက ပြည်မှာ ဘုန်းကြီးဝတ်နဲ့ ရှိသေးတယ်၊ အဲဒီ ကို ကလေးတွေက သွားလည်ကြ တယ်၊ ပြန်လာတော့ သူတို့အဖေ ဘုန်းကြီးရဲ့ဓာတ်ပုံကို ယူလာတယ်။ အဲဒါကြောင့် သားကြီးနဲ့ စကားများ တာ”
သူ့စကားက မရှင်းသဖြင့် ဒုတိယမ္ပိ အားမလိုအားမရမေးလိုက် မိပြန်သည်။
”ဟေ့…မင်းဟာ နားသိပ် မရှင်းဘူး။ ဓာတ်ပုံယူလာတာနဲ့ ရန်ဖြစ်ကြရောလားကွ”
”ရှင်ကလည်း လိပ်ပတ်လည် အောင် နားထောင်စမ်းပါ၊ ကြား ဖြတ်မေးနေတာနဲ့ ဘာပြောရမှန်း မသိတော့ဘူး၊ ဒီလိုရှင့်၊ အဲဒီလို သူတို့အဖေဓာတ်ပုံကို ကလေးတွေ က အိမ်ဦးခန်းမှာ ချိတ်လိုက်တယ်။ ဒါကို ရှင့်သားက မကျေနပ်ဘူး။ သူရှိရက်နဲ့ ဒီလိုဓာတ်ပုံကြီးချိတ်တာ သူ သိက္ခာကျတယ်ပေါ့။ အဲဒါ ကြောင့် လင်မယားတွေ အကြိတ် အနယ်ဖြစ်နေကြတာ သိလား”
ကျွန်တော်၏ မျက်နှာတစ်ခုလုံး ဝင်းထိန်သွားပါသည်။ ကျွန်တော်၏ အခွင့်အခါကောင်းကို စောင့်ကြည့် နေသောအချိန်အခါကို ဆိုက် ရောက်လာပြီပဲ။ သူ့စကားအဆုံးမှာ ပင် ဝမ်းသာအားရ စကားတစ်ခွန်း ပြောချလိုက်မိသည်။
”မိန်းမရေ၊ မပူနဲ့တော့ဟေ့၊ မကြာခင် မင်းသားကို ဒီမိန်းမနဲ့ ခွဲနိုင်တော့မယ်ကွ”
ထိုစကားကို ကြားသည်နှင့် ကျွန်တော့်မဒမ်သည် ပြုံးစိစိဖြစ်သွား ကာ ဘာမှပြန်မပြောဘဲ အင်း … စောင့်ကြည့်ရသေးတာပေါ့ အမူ အရာနှင့် မပြောမဆို ကျွန်တော့် အနားမှ ထွက်ခွာသွားပါတော့သည်။ညနေစောင်းသည်နှင့် သားတို့ ၏ တိုက်ပွဲသတင်းက ခပ်သဲ့သဲ့ ပျံလွင့်လာသည်။ သားကြီးနှင့် မယားပါသားသမီးများ၏ အော်ကြီး ဟစ်ကျယ် ရန်ပွဲအချက်ကတော့ သူတို့အဖေ ဓာတ်ပုံချိတ်တာ ဘယ် သူ့ ဂရုစိုက်ရမှာလဲဆိုတဲ့ အသံများ။ သားကြီး၏ မခံမရပ်နိုင်သော တုံ့ပြန်မှုများ၊ ဓာတ်ပုံကို ရိုက်ခွဲရန် လုပ်ပုံ၊ ထို့ကြောင့် ခင်ခင်ကြည်နှင့် ထွေးလားသတ်ပုတ် နပန်းလုံးကြပုံ၊ မယားပါကလေးတွေက သူ့အား ဝိုင်းသတ်ကြပုံ…။
ခင်ခင်ကြည်နှင့် နိဋ္ဌိတံပြီးနောက်
မိုးကား စုတ်စုတ်ချုပ်ပြီ။ လမ်း ဓာတ်မီးတိုင်များ လင်းလာပြီ။ အိမ်တိုင်း အိမ်တိုင်းမှ မီးအလင်း ရောင်များ တလက်လက်။ မကြာမီ ခင်ခင်ကြည်၏ သားကြီးရောက်လာ သည်။
”အဘ…အဘ အိမ်ကို ခဏလောက်လာပါတဲ့၊ အမေက ခေါ်ခိုင်းလိုက်လို့”
”အေး …အေး ငါ တစ်အောင့်လောက်နေ လာခဲ့မယ်”
ကျွန်တော်ကလည်း ပြန်လည် အသိအမှတ်ပြုရင်း ပြဿနာဖြေရှင်း ဖို့ ကြုံလာပြီဆိုတာ သိလိုက်သည်။ အဝတ်အစား အမြန်လဲလိုက်သည်။ အခြေအနေ ကို စောင့်ကြ ည့်နေသော ဇနီးဖြစ်သူကို ခေါင်းဆတ်ပြလိုက် သည်။ ကျွန်တော်က ဘယ်အခန်း ကဏ္ဍမှ ကပြရမှာလဲ။ တရားသူကြီး နေရာက လား။ ရှေ့နေနေရာက လား။ ဆွဲချနေရာ ကလား။ လား ပေါင်းများစွာဖြင့် …။မကြာခင် ရောက်ပါပြီ။ တွေ့ ပါပြီ။ တွေ့ပါပြီ။ ကုလားထိုင်များမှာ ကိုယ်စီကိုယ်စီထိုင်လို့။ မောင်နှံ နှစ်ဦးက ယှဉ်လျက်။ ကလေးနှ စ် ယောက်က မျက်နှာချင်းဆိုင်ကုလား ထိုင်မှာ။ ကျွန်တော့်အတွက် ထိပ် ဆုံးမှာ နေရာချပေးထားသည်။
”လာ…လာ ဦးလေး၊ ဒီမှာ ထိုင်ပါ၊ ရောက်မဆိုက်ဘဲ ပြောလိုက် တော့မယ်၊ ဦးလေးသားက ကလေး တွေ သူ့အဖေ ဓာတ်ပုံ အိမ်ဦးခန်း မှာ ချိတ်တာကို မကျေနပ်လို့တဲ့၊ အဲဒါ တစ်နေလုံး ပြဿနာ ရှာနေ တယ်။ ကျွန်မလည်း ဘယ်လိုမှ မဖြေရှင်းတတ်တော့တာနဲ့ ဦးလေး ကို အခေါ်လွှတ်လိုက်ရတော့တာပဲ”ကျွန်တော်က နေရာတွင် ဝင်ထိုင်ပြီးရုံရှိသေး သိပြီးသမျှကို ထပ်ကြားလိုက်ရတော့သည်။ ကျွန်တော့်မှာ အဆင်သင့်မဖြစ် သေး။ ဘာပြောလို့ ပြောရမှန်း မသိ သေး။ ထိုစဉ် သားကြီး၏ ဝမ်းနည်း ပက်လက် အက်ကွဲကွဲအသံကို ကြားလိုက်ရသည်။
”ဒီမှာ မမ၊ ကျွန်တော်တို့ကိစ္စ ကို ကျွန်တော်တို့ဘာသာ ကျွန်တော် တို့ ရှင်းမယ်၊ ဒါပေမဲ့ အဖေ့ရှေ့မှာ ဆိုတော့ ပိုကောင်းတာပေါ့၊ အဖေ့ ကို ပုဏ္ဏားတိုင် ထားပြီး ပြော ကြရ တော့မှာပဲ”
”ဟုတ်တယ်၊ တို့ကိစ္စကို ဦးလေးရှေ့မှာပဲ ရှင်းကြတာပေါ့”
သူတို့တစ်တွေ တစ်နေ့ တင်း မာကြမ်းရမ်းထားပြီးဖြစ်သဖြင့် ယခု အခါ အနည်းငယ် တည်ငြိမ်လာကြ ဟန်ရှိသည်။ ကျွန်တော်ကတော့ စကားတစ်လုံးမှ မဆိုဘဲ ခေါင်း တညိတ်ညိတ်လုပ်ရင်း အခြေအနေ ကို စောင့်ကြည့်နေသည်။ ထပ်မံ၍ သားကြီးက ပဋိပက္ခကို ဖြိုခွင်းပါ တော့သည်။
‘
‘ကဲ…မမ၊ အဖေ့ရှေ့မှာပဲ မေးမယ်၊ ပြတ်ပြတ်သားသား၊ ဖြေပါ။ မမ သားသမီးတွေရဲ့ ဆန္ဒ အတိုင်း လိုက်လျောမလား၊ ဒါမှ မဟုတ် ကျွန်တော့်ဘက်က ပါမလား၊
အဖြူအမည်း”
စကားမဆုံးခင်မှာပင် ခင်ခင် ကြည်က ဒိုးဒိုးဒေါက်ဒေါက်နှင့် သူ့သဘောထားကို တင်းတင်းမာမာ ပြောလာပါတော့သည်။
”ဒီမှာ မောင်နိုင်၊ သူ့အဖေ ဓာတ်ပုံကို သူတို့ချိတ်တာ မင်းအနေ သာကြီးပါ၊ ဒါကတော့ မင်းပြဿနာ ကို မီးထွန်းရှာနေတာပဲလို့ ထင်တာ ပဲ”
”ဘာ… ကျွန်တော်က ပြဿနာရှာနေတယ်ဟုတ်လား၊ ဒီမှာ မမ ခင်ဗျား စဉ်းစားကြည့်စမ်း ပါ၊ ကျွန်တော်ငုတ်တုတ်ကြီးနဲ့ ဒီဓာတ်ပုံကို ချိတ်ထားတော့ ကျွန်တော် ဘယ်လိုနေရမှာလဲဗျ”
”ဒီလိုပဲနေပေါ့ မောင်နိုင်ရာ၊ ဘာဆန်းတာ မှတ်လို့၊ ဓာတ်ပုံချိတ် တာပဲ၊ လူလာနေတာမှ မဟုတ်တာ”
”ဟာ…ခင်ဗျားကြီးတော့ သေတော့မယ်”
ပြောပြောဆိုဆိုနှင့် လည်ပင်း ကိုထညှစ်သော သားကြီးကို ကျွန်တော်က ဟောက်လိုက်ရသည်။ ကလေးတွေကလည်း သူတို့အမေကို လည်ပင်းညှစ်သဖြင့် ထိုင်ရာမှထလာ ကြသည်။ ကျွန်တော်က ကလေး တွေကို အသာနေရန် လက်ကာပြရင်း ထိုင်ရာမှထကာ ကြားမှ ဖျန်ဖြေလိုက် ရသည်။
”ဟေ့ကောင်၊ လွှတ်စမ်း၊ ငါ့ရှေ့ မှာ ဒီလိုမလုပ်နဲ့၊ ခင်ခင်ကြည်က ငါ့ခုံမှာ သွားထိုင်၊ မင်းတို့နှစ်ယောက် ကို ခွဲထားမှဖြစ်မယ်၊ ကိစ္စက ဂျာအေး သူ့အမေရိုက်ဖြစ်နေပြီ။ ဒီတော့ ဒီလိုလုပ်ပါ၊ သားကြီးက မင်းမိန်းမကို ဘယ်ဘက်က ရပ်မလဲ လို့ ထပ်မေး၊ မင်းဘက်က နေမလား၊ သူ့သားသမီးတွေဘက်က နေမလား ဆိုတာကို မေး၊ ခင်ခင်ကြည်ကလည်း ခေါင်းအေးအေးထားပြီး ရှင်းရှင်း လင်းလင်း ဖြေဟုတ်လား”
ကျွန်တော်က မနေသာတော့ဘဲ ကြားက ဝင်ဖြေရှင်းပေးလိုက်ရတော့ သည်။ အမြန်ဆုံး ကိစ္စပြီးအောင် လမ်းကြောင်းကိုလည်း ပြလိုက်ရပါ တော့သည်။ ဒါမှမဟုတ်ရင် အမယ် ဘုတ်ကယ် သူ့ချည်ခင်လို လုံးထွေး ရစ်ပတ်မဆုံး ရှိတော့မည်။ ထိုအခါ သားကြီးက ကျွန်တော်အကြံပေး သည့်အတိုင်း မေးလိုက်ပါတော့ သည်။
”ကဲ …မေးမယ် မမ၊ မမ အနေနဲ့ မောင်လေးဘက်က ရပ်မ လား၊ မမသားသမီးတွေဘက်က ရပ်မလား”
မေးသာ မေးခိုင်းလိုက်ရသည်။ သားဘက်က အခြေအနေက မကောင်း။ သူတို့တစ်တွေ၏ လမ်း ကြောင်းကို မြင်တွေ့နေရသည်။ သူတို့တစ်ယောက်နှင့် တစ်ယောက် ပြတ်စဲကြတော့မည်။ ဒီအခြေအနေ ကလွဲ၍ သူတို့အတွက် တခြားပြေ လည်နိုင်သော အဖြေနှင့် နည်းလမ်း မရှိ။ ချက်ချင်းပင် ခင်ခင်ကြည်၏ တင်းမာပြတ် သားသော အသံက ထွက်ပေါ်လာပါသည်။
”ငါ ရှင်းရှင်းပဲ ပြောမယ် မောင် နိုင်၊ ငါ ငါ့သားသမီးတွေကို မပြတ် နိုင်ဘူး၊ သူတို့သဘောကို မလွန်ဆန် နိုင်ဘူး၊ ဒီအချိန်ကစပြီး မင်းနဲ့ငါ ပြတ်စဲလိုက်ပြီ မောင်နိုင်ရေ၊ မင်း အိမ်ပေါ်က ဆင်းပေတော့” သားကြီးက ဝမ်းနည်းပက်လက် ခေါင်းကြီးငိုက်စိုက်နှင့်။ ခဏအကြာ တွင် ခင်ခင်ကြည်၏ စကားဆူးချွန် တို့ကြောင့် ရှူးရှူးရှားရှားဖြစ်လာပြန် သည်။ တစ်ကိုယ်လုံး တုန်တုန်ရီရီနှင့် ဝမ်းနည်းသံကြီးနှင့်
”မမ မောင်လေးကို မချစ်တော့ ဘူးပေါ့၊ မမပြောခဲ့တာတွေ မေ့ပ လား၊ မောင်လေးကို အစစအရာရာ အလိုလိုက်မယ်ဆို၊ အကြိုက်ဆောင် မယ်ဆို၊ ရက်စက်လိုက်တာ မမရယ်”
သားကြီး၏ ရင်တနင့်နင့်အသံ၊ တလှိုက်တလှဲ ရှိုက်ငင်လျက်။ တစ်စ တစ်စ မျက်ရည်များပြည့်လျှမ်းလာ လျက်။ ခင်ခင်ကြည်ကို ကြည့်လိုက် တော့ နှုတ်ခမ်းကို တင်း တင်းစေ့ထား လျက်။ မျက်နှာကို တစ်ဖက်သို့ လွှဲ ထားလျက်။ ကျွန်တော်လည်း စိတ် မချမ်းမြေ့စွာနှင့် မျက်နှာကို လွှဲထား လိုက်သည်။ မျက်စိထဲတွင်တော့ ဇာတ်ကား တစ်ကားမှ ဝင်းဦးနှင့် တင်တင်မူတို့၏ သရုပ်ဆောင်ဟန် ပြကွက်တစ်ကွက်ကို မြင်ယောင်ရင်း ရယ်ချင်ပက်ကျိလည်း ဖြစ်နေမိပါ သည်။
”ဒါကတော့ မောင်နိုင်၊ ဆန်ဆုံ စား၊ ကံကုန်သွားပေါ့ကွယ်၊ ဘာမှ မတတ်နိုင်ဘူး၊ ဦးလေးရေ…၊ ဦးလေး အမြင်ပဲ၊ ဦးလေးသားက ခေါင်းမာတာကိုး”
ခင်ခင်ကြည်၏ ထပ်ဆင့်လက် သီးက မမျှော်လင့်ဘဲ ထွက်ပေါ်လာ ပြန်၏။ သားကြီးက ရုတ်တရက် ထရပ်ပြီး သူ့အဝတ်အစားများကို ထုတ်ပိုးနေပါတော့သည်။ နောက် ဆုံးအနေဖြင့် ကျွန်တော်လည်း ပြော စရာစကား တစ်ခွန်းကို သားဘက်မှ အကောင်းဆုံး ရပ်တည်၍ ဖွင့်ဟ လိုက်ပါတော့သည်။
”ကဲ…ခင်ခင်ကြည်၊ မသွား ခင် ငါ တစ်ခုတော့ ပြောခဲ့ပါရစေ၊ ရုံးမှာ ငါ့သားနဲ့ ကွာရှင်းပြတ်စဲ ကြောင်း လက်မှတ်ရေးထိုးပေးပါ ကွယ်”
ညဥ့်နက်လှပြီ၊ လူခြေတိတ်ပြီ။ ကောင်းကင်တွင် လမင်းက မှိန်ပျပျ။ ကြယ်တွေက မှိတ်တုတ်မှိတ်တုတ်။ ကျွန်တော်လည်း အမြန်ဆုံး အိမ်ကို ပြန်လာခဲ့သည်။ ခင်အေး သိန်းက အိမ်ပေါက်ဝမှ ဆီး၍ စောင့်ကြိုနေ သည်။ ထိုနေရာမှာပင် သူ့ကို အတို ချုံးပြောပြခဲ့ပြီး အိမ်ထဲသို့ လေးလံစွာ ဝင်ခဲ့သည်။
”ဖေကြီးရေ၊ ကျွန်မ အပြင် ခဏသွားလိုက်ဦးမယ်”
သူမ၏ ခပ်အုပ်အုပ်ပြောသံနှင့် အတူ အမှောင်ထဲသို့ ပြေးထွက်သွား တာကို နောက်ကနေ လှမ်းမြင်လိုက် ရသည်။ မိခင်ဖြစ်သူ၏ ခြေလှမ်းများ ဘယ်ဆီသို့ သွားမည် ကို ဗေဒင်မေး စရာမလိုပေ။ အတတ်သိနိုင်ပါသည်။ တွယ်ရာမဲ့နေသော သားကြီးဆီမှ လွဲ၍ ဘယ်သွားရမှန်းမသိ၊ ယောင် တိယောင်နဖြစ်နေသော သားကြီး ကို ခေါ် ဖို့ရာလွဲ၍ တခြားဘာများရှိပါ ဦးမည်နည်း။
ကျွန်တော်က ရာဇသံပေးထား သည် မဟုတ်လား။ တောင်မြောက် ဝဲယာ ဘယ်သွားရမည်မသိသော သား၏ မျက်စိသူငယ် နားသူငယ် ဖြစ်နေမှုကို သူ၏မိခင်ကယ် တင်ရန် သွားခြင်းမဟုတ်ပါလော။ သည် တစ်ကြိမ်ကား ကျွန်တော်၏ အခွင့် အခါကောင်းကို စောင့်ဆိုင်းရေး မဟာပေါ်လစီကြီး အောင်ပွဲခံခဲ့ပြီ မဟုတ်ပါ လား။နော င်သောအခါတွင် ခင်ခင် ကြည်နှင့် နိဋ္ဌိတံပြီးနောက် သားကြီးသည် သင်္ဘောသားဘဝနှင့်ပင် အပျိုစင်တစ်ဦးနှင့် ချစ်ကျွမ်းဝင်၍ လက်ထပ်ခဲ့သည်။ ယခုအခါ သမီး တစ်ေ ယာက် ထွန်းကားလျက် သာယာချမ်းမြေ့သော အိမ်ထောင် ကို ထူထောင်လျက် သူ့ဘဝလျှောက် လမ်းကို အညွန့်အညှောက် တလူလူ နှင့် ချီတက်လျက် ရှိပေသည်။
ဖြိုးထိန်